ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Fremont (2023)
⭐IMDB: 7.0/10 (796 Votes)
🎬 #Drama #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fremont (2023)=============IMDb Rating – 7.0/10
အာဂန်နီစတန်ကနေ အမေရိကားကိုပြောင်းရွေ့လာပြီး အရင်ကယူအက်စ်စစ်တပ်အတွက် ဘာသာပြန်ပေးခဲ့ဖူးတဲ့ ဒွမ်ယာဟာအတိတ်အဖြစ်ပျက်တွေကြောင့် သူမဘဝပြန်တည်ဆောက်ဖို့၊အပြစ်ရှိတဲ့စိတ်ကနေ ရုန်းထွက်ဖို့လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
တစ်ရက်မှာ သူမဟာ ကံကောင်းစေတဲ့ကွတ်ကီးထုတ်တဲ့ တရုတ်စက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ကွတ်ကီးတွေထဲက ဆုတောင်းစာတွေကို လူတွေအတွက် ရေးပေးတဲ့အလုပ်လုပ်ရင်း ရှင်သန်နေတဲ့သူမဘဝအကြောင်းရိုက်ပြထားတာကို တငြိမ့်ငြိမ့်လေးကြည့်ရူရမှာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Nang Aye Myat Phoo ဖြစ်ပါတယ်)...
My Precious (2023)
⭐IMDB: 7.4/10 (67 Votes)
🎬 #Comedy #Drama #Romance
🗓 2023 🎞 movie
🌎 #Thailand
⏰ 2 နာရီ 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Precious (2023)
ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက်Teen dramaထဲမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ You are the apple of my eyes ရဲ့thai remake version ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
Bad Buddy ထဲက Ohm နဲ့ Nanon အပြင်Dangerous romance ထဲက ဟိုက်ပါလေး Chimon နဲ့Only friendsထဲက စားဘဲလေး Neo ကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။
အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်ကတော့ အားကျတတ်ကြပေမဲ့အချိန်တွေကြာတဲ့အထိ အတန်းဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။
တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆိုတဲ့ သူငယ်ချင်း ၅ ယောက်ဟာအတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီးတုန်ပေါ့။
တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း နတ်ပူးချင်ယောင်ဆောင်ပြီး ဆရာမကိုမျက်နှာပြောင်ရာကနေကြိမ်စာကျွေးခံရပြီး တုန်တစ်ယောက် အတန်းထဲမှာ အတော်ဆုံးလည်းဖြစ် အတန်းခေါင်းဆောင်လည်းဖြစ်တဲ့လင်ရဲ့ရှေ့မှာ ထိုင်ရဖို့ ဖြစ်လာပါတော့တယ်။
အတန်းရဲ့နံပါတ် ၁ ကျောင်းသူလင်နဲ့ နောက်ကရေရင်နံပါတ် ၁ ချိတ်နေတဲ့ကျောင်းသားတုန်တို့ကတော့ မြင်တာနဲ့တကျက်ကျက်ဖြစ်နေတဲ့ ကြောင်နဲ့ကြွက်ပေါ့။ဒါပေမဲ့ ကိုယ့်မှာသူ့ကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင်ဆိုတဲ့အတိုင်းပဲ ဇိုး ၅ ကောင်တစ်ဖွဲ့လုံးဟာ လင်ကိုမှCrushမိကြတဲ့အခါ….
တစ်ချိန်က ပျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝအမှတ်တရတွေကို ပြန်တွေးတဲ့အခါမှာ ပထမဆုံး နှလုံးသားထဲကို နေရာဝင်ယူခဲ့ဖူးတဲ့ ချစ်ဦးသူအကြောင်းကတော့ မပါမဖြစ်ပါပဲ။အခုဒီကားလေးထဲမှာလည်း ငယ်ချစ်ဦးမို့ အနှစ်တစ်ရာမမေ့သာဆိုတဲ့အတိုင်းY2K ခေတ် ထချိန်တစ်ခါက သူငယ်ချင်း ၅ ယောက် ဘယ်လိုစော်လိုက်ကြမလဲဆိုတာကို ကြည့်ရှုခံစားရင်းကျောင်းသားဘဝရဲ့ကြည်နူးစရာတွေကို ပြန်တွေးရင်း ရင်ခုန်လိုက်ကြပါစို့လား။
အညွန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary, Moh, Kppksတို့ပဲ ဖြစ်ပါတယ်။...
An Unfinished Life (2005)
⭐TMDB: 68.0% User Score
🎬 #Drama #Family #Romance
🗓 2005 🎞 movie
🌎 #Canada #UnitedStates #UnitedStatesofAmerica #Germany #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
An Unfinished Life (2005)
~ IMDb – 7/10, Rotten Tomatoes – 52% ~
ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။
Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။
အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။
ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… ဂျင်းနဲ့ အိုင်နာတို့ ဆက်ဆံရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ခင်ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShein Waiyanမှ ပြန်ဆို ရေးသားထားပါတယ်)...
SurrealEstate (2021- )
⭐IMDB: 7.1/10 (4 k Votes)
🎬 #Drama #Mystery #SciFi #Fantasy #Thriller
🗓 2021- 🎞 tv series
🌎 #Canada #Germany
⏰ 44 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
SurrealEstate (2021) Season 01SurrealEstate (2021 – Present) S01
Your browser does not support the video tag.~ IMDb – 7.1/10, Rotten Tomatoes – 79% ~ 2021 မှာ စထုတ်လွှင့်ခဲ့ပြီး ဒီနှစ်မှာလည်း Season 2 ပြသနေဆဲ ဇာတ်လမ်းတွဲကောင်းပါပဲ။ ကောင်းတယ်ဆိုတာက ခင်ဗျား ဘယ်လိုအမျိုးအစားနဲ့ ယှဉ်လဲအပေါ်မူတည်ပါတယ်။ Sherlock တို့၊ Breaking Bad တို့လို တကယ့်ပါဖက်ရှင်နစ်ဖြစ်နေတဲ့ စီးရီးတွေနဲ့ ယှဉ်ရင်တော့ကောင်းတယ်ပြောဖို့ခက်ပါလိမ့်မယ်။ ဒါပေမဲ့ Supernatural တို့လို စီးရီးတွေနဲ့ ယှဉ်ရင်တော့ ကောင်းတယ်ပြောရပါမယ်။ Supernaturalကို ထည့်ပြောရတဲ့အကြောင်းရင်းကလည်း ဒီစီးရီးက Supernaturalဆန်နေလို့ပါပဲ။ သရဲလိုက်ရှာ သရဲဇစ်မြစ်ရှာ သရဲသတ် ဒါတွေပေါ့။ သရဲသတ်တယ်ဆိုတာထက် သရဲရဲ့မပြီးသတ်သေးတဲ့ကိစ္စတွေကို ရှင်းပေးပြီး နောက်ဘဝကူးနိုင်အောင် ကူညီပေးတယ်လို့ပါပြောရမလားပဲ။ ဒါပေမဲ့ မတူတာက သူက ပလိန်းကြီး လိုက်ရှာလိုက်ဖမ်း လိုက်သတ်နေတာတော့မဟုတ်ဘူး။ မင်းသားအလုပ်က အိမ်ပွဲစား။ အိမ်ပွဲစားဆိုပေမဲ့ သူတို့က သရဲခြောက်တဲ့အိမ်တွေနဲ့ မကင်းတဲ့အလုပ်တွေလုပ်တာ။ သူတို့က သရဲခြောက်တဲ့အိမ်တွေကို သရဲခြောက်တဲ့အိမ်တွေလို့မသုံးဘူး၊ SurrealEstateလို့ သုံးတယ်။ သရဲခြောက်တဲ့အိမ်ဆို အိမ်ဈေးကျသွားမှာကိုး။ သဘာဝလွန်အိမ်ခြံမြေပဲ ထားပါတော့။ ဒီဘဲက အဲဒီလိုအိမ်တွေကို သရဲရှင်းပေးပြီး ဈေးကောင်းကောင်းနဲ့ရောင်းလို့ရအောင် လုပ်ပေးတာ။ အများအကျိုးလည်းဆောင် ကိုယ်ကျိုးလည်းအောင်ပေါ့။ သူ့မှာလည်း ထူးခြားတဲ့ ဘဝပေးအခြေအနေရှိတယ်။ သူ့အမေကလည်း အဲဒီလို သရဲခြောက်တဲ့အိမ်တစ်လုံးထဲ ထူးထူးဆန်းဆန်းပဲ ဝင်ပြီး ပျောက်သွားသလို သေသွားတဲ့သူ့အဖေကိုလည်း သူတစ်ခါတလေဆို စကားတွေပြောဖြစ်တယ်။ သရဲခြောက်တဲ့အိမ်တွေကို သူတို့ဖြေရှင်းပုံတွေကလည်း ဆန်းတော့ဆန်းတယ်။ များသောအားဖြင့်တော့ သရဲခြောက်ခံရတဲ့အိမ်တွေရဲ့ပိုင်ရှင်တွေက သရဲရှိလို့ရှိမှန်းတောင် မသိလိုက်တာတွေရှိတယ်။ ပြောရရင် သူတို့က ဒီအဖြစ်တွေကို သာမန်လူတွေနဲ့ကင်းကွာနိုင်သလောက် ကင်းကွာနိုင်အောင်ထားပြီး သူတို့ဘာသာဖြေရှင်းလိုက်တာကများတယ်။ အိမ်ရဲ့သမိုင်းကြောင်း နောက်ခံဘာညာ သရဲရဲ့စွမ်းအား အမျိုးအစား ဘာညာကို ဒေတာဘေ့စ်တွေကိုအသုံးချ သေချာသုတေသနလုပ်ပြီးမှ ဖြေရှင်းကြတာ လက်နက်တွေဘာတွေရယ်လို့လည်း မရှိပေမဲ့ Ghostbusters ဆန်ဆန် Gadgets အဆန်းတွေတော့သုံးတယ်။ နာမည်ကြီး စကားတွေ နာမည်ကြီးရုပ်ရှင်တွေကိုလည်း Ref ထားတယ်။ သူ့အမျိုးအစားထဲမှာမှ နာမည်ကြီးဖြစ်တဲ့ The Exorcist ကိုတောင် ref သွားပါသေးတယ်။ Supernatural ဆန်ဆန် သရဲဖမ်းတဲ့ဇာတ်ကိုမှ အင်းနားလော့ဂျစ်ကောင်းကောင်းလေးနဲ့ သေသေသပ်သပ်ရိုက်ကူးထားတဲ့ စီးရီးကိုကြည့်ချင်ရင်တော့ ဒီစီးရီးကို လက်မလွှတ်သင့်ပါဘူး။ (ဒီစီဆင်အတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူတွေကတော့ 666 နဲ့ W တို့ပဲဖြစ်ပါတယ်)...
The Day of the Jackal (1973)
⭐TMDB: 75.0% User Score
🎬 #Crime #Drama #Thriller #Action
🗓 1973 🎞 movie
🌎 #France #UnitedKingdom #UnitedKingdom
⏰ 2 နာရီ 23 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Day of the Jackal (1973)
~ IMDb – 7.8/10, Rotten Tomatoes – 90% ~
ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။
ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။
ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။
ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ သူကတော့ ခေသူမဟုတ်ဘူးပေါ့ဗျာ။ လုပ်ကြံရခက်ခဲတဲ့ နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေကို လုပ်ကြံပြီး ခြေရာဖျောက်သွားတတ်တဲ့သူကြီး။ သူကိုယ်တိုင်ဆင်းလာပြီး ပြင်သစ်သမ္မတကို လူ့လောကထဲက မောင်းထုတ်ဖို့ ကြံစည်အားထုတ်သွားတဲ့ ဇာတ်လမ်းကောင်းပါပဲ။
ပြင်သစ်အစိုးရအဖွဲ့နဲ့ OAS အဖွဲ့တို့ကလည်း အပြန်အလှန် နှစ်ဖက်ချွန်သူလျှိုတွေနဲ့ တစ်ယောက်ခြေလှမ်း တစ်ယောက်စောင့်ကြည့်နေကြချိန်ပါ။ ဒီမှာတင် လုပ်ကြံရေးသမား အမည်ဝှက် ဂျက်ကယ်လ် (သဲကန္တာရမြေခွေး) က ပြင်သစ်အစိုးရတစ်ဖွဲ့လုံးနဲ့တစ်ယောက် ဉာဏ်ပြိုင်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ပုံတွေကို ၂ နာရီခွဲနီးပါး အားရပါးရ ကြည့်ရှုရပါမယ်။
သိပ်ကိုကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့တဲ့ ဇာတ်လမ်းပါ။ ခရမ်းချဉ်သီးပုပ် ၉၀ % ရထားတာကိုသာ ကြည့်ပေတော့။ ပရိသတ်ကလည်း ကြိုက်တဲ့ရုပ်ရှင်ပဲ။ IMDb 7.8 အထိ ရထားတဲ့ 1973 ခုနှစ်က ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...
Castlevania: Nocturne (2023- )
⭐IMDB: 7.5/10 (9 k Votes)
🎬 #Animation #SciFi #Fantasy #Drama #Action #Adventure #Horror #Thriller
🗓 2023- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 29 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Castlevania: Nocturne (2023)Castlevania : Nocturne (2023)
………………………………….
IMDb Rating – 7.5/10
Rotten Tomatoes 100%များသောအားဖြင့်ဇာတ်လမ်းတစ်ခုပေါက်လို့ နောက်ဆက်တွဲတွေ ဆက်ထုတ်ရင်
ဂွမ်းတာများပေမဲ့ ဒီစီးရီးကတော့ ပထမစီးရီးကိုကောင်းကောင်းကြီးယှဥ်နိုင်တဲ့အနေ
အထားမှာရှိပါတယ်။ ဇာတ်လမ်းဆင်ထားတာတော့ ပထမစီးရီးကအဖြစ်အပျက်ပြီး
နှစ်ပေါင်းသုံးရာအကြာ ပြင်သစ်နိုင်ငံရဲ့တော်လှန်ရေးကာလ ( ၁၇၈၉ -၁၇၉၉)ပါ။
မြန်မာတွေသိကြတဲ့ဇာတ်လမ်းဖြစ်တဲ့ လူတွေငတ်ပြတ်နေလို့ ပေါင်မုန့်တောင် စာစရာ
မရှိဘူးဆိုပြီး ဘုရင်ကိုတောင်းဆိုချိန်မှာ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားဆိုပြီးဘုရင်မက
ပြောခဲ့ရာကနေ လူထုအုံကြွမှုပိုဆိုးသွားပြီး နောက်ဆုံး ပြည်သူတွေဟာ နန်းတော်ထဲ
အထိဝင်စီးကာ ဘုရင်ကိုရော၊ ဘုရင်မကိုပါ ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ခံထိတဲ့ ဘုရင်မ
Marie Antoinette (မာရီအန်တွာနတ်)က ဒီဘုရင်မပါပဲ။
Your browser does not support the video tag. ပြင်သစ်တော်လှန်ရေးအကြောင်းကိုအကြမ်းဖျင်းလေပေါပြရရင်တော့ ပြင်သစ် တော်
လှန်ရေးဆိုတာက ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ – ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်း
မှာဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ပါ။ အဲ့ဒီခေတ်ကာလတုန်း
က ပြင်သစ်နိုင်ငံမှာ ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများ
ကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် စနစ်ကိုတွန်းလှန်ခဲ့ပြီးလူတိုင်း တန်းတူ အခွင့်အရေး
ရှိသည့် အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းနိုင်ခဲ့ပါတယ်။ တော်လှန်ရေးစတင်ဖြစ်ပွားစေတဲ့
အကြောင်းအရင်းကတော့ ပြင်သစ်ဘုရင် လူဝီ၁၄ရဲ့ အသုံးအဖြုန်းကြီးပြီး သြဇာအာဏာ
ကြီးမားချင်ရာကနေ အိမ်နီးချင်းတိုင်းပြည်တွေကိုစစ်ခနခနတိုက်လို့ စစ်စရိတ်ထောင်းပြီး
အခွန်တွေတိုးကောက်၊ ကုန်စျေးနှုန်းတွေစကြီးလာတာကြောင့်ပါ။ နောက်တက်တဲ့ဘုရင်
တွေဖြစ်တဲ့ လူဝီ၁၅၊ လူဝီ၁၆တို့ဟာလည်း အသုံးအဖြုန်းကြီးတဲ့ဘုရင်တွေပါပဲ။ ပြည်သူ
တွေမွဲသထက်မွဲလာပြီး ပြည်သူတွေရဲ့အခြေအနေကပိုဆိုးလာပါတယ်။ ဘုရင်ကိုကပ်ဖား
နေတဲ့မှူးမတ်တွေနဲ့ ကတ်သလစ်ဘုန်းကြီးတွေကလည်း မြေတွေကိုအများကြီးရယူထားပြီး
အခွန်မဆောင်ကြတော့ အခြေအနေကပိုဆိုးလာပါတယ်။ နယ်စားမြို့စားတွေဘာလုပ်လုပ်
ပြည်သူဘက်က တရားပြန်စွဲဆိုခွင့်မရှိတော့ မကျေနပ်ချက်တွေလည်းပိုများလာတယ်လေ။ အဲ့ဒီကာလမှာ ပြည်သူတွေကို အသိဥာဏ်ဖွင့်ပေးတဲ့ပညာရှိစာရေးဆရာတွေဖြစ်တဲ့ ဗော်လ
တဲယား၊ မွန်တက်စကျူး၊ ရူးဆိုးတို့ရဲ့လမ်းပြပေးမှုကြောင့် ဘုရင်ဆိုတဲ့ကောင်တွေဟာ နတ်
သိကြားတွေလည်းမဟုတ်၊ မိုးကျရွှေကိုယ်တွေလည်းမဟုတ်တာကို ပြည်သူတွေဟာ ပိုပိုပြီး
သဘောပေါက်လာကြပြီး အုပ်ချုပ်ရေးပိုင်းမှာလည်း ပြည်သူတွေပါခွင့်ရှိကြောင်းသိလာရသလို
အရမ်းကိုနုံချာစုတ်ပြတ်နေတဲ့မိမိတို့အခြေအနေကိုပါသတိပြုလာကြတယ်။ နောက်တော့
၁၇၈၉မှာ ဘုရင်ဆိုတဲ့ကောင်ဟာ သူသုံးဖြုန်းနေတာကိုကာမိဖို့အခွန်တိုးကောက်ဖို့အတွက်
အစည်းအဝေးခေါ်တယ်။ ပြည်သူ့ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်။ ဘုရင်က စစ်တပ်နဲ့
ချိန်းခြောက်တယ်။ ပြည်သူ့ကိုယ်စားလှယ်တွေက လွှတ်တော်ကနေထွက်ပြီး စင်ပြိုင်လွှတ်
တော်ထောင်တယ်။ ခြေဥအသစ်ရေးဆွဲပြီးတဲ့အထိ လွှတ်တော်ကိုမဖျက်သိမ်းဘူးလို့ကျိန်ဆို
ကြတယ်။ ဘုရင့်လွှတ်တော်က တခြားလွှတ်တော်ကိုယ်စားလှယ်တွေလည်းအမြင်မှန်ရပြီး
လာပူးပေါင်းတယ်။ နောက်ဆုံးတော့ ပြည်သူတွေရဲ့လွှတ်တော်ကိုဘုရင်က အသိအမှတ်ပြု
ရတယ်။ ဒါပေမဲ့ အင်အားသုံးဖြိုခွဲဖို့ကိုတော့ဆက်လုပ်တယ်။ လွှတ်တော်ရဲ့ဝန်ကြီးချုပ်ကို
ဖြုတ်ပစ်တယ်။ အဲ့ဒီအခါမှာတော့ ပြည်သူတွေဟာ လက်နက်တွေရဖို့ ဗက်စတီးကိုအကျဥ်း
ထောင်ကိုတိုက်ခိုက်တယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုတော်လှန်မှုစဖြစ်ပွားတယ်။ နောက်
တော့ စည်မျဥ်းခံဘုရင်စနစ်ကိုပြောင်းပစ်နိုင်ခဲ့တယ်။ ကျွန်စနစ်ကိုဖျက်သိမ်းပေးလိုက်ရတယ်။
လူတိုင်းဟာ လွတ်လပ်စွာပြောဆိုခွင့်၊ မဲပေးခွင့်ရလာတယ်။ လူဝီဘုရင်ဟာ စည်းမျဥ်းခံဘုရင်
စနစ်အောက်မှာ အကျဥ်းသားလိုနေရလို့ပြင်သစ်နိုင်ငံရဲ့ရန်သူနိုင်ငံတွေနဲ့လျှို့ဝှက်ဆက်သွယ်
တယ်။ နောက်တော့ထွက်ပြေးဖို့ကြိုးစားရာကနေ ပြန်အဖမ်းခံရတယ်။ ဘုရင်ကိုလူတွေက မယုံကြည်ကြတော့တာမလို့ တော်လှန်ရေးသမားတွေထဲမှာ ဘုရင့်ဂိုဏ်းနဲ့
သမ္မတဂိုဏ်းဆိုပြီး၂ခုကွဲတယ်။ သမ္မတဂိုဏ်းကအာဏာရလာပြီး စည်းမျဥ်းခံဘုရင်စနစ်ကိုဖျက်
သိမ်းပြီး သမ္မတစနစ်ကိုထူထောင်တယ်။ ဘုရင်ကိုကွပ်မျက်ပစ်တယ်။ သမ္မတစနစ်ဖြစ်လာပေမဲ့
ကတ်သလစ်ဂိုဏ်းဟာ ဘာသာရေးချုပ်ချယ်တယ်ဆိုပြီး အစိုးရသစ်ကို...
Leo (2023)
⭐IMDB: 7.8/10 (38 k Votes)
🎬 #Action #Bollywood #Crime #Drama #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 41 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Leo (2023) “လီယို”IMDB-7.9/10
King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့ ကြည့်ပျော်လောက်မယ့် ရုပ်ထွက်တခုနဲ့ အကြည်ဗားရှင်းထွက်လာခဲ့ပါပြီ…သို့ပေမဲ့ E Sub ဗားရှင်းအသေထိုးထားတဲ့ HS Versionဆိုတာတော့ သတိပြုစေချင်ပါတယ်…
LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj’s Cinematic Universeအဖြစ်နဲ့Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကိုတင်ဆက်ပေးလိုက်ပါတယ်။
မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။
ဇာတ်လမ်းအညွှန်း
မြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊
အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲသောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။
လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာသေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။
ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက်သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကိုအိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင်ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Paranormal Activity 4 (2012)
⭐IMDB: 4.6/10 (69 k Votes)
🎬 #Horror #Mystery
🗓 2012 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fangoria Chainsaw Awards နဲ့ Young Artist Awards ရရှိထားတဲ့ ခြောက်ခြားဖွယ်ကောင်းတဲ့ သဘာဝလွန်ဖြစ်ရပ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့က ၃ကား ကြည့်ပြီးသား လူဆိုရင်တော့ ဒီရုပ်ရှင်အမျိုးစားက ဘယ်လောက်တောင် ကောင်းလဲဆိုတာကို အထူးတလည် ညွှန်းနေစရာ လိုမယ် မထင်ပါဘူး။ Supernatural, Detective Pikachu, The society, The map of tiny perfect things, Ant man 1,2,3 အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာထဲက ကျွန်တော်တို့ရဲ့ အချစ်တော် ကောင်မလေး Kathryn Newtonနဲ့အတူ Paranormal Activity ရုပ်ရှင်တွဲရဲ့ မပါမဖြစ် Katie Featherstonနဲ့အတူ နောက်ထပ် သရုပ်ဆောင်ပေါင်းများစွာကို ဒီကားထဲမှာ ခြောက်ခြားဖွယ်မြင်တွေ့ရမှာပါ။
အေးချမ်းလှတဲ့ ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ အဲလက်စ်နဲ့ ဝိုင်းရက်တို့မိသားစုရဲ့ မျက်နှာချင်းဆိုင်အိမ်ကို မိသားစု တစ်စုပြောင်းလာကြပါတယ်။ အဲလက်စ်နဲ့ ဝိုင်းရက်တို့ မောင်နှမ ၂ယောက်ရဲ့ မိသားစုဘဝလေးထဲကို မျက်နှာချင်းဆိုင်အိမ်က ကလေး ရော်ဘီ ဝင်ရောက်လာတဲ့အခါမှာတော့ မထင်မှတ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပျက်လာပါတယ်။ ဒီသဘာဝလွန်ဖြစ်ရပ်တွေက ဘယ်လိုတွေဖြစ်လာတာလဲ၊ ဘယ်လိုတွေ ကြမ်းပြသွားမလဲဆိုတာကို Paranormal Activity ရဲ့ ရိုးရာမပျက် စိတ်ခြောက်ခြားဖွယ် ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။
အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Asih (2018)
⭐IMDB: 5.1/10 (412 Votes)
🎬 #Horror #Mystery #Thriller #Drama
🗓 2018 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 17 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Asih (2018)
သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမကကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita ကသူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။
အညွန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
A Tale of Happiness (1988)
⭐TMDB: 43.0% User Score
🎬 #Adult #Comedy #Drama
🗓 1988 🎞 movie
🌎 #Japan
⏰ 1 နာရီ 30 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Pursuit of Happiness (1988)
ယူဆူကီးနဲ့ ဝါကာကိုတို့ဟာ သက်လတ်ပိုင်းဇနီးမောင်နှံဖြစ်ပြီး ဆယ်ကျော်သက်သားနဲ့သမီးတို့လည်းရှိတဲ့ ပျော်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့လည်း နေ့တိုင်းစားနေကျဟင်းလျာကို ငြီးငွေ့လာသလိုမျိုး သူ့ဇနီးချောကိုရိုးအီလာတဲ့ ယူဆူကီးက အိမ်ထောင်ပြင်ပမှာအပျော်ရှာချင်လာပြီး ချာကိုဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်နဲ့ဇာတ်လမ်းရှုပ်ဖို့ပြင်လာပါတယ်။
ချာကိုဟာ ကြေးစားမိန်းကလေးမဟုတ်ဘဲ အပိုဝင်ငွေရှာချင်တဲ့ ကျောင်းသူလေးတစ်ယောက်သာဖြစ်ပြီး ချွဲတတ်နွဲ့တတ်ခရာတတ်သူမို့ လူရိုးကြီး ယူဆူကီးဟာ အကြွေကြီးကြွေဆင်းလာတဲ့နောက် အိမ်ထောင်ရေးနဲ့အလုပ်ကိုပါထိခိုက်မလိုဖြစ်လာတဲ့အချိန်မှာတော့…။
ခေါင်းစဉ်ကိုကြည့်ပြီး Will Smith ရဲ့ The Pursuit of Happyness နဲ့မမှားစေလိုပါ။ ဒီဇာတ်ကားကတော့ Pink Film မဆန်တဲ့ Pink Film တစ်ကားပဲဖြစ်ပြီး Mainstream ဇာတ်ကားတွေလိုမျိုး သဘာဝကျတဲ့ဇာတ်လမ်းဇာတ်ကွက် အလွမ်းအသောလေးတွေနဲ့ခံစားရမှာဖြစ်ပါတယ်။ မင်းသမီးနှစ်ယောက်လုံးကလည်း ရှယ်မိုက်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Heart's Motive (2023)
⭐IMDB: 5.9/10 (36 Votes)
🎬 #Crime #Drama #Mystery
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 52 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Return of the Condor Heroes (2006)ဇာတ်လမ်းတွဲနာမည်ကျော်ခဲ့တဲ့မင်းသား Huang Xiao Mingရဲ့မမAngelababy နဲ့ကွာရှင်းပြီးမှထွက်တဲ့ Comeback Movie လေးပဲဖြစ်ပါတယ်။
Huang Xiao Ming ကအရမ်းတော်တဲ့ရှေ့နေတစ်ယောက်ဖြစ်သရုပ်ဆောင်ထားတာပါ။(၆)နှစ်ကြာမှဥပဒေလောကထဲကိုပြန်ရောက်လာတဲ့သူဟာ ပထမဆုံးပြန်ကိုင်ရတဲ့အမှုဟာအနှိပ်ခန်းကအထူးဝန်ဆောင်မှုပေးတဲ့ အနှိပ်သည်မတစ်ယောက်ဟာသူ့ရဲ့ဖောက်သည်ကိုရိုက်သတ်ခဲ့တဲ့အမှုဖြစ်တယ်။
အားလုံးကအနှိပ်သည်ကတရားခံဆိုပြီး တရားသေအမှုအဖြစ်သတ်မှတ်ထားတဲ့အချိန်မှာ အမှုဟာမရိုးရှင်းဘူးလို့သူသုံးသတ်ခဲ့ပါတယ်။ဒီလိုနဲ့သူရဲ့အမှုသည်ဟာအပြစ်မရှိကြောင်းပြနိုင်ဖို့ကြိုးစားရင်းအမှန်တရားတွေဟာ ချည်မျှင်စဆွဲထုတ်သလိုတဖြည်းဖြည်းပေါ်လာပါတော့တယ်။
သူ့ရဲ့(၆)နှစ်ကြာမှာလုပ်ငန်းခွင်ပြန်ဝင်ရတဲ့အမှုဟာအောင်မြင်မလားအမှန်တရားရဲ့နောက်ကွယ်မှာဘာတွေရှိမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်။...
Asih 2 (2020)
⭐IMDB: 6.2/10 (270 Votes)
🎬 #Horror
🗓 2020 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 44 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Asih 2 (2020)
2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းကကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့်အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih ကဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။
အညွန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။...
Tales From The Occult: Body and Soul (2023)
⭐TMDB: 63.0% User Score
🎬 #Crime #Horror
🗓 2023 🎞 movie
🌎 #China #HongKong
⏰ 1 နာရီ 34 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tales from the Occult : Body and Soulမှာအပိုင်းသုံးပိုင်းခွဲထားပြီးတော့ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ ရုပ်ရှင်အမျိုးအစားပါဇာတ်လမ်းအစပိုင်းမှာတော့ မိန်းကလေးမော်ဒယ်တစ်ယောက်ကကုမ္ပဏီသူဌေးရဲ့ ထိပါးစော်ကားမှုကိုခံခဲ့ရပြီး မထင်မှတ်ပဲဆိုက်ကိုလူသတ်သမားလုပ်တဲ့ ဆံပင်ညှပ်ဆိုင်ထဲကိုဝင်ရောက်မိပြီး အသတ်ခံရခဲ့တယ်
ဒုတိယအပိုင်းမှာတော့ နိုရာရဲ့ကြောင်ပေါပေါကိုသတ်ခဲ့တဲ့တရားခံကိုတဖြည်းဖြည်းဖော်ထုတ်ပြီး နိုရာကိုယ်တိုင်ပြန်ပေးဆွဲခံခဲ့ရတဲ့ထိတ်လန့်စရာမြို့ပြဒဏ္ဌာရီတစ်ခုပဲဖြစ်ပါတယ်
တတိယအပိုင်းဖြစ်တဲ့သွားဆေးခန်းအမှုမှာတော့ လူတိုင်းသွားဆေးခန်းမှာကြုံတွေ့ရနိုင်တဲ့ ကြောက်လန့်စရာဖြစ်ရပ်တွေကိုရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းသုံးမျိုးမှာဘယ်လိုအမှုတွေဖြစ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြတာပေါ့...
Tales From The Occult: Body and Soul (2023)
⭐TMDB: 63.0% User Score
🎬 #Crime #Horror
🗓 2023 🎞 movie
🌎 #China #HongKong
⏰ 1 နာရီ 34 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tales from the Occult : Body and Soulမှာအပိုင်းသုံးပိုင်းခွဲထားပြီးတော့ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ ရုပ်ရှင်အမျိုးအစားပါဇာတ်လမ်းအစပိုင်းမှာတော့ မိန်းကလေးမော်ဒယ်တစ်ယောက်ကကုမ္ပဏီသူဌေးရဲ့ ထိပါးစော်ကားမှုကိုခံခဲ့ရပြီး မထင်မှတ်ပဲဆိုက်ကိုလူသတ်သမားလုပ်တဲ့ ဆံပင်ညှပ်ဆိုင်ထဲကိုဝင်ရောက်မိပြီး အသတ်ခံရခဲ့တယ်
ဒုတိယအပိုင်းမှာတော့ နိုရာရဲ့ကြောင်ပေါပေါကိုသတ်ခဲ့တဲ့တရားခံကိုတဖြည်းဖြည်းဖော်ထုတ်ပြီး နိုရာကိုယ်တိုင်ပြန်ပေးဆွဲခံခဲ့ရတဲ့ထိတ်လန့်စရာမြို့ပြဒဏ္ဌာရီတစ်ခုပဲဖြစ်ပါတယ်
တတိယအပိုင်းဖြစ်တဲ့သွားဆေးခန်းအမှုမှာတော့ လူတိုင်းသွားဆေးခန်းမှာကြုံတွေ့ရနိုင်တဲ့ ကြောက်လန့်စရာဖြစ်ရပ်တွေကိုရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းသုံးမျိုးမှာဘယ်လိုအမှုတွေဖြစ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြတာပေါ့...
Road to Boston (2023)
⭐IMDB: 8.1/10 (105 Votes)
🎬 #Biography #Drama #Sport
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 48 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Road to Boston (2023)
၁၉၄၇ ခုနှစ်…
အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု…
၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့်ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်
အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်
ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး…အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာအခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်
ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီးကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်..ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..
Main cast အနေနဲ့ Ha Jung Woo, Im Si Won,Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ပါဝင်ထားပါတယ်
အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။...
Thale (2012)
⭐IMDB: 5.5/10 (6 k Votes)
🎬 #Drama #Fantasy #Horror #Mystery #Thriller
🗓 2012 🎞 movie
🌎 #Norway
⏰ 1 နာရီ 18 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Thale (2012)=========
လီယိုနဲ့ အယ်ဗစ်တို့ဟာ မှုခင်းသန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်းလုပ်နေကြတဲ့ သူငယ်ချင်းတွေပါ။ တစ်နေ့တော့ ဖစ်ပလင်တောင်ကြားထဲက အိမ်ဟောင်းတစ်လုံးကို တာဝန်အရသွားကြရင်းအမှတ်မထင် လျှို့ဝှက်မြေအောက်ခန်းတစ်ခုကိုတွေ့ရှိသွားကြပါတယ်။ အဲဒီမြေအောက်ခန်းထဲက ရေချိုးကန်ထဲမှာ အမည်မသိမိန်းကလေးတစ်ယောက်က နှစ်ရှည်လများအနှစ်ခံထားရပေမဲ့အသက်ရှင်နေသေးတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့….။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Ratham (2023)
⭐IMDB: 8.4/10 (96 Votes)
🎬 #Bollywood #Crime #Drama #Thriller #Action
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 23 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Raththam (2023) “ဂျာနယ်ကျော် ဦးကူးမား”IMDb-8.6/10
သူတောင်းစားကားတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီဦးဆောင်ပါဝင်လာတဲ့ ဇာတ်ကားသစ်လေးကိုပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။
မင်းသားကတော့ သူ့ထုံးစံအတိုင်း အထာကျကျနဲ့ သရုပ်ဆောင်ချက်တွေ ပီပြင်တဲ့အပြင်အနုအကြမ်းအစုံရတာမို့ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်မပျက်စေရမှာပါ။
ဇာတ်လမ်းအစမှာ သူတို့မင်းသားအကြောင်း မကောင်းရေးလို့ လူမိုက်တစ်ယောက်ကသတင်းတိုက်ထဲဝင်ပြီး သတင်းထောက်ကို ဓားနဲ့ထိုးသတ်သွားပါတယ်။ဒီလိုလိုကိစ္စတွေက သတင်းထောက်လောကမှာ ပါမွှားလေးပါ။
သတင်းယူရတာ အန္တရာယ်ကြီးတဲ့အပြင် သတင်းရေးရတာလဲအတိုက်အခိုက်ပေါင်းစုံ၊ အစိုးရ၊ လူမိုက်ဂိုဏ်း၊ ပြည်သူစတဲ့ ဘက်ပေါင်းစုံက ဖိအားများစွာနဲ့ပါ။
အဲ့သတင်းတိုက်မှာ အယ်ဒီတာချုပ်အဖြစ် single father ကူးမားတစ်ဖြစ်လဲဗီဂျေးရဲ့သရုပ်ဆောင်ချက်အလန်းတွေနဲ့အတူ စတုတ္ထမဏ္ဍိုင်အကြောင်းကိုအချစ်အလွမ်းအကြမ်း ရသစုံစွာတင်ဆက်ပေးထားတာမို့ ပရိသတ်ကြီးကြည့်ရှုခံစားနိုင်ဖို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။
(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Sharing A Room Suddenly With A Cherry Boy Low Ranking Employee During Record-breaking Rain On A Business Trip… Minami Aizawa (2022)
⭐TMDB: 100.0% User Score
🎬 #Adult #Drama #Romance
🗓 2022 🎞 movie
🌎 #Japan
⏰ 2 နာရီ 1 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယုံကြည်ချက်ရှိပြီး ပြတ်သားတဲ့အကြည့် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရုပ်ရည်လေးနဲ့ ချစ်စရာကိုယ်လုံးလေးပိုင်ဆိုင်ထားပါတဲ့ Minami Aizawa လေးရဲ့ ရင်သပ်ရှုမောဖွယ်ရာ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်……
ဒီ IPX-819 ဆိုတဲ့ ဇာတ်ကားလေးထဲမှာတော့ လူပျိုနုနုထွတ်ထွတ်လေးဖြစ်တဲ့ သူ့လက်အောက်က ဝန်ထမ်းလေးနဲ့ မြို့တမြို့ကို အလုပ်ကိစ္စတွေအသွား ဟာရီကိန်း မုန်တိုင်းကြီးတိုက်တော့ ပြန်လာလို့မဖြစ်တဲ့အခြေအနေနဲ့ကြုံခဲ့ရတဲ့အကြောင်းလေးပါ…..မုန်တိုင်းဝင်တော့ ဟိုတယ်ခန်းတွေကလည်း ပြည့်တာနဲ့ မတတ်နိုင်တဲ့အဆုံး တစ်ခန်းတည်းမှာပဲ နှစ်ယောက် မိုးခိုကျရင်း မနက်ရောက်သွားတဲ့အကြောင်းလေးကို ရှုထောင့်မျိုးစုံကနေ တင်ဆက်ပေးထားတာမို့ လက်မလွှတ်တမ်းသာ ကြည့်ရှုပြီး ဘဝအမောတွေ မုန်တိုင်းနဲ့အတူ မျောပါသွားကြပါစေဗျာ………..
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Locked In (2023)
⭐IMDB: 5.1/10 (644 Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedKingdom #France
⏰ 1 နာရီ 38 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့
မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို
ထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ….။
ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့
လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်…။
လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံး
အကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊
မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ….။
ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့…..
ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကို
လက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့….
ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲ
သားဖြစ်သူအတွက်သာ အမွေတွေအကုန်ပေးအပ်ခဲ့ပါတယ်…။
ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့….။
အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့်
အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ….။
အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကို
ပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်….။
ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါ
ထပ်ရလာတဲ့အခါမှာတော့….
အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ….။
မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်က
အမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့်
Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်...
Love and Death at Fuji Speedway (1972)
⭐TMDB: 35.0% User Score
🎬 #Adult #Drama #Romance
🗓 1972 🎞 movie
🌎 #Japan
⏰ 1 နာရီ 22 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Circuit of Sorrow (1972)
ဒီဇာတ်လမ်းရဲ့ တစ်ခြားနာမည်တစ်ခုကတော့Love and Death at Fuji Speedwayလို့ခေါ်ပါတယ်။
မောင်းနေတဲ့ကားကို ထိန်းချုပ်မရခဲ့ပဲ ကြေကွဲဖွယ်ဇာတ်သိမ်းခဲ့တဲ့ ပြိုင်ကားမောင်းသမား Yukio Fukuzawa ကိုအခြေခံထားပြီး ဇာတ်လမ်းထဲမှာ နာမည်ကျော် ပေါ့ပ်အဆိုတော် ကောင်မလေးတစ်ယောက်နဲ့ထင်ရာစိုင်းနေခဲ့တဲ့ အချစ်ကို အရူးအမူးလိုက်ရှာနေခဲ့တဲ့ ဇာတ်ကြောင်းပါပဲ။ Pink Film ဆိုပေမဲ့ သေသေသပ်သပ်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။
မြင်နေကျ ကြိုးတုပ် ဖယောင်းစက်ချ အိအိအအတွေကိုမြင်ရမှာမဟုတ်ပေမဲ့ Mainstream လိုင်းထဲကသွားပြီး မင်းသမီးတွေတော်တော်လှတဲ့ကားပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
