ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Lights Out (2024) ⭐IMDB: 5.1/10 (166 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lights Out (2024) Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုးဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ဘားတစ်ခုမှာ ဖဲရိုက်ရင်း ဝိုင်းထဲက လူတွေနဲ့ ရန်ဖြစ်ကြလို့ ဒက်ဖ်က အကုန်လုံးကို အမှောက်သိပ်လိုက်ပါတယ်။အဲဒါကို မက်စ်က အစအဆုံးမြင်လိုက်ပါတယ်။မက်စ်က တရားမဝင်မြေအောက် ထိုးသတ်ပွဲတွေအတွက် လူလိုက်ရှာနေတာမို့ ဒက်ဖ်က ဝင်ထိုးဖို့ စည်းရုံးပါတယ်။ဒီလိုနဲ့ ဒက်ဖ်တစ်ယောက် မြေအောက်လောကထဲဝင်ပြီးအကျင့်ပျက်ရဲတွေ၊ ရာဇဝတ်ဂိုဏ်းတွေနဲ့ ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အချိန်မှာတော့….. အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
Route No 17 (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 51 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Route No.17 (2023) ” မရဏလမ်း ” IMDb-7.8/10 Horror ကားကိုမှ မှုခင်းတွေဖြေရှင်းပြီး ရင်ခုန်စိတ်လှုပ်ရှားကြည့်ချင်သူများအကြိုက်ဇာတ်လမ်းတစ်ပုဒ်…..။ ကာသစ်ခ်နဲ့ အန်ဂျနာတို့က သူငယ်ချင်းမွေးနေ့သွားကြရင်း ဖုန်းစက်ပိတ်အားလုံးနဲ့အဆက်ဖြတ်ပြီး တောအုပ်ထဲသွားပျော်ပါးကြတဲ့ အချစ်ငှက်လေးတွေပေါ့ချစ်စိတ်တွေမွှန်နေကြတော့ လမ်းမှာမဝင်ရဆိုင်းဘုတ်ကိုပါ မမြင်မိဘဲ တောတွင်းလမ်းတစ်ခုကိုဝင်သွားမိကြတယ်အဲဒီတောလမ်းထဲမှာ ကြည်နူးနေကြရင်း ရုတ်တရက်တွေ့ကြုံလာတဲ့ ခြောက်ခြားဖွယ်ကိစ္စတစ်ခု… နှစ်ယောက်လုံးပျောက်သွားလို့ တိုင်ချက်ဖွင့်သူလည်းရှိသလို ချစ်သူရည်းစားတွေမို့အပျော်လွန်သွားနေကြတာလို့ထင်ကြသူတွေလည်းရှိတဲ့အချိန်..ကာသစ်ခ်က ဝန်ကြီးဟောင်းရဲ့သားဖြစ်နေသူမို့ ရဲတွေမနေသာလိုက်စုံစမ်းရာက….ကာသစ်ခ်တို့ပျောက်ဆုံးမှုနဲ့အတူ မီးခိုးကြွက်လျှောက် ပေါ်လာတဲ့ရာဇဝတ်မှုခင်းများစွာနဲ့ အဲဒီတောအုပ်ရဲ့ ခြောက်ချားစရာဇာတ်လမ်းတစ်ပုဒ်ပေါ်ထွက်လာတဲ့အချိန်မှာတော့…… အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ ToMo ~ V တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Mind the Gap (2004) ⭐TMDB: 54.0% User Score 🎬 #Comedy #Drama 🗓 2004 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 11 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထားဘူတာက ပလက်ဖောင်းတွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ လမ်းမှာကူညီပေးရမလား မေးတဲ့သူကတောင်မေးမိတာမှားပါပြီဆိုပြီး လက်လန်သွားရတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီအဖိုးကြီးမှာ သိပ်ကိုအဓိပ္ပာယ်ရှိလှတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တစ်ခုရှိနေတယ်။ ဒုတိယအနေနဲ့ကတော့ အရမ်းချစ်ကြတဲ့ အဖေတစ်ခု သားတစ်ခု သားအဖပါ။ ဒီသားအဖကတော့ နယူးယောက်မြို့အနီးက ကျေးလက်လေးတစ်ခုမှာနေထိုင်ကြတယ်။ အဖေဖြစ်သူဟာ မူလတန်းအရွယ်သားလေးကို အဖေနေရာရော အမေနေရာကပါ ချစ်ပေးရှာတယ်။ ဒါပေမဲ့ သားငယ်ဟာ တစ်သက်လုံးလစ်ဟာလာတဲ့ အမေဖြစ်သူကို တောင့်တလာတဲ့အခါမှာတော့ အဖေဖြစ်သူဟာ သူတို့မိသားစုလေးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ စဉ်းစားရတော့တယ်။ တတိယတစ်ယောက်ကတော့ မန်ဟက်တန်ရဲ့လမ်းမတွေပေါ်မှာ သီချင်းဆိုဖျော်ဖြေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နှလုံးရောဂါသည် အမျိုးသမီးလေးတစ်ဦး။ သူမဟာ အဆိုသိပ်တော်တယ်၊ သူမ စွန့်စားရင်စွန့်စားကြည့်သလို သူမအတွက် အခွင့်အလမ်းသစ်တွေက စောင့်မျှော်နေမှာ။ ဒါပေမဲ့ သူမဟာ တချို့သောအကြောင်းပြချက်တွေကြောင့် အတွေ့အကြုံ၊အပြောင်းအလဲအသစ်တွေကို လက်ခံဖို့ နှစ်ပေါင်းများစွာ ငြင်းဆန်လာခဲ့သူလေး။ တစ်ရက်မှာတော့ သူမဘ၀အတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာမယ့် အခွင့်အရေးကို ဖမ်းဆုပ်ဖို့ရာ သတ္တိမွေးကြည့်လိုက်တဲ့အခါမှာတော့… လေးယောက်မြောက်နေရာမှာ အလှည့်ကျလာတဲ့သူကတော့ အတိတ်က တစ်ခုသောအကြောင်းကိစ္စကြောင့် ချစ်ရတဲ့ သားဖြစ်သူနဲ့ တစ်အိမ်စီခွဲနေနေရတဲ့ သက်လတ်အရွယ် လူမည်းအမျိုးသားတစ်ဦး။ သားဖြစ်သူနဲ့ တစ်နှစ်မှာ တစ်ခေါက် နှစ်ခေါက်သာ တွေ့ရတဲ့အဖေဖြစ်သူအဖို့တော့ သူ့ဘ၀ဟာ သေမထူးနေမထူးဖြစ်လာရတာ သားငယ်နဲ့ခွဲခွါခဲ့ရကတည်းကပါပဲ။ ဒီလွမ်းဆွတ်တမ်းတမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ဒီအဖေဖြစ်သူဟာ မလွန်ဆန်နိုင်တော့တဲ့နောက်မှာတော့ မသိစိတ်က လက်ခံဖို့ငြင်းဆိုထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ရာကြိုးစားရတော့တယ်။ နောက်ဆုံးဇာတ်လမ်းကတော့ ဘ၀မှာ ပျော်စရာဆိုလို့ စာတိုက်ကနေ စာပို့၊ တိပ်ခွေလေးတွေနားထောင်တာကလွဲလို့ များများစားစားမရှိရှာတဲ့ နာမကျန်းနေတဲ့အမေကြီးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးလိမ္မာတစ်ဦးအကြောင်းပါ။ ဒီသမီးငယ်ဟာ မိခင်ကို မငြိုမငြင်နဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးပေမဲ့ မိခင်ဆီကပြန်ရတဲ့အရာက ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အမုန်းတရားတွေ ဥပေက္ခာတွေသာ ဖြစ်နေတဲ့အခါမှာတော့ မေတ္တာငတ်လာခဲ့ရတဲ့ သူမခမျာ သူမနဲ့ထိုက်တန်တဲ့ ချစ်ခြင်းတွေ ပျော်ရွှင်မှုတွေကို ဒီတစ်သက် သူမ ရှာဖွေနိုင်ပါဦးမလား။ ဇာတ်လမ်းလေးငါးခုက ဇာတ်လမ်းတစ်ခုပြီးမှ နောက်တစ်ခုကိုပြတာမဟုတ်ဘဲ timeline တစ်ခုတည်းမှာပဲ တစ်ခုပြလိုက် နောက်တစ်ခုကိုပြလိုက်နဲ့ပြတာ ဆက်ပြသွားတာဖြစ်လို့ ဇာတ်လမ်းစစချင်းမှာ ဇာတ်ရည်မလည်သေးပေမဲ့ မိနစ် ၂၀ လောက်ကစလို့ စိတ်၀င်စားစရာကောင်းလာပြီး ဒီလူငါးယောက်ရဲ့ ဘ၀ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေ၊ အဆုံးသတ်တွေ၊ သူတို့ရဲ့နောက်ကြောင်းတွေကို သိချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး အဆုံးအထိ မထစတမ်းကြည့်ရှုဖြစ်သွားအောင် ဆွဲခေါ်ပေးသွားမှာပါ။ လက်တွေ့ဘ၀က အဖြစ်တွေအတိုင်း ထပ်တူကျအောင်ရိုက်ကူးထားပြီး သရုပ်ဆောင်ချက်တွေ ဒိုင်ယာလော့တွေကလည်း သိပ်ကိုအရည်အသွေးကောင်းပြီး ၂၀၀၄ ခုနှစ်ရဲ့ လွမ်းဆွတ်ဖွယ်ရာ မြင်ကွင်းတွေကို သေချာပေါက် ခံစားကြည့်ရှုလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။...
24 Weeks (2016) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Drama 🗓 2016 🎞 movie 🌎 #Germany ⏰ 1 နာရီ 42 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 24 Weeks (2016) လူ့ဘဝဆိုတာ နတ်ပြည်ကအပ်တစ်ချောင်နဲ့ငရဲပြည်ကအပ်တစ်ချေင်း ထိပ်ချင်းတိုက်ပြီးဆုံဖို့ကလွယ်လိမ့်မယ်လူ့ဘဝကရဖို့မလွယ်ဘူးဆိုပြီး ပြောကြဟောကြခဲ့တာကို ကြားဖူးကြမှာပါ။ဒါပေမဲ့ ဒီလူ့ဘဝဆိုတာလဲ သန္ဓေတည်တဲ့အချိန်ကစပြီး အချိန်တိုင်းဟာ သေခြင်းတရားကိုရင်ဆိုင်နေကြရတာပဲလေ။အထူးသဖြင့် ခုခေတ်လို ကလေးတွေကိုလွယ်လွယ်မွေးပြီး လွယ်လွယ်စွန့်ပစ်တာတွေ ကိုယ်ဝန်ဖျက်ချတာတွေဒီလိုတွေများလာတော့ ဘဝတွေဟာ စတောင်မစရသေးဘူး အဆုံးသတ်သွားကြရတာများလာပါတယ်။ဒါတွေက တာဝန်ယူလိုစိတ်နည်းပါးလာမှုတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပါ။ဒါပေမဲ့လဲ ဒါတွေကိုအပြစ်တွေလိုက်ပြောနေမဲ့အစား ဒီလိုတွေမဖြစ်အောင် အသိပညာပေးမှ အလုပ်ဖြစ်မှာပါ။လူတိုင်းဟာ ကိုယ်တိုင်မကြုံရသရွေ့ ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်လိုမှ ပေါ်မလာနိုင်ပါဘူးတဲ့။ကိုယ်ချင်းစာတယ်ဆိုတာ အပြောနဲ့တင်မဟုတ်ပဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာနိုင်တာပါ။တခြားနိုင်ငံတွေမှာတော့ မလိုချင်တဲ့ကိုယ်ဝန်ရသွားပြီဆိုရင် ဖျက်ချပိုင်ခွင့်ရှိပါတယ်။ဒါကတော့ နောက်ဆုံးနည်းလမ်းပေါ့။ဘယ်လိုပဲဖြစ်ဖြစ်ပါ လူ့ဘဝဟာရဖို့မလွယ်သလို လူစဉ်မှီအောင်မွေးလာဖို့ဆိုတာလဲ မလွယ်ပါဘူး။လူစဉ်မှီဦးတော့ မွေးရာပါ ရောဂါတွေနဲ့ဆို မွေးပေးတဲ့ မိဘတွေကိုဒုက္ခပေးသလိုတောင်ဖြစ်နေပါသေးတယ်။ဒီလို ပုံမှန်လူတစ်ယောက်အဖြစ်မွေးဖွားလာတဲ့အတွက်ကို ကံတော်တော်ကောင်းနေပါပြီ။ဒီလိုဘဝမျိုးကို လိုချင်မဲ့သူတွေ သူများတွေလို လူတန်းစေ့နေနိုင်ချင်သူတွေ ဒုနဲ့ဒေးဆိုတာ သတိရပြီး ကိုယ့်ဘဝကို ကျေးဇူးတင်ရမှာပါပဲ။ခုတင်ဆက်ပေးတဲ့ ဂျာမနီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ လူ့ဘဝမှာ လူစဉ်မှီပြီးခုချိန်ထိအသက်ရှင်ကာ လူ့ဘဝရဲ့ ဒုက္ခသုခတွေခံစားနေရတာကို ကျေးဇူးတင်မိကြမှာအမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း အက်စ်ထရစ်ဆိုတာ အောင်မြင်နေတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။သူ့အလုပ်မှာလဲ အောင်မြင်နေသလို လူချစ်လူခင်လဲများပါတယ်။ကိုယ့်ကိုချစ်တဲ့ ယောကျာ်းနဲ့ ချစ်ရတဲ့သမီးလေးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားတဲ့သူပေါ့။အေးချမ်းပျော်ရွှင်ရတဲ့ မိသားစုလေးပါ။ဒုတိယကိုယ်ဝန်ကိုလဲ လွယ်ထားပြီး အမျိုးသမီးတိုင်းအားကျရတဲ့ စံပြအမျိုးသမီးတစ်ယောက်ပေါ့။ဒါပေမဲ့ ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ပြီး စစ်ကြည့်တဲ့အချိန်မှာ သန္ဓေသားရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ပါလာပါတယ်။ဒီနှလုံးကို မွေးပြီးပြီးချင်းခွဲစိတ်မှသာ ကလေးဟာဆက်လက်အသက်ရှင်မှာပါ။ဒါနဲ့တင်မပြီးသေးပါဘူး ကလေးကိုအမြဲစောင့်ကြည့်ပြီး ခွဲစိတ်မှုတွေက လိုအပ်တိုင်းလုပ်မှအသက်ရှင်မှာပါ။ပြောရရင် မွေးကတည်းကဆေးရုံမှာပဲ အသက်ရှင်နိုင်မဲ့အခြေအနေပေါ့။ဒါကိုက တော်တော်ကိုအခြေနေကောင်းမှ ခွဲနေတုန်းတင်လဲ သေသွားနိုင်တယ်။ဒီလိုအဖြစ်ဆိုးကြီးကို ကြုံရမဲ့မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကလေးကို ဆေးရုံမှာပဲနေပြီး ဒုက္ခခံခိုင်းရမလားစောစောစီးစီးအဆုံးသတ်လိုက််ရမလား တော်တော်ကိုမှကျဉ်းထဲကြပ်ထဲ အခြေအနေပါ။ကိုယ့်ရဲ့ကလေးကို သေမလားရှင်မလားရွေးရမဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်ကို စာနာပြီးကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...
Ghajini (2008) ⭐TMDB: 70.0% User Score 🎬 #Action #Bollywood #Drama #Mystery #Uncategorized #Romance #Thriller 🗓 2008 🎞 movie 🌎 #India ⏰ 3 နာရီ 5 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghajini (2008) အခုတစ်ခါမှာတော့ PK မင်းသား 3Idiots မင်းသားလို့လူသိများတဲ့ ဘော်လီဝုဒ်တွမ်ဟန့်ခ်ကြီးအမီရ်ခန်းရဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီကားလေးဟာ IMDb 7.3(66K) အထိရရှိထားတဲ့ အက်ရှင် ဒရာမာ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ပထမဦးဆုံး ကုဋေတစ်ရာကျော်အမြတ်ရရှိခဲ့တဲ့ ဘော်လီဝုဒ်ကားလေးဆိုရင်လည်းမမှားပါဘူး။ဒီကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ A. R. Murugadoss ဟာ ၂၀၁၄ခုနှစ်မှာ ကျင်းပခဲ့တဲ့Filmfare Award မှာ Best Director ဆုကိုလည်း ဗီဂျေးရဲ့ Kaththi 2014 ကားနဲ့ ဆွတ်ခူးခဲ့ပါသေးတယ်။ ဒီကားလေးဟာလည်း ဇာတ်ဆောင်မင်းသား မင်းသမီး ဒါရိုက်တာနဲ့ ဇာတ်ပို့တွေအပါအဝင်ဆန်ခါတင်ရွေးချယ်ခံခဲ့ရပြီး ဆုတွေအများကြီးလည်းချိတ်နိုင်ခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားဟာ အကြောင်းတစ်ခုကြောင့် ယာယီမှတ်ဉာဏ်ပျောက်ဆုံးနေခဲ့ပါတယ်။သူ့မှာ ၁၅မိနစ်စာလောက်ပဲကိစ္စတွေကို မှတ်မိပါတယ်။ အဲ့ဒီ၁၅မိနစ်ပြီးသွားရင်တော့ သူ ဘာကိုမှ မမှတ်မိတော့ပါဘူး။ဒီလိုမှတ်ဉာဏ်ပျောက်ဆုံးနေတဲ့သူမှာ ကလဲ့စားချေစရာကိစ္စတွေရှိနေခဲ့ပါတယ်။ ဒါကိုတော့ ဘယ်သူမှလည်းမသိသလို ဘာကြောင့်မှန်းလည်း သူကိုယ်တိုင်မမှတ်မိနေခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့မှတ်ဉာဏ်အတွက် ကိစ္စတိုင်းကို သူဓါတ်ပုံရိုက်ပြီးသိမ်းထားလေ့ရှိသလိုသူ့ကိုယ်ပေါ်က တက်တူးကြောင်းတွေ အမှတ်အသားတွေက လျှို့ဝှက်ချက်မြောက်မြားစွာကိုအဖြေမဖေါ်နိုင်လောက်အောင် ဖြစ်နေခဲ့ပါပြီ။ သို့ပေတည်း သူဟာလက်စားချေဖို့ထွက်လာခဲ့ပါပြီ။၁၅မိနစ်တာမှတ်မိနေတတ်တဲ့ သူ့မှတ်ဉာဏ်တွေနဲ့ဘယ်လိုတွေစိတ်ဝင်စားစရာကောင်းမလဲဆိုတာကိုတော့ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါဦးနော်…။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Two Brothers (2004) ⭐TMDB: 71.0% User Score 🎬 #Adventure #Drama #Family 🗓 2004 🎞 movie 🌎 #France #UnitedKingdom ⏰ 1 နာရီ 49 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် Enemy At The Gates ဇာတ်ကားနဲ့ European Film Awards ဆုအပြင် အခြားဆုတွေအများကြီးသိမ်းပိုက်ထားတဲ့ ဒါရိုက်တာကြီး Jean-Jacques Annaud ကိုယ်တိုင်ရိုက်ကူးထားပြီး ရုပ်ရှင်ထူးချွန်ဆုတွေအများကြီးရထားတဲ့ မင်းသားကြီး Guy Edward Pearce နဲ့ August Rush မင်းသားလေး Freddie Highmore တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Advanture/ Drama/Family ဇာတ်ကားလေးဖြစ်ပြီး ဆုတွေအများကြီးလည်းဆွတ်ခူးထားပါသေးတယ် ဇာတ်လမ်းလေးကတော့… နာမည်ကျော် မုဆိုးကြီးတစ်ယောက်ဖြစ်တဲ့ အီဒင်မက်ရိုရီ တစ်ယောက်ဟာ အမဲလိုက်တာထက် ပိုပြီးဝင်ငွေကောင်းတဲ့ တောထဲကဘုရားဆင်းတုတွေ လန်ဒန်လေလံဈေးကွက်ကိုခိုးသယ်ဖို့အတွက် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဘက်ကို ခြေဆန့်လာခဲ့ရင်း အမျှော်လင့်ပဲ ကျားမိသားစုနဲ့တည့်တည့်တိုးခဲ့မိတယ်ကျားမိသားစုပြိုကွဲအောင်လုပ်ခဲ့မိပြီး လမ်းကွဲသွားတဲ့ ကျားညီကိုပေါက်လေးနှစ်ကောင်ဟာ တစ်ယောက်တစ်နေရာစီနဲ့ မတူညီတဲ့ဘဝတွေမှာ မွေးမြူလေ့ကျင့်ခံရပြီး တစ်ချိန်မှာ ပြန်ဆုံစည်းဖို့ ကံအကြောင်းဖန်လာတာကို ဇာတ်အိမ်လေးတည်ထားတာပါ ကျားတစ်ကောင်ရဲ့ လှုပ်ရှားမှုတွေ၊ တိုက်ခိုက်ပုံတွေကိုရိုက်ပြထားတာတွေကလည်း ပီပြင်လွန်းပါတယ်ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Air Force One Down (2024) ⭐IMDB: 4.3/10 (652 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Air Force One ဆိုတဲ့အမေရိကန်သမ္မတစီးတဲ့ လေယာဉ်ကြီးကို ပြန်ပေးဆွဲကြတဲ့ ဝင်စီးကြတဲ့ ဇာတ်ကားတွေလည်း ရှေ့မှာအများကြီးထွက်ခဲ့ပြီးပေမဲ့ တကယ်တမ်း အဲ့လိုလုပ်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ ဒီတော့အဲ့ဒီလေယာဉ်နဲ့ပတ်သတ်ပြီး အခု ၂၀၂၄ မှာလည်း စိတ်ကူးယဉ် ဇာတ်ကားတစ်ကားထပ်ထွက်လာပြန်လာပြီ။ ဇာတ်လမ်းအစမှာတော့ မရိန်းတပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အယ်လစ်ဆန်ကိုတွေ့ရမှာဖြစ်ပြီး ဦးလေးရဲ့ ကျေးဇူးနဲ့သမ္မတရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ထဲ ဝင်ရောက်ခွင့်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမေရိကန်သမ္မတက အက်စ်တိုဗီယန်နိုင်ငံနဲ့ ရေနံကိစ္စသဘောတူညီချက် ယူဖို့လုပ်နေ ခဲ့တာဖြစ်ပြီး သမိုင်းဝင်ဖြစ်လာမဲ့ စာချုပ်တစ်ခုကို အက်စ်တို ဗီယန်နိုင်ငံမှာ လက်မှတ်ရေးထိုးမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကိုယ့်နိုင်ငံကရေနံကို အမေရိကန်ကို မပေးချင်တဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က သမ္မတစီးနင်းလိုက်ပါလာမဲ့ Air Force One လေယာဉ်ကိုဝင်စီးပြီး စာချုပ်ကိုဖျက်သိမ်းခိုင်းဖို့ ကြိုးစားပုံတွေနဲ့ မနေ့တစ်နေ့ကမှရောက်လာတဲ့ အယ်လစ်ဆန်က သမ္မတကြီးကို ကာကွယ်ဖို့အစွမ်းကုန်ကြိုးစားပုံတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်...
Forever Strong (2008) ⭐TMDB: 71.0% User Score 🎬 #Drama #Sport #Action 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားကစားရုပ်ရှင် ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီဇာတ်လမ်းက ဟိုက်လန်းရပ်ဂ်ဘီ အထက်တန်းကျောင်းအသင်းရဲ့အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်ကောင်တွေပြောသလိုဆို အမေရိကန်ဖွတ်ဘောဆိုတာ ဦးထုတ်တွေ အကာတွေထည့်ပြီး ကလေးတွေပဲကစားတာမျိုး ရပ်ဂ်ဘီကမှ တကယ့်ယောကျ်ားတွေကစားတဲ့ အားကစားတဲ့။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ခ်ဆိုတဲ့ ကောင်လေးက သောက်စားပျော်ပါးပြီး ဘာကိုမှအလေးမထားတဲ့ ဆယ်ကျော်သက် ရပ်ဂ်ဘီအားကစားသမားတစ်ယောက်ပေါ့။ အဖေဖြစ်သူနည်းပြနဲ့ မျက်နှာချင်းဆိုင်လို့မရဘဲ ကိုယ်မှန်တယ်ထင်တာလုပ်နေကြတဲ့သူတွေ။ ဒီလိုနဲ့တစ်ရက် ရပ်ဂ်ဘီပွဲတစ်ခုမှာရှုံးပြီး ပါတီကအပြန် ကားမှောက်ရာမှာ အတူလိုက်စီးတဲ့ ချစ်သူဒဏ်ရာအကြီးအကျယ်ရပြီး ရစ်ခ်တစ်ယောက် လူငယ်ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရပါတယ်။ ဒီမှာပဲ စခန်းရဲ့အုပ်ချုပ်ရေးမှူးက သူ့ကို ဟိုက်လန်းရပ်ဂ်ဘီအသင်းဆီ ပါဝင်စေဖို့စည်းရုံးခဲ့ပါတယ်။သူမရဘူးတဲ့ နည်းပြရဲ့ ဆုံးမမှုတွေ အသင်းထဲက ညီအစ်ကိုစိတ်ဓာတ်တွေကို ရပြီးတဲ့နောက်မှာတော့ရစ်ခ်တစ်ယောက် ပြောင်းလဲသွားခဲ့ပါတော့တယ်။ အားကစားရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းပါပဲ ရင်ထဲမှာ တစ်ခုခုတော့ကျန်နေစေခဲ့မှာမို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...
This Place (2022) ⭐IMDB: 5.2/10 (160 Votes) 🎬 #Drama #Romance 🗓 2022 🎞 movie 🌎 #Canada ⏰ 1 နာရီ 23 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယိုစသာ ဆိုတဲ့အင်ဒီးယန်းမျိုးနွယ်ကောင်မလေးဟာ ကျောင်းဆက်တက်ဖို့အကြောင်းပြချက်နဲ့မြို့တော်ကြီးကိုတက်လာခဲ့ပေမယ့် သူ့ရဲ့တကယ့်ရည်မှန်းချက်က မွေးကတည်းကမမြင်ဖူးခဲ့တဲ့ဖခင်ဖြစ်သူကိုရှာဖို့ဖြစ်ပါတယ်။ သူနဲ့သူ့ဖခင်ကိုကိုဝေးကွာစေခဲ့တဲ့ မိခင်ကိုအပြစ်မတင်နိုင်မတင်ရက်ပေမယ့် ခွင့်လွှတ်ဖို့လည်းသူ့အတွက်ခက်နေပါတယ်။ အဲ့ဒီအချိန်မှာ မာလယ်ဆိုတဲ့ သီရိလင်္ကာနိုင်ငံသူ တမီလ်လူမျိုးအမျိုးသမီးလေးနဲ့ဆုံတွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့နောက် နှစ်ဦးသားအပြန်အလှန် ရင်ဖွင့်ဖလှယ်ကြရင်း ဘ၀ရဲ့ပြဿနာတွေ ဒွိဟတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ This Place ဟာ ထူးခြားတဲ့ဇာတ်အလှည့်အပြောင်းမပါ၊ ရိုးရှင်းတဲ့တင်ဆက်ပုံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းရှုစားရမယ့် coming of age drama ကားလေးတစ်ကားဖြစ်ပါတယ်။...
Wild Seas (2022) ⭐TMDB: 65.0% User Score 🎬 #Drama #Romance #Uncategorized 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 34 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ Wild Seas ဆိုတဲ့အတိုင်း Sailors တွေ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ ဘယ်လိုခက်ခက်ခဲခဲကြိုးစားရင်ဆိုင်ကြလဲဆိုတာကို လှပတဲ့ရှူခင်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးတွေရောနှောပြီးကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…….. အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ငါးဖမ်းသမားယောက်ျားနဲ့အတူ ပင်လယ်ပြင်တစ်ခွင်မှာကျင်လည်ကျက်စားရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပါတယ်။ တစ်နေ့မှာတော့သူတို့အဖွဲ့အတွက်လူလိုလို့ဆိုပြီး အဖွဲ့ဝင်အသစ်တစ်ယောက်ကိုရှာရာကနေ မက်ဆန့်စ်ဆိုတဲ့ခပ်ငယ်ငယ်ခပ်ချောချောကောင်လေးတစ်ယောက်က သူတို့ဘဝထဲကိုဝင်လာခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ကောင်လေးကို ကလေးတစ်ယောက်လိုပဲဆက်ဆံခဲ့ပေမဲ့ အဲဒီကောင်လေးဘက်က အမျိုးသမီးအပေါ်ကိုထားတဲ့ လေးစားမှုတွေကချစ်ခြင်းတရားအဖြစ်ပြောင်းလဲသွားတဲ့အခါမှာတော့…. သူတို့လင်မယားနှစ်ယောက်ကြားထဲမှာ ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲဆိုတာကိုဇာတ်ရှိန်အနိမ့်အမြင့်နဲ့ ကြည့်ရှူရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
Girl with a Gun (2022) ⭐IMDB: 3.3/10 (129 Votes) 🎬 #Action #Thriller 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Girl with a Gun”သေနတ်နှင့်မိန်းကလေး” တစ်နေ့မှာတော့ တိုမီဆိုတဲ့ကောင်မလေးဆီကို ဖုန်းတစ်လုံးဝင်လာပါတယ်…။ ဖုန်းထဲကပြောစကားကြောင့် တိုမီရဲ့မိခင်ဖြစ်သူဟာ ဖခင်ဖြစ်သူကို သေနတ်နဲ့ပစ်ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမှန်းသိလိုက်ရပါတယ်။ မိဘတွေနဲ့လည်းမတွေ့ရတာကြာလေတော့ ဖြစ်စဥ်ကိုမယုံ ကြည်နိုင်လောက်အောင်ဖြစ်နေတဲ့ တိုမီတစ်ယောက် မိဘတွေရှိရာ မွေးရပ်မြေမြိုလေးဆီပြန်ခဲ့ပါတော့တယ်။ သိုပေမယ့် တိုမီရဲ့မြိုလေးဟာ အရင်နဲ့မတူဘဲ ရာဇဝတ်မှုခင်းတွေ ဖြစ်ပျက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့…. တိုမီတစ်ယောက် မိဘတွေရဲ့အမှုကို ဘယ်လိုအဖြေရှာမလဲ၊ ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်...
Che: Part Two (2008) ⭐TMDB: 67.0% User Score 🎬 #Biography #Drama #History #War 🗓 2008 🎞 movie 🌎 #France #Mexico #Spain #USA #UnitedStates #Germany #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 43 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်…..] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်….) (DatShinMovie Page မှ ကူးယူဖော်ပြသည်….) (Unicode) ၁၉၅၆ ခုနှစ် . . ။ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။ အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး Fidel Castro (ဖီဒယ် ကပ်စ်ထရို)၊ ဆရာဝန် ပျောက်ကျား စစ်သည်တော်ကြီး Che Guevara (ချေဂွေဗားရား) တို့ ပါဝင်တဲ့ အယောက် ၈၀ တပ်ဖွဲ့ငယ်လေးပါ . . . ။ သူတို့ဟာ တစ်ချိန်မှာ ကမ္ဘာ့သမိုင်းရဲ့ အင်မတန်ဆန်းကျယ်လှပ သေသပ်တဲ့ တော်လှန်ရေးကြီးကို ဆင်နွှဲတော့မှာ ဖြစ်တယ်။______________________________ “ Che ” (part one – Argentine / part two – Guerrilla)___________________×× _____________ * ဒါရိုက်တာ * Che ဆိုတဲ့ ဟောဒီ ဖြစ်ရပ်မှန် ရုပ်ရှင်ကြီး ဟာ Steven Soderbergh ရိုက်ကူးခဲ့ပြီး၂၀၀၈ ခုနှစ်မှာ အပိုင်း ၂ ပိုင်း ခွဲလို့ ထွက်ခဲ့ပါတယ်။ ပထမပိုင်းနာမည်က Che Part One : Argentine ဖြစ်ပြီး ဒုတိယပိုင်းအမည်က Che Part Two : Guerrilla ပါတဲ့။ အားလုံးသိထားတဲ့အတိုင်းပဲ Che (ချေဂွေဗားရား) ဆိုတာ ကမ္ဘာကြီးရဲ့ နာမည်ကြီး တော်လှန်ရေးခေါင်းဆောင်၊ ဆရာဝန်၊ ပျောက်ကျားစစ်ဆင်ရေး ပညာရှင်၊ တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီး တစ်ယောက်ပါ။ Che ကို မသိကြတဲ့သူတွေ များပေမယ့် t shirt တွေ စတစ်ကာတွေပေါ်မှာ ကြယ်နီ ပါတဲ့ ဦးထုပ်အပြားလေးဆောင်းထားတဲ့ မုတ်ဆိတ်ပါးသိုင်းမွှေးနဲ့ ဘဲကြီးကိုတော့ လူတိုင်း မြင်ဖူးပြီးသားပါ။ အဲ့ဒါ Che ပါပဲ။ Che ဟာ ကျျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးလူသားတွေထဲက တစ်ယောက်ပါ။ အားလုံးမြင်ဖူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံဟာဆိုရင် ကမ္ဘာ့နာမည်အကြီးဆုံး ဓာတ်ပုံလို့ကို ပညာရှင်များက တစ်ညီတညွှတ် သတ်မှတ်ထားပါတယ်။ သူက အာဂျင်တီးနားမှာမွေးတယ်။ ကျူးဘား (Cuba) ကို သွားပြီး တော်လှန်ရေး လုပ်တယ်။ ကျူးဘား က စစ်အာဏာရှင်ကြီး ကို အပြုတ်ဖြုတ်ခဲ့တယ်။ Che မှာ ပန်းနာရင်ကျပ်ရောဂါ ရှိတယ်။ ကျူးဘားအမျိုးသားခေါင်းဆောင်ကြီး Fidel Castro ရဲ့ သွေးသောက်ရဲဘော်ညီရင်းအစ်ကို ဖြစ်တယ်။ တော်လှန်ရေးကြီး အောင်မြင်သွားချိန်မှာတော့ Che ဟာ ကျူးဘား တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ဝန်ကြီးနေရာတွေကို တာဝန်ယူပေးတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ Che ဟာ နိုင်ငံတကာ တော်လှန်ရေးသင်္ကေတ တစ်ခုလိုကို ဖြစ်လာတယ်။ သူ့ကို ဘုရားလို ကိုးကွယ်ကြတဲ့သူတွေ ထုနဲ့ ထည်နဲ့ ရှိတယ်။ ဒီလောက် ကြီးကျယ်ခန်းနားတဲ့ Che ရဲ့ အကြောင်းကို ရုပ်ရှင်ရိုက်မယ်ဆိုတော့ ဘယ်လိုရိုက်မှာတုန်း?? ဖြစ်ပါ့မလား?? အရင်ဆုံး ပြောချင်တာက ဒီ ရုပ်ရှင် ဒီ ဒါရိုက်တာရဲ့ ရိုးသားမှု ပါပဲ။ ဒီရုပ်ရှင်မှာ ဒါရိုက်တာဟာ Che ကို ဘာမှ စာမဖွဲ့ထားဘူး။ ဘုရားသခင်လိုလည်း အားလုံးပြည့်စုံပါ၏ မလုပ်ထားဘူး။ အတတ်နိုင်ဆုံး ဘယ်မျက်နှာမှ မလိုက်ပဲ အရှိအတိုင်း ရိုးရိုးလေး ဇာတ်ကားကို သယ်ဆောင်ပြသွားတယ်။ Che ဟာ ရိုးရှင်းပြီး ပြတ်သားတယ်။ ဒါကိုပဲ focus လုပ်သွားတယ်။ စကားအပို သိပ်မပြောဘူး။ စစ် တိုက်ရင်တိုက်နေမယ်။ ဒါမှ မဟုတ် စာဖတ်ရင် ဖတ်နေမယ်။ တစ်ခါတစ်လေ သူ့ တပ်သားတွေကို ဆဲနေမယ်။ တစ်ခါတစ်လေ ဆုံးဖြတ်ချက် အမှားတွေချမိနေတယ်။ တစ်ခါတလေ မိန်းမနဲ့ သားသမီးတွေနဲ့ ပျော်ပျော်ရွင်ရွင် အချိန်ကုန်နေမယ်။ ဒီလောက်ပဲ။ Che ကို ကိုယ်ယောင်ကိုယ်ဝါ တောက်ပနေသယောင် မလုပ်ပြထားဘူး။ ကျူးဘားရဲ့ ကျေးဇူးရှင်ဖခင်ကြီးလိုလည်း မဖန်ဆင်းထားဘူး။ Che ရုပ်ရှင်ဟာ Che လိုပဲ ရှင်းတယ်။ ရိုးတယ်။ တကယ်တော့ Che ရဲ့ အလုပ်တွေ ဖြတ်သန်းမှုတွေက နည်းတာကြီးမဟုတ်ပါဘူး။ ပြမယ်ဆို series လိုက်ကြီး စိန်နေအောင် ပြလို့ရတယ်။ ဒါပေမယ့် ဒါရိုက်တာဟာ သူ လိုသလောက်ပဲ Che ဘဝ တစ်ချို့ကို ကောက်နုတ်ပြသွားတယ်။ ဒါရိုက်တာ Steven Soderbergh ဟာ Sex , Lies , Videotapes ဆိုတဲ့ရုပ်ရှင်နဲ့ ၁၉၈၉ မှာ အသက်အငယ်ဆုံး Palm D Ore ဆု ကို ဆွတ်ခူးခဲ့တယ်။ ဒီမှာတော့ Ocean Twelve တို့ Ocean Eleven တို့ စတဲ့ ရုပ်ရှင်တွေကို ကြည့်ဖူးတဲ့သူ များပါတယ်။ အဲ့ဒါ ဒီဘဲကြီး ရိုက်တဲ့ ကားတွေပါပဲ။ Ocean Franchise တစ်ခုလ...
X Tape (2023) ⭐TMDB: 0.0% User Score 🎬 #Drama #Mystery 🗓 2023 🎞 movie 🌎 #India ⏰ 23 မိနစ် 4 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 X Tape (2023)XTape Liv (2023)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ သည်းထိတ်ရင်ဖိုလည်းပါ..သရဲအခန်းလည်းပါ လူငယ်ကြိုက်အခန်းတချို့လည်းပါတဲ့ ရသစုံစီးရီးလေးဖြစ်ပြီး အသက်၁၈နှစ်အောက်နှင့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့စီးရီးလေးပါလို့လဲ ပြောချင်ပါတယ်. ပညာပေးဇာတ်လမ်းတွဲဆိုရင်လည်း မမှားနိုင်ပါဘူး။ ခုခေတ်ကောင်မလေးတွေ လိုက်ခ် ဖော်လိုဝါတစ်ခုရဖို့ ဘယ်လိုအခြေအနေမျိုးကိုမဆို နိမ့်ကျနိုင်တယ်။ ဘာမဆိုလုပ်နိုင်တယ်ဆိုတာကိုပြထားပါတယ်။ အရှက်သိက္ခာတွေလည်း မငဲ့ မထည့်တွက်ဘဲ ဆိုရှယ်မီဒီယာပေါ်မှာသာ နာမည်ကြီးရင်ပြီးရောဆိုပြီး အဖေါ်အချွတ်တွေပြချင်နေတဲ့ ခုခေတ်လူငယ်တွေအတွက်လို့ပဲပြောရတော့မှာပဲ။ ဒီဇာတ်လမ်းတွဲလေးမှာလည်း ဒီအကြောင်းတွေကို ကွက်ကွက်ကင်းကင်းရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ စုံတွဲတစ်တွဲ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးဖို့အတွက် အဖေါ်အချွတ်ဗီဒီယိုရိုက်ဖို့ လူသူအရောက်အပေါက်နည်းတဲ့ တောထဲက စံအိမ်ကြီးဆီကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီစံအိမ်ကြီးကလည်း ဟိုးတောအလည်မှာတည်ရှိနေတာမို့ ခြောက်တယ်လို့လည်း လူတွေကပြောကြတယ်။ ဆယ်လီနံပါတ်ဝမ်းဖြစ်ဖို့ သူတို့တွေ အဲ့ဒီစံအိမ်ထဲမှာပဲ မူစကူဒူးဗီဒီယိုရိုက်ခဲ့ပါတယ်။ ပြီးတော့ သူတို့စုံတွဲပျောက်သွားရော…။နောက်ထပ်လည်း အဲ့ဒီစံအိမ်ထဲ ဝင်လာသူမှန်သမျှတစ်ယောက်ပြီးတစ်ယောက်ပျောက်ပျောက်သွားနေပါတယ်။ ဆိုတော့ သိတဲ့အတိုင်းပဲ ဇာတ်လမ်းထဲမှာ စီးမျောလိုက်ကြဦးနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Bhamakalapam 2 (2024) ⭐TMDB: 0.0% User Score 🎬 #Bollywood #Comedy #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 BhamaKalapam 2 (or) ပါလေရာငပိချက်IMDb – 8.2/10 ဒီတစ်ခေါက်မှာတော့ ၂၀၂၂ကထွက်ရှိထားတဲ့ comedy Crime ဇာတ်လမ်း BhamaKalapamရဲ့အဆက် BhamaKalapam 2ကို တင်ဆက်ပေးချင်ပါတယ်အာနူပါးမားလို့ခေါ်တဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်က သူ့ရဲ့ဟင်းချက်စကေးကြောင့်နဲ့ ယူကျုမှာ နာမည်ကြီးနေပါတယ်။ သူ့ရဲ့ မဆိုင်တဲ့ကိစ္စကို ဝင်ပါတတ်တဲ့အကျင့်ကြောင့်လည်း သူ့မှာစိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့ဖူးပါတယ်။ဒီလိုနဲ့ အိမ်အလုပ်လုပ်လိုက် ယူကျုချန်နယ်လေးမှာတင်လိုက်နဲ့ တစ်ရက်တစ်ရက် ပျင်းနေတာနဲ့ သူ့ခင်ပွန်းဆီကနေခွင့်တောင်းပြီးတော့ ဟိုတယ်လေးတစ်ခုကိုဖွင့်လှစ်လိုက်ပါတော့တယ်။ ပြီးတော့ ဟင်းချက်ကျွမ်းကျင်သူဖြစ်တဲ့အလျောက်ကို ကမ္ဘာ့နာမည်ကြီးဟင်းချက်ပြိုင်ပွဲတစ်ခုမှာ လျှောက်လွှာလိုက်ရင်း ပါဝင်ခွင့်ရသွားခဲ့ပါတယ်။အာနူပါးမားဟာ ဟိုတယ်ကို သူ့ရဲ့အိမ်ဖော်ကောင်မလေး ရှီလ်ပါနဲ့အတူဖွင့်ရင်း တစ်ရက် သူတို့ဆိုင်မှာ လူဆိုးတစ်ယောက်ကခဏခဏလာတာကို သတင်းရသွားပြီးတဲ့နောက်မှာ ရဲတွေက လာရောက်ဖမ်းဆီးရင်း လူဆိုးက ထွက်ပြေးကာတိုက်တိုက်ဆိုင်ဆိုင်ပဲ မတော်တဆဖြစ်ကာ အာနူပါးမားဟာ ကားမောင်းသင်ရင်းလူဆိုးကိုတိုက်မိသွားရာကနေ အဲဒီလူဆိုးက အာနူပါးမားကို လာရောက်ခြိမ်းခြောက်ပါတော့တယ်။ တစ်ရက် သူတို့တွေ ဟိုတယ်က စားသောက်ဆိုင်လေးကိုဖွင့်ဖို့ပြင်တုန်းအအေးခန်းထဲမှာ အလောင်းတစ်လောင်းကို တွေ့ရှိရင်း တိုင်ပတ်ကြပါတော့တယ်။ အဲဒီအလောင်းက ဘယ်ကနေ ရောက်လာတာလဲ ………သူများကိစ္စဆိုရင် ဝင်ပါတတ်တဲ့ အာနူပါးမားတစ်ယောက် ဒီအမှုကြီးနဲ့ ဘယ်လိုပတ်သတ်သွားတာလဲ …..ဟင်းချက်ပြိုင်ပွဲဝင်ရင်းနဲ့ရော ဘာတွေဆက်ဖြစ်ဦးမလဲ ….ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Animal Kingdom (2023) ⭐IMDB: 6.9/10 (3 k Votes) 🎬 #Adventure #Drama #Horror #ScienceFiction #Mystery #SciFi 🗓 2023 🎞 movie 🌎 #France #Belgium #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပြောင်းအလဲအမြဲဖြစ်နေတဲ့လောကကြီးမှာ လူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီး လူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်….။ ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊ တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ…။ ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့ စိတ်မကောင်းစရာပဲပေါ့…။ ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်…။ ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့ ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့ ကြုံတွေ့လာရတဲ့အခါ….။ Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစား ရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမို တင်ဆက်ပေးလိုက်ပါဗျာ...
Dinner Rush (2000) ⭐TMDB: 72.0% User Score 🎬 #Crime #Drama #Romance #Action #Thriller 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2000ခုနှစ်က ထွက်ရှိပြီး Rotten Tomatoes 91% ရထားတဲ့ Crime/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ 2022 ကထွက်ခဲ့တဲ့ The Bear လိုမျိူး စားဖိုဆောင်ထဲမှာ စားဖိုမှူးတွေ ရုန့်ရင်းဆန်ခတ် သုတ်သီးသုတ်ပျာဖြစ်နေတာမျိုး၊ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြောင်းတွေကို တစ်ညအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ။ Mr. Cropa က လောင်ကစားဒိုင် ပိုင်ရှင်ပါ။ သူ့မှာ Gigino ဆိုတဲ့ အီတလီ စားသောက်ဆိုင်လည်း ရှိပါတယ်။ သူ့ရဲ့ သားဖြစ်သူ Udo ကတော့ စားသောက်ဆိုင်ရဲ့ အကြီးဆုံးစားဖိုမှူးပါ။ လက်ထောက်စားဖိုမှူး Duncanကတော့ မလောင်းရမနေနိုင်အောင် လောင်းကစားခုံမင်သူဖြစ်ပါတယ်။ Duncan ပတ်သတ်မိသွားတဲ့ ဂန်းစတား နှစ်ယောက်က Cropa ရဲ့ စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး Cropa ကို အကြပ်ကိုင်ကြပါတယ်။ ကြည့်ရတာ သုတ်သီးသုတ်ပျာ ဖြစ်နေပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။...
Kill Me If You Dare (2024) ⭐IMDB: 4.3/10 (276 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Poland ⏰ 1 နာရီ 34 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kill me if you dare (2024) ပိတ်ရက်မှာ ဇာတ်လမ်းပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အပန်းဖြေနိုင်ဖို့ ပိုလန်နိုင်ငံက ရိုက်ကူးပြီးNetflix က ဖြန့်ချီထားတဲ့ Romance/ Comedy ရုပ်ရှင်လေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ပိုလန်နိုင်ငံက ရိုက်ကူးတာမို့ မြင်နေကျ Hollywood ရုပ်ရှင်တွေနဲ့ ကွဲထွက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပျော့တ်နဲ့ နာတာလီယာတို့ဟာ ရုန်းကန်နေရတဲ့ သာမန်လင်မယားတွေပါ။ငွေကြေးလည်း မချမ်းသာသလို စားနိုင်ရုံသောက်နိုင်ရုံပါပဲ။အိမ်ထောင်သက်ကြာပြီဖြစ်တာမို့ ယောကျ်ားက မိန်းမကို ဂရုမစိုက်နိုင်တာ၊ ပိုက်ဆံနှမြောတာ အစရှိသဖြင့်ပြဿနာအသေးအမွှားတွေတော့ ရှိပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုပါပဲ။နှစ်ပတ်လည်နေ့မို့လို့ ညစာထွက်စားရင်း ခဲခြစ်ကံစမ်းမဲလာရောင်းတဲ့ အဘွားကြီးဆီကနေခဲခြစ်ကံစမ်းမဲ ဝယ်ပြီး ကံစမ်းရာကနေ ပိုက်ဆံ ၅ သန်း မဲပေါက်သွားပါတယ်။ဒီလိုနဲ့ လင်မယား ၂ ယောက်ကြား ငွေကြေးဝင်လာပြီးတစ်ယောက်ကို တစ်ယောက်ကများ သတ်ပစ်ပြီး ပိုက်ဆံတွေ လုမလားဆိုတဲ့သံသယတွေ ဝင်လာကြလို့ တလွဲတွေဖြစ်တာကို ဟာသတွေနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
Naa Saami Ranga (2024) ⭐IMDB: 5.6/10 (506 Votes) 🎬 #Action #Adventure #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Naa Saami Ranga (2024)“ရွာလူမိုက်” တေလဂူး အက်ရှင်/ဒရာမာ ဇာတ်ကားကြမ်းကြမ်းလေး တင်ပေးလိုက်ပါတယ် ၂၀၁၉ ကမလေယာလမ် ရုပ်ရှင် Porinju Mariam Jose ကို ပြန်ပြီးရိုက်ထားတာ ဖြစ်ပါတယ်၂၀၂၄ ရဲ့ ဝင်ငွေအကောင်းဆုံး ၇ ကားမြောက်အိန္ဒိယရုပ်ရှင် ဖြစ်ခဲ့ပြီး တတိယ ဝင်ငွေအများဆုံး တေလဂူးကား ဖြစ်ပါတယ် ဇာလ်လမ်းအကျဥ်းကတော့ ၁၉၆၃ ရွာတစ်ရွာမှာ ကစ်ရှ်တေယာ ဆိုတဲ့ မိဘမဲ့ကောင်လေးကို အန်ဂျီရဲ့အမေက မွေးစားခဲ့ပြီး သူတို့နှစ်ယောက် ညီအစ်ကိုရင်းပမာ အတူတူကြီးပြင်းခဲ့ပါတယ် တစ်နေ့ သူတို့အမေ ဆုံးတော့ အလောင်းမချသေးခင် အကြွေးနဲ့အိမ်လာသိမ်းတဲ့ ကြွေးရှင်ရဲ့ ရန်ကနေ“ပက်ဒေယာ” ဆိုတဲ့ ကျေးရွာခေါင်းဆောင်က ကယ်တင်ပေးခဲ့တဲ့နေ့ကစပြီး ကစ်ရှ်တေယာ တစ်ယောက်ရွာသူကြီးကို ကျေးဇူးရှင်တစ်ယောက်လို သဘောထားခဲ့ပါတယ် ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့ရတဲ့ ကောင်မလေးကိုလည်း အကြောင်းကြောင်းကြောင့်လက်မထပ်နိုင်သေးပဲ သူကြီးခိုင်းတာမှန်သမျှ ပြဿနာအဝဝကို လူယုံတစ်ယောက်လို ဖြေရှင်းပေးနေရပါတယ်ဒီလို ကစ်ရှ်တေယာကို အရေးပေးခြင်းအပေါ် သူကြီးရဲ့သားအရင်းတွေက မနာလိုကြပါဘူး တစ်နေ့တော့ သူချစ်ခင်တွယ်တာတဲ့ သူတွေအပေါ်အန္တရာယ်ကျရောက်လာတဲ့ အချိန်မှာ မားမားမတ်မတ်ဘယ်လို ကာကွယ်ပေးသွားမလဲဆယ်နှစ်တာချစ်ခဲ့ရတဲ့ ကောင်မလေးနဲ့ရော ကံကြမ္မာက ဆုံဆည်းခွင့်ပေးပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Eye for an Eye 2 (2024) ⭐TMDB: 53.0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 တုန်းက ထွက်ရှိထားတဲ့Eye For An Eye ( 2023 ) – Channel Myanmarရဲ့အဆက်ပဲဖြစ်ပါတယ်..အရင်ကားကြည့်ချင်ရင်တော့အပေါ်လင့်လေးမှာထောက်ကြည့်နိုင်ပါတယ် Eye for an eye 2 မှာ မျက်မမြင်သူရဲကောင်းဟာ တရားရုံးတော်ကဆုကြေးဝရမ်းထုတ်ထားတဲ့ လူဆိုးတွေကိုဖမ်းတဲ့ကြေးစားတစ်ယောက်အဖြစ်လုပ်ကိုင်ပြီးနေခဲ့တယ်။သူနေတဲ့မြို့မှာ အဖေ့ရဲ့ရာထူးကိုအားကိုးပြီး လူ့အသက်ကိုတန်ဖိုးမထားထင်ရာဆိုင်းနေတဲ့ လူ့အမှိုက်တစ်ယောက်က သောင်းကျန်းနေပါတယ်။ ကံဆိုးစွာနဲ့ အဲဒီလူရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ကလေးလေးတစ်ယောက်ကိုမျက်မမြင်သူရဲကောင်းက မထင်မှတ်ပဲကယ်မိရာကနေကလေးလေးကသူ့နားမှာပဲတွယ်ကပ်နေပါတော့တယ်။ကလေးလေးကလက်စားချေပေးဖို့ အကြိမ်ကြိမ်ပြောပေမယ့်လက်စားချေခြင်းဆိုတဲ့မပြန်လမ်းကိုမလျှောက်စေချင်တဲ့အတွက်အကြိမ်ကြိမ်ငြင်းခဲ့တယ်။ ကံကြမ္မာကထင်သလိုမဖြစ်လာတော့ မျက်ကန်းသူရဲကောင်းတစ်ယောက်ကလေးလေးကိုကူပြီးလက်စားချေဖို့ဖြစ်လာခဲ့တယ်။Eye for an eye အရင်ကားကိုကြည့်ဖူးသူတွေကိုတော့မျက်ကန်းကြီးဘယ်လိုကြမ်းမလဲဆိုတာ ထူးထွေပြီးပြောပြနေစရာမလိုပါဘူး။မကြည့်ဖူးသေးတဲ့သူတွေအတွက်ဒါကသိုင်းကားဖန်တွေအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။...
Paper Man (2009) ⭐TMDB: 63.0% User Score 🎬 #Comedy #Drama 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဖလင်ပိုစတာမှာ ကိုဒတ်ပူး(Ryan Reynolds)ကို ကြောင်တောင်ကျားဝတ်စုံနဲ့ မြင်လိုက်ရလို့ ဒီကားကို ဟာသကားလို့ မထင်လိုက်ပါနဲ့ အဓိကဇာတ်ကောင်နှစ်ယောက်က အမ်မာကျောက်တုံးလေး Emma Stone နဲ့ Jeff Daniels တို့ဖြစ်ပြီး Deadpool ကတော့ Jeff Daniels ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းအနေနဲ့ပဲ ပါဝင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ Richard ဆိုတဲ့ သက်လတ်ပိုင်း စာရေးဆရာတစ်ယောက်က စာရေးသူတို့ထုံးစံ idea မထွက်ပဲ ဒီပျက်ရှင်ဝင်တဲ့အချိန်ကျရောက်နေပြီး အိမ်ထောင်ရေးလည်း မစိုပြေတော့တဲ့အချိန် မိန်းမဖြစ်သူနဲ့ နှစ်ဦးသဘောတူ ခေတ္တအိမ်ခွဲနေဖို့ ဆိပ်ကမ်းမြို့လေးကို ရောက်လာပါတယ်… ဒီအချိန်မှာပဲ သူ့လိုမျိုး lost soul တစ်ယောက်ဖြစ်တဲ့ ဖော်ရွေပေမယ့် တခါတလေ ဝမ်းနည်းနေတတ်တဲ့ ကောင်မလေး Abby(Emma Stone) နဲ့ သိကျွမ်းခဲ့တယ် ဒီစာကိုဖတ်ပြီး သတ်လတ်ပိုင်းယောကျာ်းနဲ့ ကျောင်းသူအရွယ်မိန်းကလေးတို့ရဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်းလို့ ထင်နေရင် သင်မှားသွားပါလိမ့်မယ် ဘာလို့ဆို ရိုမန့်တစ် interest ပုံစံဖော်ထားတာမဟုတ်ပဲ Abby တစ်ယောက် Richard ရဲ့ စိတ်ဝေဒနာကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ဘယ်လိုကူညီပေးခဲ့လဲ ရှင်သန်ခြင်းအဓိပ္ပာယ်ပျောက်ဆုံးနေတဲ့ သူတို့နှစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို comedy လောက်လည်း မပေါ့၊ philosophy လောက်လည်း မလေးပင်နေပဲ နားထောင်ရမှာပါ...
