သိင်္ခ
Kanalga Telegram’da o‘tish
အသိတိုး
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
1 060
Obunachilar
-124 soatlar
-237 kun
-7030 kun
Postlar arxiv
1 060
Repost from Gyar Nuu (ဂျာနူး)✍️
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်) သို့ တပ်ကုန်းမြို့ အထက (၂) မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ
1 060
အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခ ပြန်လည်တင်းမာလာပြီး လက်ဘနွန်မှာ အရပ်သားသေဆုံးမှုတွေ ဖြစ်ပွားခဲ့
လက်ဘနွန်နိုင်ငံ တောင်ပိုင်းဒေသတွေမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအဖွဲတိုကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပြီး မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိလာခဲ့တယ်လို သိရပါတယ်။
သတင်းများအရ လက်ဘနွန်တောင်ပိုင်း Kfar Rumman ကျေးရွာ ကို အစ္စရေးလေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုဟာ လက်ဘနွန်တောင်ပိုင်းဒေသတွေအတွင်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတိုကြား ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်နောက်ပိုင်း Hezbollah (ဟစ်ဇ်ဘိုလာ) နဲ့ အစ္စရေးကြား တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး နှစ်ဖက်အကြား ပဋိပက္ခ ပြန်လည်ကျယ်ပြန့်လာနိုင်ခြေအပေါ် နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။
1 060
အုတ်တွင်းမြို ဈေးအတွင်း သင်္ကန်းဝတ်ဖြင့် အလှူခံနေသူ အမျိုးသားအား သာသနာ ညှိးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်၊ အုတ်တွင်းမြိုဈေးအတွင်း သင်္ကန်းဝတ်ဆင်ကာ အလှူခံနေသူ အမျိုးသားတစ်ဦးကို မြိုနယ်သာသနာရေးဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးပြီး သာသနာညှိးနွမ်းစေမှု ပုဒ်မ ၂၉၅(က) ဖြင့် တရားစွဲဆိုခဲ့ရာ စက်တင်ဘာ ၈ ရက် ရုံးချိန်းတွင် အုတ်တွင်းမြိုနယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်နေ့က အုတ်တွင်းမြိုဈေးအတွင်း သင်္ကန်းဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး အလှူခံနေသည်ကို တွေ့ရှိသဖြင့် အုတ်တွင်းမြိုနယ် သာသနာရေးဆိုင်ရာ ထိန်းသိမ်းရေးအဖွဲက ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးနေစဉ် အဆိုပါအမျိုးသားက လူအများရှေ့တွင် တာဝန်ရှိသူများကို ပြန်လည်ရန်ပြုထိုးနှက်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းကာ ဆက်လက်စစ်ဆေးခဲ့ကြောင်း အုတ်တွင်းမြိုနယ် သာ/ထိန်းအဖွဲထံမှ သိရသည်။
ဆက်လက်စစ်ဆေးရာတွင် ၎င်းသည် သံဃာတော်အဖြစ် သာသနာ့ဘောင်ဝင်ရောက်နေထိုင်သူမဟုတ်ဘဲ သင်္ကန်းဝတ်ဆင်ကာ အလှူခံနေသူဖြစ်ကြောင်းနှင့် ထောင်မှလွတ်မြောက်ထားသည့် အထောက်အထားပါရှိပြီး ဖမ်းဆီးစဉ် အလှူခံရရှိထားသည့် ငွေကျပ် ၁၂၅,၆၀၀ ကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အုတ်တွင်းမြိုနယ် ရဲတပ်ဖွဲထံ အပ်နှံကာ ဈေးရပ်ကွက်အုပ်ချုပ်ရေးအဖွဲမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
1 060
လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြိုနယ်တိုရှိ ရေဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေး
လေးမျက်နှာ၊ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြိုနယ်တိုမှ ရေဘေးသင့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
1 060
မိုင်းပျဉ်းမြိုနယ်တွင် ငွေကျပ်သိန်း ၂,၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၈
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် သတင်းအရ သက်သေများနှင့်အတူ စက်တင်ဘာလ ၄ ရက်နေ့ ၂၃၄၅ အချိန် မိုင်းပျဉ်းမြိုနယ်၊ ပန်မော်(၂၀)မိုင်ကျေးရွာအနီး၊ ကျိုင်းတုံ - တောင်ကြီးသွားကားလမ်းတွင် စိုင်းစံထွန်း မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား မော်တော်ယာဉ်နှင့် ယောလှ မောင်းနှင်လာသည့် TOYOTA HILUX TIGER အမျိုးအစား မော်တော်ယာဉ်တိုအား စိုင်းစံထွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း အလေးချိန် ၁,၀၂၀ ကီလို (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၀၂၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတိုအား လည်းကောင်း၊ ယောလှ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း အလေးချိန် ၉၈၀ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၈၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
1 060
ပြည်သူ့ပါတီမှ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ပယ်ဖျက်၍ ပြည်ခိုင်ဖြိုးပါတီမှ နှစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် UEC သတ်မှတ်ကြေငြာ
ပြည်သူ့ပါတီမှ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား ပယ်ဖျက်၍ ပြည်ခိုင်ဖြိုးပါတီမှ နှစ်ဦးအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က သတ်မှတ်ကြေငြာလိုက်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁/၂၀၂၆) အပေါ် ဆုံးဖြတ်ချက်ချမှတ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ မြိတ်မြိုနယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်သူ့ပါတီမှ ဦးခိုင်ဦးအား ရွေးကောက်တင်မြှောက်ခံထားရမှုကို ပယ်ဖျက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးဝင်းကြူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေငြာခဲ့ခြင်းဖြစ်သည်။
1 060
အမေရိကန်နိုင်ငံအတွင်း အဆိုးရွားဆုံး ရာဇဝတ်မှုကျူးလွန်သူများစာရင်းတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူ ၁၂၃ ဦးအထိ ပါဝင်လာ
အမေရိကန်နိုင်ငံအတွင်း အဆိုးရွားဆုံး ရာဇဝတ်မှုကျူးလွန်သူများစာရင်းတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချ သူ ၁၂၃ ဦးအထိ ပါဝင်လာခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဌာန (DHS) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
DHS သည် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးဌာန (ICE) မှ ဖမ်းဆီးထိန်းသိမ်း ခဲ့သည့် အဆိုးရွားဆုံး ရာဇဝတ်မှုများကျူးလွန်သည့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဝက်ဘ်ဆိုက်ပေါ် တွင် စုစည်းဖော်ပြထားခြင်း ဖြစ်သည်။
စက်တင်ဘာ ၆ ရက်အထိ ဖော်ပြထားသည့် စာရင်းအရ ICE ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မြန်မာများထဲတွင် အဓမ္မပြုကျင့်မှု၊ အသက်မပြည့်သေးသူများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ဖောက်ထွင်းမှုများအပါအဝင် အခြားပြစ်မှုများလည်း ပါဝင်နေသည်။
1 060
ငဝန် တာတမံ ပိတ်ဆိုကာရံခြင်းလုပ်ငန်းနှင့် ဧရာဝတီတိုင်းအတွင်း လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး
1 060
“လူငယ်များအနေဖြင့် အသိပညာ၊ ဗဟုသုတများကို အချင်းချင်း ပြန်လည်မျှဝေကြရန်” လူငယ်ရေးရာဝန်ကြီး တိုက်တွန်း
လူငယ်မောင်မယ်များအနေဖြင့် မိမိတိုရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတများကို လူငယ်အချင်းချင်း ပြန်လည်မျှဝေပေးကြရန်နှင့် ကောင်းမွန်သည့် စိတ်ဓာတ်၊ အလေ့အကျင့်များကို ဆက်လက်မွေးမြူကြရန် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက တိုက်တွန်းပြောကြားခဲ့သည်။
စက်တင်ဘာ ၇ ရက်က တောင်ငူတက္ကသိုလ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Cleaning Campaign) လှုပ်ရှားမှုအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူငယ်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။
1 060
တာမွေမြိုနယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက်ည ၁၂ နာရီခန့်အထိ မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေမည်
တာမွေမြိုနယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက်ည ၁၂ နာရီခန့်အထိ မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေမည်ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာမွေမြိုနယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားချိန် အဆိုပါကလေးငယ်မှာ သူငယ်ချင်းနှစ်ဦးနှင့်အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်း၌ ရေဆင်းဆော့ရာမှ ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
ပျောက်ဆုံးနေသည့် ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြိုနယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ကာ စက်တင်ဘာ ၇ ရက် ည ၁၂ နာရီအထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
1 060
၄၉၂၆ စစ်ဆင်ရေး စပြီ၊ မန္တလေးမှာ PDF (၂၀၀) ကျော် အလင်းဝင်ခြင်းနဲ့အခြားသတင်းများ၊ အမေရိကန် DHS က ပြန်ပို့မယ့်ထဲမှာ မြန်မာ (၁၂၀) ကျော်ပါ၊ မြန်မာနယ်စပ်က မူးယစ်ဆေးဝါးကို နှိမ်နင်းမယ်လို့ အိန္ဒိယပြော၊ ဒေါ်အောင်ဆန်းစုကြည်ကို အနေကြပ်စေတဲ့ သား (၇-၀၉-၂၀၂၆)
1 060
တိုင်းဒေသကြီးလွှတ်တော် သိုမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၅(ခ) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်ကို ကြေညာခြင်း
1 060
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် ရွေးကောက်တင်မြှောက်ခံရသူ အမည်စာရင်း ပြောင်းလဲသတ်မှတ်ကြေညာခြင်း
1 060
Repost from Gyar Nuu (ဂျာနူး)✍️
ယနေ့ စက်တင်ဘာ၈ရက်နေ့သည်
နိုင်ငံတကာစာတက်မြောက်ရေးနေ့" International Literacy Day ဖြစ်သည်။
1 060
တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက်ည ၁၂ နာရီခန့်အထိ မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေမည်
စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာမွေမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားချိန် အဆိုပါကလေးငယ်မှာ သူငယ်ချင်းနှစ်ဦးနှင့်အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်း၌ ရေဆင်းဆော့ရာမှ ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
ပျောက်ဆုံးနေသည့် ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ကာ စက်တင်ဘာ ၇ ရက် ည ၁၂ နာရီအထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပုံစာ- စက်တင်ဘာ ၇ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာမွေအိုးရှင်းရှေ့၌ ရေကြီးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)
1 060
ရန်ကုန်တိုင်း၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်
ရန်ကုန်တိုင်း၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၇ ရက်ညနေ ၄ နာရီတွင် အသိပေးထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းနည်းတူ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တိုတွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတိုတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တိုတွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တိုတွင် နေရာအနှံအပြားမိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။
1 060
မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် ယခင်စီးပွားရေးလုပ်ငန်းရှင်များ ပြန်လာရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေဟုဆို
မြန်မာနိုင်ငံမှ ယခင်နှစ်များအတွင်း ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်လိုသည့် လုပ်ငန်းရှင်အဖွဲ့များလည်း ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
1 060
ခိုင်မာသည့် နိုင်ငံရေးယုံကြည်မှုနှင့် ပိုမိုကျယ်ပြန့်လာမည့် မြန်မာ-ဗီယက်နမ် စီးပွားရေးနှင့် နည်းပညာစင်္ကြံများ
မကြာသေးမီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်သည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်း၏ ပြယုဂ်ဖြစ်သည်။ ဤခရီးစဉ်သည် သမိုင်း အစဉ်အလာကြီးမားသည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ အနာဂတ်ကာလအတွက် ခိုင်မာသော နိုင်ငံရေးယုံကြည်မှုအပြင် စီးပွားရေးနှင့် နည်းပညာစင်္ကြံများကို ပိုမိုကျယ်ပြန့်လာစေရန် မဟာဗျူဟာ မြောက် လမ်းစဖော်ပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ရမည်ဖြစ်သည်။
