ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
How to Have Sex (2023)
⭐IMDB: 6.6/10 (5 k Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #Greece #UnitedKingdom #France
⏰ 1 နာရီ 31 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
How to Have Sex (2023)
~ IMDb – 6.6/10, RT – 95%, Meta – 80% ~
ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ British တွေရဲ့ သမားရိုးကျ ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခေတ်ဆန်တဲ့ Plot မျိုးကို British စတိုင်လ်ဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ထူးခြားပြီး လက်ရာမြောက်လွန်းတာကြောင့် ဇာတ်ဆောင်မင်းသမီးအပြင် စာရေးသူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူကိုယ်တိုင် British Independent Film Awards နဲ့ Europeon Film Awards မှာပါ အသီသီးဆုတွေရရှိထားကြပါတယ်။ ဒါအပြင် Rotten Tomatoes မှာ 95% ရရှိထားတဲ့အတွက် မခေတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။
တာရာ၊ စကိုင်းနဲ့ အမ်တို့ သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းစာမေးပွဲအပြီး နွေရာသီအားလပ်ရက်မှာ အပျော်ခရီးထွက်ခဲ့ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း လူငယ်တွေ အထူးသဖြင့် အနောက်တိုင်းသားတွေက ဒီအရွယ်ရောက်ရင် လက်တည့်စမ်းချင်တာတွေရှိကြတာပေါ့။ ဖြစ်ချင်တော့ သူငယ်ချင်းသုံးယောက်လုံးထဲမှာ တာရာတစ်ယောက်တည်းကပဲ အတွေ့အကြုံမရှိသေးတာပါ။ ဒီလိုနဲ့ပဲ ခရီးရောက်ခိုက် သူတို့လိုလူငယ်တစ်သိုက်နဲ့တွေ့တဲ့အခါမှာ “မိုးရွာတုန်းရေခံ” ဆိုသလို တာရာတစ်ယောက်ရေလာမြောင်းပေးလုပ်ဖို့ကြံစည်ပါတော့တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ တာရာတစ်ယောက် ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲ၊ “အမှန်တရားက ခါးသီးတယ်” ဆိုတဲ့စကားကို ဘယ်လိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်ရမှာပဲဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့ အမျိုးအစားကို ဒရာမာထဲထည့်ထားကြပေမယ့်လည်း ဇာတ်လမ်းရေးသူက Documentary အနေနဲ့ကော တကယ့်လက်တွေ့ လူငယ်တွေအကြားဖြစ်ပျက်နေတာကို မီးမောင်းထိုးထားတဲ့သဘောနဲ့ ရေးသားပြီးထုတ်လုပ်ခဲ့တာပါ။ ဒါ့အပြင် Hollywood ဇာတ်ကားတွေလို American Vibe မျိုးမဟုတ်ဘဲ British တွေရဲ့ Original Vibe ကိုလည်း ခံစားကြရပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
猎龙王 (2024)
⭐TMDB: 0.0% User Score
🎬 #Fantasy #ScienceFiction
🗓 2024 🎞 movie
🌎 #China
⏰ 1 နာရီ 20 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်တွေက မသေဆေးဖော်ဖို့စွဲလမ်းခဲ့တာ ဟိုးရှေးကတည်းကပါ….သိပ္ပံပညာတွေထွန်းကားလာပေမယ့်လဲ ထာဝရနုပျိုနိုင်တဲ့ ဆေးဖော်ဖို့ကြိုးစားနေကြတုန်းပါပဲ။နဂါးဆိုတာအမှန်တကယ်ရှိတယ်လို့ ယုံကြည်ပြီးနဂါးဝင်စားတဲ့ နဂါးသွေးပါတဲ့လူက ထာဝရနုပျိုတယ်လို့ဒဏ္ဍာရီရှိပါတယ်။
သတင်းထောက်မလေးတစ်ယောက်ဟာ မထင်မှတ်ပဲ နှစ်(၂၀)ကြာအောင်ရုပ်ရင့်လာခြင်းမရှိတဲ့ လူတစ်ယောက်ကိုရှာတွေ့ခဲ့ပြီးသတင်းမှာဆောင်းပါးအဖြစ်နဲ့ထည့်ရေးလိုက်တယ်။အဲဒီအချိန်မှာ နုပျိုဆေးဖော်နေတဲ့ပါမောက္ခကြီးက ဆေးကိုလက်တွေ့ကျကျမဖော်နိုင်ဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်သွားတော့ ပါမောက္ခကြီးကအဲဒီလူကိုရရာနည်းနဲ့ခေါ်ပြီး နဂါးရှိတဲ့နေရာကိုလမ်းပြခိုင်းတော့တာပေါ့။သူရှာနေတဲ့ မအိုမင်းနိုင်တဲ့နုပျိုဆေးဆိုတာတကယ်ရှိနိုင်ပါ့မလား……ဒဏ္ဍာရီလာနဂါးတွေကရောတကယ်ရှိနိုင်ပါ့မလား...
Conjuring Kannappan (2023)
⭐IMDB: 6.5/10 (216 Votes)
🎬 #Bollywood #Horror #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 20 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Conjuring Kannappan (2023) “အိပ်မက် ခေါ်သံ”==============================IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ်တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်
Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲ
ဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ တွဲချည်ထားတဲ့ dream catcher ကိုတွေ့ပါတယ်…
ဆရာသမားက အဲဒီ dream catcher က ငှက်မွေးအနီရောင်လေးကို မတော်တဆ ဖြုတ်မိသွားတဲ့အချိန် … ရေတွင်းထဲက အသံတစ်ခုကြားလိုက်ရလို့ အလန့်တကြား လွှတ်ချလိုက်ပေမယ့် နောက်တစ်နေ့ သူ့ရဲ့ အိပ်ခန်းထဲမှာပဲ အဲဒီပစ္စည်းလေး ပြန်ရောက်နေတာ တွေ့လိုက်ရပါတယ် အဲဒီညက စလို့ ကန်နာတစ်ယောက် ထူးဆန်းတဲ့ အိပ်မက်တွေကို စပြီး မက်ပါတယ်
အိမ်မက်ထဲက တစ္ဆေတွေဟာ လက်တွေ့ဘဝက အိမ်ကြီးထဲအထိ ရောက်လာခဲ့ပြီး သူတို့တစ်မိသားစုလုံးကို ဒုက္ခပေးပါတော့တယ် အဲဒီလို မတရားခြောက်နေတဲ့ နာနာဘာဝတွေရန်က တစ်မိသားစုလုံး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို Comedy/Horror တို့ ထုံးစံ “အကြောက်” တစ်ခါ “အဖောက်” တစ်လှည့် ခံစားကြည့်ရှူရမှာပဲ ဖြစ်ပါတယ်(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Something You Said Last Night (2022)
⭐IMDB: 5.6/10 (230 Votes)
🎬 #Comedy #Drama
🗓 2022 🎞 movie
🌎 #Canada #Switzerland
⏰ 1 နာရီ 37 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Something You Said Last Night (2022)
~ IMDb – 5.6/10, RT – 93%, Meta – 78% ~
ဒီကားလေးကတော့ အီတလီမိသားစုဒရာမာကားလေးပါ။ ဆုငါးဆုရထားပြီး ဆန်ခါတင်ဆုကိုးဆု၀င်ထားပါသေးတယ်။
ဇာတ်လမ်းကတော့ နွေရာသီအားလပ်ရက် ခရီးထွက်လာတဲ့ မိသားစုတစ်စုအကြောင်းပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကောင်းတဲ့ဖခင်ဖြစ်သူရယ်၊ ပွစိပွစိလုပ်တတ်တဲ့ အမေဖြစ်သူရယ်၊ အလုပ်အကိုင်မရှိသေးတဲ့ Transgender အစ်မဖြစ်သူရယ်၊ လမ်းများတတ်တဲ့အငယ်မလေးရယ် အပျော်ခရီးထွက်လာကြပေမဲ့ ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့စကားနဲ့အညီ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မိသားစုဒရာမာကားလေးပါပဲ။
ဇာတ်ကြောင်းက ပြောပလောက်စရာမရှိပေမဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှု ရန်စောင်မှု ချောက်ချမှု ၊ မိခင်ဖြစ်သူရဲ့ကရုဏာဒေါသတွေ ပါးစပ်ပူမှုတွေက အရမ်းကိုသဘာ၀ကျပြီး ကိုယ့်မိသားစုကို ပြန်ထိုင်ကြည့်နေသလို ခံစားချက်မျိုးရနိုင်စေတဲ့ကားလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Trending Topic (2023)
⭐IMDB: 6.9/10 (71 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #China
⏰ 2 နာရီ 2 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှာဖွေမှု အများဆုံးသတင်းရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ။ဒီရုပ်ရှင်လေးကတော့ ကျောင်းသူလေးတစ်ယောက် တိုက်ပေါ်ကခုန်ချသွားပြီးနောက် စတင်ခဲ့ပါတယ်။ ဆုတွေအများကြီး ပိုင်ဆိုင်ထားတဲ့မင်းသမီးလေး Zhou Dongyu ရဲ့ ဒီနှစ်အတွင်း ထွက်ထားတဲ့ရုပ်ရှင်တွေထဲမှာ ဒီရုပ်ရှင်က အဓိပ္ပာယ် တော်တော်ရှိတဲ့ ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့-
မီဒီယာအက်ဒီတာ ချန်မြောင့်က နာမည်ကြီးဆောင်းပါးတွေ ရေးပြီးကုမ္ပဏီနာမည်ကြီးအောင် ကြိုစားနေသူတစ်ယောက်ဖြစ်ပါတယ်။ကျောင်းတွင်းအကြမ်းဖက်မှု သတင်းတစ်ခုအကြောင်း ဆောင်းပါးကပေါက်သွားတဲ့အခါမှာ မထင်ထားတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်လာပြီးချန်မြောင့်ကလည်း အမှန်တရားဘက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ချန်မြောင့်နဲ့ ကုမ္ပဏီပူးပေါင်းတည်ထောင်တဲ့ ဟယ်ယန်နဲ့ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီမကမန်နေဂျာ ယွဲ့ဖုန်တို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လာခဲ့ပါတယ်။နာမည်ကြီးစာရေးဆရာမရဲ့ အမှန်တရားနဲ့ ငွေအင်အားကြီးတဲ့အရင်းရှင်တို့ထိပ်တိုက်တွေကြတဲ့အခါ ဘယ်သူက အနိုင်ရမလဲ……သတင်းခေါင်းစဉ်တွေကို ဘယ်လို ထိန်းချုပ်ပြီး တိုက်ခိုက်ကြသလဲ……ဆိုတာကို ရုပ်ရှင်ကတစ်ဆင့် အခုလို အင်တာနက်ခေတ်ကြီးမှာသတင်းအားလုံးကို ချင့်ချိန်ပြီးမှ ယုံဖို့ သတိပေးသွားတဲ့အတွက်ဒီရုပ်ရှင်ကို ကြည့်တဲ့လူတိုင်းအတွက်တော့ တစ်ခုခု ကျန်ခဲ့မှာ သေချာပါတယ်။...
Kaathal - The Core (2023)
⭐IMDB: 8.2/10 (955 Votes)
🎬 #Bollywood #Crime #Drama
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 52 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kaathal – The Core (2023) ဗဟိုအူတိုင်
IMDb-8.2/10Rotten tomatoes -100%
အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ လက်လွတ်မခံသင့်တဲ့ မလေယာလမ်းဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပြန်ပါပြီ။
Raatchasi (2019)ထဲမှာ ကြမ်းခဲ့တဲ့ စစ်တပ်အရာရှိ ကျောင်းအုပ်ဆရာမကြီးကို မှတ်မိတယ်ဟုတ်။အဲဒီ မင်းသမီးချောကြီး ဂျိုသီကာက ဒီထဲမှာလဲ အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်နေပြန်ပါပြီ။မင်းသားကလည်း နုပါတယ်ဆိုတဲ့ဘောလိ၀ုဒ်မင်းသားကြီးတွေထက်ပိုနုနေတဲ့ တောင်ပိုင်းမင်းသားကြီးမမ်မိုတီ။ဝေဖန်ခြင်းခံရသလောက် အရမ်းကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဆိုလည်း မမှားဘူးပေါ့။
ဇာတ်လမ်းကိုအကျဉ်းချုံးပြောရရင် မိဘကို မလွန်ဆန်နိုင်လို့ မိဘပေးစားတဲ့သူနဲ့လက်ထပ်လိုက်ရတဲ့အမျိုးသမီး အူမာနာ၊ ခင်ပွန်းဖြစ်သူကလည်း နယ်နယ်ရရမဟုတ် တစ်ချိန်ကဘဏ်မန်နေဂျာဖြစ်ပြီး အခုချိန်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အမတ်လောင်းတစ်ယောက်ဖြစ်တဲ့ မက်သရူး၊
အများအမြင်မှာတော့ အူမာနာဟာ သိပ်တော်တဲ့ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ ဂုဏ်ယူနေတဲ့ဇနီးတစ်ယောက် အများသူငါက အားကျရတဲ့အိမ်ထောင်ရှင်မတစ်ယောက်လို့ ထင်ရက်စရာရှိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ တကယ့်လက်တွေ့ဘဝက အူမာနာကတော့ ဖန်သားနန်းတော်က ပင်တိုင်စံဘုရင်မတစ်ယောက်သာသာရယ်ပါ။ ဘာလို့လဲဆိုတော့ ခင်ပွန်းဖြစ်သူအမတ်လောင်းမက်သရူးက ကိုယ်တိုင်က လိင်တူစိတ်ဝင်စားသူဖြစ်ပါရဲ့နဲ့၊ ကိုယ့်မှာလည်း လိင်တူချစ်သူရှိနေပေမဲ့ အများအမြင်မှာ ဇွတ်ကျားလေးဖြစ်အောင် Anti LGBTတစ်ယောက်လုပ်နေတဲ့အပုန်းဖြစ်နေလို့ပါပဲ။
ဘာသာရေးအယူအဆ အိန္ဒိယလူနေမှုအသိုင်းအဝိုင်းရဲ့ဖိအားတွေကတစ်ဖက်၊ လူထုကလည်း LGBTကိုလက်ခံတဲ့နေရာမဟုတ်လေတော့ အမတ်ဖြစ်ချင်တဲ့မက်သရူးတစ်ယောက် ဇွတ်ကျားနေတာမဆန်းပေမဲ့ ရွေးကောက်ပွဲနီးချိန်မှာတော့ အူမာနီတစ်ယောက် နှစ်ပေါင်းများစွာ သည်းခံထားရသမျှဝေဒနာတွေကို ဖွင့်ထုတ်ပြီးတော့ ပြည်သူလူထု၊ မိသားစုအသိုင်းအဝိုင်းနဲ့ ခင်ပွန်းဖြစ်သူမက်သရူးကိုပါ စပရိုက်တိုက်ချလိုက်ပါတယ်။ မက်သရူးဟာ လိင်တူချစ်သူတစ်ယောက်ဆိုတာကို တရားဝင်ဖွင့်ချပြီးတော့ တရားရုံးမှာ ကွာရှင်းခွင့်လျှောက်ထားလိုက်တဲ့ အူမာနီရဲ့မဟာလက်ဆောင်ကြီးဟာ မက်သရူးအတွက်အတော်လေးဂယက်ကြီးမားသွားတဲ့အခါမှာတော့….
ဘာသာရေးစိတ်ဓာတ်ပြင်းထန်တဲ့အသိုင်းအဝိုင်းတစ်ခုမှာ လိင်တူချစ်ကြိုက်ခြင်းဟာ သေလောက်တဲ့အပြစ်တစ်ခုလို သတ်မှတ်နေဆဲမလို့ ကိုယ့်ရဲ့true selfကိုလက်မခံနိုင်တဲ့ယောက်ျားတစ်ယောက်နဲ့ အလကားသက်သက် နစ်နာခဲ့ရတဲ့ မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝန်ခံချက်၊ ဒီလူ့အဖွဲ့အစည်းမှာ Sensitive issue တစ်ခုအဖြစ် ယနေ့တိုင် သတ်မှတ်ထားဆဲဖြစ်တဲ့လိင်တူစိတ်ဝင်စားမှုနဲ့ အရှိတရားကိုလက်မခံခြင်းကြောင့်ဖြစ်လာတဲ့ မလိုလားအပ်တဲ့မိသားစုဂယက်တွေကို ကွင်းကွင်းကွက်ကွက် ရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ကြည့်ရှုသူတွေကို အတွေးတစ်ခုကျန်ရစ်ခဲ့စေမယ့် ဒီကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Society of the Snow (2023)
⭐IMDB: 7.9/10 (4 k Votes)
🎬 #Adventure #Drama #History #Thriller
🗓 2023 🎞 movie
🌎 #Chile #Spain #UnitedStates #Uruguay
⏰ 2 နာရီ 26 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Society of the Snow (2023)
~ IMDb – 8/10, Rotten Tomatoes – 90% ~
Society of the Snow ဟာ လာမယ့်အော်စကာမှာ Best International Feature Film ဆုအတွက် စပိန်ကိုယ်စားပြုရုပ်ရှင်ဖြစ်သလို Shortlist ၁၅ကားထဲလည်း ဝင်ထားတယ်။ ဒါရိုက်တာကတော့ A Monster Calls, Jurassic World: Fallen Kingdom နဲ့ The Impossible တို့ရဲ့ ဒါရိုက်တာ J. A. Bayona ဖြစ်တယ်။ The Lord of the Rings: The Rings of Power ရဲ့ ပထမဆုံး၂ပိုင်းကိုလည်း သူပဲရိုက်ထားတာ။ ကားတော့ သိပ်မရှိပေမဲ့ ရိုက်ထားသလောက်တော့ ကောင်းတယ်လို့ပြောရမယ့် ဒါရိုက်တာပဲ။ Society of the Snow ကိုတော့ သူ့ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုကြတယ်။
Society of the Snow ရဲ့ ဇာတ်က အမှန်ဆိုမဆန်းတော့ဘူး။ ဥရုဂွေးကနေ ချီလီကိုသွားတဲ့ လေယာဉ် အန်းဒိဇ်တောင်ကြားမှာပျက်ကျပြီး နှင်းတွေကြား အစာရေစာမရှိဘဲ ရှင်ကျန်ဖို့ကြိုးစားခဲ့တဲ့သူတွေအကြောင်းပေါ့။ မဆန်းဆို ဒီဖြစ်ရပ်က တော်တော်ဟိုးလေးတကြော်ဖြစ်ခဲ့သလို စာအုပ်တွေထွက်တာလည်း ၁၆အုပ်လောက်ရှိသလို ရုပ်ရှင်တွေလည်း တော်တော်ထွက်ခဲ့ဖူးတယ်။ စတီဖင်ကင်းရဲ့ The Shining အပြင် Rick and Morty မှာတောင် ထည့်ပြောသွားဖူးတယ်။ နောက် Yellowjackets ဆိုတဲ့ နာမည်ကြီးစီးရီးတစ်ခုရဲ့ မူလဘူတကလည်း ဒီဖြစ်ရပ်ပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကိုယ်တိုင်လည်း ၂၀၁၂တုန်းက The Impossible ရိုက်ဖို့ လေ့လာကတည်းက ဒီရုပ်ရှင်ဖြစ်လာမယ့်စာအုပ်ကို ဖတ်ပြီး မူပိုင်ခွင့်ဝယ်ထားခဲ့တာ။ သေချာအချိန်ယူခဲ့သလို သေချာလည်းလေ့လာခဲ့တယ်။ ဒီဖြစ်ရပ်ကို ရိုက်ခဲ့သမျှကားတွေထဲ ဒီကားက ဝေဖန်ရေးသမားတွေရဲ့ မျက်နှာသာအရဆုံးလို့ ဆိုရမယ်။
ဒီလေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ရဲ့ အထူးခြားဆုံးအချက်က လူသားစားခဲ့ကြတဲ့ အချက်ပဲ။ နှင်းတောထဲ အချိန်တစ်ခုထိ ရိက္ခာမရှိ နေလာရင်း ဘာမှမရှိတော့တဲ့အချိန် သူတို့ရွေးချယ်မှုက သေသွားတဲ့လူတွေကို စားဖို့ဖြစ်လာခဲ့တဲ့နောက် ဒီဖြစ်ရပ်ကို အဲဒီအချက်ကပဲ ပိုထူးခြားသွားစေခဲ့တယ်။ ဒီဖြစ်ရပ်ကနေ ရှင်ကျန်တဲ့သူ၁၆ယောက်ရှိတယ်။ ဒီထဲက ၁၅ယောက်နဲ့ ဒါရိုက်တာက စကားပြောခွင့်ရခဲ့သလို သူတို့ကိုရုံမတင်ခင် ကြိုလည်းပြခဲ့တယ်။ ဒီဖြစ်ရပ်အပေါ် ဒါရိုက်တာရဲ့အမြင်တွေက အဲဒီလူတွေဆီကလာတော့ ဒီဖြစ်ရပ်ရဲ့ အကျည်းတန်ခြင်းတွေကို ဒါရိုက်တာက သူတို့ရဲ့လုပ်ရပ်ကောင်းတွေနဲ့ပဲ ပြန်ဖုံးသွားခဲ့တယ်။ လူသားစားတဲ့ အခန်းတွေပါနေပေမဲ့ ဒီကိုဦးတည်မသွားခင် ပြသွားတဲ့အရာတွေရော နောက်မှာပြတဲ့အရာတွေရော၊ Narrative တွေရောက ဒီအကျည်းတန်ခြင်းကို စွ့န်လွှတ်အနစ်နာခံခြင်းအသွင်နဲ့ပဲ လူသားစားတာကို လူသားဆန်ဆန်ပြသွားတယ်။ ဒီလိုပြတာကိုကပဲ ဒီကားကို ထူးခြားစေတယ်။ ဒီလေယာဉ်တစ်စီးလုံးကလူတွေထဲက ခရီးသည်၄၀မှာ ရက်ဂီဘောလုံးအသင်းက လူ၁၉ယောက်ပါသလို ကျန်တဲ့လူတွေကလည်း သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဆိုတော့ ဒီလိုပြန်စားလိုက်တာက တော်တော်တော့ ခေါင်းကျိန်းစရာကောင်းပေမဲ့ အကျိုးနဲ့အကြောင်းနဲ့ပဲ လူသားဆန်အောင်ပြထားတယ်။ ရှင်သန်ချင်စိတ်တွေ၊ ရဲဝံ့မှုတွေ၊ ယုံကြည်ချက်တွေ၊ စွန့်လွှတ်ခြင်းတွေ၊ လူသားဆန်မှုတွေနဲ့ ဖြစ်ရပ်က ရက်စက်သလို ကားကလည်း Survival ကားပေမဲ့ တော်တော်လေး လူသားဆန်နေတယ်။ ဒီလိုထူးသွားလို့ပဲ အော်စကာ Shortlist ထဲ ဝင်သွားသလားတော့မသိဘူး။
Society of the Snow ဟာ အကျည်းတန်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို လှပတဲ့အဖြေပေးသွားတဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ဒီလိုအချင်းအရာမျိုးကို ကျွန်တော်တို့ ဒါဦးဆုံးတွေ့ဖူးတာလည်း မဟုတ်တော့ပါဘူး။ My Neighbor Totoro တို့လို အရှိတရားရဲ့ရက်စက်ခြင်းတွေကို အနုပညာက ထွက်ပေါက်တစ်ခုပေးသွားတဲ့ ရုပ်ရှင်မျိုးတွေ မြင်ရပေါင်းမနည်းတော့ပါဘူး။ ကမ္ဘာကြီးမှာ အကျည်းတန်တဲ့နေရာတွေရှိသလို လူသားမှာလည်း ရက်စက်တဲ့အခါတွေ မကင်းနိုင်ဘူး။ တစ်ခါတလေ အနုပညာက အဲဒီအတွက် ထွက်ပေါက်တစ်ခုတော့ ပေးနိုင်တတ်တယ်။ မလှပတဲ့အရာတွေကို လှပစေလိုက်တာမျိုးပေါ့။ Society of the Snow ဟာ ဒီဖြစ်ရပ်အတွက်ပေးသွားတဲ့ ထွက်ပေါက်တစ်ခုလို့ ယူဆလို့ရနိုင်ခဲ့ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Extract (2009)
⭐IMDB: 6.1/10 (50 k Votes)
🎬 #Comedy #Crime #Romance
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်လေးကတော့ ၂၀၀၉ခုနစ်တုန်းကထွက်ရှိထားတဲ့ အင်ဒီ ဟာသရုပ်ရှင်ကားကောင်းလေးတကားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ရုပ်ရှင်ဖြစ်တဲ့အတိုင်း ဇာတ်အိမ်ပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ တော်တော်လေးမိုက်ပါတယ်။
ဂျိုးဟာ အနှစ်ထုတ်တဲ့စက်ရုံတခုရဲ့ သကလ်လတ်အရွယ် ပိုင်ရှင်သူဌေးတယောက်ပါ။ ဂျိုးမှာ ဆူဇီလို့ခေါ်တဲ့ မိန်းမတယောက်ရှိပါတယ်။ ဒီလိုနဲ့ တနေ့မှာ ဂျိုးရဲ့စက်ရုံမှာ အလုပ်သမားတယောက် မတော်တဆမှုတခုဖြစ်ပြီး ဝှေးစေ့တဖက်ကိုဆုံးရှုံးလိုက်ရပြီး ဂျိုးရဲ့ကုမ္ပဏီကို တရားစွဲမယ်လို့ ခြိမ်းခြောက်လိုက်ရာကနေစလို့ သာယာနေတဲ့ စက်ရုံပိုင်ရှင်ဂျိုးတယောက် ဒုက္ခလှလှတွေ့ပါတော့တယ်။
ဒါတင်မကသေးဘူး လိင်ကိစ္စငတ်မွတ်နေတဲ့ ဂျိုးဟာ စက်ရုံက အစမ်းခန့်၀န်ထမ်းကောင်မလေးတယောက်ဖြစ်တဲ့ စင်ဒီကိုလည်း စိတ်ကစားမိသွားပြီး သူငယ်ချင်းဖြစ်သူ ဘားပိုင်ရှင် ဒင်းရဲ့အကူအညီနဲ့ ဘ၀မှတခါမှမလုပ်ခဲ့ဖူးတဲ့ အကွက်ဆန်းတွေကိုထွင်ဖို့ ဆုံးဖြတ်မိလိုက်ပါတော့တယ်။
ဒီရုပ်ရှင်က ဟာသကားဆိုပေမဲ့ မရယ်ရတဲ့ဟာသတွေနဲ့ ကလိထိုးရယ်ခိုင်းနေတာမဟုတ်ဘဲ ဇာတ်လမ်းဇာတ်ကွက်နဲ့ သရုပ်ဆောင်ပိုင်းမှာ တော်တော်ကောင်းတဲ့အထဲပါပါတယ်။ အထူးသဖြင့် ဂျိုးနေရာမှာ ဂျေဆန်ဘိတ်မန်း ဂျိုးသူငယ်ချင်း ဘားပိုင်ရှင်နေရာမှာ ဘတ်မန်းမင်းသား ဘင်အက်ဖလက် တို့လို ဝါရင့်သရုပ်ဆောင်ကောင်းတွေကိုသုံးထားတာကြောင့် သရုပ်ဆောင်ချက်တွေက တော်တော်ပီပြင်ပါတယ်။
ဒီလိုနဲ့ ဂျိုးတယောက် ပြဿနာပေါင်းသောင်းခြောက်ထောင်အကြားကနေ သူ့ရဲ့ကုမ္ပဏီကို ကယ်တင်နိုင်ပါ့မလား၊ ဖင်ယားမှုအာမမခံဆိုတဲ့အတိုင်း အကွက်ဆန်းတွေထွင်လိုက်မိတဲ့အတွက် ဘယ်လိုတွေငါးပါးမှောက်ဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုတော့သတိပြုပေးပါ)...
Doghouse (2009)
⭐IMDB: 6.0/10 (23 k Votes)
🎬 #Comedy #Horror #SciFi
🗓 2009 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 29 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သူငယ်ချင်း အုပ်စုတစ်စုဟာ ကွာရှင်းလိုက်တဲ့သူငယ်ချင်းတစ်ယောက်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် ကျေးလက်တောရွာလေးတစ်ခုမှာ သောက်စားပျော်ပါးဖို့ ခေါ်သွားရာက ဇာတ်လမ်းစပါတယ်။
သူတို့သွားတဲ့ကျေးလက်ရွာလေးက Moodley လို့ အမည်ရပြီး ယောက်ျား၊ မိန်းမအချိုး 1:4 ရှိတဲ့ ရွာတစ်ရွာဖြစ်တယ်။ ပြီးတော့ ကံမကောင်းစွာပဲ ဗိုင်းရက်စ်ကူးစက်ခံနေရတဲ့ ရွာတစ်ရွာလဲဖြစ်နေခဲ့တယ်။ ဗိုင်းရက်စ်က ထူးထူးဆန်းဆန်းပဲ အမျိုးသမီးတွေကိုပဲ ကူးစက်တတ်ပြီး ကူးစက်ခံအမျိုးသမီးတွေက ရွာမှာရှိသမျှ ယောက်ျားတိုင်းကို စားပစ်ကြတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာ ယောက်ျားတွေကို အမဲလိုက်နေတဲ့ အမျိုးသမီးဇွန်ဘီးတွေကြားထဲ ဘယ်လိုမျာ အသက်ရှင်သန်အောင် ရုန်းထွက်ကြမလဲ...
OSS 117: Lost in Rio (2009)
⭐IMDB: 6.8/10 (16 k Votes)
🎬 #Action #Comedy #Crime #Adventure
🗓 2009 🎞 movie
🌎 #France
⏰ 1 နာရီ 41 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၀၉ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.8 Rotten Tomatoes 75% ရထားတဲ့ ပြင်သစ်စပိုင် ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။
စာရေးဆရာ Jean Bruceရဲ့ ပြင်သစ်စပိုင်ဇာတ်ကောင် ကုဒ်နာမည် OSS-117 ကို ရိုက်ကူးထားတာဖြစ်ပြီး ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ စပိုင်ဟာသကားတွေရဲ့ အရသာမျိုးကို ပြန်လည်ပေးစွမ်းနိုင်မယ့် ကားမျိုးပါ။
ဇာတ်လမ်းကတော့ ၁၉၆၇မှာတည်ထားတာဖြစ်ပြီး ပြင်သစ်လျှို့ဝှက်အေးဂျင့်ဖြစ်တဲ့ လူကြီးမင်း ဟူဘတ်ဒီလာဘာ့ဒ် (codename: OSS-117)ကို ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ မိုက်ခရိုဖလင်ကို ပြန်ယူဖို့ ဘရာဇီးကို စေလွှတ်ရာကနေ လျှို့ဝှက်အကြံအစည်တစ်ခုထဲကို မထင်မှတ်ပဲ ရောက်သွားတဲ့ ဇာတ်လမ်းပါ။
မြောက်အမေရိကကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နာဇီဟောင်းတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်ဇင်မယ်ဆီက ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ ဖလင်ကို ယူပေးရမှာပါ ဘရာဇီးမှာ ဟူဘတ်တစ်ယောက် ပြဿနာ အတိုက်အခိုက်မျိုးစုံကြုံရပြီး အစ္စရေးစစ်တပ်က အရာရှိမလေးဖြစ်တဲ့ ဒလောရက်စ်နဲ့ ဆုံပါတယ်။
သူတို့နှစ်ယောက်က လိင်ကွဲပြားမှုအယူဝါဒနဲ့ သာသာရေးအတွေးအခေါ် အမြင်မတူကြပေမယ့်လည်း နာဇီလက်ကျန် ပရော်ဖက်ဆာဘွန်ဇင်မယ်ကို ဘယ်လိုဖမ်းမလဲဆိုတဲ့ ရည်ရွယ်ချက်ခြင်းတော့တူကြပါတယ်။ လူတွေက stereotype အဖြစ် သတ်မှတ်ထားကြတဲ့ ပြင်သစ်လူမျိုး ယောကျာ်းကာရိုက်တာ misogynistic(ဖိုဝါဒီ)ကို သရော်ထားပြီး မပျင်းရအောင် တင်ဆက်ထားတာမို့ စပိုင်ကားကောင်းကောင်းကြည့်ချင်နေတဲ့သူတွေအတွက် ညွှန်းပေးလိုက်ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ PTပဲဖြစ်ပါတယ်)...
All Dirt Roads Taste of Salt (2023)
⭐IMDB: 5.9/10 (536 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
All Dirt Roads Taste of Salt (2023)
~ IMDb – 5.9/10, RT – 90%, Meta – 86% ~
A24 ရဲ့ ကားအသစ်ပါ။ ပုံမှန်ဆို A24က သူတို့ထုတ်လုပ်ထားတဲ့ကားတွေတင်မဟုတ်ဘဲ ဖြန့်ချိရေးသက်သက်လည်းလုပ်တတ်ပေမဲ့ ဒီကားကိုတော့ A24 က ထုတ်လည်းထုတ် ဖြန့်လည်းဖြန့်ထားပါတယ်။ လုံးဝ A24 လက်ထွက်ကားစစ်စစ်လို့ပြောရပါမယ်။ ရုပ်ရှင်ကတော့ Independent Film ပါပဲ။ ဒီနှစ်ရဲ့ အကောင်းဆုံး Independent Film ၁၀ကားထဲက တစ်ကားအဖြစ် ဝေဖန်ရေးသမားတွေက သတ်မှတ်ထားတယ်။
A24 ဟာ ဒါရိုက်တာတွေကို သူတို့ငယ်ဘဝအကြောင်း ရိုက်စေချင်ခဲ့ဖူးတဲ့ စတူဒီယိုပီသစွာပဲ ဒီကားကလည်း Raven Jackson ရဲ့ ငယ်ဘဝနဲ့မကင်းတဲ့ ရုပ်ရှင်အဖြစ်အသက်သွင်းထားတယ်။ ဇာတ်ကတော့ လူမဲအမျိုးသမီးတစ်ယောက်ရဲ့ ငယ်ဘဝကနေ ကြီးလာတဲ့အထိ ဘဝတစ်ခုအကြောင်းရိုက်ပြထားရုံပါပဲ။ ဒီလိုရိုက်ပြတာမှာ သူ့မျှော်လင့်ချက် သူ့အချစ် နောက် အဲဒီအရာတွေရဲ့ ပျက်သုဉ်းရခြင်းတွေကို ထည့်သွင်းထားတယ်။ အချိန်တွေရဲ့ဇာတ်လို့ပြောရမယ်။
2023 Sundance Film Festival မှာ ပွဲဦးထွက်ပြခဲ့ပြီး နောက်ပိုင်းမှာ A24 က ပြန်ဖြန့်ပေးထားတယ်။ လူတိုင်းကြိုက်မယ့်ကားမျိုးတော့မဟုတ်ပေမဲ့ အင်ဒီဖလင်တွေကိုကြိုက်တဲ့လူတွေ A24 ဖန်တွေတော့ သဘောကျမယ့်ကားပါပဲ။ Rotten Tomatoes ၉၀ ရာခိုင်နှုန်းနဲ့ Meta ၈၆ရာခိုင်နှုန်း ရထားပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
In Its Wake (2023)
⭐IMDB: 3.2/10 (75 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #Canada
⏰ 1 နာရီ 23 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Horror movie တစ်ကားဖြစ်တဲ့ ”in its wake ” မှာတော့ ကျေးလက်လမ်းကြမ်းလေးတစ်ခုမှာမတော်တဆကားပျက်သွားတဲ့ခရီးသွားနှစ်ဖွဲ့က အမည်မသိကြောက်စရာမကောင်းဆိုးဝါးတစ်ကောင်ရဲ့အမဲလိုက်ခြင်းကိုခံခဲ့ကြရတဲ့အကြောင်းကိုခြောက်ခြားဖွယ်ကြည့်ရှု့ရမှာပါ
အဲဒီမကောင်းဆိုးဝါးကိုလိုက်နှိမ်နင်းနေတဲ့ဘုန်းတော်ကြီးတစ်ပါးလည်းရှိပြီး အဲ့ဒီမကောင်းဆိုးဝါးဘယ်ကရောက်လာတာလဲ ဘာလို့လူတွေကိုအမဲလိုက်နေတာလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။...
Rise of the Footsoldier: Vengeance (2023)
⭐IMDB: 6.1/10 (819 Votes)
🎬 #Action #Drama #Thriller
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 53 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနှစ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ ခရမ်းချဉ်သီးပုပ် ၆၀နဲ့ IMDb 6.1 ရရှိထားတဲ့ Rise of the Footsoldier franchise ရဲ့ sequel ရုပ်ရှင်သစ်တခုဖြစ်ပါတယ်။
ဒီရုပ်ရှင်ထဲမှာလည်း Rise of the Footsoldier ရဲ့ပင်တိုင်သရုပ်ဆောင်ကြီး ခရိတ်ဖဲဘရက်စ်က ပတ်တိတ် နေရာကနေ ထပ်မံသရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ မှောင်ခိုလောကမှာ ဆေးအရောင်းအ၀ယ်အလုပ်လုပ်နေတဲ့ ပတ်ရဲ့မိတ်ဆွေဖြစ်သူဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတာကြောင့် ပတ်တိတ်ဟာ မိတ်ဆွေဖြစ်သူအတွက် လက်စားချေပေးဖို့ရာ ဒီလူသတ်မှုရဲ့ နောက်ကွယ်ကတရားခံကို လိုက်လံစုံစမ်းရင်းကနေ မှောင်ခိုလောကရဲ့ထုံးစံအတိုင်း ရဲတပ်ဖွဲ့တွေ ဂိုဏ်းတွေနဲ့ ဇာတ်ရှုပ်ရပါတော့တယ်။
ဇာတ်လမ်းအကြောင်းကို အများကြီးမပြောတော့ပါဘူး ဖိုက်တင်ပလေးတာတွေကတော့ ကြမ်းတယ်လို့ပြောလို့ရမယ့်အထဲမှာပါပါတယ်။ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက တော်တော်အဆင်ပြေတဲ့အထဲမှာပါတာမလို့ အက်ရှင်ကားကြမ်းကြမ်းကြည့်ချင်နေတဲ့သူတွေအတွက်ကတော့ သင့်တော်မှာဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။...
Hi Nanna (2023)
⭐IMDB: 8.4/10 (3 k Votes)
🎬 #Bollywood #Drama #Family #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 36 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hi Nanna 2023 ( မင်္ဂလာပါ ဖေဖေ)
IMDb 8.4/10 , RT 100%
Netflix ကနေ လတ်တလောကပဲ ထုတ်လွှင့်ပေးလိုက်တဲ့ဒရာမာ ရိုမန့်စ်ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ
Main cast တွေကလည်း အားလုံးနဲ့မစိမ်းတဲ့ Jersey မင်းသားနာနီနဲ့သရုပ်ဆောင်လဲကောင်း ရုပ်ကလေးကလဲချောတဲ့ Sita Ramamကမင်းသမီးလေး မရူနာထာကူးရ်တို့က ဦးဆောင်ပါဝင်ထားတဲ့အပြင်အချောလေး ရှရူသီ ဟာစန်ကလဲ အလှတရားတွေနဲ့ ပါဝင်အားဖြည့်ထားပါတယ်
“တစ်ခါတုန်းက တိုင်းပြည်မှာ ဘုင်ကြီးရယ် အမတ်ကြီးရယ် စစ်သူကြီးရယ်အရမ်းလှတဲ့သမီးတော်လေးရယ်ရှိတယ်တဲ့…အဲ့ဒါဆို အဲ့ဇာတ်လမ်းမှာ အမေမပါဘူးလား ဖေဖေ”
ဟုတ်ပါတယ် ၆ နှစ်သမီးလေး မာဟီကို အရမ်းချစ်တဲ့ ဗီရာ့ဂျ်ဟာသမီးလေးအတွက် ဖခင်နေရာရော မိခင်တာဝန်ပါ မလစ်ဟင်းအောင်အချစ်ကြီးချစ်ပေးတဲ့ single father တစ်ယောက်ပေါ့…
ဒါပေမဲ့ သမီးလေးမာဟီကတော့ သူ့အမေဘယ်သူလဲ ဘယ်ရောက်သွားလဲဆိုတာ အရမ်းသိချင်နေပါတယ်…ပြီးတော့ မာဟီလေးမှာ ကုသရခက်တဲ့ မွေးရာပါပန်းနာရောဂါကလည်းဖြစ်နေပါသေးတယ်…တစ်နေ့မှာ အမေ့အကြောင်းမပြောပြလို့ အဖေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတဲ့ မာဟီနဲ့မာဟီကို ကူညီစောင့်ရှောက်ပေးထားတဲ့ မိနိးမချောလေး ယာ့ရှ်နာနဲ့ ဖေဖေဗီရာ့ဂျ်တို့ ဆုံတွေ့ကြတဲ့အခါမှာ ….
ဗီရာ့ဂျ်ရဲ့အတိတ်က ဇာတ်လမ်းက ဘာဖြစ်မလဲမာဟီလေးကရော သူ့ရောဂါပျောက်ကင်းသွားမလားယာရှ်နာကရော သူတို့သားအဖနဲ့ ဘာတွေပတ်သတ်နေလဲစိတ်ဝင်တစားနဲ့ မိဘမေတ္တာ သံယောဇဉ် အချစ်ဇာတ်လမ်းလေးကိုကြည်ကြည်နူးနူး ကြည့်ရှုနိုင်ဖို့ ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်လိုက်ပါတယ်
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Brothers Sun (2024- )
⭐IMDB: 8.5/10 (10 Votes)
🎬 #Drama #Action #Adventure #Crime #Comedy
🗓 2024- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 48 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Brothers Sun (2024)The Brothers Sun (2024)
==================နက်ဖလစ်ရဲ့ အက်ရှင်ဟာသကား ဇာတ်လမ်းတွဲအသစ်တစ်ခု
လာပါပြီ။ အပိုင်းရှစ်ပိုင်းပါဝင်ပြီး မင်းသမီး မစ်ရှဲယိုပါဝင်ထား
ပါတယ်။ ဇာတ်လမ်းရော အက်ရှင်ရော မိုက်တာမို့ မလွတ်တမ်း
ကြည့်ရမဲ့ စီးရီးပါပဲ။
Your browser does not support the video tag.ဇာတ်လမ်းအကျဉ်း –
ထိုင်ဝမ်ရဲ့ အကြီးဆုံး ထရိုင်းရက် တရုတ်ရာဇဝတ်ဂိုဏ်းခေါင်း
ဆောင် အစ်ကိုကြီးစွန်းမှာ မိန်းမတစ်ယောက်နဲ့ သားနှစ်ယောက်
ရှိတယ်။ သားအကြီး ချားစ် က သူ့လက်ရုံးနေနဲ့ လူမိုက်ခေါင်း
ဆောင်ဖြစ်လာတယ်။ သားအငယ် ဘရုစ်နဲ့ သူ့မိန်းမက လော့စ်
အန်ဂျလိမှာ သာမန်လူတွေအနေနဲ့ ဇာတ်မြှပ်နေတယ်။ ဘရုစ်က
သူ့အဖေနဲ့အစ်ကိုဟာ လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတွေမှန်းမ
သိပါဘူး။ တစ်နေ့မှာ အစ်ကိုကြီးစွန်း လုပ်ကြံခံရပြီး ကိုမာဝင်
သွားတယ်။ ချားစ်က သူ့အမေနဲ့သူ့ညီကို ကာကွယ်ဖို့ လော့စ်အန်
ဂျလိကို တက်လာချိန်မှာပဲလုပ်ကြံတဲ့သူတွေဆက်တိုက်လိုက်
လာပြီး မိသားစုသုံးယောက် ရင်ဆိုင်ရပါတော့တယ်။ ဘရုစ်လည်း
သူ့အမေနဲ့သူ့အစ်ကို ပွဲကြမ်းနေတာတွေနောက်ကို အူကြောင်
ကြောင်လိုက်ရင်း ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းကို Mr Anderson မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေး
သူများကတော့ Mr.Anderson, Garfield, Thiha Yan Naing, Act Molemy တို့ ဖြစ်ပါတယ်။)...
After the Storm (2019)
⭐IMDB: 5.4/10 (521 Votes)
🎬 #Romance #TVMovie #Drama
🗓 2019 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 28 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
After the Storm (2019)
ဒီရုပ်ရှင်လေးထဲမှာတော့ သူတစ်ပါးကိုကူညီတတ်တဲ့ ကျောင်းဆရာမလေးနဲ့ တစ်နယ်တည်းသားချင်း နယ်ခံလက်သမားလေးတို့ကြားက အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကျေးလက်ရဲ့ အငွေ့အသက်၊ သာယာလှပမှုတို့ကိုပါ ပူးတွဲခံစားရမှာပဲဖြစ်ပါတယ်။
တစ်နေ့မှာ ကျေးလက်ဒေသလေးတစ်ခုဟာ သူတို့ရဲ့သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်လာခဲ့တဲ့ လေမုန်တိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး များပြားလှစွာသော အပျက်အစီးတွေကြားရောက်ခဲ့ရပါတယ်။ သေသူကသေ၊ ထိခိုက်ဒဏ်ရာရသူကရ၊ အိမ်ပြိုသူကပြိုနဲ့ အတော်လေးကိုကမောက်ကမဖြစ်နေတဲ့ အချိန်ကာလတစ်ခုဖြစ်နေခဲ့တယ်။ မုန်တိုင်းရဲ့ဒဏ်ကို အကြီးအကျယ်ခံလိုက်ရတဲ့သူတွေထဲမှာ လော်ရန်ဆိုတဲ့ကျောင်းဆရာမလေးတစ်ယောက်လည်း အပါအဝင်ဖြစ်တယ်။
လော်ရန်ဟာ ချောင်လည်တဲ့စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဒန်နဲ့စေ့စပ်ထားတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ မုန်တိုင်းကျတဲ့အချိန်မှာ ဒန်ဟာ ဩစတေးလျကို အလုပ်ကိစ္စနဲ့ရောက်နေပြီး လော်ရန်ကတော့ ကိုယ့်အိမ်ကိုယ့်ရာရဲ့ တင်းကုပ်ထဲမှာရှိနေခဲ့တယ်။ မနက်မိုးလင်းထွက်အကြည့်မှာတော့ သူတို့မိသားစုလက်ဆင့်ကမ်းခဲ့ကြတဲ့ သူ့ရဲ့အိမ်လေးဟာ ရာသီဥတုရဲ့ဆိုးရွားတဲ့ရိုက်ချက်မှာ အထိနာခဲ့တာကို တွေ့လိုက်ရပါတော့တယ်။
လော်ရန်ဟာ စိတ်ဓာတ်မကျပဲ နွေရာသီအားလပ်ချိန်လည်းဖြစ်တာကြောင့် သူ့အိမ်ကို သူကိုယ်တိုင်ပြန်ဆောက်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အဝေးရောက်သူတို့သားလောင်းရဲ့ သူ့နည်းသူ့ဟန်နဲ့ သူကောင်းမယ်ထင်သလို လော်ရန့်ကို ကူညီပေးလိုက်တာဟာ သူတို့ကြားကအချင်းချင်းနားလည်မှုနဲ့ ဆက်ဆံရေးအခြေအနေကို အလင်းပွင့်စေခဲ့တယ်။
တစ်ဖက်မှာတော့ လော်ရန်နဲ့ အတိတ်မှာဇယားလေးတွေရှိခဲ့ကြဖူးတဲ့ တစ်နယ်တည်းသား မောင်ကော်လင်းဟာ စိတ်ပါလက်ပါ ထဲထဲဝင်ဝင် ရပ်ကွက်ဒေသပြန်လည်ထူထောင်ရေး၊ ရှာဖွေကယ်ဆယ်ရှင်းလင်းရေးတို့မှာ အားတက်သရော ပါဝင်လှုပ်ရှားနေခဲ့တာဖြစ်တယ်။ လော်ရန် သူ့မိသားစုအိမ်ကိုပြန်ဆောက်တဲ့ကိစ္စမှာလည်း လော်ရန့်စိတ်သဘောကို သူနားလည်ပြီး သူကိုယ်တိုင် လူအင်အားဖြည့်ပေးမယ်လို့ စပြီး အကြိမ်ကြိမ်ကမ်းလှမ်းခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ပြန်လည်ရင်းနှီးလာကြပြီး အရင်ကကျန်သေးတဲ့မီးပွားစလေးတွေ တောက်လောင်လာခဲ့တယ်။
ဆိုတော့ လော်ရန်တစ်ယောက် နောက်ဆုံးမှာ ဘယ်သူ့ကိုရွေးမှာလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကတော့ အားလုံးအတူ လိုက်ပါကြည့်ရှုလိုက်ကြရအောင်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုJinaမှ ပြန်ဆို ရေးသားထားပါတယ်)...
Encounter With Fate (2023)
⭐TMDB: 0.0% User Score
🎬 #Drama #Fantasy #Romance
🗓 2023 🎞 tv series
🌎 #China
⏰ 1 နာရီ 29 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မတူတဲ့လောက၂ခုကလာတဲ့ စာသင်သားလေး ချန်ချိုင်နင်နဲ့ကြောင်မိစ္ဆာမလေး ချင်းနွီရဲ့ အချစ်ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။A Chinese Ghost Story Remake Version တစ်ခုဖြစ်တဲ့အတွက်CGSကိုကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကိုသိလောက်မယ်ထင်ပါတယ်။
အူတူတူရိုးသားတဲ့စာဂျပိုးလေးတစ်ယောက်က တောနက်ထဲမှာမိန်းမလှလေးနဲ့တွေဆုံပြီး သံယောဇဉ်ဖြစ်သွားခဲ့တယ်။ဝိဉာဉ်ဖမ်းသူတစ်ယောက်ဟာ မိစ္ဆာမလေးနောက်လိုက်ရင်း စာဂျပိုးလေးနဲ့ဆုံခဲ့ကြတယ်။ကြောင်မလေးရဲ့တာဝန်ကသူ့ကိုထိန်းချူပ်ထားတဲ့မိစ္ဆာမကြီးအတွက်ဝိဉာဉ်စုဆောင်းဖြစ်ရမှာဖြစ်ပေမယ့်သူချစ်မိနေတဲ့စာဂျပိုးလေးရဲ့ ဝိဉာဉ်ကိုတော့ မစုပ်ယူရက်ခဲ့ပါဘူး။
ဆန့်ကျင်ဘက်လောက၂ခုကချစ်သူနှစ်ယောက်ရဲ့အချစ်အတွက်စွန့်စားခန်းလေးပဲဖြစ်ပါတယ်။ဝိဉာဉ်ဖမ်းသမားကြီးကတော့ မထင်မှတ်ပဲ Third Wheel ကြီးဖြစ်သွားတာပေါ့။ပေါ့ပေါ့ပါးပါးနဲ့စိတ်အပန်းဖြေလို့ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Eileen (2023)
⭐IMDB: 6.4/10 (4 k Votes)
🎬 #Drama #Mystery #Thriller #Crime
🗓 2023 🎞 movie
🌎 #UnitedKingdom #UnitedStates #SouthKorea #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Eileen (2023)
~ IMDb – 6.6/10, RT – 85%, Meta – 71% ~
မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family Guy ထဲက ဟာသလိုပဲ “ရုပ်ချောချောလူတွေ ဆေးလိပ်သောက်ပြနေတိုင်း ရုပ်ရှင်မဖြစ်ဘူးလို့ ပြင်သစ်တွေကို ပြောလိုက်” ဆိုသလိုပါပဲ။ ဘဝမှာ စိတ်ဒဏ်ရာတွေနဲ့ ကြေကွဲလူငယ် ကောင်မလေးနှစ်ယောက် ထောင်ထဲကအလုပ်မှာ တွေ့ပြီး ဆေးလိပ်အတူသောက် အရက်အတူသောက်ကြရင်း ရင်းနှီးလာတယ်။ သူတို့နှစ်ယောက် အချင်းချင်း နားလည်သလို ရင်းနှီးမှုကနေ မှုခင်းကြီးတစ်ခုဆီ တစ်ဆစ်ချိုးပြောင်းသွားပြီး ဒရာမာကနေ သည်းထိပ်ရင်ဖိုဖြစ်သွားတဲ့ဇာတ်ကြောင်းကိုကြည့်ရမှာပါ။
ဒီရုပ်ရှင်မျိုးကြည့်ပြီး ကြိုက်တတ်ရင်တော့ ဒီလောက် စိတ်ဒဏ်ရာမကြမ်းတမ်းပေမဲ့ ရုတ်တရက်ကြီးဒုက္ခမျိုးစုံတွေ့တဲ့ အမျိုးသမီးနှစ်ယောက်အကြောင်းကို အကောင်းဆုံးရိုက်ထားတဲ့Thelma & Louise (1991)ကိုလည်း ကြည့်ဖို့ ညွှန်းချင်ပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
Tholvi F.C. (2023)
⭐IMDB: 7.4/10 (166 Votes)
🎬 #Bollywood #Comedy #Family #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 1 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tholvi F.C.(2023) “တက်နိုင် ဖျားရောက်”
IMDb – 8.4/10
တစ်နာရီကျော်အတွင်းမှာ အခက်အခဲကိုယ်စီနဲ့ ကျရှုံးနေရတဲ့ လူတွေရဲ့ဘ၀ကိုဟာသလေးနှောပြီးရိုက်ကူးသွားတဲ့ မလေယာလမ်းစကားပြောအိန္ဒိယရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
Tholviဆိုတာ အရှုံးသမားတွေတဲ့။ ဘ၀မှာ ရင်ဆိုင်ကြုံတွေ့နေရသမျှအခက်အခဲတိုင်းမှာ ရှုံနိမ့်နေကြရသူတွေပေါ့။
သေချာနေတဲ့အလုပ်ကို ပစ်ပြီး ကိုယ်ပိုင်ဆိုင်လေးကနေ ဆိုင်ခွဲတွေအများကြီးဖွင့်ဖို့အထိရည်ရွယ်ထားတဲ့သူ…။Crypto Currencyကို အနာဂတ်အတွက်စိတ်ကူးယဉ်ပြီး ရှိသမျှပိုက်ဆံရင်းနှီးမြှုပ်နှံထားတဲ့သူ…။ဘောလုံးသမားအိပ်မက်ကို အကြောင်းကြောင်းကြောင့် စွန့်လွှတ်လိုက်ရပြီး နည်းပြလုပ်နေတဲ့သူ…။စာကြည့်တိုက်မှာ အလုပ်လုပ်ရင်း ၀တ္ထုတွေရေးပြီး စာအုပ်တိုက်တွေစီပို့နေတဲ့သူ…။အရင်းအနှီးမရှိဘဲ ဇာတ်လမ်းတွေလိုက်ရှာရင်း ဒါရိုက်တာလုပ်ရုပ်ရှင်ဖန်တီးချင်တဲ့သူ…။
…စတဲ့ တစ်ခုခုကို ကြိုးစားနေကြရင်း ရှုံးနိမ့်နေကြတဲ့သူတို့တွေ။သူတို့တွေရဲ့ ပတ်သက်ဆက်နွယ်မှုနဲ့ သူတို့ရဲ့ အရှုံးကို တွန်းလှန်နိုင်လိုက်မှာလားဆိုတာကိုတော့အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးကပါ ကြည့်ရှုဝေဖန်ပေးကြပါဦးလားခင်ဗျ။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Serial Killer's Wife (2023- )
⭐IMDB: 6.1/10 (505 Votes)
🎬 #Drama #Mystery #Thriller
🗓 2023- 🎞 tv series
🌎 #UnitedKingdom
⏰ 46 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Serial Killer’s Wife (2023)Series လည်း ကြည့်ချင်တယ် အရှည်ကြီးကြည့်ရမှာလည်းပျင်းတယ်ဆိုတဲ့သူတွေရှိရင် အပိုင်းနည်းနည်းနဲ့
Your browser does not support the video tag.ကြည့်လို့ကောင်းတဲ့ series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်က The Serial Killer’s Wife ဖြစ်ပြီးတော့2023 ခုနှစ် December ကမှ ထွက်ရှိထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဘတ်သ်ရဲ့အမျိုးသား တွန်က ကျေးလက်ဒေသက ဆရာဝန်တစ်ဦးပါ။တွန်ရဲ့ ဆေးခန်းအကူ ကေတီ သေဆုံးရာကနေဇာတ်လမ်းအစပြုပါတယ်။တစ်နေ့ ဘတ်သ်နဲ့ တွန်တို့ ဧည့်သည်တွေနဲ့အတူ မွေးနေ့ကျင်းပနေတုန်းရဲတပ်ဖွဲ့က ရောက်လာပြီးတော့ တွန်ကို လူသတ်မှုသံသယတရားခံအဖြစ် ဖမ်းသွားခဲ့တယ်။အခြေအနေတွေကလည်း ဖရိုဖရဲဖြစ်ပြီး ဧည့်သည်တွေရှေ့မှာမျက်နှာပျက်စရာတွေ ဖြစ်ကုန်ပါတယ်။ဘတ်သ်ဟာ အတင်းအဖျင်းတွေကို ရင်ဆိုင်ရင်း ယောက်ျားဖြစ်သူအပြစ်ကင်းကြောင်း သက်သေပြဖို့ တွန်ရဲ့ ပစ္စည်းတွေကို ရှာဖွေခဲ့တယ်။မမျှော်လင့်ထားဘဲ တွန်က ကေတီအပါအဝင် တခြားအမျိုးသမီးတွေနဲ့ဖောက်ပြန်နေတာကို ဘတ်သ်တစ်ယောက် သိလိုက်ရပါတယ်။ဒီကစလို့ ဇာတ်လမ်းဟာ ပိုမိုရှုပ်ထွေးလာပြီးတော့ ဘတ်သ်နဲ့ တွန်ရဲ့မရိုးရှင်းတဲ့ အတိတ်အကြောင်းတွေပါ ပါလာမှာပါ။ရဲတွေကရော လူသတ်မှုကို ဘယ်လိုဖော်ထုတ်မလဲ၊ လူသတ်တရားခံအစစ်ကဘယ်သူလဲ၊ တခြားကွင်းဆက် လူသတ်မှုတွေနဲ့ဘယ်လိုချိတ်သွားမလဲ၊ ဘတ်သ်နဲ့ တွန်ရဲ့ ဆက်ဆံရေးကရောဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ပါ။ဇာတ်လမ်းအစအဆုံး လူသတ်သမားက ဘယ်သူလဲဆိုတာကိုplot twist ပေါင်းများစွာနဲ့ ရင်ခုန်စွာ ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်တာမလို့ ကြည့်ဖြစ်အောင်ကြည့်သင့်ကြောင်းrecommend ပေးလိုက်ပါတယ်။...
