uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

Our President 🇲🇲

Our President 🇲🇲

Kanalga Telegram’da o‘tish

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Ko'proq ko'rsatish
Mamlakat belgilanmaganToif belgilanmagan
216
Obunachilar
Ma'lumot yo'q24 soatlar
+27 kun
-230 kun
Postlar arxiv
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit)သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္
+3
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit)သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ နေပြည်တော်၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၆ ရက်၊ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတအား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ #PPIB #Our

ဗီယက်နမ်သမ္မတ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ
+3
ဗီယက်နမ်သမ္မတ ဖိတ်ကြားချက်အရ  ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဥ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ ယနေ့ နေ့လယ်ပိုင်းတွင် ဟနွိုင်းမြို့ရှိ နွန်ဘိုင်းလေဆိပ်မှ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း သိရ #News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိ
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့  ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို ပြန်လည်ထွက်ခွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတိုသည် ဗီယက်နမ်နိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ခဲ့ ခြင်းဖြစ် နေပြည်တော်၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြိုရှိ Noi Bai အပြည်ပြည်ဆိုင် ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို ပြန်လည်ထွက်ခွာ ခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတိုအား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပိုဆောင်နှုတ်ဆက်ခဲ့ကြသည်။ #PPIB

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိ
+5
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့  ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို ပြန်လည်ထွက်ခွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတိုသည် ဗီယက်နမ်နိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စက်တင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ခဲ့ ခြင်းဖြစ် နေပြည်တော်၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြိုရှိ Noi Bai အပြည်ပြည်ဆိုင် ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို ပြန်လည်ထွက်ခွာ ခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတိုအား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပိုဆောင်နှုတ်ဆက်ခဲ့ကြသည်။ #PPIB #Myanmagon

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” သို့ တက်ရောက်မိန့်ခွန်းပ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင် “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်” သို့ တက်ရောက်မိန့်ခွန်းပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၆ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”ကို ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိင်းမြို့ရှိ Melia Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်ချီးမြှင့်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။ အဆိုပါ “မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်”သို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲဝင်များ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရအဖွဲမှတာဝန်ရှိသူများ၊ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များတက် ရောက်ကြသည်။ #PPIB

ကုန်သွယ်ရေးမှ AI နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အထိ မြန်မာ–ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည် မြန်မာနှင့် ဗီယက်နမ်
ကုန်သွယ်ရေးမှ AI နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အထိ မြန်မာ–ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့မည် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်သွားမည့်အပြင် စိုက်ပျိုးရေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေး၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ Artificial Intelligence (AI) နည်းပညာအသုံးချမှု၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများအထိ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဗီယက်နမ်နိုင်ငံ ဟနွိင်းမြို၌ ကျင်းပသည့် မြန်မာ–ဗီယက်နမ် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတမှ အဓိကထားပြောကြားခဲ့သည်များမှာ— • မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား နှစ် ၅၀ ကြာ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို အခြေခံပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ရန်၊ • ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၁၀ ဒသမ ၁၁၉ သန်းကျော်ရှိခဲ့ပြီး နှစ်နိုင်ငံ၏ ထုတ်ကုန်များမှာ အပြန်အလှန်ဖြည့်ဆည်းနိုင်သည့် အလားအလာရှိသဖြင့် ကုန်သွယ်မှုကို ထပ်မံတိုးချဲ့ရန်၊ • ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံတွင် သတ္တမမြောက် အများဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ ဘီလီယံကျော် တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၀ ခန့်ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ရန်၊ • စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားနပ်ရိက္ခာထုတ်လုပ်ရေး၊ စိုက်ပျိုးရေးသုံးစက်ယန္တရား၊ မျိုးစေ့ထုတ်လုပ်မှု၊ စားသောက်ကုန်နှင့် ရေထွက်ကုန် တန်ဖိုးမြှင့်ထုတ်လုပ်ရေးတိုတွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန်၊ • ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဆက်သွယ်ရေးနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ AI အသုံးချမှု၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် အစိုးရဝန်ဆောင်မှုများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးတိုတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ • ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ Package Tour အစီအစဉ်များအပါအဝင် နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးချဲ့ရန်၊ • ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်နှင့် Biomass အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် ဗီယက်နမ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး အစိုးရအနေဖြင့် ပံ့ပိုးကူညီသွားရန်၊ • အခြေခံအဆောက်အအုံ၊ သံနှင့် သံမဏိ၊ ဘိလပ်မြေထုတ်လုပ်ရေးနှင့် ဒေသတွင်းစီးပွားရေးစင်္ကြံများနှင့် ဆက်စပ်သည့် လုပ်ငန်းများတွင် ပူးပေါင်းရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်၊ • သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်များတွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာ-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်၊ • နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပိုဆောင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးမွေးမြူရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတိုကို ကဏ္ဍစုံ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကာ အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့သည့် စီးပွားရေးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံ
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ စက်တင်ဘာ - ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ စက်တင်ဘာ ၆ ရက်၊နံနက်ပိုင်းတွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊စစ်သရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊မိသားစုဝင်များ၊သင်တန်းသားများအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ ၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊မိသားစုဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။ PPIB

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတန
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ နေပြည်တော်၊ စက်တင်ဘာ - ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့က ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။ #PPIB

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသ
+7
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှ Van Phuc ပိုးထည်ရွာ (Silk village)သို့ သွားရောက်လေ့လာ Van Phuc ပိုးထည်ရွာသည် ဗီယက်နမ်နိုင်ငံ၏ အထင်ရှားဆုံး ရိုးရာပိုးထည် ယက်လုပ်သည့် ကျေးရွာများထဲမှ တစ်ခုဖြစ်ပြီး အဆိုပါကျေးရွာတွင် ပိုးထည်ယက် လုပ်သည့် ရိုးရာအမွေအနှစ်သည် နှစ်ပေါင်း (၁၀၀၀) ကျော်သက်တမ်းရှိ နေပြည်တော်၊ စက်တင်ဘာ - ၅ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ ဇနီး ဒေါ်ကြူကြူလှ သည် ယနေ့ နံနက် ပိုင်းတွင် Van Phuc ပိုးထည်ရွာ (Silk village)သို့ သွားရောက်လေ့လာသည်။ #PPIB #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ဂုဏ်ပြုကြိုဆိုသည့် မှတ်တမ်း #PPIB #Our

ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းက ပြောကြားသည်များမှာ - ၁။ နိုင်ငံရေးယုံကြည်မှုနှင့် အဆင့်မြင့်ဆက်ဆံရေး တိုးမြှင့်ရေး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်၊ သံအမတ်ကြီးများ၏ ခန့်အပ်လွှာပေးအပ်ပွဲများအပါအဝင် သံတမန်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများနှင့် နိုင်ငံရေးဆွေးနွေးမှုများကို မြှင့်တင်ရန်၊ အဆင့်မြင့်ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်ကာ နှစ်နိုင်ငံအကြား နိုင်ငံရေးယုံကြည်မှုကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။ ၂။ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး နှစ်နိုင်ငံအကြား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်၊ ပူးပေါင်းဆောင်ရွက်ရေးယန္တရားသစ်များ ဖော်ဆောင်ရန်နှင့် သက်ဆိုင်ရာမူဘောင်များအောက်တွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် အခက်အခဲကြုံတွေ့ခဲ့သည့် ဗီယက်နမ်နိုင်ငံသားများအား မြန်မာနိုင်ငံဘက်မှ ကူညီပေးခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၃။ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်လိုကြောင်း၊ Green Energy၊ EV၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး စသည့် အလားအလာရှိသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လိုကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ စီးပွားရေးလုပ်ငန်းရှင်များ ခေါ်ဆောင်လာခဲ့မှုနှင့် မြန်မာနိုင်ငံရှိ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို ကူညီစောင့်ရှောက်ပေးမှုအတွက်လည်း ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံများ မျှဝေပေးလိုကြောင်း ပြောကြားခဲ့ပါသည်။ ၄။ သိပ္ပံနည်းပညာ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဒေသတွင်းဆက်သွယ်ချိတ်ဆက်မှု မြှင့်တင်ရေး သတင်းအချက်အလက်၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် အတွေ့အကြုံများ အပြန်အလှန်မျှဝေရန်၊ 5G နှင့် Digital Transformation ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်နှင့် Mytel-Viettel ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားကောင်းစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ဗီယက်နမ်-လာအို-မြန်မာမှတစ်ဆင့် အိန္ဒိယအထိ ချိတ်ဆက်နိုင်မည့် လမ်းနှင့် ရထားလမ်းအပါအဝင် ဒေသတွင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို ပူးပေါင်းလေ့လာဖော်ဆောင်ကာ အရှေ့-အနောက် ဆက်သွယ်ချိတ်ဆက်မှု ပိုမိုအားကောင်းစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ၅။ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး နှစ်နိုင်ငံအကြား ပညာရေးနှင့် လေ့ကျင့်ရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးချဲ့ရန်နှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနှင့် ဗီယက်နမ်နိုင်ငံရှိ ခရီးသွားမြို့များအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကို ကြိုဆိုအားပေးကြောင်း ပြောကြားခဲ့ပါသည်။ ၆။ ASEAN နှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီရေး မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်ရွေးချယ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လေးစားထောက်ခံကြောင်းနှင့် ASEAN Unity နှင့် ASEAN Centrality ကို အလေးထား၍ နှစ်နိုင်ငံအကြား နားလည်မှုနှင့် အပြန်အလှန်ပံ့ပိုးကူညီမှုကို ဆက်လက်မြှင့်တင်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် CLMV၊ ACMECS အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးယန္တရားများတွင် အပြန်အလှန်ပံ့ပိုးကူညီကာ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်း တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် နိုင်ငံရေးယုံကြည်မှု ပိုမိုခိုင်မာစေရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ရေး၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့် ဒေသတွင်းချိတ်ဆက်မှုများ တိုးမြှင့်ရေးအပြင် အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ပံ့ပိုးကူညီရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်များမှာ - ၁။ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရေး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား နှစ်ပေါင်း ၅၀ ကျော် တည်ရှိလာသည့် သမိုင်းအစဉ်အလာရှိ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းပြီး ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ၂၀၂၇ ခုနှစ်တွင် ၁၀ နှစ်ပြည့်မြောက်မည့် အခွင့်အခါကို အသုံးချ၍ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့် အဆင့်သို့ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့ပါသည်။ ၂။ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တပ်မတော်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများ တိုးမြှင့်ရန်နှင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်အားကောင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့တွင် သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ပိုမိုမျှဝေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ၃။ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအပြီး အစိုးရနှင့် လွှတ်တော်များ တာဝန်ယူဆောင်ရွက်နေမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အပြန်အလှန်ဆက်စပ်သည့် ဦးစားပေးလုပ်ငန်းများအဖြစ် ဆောင်ရွက်နေမှုနှင့် NCA မူဘောင်အပေါ်အခြေခံ၍ ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ကြိုးပမ်းနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၄။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အရှိန်မြှင့်တင်ရေး နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပြန်လည်တိုးမြှင့်ရန်၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံရန်နှင့် ယခင်က လုပ်ငန်းရပ်ဆိုင်းခဲ့သည့် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်ဝင်ရောက်လာရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်လုပ်ငန်းရှင်များ ယုံကြည်စိတ်ချစွာ လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ၅။ အနာဂတ်ပူးပေါင်းဆောင်ရွက်မည့် ဦးစားပေးကဏ္ဍများ စိုက်ပျိုးမွေးမြူရေးနှင့် အစားအစာပြုပြင်ထုတ်လုပ်ရေး၊ စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့လိုကြောင်း ပြောကြားခဲ့ပါသည်။ ၆။ ဒေသတွင်း ဆက်သွယ်ချိတ်ဆက်မှု မြန်မာ-လာအို-ဗီယက်နမ်နှင့် မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် လမ်းကြောင်းများကို ပိုမိုအားကောင်းစေပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထားနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတို့ကို အသုံးချ၍ တောင်အာရှနှင့် အရှေ့အာရှဈေးကွက်များကို ချိတ်ဆက်နိုင်သည့် Land Bridge အဖြစ် ဖော်ဆောင်နိုင်ကြောင်း အဆိုပြုခဲ့ပါသည်။ ၇။ ASEAN နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ASEAN Unity နှင့် ASEAN Centrality ကို အခြေခံ၍ CLMV၊ ACMECS နှင့် မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် နှစ်နိုင်ငံအပြန်အလှန်ပံ့ပိုးကူညီရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လက်တွဲလိုကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန် နှင့် တွေ့ဆုံဆွေးနွေး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးတွင် စာမျက်နှာသစ် တစ်ရပ် ဖွင့်လှစ် နိုင်ခြင်း၏ ပြယုဂ်ဖြစ် နေပြည်တော်၊ စက်တင်ဘာ - ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဗီယက်နမ် နိုင်ငံ ဝန်ကြီး ချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး၊ Grand Hall ၌ တွေ့ဆုံဆွေးနွေးသည်။ #PPIB #Our

Repost from PPIB.Official
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဟနွိုင်းမြို့ရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန်၊ ဟိုချီမင်းဂူဗိမာန်တို့၌ လွမ်းသူ့ပန်းခွေချအလေးပြုသည့် မှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ  မစ္စတာ ချန်ထန်မန်း နှင့် တွေ့ဆုံဆွေးနွေး ဒေသတွင်းနှင့် နိုင်ငံတကာလွှတ်တော်ဆိုင်ရာ မျက်နှာစာများတွင် အပြန် အလှန်ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်သွားနိုင်ရေးနှင့် အာဆီယံလွှတ်တော် များအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် လွှတ်တော် နှစ်ရပ်အကြား နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန်မျှော်လင့်ထား ပါကြောင်း နေပြည်တော်၊ စက်တင်ဘာ - ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မစ္စတာ ချန်ထန်မန်း နှင့် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ #PPIB #Our

photo content
+5

photo content
+9

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်း၊
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်း၊နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး နေပြည်တော်၊ စက်တင်ဘာ - ၅ ဦးစွာ နိုင်ငံတော်သမ္မတနှစ်ဦးနှင့် ဇနီးတို့သည် သီးသန့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားလွှတ်တော်သို့ အတူတကွ လမ်းလျှောက်ထွက်ခွာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ #PPIB #Our

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ၊ Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး ဟနွ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ၊ Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာပြီး Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့ရေးနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ နိုင်ငံတော်သမ္မတနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Viettel သို့ ရောက်ရှိကြရာ ကုမ္ပဏီတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် Viettel ဥက္ကဋ္ဌက ကုမ္ပဏီ၏ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၌ Mytel နှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် Mytel ၏ ဆက်သွယ်ရေးကွန်ရက်နှင့် အခြေခံအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့မှုများရှိခဲ့သဖြင့် ပြန်လည်ပြုပြင်ခြင်းနှင့် ကွန်ရက်တိုးချဲ့ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကာ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက Viettel ၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ တိုးတက်မှုများကို အသိအမှတ်ပြုချီးကျူးပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတိုအား ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတိုက နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆို S
+4
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတိုအား ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတိုက နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆို September 5th မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တိုအား ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတိုက ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟနွိင်းမြိုရှိ ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံတော်သမ္မတနှင့် ဇနီးတိုသည် အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်သို ရောက်ရှိလာရာ ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတိုက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ထိုနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ၏ တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူခဲ့ကြပြီး ဂုဏ်ပြုတပ်ဖွဲအား စစ်ဆေးခဲ့ကြပါတယ်။ #Our