uz
Feedback
Bioscope Vibes

Bioscope Vibes

Yopiq kanal

Well

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Bioscope Vibes analitikasi

Bioscope Vibes kanali faol ishtirokchi. Hozirda hamjamiyat 15 416 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 15 416 obunachiga ega bo‘ldi.

27 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 659 ga, so‘nggi 24 soatda esa 40 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.66% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.76% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 873 marta ko‘riladi; birinchi sutkada odatda 272 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“Well”

Yuqori yangilanish chastotasi (oxirgi ma’lumot 28 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

15 416
Obunachilar
+4024 soatlar
+1817 kun
+65930 kun
Postlar arxiv
K-o G-a L-o-a-k V-i-l-l-a-g-e(2026) ကြောက်လည်းကြောက်ရ ရယ်လည်းရယ်ရမည့် ၁၈+ ထိုင်းသရဲကား

ကြောက်လည်းကြောက်ရ ရယ်လည်းရယ်ရမည့် ၁၈+ ထိုင်းသရဲကား K-o G-a L-o-a-k V-i-l-l-a-g-e(2026) ယောက်ျားတွေရဲ့ လျှို့ဝှက်ခန္ဓာကိုယ်အစိ
ကြောက်လည်းကြောက်ရ ရယ်လည်းရယ်ရမည့် ၁၈+ ထိုင်းသရဲကား K-o G-a L-o-a-k V-i-l-l-a-g-e(2026) ယောက်ျားတွေရဲ့ လျှို့ဝှက်ခန္ဓာကိုယ်အစိတ်အပိုင်း ပျက်စီးယိုယွင်းသွားသည့် ထိတ်လန့်ဖွယ် လူသတ်မှုများ ဆက်တိုက်ပေါ်ပေါက်လာချိန်… ရဲတွေကလည်း စုံစမ်းဖော်ထုတ်ရာတွင် ရွာတွင်းရှိ ကြောက်စရာ ဒဏ္ဍာရီများနှင့် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များကို ရင်ဆိုင်တွေ့လာရာမှာတော့… ဒါဟာ လူများယုံကြည်သကဲ့သို့ လက်စားချေလိုသော သရဲတစ်ကောင်က ရွာကို ခြောက်လှန့်နေခြင်းလား ဒါမှမဟုတ် အကွက်ကျကျ လုပ်ဆောင်နေသော လူသတ်သမားတစ်ဦး၏ လက်ချက်လား ဆိုတာကို ကြည့်ရှုခံစားကြည့်ရအောင်ပါ

A Shop for Killers S2 (2026) **** ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဂျောင်ဂျင်မန်တို့ တူဝရီးကတော့ ၂ နှစ်အကြာမှာပဲ Season 2 နဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ။ Lee Dong-Wook, Kim Hye-Jun တို့အပြင် Murthehelp ရဲ့ အားထားရတဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဆိုမင်ဟယ်, ပါစင်, ဘရာသား နောက်ပြီး ဗီလိန် ဘေးလ် အစရှိတဲ့ ဇာတ်ကောင်တွေ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး တခြားသော ဇာတ်ကောင်အသစ်တွေနဲ့ Lee Kwang-Soo ကိုလည်း Cameo အနေနဲ့ တွေ့မြင်ရဦးမှာပါ။ - ဇာတ်လမ်းအကျဉ်း - လူတိုင်းက သေသွားပြီလို့ ထင်မှတ်ထားခဲ့ကြတဲ့ ဦးလေးဖြစ်သူ ဂျောင်ဂျင်မန် (Lee Dong-Wook) အသက်ရှင်လျက် ပြန်လည် ရောက်ရှိလာပြီးနောက်မှာတော့ ဂျီအန်း (Kim Hye-Jun) က လက်နက်ရောင်းဝယ်ရေး အွန်လိုင်းရှော့ပင်းမောလ် "Murthehelp" ရဲ့ ကိုယ်စားလှယ်အသစ် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း တစ်နှစ်တိုင်တိုင် စွမ်းဆောင်ရည် အပြည့်အဝ ထုတ်မပြနိုင် ဖြစ်နေတဲ့ ကြေးစားလူသတ်သမားအဖွဲ့အစည်း "Babylon" ကိုးရီးယားဌာနခွဲရဲ့ ဟာကွက်တွေကို ဖာတေးပေးဖို့အတွက် အရှေ့အာရှဌာနခွဲက အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဂျင်မန်နဲ့ ဂျီအန်းကို ရေကုန်ရေခန်း ခြေရာခံလိုက်နေတဲ့အခါမှာတော့... Murthehelp နဲ့ Babylon ကြားက ပြင်းထန်တဲ့ သွေးထွက်သံယို တိုက်ပွဲကြီးရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်လာမှာလဲ... ဂျင်မန်တို့ တူဝရီးနှစ်‌ယောက်ရဲ့ အံ့မခန်း teamwork နဲ့အတူ ပိုပို မိုက်လာတဲ့ အက်ရှင်ဇာတ်ကွက်တွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/410

A S.h.o.p f.o.r K.i.l.l.e.r.s S2
A S.h.o.p f.o.r K.i.l.l.e.r.s S2

အနုပညာဆန်ဆန်၊ စိတ်ပညာနဲ့ ရာဂနှောတဲ့ သည်းထိတ်ရင်ဖို Night Nurse (2026) +++++++++ ဒါရိုက်တာ Georgia Bernstein ရဲ့ ပွဲထွက်ရုပ်ရှင်ဖြစ်ပြီး အနုပညာဆန်ဆန်၊ စိတ်ပညာနဲ့ ရာဂနှောတဲ့ သည်းထိတ်ရင်ဖို (Psychosexual Erotic Thriller) အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် အီလီနီ (Eleni) ဆိုတဲ့ မိန်းကလေးဟာ အဆင့်မြင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစခန်းတစ်ခုမှာ ညဘက်သူနာပြု (Night Nurse) အဖြစ် အလုပ်စဝင်ပါတယ်။ အဲဒီမှာတင် အဘိုးအဘွားတွေကို ပစ်မှတ်ထားပြီး အသံအတုတွေနဲ့ တိုက်ခိုက်နေတဲ့ ထူးဆန်းလှတဲ့ ဖုန်းလိမ်ညာမှု (Scam calls) တွေကို ကြုံတွေ့ရပြီး ဇာတ်လမ်းက စတင်လာတာပါ။ အဲဒီနေရာရဲ့ ထူးဆန်းတဲ့ အငွေ့အသက်တွေကြားထဲ အီလီနီဟာ ဒေါက်ဂလပ်စ် (Douglas) ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် လူနာအဘိုးကြီးနဲ့ ရင်းနှီးသွားပါတယ်။ ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ရိုးရိုးသူနာပြုနဲ့ လူနာအဆင့်ထက် ကျော်လွန်ပြီး ရူးရူးမူးမူးစွဲလမ်းမှုတွေအဖြစ် ပြောင်းလဲသွားပါတယ်။ လူနာကို ပြုစုစောင့်ရှောက်တာလား၊ ကိုယ်တိုင်က စိတ္တဇဆန်ဆန် ရူးသွပ်စွဲလမ်းနေတာလားဆိုတာ မသဲကွဲတော့ဘဲ ဖုန်းလိမ်ညာမှုတွေ၊ စိတ်ထင်ယောင်မှားမှုတွေကြားထဲ အီလီနီတစ်ယောက် အမှောင်ဘက်ခြမ်းကို ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Sundance Film Festival မှာ ပြသခဲ့တာဖြစ်ပြီး ဇာတ်လမ်းအရှိန် နှေးပေမယ့် စိတ္တဇဆန်ဆန် ဆွဲဆောင်မှုရှိတဲ့အငွေ့အသက်နဲ့ ခေတ်ပြိုင် AI ဖုန်းလိမ်ညာမှုအကြောင်းအရာကို ကောင်းကောင်းပုံဖော်နိုင်ပါတယ်။ Psychosexual / Erotic Thriller အမျိုးအစားဖြစ်တာကြောင့် လူကြီးပိုင်းဆိုင်ရာ ရာဂပြကွက်တွေ ၊ စိတ်ပညာဆိုင်ရာ စိတ္တဇဆန်တဲ့ အကြောင်းအရာတွေနဲ့ စိတ်ကျဉ်းကျပ်စရာဇာတ်ကွက်တွေ ပါဝင်တာကြောင့် ကလေးသူငယ်တွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။ အသက် ၁၈ နှစ်နဲ့အထက်သာ ကြည့်ရှုဖို့သင့်တော်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/720

အနုပညာဆန်ဆန်၊ စိတ်ပညာနဲ့ ရာဂနှောတဲ့ သည်းထိတ်ရင်ဖို
အနုပညာဆန်ဆန်၊ စိတ်ပညာနဲ့ ရာဂနှောတဲ့ သည်းထိတ်ရင်ဖို

Operation Drug Eradication 2026 ဒီရုပ်ရှင်ဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနဲ့ အရှေ့တောင်အာရှ မူးယစ်ရာဇာများအကြား သက်စွန့်ဆံဖျား တိုက်ခိုက်ရတဲ့ အက်ရှင်၊ ရာဇဝတ်မှုနဲ့ စုံထောက်ဒရမ်မာ အမျိုးအစား ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - အရှေ့တောင်အာရှ နာမည်ကြီးမူးယစ်ရာဇာ "သခင်လျောက်" ဟာ ကီလိုဂရမ် ၆၀၀ ကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို တရားမဝင် မှောင်ခိုကုန်ကူးဖို့ ပြင်ဆင်နေကြောင်း "ယန်ဟိုင်" မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းရရှိခဲ့ပါတယ်။ အဲဒီနောက် မူးယစ်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ အထူးစစ်ဆင်ရေးအဖွဲ့ကို အရေးပေါ် ဖွဲ့စည်းခဲ့ပါတယ်။ ပထမအကြိမ် အရောင်းအဝယ်ပြုလုပ်မှု ပျက်ပြားသွားပြီးနောက် လျှို့ဝှက်ချက်တွေ ပေါက်ကြားပြီး လူသတ်မှုတွေ၊ သစ္စာဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ ထောင်ကလွတ်လာတဲ့ "ကျောက်ထျန်းလုံ" က မူးယစ်ရာဇာနဲ့ ဆက်သွယ်ရန် ကြိုးစားပြီး သူလျှိုတွေရဲ့ အသက်လုလှည့်ကွက်တွေနဲ့ ရဲတပ်ဖွဲ့ဟာ မူးယစ်ဂိုဏ်းတစ်ခုလုံးကို အမိဖမ်းဖို့ ဗျူဟာမြောက် ထောင်ချောက်ဆင် စစ်ဆင်ရေးကို အစပြုပါတော့တယ်။ ရာဇဝတ်မှုစုံထောက်နဲ့ အက်ရှင်အကြမ်းစား ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီရုပ်ရှင်က ကြည့်ရှုသင့်တဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/405

O-p-e-r-a-t-i-o-n D-r-u-g E-r-a-d-i-c-a-t-i-o-n (2026)
O-p-e-r-a-t-i-o-n D-r-u-g E-r-a-d-i-c-a-t-i-o-n (2026)

အမေရိကန်၏ဖခင် Y-o-u-n-g W-a-s-h-i-n-g-t-o-n (2026) ============================== IMDB ⭐️ 7.4/10 RT 🍅 59 % " စစ်တုရင်က နယ်ရုပ်လေးလည်း ဘုရင်ကို ဖြုတ်ချနိုင်ပါတယ် " ဂျော့ဂျ်ဝါရှင်တန်ဆိုတာကတော့ ယနေ့ခေတ် အမေရိကန်ရဲ့ပိုက်ဆံထဲက မျက်နှာပိုင်ရှင် ယူအက်စ်အစိုးရကို ဖြစ်လာစေသူ တော်လှန်ရေးကို ဗျူဟာများနဲ့ အနိုင်ရစေခဲ့တဲ့ ပဲ့ကိုင်ရှင်...ယူအက်စ်ရဲ့ ပထမဆုံးသမ္မတဆိုလည်း မမှားတဲ့ တကယ့်ပုဂ္ဂိုလ်ကြီးပါပဲ ဂျော့ဂျ်ဝါရှင်တန်ဟာ ဖခင်ဆုံးပါးသွားပြီးနောက်ပိုင်း ကျောင်းမတက်ရတော့ဘဲ လယ်ပဲလုပ်ခဲ့ရပါတယ် သူ့အနေနဲ့ ကျောင်းတက်ချင်ပေမဲ့လည်း အဖေဖြစ်သူဆုံးပါးပြီးနောက်ပိုင်း မုဆိုးမအမေကို လုပ်ကျွေးဖို့ဖြစ်လာပါတော့တယ် ဂျော့ဂျ်ဝါရှင်တန်တစ်ယောက် ကျောင်းမနေခဲ့ရပေမဲ့ သူ့ရဲ့ဖအေူမအေကွဲအစ်ကိုဖြစ်သူဆီကနေ ပညာသင်ယူခွင့်ရခဲ့ပြီး သူ့အနေနဲ့ ဘုရင့်လက်အောက်က အရာရှိဖြစ်လာဖို့ ရည်မှန်းချက်ကြီးခဲ့ပါတယ် ဒါပေမဲ့ အရာရှိဖြစ်ဖို့ဆိုတာ ငွေအင်အား ပညာအား နောက်ခံBackground လိုအပ်တာကြောင့် ဂျော့ဂျ်ဝါရှင်တန်ရဲ့ အိပ်မက်ဟာ တံတိုင်းအထပ်ထပ်ကာထားသလို ဝေးကွာလှပါတယ် ဂျော့ဂျ်တစ်ယောက် ဒီလိုအခက်ခဲတွေကြားကနေ ဘယ်လိုအရာရှိဖြစ်လာမလဲ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ကျော်လွှားမလဲ ဒီလိုမျိုး ဘာမှမရှိတဲ့လူငယ်လေးကနေ ယနေ့ခေတ်အမေရိကဖြစ်လာဖို့ အုတ်မြစ်ချပေးပြီး ပထမဆုံးသမ္မတဖြစ်လာတဲ့ထိ ဘယ်လိုကြိုးစားသွားမလဲ အံ့ဖွယ်ကြိုးစားမှုကြီးကို မြင်တွေ့ရမဲ့ သမိုင်းကြောင်းဖြစ်တာကြောင့် တကယ်ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းရင်း... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1443

အမေရိကန်၏ဖခင်
အမေရိကန်၏ဖခင်

အကဝါသနာပါတဲ့ သင်္ဘောသီးထောင်းသည်လေး (ထိုင်းဟာသကားသစ်) M+o-r L+a-m R+h-y+t-h+m (2026) ပန်းကုံးလေးတွေသာ အဆင်သင့်ပြင်ထားကြတော့... ဟောဒီက စင်မြင့်ထက်မှာ အကအခုန်တွေနဲ့ မီးပွင့်သွားစေရမယ်" ထိုင်းဟာသနဲ့ ဒရာမာကားကောင်းကောင်းလေးတွေ၊ သီချင်းမိုက်မိုက်လေးတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် အသစ်စက်စက် ဂီတ၊ ဟာသနဲ့ ဒရာမာ ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒါရိုက်တာကတော့ ထိုင်းဟာသကားတွေ ရိုက်ရာမှာ နာမည်ကြီးတဲ့ ဆရာကြီး Poj Arnon ကိုယ်တိုင် ရိုက်ကူးထားတာဖြစ်လို့ အူတက်အောင်ရယ်ရမှာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားလေးကတော့ ယုံဆိုတဲ့ ကောင်လေးအကြောင်းကို ရိုက်ကူးထားတာပါ။ ယုံက သာမန် သင်္ဘောသီးထောင်းရောင်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပေမဲ့ သူ့ရင်ထဲမှာတော့ အကသမားတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်အကြီးကြီးတစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ ထင်သလိုမလွယ်ဘူးလေ။ သူ့ရဲ့ ညီမလေးက အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်ခု ခံစားနေရပြီး ခွဲစိတ်ဖို့အတွက် ငွေတွေ အများကြီး လိုအပ်နေတဲ့အခါ... ညီမလေးရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ယုံတစ်ယောက် နာမည်ကြီး မောလမ်ရိုးရာဂီတအဖွဲ့ကြီးဆီမှာ ဝင်ရောက်ပြီး လူရွေးပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အကဝါသနာပါတဲ့ သင်္ဘောသီးထောင်းသည်လေး တစ်ယောက် ပရိုအကသမားတွေကြားမှာ ဘယ်လိုတွေ အလွဲလွဲအချော်ချော်နဲ့ ကြိုးစားမလဲ... ဟာသလေးတွေနှောထားသလို ညီမလေးအတွက် ကြိုးစားတဲ့ အစ်ကိုတစ်ယောက်ရဲ့ မေတ္တာကိုပါ ထည့်သွင်းထားလို့ ရယ်လည်းရ၊ ရင်လည်းနင့်ရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တဲ့အပြင် မောလမ်ထိုင်းရိုးရာကို ခေတ်သစ်စတိုင်နဲ့ဘယ်လိုတင်ဆက်မလဲဆိုတာ စိတ်ဝင်စားဖွယ် ရှုစားလိုက်ရအောင်ပါ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/713

အကဝါသနာပါတဲ့ သင်္ဘောသီးထောင်းသည်လေး (ထိုင်းဟာသကားသစ်)
အကဝါသနာပါတဲ့ သင်္ဘောသီးထောင်းသည်လေး (ထိုင်းဟာသကားသစ်)

ရှေးဟောင်းမိစ္ဆာ R*a*b*i*s*u (20*26)

ရှေးဟောင်းမိစ္ဆာ R*a*b*i*s*u (20*26) ဒီတစ်ခါမှာတော့ found-footage supernatural သရဲကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အင်တာနက် သရဲဖ
ရှေးဟောင်းမိစ္ဆာ R*a*b*i*s*u (20*26) ဒီတစ်ခါမှာတော့ found-footage supernatural သရဲကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အင်တာနက် သရဲဖမ်းသမားတွေဖြစ်တဲ့ သူငယ်ချင်းအဖွဲ့က သူတို့ချန်နယ်အတွက် နာမည်ပေါက်မယ့် ဗီဒီယိုတစ်ခု ရိုက်ချင်တာနဲ့ Utah က Rabisu ဆိုတဲ့ ရှေးဟောင်းမိစ္ဆာကောင်ကို ရှာဖို့ ကျောချမ်းစရာ ပိတ်ထားတဲ့ သိုလှောင်ရုံဂိုဒေါင်တစ်ခုဆီ သွားခဲ့ကြပါတယ်။ အဲဒီဂိုဒေါင်ထဲမှာက ထူးဆန်းတဲ့ အရုပ်တွေ မျိုးစုံနဲ့ ကြောက်စရာ စက်ပါတစ်ခုလို ထောင်ချောက်ဆင်ထားတဲ့ နေရာတစ်ခုပါ။ မီးပျက်သွားပြီးတဲ့နောက်မှာတော့ မိစ္ဆာဆိုးက သူငယ်ချင်းအဖွဲ့ထဲက တစ်ယောက်ကို ဝင်ပူးပါတော့တယ်။ မိစ္ဆာဆိုးက သူတို့ရဲ့ စိတ်တွေကို ခြယ်လှယ်ပြီး အချင်းချင်းတိုက်ခိုက်အောင်လုပ်၊ ထွက်မပြေးနိုင်အောင် နံရံတွေကို ပြောင်းပစ်တော့ သူတို့သူငယ်ချင်းအဖွဲ့ ပိတ်မိနေတဲ့ ရုံထဲမှာ ဖြစ်စဉ်အားလုံးကို ကင်မရာနဲ့ မှတ်တမ်းတင်ထားပြီး ဘယ်လိုအသက်ရှင်အောင် ကြိုးစားကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်ကြုံနေရသလို ကာရိုက်တာတွေရဲ့ POV အမြင်ကနေ ကြည့်ရှုရမဲ့ သဘာဝလွန်ကားတစ်ကားပဲ ဖြစ်ပါတယ်

G-a_t-o_r F-a_c-e (2026) တိတ်ဆိတ်လွန်းတဲ့ မြို့ပြပြင်ပ ရေနွံတောနံဘေးမှာ အမှောင်ထုနဲ့အတူ မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက်တစ်ခုရှ
G-a_t-o_r F-a_c-e (2026) တိတ်ဆိတ်လွန်းတဲ့ မြို့ပြပြင်ပ ရေနွံတောနံဘေးမှာ အမှောင်ထုနဲ့အတူ မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက်တစ်ခုရှိခဲ့ပါတယ်။ မြို့ကလေးရဲ့ ငြိမ်သက်ခြင်းတွေကို ဖြိုခွဲလိုက်တာကတော့ သာမန်မဟုတ်တဲ့၊ မိကျောင်းပုံသဏ္ဌာန် သတ္တဝါဆန်းတစ်ကောင် ရုတ်တရက် ပေါ်ထွက်လာမှုပါပဲ။ "Gator Face" လို့ အမည်တွင်တဲ့ ထိန်းမရတဲ့ သတ္တဝါကြီးဟာ ရေနွံတောအုပ်အနီး တောတိုးလာတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် သရဲခြောက်သလို ချဉ်းကပ်လာတဲ့အခါ... တောအုပ်ထဲမှာ တကယ်ပဲ သဘာဝလွန် သတ္တဝါကြီးတစ်ကောင် သောင်းကျန်းနေတာလား၊ ဒါမှမဟုတ် ဒီထိတ်လန့်ဖွယ်ရာတွေရဲ့နောက်ကွယ်မှာ လူတွေရဲ့ မကောင်းတဲ့ အကြံအစည်နဲ့ ပဟေဠိတွေ ဖုံးကွယ်ထားသလားဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် Horror / Thriller ဇာတ်ကားတစ်ကား ဖြစ်ပါတယ်.... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/710

စစ်သူရဲကောင်းမင်းသားကြီးဒန်နီယမ်းရဲ့ နန်းတွင်းအာဏာလုစစ်ပွဲတွေကို နာမည်ကြီးတွေနဲ့ ရိုက်ပြထားတဲ့ လက်မလွှတ်သင့်တဲ့ကား The Lost Bladesman (2011) IMDB (6/10) မင်းသားကြီး Donnie Yen ရဲ့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့ပြီး သုံးပြည်ထောင်သမိုင်းကိုအခြေခံထားတဲ့ စစ်သူကြီးကွမ်းယွီရဲ့ဇာတ်ကြောင်း အက်ရှင်ဒရာမာဇာတ်ကားကြီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ကွမ်းယွီရဲ့လွမ်းမောစရာအချစ်ဇာတ်လမ်းကို တစ်စိတ်တစ်ပိုင်းဖော်ပြထားပြီးတော့ Donnie ရဲ့ဓားရှည်ကြီးနဲ့ ပီပြင်တဲ့ သိုင်းကွက်တွေကိုတစ်ဝကြီးကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လျိုပေ့စစ်ရှုံးပြီးသူ့ရဲ့သစ္စာရှိညီလေးဖြစ်တဲ့ ကွမ်းယွီဟာ လျိုပေ့ရဲ့ဇနီးတွေနဲ့အတူ ဝေ့ပြည်ထောင်ရဲ့အမတ်ချုပ်ကြီး ချောင်ချောင်းဖမ်းဆီးတာကိုခံထားရတဲ့အချိန်ကစပါတယ်။ ချောင်ချောင်းက ကွမ်းယွီရဲ့သိုင်းပညာနဲ့ သစ္စာရှိစိတ်ကို သဘောကျတာကြောင့် ရွှေငွေစည်းစိမ်တွေနဲ့ ဖြားယောင်းပေမယ့် ကွမ်းယွီက ချောင်ချောင်းရဲ့ရပ်တည်မှုကိုသဘောမကျတာကြောင့် လျိုပေ့ဆီပြန်ဖို့ပဲ အမြဲမျှော်လင့်နေပါတယ်။ အဲဒီအချိန်မှာ ကွမ်းယွီတိတ်တစ်ခိုးချစ်နေတဲ့ လျိုပေ့ရဲ့ကိုယ်လုပ်တော်ဖြစ်လာမယ့် မိန်းကလေးချီလန်ကိုပါ ချောင်ချောင်းကအသုံးချဖို့ကြံစည်ပါတော့တယ်။ ဒါပေမယ့်လဲ ကွမ်းယွီရဲ့အစ်ကိုအပေါ်ထားတဲ့သစ္စာတရားဟာ ယိုင်လဲမသွားခဲ့ပါတယ်။ သူ့အစ်ကိုကြီးဖြစ်တဲ့လျိုပေ့သတင်းရတဲ့အချိန်မှာတော့ ချီလန်ကိုခေါ်ပြီး တားဆီးလာတဲ့ စစ်သူကြီးတွေကိုသူ့ရဲ့ဓားရှည်ကြီးနဲ့ အနိုင်ယူပြီး အန္တရာယ်ကြားထဲကထိုးဖောက်ပြီး ရှူပြည်ထောင်က လျိုပေ့ဆီအရောက်ပြန်သွားတဲ့ ဇာတ်လမ်းကိုပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/burmasubmov/3662

စစ်သူရဲကောင်းမင်းသားကြီးဒန်နီယမ်းရဲ့ နန်းတွင်းအာဏာလုစစ်ပွဲတွေကို နာမည်ကြီးတွေနဲ့ ရိုက်ပြထားတဲ့ လက်မလွှတ်သင့်တဲ့ကား T*h*e L*o*
စစ်သူရဲကောင်းမင်းသားကြီးဒန်နီယမ်းရဲ့ နန်းတွင်းအာဏာလုစစ်ပွဲတွေကို နာမည်ကြီးတွေနဲ့ ရိုက်ပြထားတဲ့ လက်မလွှတ်သင့်တဲ့ကား T*h*e L*o*s*t B*l*a*d*e*s*m"a"n (2011)

နောက်ဆုံးအိမ် T-h-e L-a-s-t H-o-u-s-e (2026) ========================= IMDB ⭐️ 5.6/10 "အိမ်ဆိုတာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနေရာလို ထင်ထားကြပေမဲ့... အဲဒီအိမ်ကြီးက ကိုယ့်အကျဉ်းထောင် ဖြစ်လာခဲ့ရင်" Sci-Fi Horror ကားကောင်းကောင်းလေး ကြည့်ချင်နေတဲ့ ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖို ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာတော့ "Past Lives" ကားနဲ့ ပရိသတ်တွေ ရင်ထဲရောက်ခဲ့တဲ့ မင်းသမီးချော Greta Lee နဲ့ "Narcos" စီးရီးထဲက မာဖီးယားဘုရင်ကြီး Wagner Moura တိုက ဇနီးမောင်နှံအဖြစ် အဓိက ပါဝင်အားဖြည့်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ သာယာအေးချမ်းတဲ့ မိသားစုလေးတစ်ခုကနေ စထားပါတယ်။ အဖေ၊ အမေနဲ့ ကလေးနှစ်ယောက်ပါတဲ့ မိသားစု ၄ ယောက်သားဟာ တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့ အိပ်မက်ဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အဲဒါကတော့ သူတိုနေထိုင်တဲ့ အိမ်ကြီးထဲမှာ ရုတ်တရက် အလုံပိတ်ခံလိုက်ရပြီး အပြင်ကို ခြေတစ်လှမ်းတောင် ထွက်လိုမရတော့အောင် ပိတ်လှောင်ခံလိုက်ရတာပါပဲ။ အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ... ကမ္ဘာပျက်ကပ်ကြီး ဆိုက်နေတာလား၊ တစ်စုံတစ်ရာကပဲ သူတိုကို ရည်ရွယ်ချက်ရှိရှိ ပိတ်လှောင်ထားတာလား... အိမ်ထဲမှာရော သူတို ၄ ယောက်တည်း တကယ်ပဲ ဟုတ်ရဲ့လား... ဆိုတဲ့ လျှို့ဝှက်ချက်တွေနဲ့အတူ မွန်းကြပ်စရာ အခြေအနေတစ်ခုကို ရောက်သွားပါတော့တယ်။ အကန့်အသတ်ရှိတဲ့ အိမ်ဆိုတဲ့ နေရာကျဉ်းကျဉ်းလေးထဲမှာ အပြင်ဘက်က ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရရင်း မိသားစုဝင်တွေကြားက သံယောဇဉ်၊ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရမှုတွေကို Sci-Fi အရသာလေးစွက်ပြီး သည်းထိတ်ရင်ဖို ခံစားရမှာပါ။ သွေးသံရဲရဲ Jump Scare တွေထက်စာရင် စိတ်ကို တဖြည်းဖြည်း မွန်းကြပ်လာစေတဲ့ Psychological Horror Vibe မျိုးကို သွားထားတာမို ကိုယ်တိုင်ပဲ အိမ်ထဲမှာ ပိတ်မိနေသလို ခံစားချက်မျိုးနဲ့ ရင်တမမ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1434

နောက်ဆုံးအိမ်
နောက်ဆုံးအိမ်

ကျားရဲဂူထဲက ဘိန်းရာဇာ