ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

Shambhala 𓅓

Shambhala 𓅓

前往频道在 Telegram

စိတ်ဝင်စားဖို့ကောင်းတဲ့ Historyနဲ့ ပတ်သတ်တာတွေ၊ဗဟုသုတများစွာရရှိသော Knowledge တွေ၊ Poemတွေကို Shambhala တွင် အခမဲ့ တင်ဆက်ပေးနေပါသည်။ အကောင်းဆုံးဖြစ်အောင်တင်ဆက်နေတာမို့ Join ပေးပါ။ Owner - @Akojitanakha

显示更多
533
订阅者
无数据24 小时
-47 夊
-1230 夊
帖子存档
အချစ်မျက်ဝန်း သူ့မျက်ဝန်းမှာ ပြာလဲ့ကာ မလင်း‌သော်လည်း ဝင်းပလို့ဗျာ။ တစ်ချက်ဝေ့ရာ ကြာရှည်စွဲ ညှို့အား။ ကိုယ့်မှာတော့ သူမှသူ မာနတွေ မြေခလို့ နေလထက် ပိုလှတဲ့ အကြည့်ချက်ကား။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-တြိချိုး
15 11㜈, 10:16

​🌿 တိရစ္ဆာန်တွေရဲ့ သဘာဝအကြောင်း 🐙 ​✨ ရေဘဝဲ (Octopus) တို့ ၏ ထူးဆန်းတဲ့ စွမ်းရည်များ ✨ ​💙 ရေဘဝဲတွေမှာ နှလုံး သုံးခု (Three
​🌿 တိရစ္ဆာန်တွေရဲ့ သဘာဝအကြောင်း 🐙
​✨ ရေဘဝဲ (Octopus) တို့ ၏ ထူးဆန်းတဲ့ စွမ်းရည်များ ✨
​💙 ရေဘဝဲတွေမှာ နှလုံး သုံးခု (Three Hearts) ပိုင်ဆိုင်ထားပြီး သွေးအရောင်မှာလည်း လူတွေလို အနီရောင်မဟုတ်ဘဲ အပြာရောင် (Blue Blood) ဖြစ်နေတာက အံသြစရာပါပဲရှင့်။ ​🧠 ဒါတင်မကသေးဘဲ သူတို့ရဲ့ ဦးနှောက်က တစ်ခုတည်းမဟုတ်ဘဲ ကိုယ်လက်အင်္ဂါ (လက်တံ) တွေပေါ်မှာပါ အာရုံကြောဆဲလ်တွေ သီးသန့်ရှိနေတဲ့အတွက် ဦးနှောက် အာရုံစိုက်စရာမလိုဘဲ လက်တံတွေက အလွတ်သဘော လှုပ်ရှားနိုင်စွမ်း ရှိကြပါတယ်။ ​🎨 ပတ်ဝန်းကျင်နဲ့အညီ အရောင်ချက်ချင်းပြောင်းလဲနိုင်စွမ်း (Camouflage) အလွန်ကောင်းမွန်တဲ့အတွက် ရန်သူ့ဘေးကနေ အလွယ်တကူ ကာကွယ်လွတ်မြောက်နိုင်ကြပါတယ် ရှင့် 🤎🌊 #Moe #Ocean_Life #Nature_Facts #Knowledge_Sharing #Forward_only
14 11㜈, 10:47

လွမ်းရာမြေ အလွမ်းဓာတ်တို့ စုဆုံလို့ ပို့သမေတ္တာရေ။ သံယောဇဉ်ကြိုး ရစ်နှောင်ထိုး မြတ်နိုးမှုတို့ဝေ။ ရင်ခွင်ချမ်းမြ ချစ်သုခ တသက်စာပါလေ။ အမြဲမပြတ် တို့ရေစက် လက်ထက်နိုင်အောင်ပေ။ သစ္စာကမ္ဘာ တိုင်တည်ရာ ထာဝရချစ်စေ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်
12 11㜈, 10:11

ပြုံးပါ‌လေ အသားညိုသူ စိတ်တိုလျက် ပြုံးပြ။ စိတ်နှလုံးတွင် အပြုံးပန်း ဝေစေဖို့ ပျော်လေသတဲ့ အချစ်က။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌ဒွေးချိုး
10 11㜈, 20:34

🌲 သစ်တောသဘာဝအကြောင်း အံ့ဖွယ် Fact ✨ သစ်ပင်တွေရဲ့ လျှို့ဝှက်ဆက်သွယ်ရေး သစ်ပင်တွေဟာ မြေအောက်က မှိုမျှင်ကွန်ရက်တွေ (Mycorrhizal
🌲 သစ်တောသဘာဝအကြောင်း အံ့ဖွယ် Fact
✨ သစ်ပင်တွေရဲ့ လျှို့ဝှက်ဆက်သွယ်ရေး သစ်ပင်တွေဟာ မြေအောက်က မှိုမျှင်ကွန်ရက်တွေ (Mycorrhizal Network / Wood Wide Web) ကို အသုံးပြုပြီး တစ်ပင်နဲ့တစ်ပင် အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ကြပါတယ်။ 🌐 🍃 သစ်ပင် တစ်ပင်ပင် မှာ ရောဂါကျတာ သို့မဟုတ် အန္တရာယ်ကြုံလာပြီဆိုရင် အဲဒီကွန်ရက်ကနေတဆင့် အနီးနားက သစ်ပင်တွေကို ကြိုတင်သတိပေးချက်တွေ ပို့ပေးနိုင်ကြပြီး အာဟာရဓာတ်တွေကိုပါ အချင်းချင်း မျှဝေကူညီပေးကြပါတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ် ရှင့် 🔬🤎 ​#Moe #Knowledge_Sharing #Nature_Facts #Forward_only
09 11㜈, 11:56

​🌿 သဘာဝတရားမှ အတုယူသော နည်းပညာ Fact 🚅 ​✨ ငှက်ကျားနှုတ်သီးနှင့် Shinkansen အမြန်ရထား ​ဂျပန်ရဲ့ Shinkansen အမြန်ရထားတွေဟာ ဥမင
​🌿 သဘာဝတရားမှ အတုယူသော နည်းပညာ Fact 🚅
​✨ ငှက်ကျားနှုတ်သီးနှင့် Shinkansen အမြန်ရထား ​ဂျပန်ရဲ့ Shinkansen အမြန်ရထားတွေဟာ ဥမင်လိုဏ်ခေါင်းထဲ ဝင်တဲ့အခါ လေဖိအားကြောင့် ကျယ်လောင်ဆူညံတဲ့ အသံကြီး ထွက်ပေါ်လေ့ရှိပါတယ်။​ 🚇 ​🦅 ဒီပြဿနာကို ဖြေရှင်းဖို့ အင်ဂျင်နီယာတွေဟာ ရေထဲကို အသံမမြည်ဘဲ ငုပ်ဆင်းနိုင်တဲ့ "ငှက်ကျား" (Kingfisher) ရဲ့ နှုတ်သီးပုံစံကို ရထားနှာခေါင်းပိုင်းမှာ အတုယူ တည်ဆောက်ခဲ့ကြပါတယ်။​ ⚡ 🔇 ​အဲဒီလို တီထွင်လိုက်တဲ့အတွက် ဆူညံသံတွေ ပျောက်ကွယ်သွားရုံသာမက လေထုခံအား လျော့နည်းသွားလို့ လျှပ်စစ်မီးသုံးစွဲမှုကိုပါ ၁၅% အထိ သက်သာစေခဲ့ပါတယ်ရှင့် 🤎🍃 #Moe #Knowledge_Sharing #Nature_Facts #Biomimicry
09 11㜈, 11:38

​🌿 သဘာဝတရားမှ အတုယူသော နည်းပညာ Fact (2) 🦇 ​✨ လင်းနို့ (Bat) ၏ ပဲ့တင်သံရှာဖွေခြင်း (Echolocation) နှင့် ဆိုနာ (SONAR) နည်းပည
​🌿 သဘာဝတရားမှ အတုယူသော နည်းပညာ Fact (2) 🦇
​✨ လင်းနို့ (Bat) ၏ ပဲ့တင်သံရှာဖွေခြင်း (Echolocation) နှင့် ဆိုနာ (SONAR) နည်းပညာ ✨
​🌌 ညဘက်အမှောင်ထဲမှာ ပျံသန်းကြတဲ့ လင်းနို့တွေဟာ မျက်စိမမြင်ရပေမဲ့ သူတို့ရဲ့ ပါးစပ် (သို့မဟုတ်) နှာခေါင်းကနေ အသံလှိုင်းတွေ ထုတ်လွှတ်ပြီး အတားအဆီးတွေကို လုံးဝမတိုက်မိဘဲ အလွန်ကျွမ်းကျင်စွာ ပျံသန်းနိုင်ကြပါတယ်။ ​🌊 အဲဒီသဘာဝစွမ်းရည်ကို အတုယူပြီး သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေဟာ သင်္ဘောတွေ ရေအောက်မှာ နေရာအတိအကျ ရှာဖွေဖို့နဲ့ အတားအဆီးတွေကို ရှောင်ရှားနိုင်ဖို့အတွက် SONAR (Sound Navigation and Ranging) လို့ခေါ်တဲ့ ပဲ့တင်သံရှာဖွေရေး နည်းပညာကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ ​✈️🩺 ဒါတင်မကသေးဘဲ ရေငုပ်သင်္ဘော၊ လေယာဉ် Radar စနစ်တွေနဲ့ ဆေးပညာသုံး Ultrasound (အာထရာဆောင်း) စက်ပစ္စည်းတွေဟာလည်း ဒီလင်းနို့တွေရဲ့ ပဲ့တင်သံ သဘောတရားကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တာပါရှင့် 🤎🦇 #Moe #Knowledge_Sharing #Nature_Facts #Biomimicry
08 11㜈, 10:53

​🦊 တိရစ္ဆာန်တွေရဲ့ သဘာဝအကြောင်း ​✨ သဘာဝတရားရဲ့ အံ့ဖွယ် လက်ရာ ​မြေခွေး (Fox) တွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်း (Magnetic Field) ကို
​🦊 တိရစ္ဆာန်တွေရဲ့ သဘာဝအကြောင်း
​✨ သဘာဝတရားရဲ့ အံ့ဖွယ် လက်ရာ ​မြေခွေး (Fox) တွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်း (Magnetic Field) ကို ကိုယ်တိုင်ခံစားသိရှိနိုင်တဲ့ စွမ်းအားရှိပါတယ်။ 🌍 🌾 သူတို့တွေက မြက်ရှည်တွေကြားထဲကနေ ကြွက်တွေကို အမဲလိုက်တဲ့အခါ ကမ္ဘာ့သံလိုက်စက်ကွင်းကို အသုံးချပြီး မြောက်ဘက်မျက်နှာမူကာ အတိအကျ ခုန်အုပ်တတ်ကြပါတယ်။ 🐁 🧭 ⬆️🎯 ​အဲဒီလို မြောက်ဘက်ကို မျက်နှာမူပြီး ခုန်တဲ့အခါ အမဲလိုက်အောင်မြင်နှုန်းက ပုံမှန်ထက် နှစ်ဆလောက် ပိုများတယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြပါတယ် ရှင့် 📈🔬🤎 ​#Moe #Knowledge_Sharing #Animal_Facts #Forward_only
08 11㜈, 10:12

ကဗျာသစ္စာ
ကဗျာရည်ချင်း၊ လက်ရာထင်းကာ အဆင်းကာရန်၊ ကလောင်ဟန်နှင့် တန်ဆာဆင်ယင်၊ ကျွန်ုပ်ဉာဉ်သည် ယှဉ်တုမရှိ၊ နှိုင်းမဲ့ဘိနှယ် နတ္ထိဘဝင်၊ ဂုဏ်အလင်္ကာ ကြင်အင်လေးစား၊ ရိုးရာများကို အံ့ဓားကလောင်၊ နရီဆောင်ကြဥ်း အောင်စည်ယွန်းစဥ်၊ ဂန္ထဝင်ပန်း တမ်းတလိုက လှမ်းစေသော်ဝ်။ - အံ့လွန်းပျို လူ့လောကဝယ်၊ လက်ရာကြွယ်လို့ ရေးဖွယ်မှတ်စ၊ ဘဝချင်းပြိုင် နိုင်လိုစိတ်ထား၊ မသိုအားလျက် ရိုးသားတည်ကြည်၊ ဖြောင့်ချည်ဟန်ဖြင့် ဂုဏ်တင့်ချင်မိ၊ အသိစိတ်၌ ငြိသွယ်ခိုက်တွင်၊ မီးမြှိုက်စည်းကား မရှိထားဘဲ၊ လမ်းမှားမရောက် လမ်းမှန်‌ဖောက်၍၊ ဆိပ်တောက်ကင်းဝေး ရင်၌နွေးသော၊ လောကတခွင် ထင်ကျန်ဆေးစက်ဖြစ်ချင်သော်ဝ်။ - လိပ်ပြာ
07 11㜈, 10:28

​🌙 အာကာသနဲ့ သိပ္ပံအကြောင်း ​👣 လပေါ်မှာ ဘယ်တော့မှ ပျက်စီးမသွားနိုင်တဲ့ ခြေရာများ 👨‍🚀 ​​🌙အာကာသယာဉ်မှူးတွေ လပေါ်မှာ လမ်းလျှ
​🌙 အာကာသနဲ့ သိပ္ပံအကြောင်း
​👣 လပေါ်မှာ ဘယ်တော့မှ ပျက်စီးမသွားနိုင်တဲ့ ခြေရာများ
👨‍🚀 ​​🌙အာကာသယာဉ်မှူးတွေ လပေါ်မှာ လမ်းလျှောက်ခဲ့တုန်းက ကျန်ခဲ့တဲ့ ခြေရာတွေဟာ နှစ်ပေါင်း သန်းနဲ့ချီပြီး ဒီအတိုင်း မပျက်မစီး ရှိနေဦးမှာဖြစ်ပါတယ်။⏳🪨 🌬️ ​ဘာလို့လဲဆိုတော့ လပေါ်မှာ လေထု (Atmosphere) မရှိတဲ့အတွက် လေတိုက်တာ၊ မိုးရွာတာ ဒါမှမဟုတ် ရေတိုက်စားတာမျိုး လုံးဝ မရှိလို့ပဲ ဖြစ်ပါတယ်။ 🌧️ ​အပြင်ဘက်က သက်ရောက်မှု တစ်ခုခု (ဥပမာ - ဥက္ကာပျံ လာမှန်တာမျိုး) မရှိသရွေ့ အဲဒီခြေရာတွေဟာ အာကာသထဲမှာ ထာဝရ ကျန်ရှိနေတာဖြစ်ပါတယ်။ 🌌 #Moe #Knowledge_Sharing #Science_Facts #Space
06 11㜈, 09:56

​🌌 အာကာသနဲ့ သိပ္ပံအကြောင်း ​🌠 အာကာသထဲက ထူးဆန်းတဲ့ အမှန်တရား ⚙️ ​ကမ္ဘာမြေကြီးပေါ်မှာ ဆိုရင် သံချောင်းနှစ်ချောင်း (သို့) သတ္တ
​🌌 အာကာသနဲ့ သိပ္ပံအကြောင်း
​🌠 အာကာသထဲက ထူးဆန်းတဲ့ အမှန်တရား
⚙️ ​ကမ္ဘာမြေကြီးပေါ်မှာ ဆိုရင် သံချောင်းနှစ်ချောင်း (သို့) သတ္တုနှစ်ခုကို တစ်ခုနဲ့တစ်ခု တိုက်မိသွားရင်တောင် ကွဲသွားတာ၊ ဒါမှမဟုတ် သံချေးတက်တာတွေ ဖြစ်တတ်ပါတယ်။ 🚀 🔗 ဒါပေမဲ့ အာကာသထဲမှာ (Vacuum လို့ခေါ်တဲ့ လေဟာနယ်ထဲမှာ) သတ္တုစစချင်း ထိမိသွားတဲ့အခါ "Cold Welding" လို့ခေါ်တဲ့ ဖြစ်စဉ်ကြောင့် အဲဒီသတ္တုနှစ်ခုဟာ တစ်ခုနဲ့တစ်ခု လုံးဝ ပူးကပ်သွားပြီး ပြန်ခွာလို့မရအောင် တစ်သားတည်း ဖြစ်သွားပါတယ်။ 🧲 🌌 #Moe ​#Knowledge_Sharing #Science_Facts #Space
06 11㜈, 09:26

🧠 ဦးနှောက်နဲ့ တွေးခေါ်မှု အကြောင်း ​☕ သိထားသင့်တဲ့ စိတ်ပညာ Fact တိုလေး တစ်ခု 💭 ​လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် အတွ
🧠 ဦးနှောက်နဲ့ တွေးခေါ်မှု အကြောင်း
​☕ သိထားသင့်တဲ့ စိတ်ပညာ Fact တိုလေး တစ်ခု
💭 ​လူတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှအားဖြင့် အတွေးပေါင်း (၆၀,၀၀) ကနေ (၈၀,၀၀၀) အထိ တွေးတောနေကြပါတယ်။⏳ 📉 အံ့သြစရာကောင်းတာက အဲဒီအတွေးတွေရဲ့ ၈၀% လောက်က အပျက်သဘောဆောင်တဲ့ (Negative) ဒါမှမဟုတ် မနေ့က တွေးခဲ့ပြီးသား အတွေးဟောင်းတွေချည်းပဲ ဖြစ်နေတတ်ပါတယ်။ 🌊 ​🌪️ ဒါကြောင့် သင့်အနေနဲ့ တစ်ခါတလေ အကြောင်းပြချက်မရှိဘဲ စိတ်ဖိစီးတာ၊ ပူပန်တာတွေ ဖြစ်လာရင် ဒါဟာ သင့်ဦးနှောက်ရဲ့ သဘာဝအတိုင်း အလိုအလျောက် တွေးနေတဲ့ ပုံစံတစ်ခုပဲဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အများကြီး ဖိအားမပေးမိဖို့ ဂရုစိုက်ပါရှင့်။ 🫂 🤎 #Moe ​#Knowledge_Sharing #Psychology_Facts #Forward_only
05 11㜈, 11:26

စကား မဟုတ်မမှန် သူဆိုပြန် သူ့ဉာဏ်တိမ်နည်း ပြောဆိုမြဲ။ ရန်တိုက်ခံငြင်း စကားကျင်း သတင်းဖြန့်လည်း ပါးစပ်ပဲ။ ဣ‌န္ဒြေအရှက် မထိန်းလျက် နားထက်ညံဆဲ သူ့နှုတ်ရဲ။ သူများမကောင်း သူဆုတောင်း အလောင်းနှယ်ရွဲ စိတ်ဓာတ်မွဲ။ နှုတ်စည်းစောင့်ပါ လုံခြုံစွာ သာယာဆိုနွှဲ နားမှာစွဲ။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-‌သံပေါက်
05 11㜈, 10:31

"Rich Dad & Poor Dad" ဆီက ကျွန်တော်သင်ယူခဲ့ရတဲ့ သင်ခန်းစာခြောက်ခု ၁။ ငွေအတွက်ပဲ အလုပ်မလုပ်ပါနဲ့- ငွေကြေးဆိုင်ရာဗဟုသုတတွေ ဖွံ့ဖြိုးတိုးတက်အောင်နဲ့ ပိုင်ဆိုင်မှုတွေတည်ဆောက်ခြင်းအားဖြင့် ငွေကို သင့်အတွက်အလုပ်လုပ်အောင် သင်ယူပါ။ ၂။ ပိုင်ဆိုင်မှုနဲ့ ပေးဆပ်ရမယ့်တာဝန်တွေကြားက ခြားနားချက်ကို လေ့လာပါ- ပိုင်ဆိုင်မှုက ငွေကို သင့်အိတ်ကပ်ထဲ ထည့်ပေးပြီး ပေးဆပ်ရမယ့်တာဝန်က ငွေကို ထုတ်ပေးပါတယ်။ ဒီကွာခြားချက်ကို နားလည်ခြင်းက သင့်ငွေကို ဘယ်လိုစီမံခန့်ခွဲသလဲဆိုတာကို ပြောင်းလဲစေနိုင်ပါတယ်။ ၃။ ငွေကြေးပညာရေးက အရေးကြီးပါတယ်- ငွေဘယ်လိုအလုပ်လုပ်လဲဆိုတာကို သိရှိခြင်းဟာ ဝင်ငွေရှာသလိုပါပဲ။ ရင်းနှီးမြှုပ်နှံမှု၊ အခွန်၊ စီးပွားရေးလုပ်ငန်းနဲ့ ကိုယ်ရေးကိုယ်တာဘဏ္ဍာရေးအကြောင်း လေ့လာပါ။ ၄။ ကြောက်ရွံ့မှုက သင့်ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မထိန်းချုပ်ပါစေနဲ့- ငွေဆုံးရှုံးမှာကို ကြောက်ရွံ့ခြင်းက သင်ယူပြီး ကြီးထွားဖို့ ကျိုးကြောင်းဆီလျော်တဲ့ အခွင့်အရေးတွေကို မယူနိုင်အောင် တားဆီးနိုင်ပါတယ်။ ၅။ ဝင်ငွေရှာဖို့သာမက သင်ယူဖို့ အလုပ်လုပ်ပါ- အလုပ်တိုင်းက သင့်ကို အဖိုးတန်ကျွမ်းကျင်မှုတွေ သင်ကြားပေးနိုင်ပါတယ်။ အရောင်း၊ ဆက်သွယ်ရေး၊ ခေါင်းဆောင်မှုနဲ့ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဟာ လစာထက်ကျော်လွန်ပြီး အသုံးဝင်နိုင်ပါတယ်။ ၆။ လစာတစ်ခုတည်းကို မှီခိုမယ့်အစား ပိုင်ဆိုင်မှုတွေ တည်ဆောက်ပါ- ရေရှည်ဘဏ္ဍာရေးတိုးတက်မှုဟာ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အခြားဝင်ငွေရှာနိုင်တဲ့ ပိုင်ဆိုင်မှုတွေ တည်ဆောက်ခြင်းကနေ ရရှိနိုင်ပါတယ်။ 🗣 #MɪʟᴀXNᴏᴠɪᴜs | @MILA50XM 💼 #Rᴏᴜᴍᴀᴠᴇ | @THEICONICROU 📈 #HYPE8 | @HYPE8_OFFICIAL
05 11㜈, 00:23

မနက်နိုးလာရင် နေရောင်ခြည်နုနုအစား မင်းမျက်နှာလေးကို မြင်ရမဲ့ နေ့ရက်တွေကို ငါမျှော်လင့်‌နေပါတယ်...။ -အံ့လွန်းပျို
02 11㜈, 10:55

ကိုယ့်ဘဝထဲက လူတွေ ထွက်သွားမယ်ဆိုတာသိပေမဲ့ ဒီလောက်စောမယ်မှန်းသိရင် နောင်တတွေ ဘယ်ရှိခဲ့မလဲ။ -အံ့လွန်းပျို
01 11㜈, 10:45

​💤 အမြဲတမ်း အိပ်ငိုက်နေရတာ ဘာကြောင့်လဲ? (ဘယ်လို ဖြေရှင်းမလဲ?)
​တစ်နေကုန် အိပ်ရေးဝဝ အိပ်ထားပါလျက်နဲ့ အမြဲတမ်း အိပ်ငိုက်နေ၊ နုံးနယ်နေတတ်ပါသလား? ဒီလိုဖြစ်နေတာဟာ ခန္ဓာကိုယ်က အနားယူဖို့ သတိပေးနေတာဖြစ်သလို၊ အောက်ပါအကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် 👇
​🔍 ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းများ
​အိပ်စက်မှု အရည်အသွေး မမီခြင်း🛌
အိပ်ချိန်ပြည့်ပေမဲ့ ညဘက်မှာ ကောင်းကောင်းမအိပ်ပျော်တာ ဒါမှမဟုတ် အိပ်စက်မှုဆိုင်ရာ အနှောင့်အယှက်တွေ ရှိနေတတ်ပါတယ်။
​ရေဓာတ် ခမ်းခြောက်ခြင်း (Dehydration)💧
ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေရင် ဦးနှောက်နဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်ချက် ကျဆင်းပြီး ပင်ပန်းနွမ်းနယ်စေပါတယ်။
​ဗီတာမင်နဲ့ အာဟာရ ချို့တဲ့ခြင်း 💊
ဗီတာမင် B12၊ သံဓာတ် (Iron) နဲ့ ဗီတာမင် D တို့ နည်းပါးတဲ့အခါ ခန္ဓာကိုယ်က အမြဲတမ်း အားကုန်ခမ်းနေတတ်ပါတယ်။
​နေထိုင်စားသောက်မှု ပုံစံ 🥗
လှုပ်ရှားမှု နည်းတာ၊ စိတ်ဖိစီးမှုများတာ၊ ဒါမှမဟုတ် အချိုကဲတဲ့ အစားအစာနဲ့ အသင့်စား မုန့်တွေ အများကြီး စားသုံးမိလို့ဖြစ်ပါတယ်။
​🌱 ချက်ချင်းလက်ငင်း လုပ်ဆောင်နိုင်တဲ့ ဖြေရှင်းနည်းများ
​ရေအေးအေးလေး မှန်မှန်သောက်ခြင်း🚰
ရေဓာတ်ဖြည့်တင်းခြင်းက ဦးနှောက်ကို ချက်ချင်း လန်းဆန်းစေပါတယ်။
​ခဏတာ လမ်းထွက်ခြင်း သို့မဟုတ် လှုပ်ရှားခြင်း🚶‍♀️
၁ နာရီတစ်ကြိမ်လောက် ထပြီး ကိုယ်လက်လှုပ်ရှား Stretching လုပ်တာ (သို့) ၅ မိနစ်လောက် လမ်းလျှောက်တာက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။
​လေဝင်လေထွက် ကောင်းအောင် လုပ်ခြင်း 🪟
အခန်းတွင်း အလင်းရောင်ကောင်းအောင်ထားပြီး လေကောင်းလေသန့် ရအောင် ပြတင်းပေါက်ဖွင့်ပေးရမယ်။
​ပေါ့ပါးတဲ့ အစားအစာကို ရွေးချယ်ခြင်း 🥑
အဆီအအိမ့်နဲ့ အချိုကဲတဲ့ မုန့်တွေအစား အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ အသားဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးရမယ်။
​Power Nap (၁၅ မိနစ်ခန့် အိပ်စက်ခြင်း) ကို သုံးခြင်း ⏰
အိပ်ငိုက်လွန်းလို့ မခံနိုင်တော့ရင် နေ့ခင်းဘက်မှာ မိနစ် ၁၅-၂၀ လောက်သာ အတိုဆုံး အနားယူပါ။ (အချိန်ပိုသွားရင် ပိုပြီး လေးလံတတ်ပါတယ်)
​​💡 သတိပြုရန်
အကယ်၍ အစားအသောက်နဲ့ နေထိုင်ပုံတွေကို ပြင်ဆင်ပြီးတာတောင် ဒီလိုအိပ်ငိုက်တာ ရက်သတ္တပတ်နဲ့ချီပြီး ဆက်ဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ​✨ သိထားသင့်တဲ့ ကျန်းမာရေး ဗဟုသုတလေးဖြစ်လို့ သူငယ်ချင်းတွေအတွက်လည်း ပြန်မျှဝေပေးလိုက်ပါဦးနော်။ 🌳📚 ​#Health_Knowledge #Sleepy #Self_Care #Forward_only
01 11㜈, 10:19

ငါ့ရင်ခွင်ဟာ မင်းအတွက် မှန်တစ်ချက်ဖြစ်ပါရစေ။ မေတ္တာတွေအစား ဥပေက္ခာတွေ ပေးခဲ့လို့ ရင်ကွဲရတဲ့အဖြစ်မျိုးတော့ မရောက်ပါရစေနဲ့ အသက်ရေ...။ -အံ့လွန်းပျို
31 10㜈, 12:00

ရေကိုလိုအပ်တဲ့ ကြာဖူးလေးလို ပန်းဝတ်ရည်ကိုလိုအပ်တဲ့ လိပ်ပြာငယ်လေးလို လက်နက်ကိုလိုအပ်တဲ့ အာဏာရူးတွေလိုပေါ့ အချစ်ရယ်...။ ကိုယ်ဟာလဲမင်းမရှိရင် ဗလာနတ္ထိပါပဲ။ -အံ့လွန်းပျို
30 10㜈, 11:21

မေတ္တာတွေ ပေးမကုန်အောင်ရှိလဲ ယူမဲ့သူမရှိရင် အလကားပဲမလို့ အပေါ်စားထင်တာ မင်းမှန်ပါတယ် ခင်ရေ...။ -အံ့လွန်းပျို
28 10㜈, 11:03