ဓမ္မနဒီ
Kanalga Telegram’da o‘tish
236
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kun
-330 kun
Postlar arxiv
236
ကန်တော့ခြင်းနှင့် ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များ
=================================================
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း၊ကုသိုလ်ရလို၍ ကန်တော့ခြင်း ဟုနှစ်မျိုးရှိသည်။
(ကန်တော့ဆိုသည်မှာ အကုသိုလ်ကို ကန် ကျောက်၍ ကုသိုလ်ကို တော့ယူခြင်းကို ဆိုလိုပါသည်။)
"ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များမှာ"
(က) အပါယ်လေးပါး
အပါယ်ဟူသည်မှာ ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှုပြုခွင့်မရသော
အရပ်ကို အပါယ်ဘုံဟုခေါ်သည်။
အပါယ်ဘုံသည် ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ အသူရကာယ်ဘုံဟု (၄)မျိုးရှိသည်။
(ခ)ကပ်သုံးပါး
၁။ သတ္ထန္တရကပ်- လက်နက် အမျိုးမျိုးဖြင့် သေကြေပျက်စီးရသော ခေတ်ကာလ။
၂။ ရောဂန္တရကပ်- အနာရောဂါအမျိုးမျိုးဖြင့် သေကြေပျက်စီးရသော ခေတ်ကာလ။
၃။ ဒုဗ္ဘိက္ခန္တရကပ်- အစာအာဟာရ ငတ်မွတ်ခေါင်းပါး ရှားပါး ငတ်ပြတ် သဖြင့်သေကြေပျက်စီးရသော ခေတ်ကာလ။
( သတ္ထ ၊ ရောဂ ၊ ဒုဗ္ဘိက္ခ၊ မှတ်ကြ ကပ်သုံးပါး)
(ဂ) ရပ်ပြစ်ရှစ်ပါး
၁။ ဘုရားပွင့်ဆဲကာလ ငရဲ၌ ဖြစ်ရခြင်း
၂။ တိရစ္ဆာန်ဘဝ ဖြစ်ရခြင်း
၃။ ပြိတ္တာ အသူရကာယ်ဘဝ ဖြစ်ရခြင်း
၄။ ရုပ်တရားသာရှိ၍ နာမ်တရားမရှိသော အသညသတ်ဗြဟ္မာ၊
နာမ်တရားသာရှိ၍ ရုပ်တရားမရှိသော အရူပဗြဟ္မာဘုံ၌ ဖြစ်ရခြင်း
၅။ ပစ္စန္တရာဇ် တိုင်းစွန်နယ်ဖျား ဇနပုဒ်၌ ဖြစ်ရခြင်း
၆။ မိစ္ဆာဒိဋ္ဌိဝါဒရှိနေသူဖြစ်ခြင်း(ဗုဒ္ဓဝါဒမှတပါးအခြားအယူကိုယူနေခြင်း)
၇။ တရားတော်ကို နားလည်နိုင်သောဥာဏ်မရှိသူဖြစ်ခြင်း
၈။ ဘုရားမပွင့်သောအခါ လူဖြစ်ရခြင်း။
(ဃ) ရန်သူမျိုး ငါးပါး
(၁) ရေ (၂) မီး (၃) သူခိုး (၄) အမွေခံ သားဆိုး သမီးဆိုး (၅) မင်းဆိုး
(င) ဝိပတ္တိတရား လေးပါး
၁။ ကာလဝိပတ္တိ- လူအများ အကျင့်စာရိတ္တ ဖောက်ပြန်ပျက်စီးသော အချိန်အခါဖြစ်ခြင်း
၂။ ဂတိဝိပတ္တိ- အပါယ်လေးပါးတို့၌ ဖြစ်ရခြင်း
၃။ ဥပဓိဝိပတ္တိ- ရုပ်ဆင်းအင်္ဂါ ချို့ယွင်းပျက်စီးခြင်း
၄။ ပယောဂဝိပတ္တိ- ကိုယ်မှု နှုတ်မှုကို ပယောဂဟုဆို၏။ အသိအလိမ္မာမရှိ, သတိ ဝီရိယလည်းမရှိဘဲ ပြုမှု၊ပြောမှု ကြံစည်မှုကို ပယောဂဝိပတ္တိဟုခေါ်ပါသည်။
(စ) ဗျသနတရား ငါးပါး
၁။ ဉာတိဗျသန- ဆွေမျိုးများ သေကြေပျက်စီးခြင်း
၂။ ဘောဂဗျသန- စည်းစိမ်ဥစ္စာ ပျက်စီးခြင်း
၃။ ရောဂဗျသန- အနာရောဂါဖြစ်ခြင်း
၄။ ဒိဋ္ဌိဗျသန- မိစ္ဆာအယူကို ယူခြင်း
၅။ သီလဗျသန- အကျင့်သီလ ပျက်စီးခြင်း
(အရှင်စန္ဒဇောတိ (သာသနာနွယ်)
c/o
🆙TT
236
အဖန်ဖန် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကုသိုလ်တရားများ ရရှိကြပေ သည်။ ထို့ကြောင့် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် စာဂါနုဿတိ ကုသိုလ်များကို ရရှိစေနိုင်ခြင်း ဖြစ်ပေသည်။
(၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း ပတ္တိဒါန ကုသိုလ်ကို ရရှိစေနိုင်သည် ဟု ဆိုရာ၌ အကြင် အမည်ကမ္ဗည်းရေးထိုးထားခြင်းဖြင့် ထိုအမည်ကမ္ဗည်း ရေးထိုးထားသော အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို တွေ့မြင်ကြရသည့် တစ်ပါးသောသူ တို့သည်လည်း “ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါစေ” ဟု နှလုံးသွင်း၍ အမည်ကမ္ဗည်း ရေးထိုးထား၏။ ထို့ကြောင့် ဤကဲ့သို့ နှလုံးသွင်း၍ အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် သူတစ်ပါးတို့အား “အမျှဝေခြင်း ပတ္တိဒါန ကုသိုလ်များ”ကိုလည်း ရရှိစေနိုင်ခြင်း ဖြစ်ပေသည်။
(၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒန ကုသိုလ်ကို ရရှိစေနိုင်သည် ဟု ဆိုရာ၌ အကြင်အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် အမည်ကမ္ဗည်း ရေးထိုးထားသော အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို တွေ့မြင်ကြရသော သူတစ်ပါးတို့က ဝမ်းမြောက်နုမော် သာဓုခေါ်ကြ၏။ ထို့ကြောင့် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် “သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒန ကုသိုလ်များ” ကိုလည်း ရရှိစေနိုင်ခြင်း ဖြစ်ပေသည်။
(၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား ကုသိုလ်တရားများ တိုးပွားရရှိစေနိုင်သည် ဟု ဆိုရာ၌ အကြင် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် အမည်ကမ္ဗည်း ရေးထိုးထားသည့် အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို မိမိတို့၏ သားစဉ်မြေးဆက်၊ အဆက်ဆက်တို့က တွေ့မြင်ကြရသောအခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ ကုသိုလ်တရားများ ရရှိကြပေသည်။ ကာလရှည်ကြာ၍ ပျက်စီး ယိုယွင်းမှုများ ရှိလာခဲ့သော် သားစဉ်မြေးဆက်၊ အဆက်ဆက်တို့က ထပ်မံဆောက်လုပ်ပြုပြင်ကြရ၍ ကုသိုလ်တရားများ တိုးပွားရရှိကြပေသည်။ ထိုကြောင့် အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် သားစဉ် မြေးဆက် အဆက်ဆက် တို့အား ကုသိုလ်တရားများ တိုးပွားရရှိစေနိုင်ခြင်းဖြစ်ပေသည်။
ဤကဲ့သို့ အမည် ကမ္ဗည်း ရေးထိုးထားခြင်းဖြင့်-
(၁)။ မိမိလှူဒါန်းထားရခြင်းကို အဖန်ဖန်သတိရခြင်း- စာဂါနုဿတိ ကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။ (၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း ပတ္တိဒါနကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။
(၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒနကုသိုလ် ကိုလည်း ရရှိနိုင်ပေသည်။
(၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား ကုသိုလ်တရားများကိုလည်း ရရှိနိုင်ပေသည်။ ထို့ကြောင့် လှူဒါန်းထားကြသည့် အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများ၌ အမည်ကမ္ပည်း ရေးထိုးထားခြင်းကို ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်အများစုတို့က နှစ်သက်လျက် ရှိကြပေသည်။ အမည်ကမ္ပည်း ရေးထိုးထားသင့်သည် ဟု ယူဆကာ ထိုထို ကျောင်းကန်ဘုရား၊စေတီတော် စသော အဆောက်အဦးများ၌ အမည်ကမ္ပည်း ရေးထိုးထားလျက် ရှိကြပေသည်။ ။
မဟာစည်နာယက၊အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ၊
အရှင်ကုဏ္ဍလာဘိဝံသ- သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး
#Credit ပဋ္ဌာန်း ပူဇော်ကြသူများ......
🆙TT
236
"အလှူကမ္ပည်းကြောင့် ပြိတ္တာဘဝက လွတ်မြောက်သွားပုံ
အလှူကမ္ပည်း”
==============================
ကမ္ဗည်းထိုးရာမှာသိကောင်းစရာ
-------------------------------
. “ပေးသောလက်ကို လူမမြင်စေနဲ့”ဆိုတာဟာ ဗုဒ္ဓဝါဒ အဆုံးအမ မဟုတ်ဘူးလို့ စိတ်ထဲ မြဲမြဲမှတ်ထားပါ။ ဗုဒ္ဓဝါဒအရ ကောင်းမှုရှင် ကမ္ပည်းထိုးရာမှာ ရည်ရွယ်ချက် နှစ်ခု ရှိတယ်။ (၁)။ မိမိနဲ့ မိမိရဲ့ သားစဉ်မျိုးဆက် အဲဒီကုသိုလ်နဲ့ ပတ်သက်ပြီး အပရစေတနာ(ကိုယ့်အလှူကို ပြန်သတိရပြီး ကြည်နူးနှစ်သက်မှု) ထက်သန်နေဖို့။ ဆိုပါတော့ ..… အနည်းဆုံး အဖိုး၊အဖွားတွေ တည်သွားတဲ့ ဘုရားပျက်ကို မြေးမြစ်တွေ ဆက်လက်ပြီး ထိန်းသိမ်းနိုင်တာပေါ့။
ရှေးခေတ်က လှူနိုင်ဒါန်းနိုင်သူတွေမှာ မိမိတို့ လှူဒါန်းထားတဲ့ အလှူဒါန အားလုံးကို စာရင်းလုပ်ထားတဲ့ ပုညပေါတ္ထက (ကောင်းမှု စာရင်းစာအုပ်) ဆိုတာတောင် ရှိတယ်။ (၂)။ သူတော်ကောင်းတို့ သာဓု ခေါ်နိုင်ဖို့။ ကမ္ပည်းထိုးသူအနေနဲ့ ဘာရည်ရွယ်ချက်နဲ့ ထိုးထိုး (ကြွားချင်လို့ပဲ ထိုးထိုး၊ကျော်ချင်လို့ပဲ ထိုးထိုး) မိမိအနေနဲ့ သာဓုခေါ်ရုံပါပဲ။ ဒါ သူတော်ကောင်း အလုပ်ပါ။ သူများ အလှူကြောင့် ကိုယ့်စိတ်ထဲ ဘာလို့ အကုသိုလ် အဖြစ်ခံမှာလဲ။ အလှူဖိတ်စာထဲက ဘယ်သူ ဘာကျွေးမယ်ဆိုတဲ့ စာရင်းမှာ သူ့နာမည်ကို မထည့်ပါနဲ့တဲ့။ လှူတာတော့ လှူမှာပါတဲ့။ လူတစ်ယောက်က အဲဒီလို ပြောဖူးပါတယ်။ သူ့ဆန္ဒဖြစ်လို့ သူ့ကိုတော့ ဘာမှ ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အဲဒီလိုလုပ်ရုံနဲ့ မိရိုးဖလာလွန် ဗုဒ္ဓဝါဒီတော့ ဖြစ်မသွားနိုင်ပါဘူး။ အဲဒီ အယူအဆမျိုးကို အတုလည်း မယူသင့်ဘူး။ ဘာကြောင့်လဲ .. သိလား။ ဆက်ဖတ်ကြည့် …။ .
ဝှေးစေ့ထမ်းပြိတ္တာ
ကုမ္ဘဏ္ဍပြိတ္တာ (ရာဝင်စဉ့်အိုးလောက်ရှိတဲ့ ဝှေးစေ့ကြီးကို ထမ်းသွားနေရတဲ့ ပြိတ္တာ) တစ်ယောက် နေပူကျဲကျဲမှာ ယမ်းတန်း ယမ်းတန်းနဲ့ လမ်းလျှောက်လာရင်း အလွန် ရေဆာလာသတဲ့။ တစ်နေရာ ရောက်တော့ မန်ကျည်းပင်အောက်မှာ ဝါးပိုးဝါးနဲ့ လုပ်ထားတဲ့ တစ်တိုင်စင်ပေါ်က ရေအပြည့်နဲ့ ရေချမ်းအိုးကို တွေ့သတဲ့။ အုန်းမှုတ်ခွက်နဲ့ ရေကို အငမ်းမရ ခပ်သောက်နေဆဲ ရေချမ်းစင်က စာကို ဖတ်ကြည့်မိတော့ . . . “တရားသူကြီး ..… ကို ရည်စူး၍ သားသမီး မြေးမြစ် ကောင်းမှု” တဲ့။ ဒါနဲ့ “ဩ .. ဒါ ငါ့သား၊သမီးတွေရဲ့ ကုသိုလ်ပဲ” လို့ ဝမ်းသာအားရဖြစ်ပြီး သာဓု သုံးကြိမ် ခေါ်မိသတဲ့။ အဲဒီ အခိုက်မှာပဲ ကုသိုလ်အမျှ ရပြီး၊ အဲဒီ “ဝှေးစေ့ထမ်း ပြိတ္တာ” ဘဝက လွတ်မြောက်သွားပါသတဲ့။ ။ -
【ဆရာတော်အရှင်ကေလာသ】
ကမ္ဗည်းထိုးရာမှာ သိကောင်းစရာ
ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် မိမိတို့ လှူဒါန်းထားသော ကျောင်းကန်၊ဘုရားစေတီ စသော အဆောက်အဦးများ၌ မိမိတို့ ဆောက်လုပ်လှူဒါန်းခဲ့သည့် ခုနှစ်၊သက္ကရာဇ်နှင့် အမည် ကမ္ဗည်းများကို အမှတ်တရ ရေးထိုးထားလေ့ ရှိကြပေသည်။ ဤကဲ့သို့ အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို နှစ်သက်သော ပုဂ္ဂိုလ်များလည်း ရှိကြပေသည်။ မနှစ်သက်သော ပုဂ္ဂိုလ်များလည်း (အနည်းငယ်) ရှိကြပေသည်။ . အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို မနှစ်သက်ကြသော ပုဂ္ဂိုလ်များ၏ အယူအဆမှာ အလှူဒါနပြုလုပ်တယ်ဆိုတာ စေတနာသုံးတန် ပြဋ္ဌာန်းပြီး ပြုရမည်။ လှူဒါန်းပြီးသော ပစ္စည်းများကို ပြန်၍ စွဲလမ်း နှစ်သက်မှုများ မရှိစေရ။စွဲလမ်းနှစ်သက်မှုများ ရှိနေလျှင် အကျိုးကြီးသင့်သလောက် အကျိုးမကြီးဘဲ ဖြစ်ပေမည်။
အမည်ကမ္ဗည်းထိုးထားခြင်းဖြင့် လှူဒါန်းထားသော ပစ္စည်းများ၌ စွဲလမ်းမှုများ ဖြစ်နေတတ်ကြပေသည်။ အမည်ကမ္ဗည်း ရေးထိုးထားခြင်းသည် ဂုဏ်ပကာသနတွေ လိုချင် ရေးထိုးထားခြင်းလည်း ဖြစ်နိုင်ပေသည် ဟု ယူဆကာ အချို့သော ပုဂ္ဂိုလ်များက အမည်ကမ္ဗည်း ရေးထိုးခြင်းကို မနှစ်သက်ဘဲ ရှိကြပေသည်။ အမည်ကမ္ဗည်း ရေးထိုးထားခြင်းကို ဗုဒ္ဓဘာသာဝင် အများစုက များသောအားဖြင့် နှစ်သက်လျက် ရှိကြပေသည်။ အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် လှူဒါန်းပြီးသည်မှ နောင်အခါ နောက်ကာလများ၌လည်း ကုသိုလ်တရားများ တိုးပွားရရှိနိုင်ကြမည် ဖြစ်ပေသည် ဟု ယုံကြည်ယူဆကာ အမည်ကမ္မည်း ရေးထိုးခြင်းကို နှစ်သက်လျက် ရှိကြပေသည်။
အမည်ကမ္ဗည်း ရေးထိုးထားခြင်းဖြင့် တိုးပွား ရရှိစေနိုင်သော ကုသိုလ်များမှာ -
(၁)။ မိမိလှူဒါန်းထားရခြင်းကို အဖန်ဖန်သတိရခြင်း- စာဂါနုဿတိ ကုသိုလ်၊
(၂)။ သူတစ်ပါးတို့အား အမျှပေးဝေခြင်း ပတ္တိဒါနကုသိုလ်၊
(၃)။ သူတစ်ပါးတို့အား သာဓုခေါ်စေခြင်း ပတ္တာနုမောဒနကုသိုလ်၊
(၄)။ သားစဉ်မြေးဆက် အဆက်ဆက်တို့အား ကုသိုလ်တရားများကို တိုးပွားရရှိစေနိုင်သည့် ကုသိုလ်တို့ ဖြစ်ကြပေသည်။ .
(၁)။ မိမိလှူဒါန်းထားခြင်းကို အဖန်ဖန် သတိရခြင်း- စာဂါနုဿတိ ကုသိုလ်ကို ရရှိစေနိုင်သည် ဟု ဆိုရာ၌ အကြင်အမည်ကမ္ဗည်းရေးထိုး ထားခြင်းဖြင့် အမည်ကမ္ဗည်း ရေးထိုး၍ လှူဒါန်းထားကြသော အလှူရှင်တို့သည် မိမိတို့ လှူဒါန်းသည့် အဆောက်အဦးများ၊ လှူဖွယ်ပစ္စည်းများကို ပြန်၍ တွေ့မြင်ရစဉ်အခိုက်မှာ ဪ…အကြောင်းညီညွတ်၍ လှူဒါန်းခဲ့ရပေပြီ၊ လှူဒါန်းခဲ့ရပေပြီ ဟု အဖန်ဖန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ကုသိုလ်တရားများ ရရှိကြပေသည်။ အမည်ကမ္ဗည်း ရေးထိုး၍ လှူဒါန်းထားကြသော အလှူရှင်တို့သည် အမည်ကမ္ဗည်း ရေးထိုးထားသော အဆောက်အဦများ ၊ လှူဖွယ်ပစ္စည်းများကို တွေ့မြင်ရပြီးသည်မှ နောက်ကာလများ၌လည်း ပြန်၍ သတိရတိုင်း၊သတိရတိုင်း
236
အရက်ကို ရေအမှတ်ဖြင့်သောက်ရင်
=========================
ဗန်းမော်ဆရာတော်ကြီး အား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်း ၂ ဦး အငြင်း အခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်း ရာ ဆရာတော် က ခွင့်ပြုတော်မူပါသည်. . .
"အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်ရှိမရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါ ဘုရား ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား . . " ဟု ဒကာ ဖြစ်သူ က လျှောက်ထားပန်ကြားအပ်ပါသည်. . .
ဆရာတော် က. . . . "ဒကာ က ဘယ်ဘက်ကလဲ. . အပြစ်ရှိတဲ့ ဘက်ကလား ၊ အပြစ်မရှိတဲ့ဘက်ကလား . . "
" အရက်ကို ရေ အဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ "တပည့်တော် ကထင်ကြောင်းပါဘုရား . . ဟုလျှောက်ထားလေသည်. . . .
ဆရာတော် က " ဘာကြောင့် ဒီလိုထင်ရသတုံးကွယ့်. . ဒကာ "
ဒကာက " စိတ်သာရှင်စော ဘုရား ဟော၊ စိတ်သာ ပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား . . . "
"ကောင်းပါလေ့ကွယ် " ဟုပြောပြီး . . . . .
ဆရာတော် မှ ဥပမာဖြင့်ရှင်းပြလေသည်. . .
"မြွေပွေးတစ်ကောင်ကို မြက်လျှော တစ်ကောင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ်. . "
"မြွေပွေး က ပေါက်မှာပါ ဘုရား "
"ကိုက်မိရင်ရော အဆိပ်မတက်ဘူးလား "
"တက်မှာပါ ဘုရား "
"အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား ၊ မြွေပွေးအဆိပ်ဖြစ်မလား . . "
"မြွေပွေး အဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်. . "
"မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား ၊ မသေနိုင်ဘူးလား . . . ."
"သေနိုင်ပါတယ် ဘုရား . . . "
"အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား . . . "
"မရနိုင်ကြောင်းပါ. . ဘုရား "
"ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်နဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး . . . "
"မကိုင်ဝံ့ပါဘူး ဘုရား . . . "
"ဒီသဘောပဲ ဒကာကြီး အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့သတ္တိပြမလား ၊ ရေရဲ့ သတ္တိပြမလား . . . "
"အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါ ဘုရား . . . "
"အရက်သတ္တိပြရင် မူးမလား ၊ မမူးဘူးလား . . . . "
"မူးမှာပါ ဘုရား . . . . . "
"မူးပြီး . . . မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေ့ါ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပါပဲ . . အပြစ်ဟာ အပြစ်ပါ ပဲ ဒကာ. . . . "
ဟု ဆရာတော် က မိန့်တော် မူလေသည်. . . .
(ဗန်းမော်ဆရာတော်၏ စွယ်စုံအကြောင်းအရာများ)
🆙TT
236
"ဘုရားရှင်တို့၏ တရားတော်ဆိုသည်မှာ"
=====================
ဓမ္မမိတ်ဆွေများအားလုံး သိကြတဲ့အတိုင်း တရားတော်(ဝါ) မုက္ခပါဌ်တော်များဆိုတာ ဘုရားရွိမွ၊ ပွင့်မှသာ ဘုရားကို အကြောင်းပြုပြီး ဖြစ်လာရတာဆိုတာ ငြင်းစရာမရှိပါ။ ထိုနည်းတူစွာ ထိုတရားတော်များကို ဟောကြားတော်မူခဲ့သည့် ဘုရားရှင်တို့ရဲ့ အရင်းအမြစ် အတၳုပ္ပတ္တိကိုမှ တိတိက်က် ဂဃနဏ မသိရလျှင်၊ မပြောပြနိုင်လျှင်၊ မပြောပြတတ်လျှင် ထိုဘုရားမျိုးဆိုတာ ရှိနိုင်ပါ၏လော၊ သို့မဟုတ် မရှိနိုင်ဘူးလားဆိုတဲ့ အချက်၊ စိတ်ကူးယဉ်ဒဏ္႑ာရီပုံပြင်ဘုရားမျိုး ဖြစ်နေသလား၊ ဖြစ်မနေဘူးလားဆိုတဲ့ အချက်ကို အလေးအနက်ထားပြီး စဉ်းစားသင့်ပါတယ်။
အကယ်၍ ဘုရားရှင်ကိုယ်တိုင်က အတၳုပ္ပတ္တိမရှိဘဲ အခြေခံအကြောင်း ကင်းမဲ့နေလျှင် ထိုမရေရာတဲ့ ဘုရားရဲ့ တရားတော်(ဝါ) မုက္ခပါဌ်တော်များဆိုတာဟာလည်း တိကျရေရာမှု၊ လက်ခံယုံကြည်လိုက်နာမှု အတော်ခဲယဉ်းပါလိမ့်မယ်။ အတၳုပ္ပတ္တိမရှိသောကျင့်လမ်း၊ ကြံလမ်းမရှိသော (ဝါ) လူသားတွေက မှန်းဆဖန်ဆင်း ကိုးကွယ်ရသော ဘုရားအတွက် ဘုရား၏ ကိုယ်စားလှယ်တော်အဖြစ် သာမန်လူသားတွေထက် တွေးခေါ် စဉ်းစားဉာဏ်ကောင်းသော တွေးခေါ်ပညာရှင်တစ်ဦးဦးက သူ့ရဲ့ ကိုယ်ပိုင်အယူအဆ အတွေးအခေါ်တွေကို မမြင်ရ၊ မသိရ၊ အတၳုပ္ပတ္တိမှ မရှိသော စိတ်ကူးယဉ် အနန္တတန်ခိုးတော်ရှင်ဘုရားရဲ့ တရားတော်များအဖြစ် လူသားတွေကို ဟောကြားခဲ့တာကိုရော တရားတော် အစစ်ပါလို့ ဘယ်လိုယုံကြည်ရမည်နည်း။
ဒီနေရာမှာတစ်ခုပြောလိုပါတယ်။ ဆင်ခြင်တုံတရားကင်းမဲ့နေလျှင် ကောင်းသော စေတနာကို အရင်းခံတိုင်း ကောင်းသော အကျိုးတရားတွေချည်းပဲ ဖြစ်လာလိမ့်မယ်လို့ တစ်ထစ်ချယုံကြည်မျှော်လင့်လို့ မရပါဘူး။ ဥပမာ လူတစ်ယောက်က စေတနာကောင်းနဲ့ တိုက်ကျေွးသော အဆိပ်ရည်ကို သောက်ကြလျှင် သောက်တဲ့ သူမ်ားဟာ မေသေပဘူးလား၊ စေတနာကောင်းနဲ့ လမ်းပြသော မျက်မမြင်အကန်းတစ်ယောက်၏ ဦးဆောင်လမ်းပြမှု နောက်ကိုလိုက်လျှင် လိုက်တဲ့သူများဟာ ဆူးငြောင့် ခလုတ်နဲ့ တိုက်မိပြီး ချောက်ထဲ မကျပေဘူးလား ဆိုတဲ့အချက်များကို လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။
ဘုရားရဲ့ ဖြစ်စဉ်ကိုတောင်မှ တိကျသေချာစွာ မပြောပြနိုင်ဘဲ ထိုဘုရားရဲ့ တရားတော်များပါဆိုပြီး ပြောဟောနေကြ၊ လိုက်နာနေကြမယ်ဆိုလျှင် အတော်အဓိပ္ပါယ်ကင်းမဲ့ပြီး ဝမရွိဘဲ ဝိလုပ်သလို ဖြစ်နေပါလိမ့်မယ်။ ထိုတရားတော်များ၏ လမ်းညွန်မှုကို လိုက်နာကျင့်ကြံ ဆောင်ရွတ်ကြခြင်းအားဖြင့် အမှန်ကိုရောက်နိုင်၊ မရောက်နိုင် အကျိုးရှိနိုင်၊ မရှိနိုင်ဆိုတာကို ကိုယ်ပိုင်ဉာဏ်အသုံးပြုပြီး စဉ်းစားသူတိုင်း အလြယ္တကူ သဘောပေါက်နားလည်နိုင်ပါတယ်။
ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ် မိမိတို့ ကိုးကွယ်သည့် ဘုရား၏ ဖြစ်စဉ် ကျင့်လမ်း၊ ကြံလမ်းများကို သိထား ကြဖို့ အဓိကဖြစ်သော ဘုရားက တိကျရေရာမှသာ ထိုဘုရားရဲ့ တရားတော်(ဝါ) မုက္ခပါဌ်တော်များ ဟာလည်း တိကျရေရာပြီး လိုက်နာကျင့်ကြံသူများအတွက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်ဆိုတဲ့ အချက်ကို စွဲစွဲမြဲမြဲ နှလုံးသွင်းထားဖို့နဲ့ ကိုယ်ပိုင်ဉာဏ်ကို အသုံးပြု၍ အမှားအမှန်ကို ဝေဖန်ဆန်းစစ်ပြီး အမှန်ကိုရအောင် ရှာတတ်ဖို့ အလွန်းအရေးကြီးပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး ကောင်းကျိုး လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
c/o
🆙TT
236
ကိုယ်၀န်တည်ချိန် အမိ၀မ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ဖြစ်သူ မြန်မြန်ဆန်ဆန် သြားတဲ့အခါ၊ ကုန်ချီကွချီပြုတဲ့အခါတွေမှာ
အရက်သမားလက်ထဲရောက်နေတဲ့ ဆိတ်ပေါက်စလို၊
မြွေ-အလမ္ပာယ်ဆရာကမြွေကိုဖမ်းပြီးအမျိုးမျိုး နှိပ်စက် ညှဉ်းပန်းသလို
မချိမဆန့် ခံစားရတယ် တဲ့။
အမိစပ်ခါး၊ ပူအေးစားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ္လေန၍
ကိုယ်၀န်တည်ချိန် အမိ၀မ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ဖြစ်သူအစပ်စားရင် လှံနဲ့ထိုးပြီးဆားနဲ့ပက်သလိုခံစားရတယ်တဲ့။
အပူစားရင် မီးနဲ့မြှိုက်သလိုခံစားရတယ်တဲ့။
အအေးစာတွေကိုစားရင် ရေခဲတုံးကြီးနဲ့ ဖိထားသလိုခံစားရတယ်တဲ့။
ဒီလိုဒုက္ခခံရတာကသေလုမတတ် အသားတဆတ်ဆတ်နဲ့ကိုခံစားရတာပါတဲ့။
(ဒါ့ကြောင့် မိခင်တွေ အစားအသောက် ဆင်ခြင်သင့်ပါတယ်)
လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်၀သို့ရောက်၊ သံကောက်ပေါက်၀ယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊
ကြီးပြန်ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိမြစ်ရင်းတည်း။
အချိန်တန်လို့ ဗိုက်နာလာရင် ခြေထောက်ကိုအထက်၊
ဦးခေါင်းကိုအောက်ဘက်သို့ စောက်ထိုးမိုးမျှော် လှည့်ရပါတယ်။
ပြီးတော့ မဂ်၀သို့ရောက်သောအခါ သေးငယ်တဲ့ သံပေါက်ကျဉ်းကျဉ်းလေးထဲကနေ
ဆင်ပြောင်ကြီးကိုဆွဲထုတ်ရသလိုခလေးခမျာခံစားရသတဲ့။
ကတ္တရာလမ်းကြိတ်တဲ့ ကားကြီးနဲ့ အကြိတ်ခံရသလို
ခလေးမှာခံစားရရှာသတဲ့
ဒါ့အပြင် ကောင်းစွာမီးမဖွားနိုင်ရင် မိခင်ချမ်းသာ ပြီးရော,
ကလေးဘယ်လို ဖြစ်ဖြစ် ဟုဆိုသူကဆိုကြသေး၏။
မိခင်၀မ်းတွင်းမှာ လေတောင် အတိုးမခံရလို့ အလွန်နုရွနေတဲ့ ခေလးသူငယ္ကို
တခါတလေညှပ်နဲ့ ဆွဲထုတ်ရတယ်တဲ့။
အပြင်သို့ ရောက်လာရင်လဲ အ၀တ် ကြမ်းတမ်းတွေနဲ့ ကိုင်တွယ်လို့
ခလေးခမျာအပ်နဲ့ ထိုးဆွသလိုခံစားရရှာတယ်။
အော်၊ ဇာတိဒုက္ခ ၊ ဇာတိဒုက္ခ၊ ဇာတိဒုက္ခ။
ရည်ညွှန်း၊ မင်္ဂလာသတင်းစဉ်၊ မော်လူး
Posted by Dr. Ashin Indaka
c/o
🆙TT
236
ဇာတိ
====
ဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးဦးကို သူ့ခေတ်ကခေတ်စားနေတဲ့
အစွန်းရောက်ကျင့်စဉ်နှစ်မျိုးကိုသုံးစားမရအောင်ပြောဆိုပြီး
အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) နဲ့ မိတ်ဆက်ပေးပါတယ်။
ပြီးမှ သစ္စာတရားကိုဟောကြားတော်မူပါတယ်။
သစ္စာဆိုတာပါဠိစကားပါ။
အမှန်၊ အရှိ၊ သဘာ၀ လို့ မြန်မာလိုပြန်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်။
ဘာပြုလို့လဲဆိုတော့ သစ္စာဆိုတဲ့စကားလုံးအောက်မှာ
အမှန်ရား၊ အရှိတရား၊ သဘာ၀တရားတွေချည်း ဘုရားရှင်ကဟောထားလို့ပါ။
သစ္စာဆိုတဲ့ အမှန်ရား၊ အရှိတရား၊ သဘာ၀တရားက လေးမျိုးရှိတယ်။
(၁) ဒုက္ခ
(၂) ဒုက္ခ၏အစ၊ ဒုက္ခဖြစ်ပေါ်ရခြင်းအကြောင်း - သမုဒယ
(၃) ဒုက္ခ၏ချုပ်ငြိမ်းရခြင်း - နိရောဓ
(၄) ဒုက္ခ၏ချုပ်ငြိမ်းရာသို့သွားရာလမ်း - မဂ္ဂ တဲ့။
(၁) ဒုက္ခ
ဘုရားရှင်က ပဉ္စ၀ဂ္ဂီငါဦးကို သစ္စာတရားဟောတဲ့အခါ
လောလောဆယ် ထင်သာမြင်သာဖြစ်တဲ့
လူတိုင်းတွေ့ကြုံခဲ့၊ တွေ့ကြုံဆဲ၊ တွေ့ကြုံနေရဦးမည်ဖြစ်တဲ့
ဆင်းရဲခြင်းဒုက္ခသဘောသဘာ၀တွေကို သရုပ်ခွဲပြပါတယ်။
ပါရမီအတော်အသင့်ရှိသူတွေအဖို့
ဘုရားရှင်ထုတ်ပြတဲ့ ဒုက္ခသရုပ်ကို ကြားရပြီးဖတ်ရပြီး
အိမ်ထောင်သားမွေးမပြုရသေးသူတွေဆိုရင်
အိမ်ထောင်သားမွေးပြုချင်စိတ် ကုန်သွားနိုင်ပါတယ်။
အိမ်ထောင်သားမွေး ပြုပြီးသူတွေဆိုရင်
သားမယားပစ်ထားခဲ့ပြီးတောထွက်သွားနိုင်ပါတယ်။
ဆင်းရဲခြင်းဒုက္ခနဲ့ပတ်သက်လို့ ဘုရားရှင် ပထမဦးဆုံးမိန့်တာက
ဇာတိပိဒုက္ခာ - ပဋိသန္ဓေတည်နေရခြင်းကဆင်းရဲတယ်တဲ့။
အမိ၀မ်းတွင်းမှာ ပထမဦးဆုံး ရုပ်သစ်၊ စိတ်သစ်ဖြစ်ပေါ်တာကို
ပဋိသန္ဓေတည်နေတယ်လို့ဆိုပါတယ်။
ပဋိသန္ဓေတည်နေမှုနေ့ပတ်သက်လို့
ဘုရားရှင်က
ရှေးဦးစွာကလလရေကြည်၊
ကလလရေကြည်မှ အမြှုပ်၊
အမြှုပ်မှ သားတစ်၊
သားတစ်မှ အခဲ၊
အခဲမှ ခက်မငါးဖြာ (ဦးခေါင်း၊ ခြေ၊ လက်) တို့ ဖြစ်ကုန်၏။
ဆံ, မွေးညှင်း ခြေသည်းလက်သည်းတို့လည်း ဖြစ်ကုန်၏လို့ ဟောခဲ့ဘူးပါတယ်။
ဘုရားရှင်ရဲ့ ဟောကြားချက်ကိုထပ်ပြီးအဓိပ္ပါယ်ဖွင့်တဲ့
အဋ္ဌကထာဆရာတော်က
ပဋိသန္ဓေစ နေတဲ့ပထမ (၇) ရက်မှာကလလရေကြည်ဖြစ်ပါတယ်။
နောက် (၇) ရက်မှာအမြှုပ်ဖြစ်လာတယ်။
နောက် (၇) ရက်မှာသားတစ်လေးဖြစ်လာတယ်။
နောက် (၇) ရက်မှာအခဲတုံး (ခပ်ကြီးကြီးလေး) ဖြစ်လာပါတယ်။
နောက် (၇) ရက်မှာဦးခေါင်း၊ ခြေ၊ လက်တို့ ထင်ရှားလာပါတယ်။
နောက် (၇၇) ရက်၀န်းကျင်မှာတော့ မ်က္စိ၊ နား၊ နှာ၊ လျှာတွေ ပေါ်ပေါက်လာပါတယ်။
နောက် (၂၉၄) ရက်၀န်းကျင်မှာ ဆံပင်၊ မွှေးညှင်း၊ ခြေသဲ၊ လက်သဲတွေ ပေါက်လာတယ်လို့ဆိုပါတယ်။
အဲ့ဒီနောက်တော့ ကိုယ်၀န်ရင့်ကျက်ပြီးကိုးလနှင့် ဆယ်လကြားမွေးဖွားတယ်တဲ့။
အချို့ ခုနစ်လ၊ ရှစ်လလောက်နဲ့လဲဖွားကြပါသေးတယ်တဲ့။
ဒါကေတာ့ ဗုဒ္ဓစာပေမှာလာတဲ့ ပဋိသနေ္ဓနဲ့စပ်တဲ့မှတ်သားစရာလေးတွေပါ။
သိပ္ပံခေတ် ဆေးသုတေသနလေ့လာချက်တွေနဲ့ ဗုဒ္ဓစာပေလာဖော်ပြချက်တွေဟာ
အတော်ကိုက်ညီကြောင်းစာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်။
ထား။
ဒီနေရာမှာပြောချင်တာက ဒီလိုအမိ၀မ်းတွင်းမှာ
ကိုးလကျော် ဆယ်လေနခဲ့ရတဲ့ ဇာတိဒုက္ခအကြောင်း။
ဇာတိဒုက္ခ - ပဋိသနေ္ဓနေတုန်းဆင်းရဲတာကိုပီပြင်အောင်
အဋ္ဌကထာဆရာတော် ရှင်မဟာဗုဒ္ဓဃောသ က
သူ့ရဲ့ ၀ိသုဒ္ဓိမဂ်ကျမ်း (The Path of Purification) မွာ
ပီပီပြင်ပြင် ရေးပြထားတယ်။
မြန်မာပြည်ကဆရာတော်ကြီးတစ်ပါးကလင်္ကာသီကုံးထားတယ်။ ကောင်းမှကောင်း။
စာဟောင်းစာသစ်၊ အောက်ထက်၀န်းရံ၊
ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိ၀မ်းတိုက်၀ယ်၊ ဘင်၌လောက်လို၊
ကျောကို၀မ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊
မေးဖျားလက်ဆုပ်၊ သစ္ငုတ္တိုမွာ၊ မျောက်အိုကုပ်သည့်နှယ်၊
မလှုပ်မရှက်၊ သေသောက်လက်၀ယ်၊ ဆိတ္သူငယ္လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊
အမိစပ်ခါး၊ ပူအေးစားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ္လေန၍၊
လေကမ္မဇ၊ ဦးဇောက်ချသား၊ မဂ်၀သို့ရောက်၊ သံကောက်ပေါက်၀ယ်၊ ဆွဲမြှောက်ဆင်ပြောင်၊ သံဘောင်ကြိတ်ခြေ၊ ပုံနေရယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်၊
ကြီးပြန်ဒုက္ခ၊ ပြစ်များလှသည်၊ မူလဇာတိမြစ်ရင်းတည်း။
ရှင်းလင်းချက်
စာဟောင်းစာသစ်၊ အောက်ထက်၀န်းရံ၊
ကိုယ်၀န်တည်ချိန် အမိ၀မ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
မိခင်ရဲ့အစာဟောင်းအိမ် (ချေးထုပ်) ကိုဖင်ခုထိုင်ထားရပြီး
အစာသစ်အိမ်ကိုခေါင်းနဲ့ ရွက်ထားရတယ်တဲ့။
ပုပ်နှံညှီလောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိ၀မ်းတိုက်၀ယ်၊ ဘင်၌လောက်လို၊
ပုပ်န့ံထွက်နေတဲ့ အညစ်အကြေတွေနဲ့ ပြည့်နေတဲ့ သားအိမ်ထဲမှာ
မိခင်ရဲ့ ကိုယ်၀န်ဆောင် သွေးနဲ့ မိဘ နှစ်ဦးတို့၏ အညစ်အကြေးသုက်သွေးတို့ကိုမှီခိုနေရတာဖြစ်လို့
မိခင်၀မ်းတွင်းက ခလေးအနေအထားဟာ
မစင်တွင်းထဲကပိုးလောက်နဲ့ ထူးမ ခြားနားပါ တဲ့။
ကျောကို၀မ်းပြု၊ ဒူးနှစ်ခုကြား၊ ဦးခေါင်းထားလျက်၊
မေးဖျားလက်ဆုပ်၊ သစ္ငုတ္တိုမွာ၊ မျောက်အိုကုပ်သည့်နှယ်၊
ကိုယ်၀န်တည်ချိန် အမိ၀မ်းတွင်းမှာ ရောက်နေရတဲ့ရင်သွေးခလေးဟာ
အမိကျောဘက်ကိုမျက်နှာမူပြီးဒူးနှစ်လုံးတို့၏အကြား၌ ခေါင်းကိုထားလျက်
မေးအောက်မှာလက်နှစ်ဘက်ဆုပ်ကာနေနေရတယ် တဲ့။
ဒီအနေအထားကဘာနဲ့ တူသလဲဆိုရင်
သစ်ငုတ်တိုပေါ်၌ မျောက်အိုတစ်ကောင် ကုပ်ကုပ်လေးနေနေသလိုဘဲတဲ့။
မလှုပ်မရှက်၊ သေသောက်လက်၀ယ်၊ ဆိတ္သူငယ္လို၊ အလမ္ပါယ်မိ၊ မြွေငယ်ချိသို့၊
236
“အရှင်မင်းကြီး၊ ‘မင်းမှာသစ္စာ လူမှာကတိ’ ဆိုတဲ့ စကားအတိုင်း သစ္စာတည်ပါစေ၊ ကိုးကွယ်ထားတဲ့ ဗုဒ္ဓဆင်းတုတော်များကို ကောင်းကင်က ကြွလာအောင် ကျွန်တော်မျိုးမ ပင့်ပေးပါ့မယ်။ လောလောဆယ် ကျွန်တော်မျိုးမ လက်မှာ ချည်တုပ်ထားတဲ့ ကြိုးတွေကိုသာ ဖြေပေးပါ”
တလထော် စကားဆုံးတာနဲ့ တိဿဘုရင်ကြီးမှာ အလိုလို လေးစားကြည်ညိုစိတ်များ ပေါ်လာတဲ့အတွက် ကိုယ်တိုင်ပင် တလထော်လက်မှ ကြိုးများကို ဖြေပေးလိုက်ပါတော့တယ်။ အနှောင်အဖွဲ့မှ လွတ်သည်နှင့် တပြိုင်နက် တရားသခင်မခေါ် တလထော်ကား ဗုဒ္ဓဆင်းတုတော်များကို သစ္စာပြုက ပင့်လိုက်ပါလေပြီ။
“အတုမဲ့ ငြိမ်းအေးရာ ပရိနိဗ္ဗာန်စံလွန်တော်မူပြီး ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ ဘုရားတပည့်တော်မသည် အရှင်မြတ်ကိုယ်စား ရုပ်ပွားဆင်တုတော်များကို ကောက်ယူဆေးကြော၍ အသက်နှင့်လဲကာ ကိုးကွယ်ပူဇော်ခဲ့ပါသည်။
ဗုဒ္ဓဂုဏော အနန္တော၊ ဓမ္မဂုဏော အနန္တော၊ သံဃဂုဏော အနန္တော
ဘုန်းတော်ကြီးသော မြတ်စွာဘုရား... ဘုရား, တရာ, သံဃာ ရတနာမြတ် သုံးပါးသည် ပိုင်းခြားမထင် ဂုဏ်အင်အနန္တ ဘုန်းတန်ခိုး တေဇော်ကြီးမြတ်တော်မူလှပါသည် ဘုရား။
ဤမှန်ကန်သော သစ္စာစကားကို ဆိုရခြင်းကြောင့်... အရှင့်ကိုယ်တော်စား ရုပ်ပွားတော် ရှစ်ဆူတို့သည် တိဿဘုရင် နန်းရင်ပြင်ပေါ် ကောင်းကင်ထက်၌ ကြွလာစမ္ပါယ် တည်နေတော်မူလှည့်ကြပါစေသား, အရှင်မြတ်ဘုရား”
တလထော်၏ သစ္စာစကားဆုံးသည်နှင့် ဗုဒ္ဓဆင်းတုတော် ရှစ်ဆူတို့ဟာ ကောင်းကင်ခရီးက စျာန်ယာဉ်စီးပြီး ရွှေရောင်တဖိတ်ဖိတ်နဲ့ ကြွလာတော်မူလာကြပါတယ်။ ဒီအချိန်မှာပဲ ဟံသာဝတီ ပြည်သူပြည်သား အားလုံးတို့ဟာ “တလထော် သစ္စာပြုပြီး ပင့်လိုက်တာ ဗုဒ္ဓဆင်းတုတော်တွေ ကောင်းကင်က ကြွလာသတဲ့” ဆိုတဲ့ စကားနဲ့အတူ လက်အုပ်ချီရှိခိုးပြီး တိဿဘုရင်ရဲ့ နန်းရင်ပြင်ထဲသို့ စုပြုံ ရောက်လာကြပါတော့တယ်။
ဒီအချိန်မှာ ကောက်ကျစ်ယုတ်မာခဲ့ကြတဲ့ ဗြာဟ္မဏအမတ်တွေကတော့ ပြေးပေါက် မှားနေကြပါပြီ။ သူတို့ဟာ အသောကမင်းကြီးရဲ့ ရေးထိုးခဲ့တဲ့ ကျောက်စာထဲကလို အဆုံးအမလေးများ ရထားခဲ့ရင် ဒီလောက်ဆိုးကြမယ် မထင်ဘူး။ အဲဒီ ကျောက်စာ အဆုံးအမလေးက-
“ဘာသာတရားဟူသမျှသည် တစ်မျိုးမဟုတ် တစ်မျိုးသော အကြောင်းများကြောင့် ကြည်ညိုလေးစားထိုက်သည်ချည်း ဖြစ်၏။ သို့ရာတွင် ဘာသာဝင် တစ်ဦးတစ်ယောက်သည် မိမိ၏ ဘာသာတရားကို အထွဋ္ဋ်အထိပ်သို့ ရောက်အောင် ဆောင်ရွက်စဉ်- အခြားဘာသာဝင်များ၏ ဘာသာတရားများကိုလည်း မြင့်မားအောင် ဆောင်ရွက်ခွင့် ပြုရ၏” တဲ့။
ဘယ်လောက်များ သူတော်ကောင်းပီသ,တဲ့ အဆုံးမလေးလဲလို့။ ဒီလို အဆုံအမမျိုး ပေးနိုင်တာ ဘာကြောင့်လဲလို့ မေးလာခဲ့ရင် သီရိဓမ္မာသောကမင်းကြီးဟာ ဗုဒ္ဓဘာသာဖြစ်လို့ပဲလို့ အကျဉ်းချုပ်ဖြေရမှာပါ။ ကဲဆက်ကြဦးစို့...
တိဿဘုရင်ကြီးလည်း ကောင်းကင်က ကြွလာပြီး ပလ္လင်ထက်မှာ စမ္ပါယ်တော်မူနေတဲ့ ဗုဒ္ဓဆင်းတုတော်များကို ပီတိမျက်ရည် တရွှဲရွှဲနဲ့ ပူဇော်ကန်တော့ပြီး ကျင်းထဲက သရဏဂုံမယ် တလထော်ကလေးကို ကိုယ်တော်တိုင် ဆယ်ယူ တောင်းပန်ပြီး ‘ဘဒြာဒေဝီ’ ဆိုတဲ့ အမည်နဲ့ တောင်ညာစံဒေဝီ မိဖုရားကြီးအဖြစ် မြှောက်စား ချီးမြှင့်တော်မူပါတယ်။
အဝိညာဏက အသက်မရှိတဲ့ ဆင်းတုတော်တွေတောင် ဒီလောက်တန်ခိုးစွမ်းအား ရှိခဲ့ရင်... သဝိညာဏက အသက်ရှိတဲ့ ဗုဒ္ဓ ကိုယ်တော်တိုင်ဆိုရင် ဘယ်လောက်များ တန်ခိုးအာနိသင် ကြီးလိုက်မလဲ လို့ မှန်းဆကြည်ညိုရင်း တိဿဘုရင်ကြီးသာ ချက်ချင်း ဗုဒ္ဓဘာသာဝင် ပြန်ဖြစ်သွားပါတယ်။ တလထော်ကို အကြောင်းပြူ၍ ရှင်ဘုရင်နဲ့ အတူ တိုင်းသူပြည်သား အားလုံးတို့ဟာ ဗုဒ္ဓဘာသာဝင် ပြန်ဖြစ်ခဲ့ကြရပါတယ်။
ခန္တီတရား လက်ကိုင်ထားတဲ့ ဗုဒ္ဓဘာသာဝင်များမို့ ဗြာဟ္မဏအမတ်တွေကိုလည်း သတ်ဖြတ်ခြင်း မပြုဘဲ တိုင်းပြည်ကနေပဲ နှင်ထုတ်လိုက်ကြပါတယ်။ အရာရောက်လာတဲ့ တလထော်ဟာ ဟံသာဝတီမြို့ (ယခုပဲခူးမြို့) ပတ်ဝန်းကျင်မှာ စေတီအပါအဝင် သာသနိက အဆောက်အအုံတွေ များစွာ လှူဒါန်းခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်လို့ ပျက်စီးပျောက်ကွယ်သွားတဲ့ စေတီပုထိုးဘုရားတွေက များပါတယ်။ မှတ်မှတ်ရရ ဂုဏ်ယူဖွယ်ရာ ကျန်နေသေးတာကတော့ ပဲခူးက ‘ရွှေသာလျောင်း ဘုရာကြီး’ ပါပဲ။ အဲဒါ တလထော် လှူဒါန်းခဲ့တဲ့ ဘုရားများစွာထဲက တစ်ဆူပဲဖြစ်ပါတယ်။ ပုဂံ အနော်ရထာမင်းကြောင့် မြန်မာတွေ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်ခဲ့ရတာမို့ အနော်ရထာမင်းဟာ မြန်မာအားလုံးရဲ့ ကျေးဇူးရှင် တစ်ဦးပါ။
ထို့အတူ တလထော်ဟာလည်း မြန်မာတွေရဲ့ ဘာသာရေး ကျေးဇူးရှင် တစ်ဦးပါ။ ဘာ့ကြောင့်လည်းဆိုရင် အဲဒီအချိန်က တလထော်သာ အသက်နဲ့ လဲပြီး ရတနာသုံးပါးရဲ့ဂုဏ်ကို မကာကွယ်ခဲ့ဘူးဆိုရင် ဗုဒ္ဓဘာသာဟာ မွန်တွေရဲ့ လက်ထဲမှာတင် ပျောက်သွားလောက်ပါပြီ။ မွန်တွေဆီမှာ ဗုဒ္ဓဘာသာ မရှိတော့ဘူးဆိုရင် ပုဂံက အနော်ရထာမင်းဟာလည်း မြန်မာတွေဆီ ရောက်အောင် ဗုဒ္ဓဘာသာကို ဆောင်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် တလထော်လည်း မြန်မာတွေအပေါ်ပုဂံ အနော်ရထာလို ကျေးဇူးများခဲ့တဲ့အတွက်ကြောင့် ‘ရာမညအနော်ရထာ’ လို့ ခေါ်ဝေါ်သင့်ကြောင်းပါ။
ကျမ်းကိုး။ ။ဓမ္မာစရိယ ဦးဌေးလှိုင်၏ ‘ရတနာသုံးပါးကျေးဇူး’ စာအုပ်မှ။
မေတ္တာရှင်(ရွှေပြည်သာ)၏
‘သရဏဂုံအစွမ်း အံ့မခန်းဖြစ်ရပ်ဆန်းများ’ မှ
Credit to မျိုးချစ်မြန်မာ
🆙TT
236
ဒီအချိန်မှာ တိဿဘုရင်နဲ့ မိစ္ဆာများက တစ်ဖက်၊ တလထော်က တစ်ဖက် ဖြစ်နေပါသည်။ တလထော်နောက်မှာ ဘယ်သူမှ မနေရဲတော့ပါဘူး။ ဒါကိုလည်း တလထော် သိပါတယ်။ ဒါကြောင့်လည်း ဘယ်သူ့ကိုမှ အားမကိုးဘဲ သရဏဂုံသုံးပါးကိုသာ ရွတ်ဖတ်သရဇ္စျာယ်နေခြင်း ဖြစ်ပါတယ်။ ဟုတ်ပါတယ်- တလထော် နောက်မှာ မားမားမတ်မတ် နေတာဆိုလို့ ရတနာသုံးပါးပဲ ရှိပါတော့တယ်။
နင်းသတ်ဖို့လာတဲ့ ဆင်ကြီးဟာ တလထော်နားကို ရောက်တာနဲ့ မနင်းရဲတော့တဲ့အပြင် “စူးစူးဝါးဝါး တစ်ချက်တည်းအော်ပြီး” နောက်ပြန် လှည့်ပြေးတော့တာပဲ။ ဆင်ဦးစီးလည်း ဘာမှ မတတ်နိုင်တော့ပါဘူး။ တိဿဘုရင်နဲ့ ဗြာဟ္မဏအမတ်တွေကတော့ ဘယ်မှာ အခဲကျေလိမ့်မလဲ။
“မင်းတို့ ကြောက်တတ်တဲ့ ဆင်ကိုမှ ခေါ်လာတာကိုးကွ၊ သွား ဒီထက်ဆိုးတဲ့ ဆင်ကြမ်းတစ်ကောင်ကို ထပ်ခေါ်နင်းခိုင်းစမ်း” ဆိုတဲ့ တိဿဘုရင်ရဲ့ အမိန့်နဲ့အတူ နောက်ထပ် ကြမ်းပေ့ဆိုတဲ့ ဆင်တစ်ကောင်ကို ခေါ်လာခဲ့ပြန်ပါပြီ။ နောက်ထပ် ခေါ်လာတဲ့ဆင်ဟာလည်း တလထော်နားကို ရောက်တာနဲ့ စူးစူးဝါးဝါး အော်ပြီး လှည့်ပြေးပြန်တာပါပဲ။ ဘုရား, တရား, သံဃာ သရဏဂုံ သုံးပါးကို ကိုယ်လုံး ခြုံထားတဲ့အတွက် တလထော်ကို ဆင်ရိုင်းတွေက မနင်းရဲတာပါ။ ဒါကို တိဿဘုရင်နဲ့ ဗြာဟ္မဏအမတ်တွေက မသိကြပါဘူး။
ဒါကြောင့်လည်း ဗြာဟ္မဏအမတ်များက တိဿဘုရင်နား ကပ်ပြီး -
“အရှင်မင်းကြီး၊ ဒီမိန်းမဟာ သာမန်မိန်းမ မဟုတ်လောက်ဘူး၊ ပညာသည်စုန်းမ ဖြစ်ပါလိမ့်မယ်။ စုန်းမများဟာ ရိုးရိုးသတ်လို့ မသေပါဘူး ဘုရား” လို့ လျှောက်တော့ တိဿဘုရင်က...
“ဒါဖြင့် ဘယ်လိုသေအောင် သတ်ရမလဲ”
“မှန်ပါ၊ မီးရှို့သတ်ရင် သေနိုင်ကြောင်းပါ”
“ကိုင်း ဆင်နင်းသတ်မရတဲ့ တလထော်ကို မသေမချင်း မီးရှို့ သတ်ကြစေ” လို့ အမိန့်တော် ထပ်မှတ်ပြန်ပါတယ်။ ဒီတစ်ခါ အာဏာ ပါးကွက်သားများက လောင်စာထင်းတွေ အသင့်ပြင်ပြီး ကြိုးတုပ်တားတဲ့ တလထော်ကို ထင်းပုံပေါ်တင်ပြီး မီးတင်ရှို့လိုက်ကြပြန်ပါပြီ။ လောင်စာထင်းများကား တဖျင်းဖျင်းမြည်ကာ တောက်လောင်နေကြလေပြီ။ သရဏဂုံ သမီးပျိုကား ဒေါသတစ်ချက်မဝင်၊ သရဏဂုံအရွတ် တစ်ချက် မပျက်ခဲ့ပါပေ။
လောင်စာထင်းများ ပြာကျကာ ကုန်သွားသော်လည်း သရဏဂုံ ကိုယ်လုံး ခြုံထားသော တလထော်၏ မွှေးညှင်းတစ်ပင်ကိုပင် မီးမလောင်ခဲ့ပါ။ တိဿဘုရင်နှင့် ဗြာဟ္မဏအမတ်များ ချွေးပြန်နေကြပြီ။ နောက်လူတွေ ကြောက်လန့်သွားအောင် စံပြအနေဖြင့် ရက်ရက်စက်စက် သတ်ပြကာမှ မသေဘူးဖြစ်နေရာ မည်သို့ သေအောင် သတ်ရမည်ကို မတွေးတတ်အောင် ဖြစ်နေကြသည်။ ဗြာဟ္မဏအမတ် တစ်ယောက်က-
“အရှင်မင်းကြီး၊ ဒီမိစ္ဆာမ မသေလို့တော့ မဖြစ်ဘူး၊ တော်ကြာ ကျန်တဲ့ ဗုဒ္ဓဘာသာတွေပါ ကမ်းတက်လာနိုင်တယ်၊ ဒီတော့ တစ်ခါတည်း မြေမြှုပ်ပြီးသာ အဆုံးစီရင်ခိုင်းပါတော့ဘုရား”
တိုအမတ်ကြီး၏ အကြံပေးချက်ဖြင့် တလထော်ကား နက်လှသော ကျင်းကြီးထဲတွင် အပြီးတိုင် မြေဖို့အသတ်ခံရန် ရောက်ရှိနေလေပြီ။ မြေဖို့သတ်ရန် အာဏာပါးကွက်သားများ အသင့်ပြင်နေကြစဉ်မှာပင် ဗုဒ္ဓဘာသာဖြစ်ခဲ့ဖူးသော တိဿဘုရင်ကား ကျင်းထဲမှာ ဒေါသကင်းစင် ဖြူမွတ်ဝင်းစင်နေသည့် သရဏဂုံ သမီးပျို တလထော်၏ မျက်နှာကလေးကို တစ်ချက်ကြည့်မိသွားသည်နှင့် မဝေခွဲနိုင်သော အတွေးများက အလျှိုလျှို ဝင်ရောက်လာကြသည်။
“အင်း... ဒီမိန်းကလေးဟာ တော်တော်ကို ထူးခြားတာပဲ၊ တို့က သူ့ကို ဒီလောက် မသေမချင်း သတ်နေတာတောင် သူ့မျက်နှာမှာ ဒေါသဖြစ်တဲ့အသွင် တစ်ချက်မှ မတွေ့ရဘူး၊ တကယ့်သူတော်ကောင်းတွေရဲ့ အသွင်အပြင်မျိုးပဲ၊ ပြီးတော့ ရတနာသုံးပါးအပေါ် ယုံကြည်တဲ့သူရဲ့ သဒ္ဓါတရားကလည်း အံ့မခန်းပါလား။
ဒီလောက် ရက်ရက်စက်စက် မသေမချင်း သတ်နေတာတောင် ကြောက်လန့်ပြီး ရတနာသုံးပါးကို စွန့်ပါတော့မယ်-လို့ တစ်ချက်မပြောဘူး၊ တစ်ချက် မတောင်းပန်ဘူး၊ သာမန် မိန်းမပျိုမျိုးဆို လန့်တာနဲ့တောင် သေသွားလောက်တယ်။ ရတနာသုံးပါးအပေါ် ဒီလောက်ယုံကြည်အားကိုးနေတဲ့ မိန်းကလေးကို ငါတို့က အခွင့်အရေးတစ်ခုတော့ ပေးသင့်တယ်”
ထိုအတွေးနှင့်အတူ မြေဖို့ရန် ပြင်နေကြသော အာဏာသားများကို ခေတ္တ တားမြစ်လိုက်ကာ တလထော်ကို ချထားသော ကျင်းနှုတ်ခမ်းသို့သွားကာ-
“ဒီမှာမိန်းကလေး၊ မင်း ဗုဒ္ဓအပေါ် ဒီလောက် ယုံကြည်နေတယ်ဆိုရင် မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ မင်းကိုးကွယ်ထားတဲ့ မင်းအိမ်က ဗုဒ္ဓဆင်းတုတော် ရှစ်ဆုကို ဟောဒီနန်တော်ထဲ ကောင်းကင်က ကြွလာအောင် မင်း ပင့်နိုင်မလား၊ အကယ်၍ အဲဒီလို ကောင်းကင်ကနေ ကြွလာအောင် မင်း ပင့်နိုင်မယ်ဆိုရင် မင်း အသက်ကို ချမ်းသာပေးမယ်၊ ငါလည်း ဗုဒ္ဓဘာသာအယူကို ပြန်ယူမယ်” လို့ ပြောလိုက်ပြီး တလထော် မျက်နှာကလေးကို သေချာ စိုက်ကြည့်လိုက်သည်။
တိဿဘုရင် မျှော်လင့်ထားသည်က-
“အရှင်မင်းကြီး မဖြစ်နိုင်တာတွေကို ခိုင်းနေမယ့်အစား တစ်ခါတည်းသာ မြေဖို့သတ်လိုက်ပါတော့” လို့ ညှိုးငယ်သော မျက်နှာလေးနဲ့ ပြောလိုက်မည့် တလထော်၏ သနားစဖွယ် စကားသံကို ကြားရလိမ့်မယ်လို့ ထင်ခဲ့သည်။
သို့သော် တိဿဘုရင် မျှော်လင့်သလို ဖြစ်မလာ။ မျှော်လင့်ချက်ရောင်ခြည် လင်းလက်သွားသောဝင်းပသည့် မျက်နှာကလေးဖြင့် တလထော်လျှောက်ထားသည်က-
236
အဲဒီအချိန်မှာ ဟို...မြစ်ညာကနေ တလထော်တို့ ရေးချိုးနေတဲ့ဆီကို ရွှေရောင်တလက်လက်နဲ့ ဗုဒ္ဓဆင်းတုတော် ရှစ်ဆူ မျောပါတာကို တွေ့မြင်ကြရပါတယ်။ အသက်ဘေးကို ကြောက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ မျှောလိုက်တဲ့ ဗုဒ္ဓဆင်းတုတွေပဲပေါ့။ ဒီအခါမှာ တလထော်ဟာ မျောပါလာတဲ့ ဆင်းတုတော်တွေကို သူကိုယ်တိုင်လည်း လိုက်ဆယ်တယ်၊ သူ့အချွေအရံတွေကိုလည်း လိုက်ဆယ်ခိုင်းတယ်။ ရံရွေတော်တွေက-
“အရှင်မ၊ တိဿဘုရင်ကြီးက ဗုဒ္ဓဆင်းတုတော် ကိုးကွယ်တဲ့ သူတွေကို သေဒဏ်ပေးမယ်လို့ အမိန့် ချမှတ်ထားပါတယ်၊ ဒါကြောင့် ဆင်းတုတော်တွေကို မဆယ်ပါနဲ့” လို့ တားကြတဲ့အခါ တလထော်က
“ညီမတို့ ဆယ်သာဆယ်ကြ၊ ဗုဒ္ဓဆင်းတုတော်ကို ကိုးကွယ်လို့ သတ်မယ်ဆိုရင် ကျွန်မ ဆယ်ခါပြန်သေရဲပါတယ်၊ ဒီဆင်းတုတော်တွေနဲ့ ပတ်သက်လို့ ကျွန်မ အားလုံးတာဝန်ယူပါတယ်” လို့ ပြောသတဲ့။
ဒီစကားကို ထောက်ကြည့်ရင် တလထော်မှာ ဗုဒ္ဓဝါဒနဲ့ ပတ်သက်လာရင် အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိတွေ ရှိနေတာကတော့ သေချာနေပါပြီ။ ဒီသတ္တိတွေကို အသက်ငယ်ငယ်သာရှိသေးတဲ့ တလထော်တစ်ယောက် ဘယ်လိုများ ရလာသလဲလို့ တွေးကြည့်သင့်တယ်။ ဒီမေးခွန်းရဲ့ အဖြေကိုတော့ အမရပူရမြို့၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးရဲ့ အောက်ပါ သြဝါဒထဲမှာ ရှာကြည့်နိုင်ပါတယ်။
"ဘုရားပေးတဲ့ သတ္တိ"
----------------------------
တစ်မျိုးမျိုးသော အလုပ်ကိစ္စရှိရင် ဘုရားကို အမှတ်ရနေပါ၊ အခါမရွေး အမှတ်ရနေရင် ပိုကောင်းပါတယ်၊ ဒီလို ဘုရားအာရုံယူနေတော့ သတ္တိ အလိုလို ထက်မြက်လာတယ်၊ စိတ်တွေဟာ ဘုရားအာရုံ အမြဲယူနေရတော့ တည်ကြည်မှု (သမာဓိ) ကို ရလာတယ်။ ဒီလို တည်ကြည်လာတော့ ရဲရင့်ထက်မြက်တဲ့ သတ္တိကောင်းတွေ ပေါ်လာရတာပဲ၊ သွားလာရာမှာ ဘုရားအာရုံနဲ့သွားရင် ကြမ်းတမ်းတာ မရှိပါဘူး။
ဒီသြဝါဒကို ကြည့်လိုက်ရင်ပဲ တလထော်ရဲ့ သတ္တိတွေ ဘယ်လိုကဘယ်လို ရလာသလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သိလောက်ပါပြီ။ တနည်းအားဖြင့် တလထော်ဟာ အထက်တန်းစား ဗုဒ္ဓဘာသာ ဖြစ်တဲ့ အတွက်ကြောင့်လည်း ဗုဒ္ဓဆင်းတုတော်များကို ယခုလို ရဲရဲဝံ့ဝံ့ ပူဇော်ရဲခြင်း ဖြစ်ပါတယ်လို့ ယူဆရပါတယ်။
အထက်တန်းစား တကယ့်ဗုဒ္ဓဝင်တွေက ကုသိုလ်ကံကြောင့် ကောင်းကျိုးခံစားရမယ်၊ အကုသိုလ်ကံကြောင့် မကောင်းကျိုး ခံစားရမယ်ဆိုတဲ့ ‘ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်ဟာ လင်းလင်းရှင်းရှင်း ရှိကြတယ်။ အောက်တန်းစား ဗုဒ္ဓဘာသာဝင်တွေကတော့ ကောင်းကျိုးခံစားရရင် နတ်မ, လို့၊ ဘိုတော်မ, လို့ ယူဆပြီး၊ မကောင်းကျိုးခံစားရပြန်တော့ ပါပဂြိုဟ်ထဲရောက်လို့၊ စီးပွားပျက်ကိန်း ကြုံနေလို့ စသောအားဖြင့် အမှားတွေကို ယုံပြီး ကမ္မဿကတာသမ္မာဒိဋ္ဌိဉာဏ် လုံးလုံး ကွယ်ပျောက်နေကြရတယ်။
တလထော်ကတော့ အဲဒီအထဲမှာ မပါဘူး။ ဒါကြောင့်လည်း ဗုဒ္ဓဆင်းတုတော် ရှစ်ဆူကို ရဲရဲဝံ့ဝံ့ ပူဇော်ရဲတာပေါ့။ ဗုဒ္ဓဆင်းတုတော်တွေ သူကိုးကွယ်တာက ကုသိုလ်အလုပ်ပဲ။ ကုသိုလ်အလုပ် ဖြစ်တဲ့အတွက် ပေးမယ့်ပေးရင် ကောင်းကျိုးပဲ ပေးရမယ်။ မကောင်းကျိုးကတော့ ဘယ်လိုမှ မပေးနိုင်-လို့ ရဲရဲဝံ့ဝံ့ ယုံကြည်တဲ့ သဒ္ဓါဓာတ်မျိုးကလည်း လူတိုင်းမှာတော့ ရှိဖို့ မလွယ်လှပါဘူး။
နောက်ပြီး “တလထော်၊ နင် ရတနာသုံးပါး စွန့်မလား၊ ခေါင်းဖြတ်အသတ်ခံမလား” လို့မေးခဲ့ရင် တလထော်ဟာ ခေါင်းသာဖြတ် အသတ်ခံမှာပါ၊ ရတနာသုံးပါးကို မစွန့်ပါဘူး၊ အဲဒီလို သဒ္ဓါမျိုးကို စာကဆိုတာကတော့ ‘အဝေစ္စပသန္န’ (ရတနာသုံးပါးကို မတုန်မလှုပ် သက်ဝင်ယုံကြည်ခြင်း) လို့ဆိုပါတယ်။
စာရှုသူများလည်း အဲဒီသဒ္ဓါမျိုးကို မိမိသန္တာန်မှာ ရှိအောင် ကြိုးစားထားမယ်ဆိုရင် တလထော် ကျော်ဖြတ်ခဲ့တဲ့ အန္တရာယ် အမျိုးမျိုးကို စာရှုသူများလည်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ တလထော်ဟာ ရေထဲက ဆယ်လို့ရတဲ့ ဗုဒ္ဓဆင်းတုတော်များကို အမွှေးနံ့သာများနဲ့ ရေသပ္ပါယ်ပြီး သူနေတဲ့တိုက်ခန်းမှာ ကိုးကွယ်ထားလိုက်ပါတော့တယ်။
နောက်တစ်နေ့မှာပဲ ဒီသတင်းကို ရသွားတဲ့ တိဿဘုရင်ကြီးဟာ လွန်စွာ ဒေါသထွက်ပြီး တလထော်ကို ချက်ချင်း ဖမ်းခိုင်းလိုက်ပါတယ်။ ရဲမက်တွေ လာဖမ်းကတည်းက တလထော်ဟာ မိမိရဲ့ ပွားများနေကျ ဖြူစင်အေးမြတဲ့ မေတ္တာဓာတ်ကို တိဿဘုရင်ကြီးနဲ့တကွ နန်းတွင်းသူ, နန်းတွင်းသား အားလုံးထံကို ပို့လွှတ်ထားလိုက်ပါတယ်။
စိတ်ဆိုးနေတဲ့ ဒေါသကို မိမိသန္တာန်မှာ လုံးဝ အဖြစ်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါသဟာ အကုသိုလ်ဆိုတော့ မကောင်းကျိုးပဲ ပေးမယ်၊ မေတ္တာက ကုသိုလ်ဆိုတော့ ကောင်းကျိုးပေးမယ်။ ဒါကြောင့်လည်း ဒေါသ အဖြစ်မခံဘဲ မေတ္တာကိုသာ တွင်တွင်ပွားနေတာပါ။ မေတ္တာပို့တာနဲ့ လုံလောက်ပြီလို့ မယူဆဘဲ သရဏဂုံသုံးပါး ကိုလည်း ရွတ်ဖတ်သရဇ္စျာယ်ပြီး ဆောက်တည်နေပါတော့တယ်။
နန်းရင်ပြင် ရောက်တာနဲ့ ဒေါသဖြစ်နေတဲ့ တိဿဘုရင်နဲ့ ဗြာဟ္မဏအမတ်တွေဟာ စစ်ဆေးမေးမြန်းခြင်းပင် မပြုလုပ်တော့ဘဲ တလထော်ကို သူတို့ရှေ့မှာတင် မသေမချင်း ဆင်းနင်းသတ်ဖို့ အမိန့် ချမှတ်လိုက်ပါတော့တယ်။ လက်ပြန်ကြိုး တုပ်ထားတဲ့ တလထော်ရှိရာသို့ အရက်မူးအောင် တိုက်ထားတဲ့ လူနင်းသတ်နေကျ ဆင်ကြမ်းကြီးတစ်ကောင်ကို မောင်းခေါ်လာခဲ့ပါသည်။
236
မိစ္ဆာဒိဋ္ဌိဘုရင် နှင့် သရဏဂုံရှင်
====================
ယခုဖော်ပြမည့် ဖြစ်ရပ်ဟာ ဆန်းကြယ်မှု အသွယ်သွယ်နဲ့ ပြွန်းတီးနေတဲ့ဖြစ်ရပ်မို့ စိတ်ကူးယဉ် ဒဏ္ဍာရီတစ်ခုလို့ ထင်မသွားဖို့တော့ စောစောက ကြိုတင်တောင်းပန်ထားပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီတကယ့်ဖြစ်ရပ် အကြောင်းကို မှတ်တမ်းတင်ခဲ့သူဟာ ဘာသာခြား လူမျိုးခြားတစ်ယောက် ဖြစ်နေလို့ပါပဲ။
သူကတော့ အင်္ဂလိပ်လူမျိုး သမိုင်းဆရာ ‘ဂျီအီးဟာဘေ’ ပဲဖြစ်ပါတယ်။ ဘာသာခြားလည်းဖြစ်၊ လူမျိုးခြားလည်း ဖြစ်တဲ့အတွက် ဗုဒ္ဓနဲ့ ပတ်သက်ပြီးတော့ လွန်လွန်ကဲကဲ ဂုဏ်တင်မရေးမှာကတော့ သေချာလှပါတယ်။ ယခုဖြစ်ရပ်ကို ‘မြန်မာ့သမိုင်း အကျဉ်းချုပ်’ စာအုပ်မှာ ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဓမ္မရသ၊ သုတရသ၊ ကရုဏာရသ၊ ဘယာနက ရသ၊ ဝီရရသ စတဲ့ ရသမျိုးစုံကို ခံစားကြည့်ရအောင်ပါ။
"ဗုဒ္ဓဘာသာနှစ်မျိုး"
-------------------
အေဒီ (၁၀၄၃-၁၀၅၇) လောက်ကပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ မွန်တို့ဌာနီ ဟံသာဝတီမှာ စိုးမိုးအုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်တစ်ပါးကတော့ တိဿပါတဲ့။ ဗုဒ္ဓဘာသာဝင်ပါပဲ။ ဒါပေမယ့် တကယ့်ဗုဒ္ဓဘာသာ မဟုတ်ဘဲ မိရိုးဖလာဗုဒ္ဓဘာသာ ဖြစ်နေပါတယ်။ ဒီနှစ်မျိုး ထူးခြားပုံကို ရှင်းပြပါရစေ။
မိရိုးဖလာ ဗုဒ္ဓဘာသာဆိုတာက မိမိရဲ့ အဘိုးတွေ၊ အဘွားတွေ၊ အဖေတွေ၊ အမေတွေက ဗုဒ္ဓဘာသာ ဖြစ်ခဲ့လို့သာ မိမိလည်း ဗုဒ္ဓဘာသာ ဖြစ်လိုက်ရတယ်၊ သိတဲ့, တတ်တဲ့ ဆရာတော်ကြီးတွေကိုလည်း ဆည်းကပ် မေးမြန်းခြင်း တရားနာခြင်းလည်း မရှိဘူး။ တစ်ခါ ဘာသာရေး စာပေကိုလည်း တစ်လုံးတစ်ပါဒမျှ မလေ့လာဘူး။ အဲဒီလိုမျိုး ဗုဒ္ဓဘာသာဟာ ‘မိရိုးဖလာဗုဒ္ဓဘာသာ’ ပါ။
တကယ့်ဗုဒ္ဓဘာသာဆိုတာကတော့ အချိန်အားလေးရခိုက်မှာ ဘာသာရေးစာပေအချို့ကိုလည်း ထိုက်သလောက် လေ့လာဖတ်ရှုတယ်။ တတ်သိနားလည်တဲ့ ဆရာတွေဆီ ဆည်းကပ်ပြီး မရှင်းလင်းတာ မေးမြန်းတယ်။ ကြုံတဲ့အခါ တရားဒေသနာများကို နာကြားတယ်။ အဲဒီအတွက် တန်ဖိုးထားသွားတယ်။ အဲသလို ဗုဒ္ဓဘာသာမျိုးကမှ ‘တကယ့်ဗုဒ္ဓဘာသာ’ ပါ။
ဒီဗုဒ္ဓဘာသာ နှစ်မျိုးဟာ သာမန် အချိန်မှာတော့ အတူတူပါပဲ။ ထူးသွားတဲ့ အချိန်ကတော့ ဘာသာခြားနဲ့ အိမ်ထောင်ကျတဲ့အချိန်၊ တခြားဘာသာကနေ ဥစ္စာစည်းစိမ်တွေ၊ မိန်းမဆိုရင် ယောက်ျား၊ ယောက်ျားဆိုရင် မိန်းမနဲ့ ဆွဲဆောင်လာတဲ့ အချိန်ပါပဲ။
အဲဒီအချိန်ရောက်ပြီဆိုရင်တော့ မိရိုးဖလာဗုဒ္ဓဘာသာဝင်များဟာ ဘာသာခြားနောက်ကို ကောက်ကောက်ပါအောင် ပါသွားတတ်ပြီး တကယ့် ဗုဒ္ဓဘာသာဝင်များကတော့ ကျောက်တောင်ကျောက်ခဲလို မယိုင်လဲဘဲ တည့်မတ်ပြီး နေနိုင်ပါတယ်။ အခု တိဿဘုရင်က မိရိုးဖလာဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း အနားမှာ ခ,စားနေတဲ့ ဗြာဟ္မဏဘာသာဝင် အမတ်တွေက-
“အရှင်မင်းကြီး၊ အရှင်မင်းကြီးတို့ ကိုးကွယ်နေတဲ့ ဗုဒ္ဓဆိုတာဟာ လောကမှာ ရှိမှ မရှိတော့ဘဲ။ ဒါကြောင့် သေသွားတဲ့သူရဲ့ ရုပ်တုကို ကိုးကွယ်နေတယ်ဆိုတာ အသုဘရုပ်ကို ကိုးကွယ်နေတာနဲ့ အတူတူပါပဲ၊ အဲဒါကို ကိုးကွယ်မယ့်အစား ကျွန်တော်မျိုးတို့ရဲ့ ဘယ်တော့မှ မသေတဲ့ ထာဝရဗြဟ္မာကြီးကို ကိုးကွယ်တာက ပိုမြင့်မြတ်တာပေါ့” လို့ ရက်အတန်ကြာ ဆွဲဆောင်လိုက်တာနဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တိဿမင်းဟာ မိစ္ဆာဒိဋ္ဌိအယူကို ယူပြီး မြင့်မြတ်လှတဲ့ ဗုဒ္ဓဘာသာကို စွန့်လွှတ်လိုက်ပါတော့တယ်။
အတွေးအခေါ် အသိဉာဏ်နည်းပါးသူတွေရဲ့ လက်ထဲကို အာဏာရောက်သွားခြင်းဟာ နဂိုကမှ အကန်အကျောက်ဝါသနာပါတဲ့ မြင်းကို ချိုတပ်ပေးလိုက်သလို တစ်ပါးသူတွေ ပိုမို ဒုက္ခရောက်ဖို့ရာ ဖန်တီးပေးလိုက်သလိုပဲ ဖြစ်ပါတယ်။ ခုလည်း ကြည့်လေ။ သူကိုယ်တိုင် ဘာသာပြောင်းရုံနဲ့ မပြီးသေးဘဲ ဟံသာဝတီ မြို့သူမြို့သား အားလုံးကိုပါ သူ့လို လိုက်ပြီး ဘာသာပြောင်းရမယ်လို့ အမိန့်ထုတ်တယ်။
သူထုတ်တဲ့ အမိန့် အပြည့်အစုံက ‘ယနေ့မှစ၍ ဟံသာဝတီ မြို့သူမြို့သား အားလုံးတို့သည် ဗုဒ္ဓအယူဝါဒကို စွန့်၍ ဗြဟ္မဏအယူဝါဒကို ယူကြရမည်။ ဗုဒ္ဓဆင်းတုတော်များကိုလည်း အားလုံး ဖျောက်ဖျက်ပစ်ကြရမည်။ ဗုဒ္ဓဆင်တုတော်များ ကိုးကွယ်ဆည်းကပ်သူကို တွေ့လျှင် သေဒဏ်ပေးမည်’ လို့ အမိန့်ထုတ်လိုက်သည်။
ဒီတော့လည်း ‘ဗုဒ္ဓဝါဒထက် အသက်ကို ပိုမိုမြတ်နိုးသူ’ အများစုတို့ဟာ ဗုဒ္ဓဆင်းတုတော်များကို ရေမျှောသူက မျှောတယ်၊ မီးရှို့ဖျက်ဆီးသူက ဖျက်ဆီးတယ်၊ တောနက်ထဲသွားပစ်တဲ့သူက ပစ်ကြတယ်။ တစ်တိုင်းပြည်လုံး နီးပါး ဗုဒ္ဓဆင်းတုတော်များကို ဖျောက်ဖျက်ပြီး ဗုဒ္ဓအယူဝါဒကို စွန့်နေကြတဲ့ အချိန်မှာ ‘အသက်ထက် ဗုဒ္ဓဝါဒကို ပိုမိုမြတ်နိုးတဲ့’ အာဇာနည် အမျိုးသမီး တစ်ဦးလည်း ပေါ်ပေါက်ခဲ့ပါတယ်။
"အသက်ထက် ဗုဒ္ဓဝါဒကို မြတ်နိုးသူ"
------------------------------------------
သူကတော့ တခြားမဟုတ်ပါဘူး။ သူဌေးသမီး ဟံသာဝတီမြို့သူလေး ‘တလထော်’ ပဲဖြစ်ပါတယ်။ တလထော်ဆိုတာ မွန်နာမည်ပါ။ မြန်မာလိုတော့ ‘တရားသခင်မ’ လို့ အဓိပ္ပါယ်ရပါတယ်။ သူမကတော့ သူမနေတဲ့ တိုက်ခန်းထဲမှာ ဗုဒ္ဓဆင်းတုတော်ကို ကိုးကွယ်လျက်ပါပဲ။ ဘယ်သူမှ တားလို့လည်း မရပါဘူး။ တစ်နေ့တော့ တလထော်နဲ့ သူရဲ့ အချွေအရံတွေ မြစ်ထဲမှာ ရေးချိုးနေကြပါတယ်။
236
ဘက်လိုက်ခြင်း {သို့} အဂတိ (၄)မျိုး
====================
အချစ်အမုန်းကို ဦးစားပေးရင် ဘက်လိုက်မှုတွေ ဖြစ်တတ်တယ်တဲ့။
ဘက်လိုက်တာကို စာလိုပြောတော့ အဂတိလို့ ပြောပါတယ်။ မလိုက်သင့်တဲ့ဘက်ကိုလိုက်ခြင်း၊ မပြုသင့်တာကို ပြုခြင်းလို့ ဆိုပါတယ်။ အဂတိတရားတွေကို ကြည့်ရင်
၁။ ဆန္ဒာဂတိ = ချစ်တဲ့အတွက် အဂတိလိုက်ခြင်း
၂။ ဒေါသာဂတိ = မုန်းတဲ့အတွက် အဂတိလိုက်ခြင်း
၃။ မောဟာဂတိ = အမှားအမှန်ကိုမသိ၊ ဆင်ခြင်တုံတရားမရှိတဲ့အတွက် အဂတိလိုက်ခြင်း
၄။ ဘယာဂတိ = ကြောက်တဲ့အတွက် အဂတိလိုက်ခြင်း
ဆိုတဲ့ ဒီလေးပါးကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအဂတိ တရားတွေဟာ ယေဘုယျအားဖြင့် အချစ်အမုန်းကိုပဲ အခြေခံပြီး ဖြစ်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။ ချစ်ရင်လည်း ဘက်လိုက်တတ်သလို မုန်းရင်လည်းပဲ ဘက်လိုက်တတ်ပါတယ်။ တစ်ချို့လည်း အချစ်အမုန်းကြောင့် မဟုတ်ပေမယ့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ကို မခွဲခြားတတ်တဲ့အတွက် ဘက်လိုက်တာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချို့ကျတော့ မလွန်ဆန်နိုင်တဲ့ အကြောက်တရားကြောင့်လည်း ဘက်လိုက်တဲ့ သဘောရှိပါတယ်။ ပုထုဇဉ်တွေဟာ တကယ်တမ်းကျတော့ အလွန်ကြောက်တတ်တဲ့ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ ကြောက်တယ်ဆိုတာကလည်း သီလမလုံခြုံလို့ ကြောက်ကြတာပဲ ဖြစ်ပါတယ်။ သီလလုံခြုံနေတဲ့သူဟာ မဟုတ်တာ ဘာမှ မလုပ်ထားတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေပြီး အပြစ်ကင်းတဲ့ သူတစ်ယောက် ဖြစ်နေတဲ့အတွက် ကြောက်စိတ်ဆိုတာလည်း မရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကြောက်တရားကင်းအောင်၊ အဂတိတရား ကင်းအောင် ကိုယ်ကျင့်သီလလုံကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။
စာပေအဖွင့်တွေမှာ အဂတိတရား လိုက်ခြင်း မလိုက်ခြင်းရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီး
“ အဂတိတရား လေးပါးကို လိုက်စားပြုကျင့်သူသည် လဆုတ်အခါ လမင်း၏ အရောင်အဝါသည် တနေ့တခြား လျော့ပါး ဆုတ်ယုတ် သကဲ့သို့ စည်းစိမ် ဥစ္စာနှင့်တကွ ဂုဏ်ကျေးဇူး ကျော်စောခြင်းတို့သည် လျော့ပါး ဆုတ်ယုတ်တတ်လေသည်။
အဂတိတရား လေးပါးကို မလိုက်စား မပြုကျင့်သူသည် လဆန်းအခါ၌ လမင်း၏ အရောင်အဝါသည် တနေ့တခြား ထွန်းလင်း တောက်ပသကဲ့သို့ ကျက်သရေ ၊ ဂုဏ်သိန် ၊ စည်းစိမ်ဥစ္စာတို့သည် တနေ့တခြား ကျော်ကြားတိုးတက် ပေါ်လွင်ထင်ရှား လေသည်။ ”
လို့ ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။
ဆိုတော့ကား ဘက်လိုက်တတ်ရင် အဂတိတရား ကျူးလွန်ရာ ရောက်တဲ့အပြင် ကိုယ့်အကျိုးတရားတွေလည်း ဆုတ်ယုတ်တတ်တဲ့အတွက် ဘက်လိုက်မှုနဲ့ အကြောက်တရားမှ ကင်းဝေးရအောင် ကိုယ့်ကျင့်တရားကောင်းအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။
စာရေးသူ= မနာပဒါယီ အရှင်ဝိစိတ္တ
c/o
🆙TT
236
"အရှင်သာရိပုတ္တရာ၏ ဂုဏ်ရည် "
=========================
သူမတူသော သည်းခံစိတ်
"ထောင်တန်တဲ့စကား ရယ်လျှင်ပေါ့" သတဲ့။
အလားတူ ရင်နှီးကျွမ်းဝင်မှု လွန်ကဲတဲ့အခါမှာ အရိုအသေတန်တက်တယ်။
တချို့နေရာတွေမှာ ရင်းနှီးမှုကိုပင်လျှင် အကြောင်းပြုပြီးတော့
မိတ်ပျက်ရတာတွေရှိသလို ,ခနိုးခနဲ့ အစော်ကားခံရတာတွေရှိတယ်။
ဧကနိပါတ် ,ဝိသဝန္တဇာတ် ရဲ့ ပစ္စုပ္ပန်ဝတ္ထုမှာပါတဲ့
ရင်းနှီးကျွမ်းဝင်မှုကို အကြောင်းပြုလို့
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးတောင် သံဝေဂကြီးစွာရတော်မူတဲ့
ဇာတ်ဝတ္ထုလေးတစ်ပုဒ် ပြောပြချင်တယ်။
ဒီလိုပါ။
------
တစ်နေ့သောအခါကာလ ရဟန်းတစ်ပါးဆွမ်းခံကြွပြီး ပြန်လာတဲ့အခါမှာ သကာရည်တွေနဲ့ ပြည့်ဖောင်းနေပြီး ထောပတ် ရနံသင်းပျံနေတဲ့ မုန့်ဆီကြော်တစ်ခု ပါလာပါသတဲ့။
မုန့်ရှင် ရဟန်းဟာ သပိတ်ကို ဆွမ်းစားကျောင်းမှာ ထားခဲ့ပြီး
လက်စမသတ်ရသေးတဲ့ ဝေယျာဝစ္စအလုပ်ရှိတဲ့အတွက် အလုပ်ဆီသို့သွားပါတယ်။
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ
အဂ္ဂသာဝကရဟန်းတစ်ပါးပင် ဖြစ်စေကာမူ ရေခပ်ခြင်း,တံမြက်လှည်းခြင်း, ဝစ္စကုဋီသန့်ရှင်းရေး လုပ်ငန်းများကို ကိုယ်တိုင်လုပ်ဆောင်တက်တဲ့အတွက် ထိုနေ့က ဆွမ်းမခံလိုက်ရဘဲ ကျောင်းဝေယျာဝစ္စအလုပ်များကို လုပ်ရင်း ဝမ်းဟာလာပါသတဲ့။
အဲဒီအခါ အစာအဟာရကိုတောင့်တလို့နေဆဲမှာ စားချင်စဖွယ်မုန့်ဆီကြော်ကို သပိတ်အဖုံးပေါ်မှာ အရန်သင့်တွေ့တော့ သပိတ်ကိုကြည့်လိုက်တဲ့အခါ
ကိုယ်နဲ့အကျွမ်းတဝင် ခင်မင်ရင်းနှီးရတဲ့ ရဟန်းရဲ့သပိတ်ဖြစ်ကြောင်း သိလိုက်ပါတယ်။
ထို မုန့်ပိုင်ရှင် ရဟန်းနဲ့ အရှင် သာရိပုတ္တရာကိုယ်တော်မြတ်ကြီးဟာ
တစ်ပါးနဲ့တစ်ပါးခွဲဝေမျှတ စားသောက်နေကြလည်း ဖြစ်ပါတယ်။
ဒီလိုနဲ့ မိမိစာလောင်မွတ်သိပ်နေသည့် အခိုက်
ဒီမုန့်ကိုယူစားသော်လည်း မိမိပေါ်ကြည်ဖြူမှာပါလေလို့ သဘောပိုက်ကာ မုန့်တစ်ခုလုံးကို စားလိုက်မိပါတော့တယ်။
အဲဒီနောက် အရှင်အာနန္ဒာကိုယ်တော်မြတ်ကြီးနဲ့
အခြားသောရဟန်းတွေဟာ ဝေယျာဝစ္စပြီးလို့ ဆွမ်းစားကျောင်းပေါ်ကို တက်လာကြတယ်။
သပိတ်ကိုယ်စီနဲ့ မိမိနေရာ မိမိအသီးသီးထိုင်ပြီး ဆွမ်းခံမကြွဖြစ်လိုက်တဲ့ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ သပိတ်ထဲကို ဆွမ်းခံလို့ရလာခဲ့တဲ့ ကောင်းနိုးရာရာ ဆွမ်းနှင့် ဟင်းလျာတို့ကို တစ်ပါးပြီး တစ်ပါး ထည့်ပေးကြပါတယ်။
ဒီအခိုက် ``ငါ့မုန့်ကို ဘယ်သူယူစားသလဲ´´ဆိုတဲ့ အသံမာမာ မြည်ဟိန်းတဲ့အသံထွက်လာပါတယ်။
အဲဒီအခါ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက
``ငါ့ရှင် … ငါဆာဆာနှင့် စားလိုက်မိတယ်။
ငါ့ရှင်ပစ္စည်းကို အကျွမ်းဝင်ခြင်းကြောင့်
ငါ ယူစားလိုက်မိပါတယ်´´လို့ ညင်သာသော အသံတော်နဲ့ ဝန်ခံလိုက်တယ်။
စားကောင်းသောက်ဖွယ် လာဘ်လာဘထူးတွေ ရလာရင်
အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို
သူ့ထက်ငါ အပြိုင်လှူနေကျတဲ့ ရဟန်းပရိတ်သတ်တွေဟာ
ထိုရဟန်းရဲ့ အပြုအမှုကြောင့် အထူးတဆန်းလည်း ဖြစ်နေကြပါတယ်။
ထိုမုန့်ပိုင်ရှင် ရဟန်းက
``သြော် စားရတဲ့ပုဂ္ဂိုလ်က တယ်လွယ်လွန်းလှပါတကား။
စားကောင်းသောက်ဖွယ်မှန်လျှင် မကြိုက်သူရှိပါ့မလား´´လို့ ဆိုလိုက်ပါသတဲ့။
ထိုစကားကြောင့် ဆွမ်းစားကျောင်းတစ်ခုလုံး တိတ်ဆိတ်လို့ သွားပါတော့တယ်။
အရှင် အာနန္ဒာနှင့်အတူ အခြားသော
ရဟန်းတွေဟာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး အတွက် စိတ်မကောင်းခြင်း ပြောရက်လေသော ရဟန်းအား မကျေနပ်ခြင်း, ပြောမိသူရဟန်းရဲ့
နောင်တကြီးစွာ ပူပန်ခြင်းစသော ခံစားချက်တွေနဲ့ ပတ်ဝန်းကျင်ရဟန်းများရဲ့ စိတ်နှလုံး တုန်လှုပ်နေဆဲမှာ …
အရှင်မြတ်ကြီးကတော့ တည်ငြိမ်တဲ့ ဣန္ဒြေနဲ့ မိမိသပိတ်ထဲက ဆွမ်းများကိုသာ အေးဆေးသက်သာ ဘုဉ်းပေးလို့နေပါတယ်။
သို့သော် ထိုနေ့မှစပြီးတော့ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးဟာ
မုန့်စားခြင်းဆိုတဲ့ အမှုကို ရာသက်ပန်ပြုတော် မမူတော့ပါဘူးတဲ့။
အော် … သံဝေဂတရားကြီးမားလိုက်ပေစွ။
တစ်ခါတစ်လေမှာ ရင်းနှီးကျွမ်းဝင်လို့ ပြုလိုက်သောအမှု ,
ပြောလိုက်သောစကားတစ်ခွန်းကြောင့် အရှင်သာရိပုတ္တရာလို ကိုယ်တော်မြတ်ကြီးတောင် အစော်ကားခံရတယ်ဆိုတာ
သတိသံဝေဂ တရားရစေချင်တာရယ်ပါ။
(ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း{ပထမတွဲ}
ဓမ္မဒါန
Credit ---
ပါရမီဓမ္မစာမျက်နှာ မှတဆင့်
🆙TT
