uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Tinker Bell (2008) ⭐IMDB: 6.7/10 (15 k Votes) 🎬 #Adventure #Animation #Family #Fantasy 🗓 2008 🎞 video movie 📺 #1080p #720p #480p 💿 1.6 GB ⦿ 790.6 MB ⦿ 475.1 MB 🌎 #USA #UnitedStates #India ⏰ 1 နာရီ 18 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tinker Bell (2008)============== ပျောက်သွားတဲ့အရုပ်လေးတွေ မထင်မှတ်ဘဲ ပြန်ရောက်လာတတ်တာမျိုး ကြုံဖူးကြပါသလား၊ ပျက်သွားတဲ့ပစ္စည်းလေးတွေကို ပြန်ထုတ်ကြည့်တဲ့အခါ ရုတ်တရက်ပြန်ကောင်းနေတာမျိုးရော ဖြစ်ဖူးပါသလား၊ သဘာဝတရားကြီးက လူသားတွေသိထားတဲ့နိယာမတွေနဲ့ဆန့်ကျင်ပြီး လည်ပတ်နေတယ်ဆိုတဲ့ ရှုထောင့်လေးတစ်ခုကနေ နတ်သူငယ်တွေရဲ့ဖြစ်တည်မှုကို ချပြထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ရာသီအကူးအပြောင်း၊ အအေးအပူ၊ အလင်းအမှောင်၊ အရောင်အဆင်းဒါတွေအားလုံးအတွက် အမျိုးမျိုးသောအစွမ်းတွေရှိကြတဲ့ နတ်သူငယ်တွေဟာ တစ်နှစ်တာလုံး မနားမနေပြင်ဆင်လုပ်ကိုင်ပေးကြရပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုယ်ရထားတဲ့အစွမ်းကို သဘောမကျဖြစ်ပြီးသူများတွေလိုဖြစ်အောင်ပဲ ကြိုးစားနေတဲ့ Tinker Bell ကြောင့် PixieHollow တစ်ခုလုံး ရိုးရာသစ်၊ စနစ်သစ်တွေ ပေါ်ထွန်းသွားရတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ Tinker Bell ရဲ့ မိမိပုံစံအစစ်အမှန်ကို လက်မခံနိုင်ခြင်းက Pixie Hollow တစ်ပြည်လုံးအတွက် ပျက်စီးခြင်းဖြစ်လုနီးနီးကနေ ….. ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi Myaing ဖြစ်ပါတယ်)...

Sheroes (2023) ⭐IMDB: 3.8/10 (804 Votes) 🎬 #Action #Adventure #Comedy #Crime 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.2 GB ⦿ 756.3 MB ⦿ 363.9 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sheroes 2023 အခုတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ခေါင်းစဉ်လေးအတိုင်းပါပဲဟီးရိုးမဟုတ်ပါဘူး “ရှီးရိူး” ပါအဲ့တော့ ကောင်မလေးတွေအစွမ်းပြမဲ့ကားတစ်ကားပေါ့ဘယ်လို အစွမ်းပြမလဲဆိုတော့ ဇာတ်ကားက ဒီလိုပါ။ သာမန်မိန်းကလေး လေးယောက်ပေါင်းပြီးတော့ ထိုင်းနိုင်ငံဖူးခက်မှာ လောင်းကျော်ကြဖို့ပရိုက်ဗိတ်လေယာဉ်ကြီးနဲ့ချီတက်လာတဲ့အခါမှာ သူတို့အိတ်နဲ့ဆေးအိတ်နဲ့မှားပြီးတော့ထိုင်းက မူးယစ်ဂိုဏ်းစတားကြီးတွေနဲ့ သွားရှုပ်မိတော့တာပါပဲ။အပိုဆောင်းအနေနဲ့ကတော့ သူတို့သူငယ်ချင်းလေးတစ်ယောက်ပါ အဖမ်းခံရပါတော့တယ် ဒါပေမဲ့ ဇာတ်လမ်းထဲက ဒါရိုက်တာကြီးရဲ့သမီးတော်လေးက တွမ်ခရုဘာညာရှုံးတဲ့ အေးဂျင့်စကေးလ်တွေကိုသူ့ဖားသားကြီးရိုက်လာတာ ကြည့်ရင်း တစ်သက်လုံးကြီးပြင်းခဲ့ရသူလေးမို့ ခုလည်း ထင်ရာမြင်ရာမူးယစ်ဂိုဏ်းနဲ့အပြိုင်သူတို့သူငယ်ချင်းကို ဘယ်လိုဉာဏ်တွေ သုံးပြီ ပြန်ကယ်တင်ကြမလဲဆိုတာကတော့ … မင်းသမီးလေး လေးယောက်လုံးက ချစ်စဖွယ်ကညုတုတုရုပ်လေးတွေဖြစ်တဲ့အပြင်အပြောအဆိုတွေကလည်း အင်မတန်ယဉ်ကျေးပြီး လူကြီးခန်းလေးတစ်ချို့တစ်လေလည်းပါတာမလို့မိသားစုနဲ့ မကြည့်ရှုကြရန် ကြိုတင်သတိပေးလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့Sai Thu Rein Lynnပဲ ဖြစ်ပါတယ်။...

Tinker Bell and the Lost Treasure (2009) ⭐IMDB: 6.6/10 (12 k Votes) 🎬 #Adventure #Animation #Family #Fantasy 🗓 2009 🎞 video movie 📺 #1080p #720p #480p 💿 1.7 GB ⦿ 860.6 MB ⦿ 512.4 MB 🌎 #USA #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tinker Bell and the Lost Treasure (2009)============================IMDb Rating – 6.6/10 အမှောင်မိုက်ဆုံးသောအချိန်မှာ အလင်းတစ်ပွင့်ကတောင် မက်မောစရာဖြစ်ရသလို အခက်ခဲဆုံးသောအချိန်မှာလည်း ကူကယ်ရာလက်တစ်စုံကို အတမ်းတမိကြဆုံးပါပဲ။ ဒီတစ်ခါမှာတော့ Tinkerbell တစ်ယောက် တစ်ကိုယ်စာမျက်နှာရရေးနဲ့ သူငယ်ချင်းဆက်ဆံရေးကြားမျက်စိလည် ဒွိဟများရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Pixie hollow ရဲ့ အထင်ကရဆောင်းဦးရာသီပွဲတော်မှာ နတ်သူငယ်တို့အသက်သွေးကြောဖြစ်တဲ့ ရွှေမှုန်လေးတွေကို လကျောက်ကနေတစ်ဆင့် ထုတ်ယူရတဲ့ အစဉ်အလာတစ်ခုရှိနေပါတယ်။ လကျောက်တည်ဖို့တောင်ဝှေးကိုလည်း နတ်သူငယ်တစ်ဖွဲ့ချင်းစီကနေ အလှည့်ကျလုပ်ပေးရတဲ့ဓလေ့လည်းရှိတာပေါ့။ လက်သမားနတ်သူငယ်တွေ အလှည့်ကျတဲ့နှစ်မှာတော့ ကိုယ်စားပြုအနေနဲ့ Tinkerbell တာဝန်ပေးခံရတဲ့အခါ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi Myaing ဖြစ်ပါတယ်)...

Tinker Bell and the Great Fairy Rescue (2010) ⭐IMDB: 6.8/10 (9 k Votes) 🎬 #Adventure #Animation #Family #Fantasy 🗓 2010 🎞 video movie 📺 #1080p #720p #480p 💿 1.6 GB ⦿ 790.6 MB ⦿ 475.1 MB 🌎 #USA #UnitedStates #India #Canada #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tinker Bell (2008)============== ပျောက်သွားတဲ့အရုပ်လေးတွေ မထင်မှတ်ဘဲ ပြန်ရောက်လာတတ်တာမျိုး ကြုံဖူးကြပါသလား၊ ပျက်သွားတဲ့ပစ္စည်းလေးတွေကို ပြန်ထုတ်ကြည့်တဲ့အခါ ရုတ်တရက်ပြန်ကောင်းနေတာမျိုးရော ဖြစ်ဖူးပါသလား၊ သဘာဝတရားကြီးက လူသားတွေသိထားတဲ့နိယာမတွေနဲ့ဆန့်ကျင်ပြီး လည်ပတ်နေတယ်ဆိုတဲ့ ရှုထောင့်လေးတစ်ခုကနေ နတ်သူငယ်တွေရဲ့ဖြစ်တည်မှုကို ချပြထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ရာသီအကူးအပြောင်း၊ အအေးအပူ၊ အလင်းအမှောင်၊ အရောင်အဆင်းဒါတွေအားလုံးအတွက် အမျိုးမျိုးသောအစွမ်းတွေရှိကြတဲ့ နတ်သူငယ်တွေဟာ တစ်နှစ်တာလုံး မနားမနေပြင်ဆင်လုပ်ကိုင်ပေးကြရပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုယ်ရထားတဲ့အစွမ်းကို သဘောမကျဖြစ်ပြီးသူများတွေလိုဖြစ်အောင်ပဲ ကြိုးစားနေတဲ့ Tinker Bell ကြောင့် PixieHollow တစ်ခုလုံး ရိုးရာသစ်၊ စနစ်သစ်တွေ ပေါ်ထွန်းသွားရတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ Tinker Bell ရဲ့ မိမိပုံစံအစစ်အမှန်ကို လက်မခံနိုင်ခြင်းက Pixie Hollow တစ်ပြည်လုံးအတွက် ပျက်စီးခြင်းဖြစ်လုနီးနီးကနေ ….. ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi Myaing ဖြစ်ပါတယ်)...

I'm a Virgo (2023- ) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Comedy #Drama #SciFi&Fantasy #SciFi #Fantasy 🗓 2023- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 29 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 I’m a Virgo (2023)I’m a Virgo (2023) ============== IMDb Rating – 6.9/10ကျွန်တော်တို့ ငယ်ငယ်က ငလက်မလေးပုံပြင်ဆိုတဲ့ အိပ်ရာဝင် ပုံပြင်လေးတစ်ပုဒ်နဲ့ ရင်းနှီးခဲ့ကြတယ် ဟုတ်။ သာမန်လူတွေကြား မှာ လူပိစိလေး ရောက်သွားတဲ့အခါ ကြုံတွေ့ရတဲ့ကိစ္စတွေအကြောင်း ပြောပြထားတဲ့ ပုံပြင်လေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အခုညွှန်းသွားပေးမဲ့ စီးရီးကတော့ ငလက်မပုံပြင်နဲ့ ဆန့်ကျင်ဘက် လူထွားကြီးဇာတ်လမ်းပါ တဲ့။ Virgo ရာသီခွင်ထဲမှာ မွေးဖွားလာတဲ့ ကူတီဆိုတဲ့ ကောင်လေးတစ်ယောက်က မွေးကတည်းက သာမန်လူ တွေနဲ့ မတူဘဲ ခန္ဓာကိုယ် အဆမတန် ကြီးထွားနေခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ အရပ်ကြီးက ၁၃ ပေထိ ရှည်လာပြီး ဆိုဒ် ကြီးကလည်း ကျွန်တော်တို့ဆီမှာ အလှူခံလှည့်တဲ့ထဲက ဒုံးရုပ်ကြီး တွေရဲ့ လေးဆလောက်ကို ရှိလာခဲ့တာပါ။ ဒီလိုသာမန်မဟုတ်တဲ့ ဖြစ် ရပ်ကြောင့် ကူတီရဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် မိဘတွေက သူ့ကို လူမြင်ကွင်းဆီ မထွက်ခိုင်းဘဲ အိမ်တွင်းအောင်းပြီးသာ နေခိုင်းခဲ့ပါ တယ်။ဒီလိုနဲ့နေလာရင်း တစ်နေ့မှာတော့ ကူတီနဲ့ရွယ်တူ ဆယ်ကျော် သက်လေးတစ်သိုက်နဲ့ အမှတ်မထင် တွေ့ဆုံသွားကြပြီး ကူတီတစ် ယောက် ပြင်ပကမ္ဘာကြီးကို စူးစမ်းလေ့လာခွင့် ရသွားခဲ့ပါတယ်။သာမန်လူမဟုတ်တဲ့ ကူတီအတွက် ပြင်ပကမ္ဘာက နွေးထွေးစွာ ကြိုဆို ပေးမလား၊ ဒါမှမဟုတ် မိဘတွေပြောသလိုပဲ သူ့ကို ဗီလိန်ဇာတ်သွင်း ပစ်မဲ့ ကမ္ဘာတစ်ခု ဖြစ်နေမလား၊ ဒါတွေအားလုံးရဲ့ အဖြေကို ကူတီကိုယ် တိုင် ရှာဖွေရပါတော့မယ်။ Comedy လေးနဲ့ ပေါင်းစပ်တင်ပြထားပြီး သဘာဝလွန်ဖြစ်ရပ်တွေကို သဘောကျတဲ့သူတွေအဖို့ ဒီစီးရီးက အကြိုက် တွေ့စရာတစ်ခု ဖြစ်လာဦးမှာပါ။ တစ်ခုရှိတာက Virgo ရာသီမှာ မွေးတဲ့ သူတွေကတော့ ကြည့်ပြီးနည်းနည်းအောင့်သက်သက် ဖြစ်လိမ့်မယ်ဗျ။ ဒီကောင်က ဘာလုပ်လုပ် “ငါက Virgo ဆိုတော့ ဘယ်လိုလုပ်ရမှာပေါ့” ဆိုပြီး ဘာနေနေ Virgo ကို လွှဲချနေလို့ပါပဲ။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(200 MB) / (500 MB)...

Selfiee (2023) ⭐IMDB: 5.9/10 (12 k Votes) 🎬 #Action #Bollywood #Comedy #Drama #Thriller 🗓 2023 🎞 movie 📺 #4K #1080p #720p 💿 8.5 GB ⦿ 3.1 GB ⦿ 1.5 GB 🌎 #India ⏰ 2 နာရီ 23 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Selfiee 2023IMDb 6/10 ဒီနှစ်ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားပြီး ရုံတင်ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ အာရှေးရဲ့ ဟာသ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်မှာ ဘောလိဝုဒ်စတား ဗီဂျေးကူးမားအဖြစ် Akshay ပြီးတော့ ဇနီးအနေနဲ့ Diana နောက်ထပ်RTO officer အနေနဲ့ Emraan Hashmi ပေါ့။ ဒီလိုမင်းသားကြီး ၂ လက် နဲ့ မင်းသမီးတစ်လက်အပြိုင်အဆိုင်ကြဲကြမယ့် ရုပ်ရှင်ဆိုပါတော့။ 2019 တုန်းကထွက်ရှိထားတဲ့ Driving License ကို Remake ပြန်ရိုက်ကူးထားတာဖြစ်ပြီး ရုံတင်ငွေ 23.63 ကုဋေရရှိထားပါတယ်။ A list- Cast တွေနဲ့တင် အတော်ကြည့်ရတန်နေပြီမို့ ဇာတ်လမ်းအကျဥ်းကိုလည်းဆက်ဖတ်ကြည့်ကြတာပေါ့။ RTO officer အဂရာဗာလ်က ဗီဂျေးရဲ့အမာခံပရိတ်သတ်ပါ။ ဗီဂျေးက ဘိုပါလ်ဆိုတဲ့မြို့မှာရိုက်ကူးရေးသွားလုပ်ရင်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ယာဥ်မောင်းလိုင်စင်လိုလာတယ်ဆိုပါတော့။အဲဒီလိုအကြောင်းဖန်ရင်း ဗီဂျေးနဲ့ အဂရာဗာလ်တို့စတွေ့ကြတာက မထင်မှတ်ထားတဲ့အထင်လွဲမှုတွေနဲ့ ပြဿနာတွေကြောင့် ၂ ယောက်လုံးဘဝ ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပါတော့တယ်။အနုပညာရှင်အလုပ်ကို ဆုံးရှုံးရနိုင်ပြီး ချောက်ကမ်းပါးအစွန်းမှာရပ်နေရတဲ့ ဗီဂျေး၊ အကြိုက်ဆုံး အနုပညာရှင်နဲ့ မျက်နှာချင်းဆိုင် ယှဥ်ပြိုင်တိုက်ခိုက်ရမယ့် အဂရာဗာလ်၊တစ်နိုင်ငံလုံးက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဒီပဋိပက္ခမှာ ဘယ်သူကအနိုင်ရပြီးဘယ်သူကအရှုံးပေးလိုက်ရမလဲ။ ဒါတွေကို ပေါ့ပေါ့ပါးပါးတဖြစ်လဲ ခပ်မိုက်မိုက်ကြည့်ရမှာမို့ ခုပဲChannelMyanmar မှာ ကြည့်ရှူလိုက်ကြပါဦးနော်။...

Gym Class (2023) ⭐TMDB: 64.0% User Score 🎬 #Drama 🗓 2023 🎞 Movie 📺 #1080p #720p 💿 1.6 GB ⦿ 658.6 MB 🌎 #Italy #Poland ⏰ 1 နာရီ 25 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gym Class (2022) ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ… ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ… ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Revenge Porn: PAIN OF LOVE (2019) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 Movie 📺 #720p 💿 494.3 MB 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်လေးက ရီအရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံသူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ်ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ် ကိုကိုမှ ကိုကိုဖြစ်နေတာတနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ်သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေ ဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှမီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလားဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကိုကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်...

Revenge Porn: PAIN OF LOVE (2019) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 Movie 📺 #720p 💿 494.3 MB 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်လေးက ရီအရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံသူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ်ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ် ကိုကိုမှ ကိုကိုဖြစ်နေတာတနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ်သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေ ဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှမီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလားဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကိုကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်...

Revenge Porn: PAIN OF LOVE (2019) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 Movie 📺 #720p 💿 494.3 MB 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်လေးက ရီအရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံသူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ်ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ် ကိုကိုမှ ကိုကိုဖြစ်နေတာတနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ်သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေ ဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှမီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလားဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကိုကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်...

Revenge Porn: PAIN OF LOVE (2019) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 Movie 📺 #720p 💿 494.3 MB 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်လေးက ရီအရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံသူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ်ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ် ကိုကိုမှ ကိုကိုဖြစ်နေတာတနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ်သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေ ဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှမီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလားဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကိုကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်...

Revenge Porn: PAIN OF LOVE (2019) ⭐TMDB: 0.0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 Movie 📺 #720p 💿 494.3 MB 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နာမည်လေးက ရီအရမ်းချစ်ဖို့ကောင်းတယ် အထူးသဖြင့်သူမရဲ့ အိစက်လုံးဝန်းနေတဲ့ ရွှေရင်အစုံသူမက အရမ်းချစ်ဖို့ကောင်းလို့ ကျောင်းမှာ ကောင်လေးတိုင်းစိတ်ဝင်စားတယ်ဒါပေမဲ့ သူစိတ်ဝင်နေတာက အတန်းက စီနီယာ မီကီအိုဖြစ်နေတယ် ကိုကိုမှ ကိုကိုဖြစ်နေတာတနေ့ မီကီအိုက သူ့ကိုချစ်ရေးဆိုလာတယ်သူအရမ်းပျော်တာပေါ့ ကိုကို အချစ်ကိုရပြီလေ ဒါပေမဲ့ မီကီအိုမှာ သူများနဲ့ မတူတဲ့ ခံစားချက် ခံစားချင်တဲ့ လူတစ်ယောက်ဖြစ်နေရာမှမီကီအိုတယောက် သူရဲ့အချစ်ရေးက သာယာပါ့မလားဖြောင့်ဖြူးပါ့မလားဆိုတာ ချစ်စဖွယ် တလုံးတခဲ ကြီးတွေကိုကွက်ကွက် ကွင်းကွင်း ရိုက်ပြထားတာ ဖြစ်လို့တမူထူးခြားတဲ့ ပြကွက်တွေ ခံစားချက်တွေ ကောင်းနေတာမို့DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်...

Against the Sun (2014) ⭐IMDB: 6.5/10 (6 k Votes) 🎬 #Biography #Drama #War #Adventure 🗓 2014 🎞 movie 📺 #1080p #720p 💿 2.2 GB ⦿ 1.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံသန်းရင်း ပျောက်ဆုံးသွားကြတဲ့ လေယာဥ်တွေ၊ သင်္ဘောတွဆိုတာ ဒုနဲ့ဒေးပါ။ ပျောက်ဆုံးရာကနေ အသက်ရှင်လျက်ပြန်လာနိုင်သူက အနည်းအကျဥ်းပဲရှိပါတယ်…။ ဒီဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံရင်း ရေပေါ် ထိုးဆင်းခဲ့ရတဲ့ အမေရိကန်စစ်သားသုံးဦးရဲ့ ဖြစ်ရပ်မှန်လေးပါ။ ရေတပ်လေယာဥ်မှူး Harold Dixon၊ ဗုံးကြဲသမား Tony Pastula နဲ့ ရေဒီယိုသမား Gene Aldrich တို့သုံးဦးအကြောင်းပါ။ တစ်ကားလုံး သူတို့သုံးဦးနဲ့ပဲ ဇာတ်အိမ်ဖော်ရိုက်ကူးထားပါတယ်…။ သူတို့ရဲ့လေယာဥ်ဟာ ကင်းထောက်တာဝန်တစ်ခုနဲ့ ကင်းလှည့် နေတုန်း မိခင်သင်္ဘောနဲ့ ရေဒီယိုမမိဖြစ်ကာ အဆက်အသွယ် ပြတ်သွားပါတယ်…။ရေဒီယိုမမိတော့ တည်နေရာမသိတော့ဘူး…။ ဆက်လက်ပျံသန်းရင်းနဲ့ ဆီကုန်ပြီး ပျက်ကျမယ့် အခြေအနေရောက်နေပါပြီ…။ မတတ်သာတဲ့အဆုံး လေယာဥ်မှူး Harold Dixonဟာ ရေပြင်ပေါ်မှာ အရေးပေါ်ဆင်းပြီး လာကယ့်မယ့် အစီအစဥ်ကိုပဲ စောင့်နေရပါတယ်…။ တစ်ရက်ပြီးတစ်ရက်သာကြာသွားတယ် ကယ်ဆယ်မယ့်လေယာဥ်လည်းမလာ…၊ တစ်နေ့ တစ်နေ့ အပြောကျယ်တဲ့ ပင်လယ်ကြီးကိုသာထိုင်ကြည့်ရင်း… ရန်သူနဲ့အရင်တွေ့သမား သေမင်းနဲ့အရင်တွေ့မလား ဖြစ်နေပါပြီ… ဒီလို ဖောင်တစ်စီးနဲ့ လူသုံးယောက်..လှော်တက်၊စားစရာ၊ရေ ဘာတစ်ခုမှမရှိဘဲ သမုဒ္ဒရာထဲမှာ မိုင်တစ်ထောင်ကျော်ဖြတ်ခဲ့ကြပုံကို အမှန်အတိုင်းမြင်တွေ့ရမယ့် survivalဆန်ဆန် Biography movieလေးဖြစ်ပါတယ်…။...

See Hear Love (2023) ⭐IMDB: 6.5/10 (414 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.5 GB ⦿ 777.7 MB ⦿ 397.3 MB 🌎 #Japan ⏰ 2 နာရီ 14 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 See Hear Love (2023) ဒီနေ့မှာတော့ IMDb 6.8/10 ရ ဂျပန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Manga Artist တစ်ယောက်ဖြစ်တဲ့ “Shinji Izumoto” ကသူရေးဆွဲတဲ့ဇာတ်လမ်းတွေနဲ့ လူငယ်တော်တော်များများကို စိတ်ဓာတ်ခွန်အားပေးနေတဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။သူ့လက်ရာတွေဟာ တဖြည်းဖြည်းနဲ့လူကြိုက်များလာသလို ရုပ်ရှင်ပြန်ရိုက်ဖို့အထိပါ အောင်မြင်လာပြီဖြစ်တဲ့ Shinji ဟာတစ်နေ့မှာတော့ အလုပ်ဒဏ်ပိလို့ပဲပြောရမလား သူကိုကကံဆိုးလို့ပဲပြောရမလား မျက်မမြင်ဒုက္ခိတဘဝကိုမထင်မှတ်ဘဲ ရောက်သွားပါတော့တယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ သူချစ်တဲ့အလုပ်ကို ဆက်မလုပ်နိုင်တော့ဘဲ လမ်းပျောက်နေတဲ့ Shinji ဆီကိုသူ့ရဲ့စာဖတ်သူတစ်ယောက်လည်းဖြစ်သလို သူ့စာတွေကြောင့် ခွန်အားရခဲ့ရပါတယ်ဆိုတဲ့ “Hibiki Aida” ဆိုတဲ့ မိန်းမလှလေး ရောက်လာတဲ့အခါ ..။ Hibiki က မွေးရာပါ ဆွံ့အနားမကြားသူတစ်ယောက်ဖြစ်တာမို့ ငယ်ငယ်လေးတည်းက ကာတွန်းတွေ စာတွေကိုပဲအဖော်ပြုပြီးနေခဲ့ရတဲ့ကောင်မလေးပေါ့။ဒီလိုကနေ မျက်မမြင်ကောင်လေးတစ်ယောက်နဲ့ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်အကြား “အချစ်” ဆိုတဲ့အရာ မွေးဖွားလာတဲ့အခါမှာတော့ ..။ အညွှန်း နဲ့ ဘာသာပြန်ကတော့Lai Laiiပဲ ဖြစ်ပါတယ်။...

Confidential Informant (2023) ⭐IMDB: 3.8/10 (386 Votes) 🎬 #Thriller #Mystery #Action 🗓 2023 🎞 movie 📺 #1080p #720p 💿 838.1 MB ⦿ 1.9 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Confidential Informant (2023) စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ… ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။ Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်…။ အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator 3: Rise of the Machines ထဲမှာ ဂျွန်ကော်နာလုပ်ခဲ့တဲ့ Nick Stahl ရယ်၊ Prison Break ထဲက Dominic Purcell တို့၊ Superman Returns ထဲက Kate Bosworth တို့လို စူပါတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စူပါတွေပါတိုင်း စူပါရုပ်ရှင်လို့ မဆိုသာပေမယ့်လို့ စူပါဝိတ်လေးတင်ထားတော့ အိပ်ချင်စရာတော့ မကောင်းဘူးပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...

The Fault in Our Stars (2014) ⭐IMDB: 7.7/10 (389 k Votes) 🎬 #Drama #Romance 🗓 2014 🎞 movie 📺 #720p #1080p 💿 1.0 GB ⦿ 2.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ “the fault, dear Brutus, is not in our stars but in ourselves” “ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ” ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။ “ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ ”ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ…….တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါ...

Love's Greek to Me (2023) ⭐IMDB: 5.9/10 (432 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 📺 #1080p #720p #480p 💿 1.4 GB ⦿ 791.7 MB ⦿ 374.0 MB 🌎 #UnitedStates #UnitedStatesofAmerica #Greece ⏰ 1 နာရီ 24 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Loves.Greek.To.Me 2023 ယခုတစ်ခါအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့IMDb 6.1/10 အထိရရှိထားတဲ့အချစ်ရိုမန့်ဒရာမာဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ် ဘဝမှာ အချစ်ပြီးရင် အချစ်လာဖို့အတွက်ဘာတွေလိုအပ်လဲသူ့မိသားစု ကိုယ့်မိသားစုဆိုတာရော အိမ်ထောင်ရေးမှာ ဘယ်လောက်အရေးပါလဲချစ်သူနှစ်ဦးလက်တွဲဖို့ဆိုတာ အချိန်နေရာ ယဉ်ကျေးမှုစတဲ့အရာတွေကရော ဘယ်လောက်အရေးပါနေလဲ….စတဲ့အကြောင်းအရာတွေကို ပြည့်စုံနေအောင် ရိုက်ကူးတင်ပြထားတဲ့ ဒီဇာတ်ကားလေးမှာအီလာနာလို့ခေါ်တဲ့ အမေရိကန်သူတစ်ယောက် သူ့ရည်းစား ဂရိနိုင်ငံသားလေး မိုက်ခ်ဆီကို လက်ထပ်ပွဲတစ်ခုအတွက် သွားတဲ့အချိန်မှာကြုံတွေ့ရမဲ့ မိသားစုဆိုင်ရာ အခက်အခဲတွေ မတူညီတဲ့ရိုးရာတွေ စသည်ဖြင့်အချစ်နဲ့ဘဝကြား ဗျာများနေရပုံတွေကို အေးအေးဆေးဆေးကြည့်ရှုရမဲ့ ရိုမန့်ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ် ဂရိနိုင်ငံရဲ့အလှအပတွေကို ဖောဖောသီသီပါဝင်တာမို့ လှပတဲ့ရှုခင်းလေးတွေကို ခံစားကြည့်ရှုရင်းပရိသတ်တို့ကိုယ်တိုင်လည်း မိုက်ခ်နဲ့အီလာနာတို့နေရာဝင်ခံစားနိုင်ဖို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်အချစ်ဆိုတာ အချိန်တွေနေရာတွေကို ဖြတ်သန်းသွားနိုင်တဲ့ အရာတစ်ခုပါ…. ဘာသာပြန်နဲ့အညွှန်းကတော့Sai Thurein Lynnပဲ ဖြစ်ပါတယ်...

Streamer (2023) ⭐TMDB: 40.0% User Score 🎬 #Horror #Mystery 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.1 GB ⦿ 571.0 MB ⦿ 266.6 MB 🌎 #SouthKorea ⏰ 1 နာရီ 29 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Streamer (2023) အခုနောက်ပိုင်း live streaming တွေလုပ်တဲ့လူငယ်တွေများလာသလိုပဲထူးခြားတဲ့ဟာတွေလုပ်ကြသလို လူကြိုက်များအောင်၊ လူကြည့်များအောင်လည်း လုပ်လာကြပါတယ် သရဲဆိုရင် မယုံကြတဲ့ ကိုယ်ပိုင်ချန်နယ်တွေရှိကြတဲ့ streamer လူငယ်တွေစုပြီးအဆောက်အဦးတစ်ခုဆီကို ghost hunting ပုံစံမျိုး တင်ဆက်ဖို့ သွားခဲ့ကြပါတယ် ဒါပေမဲ့ သူတို့မသိလိုက်တာက သူတို့သွားတဲ့အဆောက်အဦးက သာမန်မဟုတ်ဘဲတကယ်ကိုကြမ်းတမ်းတဲ့ အတိတ်ရှိခဲ့တာကို အထဲရောက်မှသိရပါတော့တယ်သိသွားတဲ့အချိန်မှာ ဘာမှလုပ်မရတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပြီး အသက်လုနေရပါတော့တယ် နောက်ဆုံးမှာ အဲအဆောက်အဦးက နာကြည်းချက်တွေပြည့်နေတဲ့ သရဲတွေလက်ထဲက လွတ်သွားနိုင်မလားသူတို့တွေ ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့Joyzပဲ ဖြစ်ပါတယ်။...

Flamin' Hot (2023) ⭐IMDB: 6.9/10 (9 k Votes) 🎬 #Comedy #Drama #Biography #History 🗓 2023 🎞 movie 📺 #1080p #720p #480p 💿 1.4 GB ⦿ 753.4 MB ⦿ 369.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Flamin’ Hot (2023) Imdb – 6.9Rotten Tomatoes – 69 % မက္ကဆီကန် Forrest Gump လို့ ပြောရလောက်တဲ့ Hot Cheeto မုန့်တွေရဲ့ ဖခင်ကြီး ရစ်ချတ်ဒ် မွန်တာညက်ဇ် အကြောင်းကိုDisney လက်အောက်ခံ Searchlight Pictures စတူဒီယိုက အတ္ထုပ္ပတ္တိ ရုပ်ရှင်လေး ရိုက်ကူးပေးလိုက်ပါတယ်။Rating တွေကလည်း အားရစရာပါပဲ။ ဇာတ်လမ်းကျောရိုးကတော့လူမျိုးရေးခွဲခြားမှုတွေ အင်မတန်များတဲ့ အမေရိကန်ပြည်ကြီးအလယ် ရွှေ့ပြောင်းမက္ကဆီကန်တွေရဲ့ ဘဝကို ထင်ဟပ်ဖော်ပြထားတာပါ။တစ်ကားလုံး Twist အပြည့်နဲ့ဖြစ်ပြီး အပြောမတတ်ရင် spoil မိသွားနိုင်တာမို့ ထွေထွေထူးထူး မ‌ရေးတော့ပါဘူး။ Comedy, Drama အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် စိတ်ဓာတ်မြှင့်တင်ရေး ရုပ်ရှင်မျိုးဖြစ်တာကြောင့်ကိုယ့်ဆရာတို့ ဘဝမယ် လမ်းပျောက်နေသလို ခံစားမိရင် ကြည့်သင့်တဲ့ရုပ်ရှင်လေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hugoပဲ ဖြစ်ပါတယ်။...

Aseq (2022) ⭐IMDB: 7.4/10 (4 k Votes) 🎬 #Bollywood #Horror 🗓 2022 🎞 movie 📺 #1080p #720p 💿 1.3 GB ⦿ 580.4 MB 🌎 #UnitedKingdom ⏰ 1 နာရီ 47 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Aseq 2023 IMDb-7.5/10 ဒီကားနဲ့ပဲ အကြည့်တွေကအစ မျက်နှာအမူအရာတွေအကုန် သရုပ်ဆောင်ကောင်းလွန်းလှတယ်လို့ ချီးကျူးခံထားရတဲ့ Vardhan Puri ၊မင်းသမီးချောလေး Sonnalli Seygallနဲ့ စူပါမော်ဒယ်မင်းသမီးချောလေး Elena Fernandes တို့က အဓိကဦးဆောင်ထားပြီး မင်းသားကြီး Siddharth Kapoor လည်းပါဝင်ထားပါတယ်ဒီကားမှာတော့ Vardhan နဲ့ စူပါမော်ဒယ်လေးကဇာတ်ကိုအဓိကဆွဲခေါ်သွားမှာပါ ဇာတ်လမ်းအညွှန်း ရွန်နီဆိုတဲ့ကောင်လေးဟာ အလုပ်မရှိအကိုင်မရှိနဲ့ ၆ လကြာ တစ်နေ့တာအသုံးစရိတ်တွေကအစ ရည်းစားကရှင်းပေးနေရတဲ့ကောင်လေးပါ နောက်ဆုံး ရည်းစားကပါသည်းမခံနိုင်လို့ အရင်လူနောက်ပြန်ပါသွားပါတော့တယ်သူ့မှာ တစ်နေ့တာအတွက်လိုက်အကူအညီတောင်း ချေးငှားနေရတာ တစ်မျိူး ၊ ရည်းစားကပစ်သွားလို့ ကြေကွဲရတာတစ်မျိူးနဲ့‌ပေါ့ ရည်းစားဟောင်းကိုမေ့ပစ်ဖို့ ဘဝသစ်စဖို့အတွက် အချစ်သစ်ရှာဖို့သူငယ်ချင်းတွေကမြှောက်ပေးပါတော့တယ် ဒီလိုနဲ့ပရီယန်ကာဆိုတဲ့ သူနဲ့ဘဝတူမိန်းမချောလေးနဲ့ဆုံပြီးအဆင်ပြေတော့မဲ့အချိန်မှာပဲ သူအနီးနားဝန်းကျင်မှာ မူမမှန်တာတွေဖြစ်လာတာကို သူရော ဘေးလူတွေပါသတိထားမိလာပါတယ် ဘယ်လိုမူမမှန်တာတွေလဲ ဘာကြောင့်လဲဆိုတာ ပရိသတ်ကြီးပါအတူလိုက်ကြည့်ရင်း အဖြေရှာကြည့်ပါဦး မှောင်မှောင်မဲမဲကနေ တီးလုံးသံဆူဆူညံညံနဲ့ ထွက်လာတတ်တဲ့ သရဲကားမဟုတ်ဘဲ visual ကောင်းတဲ့ကားမို့ စူပါမော်ဒယ်လေးရဲ့ အလှကိုပါခံစားနိုင်မှာပါအလှလေးတစ်ဖြတ် သည်းထိတ်ရင်ဖိုလေးတစ်ကွက်နဲ့ကြည့်ရှူရမှာဖြစ်ပါတယ် (အညွှန်းနှင့် ဘာသာပြန်တွေကတော့ BpL ~ V ~ Aditi ~ Moon တို့ပဲဖြစ်ပါတယ်)...