ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Nobody But You (2023)
⭐TMDB: 60.0% User Score
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 52 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ချစ်သူကို လက်ထပ်ခွင့်တောင်းရာမှာ မအောင်မြင်တဲ့နောက်မိသားစုရှိရာဇာတိမြေ ချန်တူးမြို့ကို ပြန်လာတဲ့ ချင်ဟွားရှန်းသစ္စာဖောက်တဲ့ချစ်သူကို ရိုက်မှုနဲ့ ထောင်ဒဏ်တစ်နှစ်ကျခံရပြီးတဲ့နောက် ထောင်ကပြန်လွှတ်လာတဲ့ လင်ဝန့်
မိသားစုစီးပွားဖြစ်တဲ့ ဟော့ပေါ့လုပ်ငန်းကို ဆက်ခံဖို့အတွက်အရင်အိမ်ထောင်ပြုရမယ်လို့ ပြောနေတဲ့ ဖခင်ဖြစ်သူကြောင့်ချစ်သူအဖြစ်ဟန်ဆောင်ပေးမယ့်မိန်းကလေးကို ရှာရင်းချင်ဟွားရှန်းတစ်ယောက် လင်ဝန့်နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ပြီးသူ့ချစ်သူအဖြစ် ၃ ရက်ကြာ ဟန်ဆောင်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်
ဒါပေမဲ့ ချင်ဟွားရှန်းရဲ့ မိသားစုဆီ ရောက်သွားတဲ့အခါမှာတစ်ဆွေတစ်မျိုးလုံးကို လင်ဝန့်ကို ဝိုင်းချစ်ကြတဲ့အပြင်မထင်မှတ်ဘဲ လင်ဝန့်မှာ ကိုယ်ဝန်ရှိနေတယ်လို့ပါ အထင်လွဲသွားပါတော့တယ်
ဒီလိုနဲ့ အားလုံးအဆင်ပြေနေတဲ့အချိန် ရည်းစားဟောင်းတွေကသူတို့ဘဝထဲကို ပြန်ရောက်လာကြတဲ့အခါချင်ဟွားရှန်းနဲ့ လင်ဝန့်တို့ နှစ်ဦးပေါင်းဖက်ရပါ့မလားဆိုတော့ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားကြပါဦး...
Knuckle Girl (2023)
⭐IMDB: 5.2/10 (53 Votes)
🎬 #Action #Crime #Drama
🗓 2023 🎞 movie
🌎 #Japan #SouthKorea
⏰ 1 နာရီ 48 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Knuckle Girl (2023)
Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။
ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ခြေစုံပစ်ဝင်သွားတယ်။ အဲဒီနောက် သူ့ညီမ ကားထဲ မီးလောင်ပြီးသေသွားတဲ့ သတင်းကြားတော့ သူ့ညီမအလောင်းကိုလာကြည့်တယ်။ ရဲတွေက သူ့ညီမပါလို့ အခိုင်အမာပြောနေပေမဲ့ သူကတော့ သူ့ညီမ မဟုတ်တာ သေချာနေခဲ့တယ်။ဒီလိုနဲ့ သူ့ညီမ ဘယ်ရောက်သွားလဲရှာရင်း အကြမ်းစားလူဆိုးဂိုဏ်းတွေနဲ့ ရင်ဆိုင်ရဖို့အကြောင်းဖန်လာတယ်။
ဇာတ်ကလည်း မဆိုးသလို အက်ရှင်ခန်းတွေလည်းများတာမို့ အက်ရှင်ပရိသတ်တွေ ကြိုက်ကြမှာပါ။ ဒီစာရေးဆရာရဲ့ကားတွေနဲ့ပဲ ပြန်ယှဉ်ရရင်တော့ Carter ထက်တော့ကောင်းပါတယ်။ The Villainess ရဲ့အရသာကိုတော့ မမီပါဘူး။ ဘာလို့ဆို မသကာ The Villainess ရဲ့ဇာတ်က Carter ထက် စုတ်ခဲ့တယ်ဆိုရင်တောင် Kim Ok-bin နဲ့ Shin Ha-kyun တို့က ကောင်းကောင်းကြီး ကယ်နိုင်မှာမို့ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
Checkin' It Twice (2023)
⭐IMDB: 7.0/10 (596 Votes)
🎬 #Romance #TVMovie #Comedy
🗓 2023 🎞 tv movie
🌎 #Canada #UnitedStates
⏰ 1 နာရီ 24 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Checkin’ It Twice (2023)==================IMDb Rating – 7.0/10
ခရစ်စမတ်နားနီးလာပြီဆိုတော့ ခရစ်စမတ် အချစ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ရေခဲပြင် ဟော်ကီ ကစားသမား ဘရစ်နဲ့ အိမ်ခြံမြေအကျိူးဆောင်အက်ရှလေတို့ နှစ်ယောက်သား ခရစ်စမတ်ပိတ်ရက်ပြန်ကျရင်းနဲ့မြို့တစ်မြို့မှာ သွားစုံမိရင်း အကြောင်းကြောင်းတွေကြောင့် ရင်းနှီးဖို့အကြောင်းဖန်လာခဲ့သည်ပေါ့။
တခြားအချစ်ဒရမ်မာကားတွေလို မဟုတ်ပဲ အသက် ၃၀ ကျော်အပျိုကြီး လူပျိူကြီး စာရင်းထဲဝင်ဖို့ ဆိုင်းပြင်းနေတဲ့ လူနှစ်ယောက်ကြားက ဇာတ်လမ်းလေးပေါ့။ နှစ်ယောက်သားရဲ့ ဘဝအခြေအနေဇာတ်ကြောင်းတွေနဲ့ မိသားစုနွေးထွေးမှုလေးတွေကို စုပေါင်းတင်ဆက်ထားတဲ့ ကားလေးဖြစ်လို့ အေးအေးဆေးဆေးလေးနဲ့ ခရစ်စမတ်အချစ်ကားလေး ခံစားချင်သူတွေအတွက် သင့်တော်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thetti Tun ဖြစ်ပါတယ်)...
Tamilkkudimagan (2023)
⭐IMDB: 9.2/10 (367 Votes)
🎬 #Bollywood #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 2 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tamil Kudimagan (2023) “တမီလ်နာဒူးနိုင်ငံသား”
IMDB 9.3 တောင်ရထားတဲ့ တမီးလ် ဒရာမာ ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။တမီးလ်လ်မျက်နှာသိသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Cheran နဲ့ မင်းသမီး Sri Priyanka တို့ အားဖြည့်ထားပြီးcritically လည်း အောင်မြင်တဲ့ ရုပ်ရှင်ပါ
အိန္ဒိယနိုင်ငံရဲ့ ဇာတ်အနိမ့်အမြင့်လူတန်းစား ခွဲခြားမှုကို မေးခွန်းထုတ်ထားတဲ့ ဇာတ်မျိုးပါပဲမြို့ငယ်လေးတစ်ခုမှာ ချင်နာဆာမီဆိုတဲ့ ကောင်လေးက VAO ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးစာမေးပွဲကိုအသွား ရပ်ကွက်ထဲက လူသေလို့အသုဘချဖို့ လာခေါ်တာနဲ့ မလိုက်ချင်လိုက်ချင် လိုက်သွားရပါတယ်…။
သူကိုယ်တိုင် ရိုးရိုးကျင့် မြင့်မြင့်ကြံပြီး ကြိုးစားနေပေမယ့်လည်း လူ့အသိုင်းအဝိုင်းက ချင်နာဆာမီတို့ မျိုးရိုးအလုပ်ဖြစ်တဲ့အသုဘချတာကို သူတစ်ယောက်တည်း လုပ်သင့်တယ်လို့ ဇွတ်သတ်မှတ်ထားကြတာပါ…။
ပြီးတာနဲ့ ဆိုင်ကယ်နဲ့ စာမေးပွဲဖြေဖို့လိုက်ပို့မယ်ဆိုပြီး ခေါ်တဲ့ လူကလည်းသောက်မြင်ကပ်ပုဒ်မနဲ့ လမ်းမှာ ဆီကုန်တယ်လို့ ညာပြီး စာမေးပွဲချိန်နောက်ကျအောင် တမင်ညစ်ပါတယ်
ဒီဇာတ်နိမ့်လူတန်းစားမှာ အဖေက ဒါလုပ်ရင် သားက ဒါလုပ်ဆိုပြီး တသမတ်တည်း သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းကိုတော်လှန်ချင်စိတ်ရှိတဲ့ ချင်နာဆာမီတို့ မောင်နှမတို့က လူတန်းစားခွဲခြားခံရတိုင်း တစ်ယောက်နဲ့တစ်ယောက် တောက်တခေါက်ခေါက် ပေါ့သူ့ညီမလေးကလည်း ဆေးကျောင်းသူပေမယ့်လည်း လူတန်းစားအဆင့်အတန်းနဲ့ပတ်သက်လို့ ရည်းစားရဲ့အဖေဖြစ်သူ ပစ်ပစ်ခါခါ ပြောတာ ခံလိုက်ရပါတယ်ဒါတင်မကပဲ ချန်နာဆာမီ VAO ရာထူးရလာချိန်အထိ ရာထူးကိုမထောက်ပဲ မျိုးရိုးစွဲနဲ့လူတွေက သူ့ကို အသုဘ ချခိုင်းတုန်းပါပဲဒီလိုနဲ့ သူတို့မြို့လေးမှာ ဘယ်လိုတွေ ပြဿနာဖြစ်ကြမလဲ တရားခွင်တွေရောက်တဲ့အထိ ဖြစ်ရင်း ဘယ်လိုတွေ ဆက်ပြီးရှင်းကြမလဲအိန္ဒိယနိုင်ငံရဲ့ ရှေးရိုးစွဲအယူဝါဒတွေကို တွန်းလှန်နိုင်မှာလား လူ့အဖွဲ့အစည်းစနစ်အောက်မှာပဲ ပြားပြားဝပ်နေရမှာလားဆိုတာ ဆက်လက်ကြည့်ရှူပေးကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်တွေကတော့ KKKZ ~ Zwe ~ Dee ~ Alex ~ V တို့ပဲ ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Paan Singh Tomar (2012)
⭐IMDB: 8.2/10 (37 k Votes)
🎬 #Action #Biography #Bollywood #Crime #Drama #Sport #Thriller
🗓 2012 🎞 movie
🌎 #India
⏰ 2 နာရီ 10 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Paan Singh Tomar (2012)==============IMDb Rating (8.2/10) / Rotten Tomatoes (89%)
ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီးမင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။
ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားကအတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ်လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။
စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။
ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ…နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် သူယုံကြည်ထားတဲ့ ဥပဒေဆိုတာက သူ့ကိုအကူအညီပေးမလာတဲ့အခါမှာတော့…စစ်ပြန်ကြီးဟာ လက်နက်ဆွဲကိုင်ပြီး အမှန်တရားအတွက် တိုက်ခိုက်ပါတော့တယ်။
“ကျွန်တော့်မှာ အပြေးပြိုင်ပွဲနဲ့ပတ်သက်လို့ စည်းကမ်းတခုရှိတယ်၊ ဘာလဲဆိုတော့ပြိုင်ပွဲစပြီဆိုတာနဲ့ နိုင်တာရှုံးတာ အဓိက မကျတော့ဘူး၊ပန်းတိုင်ကိုရောက်ဖို့ အဓိကပဲ။အဲဒီလိုပဲ အခုတိုက်မယ့်တိုက်ပွဲကိုလဲ နိုင်တာရှုံးတာထက် ပြီးဆုံးအောင်တိုက်ခိုက်သွားမယ်”ဆိုတဲ့နိုင်ငံ့ဂုဏ်ဆောင် စစ်သားအားကစားသမားတယောက်ဖြစ်ခဲ့ပေမယ့် ထိုက်တန်တဲ့ဘဝကိုမရခဲ့တဲ့ ပန်းဆင်းဂ်ရဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
“ဒီရုပ်ရှင်က သမိုင်းမှာအသိအမှတ်ပြုမခံရဘဲ ကိုယ့်ကိုယ်ကိုယ်စတေးသွားတဲ့ အိန္ဒိယအားကစားသမားများကို ရည်ညွှန်းပါတယ်” လို့အဆုံးသတ်မှာ ဒါရိုက်တာက ဂုဏ်ပြုထားပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို V နဲ့ Thaik San တို့မှ တင်ဆက်ထားပါတယ်။)...
Lan Kwai Fong 3 (2014)
⭐IMDB: 4.2/10 (346 Votes)
🎬 #Adult #Asian #Comedy #Drama #Romance
🗓 2014 🎞 movie
🌎 #HongKong
⏰ 1 နာရီ 34 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lan Kwai Fong 3 (2014)
Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။
Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင်တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။
Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာhttps://channelmyanmar.org/?s=lan+kwai+fongကြည့်ပါ။...
Lan Kwai Fong 2 (2012)
⭐IMDB: 4.7/10 (449 Votes)
🎬 #Adult #Asian #Comedy #Drama #Romance
🗓 2012 🎞 movie
🌎 #HongKong
⏰ 1 နာရီ 41 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lan Kwai Fong 2 (2012)
Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။
Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင်တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။
Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာhttps://channelmyanmar.org/?s=lan+kwai+fongကြည့်ပါ။...
Mad (2023)
⭐IMDB: 7.8/10 (603 Votes)
🎬 #Bollywood #Comedy #Romance #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 4 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MAD 2023IMDb – 7.9/10
ဟိုးအရင်တုန်းကကျောင်းသားဘဝကို ပြန်လည်အမှတ်ရစေမဲ့နောက်ထပ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
အင်ဂျင်နီယာကောလိပ်ကျောင်းကြီးမှာနေရာပြုထားပြီးကျောင်းတော်ကြီးရဲ့ထုံးစံအတိုင်း ကျောင်းသားတိုင်းချစ်ကြတဲ့စည်းကမ်းတင်းကြပ်တဲ့ ကျောင်းအုပ်ကြီးရှိမယ်။
ကျောင်းသားတွေထဲမှာဆိုရင် နယ်မြို့ငယ်လေးကနေကျောင်းလာတက်တဲ့မျက်စိသူငယ်နားသူငယ်တစ်ယောက်ရယ်၊ ဟိုက်ပါတစ်ယောက်ရယ်၊အားကိုးရတဲ့ဗလနဲ့ဘဲကြီးရယ်၊ ဆော်ကြောင်တဲ့ကောင်ရယ်၊ဗရုတ်ဒုက္ခလျှောက်လုပ်တဲ့ကောင်ရယ် ရှိပါတယ်။
ဒီဇာတ်လမ်းမှာတော့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်အလွမ်း၊ ရိုမန့်တွေဆိုတာထက်အထူးသဖြင့်ယောက်ျားလေးဆောင်က ဆရာသမားတွေရဲ့ ညီအစ်ကိုသံယောဇဉ် သူငယ်ချင်းသံယောဇဉ်နဲ့ကျောင်းသားဘဝမှာ ကြုံရတတ်တဲ့ ပဋိပက္ခတွေကိုဟာသနှောပြီးရယ်တလှည့် ငိုတလှည့်ကြည့်ရှုရမှာဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Lan Kwai Fong (2011)
⭐IMDB: 4.7/10 (598 Votes)
🎬 #Adult #Asian #Comedy #Drama #Romance
🗓 2011 🎞 movie
🌎 #HongKong
⏰ 1 နာရီ 37 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lan Kwai Fong (2011)
Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။
Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင်တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။
Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာhttps://channelmyanmar.org/?s=lan+kwai+fongကြည့်ပါ။...
Dominion: Prequel to The Exorcist (2005)
⭐TMDB: 53.0% User Score
🎬 #Horror #Drama #Thriller
🗓 2005 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Exorcist : The beginning ရဲ့ prequel ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။
The Beginning မှာတော့ မိစ္ဆာကို ကောင်းမှုကုသိုလ်က အနိုင်ယူအောင်ပွဲခံတာကို
ရိုက်ကူးပုံဖော်ထားပြီး ဒီ prequelမှာတော့ မိစ္ဆာရဲ့ လှုံ့ဆော်မှုတွေကြောင့်
ဖြစ်ပေါ်လာတဲ့ ဒုက္ခ၊ ဆင်းရဲခြင်းအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။
Dune, Andor, Chernobyl, Good Will Hunting, Pirates of the Caribbean 1နဲ့ 2, Thor,
အစရှိသဖြင့် ပြောလို့တောင် မကုန်နိုင်တဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာရဲ့ သရုပ်ဆောင်
မင်းသားကြီး Stellan Skarsgårdနဲ့ Rush Hour , Bat woman, Mad man , Damnation အစရှိတဲ့
ရုပ်ရှင်ကားကောင်းတွေပါ သရုပ်ဆောင်ဖူးတဲ့ မင်းသားGabriel Mannတို့က
ဒီရုပ်ရှင်ကို ဦးဆောင်ပုံဖော်ထားတဲ့ Warner Bros. Picturesရဲ့လက်ရာစစ်စစ်ဖြစ်ပါတယ်။
ဖာသာ မယ်ရင်းက ဒုတိယကမ္ဘာစစ်မှာ နာဇီတွေရဲ့ရက်စက်မှုကြောင့်
ဘုရားပေါ် သက်ဝင်ယုံကြည်မှုကို စွန့်လွှတ်ပြီး
ရှေ့ဟောင်းသုတေသနပညာရှင်အဖြစ် လူဝတ်လဲသွားခဲ့ပါတယ်။
စစ်ပွဲပြီးကာလမှာ မယ်ရင်းတစ်ယောက် Turkana ခရိုင်၊ Rudolf ရေကန်ရဲ့ အနောက်ဘက်မှာ
တည်ရှိတဲ့ ဘုရားကျောင်း တစ်ကျောင်းကို ရှာဖွေစူးစမ်းဖို့အတွက်
ဘုန်းတော်ကြီး အသိုင်းဝိုင်းဘက်က မယ်ရင်းကို ကူညီဖို့နဲ့
သာသနာပြုဖို့အတွက် ဖာသာ ဖရန်စစ်ကို အကူညီအနေနဲ့ မယ်ရင်းနဲ့အတူတူ ထည့်ပေးလိုက်ပါတယ်။
မယ်ရင်း တူးဖော်တွေ့ရှိတဲ့ ဘုရားကျောင်းက ဘုရားကို ရည်စူးပြီးဆောက်လုပ်ထားတဲ့
ဘုရားကျောင်း ဟုတ်မနေတဲ့အခါမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာပါတယ်။
နွားတွေကို ဝင်တိုက်ခိုက်တဲ့ ခွေးအ,တွေကို နွားတွေက သတ်ပြီး၊ ခွေးအ,တွေရဲ့
အသားကို နွားတွေက စားသုံးကြတာမျိုး။
လူတွေ၊ နွားတွေ တိရစ္ဆာန်တွေ အကြောင်းမရှိ သေဆုံးလာကြတာမျိုး အစရှိသဖြင့်ပေါ့။
ဒါပေမယ့် အခြေနေတွေက ဒီထက်ဆိုးလာတဲ့အခါ …..
အခြေနေတွေကို ထိန်းချုပ်လို့ မရလာတော့တဲ့အခါမှာ …..
မကောင်းမှုတွေကို ဖြစ်အောင်လုပ်နေတာက ဘယ်သူလဲ …..
မကောင်းမှုတွေကြောင့် ခွန်အားတွေ တိုးပွားလာတာ ဘယ်သူလဲ ….
အဲဒီမကောင်းဆိုးဝါးကို ဖာသာ ဖရန်စစ်နဲ့ ဖာသာ မယ်ရင်းတို့
တန်ခိုးရှင်ဘက်ကနေ ဘယ်လိုတိုက်ခိုက်သွားမလဲ …..
မကောင်းတဲ့မိစ္ဆာဘက်က နိုင်သွားမလား …..
ကောင်းတဲ့ ကုသိုလ်ဘက်က နိုင်သွားမလား …..
Plot နိုင်နိုင်နင်းနင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း ကြည့်ရတာကို
ကြိုက်တဲ့လူတွေအတွက် ဒီကားက A+ ပါပဲ။
အဆိုပါရုပ်ရှင်က ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆောင်တွေ
အတူတကွ ပုံဖော်ထားတဲ့ ရုပ်ရှင်ကားကောင်း
တစ်ကားဖြစ်ကြောင်းပြောရင်း နိဂုံးချုပ်အပ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
The Exorcist III (1990)
⭐TMDB: 62.0% User Score
🎬 #Drama #Horror #Mystery
🗓 1990 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Exorcist III (1990)
IMDb – 6.5/10
ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လက်ဖတင်နင်
ဘေလ်ကင်မ်ဒါမန်းနဲ့ ဖာသာဒိုင်ယာတို့ရဲ့မိတ်ဆွေ ဖာသာဒေမီယန်ကဲရက်စ်
သေဆုံးပြီး ၁၅နှစ်အကြာမှာ ဇာတ်အိမ်စတည်ထားပါတယ်။
ဝါရှင်တန်ဒီစီ ဂျော့ဂျ်တောင်းမှာ သောမတ်စ်ကင်ထရီလို့ခေါ်တဲ့
၁၂နှစ်အရွယ် လူမဲကောင်လေး အသတ်ခံရမှု စတင်ပေါ်ပေါက်လာပါတယ်။
ဘေလ်ကင်မ်ဒါမန်းဟာ ဒီအမှုကို ဆက်စုံစမ်းနေပါတယ်။
ဒီလိုနဲ့ နောက်ထပ် ဖာသာတစ်ယောက်အသတ်ခံရမှု ပေါ်ပေါက်လာပြန်ပါတယ်။
အသတ်ခံရမှုတွေမှာ စဉ်းစားစရာက သေဆုံးသူတွေဟာ
ဆက်စနိုင်းကိုလင်း ဆေးထိုးခံထားရခြင်းနဲ့ အသတ်ခံကြရတဲ့ပုံစံဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ ကြောက်စရာအကောင်းဆုံး
လူသတ်သမား The Gemini killer ကတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က
လျှပ်စစ်ထိုင်ခုံမှာ သေဆုံးသွားခဲ့ပါပြီ။
ဒါဆိုရင် အခုဖြစ်နေတဲ့ လူသတ်မှုတွေရဲ့ တရားခံဟာ ဘယ်သူလဲပေါ့…
ဘေလ်ကင်မ်ဒါမန်း တစ်ယောက် လူသတ်သမားကို ရှာရင်း
ဘာတွေကြုံတွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။
စိတ်ဝင်စားစရာနဲနဲလောက်ပြောပြရမယ်ဆိုရင်
ဘေလ်ဟာ ဆေးရုံမှာဖြစ်တဲ့လူသတ်မှုအကြောင်း စုံစမ်းရင်း
စိတ္တဇဆောင် အခန်းနံပါတ် ၁၁မှာ ထူးဆန်းတဲ့ လူနာတစ်ယောက်နဲ့ တွေ့ရပါတယ်။
လူသတ်မှုတွေက ဒီလူနာနဲ့ရော ပတ်သတ်လား၊ နတ်ဆိုးလား မကောင်းဆိုးဝါးလား၊ အဓိကရန်သူ
ဘယ်သူလဲဆိုတာ သိချင်စိတ်လေးတွေဖြစ်နေပြီမလား။
ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ခြောက်ခြားစရာ
horror ဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
horror မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့
The Exorcist ရဲ့ နံပါတ် ၃ ကားမြောက် ဇာတ်လမ်းဆိုတဲ့အတိုင်း
horror ကို အပြည့်အဝခံစားကြရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့ writer နဲ့ director ကတော့ rating 8.1 အထိတောင် ရရှိခဲ့တဲ့
The Exorcist (1973) ရဲ့ writer လည်းဖြစ် အော်စကာဆုရှင်လည်းဖြစ်တဲ့
William Peter Blatty ပဲ ဖြစ်ပါတယ်။
၁၉၉၀ ကထွက်ထားတဲ့ ဇာတ်လမ်းပါ၊ ကဲ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ…
horror ပရိတ်သတ်ကြီးတို့အတွက် CM မှ တင်ဆက်ပေးလိုက်ပါပြီ။
ခံစားကြည့်ရှုလိုက်ကြပါဦး။
ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...
15 Cameras (2023)
⭐IMDB: 5.0/10 (363 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
15 Cameras (2023)==============
၂၀၁၅ , ၂၀၁၈ တို့မှာ ထွက်ရှိခဲ့တဲ့ 13,14 ကင်မရာတို့ရဲ့ အဆက်15 Cameras ဆိုတဲ့ ဒီဇာတ်လမ်းကတော့ အတော်လေး ကျောချမ်းဖို့ကောင်းပါတယ်။ ကိုယ့်ကိုတစ်ချိန်လုံး စောင့်ကြည့်နေတဲ့ဆိုက်ကိုတစ်ယောက်ရဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာပါ။ အိမ်ခြံမြေဈေးကွက်မှာ ငွေတွေရင်းနှီးမြှုပ်နှံပြီး အိမ်ငှားစားတဲ့ ဆလမ်းလော့ (ခေါ်) မြေပိုင်ရှင်ကြီးတစ်ယောက်ရှိတယ်။
သူက သူပိုင်တဲ့အိမ်တွေအများကြီးမှာ..လျှို့ဝှက်စီစီတီဗီတွေတပ်ပြီး မြေအောက်ခန်းတစ်ခုကနေ အကုန်ထိန်းချုပ်ပြီး စောင့်ကြည့်ပြီးအရသာခံတတ်တယ်။ သူ့ရဲ့ဝါသနာဗီဇတစ်မျိုးပေါ့။ သူဖမ်းဆီးထိန်းသိမ်းခံရပြီး သတင်းကလည်း နိုင်ငံအနှံ့ ဟိုးလေးတကျော်ဖြစ်သွားတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်တယ်ဆိုပြီး ပျောက်ချင်းမလှပျောက်သွားပါတယ်။ စုံတွဲတစ်တွဲကလည်း သူပိုင်ဆိုင်တဲ့ အိမ်ကြီးထဲကို ဈေးပေါပေါနဲ့ရလိုက်တဲ့အတွက်ပြောင်းရွှေ့လာကြပါတယ်။ဒါပေမယ့် ဆလမ်းလော့မရှိတော့ပေမယ့် သူ့ရဲ့ကင်မရာတွေ ထိန်းချုပ်ခန်းတွေက နောက်ထပ်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းရင်psycho ကောင်တစ်ယောက်ထပ်မံမွေးဖွားလာတဲ့အခါမှာ..လူတွေကို ဘယ်လိုဒုက္ခတွေထပ်ပေးဦးမလဲ သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Bad Boy (2023)
⭐IMDB: 7.7/10 (8 k Votes)
🎬 #Bollywood #Comedy #Drama #Romance #Uncategorized
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 57 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bad Boy (2023) “ဇိုးလေး”
IMDb 7.7/10
Romance/Comedy
ဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။
Jagga Jasoos(2017)မှာ ရန်ဘီးရ်ရဲ့ မွေးစားအဖေနေရာက မင်းသားကြီး Saswata Chatterjeeနဲ့ဂန္ဓဝင်ဟာသလူရွှင်တော်ကြီး Johnny Leverတို့ပါဝင်တင်ဆက်ထားပါတယ်။
စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရှင်သန်နေရတာကိုတော်တော်များများမွန်းကြပ်တတ်ကြပေမယ့်ရှူဘန်ကာဘန်နာဂျီအတွက်တော့ မဟုတ်ခဲ့ပါဘူး။
နေ့စဉ်နေထိုင်မှုဘဝမှာရော အလုပ်မှာရော စည်းမျဉ်းတွေအတိုင်း တသွေမတိမ်းလိုက်နာနေထိုင်တဲ့သူပါ။အရမ်းဇီဇာကြောင်တဲ့ အဖိုးကြီးဖြစ်ပြီး သူနေသလိုမျိုး မိသားစုကိုလည်း ဒီလိုပဲကျင့်သုံးစေပါတယ်။သမီးဖြစ်သူ ရီတူးဟာလည်း ဒိတ်ဒိတ်ကြဲထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။
သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်ကတော့ ” အဆင့်အတန်းမြင့်ရမယ် အရည်အချင်းရှိရမယ်” ဆိုတာပါပဲ။တစ်ဖက်မှာလည်း ရာဂူးဆိုတဲ့ ငမွဲကောင်ဆိုးလေးကတော့ ဘဝကိုပျော်ပျော်နေပြီး ပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူပေါ့။မိသားစုကလည်း ပစ္စည်းအဟောင်းတွေ ပလုံကောက်တာတွေ ဝယ်ယူပြီး အသက်မွေးကြပါတယ်။
စာမေးပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း တဖုန်းဖုန်းကျနေတဲ့ ရာဂူးတစ်ယောက်တစ်နေ့မှာတော့ ရီတူးကိုမြင်ပြီး ချစ်မိသွားပါတော့တယ်။ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အရာရာဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက်ရာဂူးတစ်ယောက် အခက်တွေ့ပါတော့တယ်။
သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုရိုမန့်တစ်ဆန်ဆန် ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်။)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Exorcist II: The Heretic (1977)
⭐TMDB: 45.0% User Score
🎬 #Horror #Drama #Thriller
🗓 1977 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 58 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
1973 ခုနှစ်က ထွက်ခဲ့တဲ့ The Exorcist ရဲ့ ဒုတိယကားဖြစ်တဲ့
Exorcist 2က ပထမကားထွက်ပြီး လေးနှစ်အကြာမှာ ထွက်ခဲ့ပါတယ်။ ဒ
ါရိုက်တာကတော့ မတူပေမယ့် အဓိကဇာတ်ဆောင် မင်းသမီး ရေဂန်ပြန်လည်ပါဝင်လာပြီး
ဒီကားထဲမှာ အပျိုအရွယ်ရောက်လာခဲ့ပါပြီ။
ဖာသာမာရင်ရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် ဘုန်းတော်ကြီး
ဖာသာလာမောင့်န်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ရေဂန်က စိတ်ရောဂါကုဆရာဝန်ဆီမှာ
ကုသမှုခံယူနေဆဲဖြစ်ပါတယ်။
ဆရာဝန်မရဲ့ စိတ်ချင်းဆက်သွယ်ပြီး အိပ်ငွေ့ချပေးတဲ့စက်ကို
အသုံးပြုပြီး ဝါရှင်တန်က ရေဂန်ရဲ့ အခန်းထဲမှာ
ဖာသာမာရင် အပနှင်နေတုန်း ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်ပြီး ကြည့်ရှုခဲ့ပါတယ်။
ဒီမကောင်းဆိုးဝါးရဲ့ originက ဘာလဲ ဘယ်ကရောက်လာတာလဲဆိုတာ
ဒီကားထဲမှာ အဖြေကို ရမှာပါ။
ပထမကားလောက် အောင်မြင်မှုမရခဲ့ပေမယ့်
Exorcist fanတွေဆို ကြည့်ရှုထားသင့်တဲ့ ကားဖြစ်ပါတယ်။...
The Only Living Boy in New York (2017)
⭐TMDB: 63.0% User Score
🎬 #Drama
🗓 2017 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Only Living Boy in New York (2017)=============================IMDb Rating – 6.3/10
မြို့တစ်မြို့ရဲ့ စိတ်ဝိညာဉ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင်အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြမယ်လို့ထင်ပါတယ်။ ဒီလိုပဲနယူးယော့ခ်မြို့ကြီးမှာ နေထိုင်ရင်း ဘဝအဓိပ္ပာယ်ကို ရှာဖွေနေသလို၊ မြို့ရဲ့ဝိညာဉ်ပျောက်ဆုံးနေပြီလို့ စွပ်စွဲနေတဲ့သောမတ် ဝက်ဘ်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိလေရဲ့။သောမတ်ဟာ ချမ်းသာတဲ့ သူ့မိဘတွေရဲ့ ဝေးရာမှာနေထိုင်ရင်းသူ စိတ်ဝင်စားတဲ့အလုပ်ကို ရှာဖွေနေရင်းဘဝကို ပျင်းရိဖွယ်ဖြတ်သန်းနေတာပါ။ သူ့ဘဝမှာက ချစ်ရတဲ့သူဆိုလို့ မီမီ ဆိုတဲ့ကောင်မလေးတစ်ယောက်ပဲ ရှိတယ်လို့လည်း ထင်နေတဲ့သူပါ။
ဒါပေမယ့် သောမတ်တစ်ယောက် သူ့အဖေ အီသန် ဖောက်ပြန်နေတာကို တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ သူ့အဖေနဲ့ ဖောက်ပြန်နေတဲ့ ဂျိုဟန်နာဆိုတဲ့ အမျိုးသမီးကို လိုက်ချောင်းရင်း ပျင်းစရာသူ့ဘဝကြီးအပြောင်းအလဲဖြစ်လာပုံကို Plot Twist လေးတွေနဲ့ကြည့်ရှုရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...
Bloodthirst (2023)
⭐IMDB: 2.7/10 (129 Votes)
🎬 #Action #Horror #SciFi
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bloodthirst ရုပ်ရှင်ကားဟာ ၂၀၂၃ ခုနှစ်ထွက် scifi horror action
ကားတစ်ကားဖြစ်ပါတယ်။
SAW ရုပ်ရှင်ကားတွေမှာ ပါဝင်တဲ့ မင်းသားကြီး Costas Mandylor အဓိက
ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းရဲ့ အဓိက ကျောရိုးကတော့ ကမ္ဘာပျက်ပြီးခါစ ကမ္ဘာကြီးပေါ်မှာ
သွေးစုပ်ဖုတ်ကောင်တွေ ကြီးစိုးနေတဲ့ အချိန်ကာလ တစ်ခုမှာ ဖြစ်ပါတယ်။
အဲ့အချိန်မှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်သတ်နေတဲ့ မုဆိုး John Shepard
တစ်ယောက် သူရင်ဆိုင်ရမဲ့ သွေးစုပ်ဖုတ်ကောင်အုပ်စုရဲ့ ခေါင်းဆောင်က
နယ်နယ်ရရတော့ မဟုတ်ပါဘူး။ The Master လို့ ခေါ်ကြတဲ့ သွေးစုပ်ဖုတ်ကောင်
ခေါင်းဆောင် ဖြစ်ပြီး သူကိုယ်တိုင်လည်း ပြိုင်ဘက် သွေးစုပ်ဖုတ်ကောင်အုပ်စုနဲ့
စစ်ပွဲကြီး ဆင်နွဲဖို့ ပြင်ဆင်လူစုနေတာ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင်အုပ်စု
၂ စုရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ဇာတ်လိုက်မုဆိုးတစ်ယောက် ဘယ်လိုပါးပါးနပ်နပ်
ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို ပိတ်ကားထက်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ
စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်...
Where Are You, Christmas? (2023)
⭐IMDB: 6.4/10 (455 Votes)
🎬 #Family #Fantasy #TVMovie #Drama
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Where Are You, Christmas? (2023)=========================IMDb Rating – 6.4/10
ပျော်ရွှင်ဖွယ်ခရစ်စမတ်ပါခင်ဗျာ..ခရစ်စမတ်ကာလကို ဖြတ်သန်းရတော့မှာမို့ ခရစ်စမတ်ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်။ခရစ်စမတ်ဆိုတာကတော့ ဘာသာရေးအရကြည့်ရင်တော့ ဘာသာတစ်ခုတည်းရဲ့ ပျော်ပွဲရွှင်ပွဲလို့ ထင်မှတ်ကြမှာပါ။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ ကျွန်တော်တို့တတွေဟာ ဘာသာရေးဘောင်တွေကိုအခြေခံလူမှုစံနှုန်းအဖြစ် ပြောင်းလဲလာနိုင်တဲ့အခါမှာ ဘာသာရေးတစ်ခုရဲ့ ပျော်ပွဲရွှင်ပွဲအခါသမယဟာ အဲဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမှုအသိုင်းအဝန်းကသာမက နည်းပညာရဲ့ ကျေးဇူးကြောင့် ရပ်ဝေးကလူတွေကပါ ခံစားလို့ရတဲ့ အရာတစ်ခုဖြစ်လာခဲ့ပါပြီ။
ခုတစ်ခါမှာလည်း ခရစ်စမတ်ကို ထူးခြားစေချင်တဲ့အတွက် စိတ်ကူးယဥ်ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ ခရစ်စမတ်ဆိုတာ လူတိုင်းက နှစ်တိုင်းမှာ ကြုံရတော့ ခရစ်စမတ်ရဲ့ တကယ့်အနှစ်သာရကို မေ့ပျောက်လာကြတဲ့အတွက် ခရစ်စမတ်ဆိုတာ ဘာလဲဆိုတာကို ပြန်လည်ရှာဖွေတာပါ။ မိသားစုနဲ့အတူ ကြည့်ဖို့ ကောင်းတဲ့ ဇာတ်ကားလေးပါဗျ။ဒီ Where are you Christmas (2023)က MDB rating 6.5 ကိုရရှိထားပါတယ်။ ဒါရိုက်တာ Dustin Rikert က ရိုက်ကူးထားတာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...
One Bad Turn (2022)
⭐TMDB: 0.0% User Score
🎬 #Drama #Horror
🗓 2022 🎞 movie
🌎 #Nigeria
⏰ 1 နာရီ 25 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
One Bad Turn (2022)================
ဇာတ်ကားကတော့ နိုက်ဂျီးရီးယားက အာဖရီကန်သရုပ်ဆောင်တွေပါဝင်ထားတဲ့ drama အမျိုးအစားပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်တစ်ခုရဲ့ ပြသနာတွေကို တင်ပြထားတာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေချင်း အိမ်ထောင်ကျတော့လုပ်ငန်းမှာ နစ်မွန်းပြီးတော့ မိသားစုဘဝမရှိတော့တာကတစ်ဆင့်အိမ်ထောင်ဖောက်ပြန်မှုတွေ ကပ်လိုက်တာမျိုးကို တင်ပြပေးတာမျိုးပါ။ပညာပေးဇာန်လမ်းတစ်ခုလို တင်ဆက်ထားပါတယ်။
18+ scenes နည်းနည်းပါးပါး ရှိတော့ မိသားစုနဲ့ ကြည့်ရင်တော့ နည်းနည်း ရစ်ရမှာပါနော်။ဇာတ်လမ်းကို ကြည့်လို့ကောင်းအောင် ဆင်ထားတာတွေတွေ့ရမှာပါ။ အာဖရိကန်သရုပ်ဆောင်တွေချည်းပဲ ကြိုးစားပြီးသရုပ်ဆောင်ထားတာကိုလည်း တွေ့ရမှာပါ။ drama ရုပ်ရှင်ကားတွေကြိုက်နှစ်သက်သူတွေ အတွက်တော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...
Making It Up (2023)
⭐IMDB: 4.7/10 (107 Votes)
🎬 #Comedy #Romance #Drama
🗓 2023 🎞 movie
🌎 #Chile #Mexico
⏰ 1 နာရီ 23 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Making It Up [Maquillame Otra Vez] (2023)==============================
အန်နာဆိုတဲ့ မိတ်ကပ်ပညာရှင်မလေးက အဲလက်စ်လို့ခေါ်တဲ့သူငယ်ချင်းဖြစ်သူနဲ့ လုပ်ငန်း အတူတူအောင်မြင်ရာကနေအဲလက်စ်ရဲ့ တလွဲလုပ်မှုတွေကြောင့် ဘဝပျက်ခဲ့ရပါတယ်။အဲဒီမှာပဲ တခြားသူငယ်ချင်းဖြစ်တဲ့ ရီတာ့ဆီ သွားနေပြီး နောက်ထပ် ဆိုနီယာဆိုတဲ့တစ်ယောက်နဲ့ မိတ်ကပ်ပညာရှင် ၃ ယောက်သား မွဲတေပြီး ဘဝကို ကြိုးစားဖြတ်သန်းနေခဲ့ရပါတယ်။
ဒီမှာတင် အရင်တုန်းက အန်နာ့ကို ဒုက္ခပေးတဲ့ အဲလက်စ်က မင်္ဂလာဆောင်ပွဲတစ်ခုကို မိတ်ကပ်လိမ်းပေးဖို့ ပြန်လည် ဆက်သွယ်ခဲ့ရာမှာ အန်နာက သူ့ဆီ ပြန်မသွားချင်ပေမဲ့ ရီတာတို့က ဘိုင်ပြတ်နေကြတာကြောင့် လိမ်းဖို့ လက်ခံလိုက်ပြီး အဲလက်စ်ရဲ့ အမွှေအနှောက်တွေအောက် ဘယ်လို ပြဿနာတက်ကြရမလဲ ကြည့်ရမှာဖြစ်ပါတယ်။ စပိန်စကားပြော မက်ဆီကို ရုပ်ရှင် ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...
Keys to the Heart (2023)
⭐IMDB: 6.3/10 (149 Votes)
🎬 #Comedy #Drama #Music
🗓 2023 🎞 movie
🌎 #Philippines #SouthKorea
⏰ 1 နာရီ 44 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Keys to the Heart (2023)==================IMDb Rating – 6.4/10
ဒီဇာတ်လမ်းလေးကတော့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းလေးပါ။တစ်ယောက်တည်းနေရတဲ့ လက်ဝှေ့ထိုးသမားဂျိုမာက အားကစားရုံမှာ အလုပ်လုပ်ရင်း ပြဿနာတက်ပြီး အလုပ်အထုတ်ခံလိုက်ရတယ်။ အလုပ်ထုတ်ခံရလို့ မူးအောင်သောက်တဲ့ညမှာပဲ ကားပါအတိုက်ခံလိုက်ရလို့ ဆေးရုံရောက်သွားပါတယ်။
သူနဲ့ကွဲနေတာကြာပြီဖြစ်တဲ့ အမေမှာလည်း နောက်အိမ်ထောင်နဲ့ရထားတဲ့ အော်တစ်ဆန်(autism)ရောဂါရနေတဲ့ သားတစ်ယောက်ရှိပါတယ်။ ဂျိုမာရဲ့ အမေတူ အဖေကွဲညီလေးပေါ့။ ပိုက်ဆံအခက်အခဲလည်းရှိတာကြောင့် သွားစရာနေရာမရှိတဲ့အဆုံး ဂျိုမာဟာ သူမမြင်ချင်တဲ့ သူ့အမေအိမ်မှာ နောက်အလုပ်မရမချင်း လိုက်နေရပါတော့တယ်။ ဂျိုမာ သူ့အမေကို အဆက်အသွယ်မလုပ်ဘဲ မုန်းနေတဲ့အချက်ကတော့ သူငယ်ငယ်က သူ့အမေသူ့ကို အရက်သမားလူရမ်းကားဖြစ်တဲ့အဖေနဲ့ စွန့်ပစ်ခဲ့ပြီး နောက်အိမ်ထောင်ပြုခဲ့လို့ပါ။ ဒါပေမဲ့နောက်ပိုင်းမှာ အနေဝေးခဲ့တဲ့ မိသားစုဝင်တွေ ပြန်လည်ဆုံဆည်းပြီးဘယ်လိုမေတ္တာတရားတွေ ပေါက်ဖွားလာမလဲဆိုတာကို နွေးထွေးဖွယ်ကြည့်ရှုရမယ့် Drama ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
