ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Way of the Stone (2022) ⭐TMDB: 0% User Score 🎬 #Comedy #Romance 🗓 2022 🎞 tv mini series 🌎 #China ⏰ 1 နာရီ 12 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM တရုတ်ကားချစ်သူတို့ရေ… ဘဝအမောတွေကိုဖြေပေးဖို့ ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားလေးကတော့ ရွာသားလေး မောင်ရှီထုံတစ်ယောက်…ကိုယ်ခံပညာကို ရူးသွပ်တဲ့ သိုင်းရူးလေး….ရွာမှာ ဘာလုပ်လုပ် အမြဲ မှန်မနေတဲ့တစ်လွဲစိန်လေး… အကြောင်းပဲဖြစ်ပါတယ်… ရွာဖွံ့ဖြိုးတိုးတက်ရေးမှာ ကျောက်သူဌေးဆိုတဲ့ မြို့သူဌေးကရင်းနှီးမြှုပ်နှံပါမယ်ဆိုတာကို သူ့ကျေးဇူးနဲ့….မတော်တဆလေးဖြစ်ခဲ့ပြီး…ကျောက်သူဌေးမှာထိပ်ပြောင်တဲ့ကြားက မရှိရှိတဲ့ ဆံပင်လေးပါ ကုန်တော့မလိုဖြစ်ခဲ့တယ်…အဲ့ မတော်တဆကြောင့်ပဲ ကျောက်သူဌေးကျန်ခဲ့တဲ့ ပစ္စည်းကို ပြန်ပေးဖို့ရှီထုံတစ်ယောက် မြို့တက်ဖြစ်ခဲ့တယ်… ဒီလိုနဲ့ ရွာသားလေး ရှီထုံ မြို့မှာ ဘာတွေထပ်လွဲဦးမှာလဲ…ကျောက်သူဌေးလက်ထဲကိုရော ပစ္စည်းရောက်အောင်ပေးနိုင်ပါ့မလား…ရွာသားရှီထုံရဲ့ စွန့်စားခန်းကို CM နဲ့ အတူ ကြည့်လိုက်ရအောင်...
This Time Each Year (2024) ⭐IMDB: 6.3/10 (380 Votes) 🎬 #Drama #Romance #TVMovie #Comedy 🗓 2024 🎞 tv movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 25 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 This Time Each Year (2024) ********************************* ဒီတစ်ခါမှာတော့ This Time Each Year ဆိုတဲ့ ခရစ္စမတ်ဇာတ်ကားလေးကိုတင်ဆက်ပေးပါရစေ။ ကယ်ဗင်နဲ့လောရန်တို့ဇနီးမောင်နှံဟာ သူတို့စိတ်ကူးအိပ်မက်ထားတဲ့အိမ်လေးတစ်လုံးကိုဝယ်လိုက်ပေမယ့် အဲဒီအိမ်ကြောင့်ပဲပြဿနာတွေဖြစ်ပြီးလင်မယားခွဲနေကြတဲ့အထိဖြစ်သွားတာပါ။ လင်မယားခွဲနေပေမယ့်သားဖြစ်သူချာလီအတွက်ခရစ္စမတ်ရောက်ရင်တော့ အတူပြန်ဆုံဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ သူတို့လင်မယားခွဲနေတာကိုမသိသေးတဲ့လောရန်ရဲ့မိခင်ဖြစ်သူဟာလောရန်ဆီကိုလာနေဖို့အကြောင်းဖန်လာပြီး ကယ်ဗင်နဲ့လောရန်တို့လည်းအတူတူနေသလိုဟန်ဆောင်ဖို့ဖြစ်လာပါတော့တယ်။ မိသားစုကိုပြန်ပေါင်းထုပ်ချင်နေတဲ့ကယ်ဗင်အတွက် ဒီခရစ္စမတ်ဟာသူ့အတွက်လက်ဆောင်လိုဖြစ်လာပြီး ကယ်ဗင်တို့မိသားစုလေးဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပါ။ ခရစ္စမတ်ကာလကိုအခြေခံထားတဲ့ Romance ကားလေးဆိုတော့ခရစ္စမတ်vibes အပြည့်ရစေမှာတော့အမှန်ပါပဲ။ (အညွှန်းကို Thura Mg Mg မှ ရေးသားထားပါတယ်)...
The Apprentice (2024) ⭐IMDB: 7.1/10 (20 k Votes) 🎬 #Drama #History #Biography 🗓 2024 🎞 movie 🌎 #Canada #Denmark #Ireland #UnitedStates #Sweden #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Apprentice (2024) IMDb Rating (7.2) / Rotten Tomatoes (82%) အမေရိကန် ရဲ့ သမ္မတဟောင်းတစ်ယောက် ဖြစ်သလို လက်ရှိအချိန်မှာလည်း ရီပါဘလီကန် ပါတီဘက်ကနေ အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက် ရွေးချယ်ခံနေတဲ့ ကမ္ဘာကျော် ဘီလျံနာ ဒေါ်နယ်ထရန့် ရဲ့ လောလော လတ်လတ် ထွက်ထားတဲ့ Biopic ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်မှာ ဒေါ်နယ်ထရန့် ဆိုပြီး ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ ရှေ့နေ ရွိုင်ကုမ်း နဲ့ ဒေါ်နယ်ထရန့် တို့ရဲ့ ဆက်ဆံရေး ရှုထောင့်ကနေ ပြသထားပြီး အနိုင်ရဖို့အတွက် ဘာမဆို လုပ်ရဲတဲ့ ထရန့် ရဲ့ စရိုက်ကို သေချာ ပုံဖော်ထားပါတယ်။ Winter Soldier အဖြစ် နာမည်ကြီးတဲ့ မင်းသား Sebastian Stan က ဒေါ်နယ် ထရန့် အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် သတ်မှတ်လို့ရတဲ့အထိ ထရန့်နေရာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ Succession နဲ့ နာမည်ကြီးတဲ့ မင်းသား Jereme strong က ရှေ့နေ့ ရွိုင်ကုမ်း အဖြစ် သရုပ်ုပ်ဆောင်ထားပြီး Rating တွေလည်း ကောင်းသလို ထရန့် ဘယ်လိုလူလဲဆိုတာ၊ သူဘာကြောင့် အောင်မြင်တာလဲဆိုတာတွေကို တစ်စွန်းတစ်စ မြင်နိုင်မှာ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)...
The History of Us (2024) ⭐TMDB: 100% User Score 🎬 #Drama #Historical #History 🗓 2024 🎞 tv mini series 🌎 #SouthKorea ⏰ 1 နာရီ 6 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The History of Us (2024) ************************* ပရိသတ်ကြီးတို့ ပိုစတာနဲ့ မျှော်နေကြတဲ့ ဇာတ်ကားလေးထွက်လာပါပြီရှင်။ ဒီကားလေးကတော့ ဂျိုဆွန်းခေတ်ရဲ့ သမိုင်းမှတ်တမ်းကို ဖျက်ပစ်ချင်နေတဲ့ အိမ်ရှေ့စံမင်းသားလေးနဲ့ သမိုင်းကို ကာကွယ်ချင်တဲ့ မှတ်တမ်းအရာရှိလေးတို့ရဲ့ အကြောင်းကို ရိုက်ပြထားတဲ့ နန်းတွင်းရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ Castတွေအနေနဲ့လည်း “The Great Shaman Ga Doo-shim, Startup” ထဲက Nam Da Reum နဲ့ “Racket Boys, Dog Days” ထဲက Tang Jun Sangတို့ က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့.. နမ်ယောဂန်း (Tang Jun Sang)ဟာ စာအုပ်ဖတ်ရတာကြိုက်ပြီး အပြင်လောကနဲ့ အထိအတွေ့သိပ်မရှိတဲ့ ပညာသင်တစ်ယောက်ပေါ့။ သူဟာ အထက်တန်းလွှာတွေအတွက် တာဝန်ထမ်းဆောင်ရတဲ့ ဂုဏ်သိက္ခာရှိ မှတ်တမ်းအရာရှိတစ်ယောက်ဖြစ်လာပြီး မကြာခင်မှာပဲ သူ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြီးတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ အိမ်ရှေ့စံမင်းသား (Nam Da Reum) ကတော့ ဂျိုဆွန်းခေတ်သစ်ကို တည်ထောင်လိုပြီး သူ့ရဲ့အပြစ်အနာအဆာတွေကိုဖုံးကွယ်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း သမိုင်းဝင်မှတ်တမ်းတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့သူဖြစ်ပြီး သူ့အစီအစဉ်တွေဟာ မှတ်တမ်းအရာရှိနမ်ကြောင့် ပျက်စီးလာရတဲ့အခါမှာတော့.. အိမ်ရှေ့စံမင်းသားနဲ့ မှတ်တမ်းအရာရှိလေးတို့ အားပြိုင်မှုတွေ၊ နောက်ကွယ်က နန်းတွင်းအရှုပ်တော်ပုံတွေကို ရသမျိုးစုံနဲ့ကြည့်ရှုရမယ့် ရုပ်ရှင်ကားလေးဖြစ်သလို Nam Da Reum စစ်ထဲကထွက်ပြီး ပထမဆုံး ပြန်ရိုက်တဲ့ကားမလို့ အတူ ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို ToeToe Aung မှ ရေးသားပေးထားပါတယ်။)...
Deadly Justice (2024) ⭐IMDB: 4.6/10 (80 Votes) 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deadly Justice (2024) ********************** 2024 မှာအသစ်ထွက်ရှိထားတဲ့ thriller ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော့ဒါရိုက်တာ Kayrn Klein ရိုက်ကူးကာ သရုပ်ဆောင်များဖြစ်ကြတဲ့Kelly Sullivan, Brain Krause, Corin Nemec, Jason London တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ် .. Holly Powell ဟာ အစိုးရရှေ့နေဟောင်းတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာ နာမည်ကြီးမှုခင်းအစီအစဥ်တစ်ခုမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ခန့်ကသူကိုင်တွယ်ခဲ့တဲ့ တရားသူကြီးတစ်ယောက်ရဲ့လူသတ်မှုအကြောင်း တင်ဆက်မှုမှာ ပါဝင်ခဲ့ပါတယ် .. အဲဒီအစီအစဥ်လွင့်ပြီးသွားတဲ့နောက်မှာတော့ Holly တစ်ယောက်သူ့ကိုအသက်အန္တရာယ်ပြုချင်တဲ့ Stalker တစ်ယောက်ရသွားပါတော့တယ် .. အဆိုပါ stalker က သူ့ကိုတိုက်ခိုက် ၊ သူ့ရုံးခန်းကိုဝင်မွှေခဲ့တဲ့အပြင်နောက်ပိုင်းမှာတော့ Holly လက်ထောက်လဲဖြစ် သူငယ်ချင်းလဲဖြစ်တဲ့Carla ကိုပါပြန်ပေးဆွဲသွားခဲ့ပါတော့တယ်…… (အညွှန်းကို Aerin မှ ရေးသားထားပါတယ်)...
Warrior Awang and Master Tok Gajah (2024) ⭐IMDB: 4.6/10 (446 Votes) 🎬 #Action #Adventure #Drama #History #War #Thriller 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 58 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာ့သမိုင်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံး သမိုင်းကြောင်းတွေထဲမှာ မလေးရှားသမိုင်းလည်းအပါအဝင်ဖြစ်ပါတယ်။မလေးရှားသမိုင်းနဲ့ ပတ်သတ်တဲ့ ဖြစ်ရပ်မှန်တွေကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတွေ အများကြီးထွက်ရှိခဲ့သလို အခုလည်းနောက်တစ်ကားထပ်မံတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pendekar Awang : Darah Indera Gajah ဖြစ်ပြီး မလေးရှားနိုင်ငံရဲ့အရင်ခေတ်ကနာမည်ကြီး စစ်သည်တော်အာဝန်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၈ ရာစုမှာ ဗြိတိသျှတွေက မလေးရှားနိုင်ငံကိုကျုးကျော်ခဲ့ကြပြီး ကြိုက်သလိုခြယ်လှယ်ကြီးစိုးနေတဲ့အချိန်လည်းဖြစ်ပါတယ်။ အထူးသဖြင့် ဗြိတိသျှနဲ့ဒက်ချ်တို့ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ပြီး ကတည်းက ရန်သူနှစ်ပါးရဲ့ဖိနှိပ်ညှင်းပန်းမှုတွေကိုမလေးရှားပြည်သူ ပြည်သားတွေအတုံးအရုန်းခံစားနေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်ကာလမှာ ပြန်လည်တိုက်ခိုက်ဖို့နိုးထလာတဲ့သူတွေလည်းရှိခဲ့ ပါတယ်။အဲ့ဒီထဲမှာတော့ရာဂျာဆိုတဲ့ဆွေကြီးမျိုးကြီးဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ကတော့ ဗြိတိသျှတွေအတွက်အကြီးမားဆုံးအန္တရာယ်ပဲ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ဗြိတိသျှကိုလိုနီနယ်ချဲ့တွေက တော့ရာဂျာကို လိုက်လံဖမ်းဆီးဖို့ အပူတပြင်းကြိုးစားခဲ့ကြတဲ့အတွက် တော့ရာဂျာ ဘေးကင်းရာကိုပြောင်းရွှေ့ဖို့အတွက်ကြိုးစားကြရင်းတွေ့ကြုံရတဲ့အခက် အခဲတွေနဲ့ တော်လှန်ရေးတိုက်ပွဲတွေကိုကြည့်ရှုရမဲ့ မလေးရှားသမိုင်း ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...
Treasure Trackers (2024) ⭐IMDB: 6.4/10 (86 Votes) 🎬 #Adventure #Family #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Treasure Trackers (2024) ***************************** ဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တိုကိုဟော်လိုးဝင်းပွဲတော် နဲ့ ခရစ်စမတ်ကာလကြား ကြည့်ကောင်းမယ့်ပေါ့ပေါ့ပါးပါးဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဥ်း************* ကယ်လီဖိုးနီးယားကနေ နယ်မြိုလေးတစ်ခုကို ပြောင်းလာရတဲ့ လီယာဟာဖခင်ဖြစ်သူကပါ အဒေါ်အိမ်မှာ ထားခဲ့လို စိတ်ညစ်နေပါတယ် .. တဆက်တည်းမှာပဲ ပြောင်းလာတဲ့နယ်မြိုကလည်းဟော်လိုးဝင်းပွဲတော်တစ်ဝိုက်ဖြစ်နေလို လေထုက ခြောက်ခြားစရာ ပုံပြင်တွေနဲ့ပေါ့ .. ဒီအချိန်မှာ လီယာတစ်ယောက် သူငယ်ချင်းအသစ်တွေ နဲ့ ဒေသခံ ဟော်လိုးဝင်းပုံပြင်တွေကြား၊စုန်းမတွေနဲ့ ကျိန်စာသင့်ရွှေတွေကြား၊ ဒဏ္ဍာရီလာတိရစ္ဆာန်တွေ၊စွန့်စားခန်းလေးတွေနဲ့ ပြသာနာတွေကြား မြိုသစ်လေးမှာ နေရာကျသွားမလားကယ်လီဖိုးနီးယားကိုပဲ ပြန်ပြောင်းပြေးသွားမလားဆိုတာကိုပေါ့ပေါ့ပါးပါးလေးတင်ဆက်ထားတာဖြစ်လိုပိတ်ရက်မှာ မိသားစုတွေနဲ့အတူကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် .. (အညွှန်းကို Su မှ ရေးသားထားပါတယ်)...
The Becomers (2023) ⭐IMDB: 5.1/10 (96 Votes) 🎬 #Comedy #ScienceFiction #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ စကြာဝဠာကြီးထဲမှာဂြိုဟ်တစ်ခုပေါ်မှာ နေထိုင်တဲ့သက်ရှိတွေဟာ သူတို့ဂြိုလ်ပျက်စီးလာတော့ဦးတည်ရာမဲ့ ထွက်ပြေးကြတယ်။ထွက်ပြေးရင်းဘယ်သူကဘယ်ကိုရောက်မလဲ အသက်ရှင်မှာလားသေမှာလားဆိုတာအာမခံနိုင်ကြပါဘူး။ ဒါပေမယ့်ကမ္ဘာပေါ်အသက်ရှင်လျက်ရောက်လာတဲ့ဂြိုလ်သား တစ်ယောက်ကတော့သူ့ချစ်သူကိုပြန်တွေ့မယ်ဆိုရင်မျှော်လင့်ချက်နဲ့ ရှင်သန်နေခဲ့တယ်။အခြားဂြိုလ်ပေါ်ကလာတာ ဖြစ်တဲ့အတွက် အသက်ရှင်ဖို့လူသားတွေရဲ့ ခန္ဓာကိုယ်မှာ ကပ်နေကာအာဟာရ ဓာတ်တွေစုပ်ယူရင်းသတိမထားမိအောင် အဲ့လူသားရဲ့နေထိုင်မှု ဘဝကိုမထိခိုက်အောင်နေရတယ်။ ကံကောင်းချင်တော့သူတို့ ချစ်သူနှစ်ယောက်က ကမ္ဘာဂြိုလ်ပေါ်မှာရောက်နေခဲ့ပြီး တစ်ယောက်ကို တစ်ယောက်ရှာတွေ့သွားခဲ့တယ်။ ဒီလိုနဲ့လက်ခံကောင်ခန္ဓာကိုယ်ရဲ့ ဘဝအရှုပ်ထုတ်ထဲကိုရောက်သွားတဲ့အခါမှာတော့...
Catnado (2024) ⭐TMDB: 10% User Score 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်သမိုင်းမှာ အဓိပ္ပါယ်မရှိဆုံး ကြောင်တောင်တောင်အဖြစ်ဆုံးတွေထဲကနေ ပေါက်ခဲ့တာတွေရှိပါတယ်။ ဥပမာ လေဆင်နှာမောင်းထဲ ငါးမန်းတွေပါလာတဲ့ ကားမျိုးပေါ့။ အခုကားကလည်း အဲဒီလို စတိုင်နဲ့ ကြောင်ဆင်နှာမောင်းလုပ်ထားတာပါ။ ကြောင်တွေက ဗီလိန်တွေဖြစ်လို့ ကြောင်မုန်းသူတွေဆို ပိုကြိုက်ကြမှာပါ။ ဒီကားမတိုင်ခင် Sharknado ဆိုတဲ့ကားလဲထွက်ထားပါသေးတယ်။ ဒီတခါတော့ မြီးညောင်တို့အလှည့်ပေါ့နော်။ လေဆင်နှာမောင်း မဟုတ်တဲ့ ကြောင်ဆင်နှာမောင်းဇာတ်ကားလေးပါ။ ကြောင်တွေကို မကောင်းတဲ့နေရာက ရိုက်ပြထားတာဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။...
South Park the Streaming Wars (2022) ⭐TMDB: 73% User Score 🎬 #Animation #Comedy #TVMovie 🗓 2022 🎞 movie 🌎 #UnitedStatesofAmerica ⏰ 49 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 South Park စီးရီးတွဲကနေ 2022 မှာ ထွက်ရှိခဲ့တဲ့ The Streaming Wars ပထမကားဖြစ်ပါတယ်။ ဒီထဲမှာတော့ ဟော့ဒေါ့ထဲနေ နေရတဲ့ Cartman က သူ့အမေကို သူဌေးကြိုက်ဖြစ်လာအောင် ရင်တုထည့်ခိုင်းပါတယ်။ ဆာဂျရီခ ပေးနိုင်ဖို့ သူတို့ သူငယ်ချင်းတွေက ရေဆက်သွယ်ရေး ဝန်ဆောင်မှုတွေအတွက် လှေအသေးလေးတွေ လုပ်ပေးရင်း ငွေရှာကြပြီး ဒီ ရေဝန်ဆောင်မှုတွေရဲ့ တိုက်ပွဲ နောက်ကွယ်က ဗီလိန်အစစ်က ဘယ်သူလဲဆိုတာကို တွေ့ရမှာပါ။ တကယ့် လက်တွေ့က TV streaming services တွေရဲ့ တိုက်ပွဲကို ရေဝန်ဆောင်မှုတွေ အနေနဲ့ satire ရိုက်ကူးထားတာ ဖြစ်ပါတယ်။...
10 Lives (2024) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Animation #Comedy #Family #Fantasy 🗓 2024 🎞 movie 🌎 #UnitedKingdom #Canada #France #China #UnitedStates #Denmark #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 10 Lives ဆိုတဲ့ ဇာတ်ကားက Beckett ဆိုတဲ့ ကြောင်တစ်ကောင်ရဲ့ ဘဝအတွေ့အကြုံတွေကို အဓိကဖော်ပြထားပါတယ်။ သူ့ရဲ့ အမျိုးမျိုးသော အိမ်ရှင်တွေမှာ ကျင်လည်သွားရင်း ကြောင်အဖြစ်ဘဝရဲ့ အဓိပ္ပါယ်ကို နားလည်သွားဖို့ ကြိုးစားရတဲ့ ခရီးလမ်းကို ပုံဖော်ထားတာပါ။ ဒီကားက ကြောင်တစ်ကောင်ရဲ့ ခံစားချက်တွေနဲ့ လူတွေကြားက ခင်မင်မှုတွေအပေါ် အမြင်တွေကို ကောင်းကောင်းပြနိုင်ပါတယ်။ ဇာတ်ကားက ပေါ့ပေါ့ပါးပါး ဟာသဆန်တဲ့ စကားပြောတွေ၊ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ထားပြီး မိသားစုကြည့်ဖို့အတွက်လည်း အထူးသင့်တော်ပါသေးတယ်။ Beckett ရဲ့ အခွင့်အရေးဖြစ်တဲ့ အသက် ၉ ချောင်းကနေမှ ဘဝရဲ့ တန်ဖိုးကို နားလည်သွားတာကို မြင်ရမှာဖြစ်ပြီး၊ အမြင်ပြောင်းလဲဖို့ လိုအပ်တဲ့အခါမှာ ဘယ်လိုကြိုးစားရလဲဆိုတာလည်း သင်ခန်းစာဖြစ်စေပါတယ်။ ဒီဇာတ်ကားကို ကြောင်ချစ်သူတွေ၊ ကလေးတွေနဲ့ မိသားစုတွေ ကြည့်ရင်း ပျော်စရာ အမှတ်တရတွေ ဖန်တီးနိုင်ပါတယ်။...
The Cotton Club (1984) ⭐TMDB: 65% User Score 🎬 #Crime #Drama #Music 🗓 1984 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cotton Club 1984 IMDb Rating (6.5) / Rotten Tomatoes (74%) ဟာလမ်ရဲ့ နာမည်ကျော် “Cotton Club” ဆိုတာကတော့ လူမည်းဂီတပညာရှင်တွေတီးခတ်ပြီး လူဖြူလူကုံထံတွေအများဆုံးလာရောက် အပန်းဖြေလေ့ရှိတဲ့ နိုက်ကလပ်တစ်ခုပဲ ဖြစ်ပါတယ် ။ ဒစ်စီဒွိုင်ရာကတော့ “Cotton Club” ရဲ့ ဂျက်ဇ်ကော်နက်တီးတဲ့ တစ်ဦးတည်းသော လူဖြူတစ်ယောက်ပါ။ တစ်နေ့မှာတော့ ကလပ်ကိုလာတဲ့ ဒတ်ချ်ရှော့ဇ်ဆိုတဲ့ လူဖြူသူဌေးတစ်ယောက်ကို ကယ်လိုက်ရာကနေ သူ့လက်အောက်မှာ အလုပ်ဝင်ဖို့ ဖြစ်သွားပါတယ်။ အဲဒီအလုပ်ကတော့ ဒတ်ချ်ရဲ့ ရည်းစားကောင်မလေးဖြစ်တဲ့ ဗယ်ရာ့ကို အဖော်လိုက်လုပ်ပေးရမှာပါ။ တကယ်တော့ ဒစ်စီကလည်း ဗယ်ရာ့ကို သဘောကျနေတာပါ။ နောက်ပြီးတော့ ဒီကားလေးထဲမှာ ဒစ်စီတို့သုံးပွင့်ဆိုင်အပြင် တခြားသောဇာတ်ဆောင်တွေရဲ့အခန်းလည်း အများကြီးထည့်ထားပါသေးတယ်။ လူဖြူ-လူမည်း ဇာတ်ကားတို့ထုံးစံအတိုင်း ဒီကားထဲမှာ လူမျိုးရေးခွဲခြားမှုတွေပါပြီးတော့ လူမည်းတွေရဲ့ ဂီတပါရမီထူးချွန်ပုံတို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ၈၀ခုနှစ်ကျော်က ထွက်ခဲ့တဲ့ musical film တစ်ပုဒ်ဖြစ်ပြီးတော့ အချစ်၊ အကြမ်း၊ အရမ်း ရသအစုံပါဝင်တာမလို့ ဒီကားလေးကို ကြည့်ရှုခံစားပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kar Lotte ဖြစ်ပါတယ်။)...
1 Million Followers (2024) ⭐IMDB: 5.0/10 (463 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #Thailand ⏰ 1 နာရီ 41 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 5.2 ခရစ်ဆာကတော့ မြို့ငယ်လေးမှာနေပြီး မိသားစုပိုင်မြင်းမွေးမြူရေးခြံလုပ်ငန်းကို ကူညီပေးနေတဲ့ ကောင်မလေးတစ်ယောက်ပါ။ မိသားစုအတွက် ပိုက်ဆံစုနေရင်း အဖေဖြစ်သူကလည်း မြင်းအကန်ခံလိုက်ရလို့ ဆေးကုသရိတ်အကြွေးတွေတင်ပြီး မွေးမြူရေးခြံကို ရောင်းရတော့မလိုဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ညီမလေးဖြစ်သူရဲ့ ကောင်းမှုကြောင့် Fayme ဆိုတဲ့ social media app မှာဓာတ်ပုံတင်တာကနေပြီး နာမည်ကြီးအင်ဖလူရန်ဆာတစ်ယောက်က သူတို့နဲ့အတူ ထိုင်းနိုင်ငံမှာ Collab လာလုပ်ဖို့နဲ့ စပွန်ဆာပါကူရှာပေးမယ်ဆိုပြီး ဖိတ်ခေါ်တာကိုခံလိုက်ရပါတယ်။ အကြွေးနွံထဲနစ်နေချိန် ဘဝတစ်သက်တာမှာ တစ်ခါပဲရနိုင်တဲ့ အခွင့်အရေးဆိုပြီး ခရစ်ဆာတစ်ယောက်လည်း ထိုင်းနိုင်ငံကို Collab လုပ်ဖို့ လာခဲ့ပေမဲ့ သူထင်သလိုဖြစ်မလာခဲ့တဲ့အပြင် ခရစ်ဆာတစ်ယောက်ကြုံတွေ့ရမဲ့ social media တွေရဲ့ အမှောင်ခြမ်း တွေကို ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။...
The Good Half (2023) ⭐IMDB: 5.5/10 (616 Votes) 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Diector Robert Schwartzman ရိုက်ကူးထားပြီးအမေရိကန်အဆိုတော်၊ တေးရေး၊ သရုပ်ဆောင် Nicholas Jerry Jonasအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်ဆုံးသွာလို့ မွေးရပ်မြေကိုပြန်လာတဲ့ အိပ်ပြေးသားတစ်ယောက်ဖြစ်တဲ့ ရန် ဟာမွေးရပ်မြေကိုပြန်ရောက်ချိန်မှာတော့ မိခင်ဖြစ်သူရဲ့ဈာပနပွဲအတွက်နဲ့ မဆုံတာကြာပြီဖြစ်တဲ့အစ်မဖြစ်သူနဲ့ အဖေဖြစ်သူတို့ကိုပြန်တွေ့ရဖို့အကြောင်းဖန်လာပါတယ်မိခင်ဖြစ်သူကိုဆုံးရှုံးရလို့ ခံစားချက်တွေအများကြီးရှုပ်ထွေးနေပြီးအားလုံးနဲ့ ကတောက်ကဆဖြစ်တာပေါ့ရင်ဆိုင်ဖို့သတ္တိကလည်းမရှိ အမေဖြစ်သူရဲ့နောက်ယောက်ျားနဲ့လည်းပေါက်အလမ်းမတည့် ပြဿနာတွေစုံနေတာပေါ့ ဇာတ်လမ်းလေးကိုတော့ မေတ္တာဖွဲ့အနေနဲ့ပဲရိုက်ကူးထားတာဖြစ်တာကြောင့်ရန် တစ်ယောက်ဒီပြဿနာတွေ ဒီဝေဒနာတွေကိုဘယ်လိုအကောင်းဆုံးဖြေရှင်းသွားမလဲဆိုတာလေးကိုပဲကြည့်ရှုခံစားရမှာဖြစ်ပါတယ်...
Astral City: A Spiritual Journey (2010) ⭐TMDB: 72% User Score 🎬 #Drama 🗓 2010 🎞 movie 🌎 #Brazil ⏰ 1 နာရီ 51 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေသေပြီးရင် ဘာဖြစ်သွားကြမလဲဆိုတာကို တွေးဖူးကြလား? 2010 ခုနှစ် စက်တင်ဘာလမှာ ထုတ်လွှင့်ပြသခဲ့ပြီး တစ်ပတ်အတွင်းမှာ ကြည့်ရှုသူပေါင်း တစ်သန်းကျော်ရရှိခဲ့တဲ့ Nosso Lar 1 Astral City ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းသစ် Nosso Lar 2: Os Mensageiros ကမ္ဘာပေါ်က ဒုက္ခရောက်နေသူတွေ၊ ဘဝကြီးကို အဆုံးသတ်တော့မယ့်သူတွေ၊ သူတို့လုပ်ရမယ့်အလုပ်ကို မေ့နေသူတွေကို ကူညီပေးဖို့ အတွက် ရောက်လာတဲ့ Nosso Lar ပြည်က The Messenger တွေ Nosso Lar ပြည်ကနေ တာဝန်နဲ့ စေလွှတ်လိုက်တဲ့ လူသုံးယောက်ရဲ့ ဘဝကံကြမ္မာတွေ သူတို့သုံးယောက်ကရော ပေးအပ်ထားတဲ့တာဝန်တွေကို ကျေပွန်နိုင်ပါ့မလား? ဘယ်လိုအခက်အခဲပြဿနာတွေကို ကြုံတွေ့ကြပြီး ဘယ်သူတွေက ဒီတာဝန်တွေကို အောင်မြင်စေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်...
Life or Something Like It (2002) ⭐TMDB: 57% User Score 🎬 #Comedy #Drama #Romance 🗓 2002 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြည့်သူတိုင်းကြိုက်ကြတဲ့ ရုပ်ရှင်ဇတ်ကားကောင်းတစ်ခု ဆီးယက်တဲလ်ရုပ်သံလွှင့်ဌါနက သတင်းထောက်နဲ့ သတင်းကြေညာသူ လေးနီကာရီဂန်( အိန်ဂျယ်လီနာဂျိုးလီ)ရဲ့ ဘဝဟာ သူ့ကိုယ်သူရှေ့ဖြစ်ဟောဆရာလို့ အမည်တပ်ထားတဲ့ အိမ်ယာမဲ့ ဂျက်ခ်(တိုနီရှားလုဘ်)နဲ့တွေ့ပြီးဂျက်ခ်ကသူ(မ)လိုချင်တဲ့“ယူအက်စ်အေနက်ထ်ဝေါ့ခ်”ရုပ်သံလွှင့်ချန်နယ်ကြီးကအလုပ်ကိုလည်းမရဘူးပြီးတော့သူ(မ)တစ်ပါတ်ပဲအသက်ရှင်တော့မယ်လို့ဟောလိုက်တဲ့အခါအလုပ်အကိုင်ငွေကြေးရုပ်ရည်အချစ်ရေးဘဝကအစပြီးပြည့်စုံတယ်ထင်ရတဲ့သူ့ဘဝကိုပြန်သုံးသပ်ရမယ့်အခြေအနေကိုရောက်လာပါတယ်။ “ ဂျက်ခ်ရဲ့ ရှေ့ဖြစ်ဟောပြောချက်တွေကိုမယုံပေမယ့်အခြားအတိအကျမှန်လာတဲ့အချက်တွေရှိလာခဲ့ပြီးနောက်တစ်ပါတ်ထိပဲအသက်ရှင်ရတော့မယ်လို့ ယုံလာတဲ့အခါ လေးနီတစ်ယောက်ရင်ဖွင့်ဖို့အနီးကပ်ဆုံးလူတွေကိုစကားစကြည့်တဲ့အခါသူတို့တစ်တွေရဲ့တုံ့ပြန်မှုတွေက ဘာတွေဖြစ်မလဲ။ဂျက်ခ်ရဲ့ဟောပြောချက်မှန်လာမလား။ဒီရက်သတ္တပါတ်အတွင်း လေးနီဘာအလှည့်အပြောင်းတွေကြုံရမလဲ။လူအများစုဟာ သေခြင်းတရားကိုမေ့လျော့နေကြပြီး ရှင်သန်နေထိုင်စဥ်ကာလမှာလည်း ဘယ်လိုနေထိုင်စိတ်ထားမယ်ဆိုတာကို သတိလက်လွတ်နေတတ်ကြပါတယ် ။ ဒီရုပ်ရှင်ကရှင်သန်နေထိုင်ခြင်းနဲ့သေခြင်းတရားအတွက်အတွေးအခေါ်အယူအဆတွေကိုပြောပြမှာဖြစ်တယ်။တန်ဖိုးထားရမယ့်အရာတွေကိုလည်း ပြောပြပေးသွားမှာဖြစ်တယ်။အကြိုက်ဆုံးစကားလေးတွေက“တကယ်လို့ တစ်ပါတ်အတွင်းငါသေတော့မယ်ဆိုရင်-ငါကအချိန်အခိုက်တန့်တိုင်းကိုကြိုးစားပြီးနေထိုင်မှာ။လူတွေကိုသွားတွေ့မယ်ငါ့အတွက် အဓိပ္ပါယ်အရှိဆုံးသူတွေပြီးတော့ သူတို့မျက်နှာတွေကို ကြိုးစားပြီးအမှတ်တရဖြစ်အောင်လုပ်မယ်” ဇတ်လမ်းနဲ့လိုက်ဖက်တဲ့သီချင်းလေးတွေကိုထည့်သွင်းထားပြီး တစ်ချို့ဇတ်ဝင်ခန်းတွေက သင့်မျက်ရည်ကိုချူမယ့်ဇတ်ဝင်ခန်းတွေဖြစ်တယ်။ဒါရိုက်တာက စတီဗင်ဟားရက်ခ်(Steven Herek)ကရိုက်ကူးထားပါတယ်။Edward Burns ( အက်ဒ်ဝါ့ဒ် ဘန်းစ်)က ပီးထ်အဖြစ် သရုပ်ဆောင်ထားပြီးအခြားသရုပ်ဆောင်များလည်းပါဝင်အားဖြည့်ထားပါတယ်။...
Lone Wolf (2021) ⭐IMDB: 3.3/10 (217 Votes) 🎬 #Drama #SciFi #Thriller 🗓 2021 🎞 movie 🌎 #Australia ⏰ 1 နာရီ 44 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lone Wolf (2021) ဟာ Australian Found Footage ရုပ်ရှင်ဖြစ်ပြီး Trailer, Sci-fi, Mystery, and Drama အမျိုးအစားဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ 1907 ခုနှစ်က စာရေးဆရာ Joseph Conrad ရေးသားခဲ့တဲ့ A Secret Agent ဝတ္ထုကို ပြန်လည်ဆန်းသစ်ပြီး Australia နိုင်ငံရဲ့ အနာဂတ်ကာလတစ်ခုကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း Australia နိုင်ငံရဲ့ အနာဂတ်ကာလတစ်ခုမှာ အတွေးအမြင်ဝါဒီတစ်ဦးဖြစ်တဲ့ Winnie ဆိုတဲ့ ကောင်မလေးနဲ့ Conrad ဆိုတဲ့ သူ့ကောင်လေးတို့နှစ်ဦးဟာ မကြာခင်ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးပွဲကို ဆန့်ကျင်တားဆီးဖို့ ကြိုးစားနေကြပါတယ် တစ်ချိန်တည်းမှာ လုံခြုံရေးစောင့်ကြည့်ကင်မရာတွေကို နေရာတိုင်းလိုလိုတပ်ဆင်ထားရတဲ့အနေအထားတစ်ခုလည်းရှိနေပါသေးတယ် ကိုယ်ယုံကြည်ရာလမ်းကိုလျှောက်လှမ်းနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ G20 ကိုတားဆီးဖို့ ကြိုးစားကြရင်း မမျှော်လင့်ပဲ အစိုးရအဖွဲ့ရဲ့လျှို့ဝှက်ထောင်ချောက်ဆင်ထားတဲ့ဂွင်ထဲဝင်သွားကြတဲ့အခါ သူတို့ရဲ့အခြေအနေတွေ ဘယ်လိုပြောင်းလဲသွားနိုင်မလဲ အစိုးရအဖွဲ့ကရော သူတို့ရဲ့အကြံအစည်တွေအောင်မြင်သွားမလား နောက်ထပ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး သူတို့ထည့်သွင်းချင်နေတဲ့ လုံခြုံရေးစနစ်အသစ်ကိုရော အဆိုတင်သွင်းနိုင်သွားမလားဆိုတာ စိတ်ဝင်တစားကြည့်ရှုနိုင်မယ့် ဇာတ်ကားပဲဖြစ်ပါတယ်...
Inkabi (2024) ⭐IMDB: 4.6/10 (67 Votes) 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #SouthAfrica ⏰ 1 နာရီ 41 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာဖရိက မှုခင်းဒရာမာတစ်ပုဒ်ဖြစ်ပါတယ် အင်ကာဘီဆိုတဲ့ လူသတ်သမားအဖွဲ့ဝင်တွေက အချင်းချင်းဘယ်တော့မှ သစ္စာဖောက်လို့မရတဲ့ ရက်စက်တဲ့လူမျိုးတွေပါ ဖရန့်ဆိုတဲ့ အဘိုးကြီးကတော့ ဒီလောကမှလွတ်မြောက်ခဲ့ပြီး တက္ကစီမောင်းကာ ဘဝသစ်မှာအခြေချနေတဲ့လူ.. လူစီဆိုတဲ့ ကောင်မလေးကတော့ အတိတ်က မူးယစ်ဆေးစွဲပြီး ပျက်စီးခဲ့တာကို ပြုပြင်ဖို့ကြိုးစားရင်း ကိုယ့်သမီးကိုယ်တောင် ထိန်းသိမ်းစောင့်ရှောက်ခွင့်မရသေးတဲ့လူ သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မိပြီး ဘာတွေဆက်ဖြစ်ကြမလဲ ရှုစားကြပါဦး...
Goebbels and the Führer (2024) ⭐IMDB: 6.7/10 (1 k Votes) 🎬 #Drama #History #War #Biography 🗓 2024 🎞 movie 🌎 #Germany #Slovakia ⏰ 2 နာရီ 4 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Goebbels and the Führer (2024) IMDb Rating (6.7) ဂျိုးဆတ်ဂိုးဘဲလ်က ဟစ်တလာရဲ့ အာဏာ အကြီးမားဆုံး အလွမ်းမိုးနိုင်ဆုံးကာလမှာ ဝါဒဖြန့်ချီရေး ဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ် စစ်ပွဲနိုင်မယ့် အရိပ်အယောင်အခြေအနေတွေကနေ ရှုံးနိုင်တဲ့ အခြေအနေကို တဖြည်းဖြည်းသဘောပေါက်လာတဲ့ အခါမှာတော့….. ဂျာမနီစကားပြော သတင်းမှတ်တမ်းရုပ်ရှင်ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ ပြတ်သားကြည်လင်လှတဲ့ ခင်းကျဉ်းပြသမှုတွေနဲ့ ဒုတိယ ကမ္ဘာစစ် ဂျာမနီ အခြေအနေကို တစေ့တစောင်းနှိက်နှိက်ချွတ်ချွတ်ကြည့်ကြည့်ဖို အကောင်းဆုံး ဇာတ်ကားဆိုလည်းမမှားပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။)...
22 Jump Street (2014) ⭐IMDB: 7.0/10 (415 k Votes) 🎬 #Action #Comedy #Crime 🗓 2014 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 22 Jump Street (2014) IMDb Rating (7.0) / Rotten Tomatoes (84%) ဒီကားကတော့ ၂၀၁၂ တုန်းက အောင်မြင်ခဲ့တဲ့ 21 jump street ရဲ့ အဆက်ဖြစ်ပြီး ပထမကားလိုပဲ ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ပါ။ ပထမ ကားမှာ အထက်တန်းကျောင်းရဲ့ မူးယစ်ဆေးဖန်တီးနေသူတွေကို ရှာဖွေ ဖမ်းဆီးနိုင်လိုက်ပြီးနောက်မှာတော့ဒီတစ်ခေါက် ရှမစ် နဲ့ ဂျန်ကို တို့ ကောလိပ် က မူးယစ်ဆေးဖြန့်နေတဲ့ အဖွဲ့ကို ဖော်ထုတ်ဖို့ တာဝန်ကျလာပါတော့တယ်။ဒီတစ်ခေါက်မှာတော့ ကောလိပ်ကျောင်းသားအဖြစ်ဟန်ဆောင်ရင်း ရှမစ်ကလည်း ကောင်မလေးအသစ် ရလာသလိုဂျန်ကိုကလည်း သူငယ်ချင်းအသစ်တွေ ရလာတဲ့ အတွက် သူတို့အချင်းချင်း သဘောထားမတိုက်ဆိုင်မှု တွေ ပိုများလာပါတယ်။အဲ့လို အခြေအနေကနေ ကောလိပ်က မူးယစ်ဆေး တွေဟာ တစ်နိုင်ငံလုံး ဆီ ပျံ့သွားမယ့် အရေး နဲ့ ကြုံလာတဲ့အခါသူတို့နှစ်ယောက် အတူတူ ပြန်လက်တွဲပြီး တားဆီးဖို့ ဖြစ်လာပါတော့တယ်။ ပထမကားက နာမည်ကြီးသရုပ်ဆောင်တွေ ပြန်လည်ပါဝင်ထားသလို Buddy Cop ရုပ်ရှင်တွေ နှစ်သက်တဲ့သူတွေအဖို့ ကြည့်ပျော်မှာ သေချာတဲ့ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ 21 jump street(2012) နဲ့ 22 Jump Street (2014) ဆိုပြီး ၂ ကားထွက်ခဲ့ပြီးတော့ ၂ ကားလုံးတခွီးခွီးနဲ့ ရယ်နေရပါတယ်။Jump Street ရုပ်ရှင်တွေကြည့်ပြီးသွားရင် Jonah Hill နဲ့ Channing Tatum တို့ ပရိတ်သတ်ဖြစ်သွားနိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Marco မှတင်ဆက်ထားပါတယ်။)...
