uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

Shambhala 𓅓

Shambhala 𓅓

Kanalga Telegram’da o‘tish

စိတ်ဝင်စားဖို့ကောင်းတဲ့ Historyနဲ့ ပတ်သတ်တာတွေ၊ဗဟုသုတများစွာရရှိသော Knowledge တွေ၊ Poemတွေကို Shambhala တွင် အခမဲ့ တင်ဆက်ပေးနေပါသည်။ အကောင်းဆုံးဖြစ်အောင်တင်ဆက်နေတာမို့ Join ပေးပါ။ Owner - @Akojitanakha

Ko'proq ko'rsatish
544
Obunachilar
+124 soatlar
Ma'lumot yo'q7 kun
-330 kun
Postlar arxiv
Morning Routine ကောင်း" တစ်ခုက ဘဝကိုအများကြီးပြောင်းလဲပစ်နိုင်တယ်။ - အခြေအ‌နေတွေကို ပြောင်းလဲပစ်နိုင်တယ်။ မနက်ခင်းကိုနိုင်ရင် တစ်ရက်လုံးကိုအနိုင်ရပြီပဲတို့။မနက်ပိုင်းကင့ါအတွက်ပဲဆိုတယ့် စကားတွေကို ကြားဖူးမယ်ထင်တယ်။ Famous Influencer တစ်ယောက်ဖြစ်တယ့် Ashton Hall ရဲ့ Life Change သွားတာကလည်း သူ့ရဲ့Morning Routine ကြောင့်ပါလို့ အတိအလင်း အကြံပြုပြောဆိုထားပါတယ်။ ဒါ့ကြောင့် - ကိုယ်နဲ့အပ်ဆက်တယ့်ကိုက်တယ့် Routine တစ်ခုကိုအချိန်ပေး ပုံဖော်ပါပြီးရင် Consistency ရှိရှိ ကြိုးစားလုပ်ဆောင်ပါ။ အမြဲအိမ်မက်မက်နေကတယ့်ပြောင်းလဲမှုနဲ့တိုးတက်မှုတွေ အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ Maveရဲ့ Morning Routine အကြမ်းကိုသိချင်ရင်လည်း @MILA50XM မှာလာရောက်တောင်းကြည့်လို့ရပါတယ်။ 🗣 #MɪʟᴀXNᴏᴠɪᴜs

နွေတစ်ခေါက် ရွက်ဝါလှိုင်လှိုင်၊ ကြွေကျမြိုင်လှ ဂနိုင်တစ်ခွင်၊ ရွက်ကြွေပြင်သို့ အသင်တစ်နေ့၊ ကြုံတွေ့ရမည်။ ဖူးငုံတစ်ထွေ၊ စိမ်းဆ
နွေတစ်ခေါက် ရွက်ဝါလှိုင်လှိုင်၊ ကြွေကျမြိုင်လှ ဂနိုင်တစ်ခွင်၊ ရွက်ကြွေပြင်သို့ အသင်တစ်နေ့၊ ကြုံတွေ့ရမည်။ ဖူးငုံတစ်ထွေ၊ စိမ်းဆွေတစ်‌သွင် မြေပြင်တစ်လွင့်၊ ပျက်ဆင့်တစ်ဖုံ လောကဘုံတွင်၊ ဝသုန်‌အခြေ လေဆွယ်ရာသို့တည်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-လင်္ကာ

photo content

​✨ သီတင်းကျွတ်လနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ✨
​🌸 မြန်မာလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးအရ အထူးမြတ်နိုးစရာကောင်းတဲ့ သီတင်းကျွတ်လ အကြောင်း သိထားသင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ် 🪷
​🌕 1⃣ သီတင်းကျွတ်လ၏ အဓိပ္ပာယ်
​📅 မြန်မာပြက္ခဒိန်ရဲ့ ခုနစ်လမြောက်ဖြစ်ပြီး၊ မိုးဥတုကုန်ဆုံးလို့ ဆောင်းဥတုသို့ ကူးပြောင်းတဲ့ ကာလဖြစ်ပါတယ်။ 🌦️➡️❄️ ​🌸 သီတင်းကျွတ်လပြည့်နေ့ဟာ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်လည်ကြွမြန်းတော်မူခဲ့တဲ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်အရေးပါတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ 🙏✨
​🏮 2⃣ သီတင်းကျွတ်မီးထွန်းပွဲတော် (မြန်မာတို့၏ မေတ္တာပွဲတော်)
​🕯️ ဘုရားရှင် လူ့ပြည်သို့ ကြွလာစဉ် လူနတ်တို့က ဆီမီးတန်ဆောင်တွေ ထွန်းညှိ၍ ကြိုဆိုခဲ့ကြတာကို အစွဲပြုပြီး ကျင်းပကြပါတယ်။ 🙌 ​🏡 နေအိမ်တွေ၊ လမ်းတွေမှာ ဆီမီး၊ ဖယောင်းတိုင်၊ လျှပ်စစ်မီးတွေ ထွန်းညှိခြင်းနဲ့ မီးပုံးပျံလွှတ်ခြင်းတွေကို ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်။ 🎆🏮
​🙏 3⃣ ဘိုးဘွားမိဘကို ကန်တော့ခြင်းနှင့် ကုသိုလ်ကောင်းမှုများ
​👵👴 "ဝါကျွတ်" တဲ့လလည်းဖြစ်တာကြောင့် မိဘဘိုးဘွားတွေ၊ ဆရာသမားတွေကို ရိုသေစွာ ကန်တော့ခြင်း၊ တောင်းပန်ကန်တော့ခြင်းနဲ့ မေတ္တာခံယူကြတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်လည်း ဖြစ်ပါတယ်။ 💐🙇‍♀️ ​📿 လပြည့်ကျော်ရက်တွေမှာတော့ သံဃာတော်တွေအတွက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွေကို စတင်ကျင်းပကြပါတယ်။ 💛🙏 ​🪷 🌸 သီတင်းကျွတ်လသည် မြတ်ဗုဒ္ဓ၏ ကျေးဇူးဆပ်မှုကို အတုယူခြင်း၊ မေတ္တာတရားကို အခြေခံခြင်းတို့ဖြင့် မြန်မာ့လူ့ဘောင်ကို အလှဆင်ပေးနေသည့် လတစ်လပင် ဖြစ်ပါသည်။ 🌸 #Moe #Thadingyut #General_Knowledge #Myanmar_Traditional #Forward_only

ကောင်းတယ့်အဆိုတစ်ခုရှိတယ်: တော်တယ့်သူတွေနဲ့နေရင် ကိုယ်လည်းတော်လာမယ်။ ချမ်းသာတယ့်သူနဲ့နေရင် ကိုယ်လည်း ချမ်းသာလာမယ်။ ဆင်းရဲတယ့်သူနဲ့နေရင် မင်းလည်းဆင်းရဲမယ်။ မကောင်းတယ့်သူနဲ့နေရင် မင်းလည်းမကောင်းတယ့်သူဖြစ်လာမယ်။ - ပြောဆိုဆက်ဆံတယ့်အခါမှာ ငါတို့က Energy တွေသုံးစွဲကတယ်။ ဆိုတော့ စွမ်းအင်ကို မကောင်းတယ့်လူတွေနဲ့မသုံးစွဲပဲ မင်းကိုတစ်ခုခုသင်ပေးနိုင်မယ့်သူ မင်းကိုမြှင့်တင်ပေးနိုင်မယ့်သူမျိုးနဲ့ ပေါင်းသင်းဆက်ဆံပါ။ အထူးသဖြင့် မင်းအားကျရတယ့် Role Model တွေနဲ့ပေါ့။ 🗣 #MɪʟᴀXNᴏᴠɪᴜs 💼 @THEICONICROU 📈 @HYPE8_OFFICIAL

အလွယ် မလိုက်ဘူး အလို မလိုက်ဘူး ကိုယ့်ထက်ပိုပြီး ဘယ်သူ့မှ မကြိုက်ဘူး... ပေါ့ပေါ့ပါးပါး နေဖို့ကို လေးလေးနက်နက် တွေးခေါ်ခဲ့ရပါတယ် ...။ -ခက်သီ

မင်း သစ်ပင်တစ်ပင်စိုက်တယ့်အခါ သူကြီးထွားဖို့ အချိန်များစွာပေးကမယ်ဆိုတာ မင်းသိတယ်။ ဒါပေမယ့် မင်းအဲ့တာကို ဂရုမစိုက်ဘူး။ သစ်ပင်ကြီးကိုပဲမင်းစောင့်ကြည့်တယ်၊ရေလောင်းတယ်၊ဂရုစိုက်တယ်၊အချိန်ပေးတယ်။ မြန်မြန် နဲ့ ညတွင်းချင်းကြီးမလာလို့ မင်းဒေါသမထွက်ဘူး၊ မလောဘူး။ ဒီဖြစ်စဉ်က ကြာမယ်ဆိုတာ မင်းသိတယ်၊မင်းအချိန်ပေးတယ်၊မင်းစောင့်တယ်။ အချိန်တစ်ခုရောက်တော့ သစ်ပင်ကြီးက အကိုင်းအခတ်များစွာနဲ့‌ ဝေဆာပြီး အရိပ်လည်းရ၊အသီးလည်းရတယ့် အပင်ကောင်းတစ်ပင်ဖြစ်လာတယ်။ ထက်မြက်တယ့် စီးပွားရေးပညာရှင်တစ်ချို့ကလည်း ဒီသဘောတရားအတိုင်းပဲ လုပ်ငန်းတွေကို စတင်ကြတယ်။ 🗣 #MɪʟᴀXNᴏᴠɪᴜs 💼 @THEICONICROU 📈 @HYPE8_OFFICIAL

မချစ်တဲ့သူကို နေ့စဉ်မျက်စိအောက်မှာ မြင်နေရတာထက် ချစ်သောသူကို ဘယ်လောက်အဝေးမှာရှိရှိ အသဲနှလုံးမှာ ပိုင်သိမ်းထားနိုင်တဲ့ဘဝက ပိုပျော်ဖို့ ကောင်းပါတယ် ။ - တက္ကသိုလ်ဘုန်းနိုင်

ချစ်ခဲ့တာလည်း အတည် မဖြစ်တော့ဘူးဆိုတာလည်း အတည် ဘယ်အရာမှ ရယ်စရာမဖြစ်ပါဘူး။ -စိုင်းဝင်းမြင့်

ကိုယ့်ကိုကို မချစ်တတ်သေးသ၍ ကိုယ့်ကိုချစ်တယ့်သူကိုရမှာမဟုတ်ဘူး။ ကိုယ့်ကိုကိုချစ်ပြီး အာရုံစိုက်၊အစွမ်းအစတက်လာမှ၊ထုတ်ပြလာနိုင်မှ ကိုယ့်ကိူ အားကိုးချင်သူ၊သဘောကျသူ၊ချစ်ဝာယ့်သူက လာမှာ။ #MɪʟᴀXNᴏᴠɪᴜs

ခက်ခဲတဲ့အခါ ပိုပြီးလက်တွဲရတယ် ။ လက်လည်း ဆေးတယ် ဘယ်တော့မှလည်း လက်တွဲ မဖြုတ်တယ် ။ ဘယ်ကမ္ဘာမဆို နှလုံးသားအလိုအရပဲ အရင်လို ကမ္ဘာကြီးကို ပြန်မလိုပါဘူး အခုလို ကမ္ဘာထဲမှာကိုပဲ တစ်ယောက်ကိုတစ်ယောက် လိုတယ် ။ -စိုင်းဝင်းမြင့်

ခွင့်လွတ်ပါ ...   လေထဲဆောက်ခဲ့မိတဲ့ အိမ်တွေအတွက် တိမ်တွေကို အားနာရပါတယ်  ။    -မောင်ခက်လူ

Social media တွေမှာ passive income အနေနဲ့ရှာလို့ကောင်းမယ့် အလုပ်များနဲ့ ဘယ်လိုလုပ်ကမလဲဆိုတဲ့ tips များ Social media မှာ passive income ရဖို့ အကောင်းဆုံးနည်းလမ်းတွေက Affiliate Marketing, Digital Products ရောင်းတာ, Ad Revenue, နဲ့ Membership/Subscription တွေ ဖြစ်ပါတယ်။ • Passive Income ရနိုင်တဲ့ အဓိက နည်းလမ်းများ ### 1. Affiliate Marketing (အသင့်တော်ဆုံး) - Brand တွေရဲ့ product/service တွေကို ကိုယ့် link နဲ့ promote ပေးပြီး ဝယ်ယူမှုဖြစ်တိုင်း commission ရတာပါ။ - ဘာကြောင့်ကောင်းလဲ: တစ်ခါတင်လိုက်ရင် evergreen content အနေနဲ့ ရေရှည် commission ဆက်ရနိုင်ပါတယ်။ - စလုပ်နည်း: ကိုယ်သုံးဖူးပြီး ယုံကြည်တဲ့ product တွေကို ရွေးပါ။ Amazon Associates, ShareASale, သို့မဟုတ် local brand တွေရဲ့ affiliate program တွေကို join လုပ်ပါ။ ### 2. Digital Products ရောင်းချခြင်း - E-book, template, preset, course, printable, design asset တွေလိုမျိုး တစ်ခါဖန်တီးပြီး ထပ်ထပ်မရောင်းနိုင်တဲ့ product တွေပါ။ - Platform: Gumroad, Etsy, Teachable, သို့မဟုတ် ကိုယ့် website မှာတင်ရောင်းနိုင်ပါတယ်။ - Tip: ကိုယ့် audience အများဆုံး engage ဖြစ်တဲ့ topic ကို လေ့လာပြီး product ဖန်တီးပါ။ ### 3. Ad Revenue (YouTube, Facebook, TikTok) - Content တွေ viral ဖြစ်ပြီး view များလာရင် platform က ပေးတဲ့ ad revenue ရပါတယ်။ - YouTube: Watch time များအောင် အာရုံစိုက်ပါ။ - Facebook/TikTok: Reels/Shorts တွေကို ပုံမှန်တင်ပြီး creator fund/fan tips ရယူနိုင်ပါတယ်။ ### 4. Membership/Subscription Content - Patreon, Ko-fi, သို့မဟုတ် Facebook Subscription မှာ exclusive content တွေထည့်ပြီး monthly fee ယူတာပါ။ - ဥပမာ: Tutorial series, behind-the-scenes, Q&A session တွေကို member-only အနေနဲ့ ပေးတာမျိုးပါ။ ### 5. Sponsored Content & Brand Partnerships - Follower အနည်းငယ်ရှိရင်တောင် micro/nano influencer အနေနဲ့ brand တွေနဲ့ partnership လုပ်နိုင်ပါတယ်။ - UGC (User Generated Content) ဖန်တီးပေးပြီး တစ်ခါရိုက်ကူးထားတဲ့ content ကို brand က ထပ်သုံးခွင့်ယူတဲ့အခါ recurring income ရနိုင်ပါတယ်။ ------------------------------------------------- [ 🔺Quality Content အရှည်နဲ့ ကျန်သေးတယ့် Tips & Tricks တွေကို HYPE8 SELF-IMPROVEMENT COURSE မှာ Paid Subscription နဲ့ဝယ်ယူလို့ရနေပါပြီ။ 🔻 ] 🔹Course စုံစမ်းရန် - @HYPE8_OFFICIAL 🔹 Author - @MILAXNOVIUS_CXM 🔹 Channel - @THEICONICROU ------------------------------------------------- 🗣 #MɪʟᴀXNᴏᴠɪᴜs

စာရှည်​နေလို့ပုံမဆန်လို့ rp ပြန်ပြီးတင်လိုက်တာပါရှင့်။ #Moe
စာရှည်​နေလို့ပုံမဆန်လို့ rp ပြန်ပြီးတင်လိုက်တာပါရှင့်။ #Moe

🇲🇭 ကမ္ဘာ့အချမ်းသာဆုံးကနေ ဒေဝါလီခံလက်ရတဲ့ “နော်ရူး” (Nauru) နိုင်ငံအကြောင်း 🏝️
တစ်ချိန်က ကမ္ဘာပေါ်မှာ တစ်ဦးချင်းဝင်ငွေ အမြင့်ဆုံးနဲ့ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးပေမဲ့ အခုချိန်မှာတော့ အားလုံးပျက်စီးသွားခဲ့တဲ့ ပစိဖိတ်သမုဒ္ဒရာထဲက နိုင်ငံငယ်လေးတစ်နိုင်ငံအကြောင်း သိကြပါသလား...❓ 🇳🇷 ဒီနိုင်ငံလေးရဲ့ နာမည်ကတော့ “နော်ရူး” (Nauru) ဖြစ်ပါတယ်။ 🇸🇲 ဧရိယာ ၈ စတုရန်းမိုင်ခွဲပဲ ရှိပြီး စိန့်မာရီနိုနဲ့ ဗာတီကန်ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် အသေးဆုံး နိုင်ငံဖြစ်ပါတယ်။ 🇻🇦🌍
ပင်လယ်ငှက်များကြောင့် ချမ်းသာခဲ့ပုံ 💰✨
🐦 နော်ရူးကျွန်းဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ပင်လယ်ငှက်တွေ လာရောက် စွန့်ပစ်ခဲ့တဲ့ အစို့အကောက် (Guano) တွေကြောင့် အရည်အသွေးမြင့် “ဖော့စဖိတ်” (Phosphate) သတ္တုသိုက်ကြီး ပေါ်မှာ တည်ရှိနေခဲ့တာဖြစ်ပါတယ်။ 👑 💸 ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ ဖော့စဖိတ်တွေကို တူးဖော်ရောင်းခဲ့ရင်း နော်ရူးပြည်သူတွေဟာ ရွှေပုံပေါ် ထိုင်ခဲ့ရပါတယ်။ 🏠 🏥 အစိုးရက အခွန်လွတ်ပေးရုံတင်မကဘဲ အိမ်၊ ဆေးကုသမှု၊ ပညာရေးနဲ့ လျှပ်စစ်မီးတွေကိုပါ အခမဲ့ ပေးခဲ့ပါတယ်။ 🎓 🆓💡
လောဘနောက်ကို လိုက်ရင် ပျက်စီးသွားခြင်း ⚠️ 🚧
💎 သဘာဝသယံဇာတဆိုတာ ကုန်ခမ်းတတ်မှန်း မသိဘဲ လွန်လွန်ကဲကဲ တူးဖော်ခဲ့ကြတဲ့အတွက် ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ ဖော့စဖိတ်တွေ လုံးဝ ကုန်သလောက် နီးပါး ဖြစ်သွားခဲ့ပါတယ်။ ⛔ 🗿🏭 အဆိုးဆုံးကတော့ သတ္တုတူးဖော်မှုတွေကြောင့် ကျွန်းရဲ့ ၈၀ ရာခိုင်နှုန်း မှာ သစ်ပင်ဝါးပင် လုံးဝ မပေါက်နိုင်တော့ဘဲ ထုံးကျောက်တုံးကြီးတွေပဲ ကျန်ခဲ့တဲ့ မြေရိုးပြင်ကြီး ဖြစ်သွားခဲ့ပါတယ်။ စီးပွားရေး လုံးဝပြိုလဲသွားပြီး နိုင်ငံရဲ့ ဘဏ္ဍာရေးဟာလည်း ဒေဝါလီခံလက်ရပါတယ်။ 🏚️🚫
အံ့ဩဖွယ် ဆန်းပြားတဲ့ အချက်များ 💡
✨ မြို့တော်မရှိတဲ့ နိုင်ငံ: နော်ရူးမှာ တရားဝင် မြို့တော် ရယ့်လို့ လုံးဝ မရှိပါဘူး။ 🏙️❓
✨ မိနစ် ၃၀ နဲ့ တစ်နိုင်ငံလုံးအနှံ့
နိုင်ငံပတ်လမ်းအတိုင်း ကားမောင်းရင် မိနစ် ၃၀ ဆို တစ်နိုင်ငံလုံးကို ပတ်လို့ပြီးသွားပါတယ်။ 🚗 ⏱️
✨ ဩစတြေးလျရဲ့ ဒုက္ခသည့်စခန်း
🇦🇺🛳️ စီးပွားရေး ပျက်စီးသွားချိန်မှာ ဩစတြေးလျကို ပင်လယ်ရေကြောင်းကလာတဲ့ ဒုက္ခသည့်တွေကို လက်ခံထိန်းသိမ်းပေးတဲ့ စခန်းဖွင့်ပြီး အစိုးရထံမှ ထောက်ပံ့ကြေးနဲ့ ရပ်တည်ခဲ့ရပါတယ်။ ⛺
သမိုင်းပေးတဲ့ သင်ခန်းစာ 📖
🔄 ရေရှည်စီမံကိန်းမရှိဘဲ ခဏတာ စည်းစိမ်းနောက်ကိုပဲ လိုက်ခဲ့ကြရင် ဘယ်လောက်ပဲ ကြွယ်ဝပါစေ နောက်ဆုံးမှာ ပျက်စီးခြင်းနဲ့ပဲ ရင်ဆိုင်ရတတ်တယ်ဆိုတာ နော်ရူးနိုင်ငံရဲ့ သမိုင်းက သက်သေပြနေပါတယ်။ ⌛ #Moe #Nauru #History_Facts #Geography #Forward_only

ပန်းမပွင့်တဲ့ ကမ္ဘာမှာ ဘယ်ပျားက ကြာကြာတောင့်ခံနိုင်မလဲ သန်မာတယ်ဆိုတာလဲ မင်းရှိမှ...။ -အောင်ချိမ့်

အချိန်ဟာ ငွေထက် ပိုတန်ဖိုးရှိပါတယ်။ အချိန်ဟာ ငွေထက် ပိုတန်ဖိုးရှိပါတယ်။ ကောင်းတယ့်နေရာမှာ အချိန်ဖြုန်းခြင်းအားဖြင့် ငွေရပြီး အချိန်ကိုတော့ လုံးဝမရပါဘူး။ ⏳ ကမ္ဘာပေါ်ရှိ ကြိုက်တယ့် ချမ်းသာကြွယ်ဝမှုနဲ့ အချိန်ကို ဝယ်ချင်ရင်တောင် ဝယ်လို့မရဘူး။ ဒါကြောင့် မေ့ဗ်တို့ သတ်မှတ်ထားတဲ့ အချိန်ကို ဘယ်လိုသုံးစွဲလဲဆိုတာ နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။ 🗣 #MɪʟᴀXNᴏᴠɪᴜs @THEICONICROU

နောက် နှစ်နည်းနည်းကြာရင် ဘယ်လိူပုံစံဖြစ်ချင်လဲ။ အဲ့ဒါဆိုရင်တော့ အခုထဲကပုံသွင်းသွားမှရမယ်။ #MɪʟᴀXNᴏᴠɪᴜs @THEICONICROU

အခုထိ ရှိနေကြသေးသော admin တွေကိုလည်း အထူးကျေးဇူးတင်ပါတယ် #Taninekha

မြင်တဲ့အတိုင်းပဲဗျို့ ချန်နယ်က ပျက်တော့မှာပဲဖြစ်ပါတယ် 2022ထဲကရော ခုထိပါ ကြည့်ရှု့ခဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်ဗျာ #Taninekha