uz
Feedback
Bioscope Vibes

Bioscope Vibes

Yopiq kanal

Well

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan

📈 Telegram kanali Bioscope Vibes analitikasi

Bioscope Vibes kanali faol ishtirokchi. Hozirda hamjamiyat 15 416 obunachidan iborat bo'lib, Boshqa toifasida -o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 15 416 obunachiga ega bo‘ldi.

27 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 659 ga, so‘nggi 24 soatda esa 40 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.66% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.76% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 873 marta ko‘riladi; birinchi sutkada odatda 272 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“Well”

Yuqori yangilanish chastotasi (oxirgi ma’lumot 28 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Boshqa toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

15 416
Obunachilar
+4024 soatlar
+1817 kun
+65930 kun
Postlar arxiv
နောက်ဆုံးအိမ်
နောက်ဆုံးအိမ်

ကျားရဲဂူထဲက ဘိန်းရာဇာ

ကျားရဲဂူထဲက ဘိန်းရာဇာ G-ay-o-n-g 2 (2026) ================ IMDB ⭐️ 7.1/10 "မတရားမှုကို နှိမ်နင်းဖို့အတွက် တရားဥပဒေထက် လက်သီးက ပိုရှေ့ရောက်တဲ့အခါ..." Martial Arts နဲ့ Action ကားကြမ်းကြမ်းတွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ်ရဲ့ ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ အဆက်ထွက်တဲ့ကားဆိုတော့ ပထမပိုင်းတုန်းက ဆရာကြီး Meor ရဲ့ သိုင်းပညာနဲ့ အကြမ်းပတမ်း ဖြတ်သန်းမှုတွေကို မြင်တွေ့ခဲ့ရပြီးပြီဆိုရင် ဒီတစ်ခေါက် ဒုတိယပိုင်းမှာ ပိုမိုက်တဲ့ အက်ရှင်တွေ၊ ပိုကြီးမားတဲ့ ပဋိပက္ခတွေနဲ့ ပြန်လာတာပါ။ ဒီကားကို ဒါရိုက်တာ Faisal Ishak က ရိုက်ကူးပေးထားပြီး မင်းသား Beto Kusyairy၊ မင်းသမီး Nabila Huda နဲ့ Mohd Syafie Naswip တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။ Docudrama, Action, Biography နဲ့ Drama အမျိုးအစားတွေကို ပေါင်းစပ်ထားတာမို့ သမိုင်းကြောင်း နောက်ခံနဲ့ တကယ့်အဖြစ်အပျက်တွေကို အသက်ဝင်အောင် ပုံဖော်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မလာယာကို ဂျပန်တွေ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ကာလမှာ ဇာတ်လိုက် မီအိုဟာ စင်ကာပူက Special Branch ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ ပြဿနာက အဲဒီအချိန်မှာ အကျင့်ပျက်ခြစားနေတဲ့ အရာရှိတွေရဲ့ အကာအကွယ်နဲ့ ဘိန်းလုပ်ငန်းတွေကို ကြီးစိုးနေတဲ့ တရုတ် လူမိုက်ဂိုဏ်းeတွေ ခြယ်လှယ်နေတဲ့ အချိန်ဖြစ်နေတာပါပဲ။ တရားဥပဒေကို မျက်ကွယ်ပြုပြီး ခြစားမှုတွေ၊ မတရားမှုတွေ ကြီးစိုးနေတဲ့ ဒီလိုအချိန်မှာ ရဲအရာရှိ မီအိုတစ်ယောက် ဒီခွန်အားကြီးမားတဲ့ လူမိုက်ဂိုဏ်းတွေကို ဘယ်လို ထိပ်တိုက်ရင်ဆိုင်မလဲ။ အကျင့်ပျက် အရာရှိတွေရဲ့ ဖိအားတွေကြားကနေ အမှန်တရားအတွက် သူ့ရဲ့ သိုင်းပညာနဲ့ ဘယ်လို တိုက်ပွဲဝင်မလဲ ဆိုတာကို အကြိတ်အနယ် ရှုစားရမှာပါ။ သမိုင်းကြောင်း အငွေ့အသက်တွေလည်းပါ၊ ဖိုက်တင်ခန်းတွေလည်း ကြမ်းတဲ့ ကားကောင်းလေးမို့ Martial Arts ဖန်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်ဗျာ။

ကျားရဲဂူထဲက ဘိန်းရာဇာ
ကျားရဲဂူထဲက ဘိန်းရာဇာ

ကျတ်ရွာထဲကသရဲစားသောက်ဆိုင်အူတက်ခွီရယ်နေမဲ့အင်ဒိုသရဲကားသစ်🤣🤣 W*a*r*u*n*g P*o*c*o*n*g (2026) အင်ဒိုနီးရှားမြို့တော် ဂျကာတာ မှာ နေထိုင်ကြပြီး နေ့စဉ်ဘဝ ရုန်းကန်နေရတဲ့ လူငယ်သူငယ်ချင်း သုံးယောက်ဖြစ်တဲ့ ကာတိုနို အာဂတ်စ်နဲ့ မာမိုးရ်တို့အကြောင်းကနေ စတင်ထားပါတယ်။ သူတို့သုံးယောက်လုံးဟာ အလုပ်အကိုင်မရှိဘဲ ငွေကြေးအကျပ်အတည်း ဖြစ်နေချိန်မှာ... လူသူဝေးလံတဲ့ ကျေးလက်ရွာကလေးတစ်ခုမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုကနေ လစာအဆမတန် ကောင်းတဲ့ အလုပ်ခေါ်စာကို မထင်မှတ်ဘဲ တွေ့ရှိသွားခဲ့ပါတယ်။ ဒါကို အခွင့်အရေးကြီးလို့ ထင်မှတ်ပြီး သူတို့သုံးဦးဟာ ဝမ်းသာအားရနဲ့ အဆိုပါ ဝေးလံခေါင်ဖျားတဲ့ ရွာကလေးဆီ ထွက်ခွာလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဆိုင်ကို ရောက်ပြီး အလုပ်လုပ်တဲ့အခါမှာတော့... ဆိုင်ရဲ့ စည်းကမ်းချက်တွေက ထူးဆန်းလွန်းနေပြီး လာရောက်စားသောက်ကြတဲ့ ဖောက်သည်တွေကလည်း လူသားတွေ ဟုတ်၊ မဟုတ် သံသယဝင်စရာတွေ ဖြစ်လာပါတော့တယ်။ ဆိုင်ရှင်ရဲ့ ကန့်လန့်ကာနောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ဆိုင်ရောင်းကောင်းအောင် အောက်လမ်းနည်း "Pocong"နဲ့ (အင်ဒိုနီးရှားရိုးရာ အဝတ်ဖြူပတ် ရုပ်အလောင်းသရဲ) တွေကို အသုံးပြုထားတဲ့ အောက်လမ်းအတတ်တွေကို တဖြည်းဖြည်း သိရှိသွားတဲ့အခါ... သူတို့ရဲ့ စိတ်ကူးအိမ်မက်တွေဟာ သွေးပျက်စရာ ကံကြမ္မာဆိုးကြီးအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီထောင်ချောက်ကြီးထဲကနေ သူတို့သုံးယောက်အသက်ရှင်လျက် လွတ်မြောက်အောင် ဘယ်လိုရုန်းကန်မလဲဆိုတာကို ရိုက်ပြထားပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/701

ကျတ်ရွာထဲကသရဲစားသောက်ဆိုင်အူတက်ခွီရယ်နေမဲ့အင်ဒိုသရဲကားသစ်🤣🤣 W*a*r*u*n*g P*o*c*o*n*g (2026)
ကျတ်ရွာထဲကသရဲစားသောက်ဆိုင်အူတက်ခွီရယ်နေမဲ့အင်ဒိုသရဲကားသစ်🤣🤣 W*a*r*u*n*g P*o*c*o*n*g (2026)

ထိတွေ့ခြင်းကနေကူးတဲ့ မကောင်းဆိုးဝါး (၂၀၂၆) Thingy (2026) ဖရန်ကီဟာ လူမှုအသိုင်းအဝိုင်းကြားမှာ မနေတတ် မထိုင်တတ်ဖြစ်ရတဲ့ Social Anxiety ခံစားနေရသူ လေးတစ်ယောက်ပါ။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် ရည်းစားဟောင်းရှိနေမယ်မှန်းသိရက်နဲ့ အဝေးတစ်နေရာက သီးသန့် အိမ်တစ်အိမ်မှာ ပြုလုပ်တဲ့ House Party ကို မဖြစ်မနေ သွားခဲ့ရပါတယ်။သူမအတွက်တော့ ဒီပါတီပွဲထဲမှာ အပြုံးတုတွေဆင်ပြီး အားလုံးနဲ့ အဆင်ပြေအောင်နေပြရတာတင် အတော်လေး ဝန်ထုတ်ဝန်ပိုး ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ တကယ့်အိပ်မက်ဆိုးက ပါတီပွဲထဲကို စိတ်ခြောက်ခြားစရာကောင်းတဲ့ ဧည့်သည်တစ်ယောက် ရောက်လာပြီးမှစတင်ခဲ့တာ ဖြစ်ပါတယ်။အဲဒီဧည့်သည်ဆီကနေတစ်ဆင့် ထိတွေ့မှုကနေ ကူးစက်တတ်တဲ့ နာမည်မဲ့မကောင်းဆိုးဝါး (Th*in*gy) တစ်ခု ပါတီပွဲဝင်တွေကြားထဲ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီစွမ်းအားဆိုးဟာ လူတွေရဲ့ စိတ်ထဲက အကြောက်တရား၊ မနာလိုမှုနဲ့ မယုံကြည်မှုတွေကို အခွင့်ကောင်းယူပြီး အချင်းချင်း သံသယဝင်လာအောင် ဖန်တီးပါတော့တယ်။ယုံကြည်ရခက်တဲ့ ပါတီပွဲပတ်ဝန်းကျင်ထဲမှာ ဘယ်သူ့ဆီကို မကောင်းဆိုးဝါး ရောက်နေပြီလဲဆိုတာ မသိနိုင်တော့တဲ့အခါ.....မိသားစုနဲ့အတူကြည့်လို့မသင့်တော်တဲ့ဇာတ်ဝင်ခန်းများပါဝင်နေတာမို့လို့အသက်ပြည့်ပြီးသူများသာကြည့်ရှုသင့်ပါတယ်..... ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/387

ထိတွေ့ခြင်းကနေကူးတဲ့ မကောင်းဆိုးဝါး (၂၀၂၆)
ထိတွေ့ခြင်းကနေကူးတဲ့ မကောင်းဆိုးဝါး (၂၀၂၆)

Operation Black-Ops 2026 ဒီဇာတ်ကားလေးကတော့ ကြ-မ်းကြ-မ်းရမ်းရမ်း အက်ရှင်ကားတွေမှကြိုက်တတ်တဲ့ပရိသ-တ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ အပ-စ်အခ-တ်အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်နော် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ င-ရဲလေ့ကျင့်ရေးစခန်းဟာ နိုင်ငံတကာ အကြ-မ်းဖ-က်တို-က်ဖျ-က်ရေးဌာနရဲ့လက်အောက်ခံ လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်ပါတယ် ။ တစ်နေ့မှာ တရုတ်ပြည်မှာ ချစ်ကြည်ရေးမိန့်ခွန်းပြောဖို့ ရောက်လာတဲ့ စန်ဒါဆိုတဲ့ သံအမတ်ကို မိန့်ခွန်းမပြောခင်နေ့ တစ်ရက်အလိုမှာ ဘာလန်တို့ လူဆို-းဂို-ဏ်းတစ်ခုက ကြာ-းဖြ-တ်ဖ-မ်းစီ-းသွားပြီး လု-ပ်-ကြံ-ဖို့ကြံ-စ-ည်ပါတော့တယ် ။ အားလက်ရက်ကိုကောင်းကောင်းပျော်ရွှင်နေကြတဲ့ င-ရဲလေ့ကျင့်ရေးစခန်းက ရဲမေတွေဟာလည်း အထူ-းစ-စ်ဆ-င်ရေးတာဝန်ကို အ-လော-တကြီးလက်ခံရရှိခဲ့ကြတာကြောင့် စ-ခ-န်းကို ချက်ချင်းပြန်လာပြီး စန်ဒါကိုကယ်တင်ဖို့စတင်လုပ်ဆောင်ကြရပါတော့တယ် ။ အ-ထူးစ-စ်ဆ-င်ရေးဖြစ်တဲ့အလျောက် ဘယ်လိုမမြင်ရတဲ့ အ-န္တာ-ယ်တွေက သူတို့ကိုစောင့်ကြိုနေမလဲ ။ တကယ့်စ-စ်မြေပြင်မှာ မိန်းကလေးတွေဖြစ်ကြတဲ့ သူတို့ ဘယ်လောက်ထိရဲစွမ်းသတ္တိအပြည့်နဲ့ တာဝန်ကိုအောင်မြင်ကိုလုပ်ဆောင်သွားမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ စိတ်ဝင်စားစွာကြည့်ရမှာပဲဖြစ်ပါတယ် ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/696

O-p-e-r-a-t-i-o-n B-l-a-c-k-O-p-s (2-0-2-6)
O-p-e-r-a-t-i-o-n B-l-a-c-k-O-p-s (2-0-2-6)

ဆိတ်ငြိမ်မြို့လေးရဲ့ နောက်ကွယ်က အကျင့်ပျက်ခြစားမှု အမှောင်ထု (၂၀၂၆) C+o-l+o-r+s o-f E+v-i+l: B-l+a-c+k (2026) --------------------- ပိုလန်နိုင်ငံရဲ့ ဆိတ်ငြိမ်လှတဲ့ မြို့ငယ်လေးတစ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကလေးပျောက်ဆုံးမှုနောက်ကွယ်ကနေ... ဆယ်စုနှစ်ချီ ဖုံးကွယ်ထားခဲ့တဲ့ အာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊  လူသတ်မှု လျှို့ဝှက်ချက်ဟောင်းတွေကို ဉာဏ်ကစားပြီးစုံစမ်းရမယ့် ပိုလန် Neo-Noir / Crime ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံကတော့ အမြင်မှာအေးချမ်းပေမဲ့ အတွင်းမှာတော့ အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ ပိုလန်မြို့ငယ်လေးတစ်မြို့ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဆိုပါ မြို့ကလေးက ကောင်လေးတစ်ဦး သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်ဒီအမှုကို စုံစမ်းဖို့အတွက် မြို့ကို အသစ်ပြောင်းရွှေ့လာခဲ့တဲ့  စုံစမ်းစစ်ဆေးရေးမှူးက တာဝန်ယူလိုက်ရပါတယ်။ အစပိုင်းမှာ သာမန်ပြန်ပေးဆွဲမှု၊ ပျောက်ဆုံးမှုလို့ ထင်ခဲ့ပေမဲ့... အမှုထဲကို နက်နက်နဲနဲ စုံစမ်းလေလေ၊ ဒီပျောက်ဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့ပြီး ဘယ်သူမှ မဖော်ထုတ်နိုင်ဘဲ ပဟေဠိဖြစ်ကျန်ခဲ့တဲ့ လူပျောက်ဆုံးမှုအမှုကြီးနဲ့ ထူးဆန်းစွာ ဆက်နွယ်ပတ်သက်နေတာကို တွေ့ရှိသွားပါတော့တယ်။ အမှုနောက်ကွယ်မှာ မြို့က ဩဇာအာဏာရှိသူတွေ၊ ရဲတပ်ဖွဲ့ရဲ့ ဖုံးကွယ်ထားတဲ့ အကျင့်ပျက်မှုတွေ ပါဝင်နေတာကို သိလိုက်ရတဲ့အခါ... အမှန်တရားကို ရှာဖွေမယ့် အစိုးရရှေ့နေဟာ မြေအောက်လောကရဲ့ ခြိမ်းခြောက်မှုတွေ၊ အသက်အန္တရာယ်တွေကြားထဲကနေ ဘယ်လိုမျိုး ဉာဏ်ကစားပြီး ဖော်ထုတ်သွားမလဲဆိုတာ ရိုက်ပြထားပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1423

ဆိတ်ငြိမ်မြို့လေးရဲ့ နောက်ကွယ်က အကျင့်ပျက်ခြစားမှု အမှောင်ထု (၂၀၂၆) C+o-l+o-r+s o-f E+v-i+l: B-l+a-c+k (2026)
ဆိတ်ငြိမ်မြို့လေးရဲ့ နောက်ကွယ်က အကျင့်ပျက်ခြစားမှု အမှောင်ထု (၂၀၂၆) C+o-l+o-r+s o-f E+v-i+l: B-l+a-c+k (2026)

စူပါစတားတွေပဲအပြိုင်ကြဲထားတဲ့ ရှယ်မိုက်ရှယ်ကြမ်းအက်ရှင်ကားသစ် The D*e*b*t C*o*l*l*e*c*t*o*r (2026) "အကြွေးဆိုတာ ငွေနဲ့ဆပ်ရပေမဲ့... သွေးကြွေးဆိုရင်တော့ အသက်နဲ့ရင်းရလိမ့်မယ်" ထိုင်းကားဖန်တွေ၊ အထူးသဖြင့် စူပါစတား Nadech Kugimiya ရဲ့ ပရိသတ်တွေအတွက် လုံးဝကို ရှယ်မိုက်တဲ့ Action, Crime , Thriller ကားသစ်ကြီး "The Debt Collector" ဟာ ဒီနေ့ပဲ ပူပူနွေးနွေး ထွက်ရှိလာပါပြီ။ ဒီကားမှာ Nadech အပြင် Daou Pittaya Saechua နဲ့ Chaiwat Thongsaeng တို့လို နာမည်ကြီးမင်းသားတွေပါ အားဖြည့်ပါဝင်ထားတာဆိုတော့ ကွာလတီကတော့ လန်းနေမှာ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အရင်က သွေးအေးရက်စက်တဲ့ အကြွေးတောင်းသမားဘဝနဲ့ နေလာခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ဟာ ထောင်ကထွက်လာတဲ့အခါမှာ အတိတ်က သူလုပ်ခဲ့တဲ့ အမှားတွေ၊ အပြစ်တွေကြောင့် ယူကျုံးမရ နောင်တတွေနဲ့ နေထိုင်နေရသူပါ။ ကံကြမ္မာက ထပ်ပြီးမျက်နှာသာမပေးတော့ သူ့မှာ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါဆိုးကြီး ဝင်နေမှန်း သိလိုက်ရတဲ့အခါ... မသေခင်လေးမှာ သူ့ရဲ့ အတိတ်က အပြစ်တွေကို ဆေးကြောဖို့နဲ့ ရက်စက်တဲ့ ငွေတိုးချေးစားတဲ့ ဂိုဏ်းတွေရဲ့ လက်အောက်က သားကောင်တွေကို ကာကွယ်ဖို့အတွက် သူစွန့်ခွာခဲ့တဲ့ မြေအောက်ရာဇဝတ်လောကထဲကို နောက်တစ်ကြိမ် ပြန်ဝင်လာပါတော့တယ်။ ရက်စက်တဲ့ အကြွေးရှင်ဂိုဏ်းတွေကို သူတစ်ယောက်တည်း ဘယ်လို ရင်ဆိုင်မလဲ၊ သူ့အသက်မသေခင်လေးမှာရော သူလိုချင်တဲ့အရာကို ရနိုင်ပါ့မလား... ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ သာမန် ရိုက်နှက်နေတဲ့ အက်ရှင်ကားမျိုး မဟုတ်ဘဲ နောင်တ၊ လက်စားချေမှုနဲ့ Emotion တွေပါ ထည့်သွင်းထားတဲ့အပြင် ထိုင်းသရုပ်ဆောင်တွေရဲ့ အပီပြင်ဆုံး တိုက်ခိုက်ရေးခန်းတွေကိုပါ မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာဖြစ်လို့ Action-Thriller အကြမ်းစားမှ ခိုက်တဲ့ ဘော်ဒါတွေအတွက် ခုပဲ ပြေးကြည့်လိုက် Huကြပါတော့ဗျာ။ ဇာတ်ကားလင့်ခ်👇👇👇 https://t.me/burmasubmov/3636

စူပါစတားတွေပဲအပြိုင်ကြဲထားတဲ့ ရှယ်မိုက်ရှယ်ကြမ်းအက်ရှင်ကားသစ် The D*e*b*t C*o*l*l*e*c*t*o*r (2026)
စူပါစတားတွေပဲအပြိုင်ကြဲထားတဲ့ ရှယ်မိုက်ရှယ်ကြမ်းအက်ရှင်ကားသစ် The D*e*b*t C*o*l*l*e*c*t*o*r (2026)

Manila's Finest (2025) IMDb Rating (8.3) ဒီဟာ ၁၉၆၉ ခုနှစ်ဝန်းကျင် ဖိလစ်ပိုင်နိုင်ငံဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ်ရပ်မှန် တစ်စိတ်
Manila's Finest (2025) IMDb Rating (8.3) ဒီဟာ ၁၉၆၉ ခုနှစ်ဝန်းကျင် ဖိလစ်ပိုင်နိုင်ငံဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ်ရပ်မှန် တစ်စိတ်တစ်ဒေသကိုအခြေခံပြီး မနီလာရဲတပ်ဖွဲ့အကြောင်းကို ဂုဏ်ပြုရိုက်ကူးထားတဲ့ Period Crime Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဲ့ဒီခေတ်ကာလ ဌာနတွင်းအပြိုင်အဆိုင်ဖြစ်မှုတွေ၊ ဖာဒီနန်မားကိုစ့်ရဲ့(Martial law) ပြဌာန်းဖို့အတွက် အကြောင်းပြစရာအဖြစ် အသုံးချခဲ့တဲ့ အငြင်းပွားစရာဖြစ်စဉ်တွေကြားကနေ ဖိလစ်ပိုင်ရဲတပ်ဖွဲ့မြို့တော်ကွပ်ကဲရေးဌာနချုပ် (MetroCom) နဲ့ပူးပေါင်းသွားခဲ့ရတဲ့ ဖြစ်စဉ်တွေကို အနုစိတ် ပုံဖော်ထားတာဖြစ်ပါတယ်။ ဖိလစ်ပိုင်ရဲ့ထိပ်သီးဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပြီး ခမ်းနားလှတဲ့ Production Design၊ အမိုက်စားတွေ၊နောက်ခံတေးဂီတ၊ Cinematography အကောင်းစားတွေနဲ့ရှုစားရမယ့် သမိုင်းနောက်ခံဇာတ်ကားကောင်းတစ်ကားပါ။ Metro Manila Film Festival မှာပဲပွဲဦးထွက်ခဲ့ပြီး ဆုအမြောက်အမြားဆန်ကာတင်ဝင်ခဲ့ပြီးတဲ့နောက် Best Production Design,Best Cinematography အပါအဝင် ဆုခုနှစ်ခုဆွတ်ခူးရရှိထားပါတယ်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+_EjqNe-b4CQxYzQ1 ဇာတ်ကားကြည့်ရန်👇👇👇 https://t.me/c/4315958829/379

ချစ်တိုင်းလည်းမညား I-d-h-a-y-a-m M-u-r-a-l-i (2026) ========================== IMDB ⭐️ 8.7/10 "နှစ်တွေဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ... မင်းနဲ့ပတ်သက်ရင် ငါ့ရင်ဘတ်ထဲက ခံစားချက်တွေကတော့ ဘယ်တော့မှ အရောင်မပြယ်နိုင်ခဲ့ဘူး" အချစ်ဆိုတာ ပိုင်ဆိုင်ရမှမဟုတ်ပါဘူးဆိုတဲ့ စကားလေးကို သက်သေပြမဲ့ဇာတ်ကားလေး… ဒီတစ်ခါတော့ သွေးဆူစရာ Action တွေ ခဏနားပြီး ရင်ထဲကို ထိရှသွားစေမဲ့၊ တစ်ခါတလေကျရင်လည်း မျက်ရည်လေးဝဲသွားစေမဲ့ Tamil Romance, Coming-of-Age ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ နက်ဖလစ်ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့ ဒီကားလေးကတော့ IMDb မှာလည်း 8.7/10 အထိ ရရှိထားတဲ့ Masterpiece လေးပါပဲ။ ဒီကားလေးမှာဆိုရင် ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော Atharvaa က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး ၂၁ ရာစု လူငယ်တွေရဲ့ နီးရဲ့နဲ့ဝေး မဆုံနိုင်လို့ဆွေးခဲ့ရတဲ့ အချစ်ဇာတ်လမ်းအဖုံဖုံကို တင်ဆက်ပေးထားတာပါ။ ဇာတ်လမ်းအကြောင်းအရာလေးကတော့...အီဒါယာဆိုတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ရှုပ်ထွေးလှတဲ့ တစ်ဖက်သတ်အချစ်ခရီးလမ်းကို ပုံဖော်ထားတာပါ။ အချိန်တွေကြာလာတာနဲ့အမျှ ဘဝမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ အများကြီး ကြုံလာရပေမဲ့... သူ့ရင်ဘတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ခံစားချက်တစ်ခုကတော့ ဖျောက်ဖျက်လိုမရဘဲ ကျန်ရစ်နေခဲ့တဲ့အခါ... ချစ်ရသူကို နှစ်နဲ့ချီ ကြိတ်ချစ်ခဲ့ပေမဲ့ ဖွင့်ပြောမထွက်တဲ့ အီဒါယာတစ်ယောက် မြိုသိပ်ခြင်းကိုသာ လက်ကိုင်ထားရာကနေ အခြေအနေတွေက ပိုပိုထိန်းမရဖြစ်လာတဲ့အခါ... လူငယ်ဘဝရဲ့ ပေါ့ပေါ့ပါးပါး Comedy လေးတွေနဲ့အတူ၊ အရွယ်ရောက်လာတဲ့အခါ ရင်ဆိုင်ရတဲ့ ဘဝရဲ့ အချိုးအကွေ့တွေကို (Coming-of-Age) သေသေချာချာ ရိုက်ပြသွားတာမို ကြည့်နေရင်းနဲ့ ကိုယ့်ငယ်ဘဝကိုပါ ပြန်လွမ်းသွားစေမဲ့ ဇာတ်ကားမျိုးပါ။ Drama နဲ့ Romance အရသာကို အပြည့်အဝပေးစွမ်းနိုင်ပြီး အချစ်နဲ့ပတ်သက်ရင် "အလွဲ" လေးတွေကနေ ဘယ်လို ရင့်ကျက်သွားမလဲဆိုတာကို ရှုစားရမှာပါ။ ကိုယ့်ရဲ့ First Love ကို သတိရစေမဲ့၊ ကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့စေမဲ့ ဒီ Feel-Good / Emotional ဇာတ်ကားလေးကို အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+sHLyxfc2smVhYzVl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/2704450145/1417

ချစ်တိုင်းလည်းမညား
ချစ်တိုင်းလည်းမညား

လီနင် ၂၀၂၆ L-e-n-i-n (2026) ============= IMDB ⭐️ 6.7/10 "ငြိမ်းချမ်းရေးကို လိုချင်ရင်... သွေးစွန်းနေတဲ့ စစ်ပွဲကို ကိုယ်တိုင်ဝင်တိုက်ပြီး အဆုံးသတ်မှရမယ်" Telugu Action ကားကြမ်းကြမ်းတွေ၊ သွေးဆူချင်စရာ One-Man Army Action ဇာတ်ကားကောင်းလေးတွေ မျှော်နေတဲ့ ဘော်ဒါတွေအတွက် အသစ်စက်စက် အက်ရှင်ဒရာမာ ဇာတ်ကားသစ်ကြီး ထွက်ရှိလာပါပြီ။ ဒီကားလေးကတော့ အိန္ဒိယရဲ့ နာမည်ကျော် ရာဇဝင်ကြီးဖြစ်တဲ့ မဟာဘာရတ (Mahabharata) ဇာတ်တော်ကြီးကို အဓိက Inspiration ယူပြီး ခေတ်သစ်ပုံစံနဲ့ အမိုက်စား ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းကတော့ ဆရီရမ်ပူရမ် (Srirampuram) ဆိုတဲ့ ရွာလေးမှာ အခြေတည်ထားပါတယ်။ ဒီရွာလေးမှာက ရွာရဲ့ ရိုးရာပွဲတော်နဲ့ ဆက်စပ်ပြီး နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သွေးကလဲ့စားချေမှုတွေ၊ အာဃာတတွေ ရှိနေတာပါ။ ဒီလို သွေးစွန်းနေတဲ့ သံသရာကြီးထဲကို ဇာတ်လိုက်ကျော် လီနင်တစ်ယောက် ဝင်ရောက်လာတဲ့အခါ... သူ့အနေနဲ့ ဒီသံသရာကြီးကို အဆုံးသတ်ဖို ဘယ်လိုတွေ ရင်ဆိုင်ရမလဲ။ တစ်ယောက်တည်း တစ်ကိုယ်တော် (One-Man Army) အနေနဲ့ လူမိုက်တွေ၊ ရန်သူတွေကို ဘယ်လို သွေးသံရဲရဲ ရှင်းလင်းသွားမလဲဆိုတာကို အားရပါးရ ရှုစားရမှာပါ။ Action တွေချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ Drama, Thriller နဲ့ Romance အရသာတွေပါ မျှမျှတတ ပါဝင်လို ရိုမန့်စ်အပိုင်းမှာလည်း ရင်ခုန်စရာ Pick-up line လေးတွေနဲ့အတူ ကြည့်ရဦးမှာပါ။ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင် အက်ရှင်ခန်းတွေနဲ့အတူ ဇာတ်လမ်းဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားမျိုးမို ဒီ Weekend မှာ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦး။ ချန်နယ်joinကြည့်ပါ👇👇👇 https://t.me/+NOBL7w1vj0M3MDdl ဇာတ်ကားလင့်ခ်👇👇👇 https://t.me/c/3774947924/685

လီနင် ၂၀၂၆
လီနင် ၂၀၂၆

အားယင် (阿颖) A' Yi*ng 20*26