သိင်္ခ
Kanalga Telegram’da o‘tish
အသိတိုး
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
1 060
Obunachilar
-124 soatlar
-237 kun
-7030 kun
Postlar arxiv
1 060
တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ် (၁) တွင် ရွေးကောက်တင်မြှောက်ခံရသူ အမည်စာရင်း ပြောင်းလဲသတ်မှတ်ကြေညာခြင်း
1 060
Repost from Gyar Nuu (ဂျာနူး)✍️
ယနေ့ စက်တင်ဘာ၈ရက်နေ့သည်
နိုင်ငံတကာစာတက်မြောက်ရေးနေ့" International Literacy Day ဖြစ်သည်။
1 060
တာမွေမြို့နယ်တွင် မိုးရွာသွန်းပြီး ရေကြီးချိန် ရေမြောင်းထဲ ပြုတ်ကျခဲ့သည့် ၁၄ နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာ ၇ ရက်ည ၁၂ နာရီခန့်အထိ မတွေ့ရှိသေးပဲ ယနေ့တွင် ပုဇွန်တောင်ချောင်း၌ ဆက်လက်ရှာဖွေမည်
စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တာမွေမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားချိန် အဆိုပါကလေးငယ်မှာ သူငယ်ချင်းနှစ်ဦးနှင့်အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်း၌ ရေဆင်းဆော့ရာမှ ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း ပတ်ဝန်းကျင်မှ စုံစမ်းသိရှိရသည်။
ပျောက်ဆုံးနေသည့် ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ကာ စက်တင်ဘာ ၇ ရက် ည ၁၂ နာရီအထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပုံစာ- စက်တင်ဘာ ၇ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာမွေအိုးရှင်းရှေ့၌ ရေကြီးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-CJ)
1 060
ရန်ကုန်တိုင်း၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်
ရန်ကုန်တိုင်း၌ ယနေ့ စက်တင်ဘာ ၈ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ စက်တင်ဘာ ၇ ရက်ညနေ ၄ နာရီတွင် အသိပေးထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းနည်းတူ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တိုတွင်လည်း နေရာကွက်၍မိုးကြီးနိုင်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတိုတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တိုတွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ်တိုတွင် နေရာအနှံအပြားမိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။
1 060
မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် ယခင်စီးပွားရေးလုပ်ငန်းရှင်များ ပြန်လာရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေဟုဆို
မြန်မာနိုင်ငံမှ ယခင်နှစ်များအတွင်း ထွက်ခွာသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်လိုသည့် လုပ်ငန်းရှင်အဖွဲ့များလည်း ရှိနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
1 060
ခိုင်မာသည့် နိုင်ငံရေးယုံကြည်မှုနှင့် ပိုမိုကျယ်ပြန့်လာမည့် မြန်မာ-ဗီယက်နမ် စီးပွားရေးနှင့် နည်းပညာစင်္ကြံများ
မကြာသေးမီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်သည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေးတွင် စာမျက်နှာသစ်တစ်ရပ် ဖွင့်လှစ်နိုင်ခြင်း၏ ပြယုဂ်ဖြစ်သည်။ ဤခရီးစဉ်သည် သမိုင်း အစဉ်အလာကြီးမားသည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံကာ အနာဂတ်ကာလအတွက် ခိုင်မာသော နိုင်ငံရေးယုံကြည်မှုအပြင် စီးပွားရေးနှင့် နည်းပညာစင်္ကြံများကို ပိုမိုကျယ်ပြန့်လာစေရန် မဟာဗျူဟာ မြောက် လမ်းစဖော်ပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ရမည်ဖြစ်သည်။
1 060
နေရပ်ပြန်လည်နေထိုင်သည့် နောင်ချိုမြိုနယ်မှ နှစ်ရှည်နေရပ်စွန့်ခွာနေရသူများကို ICRC ကထောက်ပံ့ကူညီ
ရှမ်းပြည်နယ်၊ နောင်ချိုမြိုနယ်သို ပြန်လည်ဝင်ရောက်နေထိုင်သည့် နှစ်ရှည်နေရပ်စွန့်ခွာနေရသူများကို ICRC က အိမ်ဆောက်ပစ္စည်းများအပါအဝင် ထောက်ပံ့ကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နှစ်ရှည်နေရပ်စွန့်ခွာနေကြရာမှ နေရပ်များသိုပြန်လည်နေထိုင်သည့် အိမ်ထောင်စု(၇၅)စုအတွက် သွပ်မိုး၊ သစ်သား၊ ဝါးထရံများ၊ ရေစိုခံအထပ်သားပြားများနှင့် အိမ် ဆောက်လုပ်ရာတွင်အသုံးပြုရန်လိုအပ်သော ပစ္စည်းကိရိယာများ၊ အိမ်သုံးဆိုလာပစ္စည်းအစုံ(၃၅)စုံတိုကိုထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
1 060
❝မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်း ဓာတ်အားခိုးယူသုံးစွဲမှု ဖော်ထုတ်❞
နိုင်ငံတော်နစ်နာငွေ ကျပ် ၁၇ ဒသမ ၁၈၄ ဘီလီယံ ပြန်လည်ပေးသွင်းရန် အရေးယူ
1 060
ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ရသည့် လေးမျက်နှာနှင့် ဟင်္သာတမြိုနယ်တိုမှ ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိ
ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည့် ဧရာဝတီတိုင်း၊ လေး မျက်နှာမြိုနယ်နှင့် ဟင်္သာတမြိုနယ်တိုရှိ ရေပြန်လည်ကျဆင်းသွားသော ကျေးရွာ(၈)ရွာတွင် လျှပ်စစ်မီးပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။
လေးမျက်နှာမြိုနယ်၊ စာရေးကွင်းကျေးရွာ၊ ဟင်္သာတမြိုနယ်၊ လဟာပကျေးရွာ၊ တောင်ပိုတန်းကျေးရွာ၊ ကညင်ငူကျေးရွာ၊ အုတ်ပုံကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ငနုတ်ဆည်ကျေးရွာ၊ သင်္ကန်းတောကျေးရွာတိုတွင် လျှပ်စစ်မီးပြန်လည်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
1 060
ပင်လယ်ကွေ့နိုင်ငံများသည် လုံခြုံရေးအတွက် အမေရိကန်ကိုချည်း အားကိုးနေ၍မရနိုင်ဟု ကာတာ ပြောကြား
ပင်လယ်ကွေ့နိုင်ငံများသည် မိမိတို၏ လုံခြုံရေးအတွက် အမေရိကန်နှင့် အခြားနိုင်ငံတကာမဟာမိတ်များကိုချည်း အားကိုး၍မရနိုင်ဘဲ မိမိလုံခြုံရေးကို မိမိဘာသာလုပ်ရန် လိုအပ်သည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက်အယ်အန်ဆာရီက စက်တင်ဘာ ၇ ရက်တွင် အဘူဒါဘီမြို၌ ပြောကြားခဲ့သည်။
“ဒေသတွင်းမှာ နိုင်ငံတကာတပ်ဖွဲတွေရှိနေတာ၊ အမေရိကန်နဲ့မဟာဗျူဟာမြောက် မဟာမိတ် ဖွဲထားတာတိုဟာ အလွန်အရေးကြီးတယ်ဆိုတာကို ပင်လယ်ကွေ့ဒေသမှာ သဘောပေါက်ဖိုအပ်ပါတယ်။ ဒါပေမဲ့အဲဒါဟာမလုံလောက်ပါဘူး"ဟု သူက အဘူဒါဘီတွင်ပြုလုပ်သော Hili Forum တွင် ပြောကြားခဲ့သည်။
1 060
ဟော်မုဇ်ရေလက်ကြား၌ တောင်ကိုရီးယား ပါ၀င်ပတ်သက်မည့် အနေအထားကို အီရန်သတိပေး
တောင်ကိုရီးယားက ဟော်မုဇ်ရေလက်ကြား၌ အမေရိကန်လုပ်ဆောင်နေသောစစ်ဆင်ရေးတွင် စစ်ရေးဖြန့်ကြက်မှု သိုမဟုတ် ပါဝင်ပတ်သက်မှုကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင်သတိပေးလိုက်ပြီး ယင်းသိုလုပ်ဆောင်ခြင်းက စိုးရိမ်စရာကောင်းသော အကျိုးဆက်များရှိလာမည်ဟု ပြောကြားခဲ့သည်။
မဟာဗျူဟာကျသော ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်၏ လုံခြုံရေးကြိုးပမ်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ပေးရန် စဉ်းစားနေသည်ဟု စက်တင်ဘာ ၄ ရက်တွင် တောင်ကိုရီးယားက ပြောကြားခဲ့သည်။
1 060
အီရန်က ဟော်မုဇ်ရေလက်ကြားအနီး တားမြစ်ဇုန်တစ်ခု သတ်မှတ်မည်ဟုဆို
အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းနေသည်ဟု ယူဆရသည့် သင်္ဘောများကို သတိပေးသည့်အနေဖြင့် တားမြစ်ဇုန်တစ်ခု သတ်မှတ်ရန် စီစဉ်နေသည်ဟု အီရန်နိုင်ငံတော်လုံခြုံရေးကောင်စီ အကြီးအကဲသစ် မိုဆင်ရီဇာအီက စက်တင်ဘာ ၆ ရက်တွင် နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ကြေညာလိုက်သည်။
သိုသော် တားမြစ်ဇုန်သတ်မှတ်ရန် တိကျသည့် နယ်နိမိတ်များနှင့် အကောင်အထည်ဖော်မည့် အစီအစဉ်အသေးစိတ်ကို ထုတ်မပြောသေးပေ။
၎င်း၏ပြောကြားချက်အရ အဆိုပါ ဇုန်သစ်အစီအစဉ်ကို လာမည့်ရက်ပိုင်းမှ ရက်သတ္တပတ်များအတွင်း ကြေညာသွားမည်ဖြစ်သည်။ ယင်းဧရိယာသည် အမေရိကန်ရေတပ်၏ ရေကြောင်းပိတ်ဆိုမှုမျဉ်းမှ စတင်ကာ ဟော်မုဇ်ရေလက်ကြားဘက်သို ဆက်လက်ချဲ့ထွင်ကာ ယင်းမှတစ်ဆင့် ပါရှန်ပင်လယ်ကွေ့အတွင်းဘက်အထိ ဆက်လက်တည်ရှိမည်ဖြစ်သည်။
1 060
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို နေရာအချိုတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာဥ်ကြောပိတ်ဆိုမှုဖြစ်ပွား
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို နေရာအချိုတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ယာဥ်ကြောပိတ်ဆိုမှုဖြစ်ပွားလျက်ရှိသည်ဟု မော်တော်ယာဥ်မောင်းနှင်သူအချိုထံမှ သိရသည်။
စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီခန့်မှစတင်ကာ ရန်ကုန်မြိုတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"ပြည်လမ်း ခုနစ်မိုင်ကျော် ရှစ်မိုင် ဂုံးတံတားအတက်မှာ ရေပြည့်နေလို ကားတွေရှောင်မောင်းနေရတယ်" ဟု မော်တော်ယာဥ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။
အလားတူ တာမွေအဝိုင်း၊ ငါးထပ်ကြီး ဘုရားအနီး၊ ရွှေဂုံတိုင်တံတားအနီး၊ Chatrium ဟိုတယ်အနီး ဖိုးစိန်လမ်းတွင်လည်း ကားလမ်းမပေါ် ရေလျှံမှုဖြစ်ပွားနေသဖြင့် မော်တော်ယာဥ်ကြောပိတ်ဆိုမှုဖြစ်ပွားနေသည်ဟု သိရသည်။
1 060
တာချီလိတ်မြိုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်အချို၌ ရေများဝင်ရောက်
တာချီလိတ်, စက်တင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြိုတွင် စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းအချိန်မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်ကျရေများစီးဆင်းကာ မြိုပေါ်ရပ်ကွက်အချိုရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
1 060
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း၊ ပြည်ထောင်စုကားလမ်းမကြီး ပြန်လည်သွားလာနိုင်ပြီ
တနင်္သာရီ၊ စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြိုရှိ တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက်သို ပြန်လည်ကျဆင်းသွားပြီဖြစ်ပြီး ရေဖုံးလွှမ်းမှုကြောင့် ယာဉ်သွားလာမှု ပြတ်တောက်ခဲ့သည့် ပြည်ထောင်စုကားလမ်းမကြီးတွင်လည်း မော်တော်ယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ လယ်တောင်ယာရွာပတ်ဝန်းကျင်တွင် ရေဖုံးလွှမ်းမှုကြောင့် မော်တော်ယာဉ်များ ပိတ်မိခဲ့သော်လည်း စက်တင်ဘာ ၅ ရက်မှစ၍ ရေပြန်လည်ကျဆင်းလာသဖြင့် ကား၊ ဆိုင်ကယ်နှင့် အခြားယာဉ်များ ပုံမှန်ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
1 060
ငဝန်ရေကာတာနိမ့်ကျမှုကြောင့် ရေကြီးရေလျှံခဲ့သည့် လေးမျက်နှာမြိုနယ်၊ စာရေးကွင်း ကျေးရွာနှင့် ဟင်္သာတမြိုနယ်အတွင်းရှိ ကျေးရွာ ၇ ရွာ လျှပ်စစ်ဓါတ်အားပြန်လည်ရရှိ
ဟင်္သာတ, စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိုနယ်၊ သခွတ်ချောင်းအုပ်စုတွင် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းဖြစ်ပွားခဲ့ရာ လေးမျက်နှာမြိုနယ်နှင့် ဟင်္သာတမြိုနယ်အတွင်းရှိ ကျေးရွာအချိုတွင် ရေများဝင်ရောက်မှုကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ဓာတ်အားများကို သြဂုတ်လ ၄ ရက်နေ့ကစတင်၍ ယာယီဖြတ်တောက်ထားခဲ့ ကြောင်းသိရသည်။
1 060
နယူးဒေလီတွင် ဘော်ဒါဆောင်ပါဝင်သည့် လူနေအဆောက်အအုံပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံး
အိန္ဒိယနိုင်ငံ မြိုတော်နယူးဒေလီတွင် စက်တင်ဘာ ၆ ရက်က လူနေအဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးအဖွဲများက အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိ၊ မရှိ ဆက်လက်ရှာဖွေနေကြသည်။
ယောကျ်ားလေးဘော်ဒါဆောင်ရှိသည့် ပြိုကျခဲ့ရာ ငါးထပ်အဆောက်အအုံအတွင်း လူမည်မျှရှိနေခဲ့သည်ကို အတိအကျ မသိရသေးဘဲ မျက်မြင်သက်သေများက အဆောက်အအုံပြိုကျချိန် လူ ၂၀ မှ ၄၀ ခန့် ရှိလောက်သည်ဟု ပြောသည်။
1 060
နီပေါရေဘေးအပြီး အိန္ဒိယ၊ ဘီဟာပြည်နယ်တွင် ပုံမှန်မဟုတ်သည့်ငါးများကို မစားကြရန် သတိပေးထား
နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုကြောင့် ရေစီးနှင့်အတူ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ထဲသို ပုံမှန်တွေ့ရလေ့မရှိသည့် ငါးမျိုးစိတ်များ ရောက်လာခဲ့ပြီး အဆိုပါငါးများကို စားသုံးမိသူအချို နေထိုင်မကောင်းသည့်လက္ခဏာများ ပြလာသဖြင့် ထိုငါးများကို အရောင်းအဝယ်မပြုလုပ်ရန်နှင့် မစားရန် အာဏာပိုင်များက သတိပေးချက် ထုတ်ထားသည်။
နီပေါရှိ ထရစ်ရှူလီမြစ်မှရေများသည် ရေဘေးဖြစ်ပွားပြီးနောက် ဘီဟာပြည်နယ်ရှိ အဓိကမြစ်နှစ်ခုဖြစ်သည့် ဂန်ဒက်ခ်နှင့် ကိုစီမြစ်များမှတစ်ဆင့် ဆက်လက်စီးဝင်နေကာ ရေစီးတင်မက အဆောက်အအုံ အပျက်အစီးများ၊ ပုံမှန်မဟုတ်သည့် ငါးများနှင့် လူသေအလောင်းများပင် ပါလာသည်ဟု သိရသည်။
1 060
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြိုအတွင်း ရေများ ဝင်ရောက်
တာချီလိတ်၊ စက်တင်ဘာ ၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြိုတွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေတားနံရံအချို ပြိုကျကာ မြိုပေါ်ရပ်ကွက်များအတွင်း ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာ ၇ ရက် နံနက်ပိုင်းအထိ ရရှိသည့် အချက်အလက်များအရ မကာအိုခမ်းရပ်ကွက်၊ အလူရာဟိုတယ်အနီးရှိ ရေတားနံရံ မီတာ ၂၀ ခန့် ပြိုကျပျက်စီးခဲ့သဖြင့် ချောင်းရေများ မြိုအတွင်းသို စီးဝင်နေခြင်း ဖြစ်သည်။
မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် မကာအိုခမ်း၊ ဆန်ဆိုင်း၊ တာလောနှင့် ပုန်ထွန်ရပ်ကွက်တိုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး သွားလာရေး အခက်အခဲများ ကြုံတွေ့နေရသည်။
