ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Nice Sister-In-Law 2 (2017) ⭐TMDB: 62.0% User Score 🎬 #Adult #Asian #Romance 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 12 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nice Sister In Law 2 (2017) ခေါင်းစဉ်အတိုင်းပဲ ယောင်းမလေးပါဂျင်ယောင်းရဲ့ရည်းစားက ပန်းချီဆရာ/စာရေးဆရာပါ သူ့စော်အိမ်မှာ ကပ်နေနေတဲ့အချိန်သူ့စော်အကိုစုံတွဲက အိမ်မှာ ခဏလာနေဖို့အကြောင်းဖန်လာပါတော့တယ် ပန်းချီဆရာ/စာရေးဆရာကြီး ဘဝရဲ့တိုက်ပွဲတွေကိုခယ်မရဲ့လိုက်ပွဲတွေနဲ့ ဘယ်လိုစားသုံးကျော်ဖြတ်မလဲဆိုတာသိုင်းကျမ်းအစုံနဲ့ နတ်သမီးအဖုံနဲ့အတူ ခံစားကြည့်နိုင်ဖို့DS production မှ တင်ဆက်ပေးလိုက်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
The Diamond Heist (2024) ⭐TMDB: 60.0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ သိန်း ၂၀၀ တန် စိန်တုံးကို အုပ်စု ၂ စုက ဓားပြတိုက်ခဲ့ပြီးကမောက်ကမ ဖြစ်သွားခဲ့တာက စပါတယ်။ လူရိုးကြီးတွေ ဖြစ်တဲ့ကျန်းဟောက်နဲ့ ဝူအာဝေါ့ တို့ဟာ သမီးလေး ခယ်လဲ့ရဲ့ခွဲစိတ်စရိတ်အတွက် မလုပ်စဖူး ရွှေဆိုင်ကို ဓားပြတိုက်ဖို့ လုပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် တွေဝေနေတဲ့ အချိန်မှာပဲ နောက်ထပ် အဖွဲ့တစ်ဖွဲ့ကလက်နက်အပြည့်အစုံနဲ့ ရွှေဆိုင်ကို ဖြတ်သွားတဲ့ ငွေသယ်ကားကို လုယက်ခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ အချိန်မှာ ဓားပြတွေက ကျန်းဟောက်တို့ကိုအဖွဲ့သားတွေလို့ ထင်သွားပြီး တန်ဖိုးကြီးလှတဲ့ စိန်ထုပ်ကိုပစ်ပေးခဲ့ပြီး နှစ်ယောက်သား စိန်လုယက်မှုမှာ ပါဝင်ခဲ့ရပါတယ်။ ဒါပေမဲ့ လမ်းတစ်ဝက်မှာ ပြေးရင်း လွှားရင် စိန်ထုပ်ကြီးက ပျောက်သွားတဲ့အခါ……ကျန်းဟောက်တို့ တစ်တွေ ခယ်လဲ့လေးအတွက် ခွဲစိတ်စရိတ်ကို ရဖို့ ဘယ်လို ဒုစရိုက်မှုတွေကို လုပ်မလဲ……တခြားအဖွဲ့က ဓားပြတွေရဲ့ အန္တရာယ်ကိုရော ဘယ်လို ဖြေရှင်းမလဲ……ဆိုတာကို ဟာသလေးတွေနဲ့ အပန်းဖြေ ကြည့်ရှုလိုက်ရအောင်နော်။...
The Kerala Story (2023) ⭐TMDB: 42.0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Kerala Story (2023) ” ကီရယ်လာဇာတ်လမ်းတစ်ပုဒ်”============================================= ချန်နယ်မြန်မာပရိသတ်တွေအတွက် ထွက်ရှိစဉ်က ငြင်းခုန်စရာတွေ တော်တော်လေးဖြစ်ခဲ့တဲ့မင်းသမီး အာဒါရှရ်မာရဲ့ The Kerala Story ဆိုတဲ့ IMDb 7.1 ရထားတဲ့ မှုခင်းဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ အကြမ်းဖက်မှုနဲ့ အာဖဂန်က ထောင်တစ်ခုမှာ အဖမ်းခံထားရတဲ့ ဖာတီမာဘာဆိုတဲ့ အိုင်းဆစ်အဖွဲ့ဝင်အမျိုးသမီးဟာစစ်ကြောရေးလုပ်နေသူတွေကို သူ့ရဲ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြနေပါတယ်။ သူဟာ ဖာတီမာဆိုတဲ့ အိုင်းစစ်အဖွဲ့ဝင် အစ္စလာမ်အစွန်းရောက်တစ်ယောက် ဖြစ်မလာခင်ကရှာလင်းနီဆိုတဲ့ ကီရယ်လာသူ ဟိန္ဒူအမျိုးသမီး ပညာတတ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ အဲဒီလို ပညာတတ်တစ်ယောက်ကနေ ဘယ်လို လွဲမှားပြီး အမှားတွေကို ကိုယ်တိုင်ဝင်လုပ်တဲ့အထိအိုင်းဆစ်အဖွဲ့ဝင် ဘယ်လိုဖြစ်လာခဲ့တာလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားတာပါ။ ဒီ ၂၀၂၃ ခုနှစ်ထွက် The Kerala Story ဆိုတဲ့ ရုပ်ရှင်ဟာ အမှန်တရားတွေအပေါ် အခြေခံပြီးစိတ်ကူးပုံဖော်ဖန်တီးထားတဲ့ ဒါရိုက်တာ ဆူဒီပ်တိုဆန်ရဲ့ လက်ရာတစ်ခုပဲဖြစ်ပါတယ်။ စနစ်တကျဖန်တီးထားတဲ့ ဝါဒမှိုင်းတွေက လူ့အတွေးအခေါ်တွေကိုဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ အနည်းအကျဉ်းမြင်ရမှာပါ…။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
五尺神探 (2024) ⭐TMDB: 0.0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့အရမ်းကိုတော်လှတဲ့စုံထောက်ကြီးတစ်ယောက်ရဲ့နယ်မြို့လေးမှာသွားပြီးတာဝန်ထမ်းဆောင်ရတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။သူကတော့ ၅ပေနတ်စုံထောက်လို့ နာမည်တွင်းတဲ့မြို့တော်ကလူဆိုးထိန်းကြီးဖြစ်ပါတယ်။ဟုတ်ပါတယ် အရပ်၅ပေပဲရှိပေမယ့် အထင်သေးလို့မရတဲ့အမှုပေါင်းများစွာကိုဖော်ခဲ့တဲ့စုံထောက်ကြီးပဲဖြစ်ပါတယ်။ စုံထောက်ကြီးကအသက်ကြီးလာတော့ မြို့တော်မှာအရင်လိုအမှုတွေမဖော်နိုင်ပဲပြဿနာတွေပဲရှာနေမိတယ်။ မြို့တော်ကသူ့ကိုဘယ်လိုမှဆက်လက်မခံနိုင်တော့ဝုမြို့လေးကိုပို့လိုက်တယ်။ အဲဒီမှာအမှုကြီးတစ်ခုကိုဖော်နိုင်ခဲ့မယ်ဆိုရင်မြို့တော်ကိုပြန်လာခွင့်ပေးမယ်ဆိုပြီးတော့ပေါ့။ မြို့လေးကိုရောက်သွားတဲ့အချိန်မှာ မြို့လေးကသာမန်နဲ့မတူပဲအရမ်းကိုအေးချမ်းတည်ငြိမ်နေခဲ့တယ်။ အမှုလိုက်ချင်တဲ့ဆရာကြီးအတွက်အခက်တွေ့တော့တာပေါ့။ဒီလိုနဲ့အရေမရအဖတ်မရအမှုတွေလိုက်ရင်း တစ်နေ့မှာ လူသေမှုတစ်ခုဖြစ်လာခဲ့တယ်။မြို့တော်ပြန်ချင်တဲ့စုံထောက်ကြီးအတွက် သဘောကျစရာပဲပေါ့။အဲဒီအမှုကိုလိုက်ရင်နဲ့ လူသေမှုတွေကဆက်တိုက်ဖြစ်လာခဲ့တယ်။ဒီအပေါ်ယံအမြင်မှာအေးချမ်းနေတဲ့မြို့လေးရဲ့လျှို့ဝှက်ချက်ကဘာတွေရှိနေမလဲ။၅ပေစုံထောက်ကြီးက ဒီဆန်းကြယ်တဲ့အမှုကိုရအောင်ဖော်နိုင်မလားဆိုတာကိုဟာသလေးတွေနဲ့ရိုက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး အပန်းဖြေရင်းကြည့်လိုက်ပါဦး။...
Expats (2024) ⭐TMDB: 78.0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Expats (2024)Margaret (Nicole Kidman) ပြည်ပကနေ ဟောင်ကောင်ကိုအခြေချနေထိုင်ကြတဲ့ (Nicole Kidmanအပါအဝင်) အမျိုးသမီး၃ယောက်ရဲ့ ဘဝကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းထဲမှာ သားသမီးကိုဆုံးရှုံးလိုက်ရတဲ့ မာဂရတ်၊ အိမ်ထောင်ရေးဆုံးရှုံးခါနီး ဟစ်လာရီနဲ့ ဟောင်ကောင်ရောက် ကိုရီးယားလူမျိုး မာစီတို့ရဲ့အကြောင်းကို တစ်လှည့်စီရိုက်ပြထားပါတယ်။ အဖြစ်အပျက်ဆိုးဖြစ်ပြီးတစ်နှစ်အကြာနဲ့ဇာတ်လမ်းကိုစထားပြီး ဇာတ်ကားရဲ့တစ်ပိုင်းချင်းစီမှာမှ အတိတ်ကိုတဖြည်းဖြည်းချင်း ဖြည်ပြပေးမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ပထမအမျိုးသမီး မာဂရတ်က မူလကကလေး၃ယောက်အမေဖြစ်ပေမဲ့ အငယ်ဆုံးသားလေးဂတ်စ်ကိုပျောက်ဆုံးသွားတဲ့မိခင်တစ်ဦးပေါ့။ ဒါကြောင့်လည်း နေ့ရက်တိုင်းကို စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ ရှင်သန်နေရပြီး ဂတ်စ်ကိုပြန်တွေ့လို့ပြန်တွေ့ငြား ပူဆွေးနေရတဲ့မိခင်တစ်ဦးလည်းဖြစ်ပါတယ်။ဒီထဲမှာ နောက်ထပ်နစ်နာသူကတော့ မာဂရတ်ရဲ့သူငယ်ချင်းဟစ်လာရီပါ။ ယိုင်နဲ့နဲ့အိမ်ထောင်ရေးကိုကယ်တင်ဖို့ကြိုးစားနေရရင်း ခင်ပွန်းဖြစ်သူနဲ့အဆင်မပြေဖြစ်နေသူပေါ့။ သူတို့အိမ်ထောင်ရေးအဆင်မပြေရတဲ့အကြောင်းရင်းကလည်း ဂတ်စ်ရဲ့ပျောက်ဆုံးမှုနဲ့ဆက်စပ်နေပုံရပြီး အားလုံးထဲမှာမှ မာစီကတော့ပဟေဠိတွေရဲ့အဓိကသော့ချက်လိုဖြစ်နေပုံရပါတယ်။...
Attack of the Meth Gator (2023) ⭐IMDB: 4.7/10 (118 Votes) 🎬 #Horror #SciFi #ScienceFiction 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 27 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ထူးထူးဆန်းဆန်း ဘက်ဂျက်ကားလေးကြည့်ချင်တဲ့ သူတွေအတွက် Attack Of The Meth Gator လို့ခေါ်တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံခြားမှာ Meth(မက်သ်) လို့ခေါ်တဲ့မူးယစ်ဆေးတွေကို လူသုံးများကြပြီး ဒီကားထဲမှာပါတဲ့ မိကျောင်းက အဲ့ဒီမက်သ်တွေ အများကြီးကို စားလိုက်တဲ့အတွက် ဟိုက်ပြီးတော့ လူတွေ လိုက်သတ် မက်သ်တွေလိုက်ရှာနေတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဘယ်ကနေဘယ်လိုစဖြစ်တာလည်းဆိုတော့ ဖလော်ရီဒါမှာရှိတဲ့ ကျွန်းတစ်ကျွန်းမှာ မက်သ်တွေကို ကိုယ်တိုင်ချက်လုပ်ပြီး ရောင်းနေတဲ့ လူနှစ်ယောက်ကို ရဲတွေလိုက်ဖမ်းရာကနေ ရေကန်ထဲကို ဆင်းပြေးရင်း မိကျောင်းအစားခံလိုက်ရတာ ဖြစ်ပါတယ်။မိကျောင်းစားထားတဲ့အထဲမှာ မက်သ်တွေပါ ပါပြီး ထူးထူးဆန်းဆန်း အဲ့ဒါကြောင့်ပဲ မိကျောင်းကြီးက အကောင်ကြီး လာပြီး ပိုလည်း အားကြီးလာပါတော့တယ်။ဒါပေမယ့် မူးယစ်ဆေး တွေရဲ့ ထုံးစံအတိုင်းပဲ အဲ့ဒီမိကျောင်းကြီးက မက်သ်တွေကို ထပ်တောင့်တလာပြီး ကျွန်းပေါ်မှာရောနေရာအနှံ့မှာပါ လိုက်ရှာ ပါတော့တယ်။အဲ့ဒါကြောင့် ဒီလိုကြီးမားတဲ့ မိကျောင်းကြီးကို ရှင်းပစ်ဖို့အတွက် ကျွန်းပေါ်ကရဲမှူးက တခြားတစ်နေရာမှာ တာဝန် ထမ်းဆောင်နေတဲ့ DEA အရာရှိဖြစ်တဲ့ သူ့သားဒန်တေးကိုပြန်ခေါ် ခဲ့ရပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီမိကျောင်းကြီးကို ရှင်းပစ်ဖို့အပြင် ဒီလို ပြဿနာတွေဖြစ်အောင် ဖန်တီးနေတဲ့ မက်သ်ချက်တဲ့ဓာတ်ခွဲခန်းတွေ ကိုပါ ဘယ်လိုအမြစ်ဖြတ်သွားမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်...
History Hunter (2023) ⭐TMDB: 60.0% User Score 🎬 #Documentary #History 🗓 2023 🎞 tv series 🌎 #India ⏰ 22 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 History Hunter (2023)History Hunters (2023) IMDb – 7.2/10ယခုတဖန် တင်ဆက်ပေးမှာကတော့ အိန္ဒိယသမိုင်းကနေ ပျောက်ကွယ်သွားခဲ့တဲ့အရာတွေ အဖြေမှန် အဖြစ်မှန် မပေါ်ထွက်ခဲ့ဘူးတဲ့ အကြောင်းအရာတွေကို နည်းမျိုးစုံနဲ့ ရှာဖွေဖော်ထုတ်သွားမဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ နာမည်ကျော်အစီအစဉ်တင်ဆက်သူ မာနီ့ရှ်ပေါလ် တင်ဆက်ထားပြီး အပိုင်းရှစ်ပိုင်းပါဝင်တဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။အပိုင်းတစ်ပိုင်းဆီမှာ အိန္ဒိယမြေပုံတင်ပါမက ကမ္ဘာ့မြေပုံပေါ်ကနေပါ ပျောက်ကွယ်သွားခဲ့တဲ့ ထင်ရှားကျော်ကြားခဲ့ပြီး သမိုင်းနောက်ခံကောင်းရှိခဲ့တဲ့ အရာတွေ လူပုဂ္ဂိုလ်တွေရဲ့အကြောင်းကို နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ ရှာဖွေဖော်ထုတ်မှု ပြောဆိုမှုတွေပေါ် အခြေခံပြီး ရှာဖွေအဖြေထုတ်ထားတာမို့ အိန္ဒိယသမိုင်းကို စိတ်ဝင်စားသူအပေါင်း သူတော်ကောင်းတို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Blue Valentine (2010) ⭐TMDB: 69.0% User Score 🎬 #Drama #Romance 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blue Valentine (2010) ~ IMDb – 7.3/10, RT – 86%, Meta – 81% ~ မပြေလည်ခြင်းများဟာ အနီရောင်နေ့ရက်တစ်ချို့ရဲ့အတွင်းသားထဲ စီးဆင်းသွားတဲ့နောက် ခရမ်းရောင်တစ်ခုက အရောင်ဗေဒတွေအတိုင်း ငါ့သွေးကြောထဲလှည့်ပတ်နေခဲ့ရင်း အခုဆိုဘယ်နှရာသီ။ ဘဝဟာ ချောကလက်ဘူးတစ်ဘူးနဲ့ သဏ္ဍာန်တူကြောင်း ရုပ်ရှင်ထဲက ခပ်အအ,ကာရိုက်တစ်ကောင်ပြောဖူးတာ ကြားဖူးမှာပါ။ ကိုကိုး၈၀ရာခိုင်နှုန်း ကိုကိုး၉၀ရာခိုင်နှုန်း ကိုကိုး၉၉ရာခိုင်နှုန်း။ များများစားစား မျှော်လင့်စရာဟာ အခါးဓာတ်နဲ့ အသားကျသွားဖို့ပေါ့။ အောင်မြင်တဲ့အချစ်ကို ဘဝတစ်ကွေ့မှာ ငါတို့ပက်ပင်းတွေ့ဖူးကြမှာပဲ။ ကမ္ဘာအဆက်ဆက်က ဖူးစာလို့ ထင်ကောင်းထင်ခဲ့ကြဖူးလိမ့်မယ်။“ကြည်ဖြူနိုင်သူ နှစ်ဦး”လည်း ဖြစ်ခဲ့ကြဖူးတယ်။ မင်းအရိပ်မှာငါခို ငါ့သီချင်းမှာကခဲ့ဖူးတဲ့ ဆံပင်တွေလည်းမရှည်သေးဘူး။ ချိုသော နွေးသော မဖြောင့်တန်းသော လေမသွေးလက်များ ကံတော်မကုန်ခင်အထိတော့ တံလျှပ်တို့က အစစ်ပဲ အချစ်ရယ်။ နေဝင်သွားတဲ့ တံတားကြီးရဲ့ဟိုးတစ်ဘက်က ညနေဟာ ငါသိတဲ့ကဗျာတစ်ပုဒ်ကို လှိုက်စားသွားဖူးတယ်။ ဒါဟာ ရွှေရင်ပြုံးတုံ့အခါလည်ပေါ့။ မျက်ရည်တွေတောင်မှ ခမ်းနားလို့ ဟိုးတုန်းကတော့ အဲဒီနေ့တို့က ကောင်းကင်ပြာခြင်းတို့ရဲ့အပြာ။ အနောက်ဘက်တစ်ခြမ်းမှာတော့ ကျရှုံးခန်းတွေ ကျောက်စာထူထားတဲ့ စစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်နေခဲ့တယ်။ ငါတို့သိတဲ့အချစ်များပြန်ရှာရင်း ငါတို့မသိတဲ့ငါတို့ကို ငါတို့ပြန်တွေ့ရှိခဲ့ရ။ ဟိုအရင်ကလိုပဲ ချက်ကော့ရဲ့သေနတ်ဟာ ချစ်သူတို့ရဲ့နေ့ရက်တိုင်းကို ချိန်ရွယ်ထားတုန်းပဲ။ ချက်ကော့ရဲ့သေနတ်ဟာ ချက်ကော့ရဲ့သေနတ်ဖြစ်နေလို့ပဲ ငါတို့တည့်တည့်ကြီးမှန်လို့ ငါတို့ကလည်စင်းခံ။ အမှတ်မထင် ကျည်ဆန်တွေရဲ့ ထိပ်ဖူးကို ငါတွေ့လိုက်ရတဲ့နေ့က အဲဒီကျည်ဟာ ခရမ်းရောင်ပကတိ။“ပုံစံသဏ္ဍာန်ကွဲ အဖြစ်အပျက်နှစ်ရပ်တို့ ထပ်တူကျဖို့လည်း သီအိုရမ်တွေ အခုထိထွက်မလာသေး”။ ဒီလိုနဲ့ နေမလောင်ထားတဲ့ အရစ်ကြောင်းကို ငါမြင်နေခဲ့ရတယ်။ သီချင်းဟာ ဒီမှာရှုံးသွားတယ်။ ကပွဲဟာ ဒီမှာဆုံးသွားတယ်။ အောင်မြင်တဲ့အချစ်ဟာလည်း တစ်ကွေ့ကွေ့တော့ ရှုံးရမှာပါပဲ။ အားလုံးဟက်တက်ကွဲဖူးကြလိမ့်မယ်။ ကံကြမ္မာဟာ ငါတို့မြင်ချင်တဲ့ကမ္ဘာကြီးကို ပြလို့ ငါတို့မမြင်ချင်တဲ့ကမ္ဘာကြီးကို ပေးလိမ့်ဦးမယ်။ The Holdovers နဲ့ Election တို့ရဲ့ ဒါရိုက်တာ အလက်ဇန္ဒားပိုင်းန်ကို သူ့ရုပ်ရှင်တွေမှာ ဘာလို့ အကျအရှုံးတွေ ဒီလောက်များနေတာလဲလို့ မေးတော့ သူဖြေတာက ဘဝမှာ ဒီပြင်ဘာများရှိသေးလို့လဲတဲ့။ Blue Valentine ဟာ အောင်မြင်ခဲ့တဲ့အချစ်တစ်ခုရဲ့ ကျရှုံးခန်းအကြောင်းပါပဲ။ ဘယ်စစ်ဘုရင်ရဲ့ ကျရှုံးခန်းကမှတော့ ဒီကျရှုံးခန်းထက် ကြီးကျယ်ခမ်းနားမယ်မထင်ဘူး။ ကျွန်တော်တို့သိသမျှမှာ ဘယ်အချစ်ကရော မခမ်းနားဖူးလို့လဲ။ ” “–ဘဝဆက်တိုင်းအတူ – ကိုမောင်မောင်” “–တစ်ပင်တည်း ရင်ထဲကနွယ် – ဖိုးချို (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Camino (2008) ⭐TMDB: 74.0% User Score 🎬 #Drama 🗓 2008 🎞 movie 🌎 #Spain ⏰ 2 နာရီ 24 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကာမီနိုဆိုတဲ့ကောင်မလေးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ သာမန်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းပြီးတော့ အမေဖြစ်သူဟာ ကာမီနိုအပေါ်မှာ ချုပ်ချယ်တတ်လို့ ကာမီနိုဟာ အမေထားပေးတဲ့ အချက်အပြုတ်သင်တန်းကို တက်နေရပေမယ့် ပြဇာတ်ကိုသာ စိတ်ဝင်စားနေရှာတာပါ။ ပြီးတော့ ကာမီနိုလေးဟာ ကျောရိုးအဆစ်လွဲနေတဲ့အတွက် ပုံမှန် ဆေးစစ်ရပါတယ်။ ဒီလိုနဲ့ တစ်နေ့ ကာမီနိုလေးတစ်ယောက် ကျောရိုးက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် ဆေးရုံမှာ ဆေးစစ်တဲ့အခါ ကျောရိုးအဆစ်လွဲနေတာမဟုတ်ဘဲ ကျောရိုးအဆစ်ပေါ်မှာ ကင်ဆာအကြိတ် တည်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပုံမှန်ဆယ်ကျော်သက်ကျောင်းသူလေး ကာမီနိုရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတော့တယ်။ ဒီဇာတ်ကားလေးမှာ ကာမီနိုက အရွယ်နဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီး ရင့်ကျက်ပုံတွေ၊ သာမာန်ကျောင်းသူတွေလို မနေရဘဲ ကင်ဆာကုသဖို့ စွန့်လွတ်လိုက်ရတာတွေ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုကို မေးခွန်းထုတ်လာမိတာတွေကို ဝမ်းနည်းဖွယ်ရာရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားလေးဖြစ်ပါတယ်။...
My Temp Sister [FSDSS- 576] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 {21+} My Temp Sister [FSDSS- 576] ============================ခုတခါတင်ဆက်ပေးချင်တဲ့ အချောလှမင်းသမီးလေးကတော့Nene Yoshitakaပဲဖြစ်ပါတယ်….. ချစ်စရာဖြူစင်တဲ့အပြုံးလေးနဲ့လူကို ကြည်နူးစေမယ့်မျက်နှာမျိုးလေးပိုင်ဆိုင်ထားပြီးတရုတ်မလေးနဲ့တောင်သွားဆင်နေတာကို မြင်တွေ့ရမှာပါ ခန္ဓာကိုယ်ဟာလဲ သေးတယ်ဆိုပေမဲ့မိန်းမတို့ရှိသင့်တဲ့အစိတ်ပိုင်းကျဖွံ့ထယ်လှပနေမှုလဲ ရှိနေပြန်ပါတယ် ဒီဇာတ်လမ်းမှာဆိုရင်တော့အဖေမတူ အမေကွဲအမကြီးနေရာကနေသရုပ်ဆောင်ထားပြီး မောင်လေးအပေါ်ငြင်သာစွာ ဆက်ဆံတဲ့သူမရဲ့အပြုမှုလေးတွေကိုအသည်းယားအောင်ကြည့်ရမှာပဲဖြစ်ပါတယ် (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
A Walk in the Woods (2015) ⭐IMDB: 6.4/10 (29 k Votes) 🎬 #Adventure #Biography #Comedy #Drama 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခုတစ်ခါမှာတော့ စိတ်ရှုပ်စရာ လူမှုဘဝကနေ စွန့်ထွက်ပြီး အက်ပလန်ချန်တောင်ပေါ် ခြေဆန့်ကြသူနှစ်ဦးရဲ့ ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် 2015 က ထွက်ရှိခဲ့ပြီး Robert Redford ၊ Nick Nolte ၊ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ စာကောင်းသာ ရေးတတ်ပေမဲ့ စကားအပြောအဆို မတတ်လှတဲ့ စာရေးဆရာတစ်ယောက် တစ်ရက်မှာတော့ သူ့ပတ်ဝန်းကျင်ကို ငြီးငွေ့ပြီး သဘာဝသို့ တစ်ကိုယ်တော် ခြေဆန့်ဖို့ပြင်ပါတယ် ဒါပေမဲ့ မိန်းမက ခွင့်မပြုတော့ နီးစပ်ရာ အဖော်လိုက်စပ်ရာကငယ်စဉ်က တွဲဖက်ကျော် ကတ်ဇ် ဆိုသူတစ်ဦးသာ သူ့နောက်လိုက်ဖို့ ပေါ်လာပါတယ် ငယ်စဉ်က ကတောက်ကဆတွေရှိခဲ့ပေမဲ့ နှစ် ၄၀ ကြာပြီးမှ ဖြစ်ခဲ့သမျှကို ပြည်ဖုံးကား ကာချပြီး အက်ပလန်ချန်ခရီးစဉ်ကို အတူစတင်ကြပါတော့တယ်။ အတွင်းသိသူငယ်ချင်း နှစ်ဦးသား ငယ်ကျိုးငယ်နာဖော်ရင်း လမ်းတစ်လျှောက်မှာ အခက်အခဲပေါင်းစုံကျော်ဖြတ်ရင်းက မိတ်ဆွေစစ်နဲ့ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို ဘယ်လိုပြန်ရှာဖွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးကိုကြည့်ပြီး ဝေဖန်ခံစားလိုက်ပါ။...
The Last Family (2016) ⭐TMDB: 72.0% User Score 🎬 #Biography #Drama 🗓 2016 🎞 movie 🌎 #Poland ⏰ 2 နာရီ 2 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ဖြစ်ရပ်မှန်အပေါ်ပြန်လည်အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ပိုလန် ပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ ဇဂျီစွာဗ် ဘက်စင်စကီဟာ သူ့ရဲ့ စိတ္တဇဆန်ဆန် အိပ်မက်ဆန်ဆန် ပန်းချီကားတွေကြောင့် နာမည်ကျော်ကြားခဲ့သူတစ်ဦးပါ။ ပန်းချီဝါသနာပါသူတွေနဲ့ ပန်းချီကားတွေအကြောင်း လေ့လာရတာသဘောကျသူတွေကတော့ သူ့လက်ရာပန်းချီကားတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဇဂျီစွာဗ်ရဲ့ပန်းချီကားတွေဟာ ခေတ်သစ် အနုပညာလက်ရာတွေအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ပြောရင်လည်း မှားမယ်မထင်ဘူးဗျ။ Horrorဆရာတစ်ဆူဖြစ်တဲ့ Guillermo del Toroကလည်း သူ့ရဲ့ပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ပြောဖူးပါသေးတယ်။ ဒါကြောင့်မို့လို့လည်း သူတို့ရဲ့ဖန်တီးမှုတွေဟာ ပဟေဠိဆန်ပြီး ခြောက်ခြားဖို့ကောင်းနေတာလို့ ထင်တယ်ဗျ။ ဒီရုပ်ရှင်ကတော့ ဇဂျီစွာဗ် ဘက်စင်စကီရဲ့ ဘဝအကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဇဂျီစွာဗ် ဘတ်စင်စကီရဲ့ ဘဝဟာလည်း သူဆွဲခဲ့တဲ့ ပန်းချီကားတွေလိုပဲ ရှုပ်ထွေးပြီး ထူးဆန်းပါတယ်။ သူ့မှာ ဇိုရှာလို့ခေါ်တဲ့ မိန်းမတစ်ယောက်ရှိပြီး တောမက် ဘက်စင်စကီဆိုတဲ့ သားတစ်ယောက်လည်း ရှိပါသေးတယ်။ တောမက်ကတော့ ပြဿနာခဏခဏရှာတတ်တဲ့ စိတ်ဝေဒနာသည်လေးတစ်ဦးလို့ပဲ ပြောရမယ်ဗျ၊ ဒါပေမယ့် သူကလည်း ရုပ်ရှင်ဘာသာပြန်နဲ့ ရေဒီယိုအစီအစဉ်တင်ဆက်သူ တစ်ဦး ဖြစ်ခဲ့ပြန်ပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီမိသားစုဝင်တွေရဲ့ သေဆုံးပုံတွေကလည်း တစ်မျိုးစီ ထူးခြားပြီး စဉ်းစားစရာဖြစ်နေတာပါပဲ။ ဒီလိုအဖြစ်ဆိုးတွေကပဲ ဇဂျီစွာဗ်ရဲ့ ပန်းချီတွေကို ခြောက်ခြားဖို့ကောင်းစေခဲ့တာလား၊ ပန်းချီကားတွေရဲ့ အဓိပ္ပာယ်ကရော ဘာလဲ စတာတွေက အဖြေရှာရခက်တဲ့ မေးခွန်းတွေပါ။ ဒီလိုထူးဆန်းတဲ့ပန်းချီတွေကိုဆွဲခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝအကြောင်းကို နားလည်ချင်ရင်တော့ ဒီရုပ်ရှင်ကိုသာကြည့်လိုက်ပါဗျ။ ရိုက်ကူးထားသူကလည်း ပိုလန်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jan P. Matuszyńskiဖြစ်ပါတယ်။ Ratingရလဒ်ကောင်းတွေလည်း ရရှိထားတာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ညွှန်းချင်ပါတယ်ဗျာ။...
Dunki (2023) ⭐TMDB: 67.0% User Score 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India #UnitedStatesofAmerica ⏰ 2 နာရီ 40 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dunki (2023) “ပြည်တော်ပြန်”IMDb – 7.2/10 အားလုံးပဲ စောင့်မျှော်နေကြတဲ့ ရှရွတ်ခန်းရဲ့ ဒန်ကီရုပ်ရှင်ကြီးကို ရုပ်သံကြည်လင်ပြတ်သားစွာနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ကုဋေ ၁၂၀ ရင်းပြီးတော့ ကုဋေ ၄၇၀ ထိ ရုံတင်ငွေ အမြတ်ထွက်ခဲ့တဲ့ ဒီဇာတ်ကားကြီးဟာ ၆၉ကြိမ်မြောက် အိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်းဆန်ကာတင်ကိုးဆုထိရရှိထားပြီး ၂၀၂၃ခုနှစ် အိန္ဒိယရဲ့အမြတ်အများဆုံးစာရင်းမှာလည်း နံပါတ်ခြောက်ချိတ်ခဲ့တဲ့ဇာတ်ကားပါဒီဇာတ်ကားရဲ့ပဲ့ကိုင်ရှင်က PK၊ 3 idiots တို့လိုကားတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာရာ့ဂျ်ကူးမားဖြစ်ပါတယ်။ နှစ်လိုဖွယ်အပြုံးနဲ့မင်းသမီးချောလေး တာ့ပ်ဆီးပါဝင်တဲ့အပြင် တိုက်ဂါးရုပ်ရှင်တွေကမင်းသမီးချောကတ်တရီးနားရဲ့ ချစ်ယောကျ်ား မင်းသား ဗစ်ကီကဒီရုပ်ရှင်နဲ့ပဲ အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒန်ကီဆိုတာ အမေရိကန်၊ ယူကေနဲ့ အင်္ဂလန်လိုနိုင်ငံတွေကို တရားမဝင်တဲ့နည်းနဲ့ဝင်ရောက်တဲ့ ခိုးဝင်လမ်းကြောင်းတစ်ခုကိုပြောတဲ့ပန်ဂျာပီဘာသာစကားတစ်ခုပေါ့။ ရည်ရွယ်ချက်ကိုယ်စီနဲ့ လန်ဒန်ကိုသွားချင်နေကြတဲ့ လူငယ်လေးယောက်။ဘာသာစကားလည်း မကျွမ်းကျင် ပညာလည်း မတတ်ဆိုတော့ ဗီဇာလျောက်ဖို့ကမလွယ်။ဆိုတော့ တက်မရှိ လက်နဲ့လှော်မဲ့သူတို့အုပ်စု ရရာနည်းနဲ့ အရောက်သွားဖို့ရွေးချယ်တဲ့လမ်းက ခိုးဝင်ဖို့ပါပဲ။ဒီမှာပဲ ရှာရွတ်ခန်းပါဝင်ပတ်သက်လာပြီး သူတို့တွေ လန်ဒန်ဆီရောက်ဖို့အရေးအစွမ်းကုန်ကြိုးစားပေးပါတော့တယ်။သူတို့ငါးယောက်လုံး လန်ဒန်ရောက်သွားမှာလား…။ဘယ်လို အခက်အခဲအတားအဆီးတွေကို ရင်ဆိုင်ကြရမှာလဲ…။ တစ်ခုပြောချင်တာ ဒီဇာတ်ကားလေးက ရယ်လဲရယ်ရသလို ငိုလဲငိုရမှာပါ။ရှရွတ်ခန်းတစ်ယောက် အက်ရှင်ကားတွေမှာ ပန်းပန်နေဆဲဖြစ်သလိုခုလို ဒရာမာကားမှာလည်း သူ့ရဲ့အရှိန်အဝါကို ဆက်ထိန်းထားနိုင်တဲ့ စွမ်းရည်တွေကို ပြသနိုင်နေတုန်းပါပဲ။ဒါရိုက်တာရဲ့ PK တို့ 3 idiots မှာလို တစ်ခုခုကိုပုံဖော်ပြတတ်တဲ့အကျင့်အရ လူငါးယောက်ရဲ့ဇာတ်လမ်းလေးကို အခြေပြုပြီးဘယ်လိုအကြောင်းအရာကို မီးမောင်းထိုးပြသွားမလဲဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်ခံစားပေးနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းကို Saii Thurein Lynnမှ ရေးသားထားပြီး ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Mantra Surugana (2023) ⭐TMDB: 35.0% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 #Indonesia ⏰ 59 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်ဒိုသရဲကားဖြစ်တာမို့ ထိတ်လန့်စရာတွေ ကွင်းကွင်းကွက်ကွက်မြင်ရဦးမှာပါ…၊ ဇာတ်လမ်းနာမည်က “စူရူဂါနာမန္တန်”တဲ့ ဒီမန္တန်ဟာ အငြိုးကြီးတဲ့အမျိုးသမီးတစ်ယောက်က သူ့ရန်သူတွေကိုကျိန်စာတိုက်ခဲ့တဲ့မန္တန်ပါ…။ ရန်သူတွေတင်မကဘဲ ရန်သူရဲ့ မိန်းမတွေ၊ သမီးတွေကို ဆွေစဥ်မျိုးဆက်တိုင် အသက်သေဆုံးအောင် ကျိန်စာတိုက်ခဲ့တာပါ…။ ဇာတ်လမ်းလေးကဘယ်ကစလဲဆိုတော့ တန်ထရီဟာ စကောလားရှစ်ရတော့ တက္ကသိုလ်ကျောင်းသူဆောင်ကို ပြောင်းလာခဲ့ပါတယ်…။ တန်ထရီမှာက ပရလောကနဲ့ဆက်သွယ်နိုင်တဲ့ အမြင်မျိုး ရှိလေတော့ ရောက်ရောက်ချင်းမှာပဲ အဆောင်မှာ ဝိုးဝိုးဝါးတား အရိပ်တွေမြင်ရ အသံတွေကြားရ စိတ်မသိုးမသန့်ဖြစ်ရတယ်ပေါ့…. နောက်မှသိလာရတာက ဒီအဆောင်မှာပဲ ကောင်မလေး တစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားဖူးတယ်…။ သေလားရှင်လားမသိရ အလောင်းလည်းမတွေ့ရပေါ့…။ တန်ထရီရဲ့ အကြားအမြင်အာရုံနဲ့အတူ ပျောက်သွားတဲ့ လူနောက်လိုက်ရှာရင်း ဘယ်လိုကြောက်စရာပုံပြင်တွေတွေ့ရမလဲ ဘယ်လိုနတ်ဆိုးတွေနဲ့ကြုံဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားလိုက်ပါဗျာ...
Soul Kitchen (2009) ⭐TMDB: 69.0% User Score 🎬 #Comedy #Drama 🗓 2009 🎞 movie 🌎 #France #Germany #Italy ⏰ 1 နာရီ 40 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရပ်ကွက်ထဲက အခြေခံလူတန်းစားတွေအတွက် ဈေးနှုန်းသက်သာပြီး အဆင်ပြေတဲ့ Soul Kitchen လို့ နာမည်ပေးထားတဲ့ စားသောက်ဆိုင်ပိုင်ရှင် ဂျာမန်-ဂရိ စားဖိုမှုး ဇီနော့စ် ရဲ့ အချစ် အလွမ်း ဟာသ ဘဝ ဒုက္ခ တွေကို ဟာသလေးနှောပြီးရိုက်ထားတဲ့ Commedy/ Drama ဇာတ်ကားကောင်းလေးတစ်ကားပါ…. ဇာတ်အိမ်လေးကတော့ Soul Kitchen စားသောက်ဆိုင်မှာ ကိုယ်တိုင်ပိုင်ရှင် ကိုယ်တိုင် စားဖိုမှုးလုပ်နေတဲ့ ဇီနော့စ် ဟာတနေ့တော့ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ ပြည်ပကိုထွက်သွားခဲ့တယ် သူလိုက်သွားဖို့လုပ်တော့… – ဆိုင်ကိုလက်လွှဲခဲ့ဖို့အကြံထုတ်ရ….– သူ့ဆိုင်ကို ရတဲ့နည်းနဲ့ လုဖို့ကြိုးစားနေတဲ့ ငယ်သူငယ်ချင်း လူလည်ပန်ကာ ရန်ကနေလည်းကြောက်ရ…..– တစ်ပိုင်းလွတ်ငြိမ်းချမ်းသာနဲ့ ထောင်ကနေထွက်လာတဲ့ လက်ကြောမတင်းတဲ့ သူ့အစ်ကိုလောင်းကစားသမားရန်ကိုလည်း ကြောက်ရနဲ့ လူရိုး လူမှန် ဒေါသသမား ဇီနော့စ် တစ်ယောက် ဘယ်လို ဟာသအလွဲတွေကိုလုပ်ဦးမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Washington's Armor: The Journey (2022) ⭐TMDB: 0.0% User Score 🎬 #Action #Drama #History 🗓 2022 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမေရိကန်ပြည်ထောင်စုမှာ သမ္မတ ၄၆ ဆက်အထိရှိခဲ့ပြီး လက်ရှိထမ်းဆောင်နေတာကတော့ သမ္မတဂျိုးဘိုင်ဒန်ဆိုတာကို တစ်ကမ္ဘာလုံးနီးပါးသိကြမှာပါ။ အခုဇာတ်ကားကတော့ အမေရိကန်ရဲ့ပထမဆုံးသမ္မတဖြစ်ခဲ့တဲ့ ဂျော့ဂျ်ဝါရှင်တန်ရဲ့ ငယ်စဉ်က အကြောင်းတွေကို ရိုက်ကူးထားတာဖြစ်ပြီး ဝါရှင်တန်ငယ်စဉ်က အကြောင်းအရာတွေ၊ သမ္မတမဖြစ်ခင် ၁၇၅၃ ခုနှစ်က အမေရိကန်နဲ့ ပြင်သစ်တို့ကြားက တင်းမာမှုတွေကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်...
The Iron Claw (2023) ⭐IMDB: 8.0/10 (21 k Votes) 🎬 #Biography #Drama #Sport 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Iron Claw (2023) ~ IMDb – 8/10, RT – 89%, Meta – 73% ~ National Board of Review က အကဲဖြတ်ပေးထားတဲ့ ၂၀၂၃ ရဲ့ Top 10 ၁၀ကားထဲက တစ်ကားပါ။ ဝေဖန်ရေးသမားတွေတော့ တော်တော်ချီးကျူးထားကြပေမဲ့ အော်စကာတော့ တစ်ခုမှကိုမဝင်သွားခဲ့ပါဘူး။ ဒီစာရင်းထဲပါပြီး နောက်ထပ်အော်စကာတစ်ခုမှမဝင်သွားတာကတော့ Ferrari ပါ။ ကျန်တဲ့၈ကားကတော့ Best Picture စာရင်းဝင်ကားတွေချည်းပါပဲ။ A24 က ထုတ်ထားသလို သရုပ်ဆောင်တွေကလည်း Zac Efron, ဒီနှစ်ဆုတွေမနည်းသိမ်းသွားတဲ့ The Bears စီးရီးရဲ့မင်းသား Jeremy Allen White, Triangle of Sadness နဲ့ Where the Crawdads Sing က မင်းသား Harris Dickinson, နောက် Lily James… ဇာတ်ကတော့ ကျွန်တော်တို့ငယ်ငယ်က ဂိမ်းတွေရော အခွေတွေရော ကစားခဲ့ ကြည့်ခဲ့ဖူးတဲ့ စမတ်ဒေါင်း ခေါ် နပန်းပွဲက နပန်းသမားတွေအကြောင်းပေါ့။ အဲဒီနပန်းလောကရဲ့ အကြီးကျယ်ဆုံးမိသားစုအဖြစ် မှတ်ကျောက်တင်ခံခဲ့ရတဲ့ မိသားစုတစ်ခုအကြောင်းပါပဲ။ ဒီမိသားစုရဲ့အစက ဖရစ်ဇ်ဗွန်အဲရစ်လို့ခေါ်တဲ့ ဂန္ထဝင်နပန်းသမားကြီးကနေစတယ်။ သူက ရည်မှန်းချက်ကြီးတယ်။ သူ့လောကမှာ သူအအောင်မြင်ဆုံးဖြစ်ချင်တယ်။ ကျားကုတ်ကျားခဲကြိုးစားခဲ့တယ်။ ဒီလိုကြိုးစားခဲ့လို့ သူချန်ပီယံဆုအကုန်နီးပါးရခဲ့ပေမဲ့ သူမရခဲ့တဲ့တစ်ခုတည်းသောဆုက ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆု။ နောက်ပိုင်း သူက WCCW လို့ခေါ်တဲ့ World Class Championship Wrestling ပွဲအစီအစဉ်ကို ပိုင်တဲ့သူ။ သူက သူမရခဲ့တဲ့ဆုကို သူ့သားတွေကို ရစေချင်သလို သူတို့မိသားစုကို နပန်းလောကရဲ့ အကြီးကျယ်ဆုံး မိသားစုဖြစ်စေချင်ခဲ့တယ်။ သူ့သားတွေအကုန်လုံးကို နပန်းသမားတွေဖြစ်လာအောင် သူ ကိုယ်တိုင်လေ့ကျင့်ပေးခဲ့တယ်။ ဒီရုပ်ရှင်မှာ နပန်းပွဲတွေနဲ့ သူတို့သားအဖ ညီအစ်ကိုတွေကြားက မိသားစုဒရာမာတွေကို အချိုးကျပြသွားခဲ့တယ်။ WWE Hall of Fame မှာ ဗွန်အဲရစ်မိသားစုကို နပန်းပွဲသမိုင်းရဲ့ အကြီးကျယ်ဆုံးမိသားစုအဖြစ် ၂၀၀၉မှာ မှတ်ကျောက်တင်ခံခဲ့ရတယ်။ The Iron Claw ဟာ ဒီလိုမှတ်ကျောက်အတင်ခံရဖို့ သူတို့မိသားစု ဘယ်လိုကြိုးစားခဲ့ရလဲ ဘယ်လိုကြမ္မာတွေနဲ့ကြုံခဲ့ရလဲဆိုတာကို ပုံဖော်ထားတဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
The Forbidden Play (2023) ⭐IMDB: 4.5/10 (114 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 50 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Forbidden Play (2023) “Kinjirareta Asobi” ~ MyDramaList – 6.8/10 ~ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ပထမအပတ်တုန်းက မြန်မာပြည်မှာရုံတင်သွားခဲ့တဲ့ ဂျပန် Horror, Thriller ဇာတ်ကား The Forbidden Play (2023) ကို တင်ဆက်ပေးလိုက်ပါတယ်။ ယာဉ်တိုက်မှုမတော်တဆဖြစ်စဉ်ကြောင့် မိခင်ဖြစ်သူ အီဟာရမီယူကီ (Ihara Miyuki) ရုတ်တရက် ဆုံးသွားတဲ့အခါမှာ သားဖြစ်သူ အီဟာရဟာရုတို (Ihara Haruto) က သွားလေသူမိခင်ကို အသက်ပြန်ရှင်လာဖိုအတွက် လက်ချောင်းတစ်ချောင်းကို ဖြုတ်ယူ၊ သူတို့အိမ်နောက်ဖေးမှာ မြေမြှုပ်နှံပြီး မိခင်ဖြစ်သူ အသက်ပြန်ရှင်လာဖို့အတွက် နေ့တိုင်းဆုတောင်းပေးနေရာကနေ ထိတ်လန့်ဖွယ်ရာတွေကို ဘယ်လိုတွေ့ကြုံရမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ The Forbidden Play ကိုရိုက်ကူးတဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ ဂျပန်မူရင်း Ring (1998), Ring 2 (1999), Dark Water (2002) တို့အပြင် L: Change the World (2008), Sadako (2019), “Stolen Identity” Trilogy (2018,2020,2024), Usogui (2022) အစရှိတဲ့ ဂန္ထဝင် Horror, Mystery, Thriller ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Hideo Nakata ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ရေးသားထုတ်ဝေခဲ့တဲ့ Shimizu Karuma ရဲ့ Kinjirareta Asobi (The Forbidden Play) စာအုပ်ကို အခြေခံပြီး အဲဒီနာမည်နဲ့ပဲရိုက်ကူးခဲ့တာပါ။ Once Upon a Crime (2023), Karada Sagashi (2022) နောက်ပြီး Kingdom 1-4 မှာ Karyoten အဖြစ် သရုပ်ဆောင်ထားတဲ့ Kanna Hashimoto နဲ့ Daiki Shigeoka တို့ကအဓိကပါဝင်ထားပြီး First Summer Uika, Mayu Hotta, Shinobu Hasegawa တို့လိုသရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ The Forbidden Play ဇာတ်ကားရဲ့ အင်္ဂလိပ်ဘာသာနဲ့ပိုစတာမှာ Scariest Japanese Horror Film of the Year ဆိုပြီးရေးထားပေမဲ့ တကယ်တမ်းတော့ အရမ်းကြောက်စရာမကောင်းပါဘူး။ ဂျပန်သရဲကားတွေထုံးစံ ဇာတ်လမ်းဇာတ်ကွက်က စိတ်ဝင်စားစရာကောင်းပြီး ဟာကွက်တွေရှိနေပေမဲ့ လန့်ချင်၊ ကြောက်ချင်ပါတယ်ဆိုကာမှ သရုပ်ဆောင်တွေရဲ့ အူကြောင်ကြောင်အကွက်တွေကြောင့် ထထရယ်နေမိပါလိမ့်မယ်။ တစ်နေရာမှာတော့ မထူးဆန်းလှတဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်း တစ်ခန်းတစ်လေပါလာလို့ ဒီကပြည်တွင်းရုံတွေမှာ ဆင်ဆာရရဲ့လားမသိဘူးလို့တွေးမိပါသေးတယ်။ အက်ရှင်ကားတွေလည်းမကြည့်ချင်၊ ဦးနှောက်သုံးရတဲ့ကားတွေလည်းမကြည့်ချင်၊ အရမ်းကြောက်ဖို့ကောင်းတဲ့သရဲကားတွေလည်းမကြည့်ချင်၊ “ကြည့်နေတုန်းကြောက်၊ ကြည့်ပြီးတာနဲ့မေ့” ဆိုတဲ့သရဲကားကို တစ်ညတာအတွက် အချိန်ဖြုန်းကြည့်ချင်ရင်တော့ Ring (1998) ကြောင့် King of the Japanese Horror Film Director တစ်ပါးလို့ ဒီနေ့ခေတ်အထိ နာမည်ကြီးနေတဲ့ ဒါရိုက်တာ Hideo Nakata ရဲ့ အခုကား The Forbidden Play (2023) ကိုကြည့်ဖို့ တိုက်တွန်းပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...
Alienoid: Return to the Future (2024) ⭐TMDB: 67.0% User Score 🎬 #Action #Adventure #Fantasy #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 2 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Alienoid : Return to the Future (2024) Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ကတော့ Part 2 ထွက်လာပါပြီ ဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါ ဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကိုအနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ် Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင်Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော် အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့JoyzandHmweပဲ ဖြစ်ပါတယ်။...
Queen Elizabeth (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Comedy #Drama #Family #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Queen Elizabeth (2023) “ငါသာလျှင် ဘုရင်မ” IMDb 7.5/10 လူအုပ်ကြီးနဲ့စီတန်းလှည့်လည်လာတဲ့ ဈာပနတစ်ခု ဈာပနပေမဲ့ ဝမ်းနည်းကြပုံလည်းမပေါ် နိဗ္ဗာန်ယာဉ်ကိုပန်းတွေမှုန်နေအောင်စီခြယ်ထားပြီး လှဲနေသူကိုတော့ အလှဆုံးလေး ပြင်ဆင်ထားသတဲ့။။။ နောက်ကြောင်းကိုပြန်ရရင် သူ(မ)ကအဲလိဇဘက်အိန်ဂျယ်တဲ့ ဒါပေမဲ့ကလေးတွေပေးထားတာကတော့“နတ်ဆိုးအမျိုးသမီး” ဘာလို့ဒီလိုပေးရလဲဆိုတော့ ခေတ်စကားအတိုင်းပြောရရင်အပေါက်ဆိုးလို့ပါအိမ်ကအိမ်ဖော်တွေကို သူနဲ့အမှိုက်ပုံးတစ်ခုတည်းအတူတူလာထည့်ရင်မကြိုက် အိမ်မှာဖုန်တစ်မှုန့်ရှိနေရင်မကြိုက်သူများတွေထက် အိမ်ဖော်ကိုရူပီ၅၀၀ပိုပေးပြီး အရာရာပြည့်စုံအောင်ဖြစ်နေစေချင်တဲ့အပျိုကြီးဒီဇိုင်းပေါ့ ကုမ္ပဏီစီးအီးအိုလည်းဖြစ် တစ်ယောက်တည်းတောက်ပနေတဲ့ဒီအမျိုးသမီးအနား ဘယ်သူမှမကပ်ရဲကြ သူ(မ)ကိုကြိုက်ပေမဲ့မချဉ်းကပ်ရဲကြတဲ့လူတွေလည်း ဒုနဲ့ဒေးပေါ့ တော်လွန်းထက်မြက်လွန်းတဲ့ ဒီအမျိုးသမီးမှာ ရောဂါဆိုးကြီးပေါ်လာတဲ့အခါမှာတော့ … ဘေးနားကလူတွေရဲ့ စိတ်ရင်းမှန်တွေ ထင်ထားသလိုမဖြစ်လာတဲ့ plot twist တွေနဲ့ ဆက်လက်ရှုစားကြပါဦး (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~ V ~BpL ~Alex ~ToMo တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
