ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Curry & Cyanide: The Jolly Joseph Case (2023)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Bollywood #Crime #Documentary
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 38 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Curry & Cyanide – The Jolly Joseph Case (2023) ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှုIMDb – 6.7/10Documentary ဇာတ်လမ်းတွေကို သဘောကျတဲ့CMပရိသတ်တို့အတွက် အခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၉ ခုနှစ်က Koodathayi Cyanide Killings(ကူဒါသာရီဆိုင်ယာနိုဒ်လူသတ်မှု)ဆိုပြီး အိန္ဒိယတစ်ခွင်မှာ ဖိန့်ဖိန့်တုန်သွားစေတဲ့ Netflixဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ ပြည်သူတွေကြားမှာ ဟိုးလေးတကျော်ဖြစ်ပြီး အတော်လေးဂယက်ရိုက်သွားတဲ့အတွက် ဒီအကြောင်းကို ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေ ရိုက်ကူးထားတာတွေရှိခဲ့ပေမဲ့ အခုတစ်ခါမှာတော့ မတူညီတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ Netflix version လေးကို ရှုစားကြည့်ကြပါဦး။
2019 ခုနှစ် အောက်တိုဘာလ နံနက်ခင်းဝေလီဝေလင်းအချိန်၊ အိမ်တိုင်းမှာ လူတိုင်းတောင်မနိုးထသေးတဲ့ ဒီအချိန်မှာ ကူဒါသာရီဆိုတဲ့မြို့လေးမှာတော့ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ရပ်ကြီး ဖြစ်သွားပါတယ်။ လူအများကလေးစားရတဲ့ လူတိုင်းနဲ့အဆင်ပြေတဲ့ နည်းပညာတက္ကသိုလ်က ဆရာမတစ်ယောက်ဖြစ်တဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့အမျိုးသမီးဟာ သူ့ရဲ့မိသားစုဝင် ၆ ယောက်ကို Cyanide လို့ခေါ်တဲ့ အဆိပ်ပြင်းတစ်မျိုးနဲ့ သတ်ခဲ့တဲ့ လူသတ်တရားခံအဖြစ်နဲ့ ရဲဘက်က လာရောက်ဖမ်းဆီးသွားခဲ့လို့ပါပဲ။
မီဒီယာထုံးစံအရ ဒီလိုအမှုဖြစ်ပြီဆိုတာနဲ့ သတင်းသမားတွေက အမှန်တရားနဲ့ ကောလာဟလကိုရောယှက်လို့ ကိုယ့်ရဲ့ထင်မြင်ချက်တွေပါစွက်ပြီး သတင်းတွေဖောင်းပွအောင်ရေးကြတော့တာပါပဲ။ ဂျိုလီဟာ လေးစားအပ်တဲ့ သဘောကောင်းတဲ့ အမျိုးသမီးလို့ ပြောသူကပြော၊ ပြည့်တန်ဆာအလုပ်နဲ့ဆက်စပ်နေတယ်ပြောသူကပြောနဲ့ အမှားကအမှန် အမှန်ကအမှားဖြစ်အောင် တစ်စိတ်ကိုတစ်အိတ်လုပ်နေကြတာပေါ့။ ဒါပေမဲ့ လူတွေပြောနေတဲ့ ဂျိုလီဂျိုးဆပ်ဆိုတဲ့ ဒီအမျိုးသမီးကဘယ်သူလဲ။ ၂၀၀၂ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၁၄ နှစ်တာကာလအတွင်းမှာ ၂ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် ကိုယ့်ရဲ့မိသားစုဝင် ၆ ယောက်တိတိကို သူတကယ်ပဲ သွေးအေးစွာနဲ့ သတ်ဖြတ်ခဲ့တာလား။
အမှန်တော့ ဂျိုလီက ကတ္တပန်နာဆိုတဲ့မြို့လေးက လယ်သမားမိသားစုမှာ ကြီးပြင်းလာခဲ့တဲ့သူပါ။ လက်လုပ်လက်စားမိသားစုမှာမွေးပေမဲ့ ဝံ့ဝံ့ကြွားကြွားနဲ့ ကျော့ကျော့လေးနေချင်တဲ့ဂျိုလီဟာ ကူဒါသာရီက လူရိုသေရှင်ရိုသေမိသားစုဖြစ်တဲ့ ပူနာမာတမ်မိသားစုရဲ့ချွေးမဖြစ်လာဖို့ သူဟာ MComဘွဲ့ရပညာတတ်ဖြစ်တယ်လို့ လိမ်လည်ပြီး မျက်နှာကောင်းရဖို့လုပ်ပါတော့တယ်။ ဒီလုပ်ကြံထားတဲ့ MComဘွဲ့ကပဲ သူ့ကို ပူနာမာတမ်ရဲ့သားကြီးဖြစ်တဲ့ရွိုင်နဲ့နီးစပ်နိုင်ဖို့ တွန်းအားပေးခဲ့သလို လူသတ်မှု ၆ ခုစဖြစ်လာဖို့ ကနဦးအစဆိုရင်လည်းမမှားပါဘူး။ ဘာလို့လဲဆိုတော့ လက်ထပ်ပြီး အသားကျတာနဲ့ ယောက္ခမဖြစ်သူ အန်နမ်မာက MComဘွဲ့ယူထားပြီး အိမ်မှာအလကားမနေဖို့ ပညာရေးကိုတန်ဖိုးထားတဲ့မိသားစုပီပီ တတ်သိပညာကိုအသုံးချဖို့ တဖွဖွတိုက်တွန်းတော့တာပါပဲ။
ဒီဘာမဟုတ်တဲ့ ဘွဲ့လေးတစ်ခုကို လိမ်ညာတာကနေစလို့ လူသတ်မှု ၆ ခုဖြစ်ပွားခဲ့ရတဲ့ အမှိုက်ကစပြာသာဒ်မီးလောင်ပြီး လူသတ်မှုတွေအထိ ဘယ်လိုဖြစ်လာခဲ့သလဲ။ တခြားဘယ်သူတွေ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေခဲ့သလဲ။ ဘာမဟုတ်တဲ့ အလိမ်အညာလေးတစ်ခုကိုဖုံးကွယ်ဖို့အတွက်နဲ့ ပေးဆပ်လိုက်ရတဲ့တန်ကြေးတွေ ဘယ်လောက်ထိကြီးမားသွားမလဲဆိုတာ အားလုံးအတူ ရှုစားလိုက်ကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ BpL ~ Yunni ~ Alexတို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Kaththi (2014)
⭐IMDB: 8.1/10 (30 k Votes)
🎬 #Action #Bollywood #Drama
🗓 2014 🎞 movie
🌎 #India
⏰ 2 နာရီ 36 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kaththi (2014) “ဓား”================
IMDb 8.1/10ဗီဂျေးရဲ့ ကားဟောင်း၊ ကားကောင်း ခပ်မိုက်မိုက် နှစ်ကိုယ်ခွဲရုပ်ရှင်လေးတစ်ခုကိုထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ဇာတ်လမ်းသွားတော်တော်လေးမိုက်တာကြောင့် remake ဆရာကြီး အက်ရှေးကူးမားကတောင်ပြန်ပြီး remake လုပ်မယ်လို့ သတင်းတွေထွက်ဖူးခဲ့တဲ့ ရုပ်ရှင်လေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့…ဇာတ်လိုက်ဖြစ်သူ ကာသီဟာ ထောင်ကို ၁၈ ကြိမ်ဖောက်ဖူးတဲ့၊ ရဲတွေကတောင်ထောင်ဖောက်တဲ့သူတွေကို ဖမ်းဖို့အတွက် တဖန်ပြန်ပြီး အကူအညီတောင်းရတဲ့ ထောင်မင်းသားတစ်ယောက်ပါ။
တစ်ခါမှာတော့ အဲဒီလိုပဲ ထောင်ဖောက်ပြေးရင်း သူ့ရှေ့မှာ ပစ်ခတ်မှုတစ်ခုဖြစ်နေတာကို တွေ့လိုက်ရပါတယ်။အဲဒီပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့သူက သူနဲ့ ရုပ်တထေရာတည်းတူနေတဲ့ ဗီရာဆိုတဲ့သူဖြစ်နေတာကြောင့်အဲဒီ ဗီရာအယောင်ဆောင်ပြီး ရဲတွေမမိအောင်ရှောင်နေရင်း ထောင်မင်းသားဘဝကနေ နင်းပြားတွေရဲ့သူရဲကောင်း ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။
အက်ရှေးကူးမားကတောင် remake လုပ်ဖို့ ကြိုးစားဖူးတဲ့ထိ တော်တော်မိုက်တဲ့ရုပ်ရှင်လေးဖြစ်လို့စီအမ်ပရိသတ်တွေအတွက် CM Bollywood Team ကနေ တင်ဆက်ပေးလိုက်ပါတယ်…။( ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ။ )
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Keedaa Cola (2023)
⭐IMDB: 8.3/10 (3 k Votes)
🎬 #Action #Bollywood #Comedy #Crime
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Keedaa Cola (2023) “ကီဒါ ကိုလာ”
အသစ်ထွက်ရှိထားတဲ့ အမှန်အကန်ရယ်ရမယ့် တေလဂူး crime/comedy ကားလေးဖြစ်ပါတယ်
IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင်“ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း” လို့ ညွှန်းချင်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်
ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း အရှက်တကွဲ ဖြစ်သွားရပါတယ် (သူ့အခန်းထဲမှာ သရုပ်ပြလူနာ အရုပ်မကို ရင်ဘတ်လက်နဲ့ဖိနေတာကို အရုပ်မနဲ့ မူစကူဒူးနေတယ် အထင်ခံလိုက်ရတာပါ) ဒီလိုနဲ့ ပိုက်ဆံကလည်းမရှိ… မိန်းမကလည်း မရသေးနဲ့ ဘဝကို ပိုက်ဆံပုံပေါ်မှာ အေးအေးလူလူဖြတ်သန်းချင်တဲ့ ဗီစသူ ရဲ့ အိပ်မက်လည်း မပြည့်နိုင် ဖြစ်နေပါတယ်…
နောက်တော့ သူနဲ့ သူ့သူငယ်ချင်းအုပ်စု အအေးပုလင်းထဲကို ပိုးဟပ်တစ်ကောင် ထည့်ပြီး ပိုက်ဆံအချီကြီးရမယ့် မဟာအကြံကို ကြံပါတော့တယ် ဘယ်သို့ဘယ်ပုံ အဲဒီလို အခြေအနေကို ရောက်သွားတာလဲ… သူတို့ရဲ့ အကြံအစည် အလုပ်ဖြစ်ပါ့မလား ဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ခံစားကြည့်ရှုပြီး အမောဖြေလိုက်ကြပါဦး
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Rest Stop (2006)
⭐TMDB: 53.0% User Score
🎬 #Horror #Thriller #Romance
🗓 2006 🎞 video movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rest Stop (2006)=============
ဂျက်စ်နဲ့နစ်ကိုးလ်တို့ဟာ ပုန်ကန်ချင်တဲ့၊ စွန့်စားချင်တဲ့ ချစ်သူနဲ့ဘဝသစ်ကိုထူထောင်ချင်တဲ့ ဆယ်ကျော်သက်လူငယ်တွေပါ။အဲ့ဒီစိတ်ကူးယဉ်အိမ်မက်တွေနောက်ကိုလိုက်ဖို့တစ်နေ့မှာတော့ဂျက်စ်ရဲ့အမိုးဖွင့်ကားလေးနဲ့အတူ မိဘတွေကိုအသိမပေးပဲ ဟောလိဝုဒ်ကိုဦးတည်ပြီး ခိုးထွက်လာခဲ့ကြပါတယ်။လမ်းတစ်နေရာမှာတော့ အပေါ့သွားချင်လာတဲ့ နစ်ကိုးလ်ကြောင့် လမ်းဘေး အိမ်သာလေးတစ်ခုကိုဝင်မိရာကနေပြန်အထွက်မှာ ဂျက်စ်တစ်ယောက်ပျောက်ချင်းမလှပျောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။
နီးစပ်ရာမှာ အကူအညီတောင်းဖို့ကြိုးစားရင်း လူနေကားတစ်စီးကိုတွေ့မိလို့ ခဏလိုက်ပါမိရာကနေ ကြက်သီးထဖွယ်ကားပိုင်ရှင်မိသားစုကြောင့် ပြန်ဆင်းလာခဲ့ရပြီး လမ်းဘေးအိမ်သာဆီပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီလမ်းဘေးအိမ်သာမှာတော့ သူ့ကိုပိုပြီးခြောက်ခြားဖွယ်အဖြစ်အပျက်တွေက စောင့်ကြိုနေတာကို နစ်ကိုးလ်တစ်ယောက်အသိနောက်ကျခဲ့ရပါတယ်။
ဒီကားလမ်းမပေါ်မှာ ထရပ်ကားနဲ့လူတစ်ယောက်လိုက်ဒုက္ခပေးနေကြောင်းရေးထားတဲ့ အိမ်သာနံရံက ခြောက်ခြားဖွယ်စာတွေ ၊Rollingstones ဂီတဖျော်ဖြေပွဲကိုသွားရင်း လူတစ်ယောက်ဖမ်းထားပြီးနှိပ်စက်ရာကနေထွက်ပြေးလာတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်၊ တကယ်တမ်းတော့ အဲ့ဒီမိန်းကလေးဟာ ၁၉၇၁ ထဲကပျောက်ဆုံးနေခဲ့တာဆိုတာသူသိလိုက်ရချိန်၊ အခြေအနေတွေ အဖြစ်အပျက်တွေကို သူ ဆက်စပ်မိလာချိန်မှာတော့..။
Wrong Turn တို့၊ The hills have eyes တို့လို မျက်စိလည်လမ်းမှားရာကနေ သွေးပျက်စရာလူသတ်သမားတွေရဲ့ပစ်မှတ်ထားခံရတဲ့ ပရိသတ်တွေအကြိုက်တွေ့မယ့် Franchise နောက်တစ်ခုပါပဲ။ အဲ့ဒီကားတွေထက်မလျော့တဲ့ ကြမ်းတမ်းရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ၊ သွေးထွက်သံယိုတွေ၊ အဖော်အချွတ်တွေပါဝင်တဲ့အတွက်၊ Genre ပရိသတ်တွေကျေနပ်နှစ်သိမ့်ကြမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
The Christmas Checklist (2022)
⭐IMDB: 6.7/10 (83 Votes)
🎬 #Drama #Romance #TVMovie #Comedy
🗓 2022 🎞 tv movie
🌎 #Canada #UnitedStates
⏰ 1 နာရီ 44 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Christmas Checklist (2022)=======================
အမ်မလီ ရောဘတ်ဆန်အတွက်တော့ ခရစ်စမတ်ကို အရမ်းချစ်တဲ့မိခင်ဖြစ်သူ ရူဘီ ဆုံးပါးသွားပြီးတဲ့နောက် ဒီနှစ် ခရစ်စမတ်ဟာ သူမအတွက် အခက်ခဲဆုံးနှစ်ပါပဲ။ ဒီလိုမျိုး ကြေကွဲနေရင်းနဲ့ပဲ အမေဖြစ်သူရူဘီရဲ့ နောက်ဆုံး တောင်းဆိုချက်အနေနဲ့ ထားခဲ့တဲ့ စာရင်းနဲ့ အချက်၁၂ချက်ကို ခရစ်စမတ် အကြိုနေ့ အမီလုပ်ဖို့ ဖြစ်လာခဲ့ချိန်မှာ သူမတွေ့ခဲ့တာကတော့ နိုအာဆိုတဲ့ အလွတ်တန်း သတင်းထောက် တစ်ယောက်ပါ။
ခရစ်စမတ်ရဲ့ ကြည်နူးစရာ ပျော်ရွှင်စရာတွေဆိုတာကို အယုံအကြည်မရှိတော့တဲ့ နိုအာရဲ့ အကူအညီနဲ့အတူ အမ်မလီတစ်ယောက် ခရစ်စမတ်စာရင်းကို ပြီးမြောက်အောင် လုပ်နိုင်သွားမှာလား။ နိုအာနဲ့ အမ်မလီတို့ကြားမှာရော ဘယ်လိုမျိုး အချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်လာကြမလဲ။ ဒီစာရင်းရဲ့ ရည်ရွယ်ချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကရောဘာဖြစ်မလဲဆိုတာကို the Christmas checklist ဆိုတဲ့ Hallmarkဇာတ်ကားလေးမှာ ရှူစားအားပေးကြပါဦးခင်ဗျ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Brackman ဖြစ်ပါတယ်)...
The Christmas Checklist (2022)
⭐IMDB: 6.7/10 (83 Votes)
🎬 #Drama #Romance #TVMovie #Comedy
🗓 2022 🎞 tv movie
🌎 #Canada #UnitedStates
⏰ 1 နာရီ 44 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Christmas Checklist (2022)=======================
အမ်မလီ ရောဘတ်ဆန်အတွက်တော့ ခရစ်စမတ်ကို အရမ်းချစ်တဲ့မိခင်ဖြစ်သူ ရူဘီ ဆုံးပါးသွားပြီးတဲ့နောက် ဒီနှစ် ခရစ်စမတ်ဟာ သူမအတွက် အခက်ခဲဆုံးနှစ်ပါပဲ။ ဒီလိုမျိုး ကြေကွဲနေရင်းနဲ့ပဲ အမေဖြစ်သူရူဘီရဲ့ နောက်ဆုံး တောင်းဆိုချက်အနေနဲ့ ထားခဲ့တဲ့ စာရင်းနဲ့ အချက်၁၂ချက်ကို ခရစ်စမတ် အကြိုနေ့ အမီလုပ်ဖို့ ဖြစ်လာခဲ့ချိန်မှာ သူမတွေ့ခဲ့တာကတော့ နိုအာဆိုတဲ့ အလွတ်တန်း သတင်းထောက် တစ်ယောက်ပါ။
ခရစ်စမတ်ရဲ့ ကြည်နူးစရာ ပျော်ရွှင်စရာတွေဆိုတာကို အယုံအကြည်မရှိတော့တဲ့ နိုအာရဲ့ အကူအညီနဲ့အတူ အမ်မလီတစ်ယောက် ခရစ်စမတ်စာရင်းကို ပြီးမြောက်အောင် လုပ်နိုင်သွားမှာလား။ နိုအာနဲ့ အမ်မလီတို့ကြားမှာရော ဘယ်လိုမျိုး အချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်လာကြမလဲ။ ဒီစာရင်းရဲ့ ရည်ရွယ်ချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကရောဘာဖြစ်မလဲဆိုတာကို the Christmas checklist ဆိုတဲ့ Hallmarkဇာတ်ကားလေးမှာ ရှူစားအားပေးကြပါဦးခင်ဗျ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Brackman ဖြစ်ပါတယ်)...
Christmas at the Golden Dragon (2022)
⭐IMDB: 6.6/10 (996 Votes)
🎬 #Comedy #Drama #Romance #TVMovie
🗓 2022 🎞 tv movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Christmas at the Golden Dragon (2022)=============================
ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူတို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragonဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ်စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက်ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။
ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့ သွားတွေ့ဖို့ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခုကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး ဖော်ပြထားပါတယ်။ မိသားစုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေမှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကားလေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Dr Zac ဖြစ်ပါတယ်)...
The Lie (2018)
⭐IMDB: 5.8/10 (20 k Votes)
🎬 #Drama #Thriller #Mystery #Horror
🗓 2018 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lie (2018)============
ဒီဇာတ်ကားလေးကတော့ broken family တစ်ခုရဲ့ သက်ရောက်မှုတွေကို ဖော်ကြူးထားပါတယ်။ ဆယ်ကျော်သက်လေး ကေလာဟာအမေ အဖေ တစ်ကွဲစီနဲ့ ဟိုကူးဒီကူးလုပ်နေရသူလေးပါ။ မိဘတွေကိုယ်စီမှာလည်း နောက်လူ အသီးသီးနဲ့ပေါ့။ တစ်ရက် ကျောင်းကပွဲကို တက်ရမယ့် အသွားလမ်းမှာ သူငယ်ချင်း ဘရစ်တနီကို တွေ့တာမို့သူ့အဖေကားနဲ့ တစ်ပါတည်းလိုက်ဖို့ ခေါ်ခဲ့တယ်။
ဘရစ်တနီဆိုတာလည်း အလန်းဇယားလေးတစ်ယောက်၊ ကိစ္စလေးတစ်ခုနဲ့ စကားများရင်း အဖေ့ကွယ်ရာအရောက် သူငယ်ချင်းကိုတွန်းချလိုက်စဉ်မှာ ပြဿနာတွေက စပါတော့တယ်။ သမီးဖြစ်သူ ငယ်ငယ်ရွယ်ရွယ်ကို ထောင်ထဲအပါမခံနိုင်တဲ့ မိဘတွေရဲ့ ကြိုးပမ်း အားစိုက်လိမ်ညာမှု၊ သူတို့တွေရဲ့ အပူမီးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့်ဒရာမာကောင်းလေး ဖြစ်တာမို့ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thu Thu ဖြစ်ပါတယ်)...
深潭往事 (2023)
⭐TMDB: 0.0% User Score
🎬 #Drama #Romance
🗓 2023 🎞 tv series
🌎 #China
⏰ 1 နာရီ 27 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသမီး လှလှလေးတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ကားကိုဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
မေထန်မြို့မှ ပြဇာတ်မင်းသမီးလေး မေလင်ဟာ အနိုင်ကျင့်မှုတွေ ကြားထဲကကြီးပျင်းလာခဲ့ရပြီး ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။အကြိမ်ကြိမ် စစ်ရှုံးနေတဲ့ ဗိုလ်မှူးလေးဟာ မိန်းမလှကန်ရဲ့ဒဏ္ဍာရီပုံပြင်ကို ကြားပြီးနောက်မှာတော့ ဆုတောင်းပြည့်ပူဇော်ပွဲလုပ်ဖို့ မေထန်မြို့ကို ရောက်လာခဲ့ပါတယ်။
သူက မေလင်ကို လိမ်လည်ခေါ်ဆောင်သွားပြီး မိန်းမလှကန်ထဲကို ပစ်ချခဲ့ပေမဲ့လဲမေလင်က ကံကောင်းစွာနဲ့ မသေမြက်အဆိပ်မိသွားပြီးနောက်မှာသွေးဆာတတ်တဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားခဲ့ပါတယ်။သူက သူ့အပေါ် အကြံယုတ်မာတဲ့ ယောကျာ်းတွေကို ဆွဲဆောင်ပြီး စားသုံးခဲ့ပါတယ်။
မေလင်ရဲ့ သူငယ်ချင်းကောင်းဖြစ်သူ ယင်ရှင့်ဟာ မေလင်းရဲ့ ပြောင်းလဲမှုကိုသတိထားမိသွားပါတယ်။ မေလင်ရဲ့ရောဂါဟာလည်း တဖြည်းဖြည်းပြင်းထန်လာပြီးရက် ၂၀ ကြာရင် မသေတတ်တဲ့ မကောင်းဆိုးဝါးကြီးလုံးဝ ဖြစ်သွားတော့မယ်ဆိုတာ သိလိုက်ရပါတယ်။
အကြောင်းအရင်းတွေ သိရပြီးနောက် ယင်ရှင့်နဲ့ မေလင်တို့ဒီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ……လူယုတ်မာတွေကရော ဘယ်လို အကြံအစည်တွေ ရှိကြမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။...
Blood Coast (2023- )
⭐IMDB: 7.0/10 (2 k Votes)
🎬 #Action #Adventure #Crime #Drama #Thriller
🗓 2023- 🎞 tv series
🌎 #France
⏰ 54 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Blood Coast (2023)Blood Coast (2023) Complete
Your browser does not support the video tag.~ IMDb – 7/10, Rotten Tomatoes – 76% ~ ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ 2023 မှာထွက်ရှိထားပြီး အပိုင်း ၆ပိုင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင် ရိုက်ကူးထားတဲ့ အက်ရှင်ကြိုက်ပရိသတ်တို့ သဘောကျလောက်မယ့် မှုခင်းအက်ရှင်စီးရီး Blood Coast ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မာဆယ်မြို့ မူးယစ်ရောင်းဝယ်ရေးကို လက်ဝါးကြီးအုပ်နေရာယူထားတဲ့ ဆာဒီဂိုဏ်းခေါင်းဆောင် အယ်လီဆာဒီနဲ့ မူးယစ်ဆေးသစ် နည်းအသစ်တွေနဲ့ ဆာဒီဂိုဏ်းနေရာကိုဝင်ရောက်နေရာယူဖို့ကြိုးစားတဲ့ အင်ဒီးယန်းနဲ့မူရီလိုတို့အဖွဲ့တို့ကြား အားပြိုင်ရာကနေ မြို့ပေါ်သွေးချောင်းစီးမှာကို လိုက်ကာကွယ်ပေးနေတဲ့ ယက်စ်ဦးဆောင်တဲ့မူးယစ်ကာကွယ်ရေးရဲအဖွဲ့… အဲဒီသုံးဖွဲ့ကြားက အားပြိုင်မှုတွေ ကြိုးပမ်းမှုတွေ ကို အက်ရှင်ဆန်ဆန်ကြည့်ရှုရအောင် ရိုက်ကူးပြသထားတဲ့ စပိန်အက်ရှင်ဒရာမာစီးရီးလေးပဲဖြစ်ပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)...
The Promised Land (2023)
⭐IMDB: 7.7/10 (4 k Votes)
🎬 #Biography #Drama #History
🗓 2023 🎞 movie
🌎 #Denmark #Sweden #Norway #Germany
⏰ 2 နာရီ 8 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒိန်းမတ်ရဲ့ ၂၀၂၄ အော်စကာအတွက် တင်သွင်းထားတဲ့ရုပ်ရှင်အသစ်လာပါပြီ။
IMDb 7.7 ရရှိထားပြီး မင်းသားကြီး Mads Mikkelsen ပါဝင်ထားပါတယ်။
The Dark Tower ရဲ့ ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
ဇာတ်လမ်း၊ ရိုက်ချက်၊ သရုပ်ဆောင်အားလုံးကောင်းတာမို့ ကြည့်သင့်တဲ့
ရုပ်ရှင်ကောင်းတစ်ခုပါပဲ။
ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီး
ဒိန်းမတ်နိုင်ငံရဲ့ မြေပုံကိုပါ ပြောင်းလဲစေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါပဲ။
၁၇၀၀ ပြည့်နှစ်အကျော်တွေမှာ ဒိန်းမတ်ဘုရင်ဟာ မြေရိုင်းတွေဧကပေါင်းများစွာမှာ
လူတွေအခြေချစေချင်ပြီး စိုက်ပျိုးစေချင်ပေမဲ့ နှစ် ၅၀ ကြာတဲ့တိုင်အောင် ဘယ်သူမှ
မအောင်မြင်နိုင်ခဲ့ပါဘူး။ မြေတွေက အရမ်းကြမ်းတော့ စိုက်ပျိုုးလို့မရတဲ့အပြင်
ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေက ခိုးဝှက်လုယက်နေတာလည်းရှိနေလို့ပါ။
အဲဒီအချိန်မှာပဲ စစ်ပြန်အငြိမ်းစားဗိုလ်ကြီး လက်ဗစ်ခေလန်က အဲဒီမြေရိုင်းတွေ
ပေါ်မှာ စိုက်ပျိုးပြီး အခြေချခွင့်တောင်းလာပါတယ်။ ဘုရင့်ဘဏ္ဍာရေးအဖွဲ့က
သူအောင်မြင်မယ်လို့ မယုံကြည်ပေမဲ့ ဟန်ပြလုပ်နေတဲ့သူရှိရင်ပြီးတာပဲဆိုပြီး
ခွင့်ပြုလိုပါတယ်။ အထောက်အပံ့တော့ မပေးပါဘူး။ ခေလန်ဟာ သူ့ရဲ့ ပင်စင်
လစာလေးနဲ့ ရှိမဲ့စုမဲ့ လူတွေငှား ပစ္စည်းတွေဝယ်ပြီး မြေရိုင်းဒေသကိုထွက်လာပေမဲ့
သူ့ဆီက ခိုးမဲ့လုမဲ့ ဂျစ်ပစီတွေနဲ့ မြေရိုင်းဒေသကို အပိုင်စီးချင်နေတဲ့ မြေရှင်
သူဌေးကြီးတစ်ယောက်က မျိုးစုံတိုက်ခိုက်လာတဲ့အခါ နဂိုကမှ ခက်ခဲနေတဲ့အလုပ်ဟာ
မဖြစ်နိုင်စရာဖြစ်လာပါတယ်။ ဒါတွေကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊
အောင်မြင်ဖို့အတွက် ဘာတွေပေးဆပ်လိုက်ရလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ
ဆက်ကြည့်ရမှာပါ။...
The Cell (2000)
⭐TMDB: 63.0% User Score
🎬 #Crime #Horror #SciFi #Thriller #ScienceFiction
🗓 2000 🎞 movie
🌎 #Germany #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်လေးက ၂၀၀၀ခုနှစ်ထွက် Sci-Fi Horrorကားလေးပါ…။
သရုပ်ဆောင်တွေအနေနဲ့က Jennifer Lopez၊ Vince Vaughnတို့
ပါဝင်ပြီး ဆုတံဆိပ်တွေအများကြီးရရှိခဲ့သလို Makeupနဲ့ Hairstyleပိုင်းမှာ
အော်စကာဇကာတင်အဖြစ်ပါခဲ့ပါသေးတယ်။
ရုံဝင်ငွေကလည်း ဘတ်ဂျက်၃၃မီလီယံမှာ ၁၀၄မီလီယံအထိရရှိခဲ့တဲ့
ကားလေးဖြစ်ပြီး အဲ့ဒီခေတ်အဲ့ဒီအခါက ဒီလိုဇာတ်အိမ်မျိုးကို ဒီလိုရိုက်ပြ
ခဲ့ပါလားဆိုပြီး မြင်တွေ့ရမယ့်ကားလေးလည်းဖြစ်ပါတယ်…။
ဇာတ်လမ်းအကြောင်းလေးကလည်း ခပ်ဆန်းဆန်း၊ တိုတိုရှင်းရှင်းပြောရရင်
ကိုမာဝင်နေတဲ့လူရဲ့စိတ်ထဲကဝင်ပြီး ကိုယ်သိချင်တဲ့အချက်အလက်တွေဝင်ရှာပြီး
ရာဇဝတ်အမှုလိုက်သွားတဲ့ကားလေးပါ…။
Inceptionလို မူဗီမျိုးကိုကြိုက်တတ်ရင်တော့ ဒီကားလေးကလည်း
အရသာတစ်မျိုးတွေ့ဦးမှာပါ၊ ထပ်ပြီးထူးတာက ဒီကားထဲမှာhorror vibe
ကိုလည်းခံစားရဦးမှာပါ….၊
ဇာတ်လမ်းအကျဥ်းလေးက ကွင်းဆက်လူသတ်သမားတစ်ယောက်ရှိတယ်…
သူ့သတ်ဖြတ်နည်းက ခပ်ဆန်းဆန်း၊အမျိုးသမီးတွေကိုပဲ ပြန်ပေးဆွဲကာ
တစ်နေရာမှာဖွက်ထားပြီး ရေနှစ်သေအောင်လုပ်တယ် ပြီးမှ အရုပ်မဖြစ်အောင်
အရောင်ချွတ်ဆေးတွေနဲ့မွမ်းမံပြီး ရဲတွေတွေ့အောင်ပစ်သွားတာ…။
ရဲတွေကသူ့ကိုတော်တော်နဲ့မဖမ်းနိုင်ခဲ့ဘူး…။ဘယ်အချိန်မှ ဖမ်းမိသွားလဲဆိုတော
အဲ့ဒီလူသတ်သမားကိုမာဝင်သွားမှ ဖမ်းမိတယ်…။
အဖမ်းခံရတဲ့အချိန်မှာလည်း အမျိုးသမီးတစ်ယောက်ကို ပြန်ပေးဆွဲပြီးသား…၊
ဒီတော့ ပြန်ပေးဆွဲခံတဲ့အမျိုးသမီးရဲ့တည်နေရာကို သူ့ကိုမေးဖို့အတွက်
ခုနကပြောတဲ့ တစ်ဖက်လူရဲ့စိတ်ထဲဝင်လို့ရတဲ့နည်းပညာတွေလိုလာပြီပေါ့။
အဲ့ဒီနည်းပညာတွေနဲ့ လူသတ်သမားရဲ့စိတ်ထဲကိုဝင်ကြည့်မိတဲ့အခါမှာတော့….။
အဲ့ဒီခေတ်အခါက ဇာတ်အိမ်ဆန်းဆန်းနဲ့ ရိုက်ကွင်းရိုက်ကွက်တွေကို
တစ်ဖန်ပြန်ခံစားချင်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မှာပါ။...
Eileen (2023)
⭐IMDB: 6.5/10 (3 k Votes)
🎬 #Drama #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedKingdom #UnitedStates #SouthKorea #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Eileen (2023)
~ IMDb – 6.6/10, RT – 85%, Meta – 71% ~
မမလေး အန်းဟဲသားဝေးရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အချို့အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့ ကြောက်စရာကောင်းပုံကို ဒီရုပ်ရှင်မှာ တွေ့ရမှာပါ။ အိမ်တွင်းအကြမ်းဖက်မှု၊ လုပ်ငန်းခွင် အနိုင်ကျင့်မှုတွေမှာ ကျူးလွန်သူတွေ လွတ်နေတာ၊ ဆက်တိုက်ကျူးလွန်နိုင်တာဟာ သိသိသာသာ၊ မသိမသာ အားပေးကူညီသူတွေရှိနေလို့ပါပဲ။ အားပေးကူညီတဲ့သူတွေဟာလည်း အနိုင်ကျင့်တဲ့သူတွေနဲ့ တန်းတူအပြစ်ရှိပါတယ်။ လက်ရှိ ဖြစ်နေတဲ့ ဘုန်းကြီးမုဒိန်းမှုတွေမှာ ဘုန်းကြီးဘက်က ရပ်တည်တဲ့သူတွေ၊ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေမှာ အနိုင်ကျင့်တဲ့သူဘက်က ထောက်ခံတဲ့သူတွေရဲ့ တကိုယ်ကောင်းစိတ်ဓာတ်နဲ့ အငုံ့စိတ်တွေကို ပြထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။
Lady Macbeth ရုပ်ရှင်ရဲ့ဒါရိုက်တာ William Oldroyd ရဲ့ လက်ရာဖြစ်ပြီး အဓိကသရုပ်ဆောင်ကတော့ Last Night in Soho ထဲက မင်းသမီး Thomasin McKenzie ပါပဲ။ ရုပ်ရှင်ကတော့ အစပိုင်းမှာ Family Guy ထဲက ဟာသလိုပဲ “ရုပ်ချောချောလူတွေ ဆေးလိပ်သောက်ပြနေတိုင်း ရုပ်ရှင်မဖြစ်ဘူးလို့ ပြင်သစ်တွေကို ပြောလိုက်” ဆိုသလိုပါပဲ။ ဘဝမှာ စိတ်ဒဏ်ရာတွေနဲ့ ကြေကွဲလူငယ် ကောင်မလေးနှစ်ယောက် ထောင်ထဲကအလုပ်မှာ တွေ့ပြီး ဆေးလိပ်အတူသောက် အရက်အတူသောက်ကြရင်း ရင်းနှီးလာတယ်။ သူတို့နှစ်ယောက် အချင်းချင်း နားလည်သလို ရင်းနှီးမှုကနေ မှုခင်းကြီးတစ်ခုဆီ တစ်ဆစ်ချိုးပြောင်းသွားပြီး ဒရာမာကနေ သည်းထိပ်ရင်ဖိုဖြစ်သွားတဲ့ဇာတ်ကြောင်းကိုကြည့်ရမှာပါ။
ဒီရုပ်ရှင်မျိုးကြည့်ပြီး ကြိုက်တတ်ရင်တော့ ဒီလောက် စိတ်ဒဏ်ရာမကြမ်းတမ်းပေမဲ့ ရုတ်တရက်ကြီးဒုက္ခမျိုးစုံတွေ့တဲ့ အမျိုးသမီးနှစ်ယောက်အကြောင်းကို အကောင်းဆုံးရိုက်ထားတဲ့Thelma & Louise (1991)ကိုလည်း ကြည့်ဖို့ ညွှန်းချင်ပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
Landline (2017)
⭐IMDB: 6.4/10 (5 k Votes)
🎬 #Comedy #Drama
🗓 2017 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Landline (2017)============IMDb Rating – 6.4/10
ဒီဇာတ်လမ်းလေးက 1995 ခုနှစ်မှာ အခြေခံထားတာပါ။ညီအစ်မနှစ်ယောက်ရှိတဲ့ ပျော်ပျော်ရွှင်ရွှင်မိသားစုလေးတစ်ခုက နောက်တော့ သူတို့အဖေ ဖောက်ပြန်နေတာကိုသိသွားကြတယ်။ အစ်မ Dana က သူ့ချစ်သူ Ben နဲ့စေ့စပ်ထားပြီး ညီမဖြစ်တဲ့ Ali ကတော့ အရွယ်နဲ့မလိုက်အောင်ဉာဏ်ကောင်းတဲ့အထက်တန်းကျောင်းသူတစ်ယောက်ပေါ့။
သူတို့ညီအစ်မနှစ်ယောက် သူတို့အဖေဖောက်ပြန်နေတဲ့စာကိုမြင်တော့ သူတို့အမေကိုမပြောသေးဘဲ တိတ်တိတ်လေးဆက်စုံစမ်းလိုက်ကြတယ်။ ဒီဇာတ်လမ်းက မိသားစုနဲ့ စုံတွဲတွေကြားက ပြဿနာကိုဖော်ပြထားပြီး ချစ်ခြင်းမေတ္တာ၊သံယောဇဥ်တွေနဲ့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ရသစုံစွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Two Lovers (2008)
⭐IMDB: 7.0/10 (43 k Votes)
🎬 #Drama #Romance
🗓 2008 🎞 movie
🌎 #UnitedStates #France #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Two Lovers (2008)==============IMDb Rating – 7.0/10
Joker မင်းသားကြီး Joaquin Phoenix ငယ်ငယ်ကရိုက်ကူးခဲ့တဲ့လှေနံနှစ်ဖက်နင်းတဲ့ Romance/Drama ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။လီယိုနက်ဆိုတဲ့ ဘဲတစ်ပွေဟာ bipolar ကြောင့် သူ့ဘဝသူ စိတ်ကုန်နေတဲ့ လူတစ်ယောက်ဖြစ်ပြီး အဆုံးစီရင်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားဖူးသူပါ။ ဒါပေမဲ့ လောကကြီးကို စိတ်ကုန်နေတဲ့ သူ့ကို လောကကြီးက ပစ်မထားခဲ့ပါဘူး။
သူဟာ တစ်ချိန်နည်းမှာ အမျိုးသမီး နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ရတယ်။တစ်ယောက်က မိဘချင်း သဘောတူသလို သူ့ကိုလည်း အရမ်းချစ်တဲ့ဆန်ဒရာ။ နောက်တစ်ယောက်က မထင်မှတ်ဘဲ ခင်မင်ခွင့်ရခဲ့တဲ့ အိမ်ထောင်ရှိ အမျိုးသားရဲ့ အငယ်အနှောင်းဖြစ်သူ မီရှဲလ်။ နှစ်ယောက်လုံးက မက်လောက်စရာဖြစ်နေတော့ ဘိုင်ပိုလာ လီယိုနက်တစ်ယောက်ဟိုကိုလည်း လက်မလွှတ်နိုင်၊ ဒီကိုလည်း မရှင်းမရှင်းတွေ လုပ်မိပြီးနှလုံးသားရေးရာတွေ ရှုပ်ထွေးကုန်ပါတော့တယ်။ သူများချစ်သူ ကြောင်တောင်နှိုက်ချင်တဲ့သူတွေ ရှိနေတာကို တန်ဖိုးမထားချင်တဲ့ အာသာမပြေမာမာဝေတို့ အထူးကြည့်သင့်သော ဇာတ်လမ်းဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Act Molemy ဖြစ်ပါတယ်)...
Shelter (2007)
⭐TMDB: 77.0% User Score
🎬 #Drama #Romance #Sport
🗓 2007 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Shelter (2007)============IMDb Rating – 7.6/10
ခပ်ငြိမ့်ငြိမ့်လေး စီးမျောခံစားရမဲ့ အချစ်-ဒရမ်မာ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မိသားစုအတွက် အနစ်နာခံရင်း အနာဂတ်အိပ်မက်တွေပျောက်လုနီးပါးဖြစ်နေတဲ့ ကောင်လေးတစ်ယောက် အချစ်နဲ့တွေ့လာတဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ…။
ဇာတ်လမ်းအကျဉ်း –ဇက်ဟာ အထက်တန်းကျောင်းပြီးထားပေမဲ့ ကျောင်းဆက်မတက်ဖြစ်ဘဲ အချိန်ပိုင်းအလုပ်တွေကိုလုပ်ရင်း တူဖြစ်သူ ကိုဒီလေးကို ထိန်းပေးနေရသူပေါ့။ အစ်မဖြစ်သူဂျီးန်ကတော့ single-mom တစ်ယောက်ပါ။ဇက်တစ်ယောက် အားလပ်ချိန်မှာ ရေလွှာလျှောစီးလိုက် စကိတ်စီးလိုက်street art တွေရေးလိုက်နဲ့ အချိန်ဖြုန်းနေပေမဲ့ တကယ်တမ်း သူ့ရည်ရွယ်ချက်က အနုပညာကျောင်းတက်ရဖို့ပါ။ ဒါပေမဲ့ မိသားစုကိုငဲ့ရင်း ကျောင်းတက်မဲ့ကိစ္စကို စွန့်လွှတ်ထားခဲ့ရပါတယ်။
တစ်နေ့တော့ အချစ်ဆုံးသူငယ်ချင်းဂေ့ဘ်ရဲ့ အစ်ကိုဖြစ်သူ ရှောန်တစ်ယောက်မြို့ကိုပြန်ရောက်လာပြီး ဇက်နဲ့ ပြန်ဆုံပါတယ်။ ဇက်နဲ့ ရှောန်တို အတူတူလည်ပတ်သွားလာရင်း ခံစားချက်တွေမျှဝေဖြစ်ခဲ့ကြပါတယ်။ ရှောန်ရဲ့အားပေးမှုကြောင့်ပဲ ဇက်တစ်ယောက် အနုပညာကျောင်းတက်မဲ့အိပ်မက်ဟာ ပြန်အသက်၀င်လာပါတယ်။ အဲဒီကစလို ဇက်ရဲ့ဘ၀ဟာ အပြောင်းအလဲတွေကြုံရဖို့ အကြောင်းဖန်လာပါတော့တယ်။
ဇက်တစ်ယောက် အနာဂတ်အိပ်မက်ကိုရွေးမှာလား မိသားစုကိုရွေးချယ်မှာလား၊ သံယောဇဉ်အချုပ်အနှောင်တွေကြားမှာ အိပ်မက်နောက်လိုက်နိုင်ပါဦးမလား၊ အစ်မဖြစ်သူရဲ့အတ္တနဲ့ အယူသည်းမှုတွေကနေ ဘယ်လိုရုန်းထွက်မလဲဆိုတာ… ထပ်တူစီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
Run Sweetheart Run (2020)
⭐IMDB: 5.5/10 (7 k Votes)
🎬 #Horror #Thriller
🗓 2020 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Run Sweetheart Run (2022)=====================
လော့အိန်ဂျလိစ်မြို့ရဲ့ မှောင်မိုက်တဲ့ လမ်းမတွေပေါ်မှာ ကောင်မလေးတစ်ယောက် ပြေးလွှားနေရတယ်။ သူ့စိတ်ထဲမှာကတော့ ဒါတွေ ဘယ်လိုလုပ်ပြီး ဒီအခြေအနေဖြစ်လာခဲ့သလဲဆိုတာပဲ တွေးမိနေတယ်။ ချယ်ရီလို့ ခေါ်တဲ့ ဒီ ကောင်မလေးက သူ့သူဌေးရဲ့ မိတ်ဆွေတစ်ယောက်နဲ့ညစာစားဖို့ ထွက်လာခဲ့တာ။ အခုလိုမျိုး ကိုယ့်အသက်ကိုဖက်နဲ့ထုပ်ပြီးဒီ မိတ်ဆွေဆိုတဲ့လူဆီကနေ တစ်ညလုံး ပြေးနေရလိမ့်လို့ မထင်ထားခဲ့ဘူး။
သူ့ကို အသည်းလေးဆိုတာ ပါးစပ်ကမချတဲ့ ဒီလူက ဘယ်လိုလူမျိုးလဲ။ဘာဖြစ်လို့ သူ့နောက်ကနေ လိုက်နေရတာလဲ။ သူ့ကိုဘာဖြစ်လို့ လူတိုင်းကကြောက်ကြတာလဲ။ သူ့သူဌေးနဲ့ ဒီလူတို့ကြား ဆက်ဆံရေးက ဘာတွေလဲ။သူ့ရဲ့ ကြောင်နဲ့ကြွက်လို ကစားပွဲမှာရော ချယ်ရီတစ်ယောက် အသက်ရှင်နိုင်ပါ့မလား။ ဒါတွေတော့ ချယ်ရီ မသိဘူး သူသိတာကတော့ ဒီလူ ဖမ်းမိဖို့နီးကပ်လာတိုင်း “ပြေးထား အသည်းလေး ပြေးထား”ဆိုတာပဲ ကြားနေမိတယ်။ ချယ်ရီ တစ်ယောက် မနက်မိုးသောက်တဲ့အထိ ဒီလူရဲ့လက်ကနေပြေးနိုင်ပါ့မလားဆိုတာကိုတော့…..ဒီဇာတ်ကားလေးမှာ အဖြေရှာကြည့်ပေးကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Brackman ဖြစ်ပါတယ်)...
Expecting (2013)
⭐IMDB: 5.1/10 (1 k Votes)
🎬 #Comedy #Drama
🗓 2013 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Expecting (or) Gus (2013)===================
နှစ်တွေအကြာကြီး သူ့ခင်ပွန်းနဲ့ကလေးရဖို့ ကြိုးစားပေမဲ့မရခဲ့တဲ့Lizzie နောက်ဆုံးတော့ သူ့ကလေးရဖို့အိပ်မက်ကို လက်လျှော့လုနီးပါးဖြစ်သွားတယ်။ အဲဒီအချိန် သူ့အချစ်ဆုံးသူငယ်ချင်း Andieကတော့ One night standနဲ့ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားလေရဲ့။နောက်တော့ Andie လည်း သူ့ကိုယ်ဝန်ကို မဖျက်ချချင်တာမို့ သူ့ကလေးကို Lizzieတို့လင်မယားကိုပေးဖို့ ဆုံးဖြတ်လိုက်တယ်။
Lizzieတို့လည်း လက်ခံခဲ့ပြီး တစ်ခုရှိတာက Andie ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်း Lizzie တို့အိမ်မှာ လာနေခွင့်ပြုရမှာဖြစ်နေတယ်။ဒီလိုနဲ့ Andieနဲ့ Lizzie တို့ သူငယ်ချင်းနှစ်ယောက်ကြားဆက်ဆံရေးက ကလေးမွေးပြီးတဲ့အထိ အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့ရယ်မောရင်းဆက်လက်ကြည့်ရှူရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Heaven Down Here (2023)
⭐IMDB: 7.0/10 (503 Votes)
🎬 #Romance #TVMovie #Drama
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Heaven Down Here (2023)====================IMDb Rating – 7.0/10
Heaven Down Here 2023 ကို ဒါရိုက်တာ Anne Wheeler ကစီစဥ်ရိုက်ကူးခဲ့ပြီး IMDb rating 7.၀ ရရှိထားပါတယ်။ ခရစ်စမတ်ဒရာမာကားလေးပါနော်။ မိသားစုတွေ ပြန်ပြီး ဆုံစည်းကြတာ ၊ ပျော်ရွှင်ကြတာ တွေကို တင်ဆက်ထားတာပါ။
အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ မိသားစုတွေ ဆုံစည်းနိုင်အောင်ကြိုးစားကြခြင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပြန်မတွေ့နိုင်တာ ၊ သဘောထားတွေ မတိုက်ဆိုင်ကြတာ ဒါတွေကြောင့် ကွဲကွာနေကြတာရှိပါတယ်။ အားလုံး ကြိုးစားပြီးတော့ နားလည်မှုတွေ ပြန်ပြီးရယူကြဖို့ခရစ်စမတ်ကာလရှိနေရတာလို့သုံးသပ်တင်ပြထားပါတယ်။ အားလုံးမယ်ရီခရစ်စမတ်ပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thy Santa ဖြစ်ပါတယ်)...
Avenues (2017)
⭐IMDB: 5.9/10 (246 Votes)
🎬 #Comedy #Drama
🗓 2017 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 17 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Avenues (2017)=============IMDb Rating – 6.0/10
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angaranoကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ်ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။
ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်းကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကိုဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် NewYork မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New Yorkမြို့ကြီးမှာသူတို့နှစ်ယောက် ဘာတွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကိုဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Katt ဖြစ်ပါတယ်)...
