ဖိုးမှန်
Kanalga Telegram’da o‘tish
ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
4 563
Obunachilar
-4224 soatlar
-1267 kun
-38630 kun
Postlar arxiv
4 547
ကိုရီးယား တရားလွှတ်တော်ချုပ်နှင့် LAWASIA တို ပူးပေါင်းကျင်းပသည့် အကြိမ် ၂၀ မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံသို ပြည်ထောင်စုတရားသူကြီးချုပ် တက်ရောက်
𝙎𝙀𝙋~𝟐𝟏
ကိုရီးယားသမ္မတနိုင်ငံ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် The Hon. JO Hee-de ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြိုရှိ Grand Hyatt Seoul ဟိုတယ်၌ ကျင်းပသည့် အကြိမ် ၂၀ မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ တရားသူကြီးချုပ်များညီလာခံသို တက်ရောက်ခဲ့သည်ဟု သိရသည်။
4 547
လာအိုတွင် အာဖရိကဝက်တုပ်ကွေး ပျံ့နှံနေသဖြင့် ရောဂါထိန်းချုပ်ရေးကို တင်းကျပ်စွာဆောင်ရွက်နေ
လာအိုနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးရောဂါ ပျံ့နှံလာနေပြီး ဇွန်လအတွင်း ဆာယာဘူလီပြည်နယ်မှ ရောဂါစတင်ဖြစ်ပွားခဲ့ရာမှ ယခုအချိန်အထိ သေဆုံးထား သိုမဟုတ် သုတ်သင်ခံထားရသည့် ဝက်ကောင်ရေ ၁၁,၀၀၀ ကျော် ရှိလာပြီဟု သိရသည်။
ပြည်နယ်အချိုသို ရောဂါပျံ့နှံလာပြီးနောက် မြိုတော်ဗီယင်ကျန်းအထိ ဆက်လက်ပျံ့နှံလာသဖြင့် အာဏာပိုင်များက ဝက်များနှင့် ဝက်သားထုတ်ကုန်များ သယ်ယူရွှေ့ပြောင်းမှုအပေါ် တင်းကျပ်မှုများ ပိုမိုပြုလုပ်လာသည်။
4 547
အမေရိကန်က ရုရှားကို ပိတ်ဆိုမှုအသစ်တွေလုပ်လို တရုတ်က မကျေနပ်ကြောင်းပြောပြီ
စက်တင်ဘာ - ၂၀ ( တနင်္ဂနွေနေ့ )
ရုရှားအပေါ် အမေရိကန်ရဲ့ ပိတ်ဆိုအရေးယူမှုတွေ တိုးချဲ့လာတာကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ရုရှားစွမ်းအင်ကို အဓိကဝယ်ယူနေတဲ့ နိုင်ငံတွေအပေါ် ၁၀၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံနိုင်ခြေရှိတဲ့ အစီအမံတွေ ပါဝင်နေတာကြောင့် တရုတ်နိုင်ငံအနေနဲ့ ၎င်းရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖိုအတွက် "လိုအပ်တဲ့ အစီအမံမှန်သမျှ" ကို လုပ်ဆောင်သွားမယ်လို တုံပြန်လိုက်ပါတယ်။
4 547
ရုရှားနိုင်ငံ၌ကျင်းပသည့် “လှိင်းကြီး လေထန်ကာလများအတွင်းမှ ရွေးကောက်ပွဲများ” နိုင်ငံတကာကွန်ဖရင့်သို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း တက်ရောက်
𝙎𝙀𝙋~𝟐𝟎
ရုရှားနိုင်ငံ မော်စကိုမြိုရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ စက်တင်ဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပသည့် “လှိင်းကြီး လေထန်ကာလများအတွင်းမှ ရွေးကောက်ပွဲများ” (Elections in Times of Turbulence) နိုင်ငံတကာကွန်ဖရင့်သို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက်ခဲ့သည်ဟု သိရသည်။
4 547
၂၁.၉.၂၀၂၆ ရက်နေ့သတင်းစာများ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 547
+9
ထားဝယ်မြို့၌ ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ကြသော သံဃာတော်များ၊ သီလရှင်မျာနှင့် လူပုဂ္ဂိုလ် တို့အား ဆုချီးမြှင့်သည့်ဆုနှင်းသဘင် အခမ်းအနားကျင်းပ
ဗုဒ္ဓသာသနာ ရောင်ဝါနေသို့လင်းစေသော်.......
4 547
+6
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆)သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 547
၂၀.၉.၂၀၂၆ ရက်နေ့သတင်းစာများ
#ဖိုးမှန်
သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇
https://t.me/phoehmann007 ကို Join ထားပေးပါ။
4 547
ပုသိမ်၊ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတိုတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ရရှိခဲ့ကြသော ခရိုင်၊ မြိုနယ်၊ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်
4 547
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတိုအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
နေပြည်တော်၊ စက်တင်ဘာ ၁၉
မြန်မာနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတိုအကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့်နည်းပညာရပ်ဆိုင်ရာများလေ့လာနိုင်ရန် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြိုတွင်ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် စက်တင်ဘာလ ၁၅ ရက်က ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan Smilgin နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
4 547
တာဝန်ပြီးဆုံး၍ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံအား ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှုတ်ဆက်နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ
ဘရာဇီးလျား၊ စက်တင်ဘာ ၁၉
ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန (Itamaraty) ၌ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အတွင်းဝန် Ambassador Susan Kleebank က ကြီးမှူးလျက် တာဝန်ပြီးဆုံး၍ ဘရာဇီးလ်နိုင်ငံမှ ထွက်ခွာတော့မည့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ဇံ အား နှုတ်ဆက်နေ့လယ်စာစားပွဲ အခမ်းအနားတစ်ရပ် ကျင်းပပေးခဲ့သည်။
4 547
နိုင်ဂျီးရီးယားတွင် မက်သနော ပါဝင်သော အရက်ကိုသောက်မိ၍ ၄၈ ဦး သေဆုံးခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန်
နိုင်ဂျီးရီးယားနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်များအတွင်း မက်သနော (Methanol) ဓာတုဗေဒဓာတ်ပေါင်း ပါဝင်နေသည့် အရက်ရောများကို သောက်သုံးမိသဖြင့် လူ ၄၈ ဦး သေဆုံးပြီး ၁၈၂ ဦး နာမကျန်းဖြစ်ခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲကစက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
4 547
ဂရင်းလန်းကျွန်းကို အမေရိကန် ရသွားပြီလို ထရမ့်ကြေညာ
စက်တင်ဘာ - ၁၉ ( စနေနေ့ )
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာတိတ်ဒေသ ဂရင်းလန်းကျွန်းနဲ့ သဘောတူညီချက်ရရှိသွားပြီဖြစ်ပြီး၊ ဂရင်းလန်းရဲ့လုံခြုံရေးကို အမေရိကန်က ထိန်းချုပ်သွားတော့မယ်လို သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။
သောကြာနေ့က တင်ခဲ့တဲ့ ထရုသ်ဆိုရှယ် ပိုစ်တစ်ခုမှာ ထရမ့်က အဲဒီသဘောတူညီချက်ဟာ ဂရင်းလန်းရဲ့ လုံခြုံရေး နဲ့ အခြားလိုအပ်ချက်တွေအပေါ် အမေရိကန်က အမြဲတမ်း ထိန်းချုပ်ခွင့်ရရှိစေမှာဖြစ်ပြီး၊ အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုမှန်သမျှကို အပြီးတိုင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို ဆိုပါတယ်။
4 547
မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အိန္ဒိယတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားကို အိန္ဒိယတရားရုံးက အာမခံ ခွင့်ပြု
မြန်မာနိုင်ငံအတွင်း အရပ်ဘက်လေယာဉ်တစ်စင်းအား ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံထားရပြီး အိန္ဒိယတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် အမေရိကန်နိုင်ငံသားမက်သရူး ဗန်ဒိုက်ကို အိန္ဒိယတရားရုံးက စက်တင်ဘာ ၁၈ ရက်တွင် အာမခံခွင့်ပြုခဲ့ကြောင်း ၄င်း၏ ရှေ့နေက ပြောကြားခဲ့သည်။
အဆိုပါ အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက်သည် မီဇိုရမ်ပြည်နယ် နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ယူကရိန်းနိုင်ငံသားခြောက်ဦးနှင့်အတူ မတ်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
4 547
စမ်းချောင်းတွင် မီးစက်နှိးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်
စမ်းချောင်းမြိုနယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြိုနယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။
4 547
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်
နေပြည်တော်၊ စက်တင်ဘာ ၁၉
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒိုတာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များ အလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
4 547
တရုတ်နိုင်ငံ နန်နင်းမြိုသို ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုး မြိုတော်ဝန်တို တွေ့ဆုံဆွေးနွေး
■ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံ နန်နင်းမြိုသို ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြိုတော်ဝန်တို တွေ့ဆုံဆွေးနွေခဲ့ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကိုယ်စားလှယ်အဖွဲဝင်များနှင့်အတူ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြိုသို ရောက်ရှိပြီး ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြိုတော်ဝန် မစ္စတာ စွန်းကျီယန် အား လက်ခံတွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ပင်လယ်ရေ ကြောင်းကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
4 547
System Breakdown ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသိပေးပန်ကြားချက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်
4 547
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန် ကြေညာချက်
4 547
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုမည်
ဝါရှင်တန်၊ စက်တင်ဘာ ၁၉
အမေရိကန်ပြည်ထောင်စုသို လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်တိုင်သွားရောက်ကြိုဆိုရန် စီစဉ်ထားကြောင်း အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့်သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုသို လာရောက်မည်ဖြစ်ပြီး ရှီကျင့်ဖျင်နှင့် ထရမ့်တိုသည် စက်တင်ဘာ ၂၄ ရက်တွင် ဝါရှင်တန်၌ တွေ့ဆုံရန် စီစဉ်ထားသည်။
