uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Firaaq (2009) ⭐TMDB: 62% User Score 🎬 #Bollywood #Drama #History #Thriller 🗓 2009 🎞 movie 🌎 #India ⏰ 1 နာရီ 39 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Firaaq (2008)ခွဲခြားမှု IMDb7.3/10 အချစ်အတွက်တောင်ကိုဖြိုပြခဲ့တဲ့ “The Mountain” ထဲကမင်းသားကြီး Nawazuddin Siddiqui နဲ့အတူမင်းသားကြီးတွေဖြစ်ကြတဲ့ Paresh Rawal ၊ Nassar နဲ့ Naseeruddin Shah တို့လိုနာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး 2008 ခုနှစ်စင်ကာပူမှာကျင်းပခဲ့တဲ့Asian Festival of First Films ပွဲတော်မှာဆုသုံးခုဆု၊နိုင်ငံတကာတစလီနီကီရုပ်ရှင်ပွဲတော်မှာ အထူးဆုနဲ့ ပါကစ်စတန်ကကာရာရုပ်ရှင်ပွဲတော်မှာ တစ်ဆုရရှိခဲ့ပြီး 56ကြိမ်မြောက်အမျိုးသားရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုဆွန်ခူးနိုင်ခဲ့တဲ့ကားပါ ဒီကားဟာလူမျိုးရေး sensitive ဖြစ်တဲ့ကားမို့ဂူဂျာရက်မှာပါပိတ်ခံထားရပါတယ်Firaaq ဆိုတဲ့စာလုံးဟာ အာရပ်ဘာသာစကားနဲ့‌ဆို“ခွဲခြားခြင်း” နဲ့ “စူးစမ်းရှာဖွေခြင်း” အဓိပ္ပာယ်နှစ်ခုရှိပါတယ် 2002 ခုနှစ် ဂူဂျာရက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အထိကရုဏ်းအပြီးရုပ်ရုပ်သဲသဲကာလအတွင်းမှာ နစ်နာသူ ကျူးလွန်သူ နဲ့ကြားနေလူတန်းစားတွေအကြား ဒီကိစ္စကြီးရဲ့နောက်ဆက်တွဲတွေနဲ့နေ့စဉ်လူနေမှုဘဝအပေါ်သက်ရောက်မှုတွေကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် လူတန်းစားခွဲခြားခြင်းနဲ့ ဒီပြဿနာကိုဘယ်လိုအဖြေရှာမလဲဆိုတာကိုကြည့်ရှုရမှာပါ (အညှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...

Perfect Hotel Manager ( 2024 ) ⭐- 🎬 #Thriller #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခု တစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးမှာကတော့ပုံမှန်ရုပ်ရှင်တွေနဲ့ မတူတဲ့ လူ့စိတ်ကို စမ်းသပ်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ယင်ရှန့်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကနေပြီးကစားပွဲတစ်ခုကို လုပ်ခဲ့ပါတယ်။ ဒီကစားပွဲမှာ အနိုင်ရသူကကျိုရှီဟိုတယ်ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ကစားပွဲကို ပါဝင်ခွင့်ရသူက……ကျိုးပင်းချန်- အသက် ၃၀ အိမ်ထောင်မရှိ၊ အတွင်းခံဆိုင်ပိုင်ရှင်၊မိသားစုနဲ့ မိတ်ဆွေတွေက အိမ်ထောင်ပြုဖို့တိုက်တွန်းနေကြပေမဲ့ အိမ်ထောင်ရေးအပေါ် အယုံအကြည်မရှိသူ…… ကျာထျန်းရှန်း – တက်ခ်စီကားဆရာ အသက် ၄၀၊ ဘဝမှာဖိအားအပြည့်နဲ့ အောင်မြင်မှုဆိုတာ မရှိဖူးဘူး။မိသားစု ဆက်ဆံရေးကလည်း မကောင်းနေဘူး…… ကျာထျန်းကျင့် – ကျာထျန်းရှန်းရဲ့ ညီလေး ၊ အသက် ၃၁ နှစ်၊ဘဏ္ဍာရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာရာထူးရထားသူ။အောင်မြင်မှုတွေ အနာဂတ်ကောင်းတွေ ရှိနေပေမဲ့ စိတ်ညစ်စရာတွေလည်း ရှိနေသူ…… ဟူကျယ် – အသက် ၂၂ နှစ် တက္ကသိုလ်ဘွဲ့ရခါစ၊ လူမှုပတ်ဝန်းကျင်ထဲကိုမရောက်ဖူးသေးဘူး၊ အခုတစ်လော ရည်းစားနဲ့လမ်းခွဲထားရတဲ့အတွက် စိတ်ညစ်နေရသူ…… သူတို့ ၄ ယောက်က အလှည့်ကျ ဟိုတယ်ပိုင်ရှင်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးအကောင်းဆုံးလူကို မဲပေးစနစ်နဲ့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ဟိုတယ်တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တဲ့အတွက်လောဘရဲ့ လှုံ့ဆော်မှုကြောင့် လူတွေက ဘယ်လိုအကြံအစည်မျိုးတွေ ကြံစည်ကြမလဲ……သူတို့ ၄ ယောက် ဒီ ၁၂ ရက်တာ အချိန်အတွင်းမှာ ဘယ်လို ဖြတ်သန်းကြမလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Komandir (2024) ⭐IMDB: 6.4/10 (450 Votes) 🎬 #Action #Biography #Drama #History #Romance 🗓 2024 🎞 movie 🌎 #Russia ⏰ 2 နာရီ 24 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Komandir (2024) IMDb Rating (6.7) ရုရှက ထုတ်တဲ့ biographical actionအမျိုးအစားရုပ်ရှင်ပေါ့။ ၁၉၈၈မှာ တကယ်ဖြစ်ခဲ့တဲ့ ဆရာမနဲ့ ကလေး၃၀ကို ပြန်ပေးဆွဲခဲ့တဲ့ အဖြစ်ကို အခြေတည်ထားတယ်။ အဓိကကတော့ ရုရှက Alpha Groupခေါ် Group Aလို့ခေါ်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး အထူးအဖွဲ့အကြောင်းပဲ။ ဒီအဖွဲ့ကို ရုရှက 1974မှာ စတင်တည်ထောင်ခဲ့ပြီး အခုဆို အနှစ်၅၀အတိပေါ့။ ဒီအဖွဲ့ အနှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်ပဲ ဒီရုပ်ရှင်ကိုရိုက်တယ်ဆိုတယ်။ ဇာတ်လမ်းအဆုံးမှာ ပူတင်တောင် ပါလာသေးတယ်။ ဇာတ်ကတော့ ရုရှရဲ့စစ်ပွဲကာလတွေကနေ ရုရုမှာ အိုလံပစ်ကျင်းပခဲ့တဲ့ ၁၉၈၀ကာလကနေ မျက်မှောက်ခတ်အထိသွားထားတယ်။ ဂျီနက်ဒီလို့ခေါ်တဲ့ ရုရှစစ်သားတစ်ယောက်ရဲ့ စစ်သားမဖြစ်ခင်ဘဝကနေ အထူးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့အထိ ဖြတ်သန်းပုံအဆင့်ဆင့်ကို ရုရှရဲ့ နိုင်ငံရေးတွေကိုပါ ရောယှက်ပြီး ပြသွားတယ်။ ပြောရရင် ဒီကားက hijackingကို အဓိကပြထားတဲ့ ကားလို့လည်း ပြောလို့ရတယ်။ စစ်တွေရော ပြန်ပေးဆွဲတာတွေရော အစုံပလုံမြင်ရမယ့်အပြင် ရုရှအကြောင်းကိုလည်း ပမာဏတစ်ခုအထိသိရအောင် ရိုက်ပြထားတဲ့ မဆိုးတဲ့ ရုရှရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)
...

Angithee 3 (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Romance 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 39 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Angithee 3 2024 (အချစ်မီးလျှံ) ကူနယ်နဲ့ ရီဗာတို့ဟာ အခုမှ လက်ထပ်ပြီးခါစ ကြင်စဦးဇနီးမောင်နှံပေါ့။သူတို့ဟာ မင်္ဂလာဆောင်အပြီး ကူနယ့်မွေးရပ်မြေအိမ်လေးကိုဟန်နီးမွန်းခရီးအနေနဲ့ ပြန်လာခဲ့ကြပါတယ်။ ကူနယ့်မှာတော့ အမေပဲ ရှိတော့တာဖြစ်ပြီးတော့ အပန်းဖြေစခန်းလေး ဖွင့်ထားပါတယ်။ကူနယ်တို့အိမ်မှာတော့ သူ့အမေကို ကူညီလုပ်ခိုင်းပေးနေတဲ့သူတို့အိမ်က ကားမောင်းသမားကြီးရဲ့သမီးဖြစ်သူ ချန်ဒါနဲ့ အပန်းဖြေစခန်းကိုကူနယ့်ကိုယ်စား စီမံအုပ်ချုပ်ပေးနေတဲ့ သူငယ်ချင်းဖြစ်သူ ဆာမာတို့ နေကြပါတယ်။ ချန်ဒါဆိုတာကလည်း ကူနယ့်ကို ငယ်ငယ်လေးကတည်းက ချစ်ခင်ခဲ့သူဖြစ်ပြီး ခေါ်တာတောင် အစ်ကိုလေးလို့ပဲ ခေါ်သူပါ။ ဒီလိုနဲ့ အချိန်အတော်ကြာ မတွေ့ရတဲ့သားလေး ပြန်လာမှာကို အိမ်ကနေ စိတ်လှုပ်ရှားစွာစောင့်နေတဲ့ ကူနယ်ရဲ့ အမေ၊ မထင်မှတ်ဘဲ ကူနယ်တို့ ကားမတော်တဆဖြစ်တဲ့သတင်းလည်းကြားရော အဲဒီအချိန်မှာပဲ ကံကြမ္မာဆိုးတွေ စတင်ခဲ့ပါတော့တယ်။ ချွေးမဖြစ်သူက အများကြီးမထိခိုက်ပေမယ့် ကူနယ်ကတော့ ကားမတော်တဆဖြစ်မှုကနေကျောရိုးထိခိုက်ပြီး တစ်သက်လုံးလမ်းမလျှောက်နိုင်တော့ပါဘူး။ဒီလိုနဲ့ ကြင်စဦးလင်မယားနှစ်ယောက် ရှေ့ဆက် ဘယ်လို စခန်းသွားကြမလဲ ……. အမေ, ချန်ဒါနဲ့ ဆာမာတို့ကရော ကူနယ့်အပေါ်မှာ ဘယ်လိုတွေဖြည့်စည်းလုပ်ကိုင်ပေးသွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Valentine's Town (2024) ⭐IMDB: 5.6/10 (110 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆက်ဆံရေးတစ်ခုမှာ အချစ်တစ်ခုတည်းရှိရုံနဲ့ မလုံလောက်ပဲ နားလည်မှု လေးစားမှုတွေပါလိုအပ်ပါတယ်။ဆက်ဆံရေးတစ်ခုကို ရေရှည်တည်မြဲစေချင်ရင် ကိုယ်က ကိုယ်နဲ့ကိုက်ညီတဲ့ လက်တွဲ ဖော်ကို ရှာဖွေနေမယ်ဆိုရင် အရေးအကြီးဆုံးအချက်တစ်ခုက ရိုးသားမှု ရှိရမယ်ဆိုတာကိုပြောပြထားတဲ့ Valentines Town ဆိုတဲ့ ကားလေးက2024မှာထွက်ရှိထားတဲ့ကားလေးဖြစ်ပါတယ်။ အချစ်တွေ ရိုင်းပင်းကူညီမှုတွေ နားလည်မှုတွေနဲ့ ပြည့်နက်နေတဲ့ ရိုးသားကြိုးစားတဲ့ Arrow Heart ဆိုတဲ့မြို့လေး ကို စီးပွားရေး အကျိုးမြတ်ထုတ်ချင်တဲ့ ကုမ္ပဏီ လက်ကနေ ကယ်တင်ဖို့ မလီဆာ ဆိုတဲ့ကောင်မလေးတစ်ယောက်က သူတတ်နိုင်သလောက် ကြိုးစားပါတော့တယ်။ မလီဆာက ကိုက်ညီတဲ့လက်တွဲဖော်တွေကိုရှာပေးပြီး ဆွေးနွေးမှုတွေကို လုပ်ပေးတဲ့ စီးပွားရေးတစ်ခုကိုလုပ်နေသူပါ။တစ်နေ့မှာ မြို့ကို အကျိုးမြတ်ထုတ်ချင်တဲ့ ကုမ္ပဏီကို အလုပ်လုပ်ပေးနေတဲ့ မလီဆာရဲ့ အထက်တန်းဘဝတုန်းကချစ်သူဟာ မြို့ကိုထောက်လှမ်းမှုတွေ ပြုလုပ်ဖို့ ရောက်လာပါတော့တယ်။ သူတို့နှစ်ယောက်ကြားက အမှတ်တရတွေဟာ သူတို့ကိုဘယ်လို ပြောင်းလဲသွားစေမလဲ… လျှို့ဝှက်ချက်တွေကိုရော ဖော်ထုတ်သွားနိုင်မလား… အတိတ်က အချစ် ပြန်ရောက်လာတဲ့အခါမှာ အမှတ်တရတွေနဲ့ ပျော်တဲ့အချိန်ကိုပဲသတိရမိမလား…. နာကြင်မှုတွေနဲ့မကောင်းတဲ့အချိန်တွေကိုပဲ ပြန်ခံစားမိမလား…. ဒီကားလေးက ပေါ့ပေါ့ ပါးပါးနဲ့ 528မေတ္တာ 1500မေတ္တာတွေအပြင် ကိုယ့်မြို့ကို ချစ်တဲ့အချစ်တွေ သူငယ်ချင်းတွေ နဲ့ မြို့သူမြို့သား အသိုင်းအဝိုင်း ကိုချစ်တဲ့အချစ်တွေကိုပါ ကြည်နူးဖွယ်ဖော်ပြထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီကားကိုကြည့်လိုက်တာနဲ့ ဘဝမှာ လက်တွဲဖော်ကိုရှာတဲ့အခါ ဘယ်လိုရှာရမလဲ ဘယ်လိုရိုးသားပွင့်လင်းရမလဲ ဆိုတာကို တစ်မျိုးမျိုးနဲ့တော့ အတွေးဝင်မဲ့ ကားလေးဖြစ်တာမိုလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။
...

The Critic (2023) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates ⏰ 1 နာရီ 41 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လန်ဒန်မြိုက အထင်ကရသတင်းစာတိုက်ကြီးမှာ ပြဇာတ်ဝေဖန်ရေးမှူး အနေနဲ့ သုံးသပ်ချက်တွေရေးရတဲ့ ဂျင်မီ အက်စကင် ဒီလူက သူ့ရဲ့စံချိန် စံနှုန်းတွေနဲ့ မကိုက်ညီဘူးလိုယူဆတဲ့ ပြဇာတ်တွေ၊ သရုပ်ဆောင်တွေကိုဆို ပိုးစိုးပက်စက် ဝေဖန်ရေးသားတတ်တာကြောင့် လူသိများပါတယ်။ အဖေဖြစ်သူ ဆုံးပါးသွားလို သတင်းစာတိုက်ပိုင်ရှင်ဖြစ်လာတဲ့ ဒေးဗစ်ဘရွတ်ခ်က သူ့ကို ပျစ်ပျစ်နှစ်နှစ်ရေးသားတာတွေ လျှော့ဖိုပြောပေမဲ့လည်း အချည်းနှီးပါပဲ… သတင်းစာတိုက်ပိုင်ရှင် ပြောင်းသွားတာနဲ့အမျှ ပြောင်းလဲလာတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဘဝင်မကျဖြစ်နေတဲ့ ဂျင်မီ အက်စကင် တစ်ယောက် တစ်နေ့တော့ သူ့ရဲ့အတွင်းရေးမှူးတစ်ဖြစ်လဲ ချစ်သူလိုပါ ပြောရမယ့် တွမ် တန်နာနဲ့အတူ လိင်တူနှစ်သက်မှုနဲ့ ဖမ်းဆီးခံရပါ တော့တယ်။ နဂိုကတည်းက သတင်းစာတိုက်နာမည်ပျက်မှာကို မလိုလားတဲ့ ဒေးဗစ်ဘရွတ်ခ်က ရဲဖမ်းခံရတဲ့ ဂျင်မီကို အလုပ်နားခိုင်းလိုက်တဲ့အခါ… ဒါကိုမကျေနပ်တဲ့ ဂျင်မီတစ်ယောက် ဘယ်သူတွေကိုအသုံးချပြီး ဒေးဗစ်ဘရွတ်ခ်ကို လက်တုံပြန်ဖိုကြိုးစားမလဲ…… ဒီကြိုးစားမှုကနေ ဘယ်သူတွေနစ်နာပြီး ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပေါ်လာမလဲဆိုတာကို The Critic ရုပ်ရှင်ကားမှာ ကြည့်ရှုရမှာ ဖြစ်ပါတယ်
...

Nidarr (2023) ⭐IMDB: 5.4/10 (32 Votes) 🎬 #Action #Adventure #Drama #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nidarr 2023 သေမင်းတမန်စစ်ဆင်ရေးImdb 5.4 ကြမ်းပေ့ ရမ်းပေ့အက်ရှင်ကားတွေစောင့်မျှော်နေကြသူတွေအဖို့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးထားပါတယ်ဇာတ်လမ်းအစမှာတော့ အစွန်းရောက်တွေလက်ထဲရောက်သွားတဲ့ဗိုလ်ကြီးကို သွားရောက်ကယ်တင်ပုံနဲ့စထားပါတယ်ကယ်တင်ရင်းပစ်ကြခတ်ကြတော့ အစွန်းရောက်ခေါင်းဆောင်ရဲ့သားဖြစ်သူပါဆုံးပါးသွားခဲ့တယ် ဒီသွေးကြွေးကိုရအောင်ပြန်ဆပ်မယ်ဆိုပြီး ရန်ငြိုးစတစ်ခုတည်ခဲ့တာပေါ့။။။ အချိန်တစ်ခုရောက်လာတဲ့အခါ ဗိုလ်ကြီးရဲ့သားကလည်း ရဲစွမ်းသတ္တိတွေအပြည့်နဲ့စစ်ဆင်ရေးတွေအောင်မြင်လို့ အရာခံဗိုလ်ထိတောင်ရာထူးတိုးလာခဲ့တယ်တိုင်းပြည်အတွက် အချိန်မရွေးအသက်စွန့်ဖို့အဆင်သင့်ရှိနေတဲ့ တက်ကြွတဲ့စစ်သားသားဖြစ်သူကိုဂုဏ်ယူနေတဲ့ခေါင်းဆောင်တွေမိသားစုက တစ်နေ့မှာတော့နိုင်ငံအရေးအတွက်မဖြစ်မနေသားဖြစ်သူကိုစစ်ဆင်ရေးထဲထည့်ဖို့အခြေအနေရောက်လာခဲ့တယ် ဒီစစ်ဆင်ရေးက အန္တရာယ်များလွန်းလို့ ရှင်သူမရှိလောက်ဘူးဆိုတာလည်းသိထားပေမဲ့မတတ်သာတဲ့အခြေအနေကြောင့် သားဖြစ်သူကိုတာဝန်ပေးလိုက်ရပါတယ်ဒီစစ်ဆင်ရေးကိုအောင်နိုင်မှာလား အသက်ရှင်လျက်ပြန်လာနိုင်မှာလားကိုတော့။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Bluri ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Nokturno (2024) ⭐IMDB: 3.5/10 (108 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 40 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သဘာဝလွန် သည်းထိတ်ရင်ဖို Horror ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဖိလစ်ပိုင် Horror ဇာတ်ကားတစ်ကားကို ယူဆောင်လာပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် ဖိလစ်ပိုင်မင်းသမီးချော Nadine Lustre, ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Eula Valdez, Ku Aquino တို့က ပါဝင်ထားပြီးတော့ ဒါရိုက်တာအဖြစ် Mikhail Red က ရိုက်ကူးပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် ပါးစပ်ပြော ပုံပြင်တစ်ပုဒ်ရှိပါတယ်။ ညသန်းခေါင်ကျော်တဲ့အခါ တံခါးခေါက်သံ ကြားလို့ တံခါးဖွင့်ပေးလို့ရှိရင် အဲဒီတံခါးဖွင့်ပေးတဲ့သူဟာ Kumakatok ကျိန်စာသင့်သွားပြီးတော့ သုံးရက်အတွင်း ဝိညာဉ်တွေ လာခေါ်တာကိုခံရကာ သေသွားပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ကျိန်စာကြောင့်သေဆုံးသွားတဲ့ ညီမဖြစ်သူရဲ့ ထူးခြားတဲ့သေဆုံးမှုကို အစ်မဖြစ်သူကစုံစမ်းရင်း သူပါကျိန်စာမိသွားပြီးတော့ အဲဒီကျိန်စာရဲ့ လက်ထဲကနေလွတ်မြောက်အောင် ကြိုးစားတဲ့ပုံကို သည်းထိတ်ရင်ဖို ကြည့်ရှုကြရမှာပါ။ Horror Genre ဖြစ်တာနဲ့အညီ ရင်တုန်ပန်းတုန် ကြည့်ရှုရမှာ ဖြစ်ပြီးတော့ Horror vibe ကို လုံးဝပေးစွမ်းနိုင်တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။
...

Olivia Rodrigo: GUTS World Tour (2024) ⭐TMDB: 73% User Score 🎬 #Documentary #Music #Musical 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Olivia Rodrigo: GUTS World Tour (2024) တောင်းဆိုထားတဲ့ Olivia Rodrigo ရဲ့ GUTS Tour ကို speech only ဘာသာပြန်နဲ့ အတူလိုက်ဟဲနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။ GUTS album ဟာ Olivia Rodrigo ရဲ့ ဒုတိယမြောက် Album ဖြစ်ပြီး လူငယ်တွေကြားမှာ အောင်မြင်မှုရရှိထားတဲ့ Album တစ်ချက်ဖြစ်ပါတယ်။ Olivia ဟာ Tour ရဲ့ နောက်ဆုံးပွဲကို သူ့ရဲ့ မွေးရပ်မြေ LA မှာ ပွဲ ၆ ပွဲ လုပ်ပြီး GUTS Tour ကို ပိတ်ခဲ့ပါတယ်။ Tour မှာ special guest အနေနဲ့ Chappell Roan လည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အသက် 21 နှစ်အရွယ် Olivia Rodrigo ရဲ့ GUTS Tour က ဘယ်လိုတွေ မိုက်ပြီး အထာကျနေမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။
...

Dìdi (2024) ⭐IMDB: 7.4/10 (7 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 လောလောလတ်လတ်မှာ ထွက်ရှိထားတဲ့ Didi ဇာတ်ကားဟာ ထွက်တာ မကြာသေးပေမဲ့ အခုကတည်းက ဆုတွေရဖို့ nomination တွေဝင် Film Festival တွေမှာ ဆုရပြီးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီကားလေးဟာ အာရှသား လူငယ်ဒါရိုက်တာ Sean Wang ရဲ့ ငယ်ဘဝကို အခြေခံရိုက်ကူးထားပြီး ရုပ်ရှင်ထဲမှာပါတဲ့ မင်းသားရဲ့ အဘွားက Sean Wang ရဲ့ အဘွားကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၀၈ ခုနှစ်မှာ ၁၃ နှစ် အရွယ် ထိုင်ဝမ်လူမျိုး ကောင်လေးတစ်ယောက် အမေရိကန်မှာ လူလားမြောက်လာတဲ့အခါ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဘယ်လို့အတွေ့အကြုံတွေကို ရင်ဆိုင်ရမလဲ ဘယ်လိုသင်ခန်းစာတွေရသွားမလဲ စတာတွေကို ဟာသလေးရောပြီး ရိုက်ပြထားတဲ့ မိသားစုဒရမ်မာကားလေးပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ခံစားချက်တွေ ရင်ဆိုင်ရနိုင်တာတွေကို အပြင်လောကနဲ့ ထပ်တူနီးပါး ဖော်ပြ နိုင်ခဲ့လို့ ဒီဇာတ်ကားက အားလုံးအတွက် အရမ်းကိုရင်းနှီးနေမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးနဲ့ အတွေးတွေကို ခေါင်းထဲမှာ ချန်ထားပေးခဲ့မဲ့ ဒီ Comedy Drama ဇာတ်ကားကို မဖြစ်မနေ ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါမယ်။
...

Chandlo (2023) ⭐IMDB: 8.0/10 (74 Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chandlo (2023)“ဘဝသစ်” ရင်ကိုနွေးစေမယ့် ဂူဂျာရတ်တီစကားပြော ဒရာမာရုပ်ရှင်ကားလေးကို တင်ဆက်လိုက်ပါတယ် မီရာက တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီးရှာရန်ဆိုတဲ့ အဆိုရှင်ကို သိပ်ကိုနှစ်ခြိုက်တဲ့ အမျိုးသမီးပါ မီရာ့သမီးလေး အက်ရှ်သာကတော့ ရှာရန့်သီချင်းတွေကိုနားမခံနိုင်တဲ့ ဆန့်ကျင်ဘက်ခပ်ဆိုးဆိုးကောင်မလေးသူတို့သားအမိနှစ်ယောက်လုံးက မြတ်နိုးရတဲ့လူတစ်ယောက်ကိုဆုံးရှုံးခဲ့ရလို့ အမှတ်တရတချို့ကို မေ့ပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာ အဆိုရှင် ရှာရန်နဲ့ ရင်းနှီးသွားတဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းတွေဖြစ်လာမှာလဲပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Aye Zindagi (2022) ⭐IMDB: 7.3/10 (124 Votes) 🎬 #Bollywood #Drama #Family #Romance #Biography 🗓 2022 🎞 movie 🌎 #India #UnitedStates ⏰ 1 နာရီ 43 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aye Zindagi (2022) “ရှင်သန်ခြင်းအဓိပ္ပာယ်” ဒီတစ်ခါမှာ ဟင်ဒီဒရာမာကောင်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ် ဗီနေးက liver cirrhosis (အသည်းခြောက်ရောဂါ)နောက်ဆုံးအဆင့်ရောက်နေတဲ့ လူနာတစ်ယောက်ခြောက်လခုနစ်လထက် ပိုမနေရတော့တဲ့ အခြေအနေမှာသူကိုယ်တိုင်က မိသားစုဝင် သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖုံးကွယ်ထားတယ် ဟိုက်ဒရာဘတ်မှာ အသည်းအစားထိုးကုပေးနေပြီဖြစ်ကြောင်းဖတ်ရတော့ အလုပ်ကခွင့်လေးရက်ယူပြီး ဘယ်သူမှမသိအောင် လာခဲ့တယ် တစ်ချိန်တော့ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်တွေသိသွားတဲ့အခါမှာ ဘယ်လိုဆက်ဖြစ်မလဲနောက်ပြီး ရီဗာသီဆိုတဲ့နှလုံးလှအမျိုးသမီးရဲ့ အကူအညီနဲ့မျှော်လင့်ချက်တွေကို ပြန်အသက်သွင်းနိုင်မှာလား ရှင်သန်ခြင်းအဓိပ္ပာယ်ကို ရှာတွေ့နိုင်မှာလား အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Yunni ~ V တို့မှ ဖြစ်ပါတယ်
...

Helen (2019) ⭐IMDB: 7.7/10 (4 k Votes) 🎬 #Bollywood #Drama #Thriller #Family 🗓 2019 🎞 movie 🌎 #India ⏰ 1 နာရီ 57 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Helen (2019)”ဟယ်လန်”=================== ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြောသည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ဖန်တီးသူတွေက ဘာမှတရားဝင်မပြောထားပေမဲ့ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်တွေအပေါ်မှာအခြေခံရိုက်ကူးထားတာလို့ပရိသတ်တွေကဆိုကြပါတယ်။ ဇာတ်လမ်းကတော့.. အဖေတစ်ခု သမီးတစ်ခုဘဝမှာနေရင်းသူနာပြုဘွဲ့ရထားပြီး ကနေဒါကိုအလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ဟယ်လန်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက်။ သူဟာ ကနေဒါကိုမသွားနိုင်ခင် ကြက်ကြော်ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်နေရင်း ရုတ်တရက်ခြေရာလက်ရာမရှိပျောက်ဆုံးသွားတဲ့အခါမှာတော့..။တိုက်ပွဲတစ်ခုကို တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ ဟယ်လန်ရဲ့ ရုန်းကန်မှုတွေ၊ ဖခင်ဖြစ်သူရဲ့ ပူပင်သောကတွေ၊ဗျာများရပုံတွေကို အချိတ်အဆက်မိမိနဲ့ မွန်းကျပ်စရာကောင်းလောက်အောင်ပုံဖော်ပြထားတာမလို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်ကြတဲ့ပရိသတ်တွေအတွက်အချိန်ပေးရတာတကယ်တန်စေမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

The Funeral (2023) ⭐IMDB: 4.8/10 (276 Votes) 🎬 #Horror #Thriller #Romance 🗓 2023 🎞 movie 🌎 #Turkey ⏰ 1 နာရီ 54 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Funeral (2023) စီမယ် လို့ အမည်ရတဲ့ သူတယောက် သူရဲ့အလုပ်က နာရေးကားမောင်းရတဲ့အလုပ်ပါ တရက်မှာ သူ့ကို ကလေးမလေး အလောင်းကို သယ်ပေးဖို အကူအညီတောင်းခံရတဲ့အခါ ….. သယ်ပေးဖို သဘောတူလိုက်ပြီး ကားမောင်းနေစဉ် ကားနောက်ခန်းထဲက ပုံမှန်မဟုတ်တဲ့ အသံကို ကြားလိုက်ရတဲ့ အခါမှာတော့.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။)
...

Pokkiri Raja (2010) ⭐TMDB: 53% User Score 🎬 #Action #Bollywood #Comedy #Drama 🗓 2010 🎞 tv mini series 🌎 #India ⏰ 2 နာရီ 43 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pokkiri Raja (2010) “ရာဂျာ”IMDb – 5.2 Bramayugam (2024)ဖြူမည်းရုပ်ရှင်က မလေယာလမ်မင်းသားကြီး Mammootty၊The Goat Life (2024)ထဲက မင်းသား Prithviraj Sukumaranတို့ရဲ့၂၀၁၀ကထွက်ရှိခဲ့တဲ့ မလေယာလမ်းအက်ရှင်ဇာတ်ကြမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ရွာတစ်ရွာထဲမှာ ရွာ့မျက်နှာဖုံးမိသားစုနှစ်ခုက နည်းနည်းမှမတည့်ကြ။ ဘုရားပွဲကျင်းပဖို့အတွက် ဦးစီးဦးဆောင်လုပ်ဖို့အရေးမိသားစုနှစ်ခုပေါင်းစည်းဖို့ ရွာလူကြီးကပြောပေမဲ့ နှစ်ဘက်လုံးလက်မခံလို့မယ်တော်အရှင်မဆီက ဆုံးဖြတ်ချက်ကို လက်ခံဖို့သဘောတူခဲ့ကြတယ်။ဒီမှာပဲ ကျောင်းဆရာမိသားစုက ဦးဆောင်ကျင်းပခွင့်ရပါရော။ ဒါပေမဲ့ တစ်ဘက်မိသားစုကဆယ်ကျော်သက်ကောင်လေး ပွဲကိုဖျက်ဆီးဖို့လုပ်တဲ့အချိန်သေသွားခဲ့ရာကစ ကျောင်းဆရာရဲ့ သားအကြီးဖြစ်သူ ထောင်ကျသွားပါတယ်။ဒီမှာပဲ သေသွားတဲ့မိသားစုဘက်က အငြိုးကြီးကြီးထားတော့တာပေါ့။ ထောင်ကျသွားတဲ့သားကြီးနှစ်ချီပြစ်ဒဏ်ခံပြီး ပြန်လွတ်လာတဲ့အချိန် သွားကြိုကြတဲ့အခါမှာတော့ အငြိုးတရားကြောင့်ဖြစ်ပေါ်လာတဲ့သတ်ခန်းဖြတ်ခန်းအက်ရှင်ဇာတ်ကြမ်းတွေနဲ့ မိသားစုကြားက သံယောဇဉ်တွေ ချစ်ခြင်းတရားတွေကို ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

机壳少女 (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 11 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အေအိုင်နည်းပညာ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကြိုက်သူတွေအတွက်စိတ်ဝင်စားမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။လူသားDNAနဲ့နာနိုနည်းပညာပေါင်းစပ်ထားတဲ့ ကောင်မလေးတစ်ယောက်ဟာလက်တွေ့စမ်းသပ်ခန်းမှာရုတ်တရက်နိုးလာပြီးတော့ ထွက်ပြေးသွားခဲ့ပါတယ်။ မှတ်ဉာဏ်တွေရှုပ်ထွေးနေတဲ့ကောင်မလေးက မှတ်ဉာဏ်အပိုင်းအစတွေနောက်လိုက်ရင်းသူဘယ်လိုလဲဆိုတာကိုရှာဖွေနေခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ကောင်မလေးထွက်ပြေးတဲ့အချိန်မှာ မအူမလည်နဲ့ကူညီခဲ့တဲ့ကောင်လေးကလဲအတိတ်မေ့နေတဲ့ကောင်မလေးကို ပစ်မထားရက်ပဲ အမြဲနောက်ကလိုက်ကူညီနေခဲ့တယ်။ ကောင်မလေးရဲ့မှတ်ဉာဏ်တွေတဖြည်းဖြည်းနဲ့ ပြန်ပေါ်လာတဲ့အခါသူကနာမည်ကြီးဇီဝဗေဒပါမောက္ခကြီးတစ်ယောက်ရဲ့သမီးဖြစ်နေတာကိုသိလိုက်ရပြီး သူ့အဖေလုပ်ကြံခံရတာတွေကိုပါမှတ်မိလာတယ်။မှတ်ဉာဏ်အပိုင်းအစတွေကိုဖော်ထုတ်ရင်းနောက်ဆုံးအမှန်တရားဟာ သူထင်သလိုဖြစ်နေပါ့မလား……သူတို့၂ယောက်ရဲ့သရုပ်မှန်ဟာဘာတွေဖြစ်နေမလဲ
...

My Super Heroine (2024) ⭐TMDB: 0% User Score 🎬 #Action #Comedy #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM တရုတ်ကားချစ်သူတို့ရေ… တကယ်လို့ ဘဝအမောတွေပြေအောင်ဟာသကားကိုကြည့်ချင်တယ်ဆို… ဒီကားလေးကိုကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်…ဒီဇာတ်လမ်းလေးကဆိုရင် ကျွန်တော်ရည်းစား မာဖီးယားဆိုတဲ့ ပုံစံဆင်တူပဲ…နာမည်ကြီး ရှန်ဟိုင်ဂိုဏ်းချုပ်လောင်းကိုမှ ရေကန်ထဲလှေစီးပြီး ရေစက်ဆုံကာ ကယ်မိတဲ့ အားဝမ်…အားဝမ်ကတော့ သူ့လမ်းလေးအေးချမ်းဖို့အတွက် အစ်ကိုဟုတ်ဆိုတော့အမြတ်ကြီးစား ဒုစရိုက်လုပ်နေတဲ့သူရဲ့ အောက်ခြေသိမ်းအလုပ်ကြမ်းသမားလေးအဖြစ် နေနေတဲ့သူပေါ့… အစ်ကိုဟုတ်ကလည်း သူ့ရဲ့ ကြပ်မပြည့်တဲ့ လက်ဝှေ့သမားဖြစ်ချင်တဲ့သူ့အစ်ကိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့အတွက် လူရှာပြီးသူ့အစ်ကိုကို အဖော်ပြု လက်ဝှေ့ထိုးပေးမယ့်သူ ခဏခဏရှာခိုင်းတာ…အခုဆို ပွဲ ၁၀၀ ပြည့်ဖို့ နောက်ဆုံး တစ်ပွဲပဲလိုတာ…လက်ဝှေ့လည်း ထိုးချင်တယ် သူ့အစ်ကိုကိုလည်း မထိခိုက်စေချင်ဘူးဆိုတော့…အားဝမ်တစ်ယောက် ရေထဲက ကောက်ရတဲ့အမျိုးသမီးလေးကို ကြိုးစင်ပေါ်တင်ပေးဖို့အတွက် ဇာတ်လမ်းတွေဆင်တော့တာပေါ့… အတိတ်ကလည်းမေ့…. မျက်စိရှေ့မှာလည်းအားဝမ်ပဲမြင်နေရတာဆိုတော့ ဒီအမျိုးသမီးလေးလည်း…အားဝမ်ရဲ့ ဇာတ်လမ်းကို ယုံကြည်ပြီး ကြိုးစင်ပေါ်ကို တက်ခဲ့တာပေါ့…အဲ့ ကြိုးစင်ပေါ်တက်ခဲ့လို့ အားဝမ်တစ်ယောက် ဘာနောက်ဆက်တွဲတွေကြုံရမှာလဲ… ဒီပွဲရလဒ်ကရော ဘာဆက်ဖြစ်မှာလဲ…အားဝမ်နဲ့ ဘယ်ကလာမှန်းမသိတဲ့မိန်းကလေးကရော ဘာတွေဆက်ဖြစ်ကြမှာလဲပိတ်ကားပြင်ပေါ်မှာ CM အဖွဲ့နဲ့အတူတူဆက်ကြည့်ပြီး ရယ်မောလိုက်ကြရအောင်နော်
...

Way of the Stone 2 (2024) ⭐TMDB: 0% User Score 🎬 #Comedy 🗓 2024 🎞 tv mini series 🌎 #China ⏰ 1 နာရီ 11 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကွန်ဖူးဝါသနာရှင်တစ်ယောက်ဖြစ်တဲ့ရှီထိုရဲ့ အရှေ့မြောက်ပိုင်းရွာလေးကနေပြီးတောင်ပိုင်းစွန်းက ပင်လယ်ကမ်းခြေစန်းယအထိသွားပြီးသူရဲ့ကွန်ဖူးအိပ်မက်ကိုအကောင်အထည်ဖော်တဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဂျက်ကီချန်းလို အောင်မြင်တဲ့ကြယ်ပွင့်ကြီးဖြစ်ချင်အိပ်မက်၊ စတီဗင်ချောင်လိုအောက်ခြေကစခဲ့ပြီး အောင်မြင်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေတစ်ပွေ့တစ်ပိုက်နဲ့ ရှီထိုတို့သူငယ်ချင်း(၂)ယောက်ဟာတရုတ်ပြည်မြောက်ဖျားကနေ တောင်စွန်းထိစွန့်စားပြီးရောက်လာခဲ့ကြတယ်။ မထင်မှတ်ပဲ ဇာတ်ဆောင်မင်းသမီးရဲ့အိတ်လုခံရတာကို ပြန်ယူပေးခဲ့မိပြီးရင်းနီးသွားခဲ့ကြတယ်။ အဲဒီအချိန်မှာမင်းသမီးကိုကြိုက်နေတဲ့သူဌေးတစ်ယောက်က ရှီထိုတို့ကိုမနာလိုဖြစ်ပြီး မကောင်းလိုက်ကြံတော့တာပေါ့။သူဌေးကြီးရဲ့ယုတ်မာမှုတွေကိုသည်းခံနိုင်ပါ့မလား။အလွဲလွဲအချော်ချော်တွေကြားမှာရွာသား၂ယောက်ရဲ့အိပ်မက်ကိုဘယ်လိုများအကောင်အထည်ဖော်ကြမလဲဆိုတာကို ရယ်ရယ်မောမောခံစားကြည့်လိုက်ပါနော်။
...

Uncanny (2015) ⭐IMDB: 6.2/10 (6 k Votes) 🎬 #Drama #Horror #SciFi #Thriller #ScienceFiction 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Uncanny (2015) ******************* အခုခေတ်မှာ AI နည်းပညာတွေက အရမ်းအောင်မြင်နေပေမဲ့ဒီလိုအောင်မြင်လာဖို့အတွက် ဟိုးအရင်ကတည်းကစတင်ကြိုးစားခဲ့ကြရတာပါ။အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဟိုးအရင်ကတည်းက AI နဲ့ပတ်သတ်တဲ့ရုပ်ရှင်တွေလည်းအများကြီးထွက်ရှိခဲ့ပါတယ်။ AI ဆိုတာ လူလုပ်အသိဉာဏ်တုဖြစ်ပြီး အဲ့ဒီအသိဉာဏ်တုကိုကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြည့်စုံအောင် ပုံဖော်ဖန်တီးရတာဖြစ်တဲ့အတွက်လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခုတင်ဆက်ပေးမဲ့ 2015 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Uncanny ဆိုတဲ့IMDb 6.2 ရရှိထားတဲ့ဇာတ်ကားမှာလည်း ပြည့်စုံတဲ့ AI တစ်ခုကိုဖန်တီးရတာဘယ်လောက်ခက်ခဲတယ်ဆိုတာအပြင် ဖြစ်လာနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒေးဗစ်ခရန်ဆန်ဆိုတဲ့လူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းတွေအများကြီးပြီးအဆင့်မြင့်ဘွဲ့တွေအများကြီးရရှိထားပြီး စက်ရုပ်နည်းပညာကိုအရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်းကက်စတယ်လို့ခေါ်တဲ့ အလုပ်ရှင်ကြီးတစ်ယောက်ကသူ့ကိုလုပ်ခိုင်းထားတဲ့လူသားနဲ့ လုံး၀ချွတ်စွတ်တူပြီးပြည့်စုံတဲ့ AI စက်ရုပ်တစ်ခုကိုအိမ်ထဲကအိမ်ပြင်မထွက်ဘဲ ကြိုးစားတီထွင်နေပါတော့တယ်။ သူ့လက်ရာတွေက အရမ်းပြောင်မြောက်ပြီး နာမည်ကြီးတဲ့အတွက် သတင်းထောက်တစ်ယောက်ကသူ့အကြောင်းဆောင်းပါးရေးဖို့ တစ်ပတ်တာလာလေ့လာခဲ့ပါတယ်။ သူလက်ရှိတီထွင်ထားတဲ့စက်ရုပ်က ဘယ်လောက်တောင်ပြောင်မြောက်လဲဆိုရင်စစချင်းတုန်းကသတင်းထောက်ဟာ သူ့လက်ထောက်အက်ဒမ်လို့ထင်တဲ့လူကိုထွင်ထားတဲ့စက်ရုပ်ဖြစ်နေမှန်းတောင် လုံး၀မသိခဲ့ပါဘူး။ ဒီလိုနဲ့သတင်းထောက်မလေးက သူတို့အလုပ်တွေကို တစ်ပတ်တာလေ့လာရင်းနဲ့AI စက်ရုပ်အက်ဒမ်က သတင်းထောက်မလေးအပေါ်မှာ ခံစားချက်တွေရှိလာတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်)
...

The Machine (2013) ⭐IMDB: 6.0/10 (32 k Votes) 🎬 #Action #SciFi #Thriller #ScienceFiction #Drama 🗓 2013 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 32 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Machine (2013) ************************* ဒီဇာတ်ကားလေးကတော့ Sci-fi Drama ဆန်ဆန် ဇာတ်ကားတစ်ကား ဖြစ်ပြီးတော့အနာဂတ်မှာ တိုးတက်လာတဲ့ AI နည်းပညာနဲ့ Robots တွေရဲ့လူတွေနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုတွေကိုရသပေါင်းစုံရအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Toby Stephens, Arrowverse Series တွေမှာWhite Canary အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Caity Lotz တို့ကအဓိကဇာတ်ဆောင်နေရာတွေကနေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အနာဂတ်ကမ္ဘာမှာစက်ရုပ်တွေနဲ့ AI တွေဟာ အရမ်းအဆင့်မြင့်လာပါတယ်။ Vincent ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ လူတွေထက် ပိုအသိဉာဏ်မြင့်တဲ့စက်ရုပ်တစ်ရုပ်ကို တီထွင်နိုင်သွားပါတယ်။အဲဒီစက်ရုပ်ကို အစိုးရက လက်နက်အဖြစ် အသုံးပြုချင်ပေမယ့်Vincent မှာ တခြားရည်ရွယ်ချက်တစ်ခု ရှိနေတာကြောင့် ဒီစက်ရုပ်ကို တီထွင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစက်ရုပ်ဟာ နောက်ဆုံးမှာ ကိုယ်ပိုင်အသိဉာဏ်ရှိသွားပြီးတော့ လူတွေကို လွန်ဆန်လာပါတယ်။ အဲဒီအခြေအနေကို လူတွေအနေနဲ့ ဘယ်လိုပြန်လည်ထိန်းချုပ်မလဲ၊Vincent ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ၊ AI နည်းပညာရဲ့ အန္တရာယ်ရှိပုံတွေ၊AI နည်းပညာအပေါ် လူသားတွေရဲ့ ကြောက်ရွံ့မှုတွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ Rating အနေနဲ့ IMDb မှာ 6/10, Rotten Tomatoes မှာ 79% ရရှိထားပါတယ်။ (အညွှန်းကို Austin မှ ရေးသားထားပါတယ်)
...