cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Khit Thit Media

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Ko'proq ko'rsatish
Reklama postlari
531 817
Obunachilar
-9824 soatlar
-1 1567 kunlar
-2 16930 kunlar
Post vaqtlarining boʻlagichi

Ma'lumot yuklanmoqda...

Find out who reads your channel

This graph will show you who besides your subscribers reads your channel and learn about other sources of traffic.
Views Sources
Nashrni tahlil qilish
PostlarKo'rishlar
Ulashishlar
Ko'rish dinamikasi
01
Media files
18 2170Loading...
02
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံး ရန်ကုန်၊ မေ ၂၃ မြန်မာနိုင်ငံတစ်ဝန်း မေလ ၂၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
18 0671Loading...
03
Media files
17 6820Loading...
04
မုံရွာမြို့နယ်၊ ကြီးဗဒုံရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား ရန်ကုန်၊ မေ ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးဗဒုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦး သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကြီးဗဒုံရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ "ကြီးဗဒုံရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်တာ စစ်ခွေး ၁၇ ကောင် သေတယ်လို့ တပ်တွင်းဖရဲသီးဆီကနေ ဒီနေ့ သတင်းပို့လာတာပါ။ စစ်ခွေးတွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်၊ RPG တွေ ဟောင်ဝှစ်ဇာတွေ နဲ့ ကျောက်စစ်ပုံ အမြောက်တပ်ကလည်း လက်နက်ကြီး အမြောက်အများပစ်ခတ်လို့ ပြန်လည် ဆုတ်ခွာခဲ့ရတာ" ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖ အဖွဲ့ ၊ ဝလုံးကျေးရွာ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၂ အဖွဲ့ ၊ စာကလေး ကျေးရွာ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၈ အဖွဲ့နှင့် ရွာခံကာကွယ်ရေး အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
17 4580Loading...
05
Media files
18 9810Loading...
06
Media files
18 1070Loading...
07
အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ရန်ကုန်၊ မေ ၂၃ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
16 6690Loading...
08
Media files
16 6450Loading...
09
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာကို ထမင်းတစ်နပ်လှူဒါန်း ရန်ကုန်၊မေ ၂၃ ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာကို စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထမင်းတစ်နပ် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
16 2310Loading...
10
Media files
18 35515Loading...
11
နွားထိုးကြီးတွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး(ရုပ်/သံ) ရန်ကုန်၊ မေ ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့ထံမှ သိရသည်။ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင်ခန့်တွင် ပြင်စည် ကျေးရွာအတွင်းမှ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခက်လန်း-တတ်စည်ကျေးရွာ အနီးတွင် ဂိတ်ချပြီး ပြည်သူများကို စစ်ဆေးမှု ပြုလုပ်နေစဉ် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ Drone ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
18 0511Loading...
12
Media files
19 6460Loading...
13
အမေရိကန်-အာဆီယံဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ငြင်းပယ်ပြီး NUG ကိုယ်စား လှယ်ကို လက်ခံရန် တောင်းဆို ရန်ကုန်၊ မေ ၂၃ အမေရိကန်ပြည်ထောင်စုက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၃၆ ကြိမ်မြောက် အမေရိကန်-အာဆီယံဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ငြင်းပယ်ပြီး NUG ကိုယ်စားလှယ်ကို လက်ခံရန် Defend Myanmar Democracy က အရေးတကြီးတောင်းဆိုကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။ မေလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ၃၆ ကြိမ်မြောက် အမေရိကန်-အာဆီယံ ဆွေးနွေးပွဲကို အမေရိကန်အစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ကျင်းပမည့် အဆိုပါအဆင့်မြင့်အစည်းအဝေးတွင် မြန်မာအကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်များအား ဖယ်ထုတ်ပေးရန် Defend Myanmar Democracy က အရေးတကြီး တောင်းဆိုကြောင်း သိရှိရသည်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရုံးမှ တရားဝင်မှုရှိသော မြန်မာကိုယ်စားလှယ်များကို ဖိတ်ကြားပေးရန်အတွက်လည်း အမေရိကန်အစိုးရနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရများကို တိုက်တွန်းနှိုးဆော်ကြောင်း၊ အဆိုပါအစည်းအဝေးသို့ မြန်မာအကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ခင်သီတာအေး (သို့မဟုတ်) စစ်အုပ်စု၏ လက်အောက်ရှိ ဝါရှင်တန်သံရုံးတာဝန်ခံ သက်ဝင်း တို့တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ကတည်းက ယခုကဲ့သို့သော လက်ခံဖိတ်ကြားမှုသည် လူသားမျိုးနွယ်အပေါ် ကျုးလွန်သော ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကို ကျူးလွန်နေသော တရားမ၀င် အကြမ်းဖက်စစ်အုပ်စုကို တရားဝင်မှုဖြစ်စေသည့် အမေရိကန်အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ပြသာနာတစ်ခုဖြစ်နေခဲ့ကြောင်း၊ Defend Myanmar Democracy သည် တွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်စစ်အုပ်စု အရာရှိများအား ဖယ်ထုတ်ထားရန် အမေရိကန်အစိုးရထံ စာတစ်စောင် ပေးပို့ထားပြီးဖြစ်ကြောင်း သိရှိရသည်။ မတရားမှုများကို ထုတ်ဖော်ပြောဆို ဆန့်ကျင်ကြရန်၊ မြန်မာနိုင်ငံ၏ တရားဝင် ကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိ အမှတ်ပြု အားပေးထောက်ခံရန်အတွက် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံသူအားလုံးကို တောင်းဆိုကြောင်း၊ မြန်မာ့ဒီမိုကရေစီကို ကာကွယ်ရေး ရပ်တည်ပေးရန် Defend Myanmar Democracy က တောင်းဆိုထားသည်။
21 4900Loading...
14
Media files
17 8201Loading...
15
နွားထိုးကြီးမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး ရန်ကုန်၊ မေ ၂၃ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဂိတ်ဖွင့်ပြီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့ထံမှ သိရသည်။ မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင်ခန့်တွင် ပြင်စည် ကျေးရွာအတွင်းမှ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခက်လန်း-တတ်စည်ကျေးရွာ အနီးတွင် ဂိတ်ချပြီး ပြည်သူများကို စစ်ဆေးမှု ပြုလုပ်နေစဉ် Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ Drone ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
18 7000Loading...
16
Media files
22 9520Loading...
17
တွန်းဇံမြို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် မြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပြာကျ၊ စစ်ရှောင်ပြည်သူ ၁ ဦး အချိန်မီ ဆေးကုသနိုင်ခြင်းမရှိသောကြောင့် သေဆုံး ■ သောင်းနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ ရန်ကုန်၊ မေ ၂၃ ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပြာကျကာ စစ်ရှောင်ပြည်သူ ၁ ဦး အချိန်မီ ဆေးကုသနိုင်ခြင်းမရှိသောကြောင့် သေဆုံးခဲ့ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီခန့်မှ စတင်၍ နံနက် မိုးလင်းပိုင်း ထိ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ ယင်းနေ့ ည ၁ဝ နာရီ ၄၀ မိနစ်ခန့်တွင် တွန်းဇံမြို့ပေါ်၌ ပစ်ခတ်သံများ ထပ်မံထွက်ပေါ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက် ၂ ခုရှိ နေအိမ်များနှင့် ခေါလိုင်ဂိုးဇန် ရပ်ကွက်ရှိ နေအိမ် ၂ လုံးပြာကျခဲ့ကြောင်း သိရသည်။ ထို့ပြင် မေလ ၂၂ ရက်နေ့တွင် အသည်းရောဂါ အခံရှိသော စစ်ဘေးရှောင်ပြည်သူ ၁ ဦး အချိန်မီ ဆေးကုသနိုင်ခြင်း မရှိသောကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ယနေ့ မေလ ၂၃ ရက်နေ့တွင် တွန်းဇံမြို့ပေါ်၌ ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ပြည်သူများ ထပ်မံ ရောက်ရှိလာကာ စစ်ရှောင်ဦးရေ သောင်းနှင့်ချီရှိလာပြီ ဖြစ်ကြောင်း သိရသည်။ "ဒီနေ့လည်း သေနတ် သံတွေကတော့ ကြားနေရတုန်း ဖြစ်ပါတယ်။ မနေ့က စစ်ကောင်စီက စစ်ကူချပြီး ညပိုင်းမှာ ထိတွေ့မှု ဖြစ်ခဲ့ပါတယ်။ မြို့တွင်း ပြည်သူနေအိမ် တချို့ မီးလောင်ပြာကျ ပါတယ်။ စစ်ရှောင်ဦးရေ က တိုးလာနေတုန်းပါ။ ရှစ်ထောင်နဲ့ တစ်သောင်း ကြား ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စားနပ်ရိက္ခာအပြင်၊ အမိုးအကာ၊ အရေးပေါ် ဆေးဝါး၊ အနွေးအထည်နဲ့ စောင်၊ တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းတွေအပြင် ဖုန်းငွေဖြည့်ကတ် တွေလည်း လိုအပ်နေပါတယ်" ဟု တွန်းဇံမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ စစ်ဘေးရှောင် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများကို SDB ၊ Username – @tonzangadmin ၊ UD – 2661f25c-2283-4e3e-b0cf-54f61cfd5868 နွေဦးဘဏ် အကောင့် မှ တဆင့် ကူညီ ထောက်ပံ့နိုင်ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
22 5400Loading...
18
Media files
19 4140Loading...
19
အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့် ပျူစောထီး သန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး၊ သစ်ခိုးထုတ်လာသည့် ကားကို မီးရှို့ရှင်လင်း ရန်ကုန်၊ မေ ၂၃ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး သစ်ခိုးထုတ်နေသည့် ပျူစောထီး သန်းဇော် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားပြီး ၎င်းစီးနင်းလာသည့် သစ်ခိုးထုတ်လာသည့် ကားကို မီးရှို့ရှင်လင်းခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မေလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မီးချောင်းတင်ကျေးရွာမှ ပျူစောထီး သန်းဇော် သည် ထန်းပင်ကုန်းရွာ အရှေ့ အုန်းတောကျွန်းစိုက်ခင်းအနီးကို ခိုးထုတ်ထားသည့် သစ်များ တင်ဆောင်လာသော ဖောကားဖြင့် ရောက်ရှိလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၏ ဗျူဟာစစ်ကြောင်းမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ ပျူစောထီး သန်းဇော်ထံမှ မိုလ်ဘိုင်းဖုန်း ၁ လုံးနှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့ပြီး ၄င်းမောင်းနှင်လာသည့် ခိုးထုတ်လာသော သစ်များ တင်ဆောင်လာသည့် ဖောကားကို တော်လှန်ရေး ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။ သေဆုံးသွားသော ပျူစောထီး သန်းဇော် သည် ပြည်သူများကို အကြမ်းဖက် စစ်တပ်ထံ မမှန်သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံ ထောက်လှမ်းပေးပို့ခြင်း၊ စစ်သားများ ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးကာ အကြမ်းဖက် စစ်တပ်နှင့်ပူးပေါင်းပြီး ရိုးမအတွင်းမှ သစ်ခိုးထုတ်မှုများ လုပ်ဆောင်နေသောကြောင့် စစ်ကောင်စီ ထောက်တိုင်အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "သန်းဇော်က စစ်ခွေးနဲ့ ပေါင်းပြီး ရိုးမထဲက ကျွန်းနုပင်လေးတွေပါ မကျန် ခိုးထုတ်နေတဲ့အပြင် စစ်ခွေးတွေကို ကားနဲ့အကြိုအပို့လုပ်နေတာ​ကြောင့် သူ့ကိုစောင့်ဖမ်းပြီး ရှင်းလိုက်တာပါ။ သူရှင်းခံရပြီးတော့ အခုမနက် ခမရ ၆ က စစ်ခွေးတွေ ရိုးမထဲ တက်လာကြတယ်။ ခလရ ၁ က စစ်ခွေးတွေလည်း စစ်ကြောင်းထိုးဖို့ ပြင်နေကြတယ်။ သန်းဇော်က စစ်ခွေးတွေရဲ့ အမာခံ ထောက်တိုင်ဆိုတော့ စစ်ခွေးတွေ မကျေမနပ်ဖြစ်နေကြတယ် သူ့ကြောင့် ဖမ်းခံရပြီး သေတဲ့သူတွေရှိတယ်" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
20 2710Loading...
20
Khit Thit သတင်းဌာန၏ မေ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ၄ မိုင် တပ်စခန်းဌာနချုပ်ကို မနေ့က ညနေပိုင်းမှာပဲ အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးအခြေအနေသိတဲ့ ဒေသခံတွေက ပြောပါတယ်။ - ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ၄ မိုင် တပ်စခန်းဌာနချုပ်ကို မနေ့က ညနေပိုင်းမှာပဲ အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးအခြေအနေသိတဲ့ ဒေသခံတွေက ပြောပါတယ်။ - ချင်းပြည်နယ်က တွန်းဇံမြို့သိမ်းတိုက်ပွဲအပြီးမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၉၆ တပ်ရင်းထဲကနေ ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကု တင်ဆက်ပေးပါမယ်။ (ဤ အစီအစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြိုတွင် ဖွင့်လှစ်ထားသည့် Everything Halal Restaurant မှ ကူညီပံ့ပိုးထားပါသည်။) https://www.youtube.com/watch?v=eoni_jZ2Acc
23 5710Loading...
Photo unavailableShow in Telegram
342👍 162👏 52🥰 14🖕 2🎉 1
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံး ရန်ကုန်၊ မေ ၂၃ မြန်မာနိုင်ငံတစ်ဝန်း မေလ ၂၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၈ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
Hammasini ko'rsatish...
👍 231 46👏 13😁 3🤣 3👎 1
Photo unavailableShow in Telegram
264👍 96👏 17🖕 3🥰 2🤣 1
မုံရွာမြို့နယ်၊ ကြီးဗဒုံရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား ရန်ကုန်၊ မေ ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးဗဒုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦး သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ကြီးဗဒုံရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ "ကြီးဗဒုံရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်တာ စစ်ခွေး ၁၇ ကောင် သေတယ်လို့ တပ်တွင်းဖရဲသီးဆီကနေ ဒီနေ့ သတင်းပို့လာတာပါ။ စစ်ခွေးတွေကလည်း လက်နက်ကြီး၊ လက်နက်ငယ်၊ RPG တွေ ဟောင်ဝှစ်ဇာတွေ နဲ့ ကျောက်စစ်ပုံ အမြောက်တပ်ကလည်း လက်နက်ကြီး အမြောက်အများပစ်ခတ်လို့ ပြန်လည် ဆုတ်ခွာခဲ့ရတာ" ဟု ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖ အဖွဲ့ ၊ ဝလုံးကျေးရွာ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၂ အဖွဲ့ ၊ စာကလေး ကျေးရွာ ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် ၈ အဖွဲ့နှင့် ရွာခံကာကွယ်ရေး အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Hammasini ko'rsatish...
👍 246 42👏 25🤣 4😁 2💩 1
235👍 68🥰 7👏 5🤣 3
204👍 53👏 9🥰 6🤣 4
အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ရန်ကုန်၊ မေ ၂၃ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ ၂၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။
Hammasini ko'rsatish...
160👍 54👏 8🤣 5🥰 2
214👍 61👏 13🥰 4🤣 3🔥 1
ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာကို ထမင်းတစ်နပ်လှူဒါန်း ရန်ကုန်၊မေ ၂၃ ဆားလင်းကြီးမြို့နယ်တွင် ရက်ရှည်စစ်ရှောင်စခန်း ၂ နေရာကို စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထမင်းတစ်နပ် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
Hammasini ko'rsatish...
152👍 52👏 9🥰 3🤣 3
01:19
Video unavailableShow in Telegram
276👍 108👏 19💩 4😁 1🕊 1