ar
Feedback
ဓမ္မနဒီ

ဓမ္မနဒီ

الذهاب إلى القناة على Telegram

တရားအလှုသည် ဒါနအားလုံးတွင် အမြတ်ဆုံးဖြစ်သည်။

إظهار المزيد
238
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
-130 أيام
أرشيف المشاركات
မာနကြောင့်တရားထူးမရသူ 🌺🌺🌺🌺🌺🌺🌺🌺🌺🌺 ဂေါတမမြတ်စွာဘုရားရှင်တော် လက်ထက်တော် အခါကပေါ့ … အနာတပိဏ်သူဌေးကြီးအိမ်မှာ အမျိုးညံ ကျွန်ပေါင်း များစွာတွေထဲက ကျွန်အချင်းချင်း ပေါင်းဖက်လို့မွေးတဲ့ သပေါက် ၉၉ - ယောက်ရှိပြီးနေပါပြီ … ဒီလိုနဲ့ အမေနဲ့ အဖေ လက်ဆက်ပြီး ကျွန်မကိုမွေးတော့ ကျွန်မက ၁၀၀ - မြောက် သပေါက် မလေးပေါ့။ ၁၀၀ - ပြည့်သွားလို့ဆိုပြီး အားလုံးက ကျွန်မနာမည်ကို ပုဏ္ဏိကာ လို့ပေးခဲ့ပါတယ်။ပုဏ္ဏိကာ ဆိုတဲ့အဓိပါယ်က ပြည့်စုံခြင်းဖြစ်ပါတယ်ရှင်။ ပြည့်စုံခြင်းဆိုလို့ အထင်မကြီးလိုက်ကြပါနဲ့ ကျွန်မဘဝမှာ ပြည့်စုံတာက ဆင်းရဲခြင်း နိမ့်ကျခြင်း ယုတ်နိမ့်ခြင်းတွေအလုံးစုံ အကြွင်းမဲ့ ပြည့်စုံနေတာပါ။ သခင်နဲ့ကျွန်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ကျမက ကျွန်မ ဆိုတော့ကျွန်နေရာမှာ ကျွန်လိုနေရပါတယ်။ အနာထပိဏ်သူဌေးကြီးအိမ်ကိုဂေါတမဘုရားရှင် ကြွလာပြီးတရား ဟောရင်တောင်မှ ပုန်းကွယ်ပြီး တရားနာရတဲ့ ကျွန်မ ဆိုးလိုက်တဲ့ကျွန်ဘဝပါ။ ပုဏ္ဏာကာရီ အတိတ်ဘဝ ******* ပုဏ္ဏာကာရီ! ဘာကြောင့်နိမ့်ကျသော အမျိုးမှာ ကျွန်မ ဖြစ်ရပါသလဲ? ရှေးဘုရားခြောက်ဆူလက်ထက်မှာ ပုဏ္ဏာကာရီဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ တိပိဋကဓရ ဘိက္ခုနီမ ဖြစ်ခဲ့ပါတယ်။ သူမဟာ ဗဟုသုတ ပြည့်စုံသူတရားဟောကောင်းသူ သီလ သမာဓိ ပညာ သိက္ခာ သုံးပါး ဖြည့်ကျင့်သူဖြစ်ပြီး ဝိပဿနာ အလုပ်ကို ကြိုးစားအားထုတ်ခဲ့သူဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အရာရာငါသိတယ် ငါတတ်တယ် ငါ့အမျိုးမြတ်တယ်မြင့်တယ်ဆိုတဲ့ မာနလေးတော့ရှိခဲ့တာပေါ့။ မာနကြီးနေတဲ့အတွက် ကိလေသာကို အပြီးသတ် ပယ်သတ်ဖို့ မစွမ်းနိုင်ရှာတော့တရားထူး တရားမြတ်မရခဲ့ပါဘူး။ သက်တော်ထင်ရှား ဘုရားခြောက်ဆူနဲ့ ခြောက်ကြိမ်တိုင်တိုင် ဆုံရတာတောင် မာနခံနေလို့ တရားမရခဲ့တာပါ။ မာနတွေ မာနတွေနော်သတိထားကြ မာနကြီးတဲ့သူတွေ နောင်ဘဝဘာဖြစ်မလဲ!ဆက်ဖတ်ကြပါ။ ၁။တရားထူး မရပါ။ ၂။အပါယ်ငရဲ ကျမည်။ ၃။အမျိုးယုတ်ညံ့မည်။ မြင့်သူတွေရဲ့ကြားမှာ နိမ့်အောင်နေလို့ ကိုယ့်ဘဝနိမ့်သွားလိမ့်မယ် မထင်ပါနဲ့ ။ မြင့်သူတွေကြားမှာ နိမ့်အောင်နေလိုက်မှ ကိုယ့်ဘဝ မြင့်နိုင်တာပါ။ မာနတွေ ကြီးပြီးတော့ ဘဝင်မြင့်နေတဲ့ သူတွေ ကြားမှာ မာနကို နှိမ့်ချပြီးတော့ ဘဝင်နိမ့်မယ် ဆိုရင် အဆင့်အတန်းမြင့် တဲ့ဘဝကို ဧကန်ရောက်နိုင်ပါတယ်ရှင်။ မာနရဲ့အကျိုးဆက်က အပါယ်လေးပါးကိုရောက်မယ် အပါယ်လေးပါးက လွတ်ပြီး လူပြန်ဖြစ်ပြီ ဆိုရင်လဲ အမျိုးညံ့မှာ ဖြစ်မယ်။ ငါအမျိုးမြတ်တယ် မြင့်တယ်ဆိုပြီးလက်မထောင်ပြီး ဘဝင်မြင့်လိုက်တဲ့ အကျိုးကတော့ ကိုယ်မလိုချင်တဲ့ ကိုယ်နိမ့်ချပြောထားတဲ့ အမျိုးညံ့ အမျိုးယုတ်မှာ သွားပြီးတော့နေရတတ်ပါတယ်။ မြင့်တဲ့အတွက် နိမ့်သွားတာပါ။ဘဝင်မြင့်တဲ့အတွက် ဘဝနိမ့်သွားတာပါ။ ဘုရားခြောက်ဆူလုံး လက်ထက်မှာပရိယတ် ပဋိပတ် ပြည့်စုံပေမယ့် မာန ကြောင့် တရားမရခဲ့ပေမဲ့ ဂေါတမ ဘုရားရှင်လက်ထက်မှ ကျွန်မဘဝကနေ ဘိက္ခုနီမ ဝတ်ပြီးတော့ ရဟန္တာဖြစ်ရပါတယ်ရှင်။ မျိုးရိုးမြင့်မား အသိပညာအတတ်ပညာပြည့်စုံပါလည်း မာနတရားရင်ဝယ်ထားသူ၏လားရာ နမူနာလေးအား ဖတ်ရှုမိ၍ မာနခဝါချ တရားထူးများရနိုင်အောင် ကြိုးစားကြပါစို့။ အကျယ်သိလိုသူများ ပုဏ္ဏာကာရီ ဝထ္ထုကိုရှာဖတ်နိုင်ပါတယ်။ #မူရင်းရေးသူအားလေးစားစွာCrdပေးပါသည် #ပြည့်စုံ(တောင်ငူ)Original Uploader #Photo by Putet Comic Page #Edit photo (Pyae Sone-Taungoo) 🆙TT

photo content

အာနာပါနအားထုတ်သော ယောဂီ၏ရှောင်ရန် ========================== အထာနေန တံ နမိတ္တံ နေ၀ ၀ဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏဏတော ပစစြဝကခြေိတိတဗဗြဗြံ။ (ဝိသုဒဓြိ၊၁၊၂၇၈။) အာနာပါနကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏။ ၁။ ပရိကမ္မနိမိတ် - ပကတိသော ၀င်သက်လေ ထွက်သက်လေသည်လည်း ပရိကမ္မနိမိတ် မည်၏။ အာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း အစဉ်အတိုင်း ကျင့်သဖြင့် သမာဓိအားကောင်းလာသောအခါ ဘာ၀နာ၏ စွမ်းဟုန်ကြောင့် ဖြစ် ပေါ်လာသော မီးခိုးရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော အာနာပါနနိမိတ် သည်လည်း ပရိကမ္မနိမိတ် မည်၏။ ၂။ ဥဂ္ဂဟနိမိတ် - ဘာ၀နာစွမ်းဟုန်ကြောင့် ဖြစ်ပေါ်လာသော ဝါဂွမ်း စိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူဖွေးနေသော အာနာပါနနိမိတ်သည် ဥဂ္ဂဟ- နိမိတ် မည်၏။ (ယေဘုယျဟု မှတ်ပါ။ အခြားအရောင်များလည်း ပေါ်နိုင်သောကြောင့် ဖြစ်သည်။) ၃။ ပဋိဘိဘိဘာဂနိမိမိမိတိတိတ် - ဘာ၀နာစွမ်းဟုန်ကြောင့်ပင် ဖြစ်ပေါ်လာသော သောက်ရှူးကြယ်ကဲ့သို့ အလွန်ကြည်လင် တောက်ပနေသော အာနာပါနနိမိတ်သည် ပဋိဘာဂနိမိတ် မည်၏။ (ဤ၌လည်း ယေဘုယျဟု မှတ်ပါ။) ၁။ ယောဂါ၀စရပုဂ္ဂိုလ်သည် အာနာပါနကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ မီးခိုး ရောင်ကဲ့သို့ ညစ်ထပ်ထပ်ရှိသော ပရိကမ္မနိမိတ်၊ ဖြူဆွတ်နေသော ဥဂ္ဂဟနိမိတ်၊ ကြည်လင်တောက်ပနေသော ပဋိဘာဂနိမိတ်တို့ ဖြစ်ပေါ် လာသောအခါ ယင်းနိမိတ်ကို အရောင်အားဖြင့် နှလုံးမသွင်းပါနှင့် = ယင်းနိမိတ်တို့၏ အရောင်ကို နှလုံးမသွင်းပါနှင့်။ နှလုံးသွင်းခဲ့သော် အရောင်ကသိုဏ်းဘက်သို့ ကူးသွားမည်။ သို့သော် တကယ့်အရောင်ကသိုဏ်း လည်း မဖြစ်နိုင်။ အရောင်ကသိုဏ်း ပြုလုပ်နိုင်သော အာရုံ နိမိတ်တို့တွင် ယင်း အာနာပါနနိမိတ် မပါ၀င်သောကြောင့် ဖြစ်၏။ ဆိုလိုရင်းမှာ အရောင်လည်းနှလုံးမသွင်းရ။ အဖြူရောင်ဘဲ အဝါရောင်စသည် နှလုံးမသွင်းရ ။ ပုံသဏ္ဍာန်လည်း နှလုံးမသွင်းရ လေးထောင့်ဘဲ အဝိုင်းဘဲ မကစားက ဖန်တည်းမယူရ ။ (နိမိတ်ပေါ်လာသော ယောဂီသာဆိုလိုပါသည် ၊နိမိတ်မပေါ်သေးလျှင်တော့ လေကိုသတိကပ်၍ ငြိမ်းအောင်ရှုနေပါ ။မကြာခင်ရရှိလာပါလိမ့်မည်။) "ဖားအောက်တောရဆရာတော်" 🆙TT

photo content

"ညာတပရိညာ စူဠသောတာပန်" 🌻🌻🌻🌻🌻🌻🌻🌻🌻🌻 အိုနာသေရေး ဒုက်ခဘေးမှ လွတ်ကင်းရာအမှန် စံနိဗ်ဗာန်သို့ ရောက်ဖို့ရန် အဆင့် ၄ ဆင့် ကြိုးစားရပေသည်။ နိဗ်ဗာန်ကို ၄ ခါ မြင်ပြီးမှ နောက်ဆုံးစံနိဗ်ဗာန်ကို အပြီးဝင်စံနိုင်ပေသည်။ အဆင့် ၄ ဆင့်မှာလည်း ပထမ မဟာသောတာပန် ဖြစ်အောင် အရင်ကြိုးစားရ၏။ ပထမအဆင့် မဟာသောတာပန်ဖြစ်ရန် ပရိညာ ၃ ပါးဖြင့် ကြိုးစားရ၏။ ညာတပရိညာ ၊ တိရဏပရိညာ ၊ ပဟာနပရိညာတို့ ပေတည်း ။ ဤပရိညာ ၃ ပါးအနက် ပထမ ညာတပရိညာအကြောင်းကို စာရေးသူ​ ရေးသားတင်ပြလိုပါသည်။ ညာတပရိညာဟူသည် ဝိပဿနာတရား အားမထုတ်မှီ ရှေ့၌သိသင့်သောတရားကို ပိုင်းခြားသိခြင်းဟု ဆိုလိုပေသည်။ ထိုသို့ သိရာတွင် စာဖတ်၍ဖြစ်စေ တရားနာ၍ဖြစ်စေ သိသောအသိနှင့် လက်တွေ့ကျင့်သုံး၍ သိသောအသိဟု ၂ မျိုးကွဲပေသေးသည်။ တချို့ယောဂီများက စာသိ နာသိ သိရုံဖြင့် ညာတပရိညာအသိ လုံလောက်ပြီဟု မှတ်ထင်တတ်ကြ၏။ မိမိကိုယ်ကို စူဠသောတာပန်ဟု ထင်မိတတ်ကြ၏။ လက်တွေ့ကျင့်သိနှင့် ပြည့်စုံလျှင်လည်း စူဠသောတာပန်အဆင့်က ရောက်နေပြီးဖြစ်သည်။ ညာတပရိညာ စူဠသောတာပန်အစစ်ဖြစ်ဖို့ အဘယ်ကဲ့သို့ ကြိုးစားရမည်နည်းဆိုသော် ပထမအဆင့် ညာတပရိညာနှင့် ပတ်သက်သည့်တရားများကို ဖတ်ရှုလေ့လာ နာကြား လုပ်သင့်ပါသည်။ ဒုတိယအဆင့် လက်တွေ့ကျင့်ရပါမည်။ တရားမကျင့်မီ ပုဗ်ဗကိစ်စများဆောင်ရွက်၍ သီလဝိသုဒ္ဓိဖြစ်အောင် သီလခံယူရပါမည်။ စိတ်တဝိသုဒ္ဓိ ဖြစ်အောင် မိမိနှစ်သက်ရာ သမထကမ္မဋ္ဌာန်းတစ်ခုခုဖြင့် သမာဓိထူထောင်ရပါမည်။ " သမာဓိတော ဘိက်ခဝေ ယထာ ဘူတံ ပဇာနာတိ" ချစ်သားရဟန်းတို့ သမာဓိရှိသောသူသည် ရုပ်နာမ်တို့၏သဘောကို ဟုတ်တိုင်းမှန်စွာသိနိုင်၏ဟု ဘုရားရှင်ဟောသောကြောင့် သမာဓိကိုထူထောင်ရခြင်းဖြစ်ပါသည်။ သမာဓိရပြီဆိုပါက ရုပ်နာမ်ကို ဖြစ်ပျက် အနိစ်စ စသည် တန်းမရှုရသေးပါ။ ရှုလျှင် ကုသိုလ်ရသော်လည်း အားနည်းသောဝိပဿနာဖြစ်၍ နိဗ်ဗာန်မရနိုင်ပါ။ ဒိဋ္ဌိနှင့် ဝိစိကိစ်ဆာကို ကျင့်သိဖြင့် ပိုင်းခြားသိရပါအုံးမည်။ တစ်နည်းဆိုရသော် ဒိဋ္ဌိဝိသုဒ္ဓိနှင့် ကင်ခါဝိတရဏဝိသုဒ္ဓိ ၂ ခုကို ကျော်လွှားရပါဦးမည်။ ပညတ် ပရမတ် ရုပ်နာမ်ကို စာသိဖြင့်မဟုတ်ပဲ လက်တွေ့ရှုညာဏ်ဖြင့် ကွဲပြားစွာ အရင်သိရပါဦးမည်။ ထို့နောက် ထိုရုပ်နာမ်တို့၏ အကြောင်း အကျိုး ဆက်စပ်ပုံကို သိရပါမည်။ ထိုသို့ သိပြီးမှ ဒွါရ ၆ ပေါက်၌ ပေါ်လာသော ရုပ်နာမ်အပေါ် လက်ခဏာတင်၍ အနိစ်စ ဖြစ် ပျက် မြင်အောင်ရှုရမည် ဖြစ်ပါသည်။ ဤအဆင့်ကို လက်တွေ့ရှုမှတ်မှုဖြင့် ရောက်မှသာ ညာတပရိညာအသိနှင့်ပြည့်စုံ၍ စူဠသောတာပန်အစစ်အဆင့် ရောက်သူဟု ခေါ် နိုင်ပါသည်။ ထိုမှတဆင့် ဆက်ကြိုးစားလျှင် မဟာသောတာပန် သကဒါဂါမ် အနာဂါမ် ရဟန်တာအထိ ဖြစ်ကာ နောက်ဆုံး ပရိနိဗ်ဗာန်စံနိုင်သည်အထိ ဖြစ်နိုင်ပါသတည်း။ ဦးညာဏဓဇ တောင်တွင်းကြီးမြို့ မကွေး တိုင်း 🆙TT

photo content

အဲဒီလိုဘဲ ခန္ဓာကိုယ်မှာ ဖြစ်သမျှ တခြားဘယ်လိုအာရုံမျိုးကိုဘဲဖြစ်ဖြစ် သတိလေးနှင့် သေသေချာချာကပ်ပြီးတော့ ကြည့်တဲ့အခါမှာ အမြဲတမ်းဘဲ သူ့သဘောနှင့် သူဟာသူ ဖြစ်နေတယ်ဆိုတာ ကြာလေ ပိုထင်ရှားလေ၊ ကြာလေ ပိုထင်ရှားလေ ဖြစ်လာတယ်။ သတိကောင်းတဲ့သူဟာ ဒီအာရုံကို သိနေတဲ့စိတ်ကိုလည်း သူသိနေတယ်။ လှုပ်နေတာကို သိတယ်။ အဲဒီလှုပ်နေတာကို သိတဲ့စိတ်ကိုလည်း သိတယ်။ အလေ့အကျင့်များလာရင် ဒီလိုဘဲ သိလာတာဘဲ။ ပထမတော့ အာရုံကိုဘဲသိတယ်။ စိတ်ကိုမသိဘူး။ နောက် အင်မတန် သတိသမာဓိကောင်းလို့ အလေ့အကျင့်များလာတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အာရုံကိုလည်း သိတယ်။ အဲဒီအာရုံကို သိတဲ့စိတ်ကိုလည်း သိတယ်။ ဒီလိုနဲ့ဘဲ ဆက်ပြီးတော့ ကြည့်သွားလို့ရှိရင် ဒီသိတဲ့စိတ်ကလည်းဘဲ သူသိတဲ့သဘောလေးသက်သက်ပဲ ဆိုတာကို မြင်တယ်။ သူလည်းဘဲ အမြဲတမ်းမရှိဘူး။ ရှိချင်တဲ့အခါရှိတယ် နော်။ တခါတလေ သတိမေ့တဲ့အခါမှာ၊ မောဟအားကြီးနေတဲ့အခါမှာ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့အာရုံကို မသိဘူး။ အဲဒီတော့ သိတဲ့စိတ်ကို ပြန်ကြည့်တဲ့အခါမှာလည်းဘဲ ငါသိတယ်ဆိုတဲ့ အထင်ဟာ မပါလာတော့ဘူး။ သိတဲ့သဘောလေးကဘဲ သိတယ်ဆိုတာလေးကို ကိုယ့်ဉာဏ်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတယ်။ သိနေရတဲ့ ရုပ်ကိုလည်းဘဲ ငါပူတယ်၊ ငါလှုပ်တယ်၊ ငါညောင်းတယ်၊ ငါနာတယ်လို့ ဒီလိုမထင်တော့ဘူးနော်။ ပူတဲ့သဘောလေးက သူ့ဖာသာသူ ပူတာဘဲ။ သိတဲ့သဘောလေးကလည်း သူ့ဖာသာသူ သိတာဘဲ။ ရိုးရိုးလေးဘဲ။ လှုပ်တဲ့သဘောကလည်း သူ့ဟာသူ လှုပ်တဲ့ သဘောလေးရှိတယ်။ သိတာကလည်း သူ့ဟာသူ သိတာဘဲ။ အဲဒီတော့ ဘယ်အရာကိုကြည့်ကြည့် သဘာ၀အဖြစ်နဲ့ဘဲမြင်တယ်။ ပုဂ္ဂိုလ်သတ္တဝါအဖြစ်နှင့် မမြင်တော့ဘူး။ အဲဒီဉာဏ်ဆိုတာ နဲနဲနောနောဉာဏ်မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ပိုင်းခြားပြီးတော့ သိတဲ့ဉာဏ်ဖြစ်သွားပြီ။ လောကီကိစ္စတွေမှာ၊ Philosophy တွေ ဘာတွေ ဘယ်လောက်ပဲ နက်နက်နဲနဲ ကြီးကျယ်တာတွေ လေ့လာဖတ်ရှုနေအုံးတော့၊ ဒီလောက်နက်နဲတဲ့ ဉာဏ်မျိုးကို ရဖို့ရန်မလွယ်ဘူး။ အတွေးလေးနှင့်ဘဲ သိရတာကိုး။ အထင်နှင့်ဘဲ သိရတာကိုး။ အခုဟာက အတွေးမပါဘူး။ အထင်မဟုတ်ဘူး။ တကယ်ဖြစ်နေတာကို တိုက်ရိုက်ကြည့်ပြီး သိရတာမို့လို့ အင်မတန် နက်နဲကြီးကျယ်တဲ့ဉာဏ်ဖြစ်တယ်။ အဲဒီဉာဏ်မျိုးကို ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင်၊ အထင်မှားမှုတွေဟာ အများကြီး ပျောက်ကုန်တယ်။ သူ့ရဲ့ Personality ပါ တခါတည်း ပြောင်းလဲသွားနိုင်တယ်။ အသိဉာဏ်ပါ ပြောင်းလဲသွားနိုင်တယ်။ အတွေးအခေါ်နဲ့ ရတဲ့ အသိဉာဏ်ဟာ Personality အပြောင်းအလဲကို တကယ်မဖြစ်စေနိုင်ဘူး။ ဒီလိုတိုက်ရိုက်ကြည့်ပြီးတော့ သိလာတဲ့ အသိဉာဏ်ဟာ Personality ကိုအများကြီး ပြောင်းလဲသွားစေတယ်။ သူတို့အနောက်နိုင်ငံကပြောတဲ့ Personality ဆိုတဲ့ စကားလုံးကို ယူပြီးတော့ သုံးလိုက်ရတာပါ။ လူ့ရဲ့ စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ။ ပြောင်းလဲတာမှ တကယ်ကို သိသိသာသာကြီးကို ပြောင်းလဲသွားတာဘဲ။ ပြောင်းပြန်ပြန်မလာနိုင်လောက်အောင် ပြောင်းလဲသွားနိုင်တယ်။ ထိထိရောက်ရောက် ကြိုးစားလို့ရှိရင်။ အဲဒီတော့ တရားအားထုတ်တာတွေမှာ နည်းအမျိုးမျိုးနှင့် အားထုတ်တာတွေ ရှိပေမယ့် ဒီပစ္စုပ္ပန်မှာဖြစ်နေတဲ့၊ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ သဘာ၀တရားကို အတွေးမပါ၊ ပုံသဏ္ဍာန်မှန်းဆမှုမပါဘဲနှင့် တိုက်ရိုက်သိတဲ့ ဒီတရားအားထုတ်တဲ့နည်းဟာ အရိုးဆုံး၊ သဘာ၀အကျဆုံး၊ အထိရောက်ဆုံးဖြစ်တယ်။ အကောင်းဆုံးဘဲ။ Simple ဖြစ်တယ်။ Natural ဖြစ်တယ်။ Effective ဖြစ်တယ်။ ပြီးတော့ Simple ဖြစ်မှကောင်းတယ်။ သိပ်ပြီးတော့ Complicated ဖြစ်လာရင်၊ ရှုပ်ထွေးကုန်တာမို့လို့ လုပ်ရတာ အဆင်မပြေတော့ဘူး။ ပင်ပန်းတယ်။ ရေရှည်မလုပ်နိုင်ဘူး။ တမင်တကာလုပ်ယူရတာမဟုတ်တဲ့ ရိုးရိုးလေးဖြစ်နေတဲ့၊ သဘာ၀တရားကို ရိုးရိုးလေးဘဲ သတိလေးနှင့်ကပ်ပြီးတော့ ကြည့်ပြီးတော့ သိနေဖို့ဘဲလိုတာဘဲ။ (ဆရာတော် ဦးဇောတိက) 🆙TT

အရိုးဆုံး တရားအားထုတ်နည်း ==================== အခုဒီမှာ ထိုင်နေတယ်နော်...။ ကိုယ့်လက်နှင့် လက်နှစ်ခုထိနေတယ်။ ဟိုဒကာကြီးဆိုလည်း လက်နှင့်လက်ထိထားတယ်။ ဟိုဒကာကြီးကလည်း လက်နှင့်လက်ထိထားတယ်နော်။ အဲဒီထိထားတဲ့နေရာကို စိတ်နှင့် အာရုံပြုကြည့်စမ်းပါ။ ဘာကိုသိရသလဲ? ဘယ်လိုအာရုံမျိုး၊ ဘယ်လို sensation မျိုး၊ ဘယ်လို feeling မျိုးရှိလဲ? (........) အင်း...။ ဟုတ်တယ်။ နွေးနေတယ်နော်။ အဲဒါ နွေးနေတာ sensation တစ်ခုဘဲ။ ဒီမှာ သေချာကပ်ပြီး ကြည့်လိုက်ပါအုံး။ သူ့မှာ လှုပ်နေတာတစ်ခုခုရှိနိုင်သလား? ရှိသလား? ရှိတယ်နော်။ သတိသေသေချာချာထားကြည့်လို့ရှိရင် Pulse က အဲဒီမှာ ကြည့်လို့ရတယ်။ တော်တော်တော့ သိမ်မွေ့တယ်နော်။ ဒါပေမယ့် သိတယ်။ ဒီမှာ Pulse ရှိတယ်။ ပြီးတော့ တုန်နေတယ်။ Vibration ရှိတယ်။ Vibration မှန်းသိလို့ရတယ်။ သူက ပိုတောင် သိမ်မွေ့သေးတယ်။ အဲဒီလို ပိုပြီးတော့ သိမ်မွေ့တာကို သိလေလေ၊ သတိပိုကောင်းလေလေ၊ သမာဓိပိုကောင်းလေလေဘဲ။ ပထမတော့ အကြမ်းစားကို သိရတာဘဲ။ အကြမ်းစားကို သိနိုင်တဲ့သမာဓိနှင့် သိမ်မွေ့တာကို သိနိုင်တဲ့သမာဓိဆိုရင် သိမ်မွေ့တာကို သိနိုင်တဲ့ သမာဓိကပိုကောင်းတယ်။ အကြမ်းစာကိုသိတဲ့ သတိနှင့် သိမ်မွေ့တာကို သိတဲ့ သတိနှင့်ဆိုရင် သိမ်မွေ့တာကို သိတဲ့ သတိက ပိုပြီးအားကောင်းတယ်။ အဲဒီတော့ သိမ်မွေ့တဲ့ အာရုံကို ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပိုပြီးတော့ အလေးထားပြီးတော့ စိတ်ကလေးနှင့် သေသေချာချာကပ်ပြီးတော့ သိနေဖို့လိုတာ။ ဘာမှ မခက်ဘူး။ ဒီလိုသိနေလို့ရှိရင် လုံး၀အတွေးအတော မရှိတော့တဲ့အခါမှာ ဒီသိရတဲ့အာရုံကို ငါလို့မထင်တော့ဘူး။ ပထမတော့ ငါ့လက်က ပူနေတာလို့ ဒီလိုထင်တာကိုး။ ငါ့...လက်...ပူ.... သုံးခုကတွဲထားတယ်။ နောက် သတိအင်မတန်ကောင်းလာတဲ့အခါမှာ၊ လုံး၀အတွေးအတောမရှိတဲ့အခါမှာ၊ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ငါလည်း မဟုတ်တော့ဘူး၊ လက်လည်း မဟုတ်တော့ဘူး။ ပူတာဘဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာ၀ sensation လေးတစ်ခုကိုဘဲ သိနေရတော့တာဘဲ။ အဲဒီလို ငါလည်း မဟုတ်၊ လက်လည်းမဟုတ်ပဲနှင့် ပူတာကိုသိတဲ့အချိန်မှာ သူဟာ ပရမတ္ထကို သိတာဘဲ။ ပညတ်မပါတော့ဘူး။ ငါပူတာမဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာဘဲ။ သူ့ဟာသူဘဲ။ အဲဒီလိုသိရင်ကိုဘဲ ရုပ်ကို ရုပ်လို့ သိလိုက်တာဘဲ။ ရုပ်ကို ငါလို့မထင်တော့ဘူး။ ရုပ်ပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။ ဒါဟာ ပြောပြတော့ ရိုးရိုးလေးနှင့် လွယ်လွယ်လေးနော်။ အာရုံက ရိုးရိုးလေးနော်။ ဘာမှ မဟုတ်ဘူး။ ပူတဲ့အာရုံလေး။ သို့မဟုတ်ရင် လှုပ်နေတဲ့အာရုံလေး။ ဒီဟာလေးအပေါ်မှာ စိတ်ကလေးကို တည့်တည့်လေးထားပြီးတော့ သိသိ၊ သိသိနေတဲ့အခါမှာ လုံး၀အတွေးလည်း ကင်းသွားပြီ။ ပညတ်လည်း စိတ်ထဲမှာ မထင်တော့ဘူး။ သူ့ကို နာမည်လည်း မတပ်တော့ဘူး။ လက်ရဲ့ ပုံသဏ္ဍာန်ကြီးကိုလည်းဘဲ စိတ်ထဲက အာရုံမပြုတော့ဘူးဆိုရင် တည့်တည့်သိတဲ့အချိန်မှာ ငါလည်း မရှိဘူး၊ လက်လည်း မရှိဘူး။ ပူတာဘဲရှိတော့တယ်။ ငါမရှိဘူး၊ လက်မရှိဘူး။ လှုပ်တာဘဲ ရှိတော့တယ်။ အဲဒီတော့ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ပညတ်မပါပဲနှင့် ပရမတ်ကို တကယ်တည့်တည့်သိတဲ့အချိန်မှာ အဲဒီလိုဘဲ အမှန်ကို သိတာဘဲ။ သိပ်ခဲခဲယဉ်းယဉ်းကြီးလည်း မဟုတ်ဘူးနော်။ အဲဒီတော့ အာရုံက အင်မတန်ရိုးတယ်။ သိပုံလေးကလည်း အင်မတန်ရိုးတယ်။ ဆန်းဆန်းကြယ်ကြယ်မဟုတ်ဘူးနော်။ ဒါပေမယ့် အဲဒီလိုသိလို့ ဖြစ်ပေါ်လာတဲ့ အသိဉာဏ်ကတော့ အင်မတန်နက်နဲတယ်။ ဒီလို အနတ္တဆိုတဲ့ သဘာ၀ကို ပြောရတာ ကြားရလို့၊ စာအုပ်ထဲမှာ ဖတ်ရလို့သိပုံနှင့် အခုလို တကယ်ဖြစ်နေတာလေးကို အတွေးမပါပဲနှင့် တည့်တည့်သိတဲ့အခါမှာ သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ အင်မတန် အားရကျေနပ်မှုဖြစ်လာတယ်။ တခါတလေ အင်မတန်ထူးဆန်းတယ်လို့တောင်ထင်တယ်။ ဟာ....ဘယ်လိုဖြစ်သွားတုန်းလို့။ ဒီလိုထင်သွားတယ်နော်။ အမြဲတမ်း ငါ....ငါ.....ငါ....ဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။ သိတဲ့စိတ်ကလေးရှိတယ်။ သိနေရတဲ့ ပူတဲ့အာရုံ၊ သို့မဟုတ် လှုပ်တဲ့အာရုံလေးဘဲရှိတယ်။ ကျန်တာဘာမှ မရှိတော့ဘူး။ အဲဒီလို feeling အင်မတန်ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့အသိဉာဏ်ဟာ အင်မတန်နက်နဲတယ်။ ရိုးတဲ့အာရုံ၊ သိတာလည်းဘဲ ရိုးရိုးလေးသိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့အသိဉာဏ်က အင်မတန်ကြီးကျယ်တယ်။ အင်မတန်နက်နဲတယ်။ ဒါကြောင့် တရားအားထုတ်လို့ ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟာ ဆန်းဆန်းပြားပြား မဟုတ်တော့ဘူး။ ဘာမှ Philosophically Analyse လုပ်နေစရာမလိုဘူး။ တွေးစရာ၊ ကြံစရာ ဘာမှ မရှိဘူး။ တိုက်ရိုက်သိတဲ့ ဉာဏ်လေး ဖြစ်လာတာဘဲရှိတယ်။ အင်မတန်နက်နဲတယ်။ အင်မတန်ရိုးတယ်။ အဲဒီတော့ အဲဒီလို ရိုးရိုးနှင့် နက်နက်နဲနဲသိအောင်ကိုဘဲ တရားအားထုတ်ရတာဘဲ။ ဘာမှ ဆန်းဆန်းပြားပြား ရှာဖို့ သိဖို့ ကြိုးစားနေတာမဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့သဘာ၀ကို အမှန်အတိုင်းသိဖို့ဘဲ ကြည့်နေတာဘဲ။

photo content

လွှဲမှားသွားမှုမဖြစ်ဘူး၊ မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ အသိဉာဏ်တွေရရှိပြီးတော့ မိမိကိုယ်တိုင်က လောကရဲ့အကျိုးကိုဆောင်ရွက်နိုင်တယ်ဆိုတဲ့ ဒီကိုယ်ကျင့်သီလရဲ့တန်ဖိုးဟာ အလွန်ကြီးမားတယ်။ ★ မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ဒါနကောင်းမှုကို အလေးပြုသလို ငါးပါးသီလကို အလေးပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံလောက် အေးချမ်းသာယာတဲ့နိုင်ငံ လောကမှာရှာလို့ရမှာ မဟုတ်ပါဘူး။ ★ တခြားဟာတွေ များစွာမလိုပါဘူး ငါးပါးသီလကို အသက်ထက် တန်ဖိုးထားလိုက်မယ်ဆိုရင် ထိုတန်ဖိုးထားတဲ့ ရပ်ရွာဟာ အေးချမ်းတဲ့ ရပ်ရွာဖြစ်မှာပဲ၊ မြို့နယ်ဟာ အေးချမ်းတဲ့ မြို့နယ် ဖြစ်မှာပဲ၊ တိုင်းဒေသကြီး ပြန်နယ်တွေဟာ အေးချမ်းတဲ့ တိုင်းဒေသကြီးတွေ ပြည်နယ်တွေပဲ ဖြစ်မှာပဲ၊ အေးချမ်းတဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာဆိုတာ သေချာတယ်ပေါ့။ ★ မြတ်ဗုဒ္ဓရဲ့အဆုံးအမကို ရပါလျက်နဲ့ ဒါနကောင်းမှုလုပ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်ပါလျက် ဘယ်အတွက်နဲ့ မြန်မာလူမျိုးတွေဟာ မျက်နှာပျက်နေရသလဲ စဉ်းစားကြည့်ရင် မြန်မာပြည်မှာ အဂတိလိုက်စားမှုတွေလည်း အလွန်များ၊ အဂတိလိုက်စားမှုတွေဟာ စဉ်းစားကြည့်မယ်ဆိုရင် အဒိန္နာဒါနတို့ မုသာဝါဒတို့ ဆိုတာတွေဟာလည်း နေရာတိုင်းမှာ ဒီလိုဖြစ်နေတာဟာ ကောင်းတဲ့သွင်ပြင်လက္ခဏာတွေ မဟုတ်ပါဘူး။ ★ ဒါကြောင့်မို့ ဒို့တတွေဟာ လောကကြီးကိုအကျိုးပြုမယ့် ပုဂ္ဂိုလ်တွေဖြစ်ဖို့အတွက် လောကကြီးကိုအကျိုးပြုတဲ့ လုပ်ငန်းနှစ်ခုမှာ အရေးပါတဲ့ တန်ဖိုးကြီးမားတဲ့ သီလဆိုတဲ့ အလုပ်ကို ဒို့တတွေဟာ ကြိုးစားပြီးတော့ ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ဒီလိုစိတ်ထဲနုလုံးထဲမှာ မှတ်သားပြီးတော့ ကိုယ်ကျင့်တရားကို ကြိုးစားပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ ★ သီလဆိုတာဟာ ကုသိုလ်တရားတွေကို ထိန်းထားတဲ့ ကိုယ်ကျင့်တရား၊ ကုသိုလ်တရားတွေ အထိန်းမရှိဘူးဆိုရင် ကိုယ့်ရင်ထဲနုလုံးထဲမှာ တည်မှာမဟုတ်ဘူး။ ခြင်္သေ့ဆီသည် သိင်္ဂီရွှေခွက်မှာသာ တည်သလိုပဲ သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာသာလျှင် အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာကို ပေးနိုင်တဲ့ သီလတွေက တည်ရှိနိုင်သာဖြစ်တယ်ဆိုတာဟာ ၀ိသုဒ္ဓိမဂ်မှာ ရှင်းရှင်းလင်းလင်း သီလရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုထားတာဖြစ်တယ် "သီလံ ဥပါဒါနံ" သီလဆိုတာ ကုသိုလ်တရားတွေကို ထိန်းသိမ်းထားတဲ့အရာလို့။ ★ လောကကို ကောင်းကျိုးချမ်းသာကို လိုလားတဲ့ပုဂ္ဂိုလ်တိုင်း ကောင်းကျိုးချမ်းသာကို စုဆောင်းရမှာဖြစ်တယ်။ အဲ့ဒီ ကောင်းကျိုးချမ်းသာတွေ ကိုယ့်သန္တာန်မှာ တည်မြဲဖို့အတွက် သီလနဲ့ထိန်းရမှာသာဖြစ်တယ်။ ★ ကိုယ်ကျင့်သီလမပြည့်စုံပဲနဲ့ ၀ိပဿနာတရားအားထုတ်မယ်ဆိုလို့ချင်ရင် ကိုယ်ကျင့်သီလ မပြည့်စုံမူကြောင့် Happiness of Innocent ဆိုတာမရှိဘူး၊ အနဝဇ္ဇသုခ မရှိဘူး၊ သုခမရှိသည့်အတွက်ကြောင့် စိတ်တည်ငြိမ်မူဆိုတဲ့ သမာဓိမရနိုင်ဘူး သမာဓိမရနို်င်သည့်အတွက်ကြောင့် ယထာဘူတဉာနဒဿန အမှန်အကန်သိခြင်းက ဆုံးရှုံးသွားမှာသာဖြစ်တယ်ပေါ့။ ဒါကြောင့် ကိုယ်ကျင့်သီလကို တန်ဖိုးကို အလေးအနက်ထားပြီး ကြိုးစားကြရမှာဖြစ်တယ်။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 “လောကအကျိုးပြု လုပ်ငန်းနှစ်ခု” တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ Credit --- Shwe Thu Credit --- Photo 🆙TT

သီလက လောကကြီးကိုဘယ်လိုအကျိုးပြုသလဲ ======================== ★ လောကအကျိုးပြုဆိုတဲ့ အလုပ်ထဲမှာ သီလ၊ ဒါနပြီးရင် သီလ။ သီလကျတော့ သာမန်အားဖြင့်ကြည့်မယ်ဆိုလို့ချင်ရင် သီလဟာ ကိုယ့်ဟာကိုယ် ထိန်းသိမ်းစောင့်ရှောက်တာဖြစ်သည့်အတွက်ကြောင့် လောကကို အကျိုးပြုတယ်လို့ သိပ်ပြီးတော့ မထင်မှတ်ကြဘူး။ ★ သို့သော် ဒါနက အကျိုးပြုမူဟာ မိမိရှိတဲ့ပစ္စည်းကို တဖက်သားအား ကူညီထောက်ပံ့ပေးတဲ့အရာက အလွန်ထင်ရှားတယ် အလွန်ထင်ရှားသည့်အတွက်ကြောင့် ဒါနက အကျိုးပြုတာ လူသိတယ်။ သီလက လောကကြီးကိုဘယ်လိုအကျိုးပြုသလဲ? ဒါကို အလေးနက် စဉ်းစားကြည့်ရမှာဖြစ်တယ်။ ★ သီလကအကျိုးပြုမှုဟာ ဒါနကအကျိုးပြုတာထက် ပိုပြီးတော့ စွမ်းဆောင်ရည်ဟာပြည့်ဝတယ်လို့ ပြောရမယ်။ စဉ်းစားကြည့် ငါးပါးသီလပဲကြည့် “ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ” လို့ ခုနက ဆောက်တည်သွားတယ် အဲဒီဆောက်တည်သွားတဲ့ ကိုယ်ကျင့်သီလဟာ လောကကို ဘယ်လို အကျိုးပြုသလဲ? ★ လောကလူသားတွေဟာ ဘဝမှာ အသက်ရှင်ဖို့ ရုန်းကန်နေကြရတယ်။ အဲဒီ အသက်ရှင်ဖို့ ရုန်းကန်နေကြရုံမျှမက မိမိအသက်ကို အလွန်မြတ်နိုးကြတယ်။ အသက်ရှင်ချင်ကြတယ်၊ ချမ်းသာချင်ကြတယ်ဆိုတဲ့ အနေအထားရှိတဲ့ လူတွေကို “ပါဏာတိပါတာ ဝေရမဏိ”လို ကိုယ်ကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ချမ်းသာချင် အသက်ရှင်ချင်တဲ့ပုဂ္ဂိုလ်တွေကို ချမ်းသာခွင့်မပေးဘူး အသက်ရှင်ခွင့်မပေးဘူး။ ★ သီလကို ဆောက်တည်လိုက်ခြင်းအားဖြင့် အသက်ရှည်ချင်တဲ့ ပုဂ္ဂိုလ်တွေကို အသက်ရှည်ခွင့်ပေးတယ် ချမ်းသာချင်တဲ့ ပုဂ္ဂိုလ်တွေကို ချမ်းသာခွင့် ပေးလိုက်တာဟာ ဒါနနဲ့ ပစ္စည်းဥစ္စာထောက်ပံ့တာထက် သီလနဲ့ထောက်ပံ့တာက ပိုပြီးမြင့်မြတ်သွားတယ်လို့ ဒီလိုဆိုရမှာပဲ။ ★ မိမိကိုအကြောင်းပြုပြီး မည့်သည့်ပုဂ္ဂိုလ်မှ ဘဝတခုဟာ အဆုံးသတ်မသွားဘူး၊ မိမိကို အကြောင်းပြုပြီး ဘယ်သူမှ အသက်နဲ့ပတ်သက်ပြီး ထိခိုက်သွားတာ မရှိဘူးဆိုတာဟာ အလွန်ကိုလောကကြီးကို အကျိုးပြုတာသာ ဖြစ်တယ်ပေါ့။ မိမိကို အကြောင်းပြုပြီး ဘယ်သတ္တဝါမှ သေဆုံးရခြင်းမရှိဘူးဆိုတာ လောကကိုအကျိုးပြုတာဟာ ဘယ်လောက်မွန်မြတ်သလဲ ဘယ်လောက်ထင်ရှားသလဲဆိုတာ စဉ်းစားကြည့်။ ★ ပါဏာတိပါတာဆိုတာ ကိုယ့်ကိုယ်ကို သတ်တာ မဟုတ်ဘူး၊ တဖက်သားကို သတ်တာဖြစ်နေတယ် ဒါကြောင့် မည်သည့်သတ္တဝါမှ မိမိကိုအကြောင်းပြုပြီးတော့ ဘဝတခုကနေ ဆုံးရှုံးနစ်နာသွားတာ မရှိဘူးဆိုတဲ့ သီလဟာ သာမန်ဒါနမျိုးတောင် မဟုတ်တော့ဘဲနဲ့ မြတ်စွာဘုရားက မဟာဒါန အဘယဒါန ဇီဝိတဒါန ဆိုတဲ့ နာမည်နဲ့ သီလကို ဒါနသဘေထားပြီး ဟောကြားခဲ့တာတွေ ရှိတယ်ပေါ့။ ★ သာမန်ပစ္စည်းကိုလှူတာက ဒါန ငါးပါးသီလဆောက်တည်ပြီး ကိုယ်ကျင့်သီလနဲ့ ထိန်းသိမ်းစောင့်ရှောက်တာကျတော့ မဟာဒါနလို့ ခေါ်နိုင်တာပေါ့။ ဒါကြောင့် မြန်မာလူမျိုးတွေ ပစ္စည်းဥစ္စာကိုလှူတယ် အများအပြား ကြိုးကြိုးစားစားလုပ်နေကြသလို ကိုယ်ကျင့်သီလကို ထိန်းသိမ်းစောင့်ရှောက်တဲ့ သီလတရားဟာလည်းပဲ လောကကို အကျိုးပြုတဲ့တရားဖြစ်သောကြောင့် လျစ်လျူရှု့မထားပဲနဲ့ အရေးတကြီး အသက်ထက်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုအပ်တယ် ဒီလိုဆိုလိုတယ်ပေါ့။ ★ ပါဏာတိပါတာက ရှောင်ကြဉ်မှုဆိုတဲ့ ကိုယ်ကျင့်တရားသည် မိမိပတ်ဝန်းကျင်က လောကကြီးကိုအကျိုးပြုသလို စိတ်ချမ်းသာမှုတွေကို ရရှိသလို ဘေးရန်ကင်းမှုတွေကို ဖြစ်ပေါ်သလို အဒိန္နာဒါန မိမိကြောင့်သူတပါးတွေ ပစ္စည်းပျက်ရတာမရှိဘူး။ သူတပါးတွေ ပစ္စည်းဥစ္စာ ဆုံးရှုံးသွားရတာ မရှိဘူး။ ပစ္စည်းနဲ့ပတ်သက်ပြီး သောကရောက်စေတာ မရှိဘူး။ ★ ကိုယ့်ကိုအကြောင်းပြုပြီး လောကလူတွေဟာ အသက်တမျှ ချစ်ခင်ကြရတယ်၊ နေ့စဉ်နဲ့အမျှ ကြိုးပမ်းပြီးတော့ ရှာနေရတဲ့ ပစ္စညး်ဥစ္စာတွေဟာ လုံးဝဆုံးရှုံးမှုကို မဖြစ်စေတဲ့ "အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ"လို့ဆိုတဲ့ ဒီသီလဟာလဲ လောကလူသားတွေကို အကျိုးပြုတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ ★ စဉ်းစားတွေးခေါ်ပြီးတော့ ကြည့်ရမယ်။ သာမန်အနေနဲ့ မဟုတ်ဘဲနဲ့ စဉ်းစားတွေးခေါ်ကြည့် “ပါဏာတိပါတာ ဝေရမဏိ” ကလဲ ကိုယ့်ဘာသာသီလဆောက်တည်တာပဲ “အဒိန္နာဒါနာ ဝေရမဏိ” ကလဲ ကိုယ့်ဘာသာသီလဆောက်တည်တာပဲလို့ ဒီလိုထင်မှတ်စရာရှိသော်လည်း ကိုယ်ဆောက်တည်ခြင်းဟာ ဘယ်သူ့အတွက်လဲ။ ★ များသောအားဖြင့် လူတွေက သီလဆောက်တည်တာ ကိုယ့်အတွက်လို့ထင်တယ် ပစ္စုပ္ပန်ဆက်ဆက် နားလည်သဘောပေါက်မယ်ဆိုရင် သီလဆောက်တည်တာဟာ အများကိုအကျိုးဖြစ်သွားတာပဲ ဖြစ်တယ်ပေါ့။ ကိုယ်ရလိုက်တာဟာကတော့ ဆောက်တည်ခြင်းဆိုတဲ့ သမာဒါနစေတနာကုသိုလ် ရှောင်ကြဉ်ခြင်းလို့ဆိုတဲ့ ၀ိရတီကုသိုလ် ဒီကုသိုလ်နှစ်မျိုးသာ ကိုယ်ရလိုက်တာဖြစ်တယ်။ ★ တဖက်သားမှာ ထိခိုက်ဆုံးရှုံးမှုတွေက လွတ်ကင်းသွားသည့်အတွက်ကြောင့် တဖက်သားလောကသားတွေကို များစွာအကျိုးဖြစ်ထွန်းစေခြင်းဖြစ်တယ်။ ဒါကို အလေးနက်စဉ်းစားကြည့်ရင် ဒါနဟာသီလထက်ပိုပြီးကောင်းတယ်လို့ ဆိုရတာသာဖြစ်တယ်။ ★ တဖက်သားကို အကျိုးပြုတဲ့နေရာမှာ သီလကပိုထိရောက်တယ် မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ အသက်ဆုံးရှုံးမှုမရှိဘူး၊ မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ ပစ္စညး်ဥစ္စာဆုံးရှုံးမှုဖြစ်ဘူး၊ မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ ဂုဏ်သိက္ခာဆုံးရှုံးမှုမဖြစ်ဘူး၊ မိမိကိုအကြောင်းပြုပြီးတော့ တဖက်သားဟာ အကျိုးပျက်ပြားပြီး

photo content

ကာမချမ်းသာလမ်း ============= ★ ဘယ်လမ်းတွေလဲဆိုရင် "ယော စာယံ ကာမေသု ကာမသုလ္လိကာနုယောဂေါ" - ကာမဆိုတာ လိုချင်စရာအာရုံတွေကို ခေါ်တယ်။ လိုချင်စရာ အာရုံတွေဆိုတာ နေစဉ်နဲ့အမျှ တွေ့နေတာ၊ စဉ်းစားကြည့်၊ မျက်စိနဲ့ကြည့်ပြီး မြင်ရလို့ လိုချင်စရာတွေ အများကြီးပဲ။ နားနဲ့ နားထောင်ပြီး လိုချင်စရာတွေ နှာခေါင်းနဲ့ နမ်းရှုပ်ပြီး လိုချင်စရာတွေ၊ ဒါတွေကို ကာမလို့ခေါ်တယ်။ ကာမဆိုတာ လိုချင်စရာတွေ။ ★ လိုချင်စရာတွေ တွေ့တဲ့အခါ လိုချင်တယ်ဆိုတာ ပေါ်လာတယ်။ တဏှာ ရာဂ ဖြစ်လာတယ်။ လိုချင်စရာတွေ လိုချင်လာတယ်။ လိုချင်စရာကောင်းတဲ့ အာရုံတွေကို လိုချင်လာတယ်။ အဲ့ဒီ လိုချင်စရာ ကောင်းတဲ့ အာရုံတွေကို ရလိုက်တဲ့အခါ လူတွေမှာ ဘာဖြစ်တုံးဆိုရင် ပျော်ရွှင်မှု၊ ချမ်းသာမှုတွေ ဖြစ်လာတယ်။ ★ မျက်စိက ကိုယ်ကြည့်ချင်တဲ့ အဆင်းလေးကြည့်ပြီး ကျေနပ်နေ၊ ပီတိတွေဖြစ်၊ ၀မ်းသာ၊ နားက သာယာတဲ့ အသံလေး နားထောင်ရတဲ့အခါ ပီတိတွေဖြစ်၊ ကျေနပ်နေတယ်။ နောက်ထပ် ရှူချင်စိတ်ပေါက်၊ လျှာကလည်း ကိုယ်ကြိုက်တဲ့ အရသာလေး စားလိုက်ရရင် နောက်ထပ် စားချင်စိတ်တွေ ပေါက်နေတယ်။ ကျေနပ်နေတယ်။ ၀မ်းသာနေတယ်။ ★ ခန္ဓာကလည်း နူးည့ံတဲ့အထိအတွေ့ ထိရင် နောက်ထပ်လည်း ထိတွေ့ချင်တယ်။ ကျေနပ်တယ်။ အဲ့ဒါတွေကို ခံစားဖို့ကြိုးစားကို "ကာမသုခလ္လိကာနုယောဂ" လို့ခေါ်တယ်။ ★ မျက်စိကကြည့်တာကို နောက်ထပ်ကြည့်ဖို့ ကြိုးစားတယ်။ ဒီပျော်ရွှင်မှုလေး နောက်ထပ်ကြည့်ဖို့ ကြိုးစားတယ်။ မျက်စိက လှပတဲ့ အဆင်းလေး မြင်တဲ့အခါမှာ နောက်ထပ် ဒါမျိုးလေးရဖို့ မရရင် ရှာကြံမယ်၊ ရရင်ပျော်မယ်။ ဒါမျိုးလေးရဖို့ မရရင် ရှာကြံမယ်၊ ရရင်ပျော်တယ်။ ★ ဒါမျိုးလေးကို အမြဲတမ်းခံစားနေဖို့ စိတ်ထဲက ရည်မှန်းပြီး ကြိုးပမ်းတယ်။ အဲ့ဒါကို "ကာမသုခလ္လိကာနုယောဂ"၊ "အနုယောဂ" ဆိုတာ မပြတ်ကြိုးပမ်းနေတယ်။ ★ ဒီနေ့ လူတွေ လူ့ဘဝသက်တမ်းမှာ ဘာရှာနေကြတုံးဆိုရင် အဲ့ဒီပျော်ရွှင်မှုကို ရှာကြတယ်။ အနှစ်သာရကို ရှာမယ်ဆိုရင် ဘာတွေ ရှာနေကြလဲ၊ ပျော်ရွှင်မှုကို ရှာနေကြတယ်။ သူတို့သိတဲ့ ပျော်ရွှင်မှုဟာ လူတွေသိတဲ့ ပျော်ရွှင်မှုက ဘာတွေတုံး၊ - မျက်စိနဲ့မြင်ပြီး ပျော်ရွှင်မှု၊ - နားက နားထောင်ပြီး ပျော်ရွှင်မှု၊ - နှာခေါင်းက နမ်းပြီးရှုပ်ပြီး ပျော်ရွှင်မှု၊ - လျှာကအရသာခံပြီးတော့ ပျော်ရွှင်မှု၊ - ခန္ဓာကိယ်က ထိတွေ့ပြီးပျော်ရွှင်မှု၊ အဲ့ဒီပျော်ရွှင်မှု ချမ်းသာကလေးက စိတ်ကလေးငြိမ်းချမ်းပြီးတော့၊ စိတ်ထဲ ကျေနပ်ပြီးတော့ ငြိမ်းချမ်းနေတာ။ အဲ့ဒါလေးကို ရချင်လို့ရှာနေတာ။ ★ တချို့က ပြောသေးတယ်။ တပည့်တော်တို့က ဒီလို ချမ်းသာမှုမျိုးကို ရှာတာ မဟုတ်ပါဘူး။ အလုပ်ရှာတယ်။ အလုပ်က ဘာအတွက်တုံး၊ ပိုက်ဆံရဖို့၊ ပိုက်ဆံက ဘာလုပ်ဖို့တုံးဆိုရင် ဒီဘက် ရောက်သွားတယ်။ လူတိုင်း လူတိုင်းဟာ အလုပ်ရှာတယ်။ အလုပ်က ငွေရဖို့ပဲ။ ★ လူတွေ ရှာနေတာ ချမ်းသာ။ အဲ့ဒီပေါ်မှာ ရှာကြံနေပြီးတော့ နေကြမယ်ဆိုရင် "ကာမသုခလ္လိကာနုယောဂ"လို့ ခေါ်တယ်။ အသိဉာဏ်တွေ မဖြစ်လာနိုင်တော့ဘူး။ နိဗ္ဗာန်ဘက်ကို ကျောပေးတာနဲ့ တူနေတယ်။ နိဗ္ဗာန်သွားဖို့ လမ်းကြောင်းပေါ်မှာ မတည့်ဘူး။ သွေးဖယ်သွားပြီ။ ဒါကြောင့် မြတ်စွာဘုရားက အဲ့ဒီလမ်းကို မလိုက်နဲ့နော်။ အဲ့ဒီလမ်းလိုက်ရင် နိဗ္ဗာန်တံခါးဆီ ရောက်မှာ မဟုတ်ဘူး။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး 🙏 🙏 🙏 ‘နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မှုပါ အပိုင်း(၂)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။ Credit --- Shwe Thu Credit ---- Photo ပါရမီဓမ္မစာမျက်နှာ များမှတဆင့် 🆙TT

photo content

သတ္ထန္တရကပ်ကြောင့် ပျက်စီးကြရသော သတ္တဝါတို့သည်ကား များသောအားဖြင့် ငရဲ၌ ဖြစ်ကြလေကုန်၏။ အကြောင်းမူ အချင်းချင်း တို့အပေါ်၌ အားကြီးသောဒေါသ၊ အားကြီးသောအာဃာတဖြင့် ကွယ်လွန်ကြရသောကြောင့် ဖြစ်သည်။ ဤကား ကပ်ကြီးသုံးပါးနှင့် လားရာဂတိကို ဆက်စပ်ပြဆိုခြင်း ဖြစ်သည်။ ကပ်ကြီးသုံးပါးနှင့်စပ်၍ မှတ်ဖွယ်မှတ်ရာ အချို့ကို ကျမ်းဂန်လာအတိုင်း သိသာရုံမျှ ပြဆိုလိုက်ရခြင်း ဖြစ်ပါ၏။ Credit...Eleven midea group. 🆙TT

‘မောဟ’ဆိုသည့်ပါဠိက မသိနားမလည်ခြင်း၊ ထုံထိုင်းဖျင်းအခြင်းအနက်ကို ဟောသည်။ တစ်စုံတစ်ယောက်သည် သို့မဟုတ် အသင်းအဖွဲ့တစ်စုသည် ကျန်းမာရေးဗဟုသုတ မရှိလေသောအခါ ဆေးဝါးကိုမသိ၊ ဓာတ်စာကိုမသိ၊ ရောဂါဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းကိုမသိ စသည်ဖြင့် မသိခြင်းတရားတို့ လွှမ်းမိုးကာ ဖြစ်ပေါ်လာသော အနာရောဂါကို အသိဉာဏ်ဖြင့် ကာကွယ်နိုင်စွမ်းမရှိတော့။ ထိုကာလမျိုး၌ သတ္တဝါအများ ပျက်စီးဆုံးရှုံးကြရသည်။ မောဟ၏ ဆန့်ကျင်ဘက်ကား အမောဟ (ပညာ) ဖြစ်သည်။ ပညာကို ‘ဉာဏ်’ ဟုလည်း ခေါ်ကြသည်။ “အသက်ကို ဉာဏ်စောင့်”ဆိုသည့်စကားက ထိုအဓိပ္ပာယ်ပင်။ ထို့ကြောင့်ပင် အနာရောဂါ ဖြစ်ပွားရခြင်း (ရောဂန္တရကပ်) ၏ လက်သည်တရားခံကို ‘မောဟ’ ဟု ဆိုခဲ့ခြင်းဖြစ်သည်။ စစ်ပွဲတစ်ပွဲ ဖြစ်ပြီတဲ့ဆို အပြစ်မဲ့ပြည်သူများက ကျွဲနှစ်ကောင်ကြားမှ မြေဇာပင် ဖြစ်ကြရသည်။ ဒုတိယကမ္ဘာစစ်ကာလက အထူးထူးသော လက်နက်ဆန်းတို့ကြောင့် သတ္တဝါအများ သေကျေပျက်စီးခဲ့ရခြင်းက ထင်ရှားသော သာဓကတစ်ခုဖြစ်သည်။ မည်သည့်စစ်ပွဲမဆို ဒေါသကိုအခြေခံသည်။ ဒေါသမပါဘဲ လူ့အသက်တစ်ချောင်းကို သတ်ဖို့ဆိုသည်က မဖြစ်နိုင်။ ထို့ကြောင့်ပင် အသက်များစွာကို ဆုံးရှုံးစေသည့် စစ်ပွဲများဖြစ်ပွားရခြင်း (သတ္ထန္တရကပ်) ၏ လက်သည်တရားခံကို ‘ဒေါသ’ ဟု ဆိုခဲ့ခြင်းဖြစ်သည်။ လူ့အသက် ၁၀ နှစ်တမ်းကာလ၌ ရင်ဆိုင်ကြုံတွေ့ရမည့် ဖြစ်အင်တို့ကို ပိဋကတ်ကျမ်းစာတို့၌ ပြဆိုထားသည့်အတိုင်း ဤ၌ အမြွက်မျှပြလိုပါသေးသည်။ “အစဉ်အတိုင်း ဆုတ်ယုတ်လာခဲ့၍ လူ့အသက် ၁ဝနှစ်တမ်း သို့ရောက်သော် ငါးနှစ်အရွယ်ရှိ သတို့သမီးသည် လက်ထပ်ထိမ်းမြားနိုင်သော အရွယ်ကိုရောက်လတ္တံ့။ လောက၌ ‘ထောပတ်၊ ဆီဦး၊ ပျား၊ တင်လဲ၊ ဆား’ ဟူသော အရသာတို့ ကွယ်ပျောက်လတ္တံ့။ လူးထမင်းသည် စားဖွယ်တို့တွင် အမြင့်ဆုံးဖြစ်လတ္တံ့။ ကုသိုလ်ကမ္မ ပထတရား ၁၀ ပါးတို့ ကွယ်ပ၍ အကုသိုလ် ကမ္မပထတရား ၁၀ ပါးတို့ ထွန်းပကုန်လတ္တံ့” ဟု ဆိုပါသည်။ ထိုမှတစ်ပါး “လူ့ကျင့်ဝတ်ကို ဖောက်လွဲဖောက်ပြန် ကျင့်သုံးသူတို့ကလည်း ပူဇော်ခံ ထိုက်သူတို့ ဖြစ်လတ္တံ့။ အမိ၊ မိကြီး၊ မိထွေး၊ အရီးကြီး၊ အရီးလေး၊ ဆရာကတော် စသည်ဖြင့် အလေးအမြတ် ပြုထိုက်သူတို့၌ အလေးအမြတ်ပြုထိုက်၏ဟု စိတ်ကမထင်။ လောကသည် တိရစ္ဆာန်ဆန်ဆန် အရိုင်းစိတ်တို့ဖြင့် ရောယှက်ရှုပ်ထွေးကာ စည်းပျက်ကမ်းပျက် ဖြစ်လတ္တံ့” ဟုလည်း ဆိုပါသည်။ ထိုမျှသာမက “လူအချင်းချင်းအပေါ်၌ ပြင်းထန်သောအမျက်ထွက်ခြင်း၊ ပျက်စီးစေလိုခြင်း၊ မလိုမုန်းထားဖြစ်ခြင်း၊ သတ်လိုဖြတ်လိုစိတ်ရှိခြင်းသည် ထင်ရှားလတ္တံ့။ သားအမိချင်း၊ သားအဖချင်း၊ မောင်နှမချင်းဆိုသည့် ဆွေရင်းသားရင်း စိတ်ကိုမထား၊ အမျက်မာန်ဟုန်ပွား၍ ဒေါသကိုသာ ရှေ့တန်းတင်ကုန် လတ္တံ့။ ဥပမာသော် သားသမင်ကို တွေ့ချိန်၌ သားမုဆိုးအား သတ်လိုဖြတ်လိုစိတ် ဖြစ်သကဲ့သို့တည်း”ဟုလည်း ဆိုပါသည်။ “ရဟန်းတို့ ၁၀ နှစ်သက်တမ်းကာလ ရောက်သော် ခုနစ်ရက်ပတ်လုံး ‘သတ္ထန္တရကပ်’ ဆိုက်လတ္တံ့။ ထိုသူတို့သည် အချင်းချင်းကို သားကောင်ဟု မှတ်ယူကုန်လတ္တံ့။ ပြင်းထန်သော လက်နက်တို့သည် ထိုသူတို့၏လက်၌ ထင်ရှားဖြစ်ကုန်လတ္တံ့။ ထိုသူတို့သည် ပြင်းထန်သော လက်နက်ဖြင့် ‘ဤသည်ကား သားကောင်တည်း’ ဟု အချင်းချင်း သတ်ဖြတ်ကုန်လတ္တံ့” ဟု ဗုဒ္ဓဘုရား ဟောကြားတော်မူခဲ့ပါသည်။ (၃) ထိုတွင် “လူ့ကျင့်ဝတ်ကို ဖောက်လွဲဖောက်ပြန် ကျင့်သုံးသူတို့ကလည်း ပူဇော်ခံ ထိုက်သူတို့ဖြစ်လတ္တံ့” ဆိုသော အဆိုနှင့် စပ်၍ “လူ့အသက် ၁၀ နှစ်သက်တမ်းသို့ ရောက်သော် ဤမည်သောသူသည် အမိကို ရိုက်ပုတ်နှိပ်စက်ပြီ။ အဖကို ရိုက်ပုတ်နှိပ်စက်ပြီ။ သမဏဗြဟ္မဏတို့၏ အသက်ကိုခွင်းချေပြီ။ အမျိုး၌ ကြီးကုန်ကြီးကုန်သူတို့အား လေးစားရိုသေဖို့ကို အသာထား။ ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် မထင်။ ထိုသို့သော ထင်ရာစိုင်းသမားတို့ကို မြင်လေလျှင် ‘သြ ..အံ့ဖွယ် ယောကျ်ားပါတကား’ဟု ဆိုကာ ပူဇော်လည်း ပူဇော်ကြလိမ့်မည်။ ချီးမွမ်းလည်း ချီးမွမ်းကြလိမ့်မည်” ဟု အဋ္ဌကထာ၌ ဖွင့်ဆိုထားသည်။ ဒေသတစ်ခု၌ ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ၌ ဖြစ်စေ၊ အဆုံးစွန်ဆိုရပါသော် ကမ္ဘာကြီးတစ်ခုလုံး၌ဖြစ်စေ ကပ်ဘေးတစ်ခုသင့် ရောက်ပြီဆိုလျှင် သတ္တဝါအများ သေကြေ ပျက်စီးရမြဲဖြစ်သည်။ ထိုကိစ္စအတွက် သမိုင်းက သက်သေထူခဲ့ပြီးဖြစ်သလို မျက်မှောက် ကာလမှာလည်း ရင်ဆိုင်နေကြရဆဲဖြစ်သည်။ အဋ္ဌထကာ၌ ထိုထိုကပ်ရောဂါအလိုက် သေဆုံးကြသူတို့၏ ‘လားရာဂတိ’ ကိုပါ ပြဆိုထားလေရာ ထိုကိစ္စကလည်း စိတ်ဝင်စားဖွယ် ကောင်းလှသည်မို့ ဤ၌ တစ်ဆက်တည်း ပြဆိုပါဦးအံ့။ ထိုသုံးမျိုးသော ပျက်စီးခြင်းတို့တွင် ဒုဗ္ဘိက္ခန္တရကပ်ကြောင့် ပျက်စီးကြရသော သတ္တဝါတို့သည် များသောအားဖြင့် ပြိတ္တာဘုံသို့ ရောက်ကြလေကုန်၏။ အကြောင်းကား ထိုကပ်ရောဂါဖြင့် သေကြသူတို့သည် အာဟာရပြတ်၍ သေကြရသည်ဖြစ်ရကား အစားအစာ၌ တွယ်တာမှုအားကြီးသောကြောင့် ဖြစ်သည်။ ရောဂန္တရကပ်ကြောင့် ပျက်စီးကြရသော သတ္တဝါတို့သည် များသောအားဖြင့် နတ်ပြည်နတ်လောကသို့ ရောက်ကြလေကုန်၏။ အကြောင်းကား ထိုကပ်ရောဂါဖြင့် သေကြသူတို့ ၏ စိတ်၌ “သြော် ..ငါမှတစ်ပါး အခြားသော သတ္တဝါတို့အား ငါ့ရောဂါမျိုး မစွဲကပ်ပါမူ၊ ကပ်ဘေးသင့်၍ ငါ့နည်းတူ မသေကြပါမူ ကောင်းလေစွ”ဟု အားကြီးသော မေတ္တာစိတ် ဖြင့်ကွယ်လွန်ကြသောကြောင့် ဖြစ်သည်။

ကပ်သုံးပါး ======= (၁) ဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်ကျမ်းစာ၌ “ကပ်ကြီးသုံးပါးတွင် ၁၀ နှစ်သက်တမ်း ကျရောက်သောအခါ ကပ်တစ်မျိုးမျိုး တိုက်မည်ဟု ကျမ်းဂန်တို့၌ဆိုသော်လည်း ယခုအခါမှာပင် အချို့အခါ၊ အချို့တိုင်းပြည်များတွင် ထိုကပ်သုံးပါးတို့ မကြာမကြာ တိုက်လျက်ရှိသည်” ဟု ရေးထားသည်ကို ဖတ်လိုက်ရသည်။ ကပ်ကြီးသုံးပါး ဆိုသည်က ‘ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်၊ သတ္ထန္တရကပ်’ တို့ ဖြစ်သည်။ ထိုတွင် ငတ်မွတ်ခေါင်းပါး အစာရှားခြင်းကြောင့် သတ္တဝါအများ ပျက်စီးရခြင်းကို ‘ဒုဗ္ဘိက္ခန္တရကပ်’ ဟုလည်းကောင်း၊ အနာရောဂါကြောင့် သတ္တဝါအများ သေကျေရခြင်းကို ‘ရောဂန္တရကပ်’ ဟုလည်းကောင်း၊ လက်နက်တစ်စုံတစ်ရာကြောင့် သတ္တဝါအများ အသက်ဆုံးရှုံးရခြင်းကို ‘သတ္ထန္တရကပ်’ ဟု လည်းကောင်း မှတ်ယူနိုင်ပါသည်။ မိမိတို့ငယ်စဉ်က တစ်နိုင်ငံလုံး ဆန်ရှားပါးသည့်ကာလတစ်ခုကို ကြုံခဲ့ရဖူးသည်။ မြို့ကြီးအရပ်တို့၌ မည်သို့ရှိသည် မသိရသော်လည်း တောအရပ်ဒေသတို့၌ ကိုယ့်အိမ်မှာရှိသည့် ဆန်ကိုချွေတာသည့် အနေဖြင့် ဆန်ပြုတ်ပြုတ်၍ သောက်ကြသူတို့လည်း ရှိသည်။ အချို့က ဆန်ပြုတ်တစ်နပ်၊ အရောအနှောထမင်း တစ်နပ်ဖြင့် မျှတကြသည်။ အရောအနှောထမင်းဆိုသည်က ဆန်ကို ဂျုံ၊ ပဲ၊ ပြောင်း စသည်တို့ဖြင့် ရောနှောချက်ပြုတ်ထားသည့် ထမင်းကိုဆိုလိုသည်။ မိမိက ကလေးအရွယ်ဆိုတော့ ဆန်ကို ပဲတီစိမ်းဖြင့် ရောချက်ထားသော ပဲတီထမင်းကို အတော်လေး ခံတွင်းတွေ့ခဲ့ဖူးသည်ကို အမှတ်ရသည်။ သည်တော့ ငယ်ဘဝမှာ ‘ဒုဗ္ဘိက္ခန္တရကပ်’ နှင့် ပက်ပင်းတိုးခဲ့ဖူးသည်ပဲ ဆိုပါစို့။ မိမိတို့ လူမဖြစ်ခင်ကာလမှာ ကျောက်ရောဂါ၊ ပလိပ်ရောဂါတို့လို ကူးစက်ရောဂါကြီးများ ဖြစ်ခဲ့ဖူး၏ဟု သိရသည်။ ဒေသအချို့၌ ပလိပ်ရောဂါကို ကြွက်ကျသည်ဟုလည်း ခေါ်ကြသည်။ ကျောင်းနေအရွယ်ရောက် တော့ ကျောက်ရောဂါကာကွယ်ဆေး ထိုးခဲ့ရဖူးသည်။ လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်က ထိုနိုင်ငံအချို့၌ ကူးစက်ရောဂါအချို့ ဖြစ်ခဲ့ဖူးသော်လည်း မျက်မှောက်ကာလမှာ ရင်ဆိုင်နေရသည့် COVID-19 ရောဂါလောက် တော့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့သည်မထင်။ COVID-19 ရောဂါကတော့ လှည်းနေလှေအောင်း မြင်းစောင်းမကျန်ဟု ဆိုရလောက်အောင် မြေလှန်ပြီး ကူးစက်ခဲ့သည့် ရောဂါဆန်းဖြစ်သည်။ ဆင်းရဲသည့်နိုင်ငံတွေမှာလည်း ဖြစ်ခဲ့သလို ချမ်းသာသည့် နိုင်ငံတွေမှာလည်း ထို့အတူ။ သည်တော့ ‘ရောဂန္တရကပ်’ကိုလည်း နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ကြုံတွေ့နေရဆဲဟုသာ ဆိုရမည်။ ကလေးဘဝမှာ လူကြီးသူမတွေ ပြောပြသဖြင့် ဂျပန်ခေတ်တုန်းက ကျွဲညီနောင်ဆိုသည့် လေယာဉ်ပျံကြီးများလာပြီတဲ့ဆို ဗုံးခိုကျင်းတွေထဲမှာ ပုန်းအောင်းရသည့်အဖြစ်ကိုလည်းကောင်း၊ မီးရထားသံလမ်းဖောက်ဖို့ ဆိုပြီး အဘိုး၏ညီတစ်ယောက်ကို ချွေးတပ်ဆွဲသွားစဉ်က လူအလစ်မှာ ခိုးပြေးပြီး ညတွင်းချင်း ရွာအရောက်ပြန်လာခဲ့ဖူးသည်ဆိုသည့် အဖြစ်ကိုလည်းကောင်း ကြားခဲ့ရဖူးသည်။ ငယ်ငယ်ကတော့ ထိုအဖြစ်အပျက်များအားလုံးက အိပ်ရာဝင်ပုံပြင်တစ်ပုဒ်ပမာ နား ထောင်၍အလွန်ကောင်းခဲ့သည်။ တကယ်တော့ လူကြီးတွေပြောကြသည့် ဂျပန်ခေတ်ဟူသည် ‘သတ္ထန္တရကပ်’ ဆိုက်နေသည့် ခေတ်ဆိုးခေတ်ပျက်ကြီးတစ်ခုပင်။ မျက်မှောက်ကာလတိုင်အောင်လည်း လက်နက်ကပ်ဘေးက အေးပြီငြိမ်းပြီ မဆိုနိုင်သေး။ ကမ္ဘာ့မြေပုံ၏ နေရာဒေသအချို့၌ လက်နက်ကိုင်စွဲကာ သတ်ဖြတ်နေသည့် စစ်မီးတို့ ဟိုမှာသည်မှာ တောက်လောင်နေဆဲ ဖြစ်သည်။ စစ်ကြောင့် မငြိမ်းနိုင်မအေးနိုင် ဖြစ်ရရှာသည့် ပြေးပြေးလွှားလွှား ဘဝများစွာတို့ ရှိနေဆဲဖြစ်သည်။ စာရင်းချုပ်လိုက်တော့ လူ့ဘဝသက်တမ်း တိုလျလျကလေးမှာ ကပ်ကြီးသုံးပါးနှင့် တစ်မျိုးမဟုတ်တစ်မျိုး ပတ်သက်နေရဆဲဟု ဆိုရမည်။ တစ်နည်းအားဖြင့် ကပ်ကြီးသုံးပါးတံဆိပ်ခပ်နှိပ်ထားသော နာဖျားနေသည့် ကမ္ဘာမြေပေါ်မှာပဲ မိမိတို့တတွေ ဆက်လက်ရှင်သန် နေထိုင်နေရဆဲဟုလည်း ဆိုနိုင်ပါသည်။ (၂) ဤ၌ ကပ်ကြီးသုံးပါး ဖြစ်ပေါ်ရခြင်းနှင့် စပ်၍ပြဆိုထားသည့် စာလာပေလာ အဆိုအမိန့်အချို့ကို လက်လှမ်းမီသရွေ့ ပြောပြချင်ပါသည်။ ‘လောဘ၊ ဒေါသ၊ မောဟ’ ဆိုသည့် အကုသိုလ်စေတသိက်သုံးလုံး၏ အမည်ကိုတော့ မြန်မာတို့ နားရည်ဝပြီးဖြစ်ကြမည် ထင်သည်။ အဆိုပါကပ်ကြီးသုံးပါးတို့တွင် “ဒုဗ္ဘိက္ခန္တရကပ်သည် လောဘကြောင့် ဖြစ်သောအရာ။ ရောဂန္တရကပ်သည် မောဟကြောင့် ဖြစ်သောအရာ၊ သတ္ထန္တရကပ်သည်ကား ဒေါသကြောင့် ဖြစ်ရသောအရာ”ဟု ကျမ်းဂန်တို့က ဆိုပါသည်။ ထိုကိစ္စကို ရှင်းပါအံ့။ လူသားတို့၌ လိုချင်လောဘတို့ မိုးမွှန်လာပြီဆိုလျှင် ကိုယ်ရထိုက်သည့် ဝေစုထက် ပိုပိုမိုမိုရချင်လာတတ်ကြသည့် သဘာဝရှိသည်။ ပင်ကိုကပင် အစာရေစာရှားပါးနေ ခိုက်ဖြစ်ရကား တစ်ဦးတစ်ယောက်က၊ သို့မဟုတ် တစ်စုတစ်ဖွဲ့က လောဘတက်ကာ အစာရေစာတို့ကို သိုလှောင်လာပြီဆိုလျှင်တော့ အစာရေစာ ငတ်မွတ်ခေါင်းပါးဖို့က အသေချာကြီး သေချာနေပါပြီ။ ထို့ကြောင့်ပင် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း (ဒုဗ္ဘိက္ခ န္တရကပ်) ၏ လက်သည်တရားခံကို ‘လောဘ’ ဟု ဆိုခဲ့ခြင်းဖြစ်သည်။

photo content

ပညတ်မြင်ရင် မေတ္တာပွား၊ ပရမတ်မြင်ရင် ဝိပဿနာပွား ========================= အစမထင် သံသရာတစ်ခွင်လုံးမှာ ဒီခန္ဓာကိုယ်ကြီးကို ငါ သူတစ်ပါး ယောက်ျား မိန်းမ စတဲ့ ပညတ်အမြင်နဲ့သာ မြင်ခဲ့ကြပါတယ်။ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး ယောက်ျား မိန်းမလို့မြင်တာ သိတာကို ပညတ်အမြင်လို့ခေါ်တယ်။ သမုတိ-သမုတ်ထားတယ်၊ ပညတ်-သိအောင် မှည့်ခေါ်ထားတယ်ဆိုတာတွေဟာ အတူတူပဲ ဖြစ်ပါတယ်။ သူ့နည်းနဲ့သူ မှန်ကန်တဲ့အတွက် ်“သမုတိသစ္စာ” အနေနဲ့ မြတ်စွာဘုရားက လက်ခံတော်မူပါတယ်။ ပညတ်အမြင်နဲ့မြင်ထားတဲ့ ငါ သူတစ်ပါး ယောက်ျား မိန်းမဆိုတာတွေကိုလည်း နိစ္စ-မြဲတယ်၊ သုခ-ချမ်းသာတယ်၊ အတ္တ-အနှစ်သာရရှိတယ်၊ သုဘ-တင့်တယ်တယ်လို့ ထင်မြင်စွဲလမ်းခဲ့ပါတယ်။ “အမှားကြာတော့ အမှန်ဖြစ်” ဆိုသလို တစ်သံသရာလုံး အမြင်မှားခဲ့ကြတဲ့အတွက် အမှန်လိုလို ဖြစ်ခဲ့ကြပါတယ်။ ဒီတော့ ပညတ်အမြင်နဲ့ ပုဂ္ဂိုလ်ပဲ သူပဲ ငါပဲ စသည်ထင်မြင်နေရင် “အဘယ်သူ ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ ဦး–ကျမ်းမာပါစေ၊ ချမ်းသာပါစေ၊ ဒေါ်—ကျမ်းမာပါစေ၊ ချမ်းသာပါစေ။” စသည်ဖြင့် မေတ္တာပွားပေးပါ။ လောကကြီးကို ပညတ်အမြင်နဲ့ ရှု့မြင်ရင် မေတ္တာပွားရပါတယ်၊ “ပညတ်မြင်ရင်-မေတ္တာပွားပါ” မြတ်စွာဘုရားရှင် ပွင့်တော်မူလို့ (ဝိ-အထူး၊ပဿနာ-ရှု့မြင်သုံးသပ်ခြင်း၊) ဝိပဿနာပညာကို ပေးသနားတော်မူတဲ့အခါကျမှ- “ငါ သူတစ်ပါး ယောက်ျား မိန်းမ ဆိုတာတွေဟာ တကယ်အရှိတရားတွေ မဟုတ်ပဲ ခေါ်ဖြစ်အောင် အမည်ပေးထားတဲ့ ပညတ်တရားများသာ ဖြစ်တယ်၊ တကယ်အရှိတရားကတော့ ရုပ်နာမ် တရားမျှသာ ဖြစ်တယ်၊ ဒီရုပ်နာမ်တရားများဟာ- အနိစ္စ-မမြဲဘူး၊ ဒုက္ခ-ဆင်းရဲတယ်၊ အနတ္တ- အနှစ်သာရမရှိဘူး၊ အသုဘ-မတင့်တယ်ဘူး။” လို့အမှန်တရားကို နားလည်သိခွင့်ရပါတယ်။ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတစ်ပါး အနေနဲ့မမြင်တော့ပဲ ရုပ်တရား နာမ်တရားအနေနဲ့ရှု့မြင်ခြင်းကို “ပရမတ်အမြင်” လို့ခေါ်ပါတယ်။ တကယ်ရှိနေတဲ့တရားကတော့ ဟိုသိ ဒီသိ သိတတ်တဲ့ နာမ်ခန္ဓာအစုအဝေးရယ်၊ ဘာမှမသိတတ်တဲ့ရုပ်ခန္ဓာအစုအဝေးရယ် ဒီနှစ်မျိုးကိုပဲ “ပရမတ္ထသစ္စာ” အနေနဲ့တွေ့ရပါတယ်။ ဒီလိုရုပ်နာမ်အစုအဝေးလို့မြင်တာကို ပရမတ်အမြင် လို့ခေါ်ပါတယ်။ ပရမတ်အမြင်နဲ့ရှု့မြင်ဆင်ခြင်ရင် “ဒီရုပ်နာမ်တွေဟာ မမြဲသောသဘော၊ ဆင်းရဲသောသဘော၊ အနှစ်သာရကင်းမဲ့သောသဘော များပါတကား”လို့ ဝိပဿနာရှု့ရပါတယ်။ ဒါကြောင့်“ ပရမတ်မြင်ရင်ဝိပဿနာပွားပါ”။ လောကကြီးမှာ ပညတ်အမြင်၊ပရမတ်အမြင်နှစ်မျိုးသာရှိတဲ့အတွက် ပညတ်အမြင်နဲ့မြင်တဲ့အခါမှာ မေတ္တာတရားပွားလိုက်ပါ။ ပရမတ်အမြင်နဲ့မြင်တဲ့အခါ ဝိပဿနာပွားလိုက်ပါ။လို့ဆိုလိုက်ရပါတယ်။ ဒီလိုသာပြုကျင့်မယ်ဆိုရင်- ဘယ်အမြင်နဲ့မြင်မြင် အကုသိုလ်ကင်းစင်ပြီး ကုသိုလ်တရား တိုးပွားတဲ့အတွက် မှတ်သားလိုက်နာထိုက်ပါတယ်၊ ဒီညွှန်ကြားချက်ဟာ- အဘိဓဇ မဟာရဋ္ဌဂုရု ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓ(မစိုးရိမ်ဆရာတော်ဘုရားကြီး) ရဲ့ညွှန်ကြားချက် ဖြစ်ပါတယ်၊ပိဋကတ်ကို ခြုံမိ ငုံမိတဲ့ညွှန်ကြားချက် ဖြစ်တဲ့အတွက် တစ်သက်လုံး စွဲမြဲစွာ လိုက်နာ ကျင့်သုံးထိုက်ပါတယ်လို့မျှဝေပေးလိုက်ပါတယ်။ ဓမ္မရံသီမှတဆင့် 🆙TT

photo content