uz
Feedback
Aye Moh-Edu (English Classes)

Aye Moh-Edu (English Classes)

Kanalga Telegram’da o‘tish

You can join these classes at Aye Moh-Edu! 📍One-on-one Classes 📍Small-group Classes 📍Recorded Video Lessons

Ko'proq ko'rsatish
3 487
Obunachilar
-224 soatlar
+27 kunlar
+1630 kunlar
Postlar arxiv
သင်္ကြန်မှာ စာလုပ်ချင်တဲ့သူတွေ 50% နဲ့ Video Courses တွေ အပ်လို့ရပါတယ်။ #မနက်ဖြန် နောက်ဆုံးပါ
သင်္ကြန်မှာ စာလုပ်ချင်တဲ့သူတွေ 50% နဲ့ Video Courses တွေ အပ်လို့ရပါတယ်။ #မနက်ဖြန် နောက်ဆုံးပါ

Born to be..." နဲ့ "Born for..." ဘယ်လိုသုံးမလဲ ✅ Born to be + (Adjective / Noun) တစ်ခုခု "ဖြစ်လာဖို့" မွေးဖွားလာတာကို ဆိုလိုပါတယ်။ အခြေအနေတစ်ခု ဒါမှမဟုတ် ရာထူးဂုဏ်သရဖူတစ်ခုခု ဖြစ်လာမယ့် ကံပါလာတာမျိုးပါ။ ဥပမာ- - He was born to be a leader. (သူက ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ မွေးဖွားလာတာ။) - She was born to be free. (သူမက လွတ်လပ်စွာ ရှင်သန်ဖို့ မွေးဖွားလာတာ။) *** ✅ Born for + (Noun / Gerund) တစ်ခုခု "အတွက်" ဒါမှမဟုတ် အလုပ်တစ်ခုခုကို "လုပ်ဆောင်ဖို့" မွေးဖွားလာတာကို ဆိုလိုပါတယ်။ ရည်ရွယ်ချက် (Purpose) ကို ပိုပြီး ဇောင်းပေးပါတယ်။ ဥပမာ- - He was born for greatness. (သူက ကြီးကျယ်မြင့်မြတ်မှုအတွက် မွေးဖွားလာတာ။) - I was born for this job. (ဒီအလုပ်ကို လုပ်ဖို့ ငါမွေးဖွားလာတာ။) "Born to be..." နဲ့ "Born for..." ရဲ့ ကွဲပြားပုံက သုံးနှုန်းပုံလေး နည်းနည်းပဲ ကွာခြားပေမဲ့ အဓိပ္ပာယ်ကတော့ ဆင်တူပါတယ်။ ---------- With love, Tr. Aye Moh Aye Moh-Edu

သင်္ကြန်မှာ စာလုပ်ချင်တဲ့သူတွေ 50% နဲ့ Video Courses တွေ အပ်လို့ရပါတယ်။ April 1st week တစ်ပတ်အတွင်းပါ။

အင်္ဂလိပ်စာအုပ်တွေ ဖတ်ချင်တယ်… ဘာဖတ်ရမှန်းလဲမသိဘူးဆိုရင် ….🤔 📌 ပထမဆုံး ကိုယ်ဘာကိုစိတ်၀င်စားလဲ ကိုယ့်ကိုယ့်ကိုယ်ပြန်မေးကြည့်ပါ။ ဘယ်အရွယ်မဆို ကိုယ်စိတ်၀င်စားတဲ့အကြောင်းအရာက အရွယ်အလိုက်ရှိပါတယ်။ ကလေးအရွယ်မှာ comics လေးတွေ စိတ်၀င်စားသလို ဆယ်ကျော်သက်အရွယ်မှာလည်း adventure တွေ၊ science fiction တွေ၊ history တွေ၊ self-help လေးတွေနဲ့ adult တွေဆိုလည်း ကိုယ့်နယ်ပယ်အလိုက်၊ လိုအပ်ချက်အလိုက် ဖတ်သင့်ဖတ်ထိုက်တာတွေကို ရွေးချယ်တတ်နေပါပြီ။ ကလေးမိဘတွေအနေနဲ့လည်း ကိုယ့်ကလေးကို စာဖတ်စေချင်ရင် စာဖတ်ချင်စိတ် ရှိလာအောင် သူဖတ်ချင်တဲ့စာအုပ်လေးတွေကို ဦးစားပေးဖတ်ခိုင်းစေပြီးမှ ဖတ်သင့်ဖတ်ထိုက်တဲ့စာအုပ်တွေကို တဖြည်းဖြည်းရွေးချယ်ပေးပါ။ 📌 နေ့စဥ် စာဖတ်ချိန်လေး နည်းနည်းဖယ်ထားပါ။ ဖတ်စရာစာလည်းရှိပြီဆိုရင်တော့ တကယ်ဖတ်ဖို့ ကိုယ့်ကိုယ်ကိုယ် တာ၀န်ယူပါ။ စာဖတ်ချိန် တစ်နေ့ နည်းနည်းစီ ၁၅ မိနစ်ကစပြီး အလေ့အကျင့်လုပ်မယ်ဆိုရင် မဖတ်ရမနေနိုင်ဖြစ်လာပြီး ကိုယ့်အတွက် good habit တစ်ခုရလာမှာ အသေအချာပါပဲ။ 📌 စာဖတ်တဲ့ ကိုယ့်ရည်ရွယ်ချက်ကို သိအောင်အရင်လုပ်ပါ။ ဘာစာကိုပဲဖတ်ဖတ် ဘာအတွက်ဖတ်နေတာလဲဆိုတာ အရင်သိအောင်လုပ်ပါ။ knowledge ရဖို့လား၊ fun ဖတ်ဖြစ်ဖို့လား၊ literature ခံစားဖို့လား၊ အင်္ဂလိပ်စာလေ့လာဖို့လား၊ စာမေးပွဲအတွက် အထောက်အကူရအောင်လား… ကိုယ့်ရည်ရွယ်ချက်ကို သေချာသိလေ ပိုပြီး ထိထိရောက်မှုရှိလေပါပဲ။ ဥပမာ- အင်္ဂလိပ်စာတိုးတက်ဖို့ဖတ်တဲ့သူက စာကြောင်းတည်ဆောက်ပုံတွေ၊ ကိုယ်သဘောကျတဲ့ စကားလုံးအသုံးအနှုန်းလေးတွေကို သေသေချာချာမှတ်ထားနိုင်ပါတယ်။ literature ခံစားချင်တဲ့သူ ဆိုရင်လည်း ဖြည်းဖြည်းချင်းဖတ်ပြီး စာပေရဲ့အရသာကိုခံစားရင်း ဖြန့်ကျက်တွေးလို့ ရပါတယ်။ စာမေးပွဲအတွက် essay writing တွေအတွက်ဖတ်ရတယ်ဆိုရင်တော့ လတ်တလောဖြစ်နေတဲ့ သုတဆိုင်ရာအကြောင်းအရာတွေကို ပိုဖတ်သင့်ပါတယ်။ ရသကတော့ အချိန်လေးတစ်ခုသတ်မှတ်ပေးပြီး ဖတ်ကိုဖတ်ရမယ့် စာမျိုးတွေပါပဲ။ စာတွေဖတ်ရင်း တဖြည်းဖြည်းအလေ့အကျင့်ရလာပြီဆိုရင် ကိုယ်ဖတ်သင့်တာကို ကောင်းကောင်းရှာဖွေပြီး ဖတ်ချင်လာပါလိမ့်မယ်။ စာဖတ်ချင်စိတ်မရှိတော့တာမျိုးလည်း မဖြစ်တော့ပါဘူး။ စာဖတ်ရတာကို ပိုပျော်လာပြီး စာဖတ်ခြင်း၀ါသနာကို habit ဖြစ်အောင်လေ့ကျင့်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမှာ အမှန်ပါပဲ…📔📖 Aye Moh-Edu Telegram မှာလည်း English book လေးတွေ၊ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့မှတ်သားစရာလေးတွေ တင်ပေးထားပါတယ် 🤍 https://t.me/ayemohedu *** With love, Tr. Aye Moh Aye Moh - Edu

For teenagers and young adults, this book might be a bit boring, but for those who enjoy reading with detailed explanation and descriptive writing styles would be a better choice. 📚

#Homonyms (သံတူကြောင်းကွဲစကားလုံး) ဘာသာစကားတစ်ခုကို လေ့လာတဲ့အခါမှာ စကားလုံးလေးတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ စကားလုံးကြွယ်ဝလေလေ ကိုယ့်ရဲ့စာအရေးအသားက ဖတ်လို့ကောင်းလေလေပါပဲ။ မြန်မာစာမှာဆိုလည်း ဝေါဟာရတွေရဲ့အသုံးအနှုန်းတွေက သူ့နေရာနဲ့သူ မတူကြပါဘူး။ English ဘာသာစကားမှာလည်း ထိုနည်း၄င်းပါပဲ။ ဒါကြောင့် English learner တွေအနေနဲ့ စကားလုံးတစ်လုံးကို အသေမှတ်ထားတာထက် ထိုစကားလုံးရဲ့ အသုံးပြုပုံအမျိုးမျိုးကို နှံ့နှံ့စပ်စပ်လေ့လာတာက ပိုအကျိုးရှိပါလိမ့်မယ်။ ဒီတော့ English ဘာသာစကားမှာ တွေ့ရတတ်တဲ့ homonyms (သံတူကြောင်းကွဲစကားလုံး) ၊ homophones (သံတူ အရေးကွဲ အနက်ကွဲစကားလုံး) နဲ့ homographs (အရေးတူ အနက်ကွဲ အသံကွဲ စကားလုံး) တို့ကို လေ့လာကြည့်ရအောင်ပါ။ ဒီနေ့တော့ Homonyms အကြောင်းပြောပါမယ်။ Homonyms ဆိုတာတော့ စာလုံးပေါင်း အသံထွက် တူပြီး အဓိပါယ်မတူတဲ့ စကားလုံးတွေပါ။ ဥပမာလေးတွေ ကြည့်ရအောင်။ Crane ---------- (1) That bird is a crane. (ကြိုးကြာ) (2) They had to use a crane to lift the object. (ဝန်ချီစက်) (3) She had to crane her neck to see the movie. (လည်ဆန့်သည်) Date --------- (1) Her favorite fruit to eat is a date. (စွန်ပလွံသီး) (2) Joe took Alexandria out on a date. (ချိန်းဆိုသည်) (3) What is your date of birth? (နေ့စွဲ၊ ရက်စွဲ) Engaged -------------- (1) They got engaged on March 7th. (စေ့စပ်သည်) (2) The students were very engaged in the presentation. (ပါဝင်သည်) (3) She was engaged as an interpreter. (ခန့်သည် ငှားသည်) Leaves ------------ (1) The children love to play in the leaves. (သစ်ရွက်များ) (2) They do not like when their father leaves for work.(ထွက်ခွာသည်) Net ------ (1) What was your net gain for the year? (အသားတင်) (2) Crabbing is easier if you bring a net along. (ပိုက် ကွန် ခြင်ထောင်) Point --------- (1) The pencil has a sharp point. (အစက် အမှတ်) (2) It is not polite to point at people.(ညွှန်ပြသည်) Right -------- (1) You were right. (မှန်သော) (2) Make a right turn at the light.(ညာဘက်) (3) Access to clean water is a basic human right.(အခွင့်အရေး) Rose -------- (1) My favorite flower is a rose.(နှင်းဆီ) (2) He quickly rose from his seat. (ထသည် ၊တက်သည် v2) Type -------- (1) He can type over 100 words per minute. (စာရိုက်သည်) (2) That guy is really not her type. (ပုံစံ) ..... . ...... With love, Tr. Aye Moh

ကျောင်းသား ၃ယောက် အပ်လို့ရပါသေးတယ် ✍️
ကျောင်းသား ၃ယောက် အပ်လို့ရပါသေးတယ် ✍️

Essay Writing class အပ်လို့ရပါသေးတယ်။ writing practice ဆိုတော့ ကျောင်းသားအရေအတွက် ကန့်သတ်ထားလို့ပါ။ မတ်လ ၂ရက်နေ့ထိအပ်ရင် 20% off ရမှာပါ (4th March - သင်တန်းစပါမယ်)

💡 "Would" ရဲ့ စိတ်ဝင်စားဖွယ် အသုံးနှုန်းများ Would ရဲ့ အဓိပ္ပာယ်က will ရဲ့ past form ဆိုတာထက် အများကြီး ပိုပါတယ်။ နေ့စဉ်ပြောဆို ရေးသားနေတဲ့ အင်္ဂလိပ်စကားမှာ "Would" ကို ဘယ်လို ထိထိမိမိ သုံးနိုင်သလဲဆိုတာ လေ့လာကြည့်ရအောင် ✨ ✅ Past Habits အတိတ်တုန်းက ခဏခဏ လုပ်လေ့ရှိတဲ့ အပြုအမူ (သို့) ဝါသနာတွေကို ပြောချင်ရင် သုံးပါတယ်။ (used to နဲ့ တူပါတယ်) - When I was a kid, we’d go looking for mushrooms. (ငါ ငယ်ငယ်တုန်းကဆို ငါတို့ မှိုသွားရှာလေ့ရှိတယ် / သွားရှာနေကျ။) - Every summer, we would go swimming in the river. (နွေရာသီတိုင်း ငါတို့ မြစ်ထဲမှာ ရေသွားကူးလေ့ရှိကြတယ်။) ✅ Criticism & Irritation ဒါကတော့ စကားပြောနေရင်းနဲ့ တစ်စုံတစ်ယောက်ရဲ့ စိတ်ပျက်ဖို့ကောင်းတဲ့ အကျင့်တစ်ခုကို အလေးပေးပြောချင်တဲ့အခါ Would အသံကို Stress လုပ်ပြီး ပြောတတ်ပါတယ်။ - My sister 'would borrow my clothes without asking. It really annoyed me. (ငါ့အစ်မကတော့ အမြဲပဲ၊ ငါ့အင်္ကျီတွေကို ခွင့်မတောင်းဘဲ ယူဝတ်တတ်တယ်။ အဲဒါ တကယ် စိတ်တိုဖို့ကောင်းတယ်။) - He 'would arrive late for every single meeting! (သူကတော့ အမြဲပဲ၊ အစည်းအဝေးတိုင်းကို နောက်ကျပြီးမှ ရောက်လာတတ်တယ်။) ✅ Typical Behavior "ဒါ သူ့စရိုက်ပဲ၊ သူက ဒီလိုပဲ ပြောမှာပဲ/လုပ်မှာပဲ" လို့ မှတ်ချက်ပေးချင်ရင် သုံးပါတယ်။ - Did she say I hit her? She 'would say that. (သူ့ကို ငါရိုက်တယ်လို့ သူပြောတာလား။ သူကတော့ အဲဒီလိုပဲ ပြောမှာပဲ။ သူ့ထုံးစံပဲလေ) - Of course he forgot your birthday. He 'would do that. (သူ မင်းမွေးနေ့ကို မေ့တာ အဆန်းမဟုတ်ပါဘူး။ သူက အဲဒီလိုလူမျိုးပဲလေ။) ✅ Future in the Past အရင်တုန်းက တစ်ခုခုဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ၊ ကတိပေးခဲ့တာတွေကို ပြန်ပြောတဲ့အခါ သုံးပါတယ်။ - You promised you’d help me. (မင်း ငါ့ကို ကူညီမယ်လို့ ကတိပေးခဲ့တယ်လေ။) - I knew it would rain, so I took an umbrella. (မိုးရွာလိမ့်မယ်ဆိုတာ ငါသိနေလို့ ထီးယူသွားခဲ့တာ။) ✅ Refusal on a Particular Past Occasion အတိတ်က တစ်ချိန်ချိန်မှာ တစ်ခုခုကို လုပ်ဖို့ ငြင်းဆန်တာ ဒါမှမဟုတ် စက်ပစ္စည်းတစ်ခုခုက အလုပ်မလုပ်တဲ့အခါ Wouldn't ကို သုံးပါတယ်။ - The printer wouldn't stop printing, so I turned it off at the mains. (ပရင်တာက ရပ်ခိုင်းလို့ကို မရဘဲ ဆက်တိုက်ထွက်နေလို့ ပလပ်ကိုပဲ ဆွဲဖြုတ်လိုက်ရတယ်။) - I tried to start the car, but it wouldn't start. (ငါ ကားစက်နှိုးကြည့်ပေမဲ့ စက်က လုံးဝနှိုးလို့မရခဲ့ဘူး။) ဒီအသုံးအနှုန်းလေးတွေက စကားပြောတဲ့အခါ ပိုပြီး သဘာဝကျစေပါတယ်။ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် 📖✨ -------------------------- Tr. Aye Moh Aye Moh-Edu