Our President 🇲🇲
Kanalga Telegram’da o‘tish
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
Ko'proq ko'rsatishMamlakat belgilanmaganToif belgilanmagan
216
Obunachilar
Ma'lumot yo'q24 soatlar
-27 kun
-230 kun
Postlar arxiv
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာတိုလန်း၊နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေး
နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး
နေပြည်တော်၊ စက်တင်ဘာ - ၅
ဦးစွာ နိုင်ငံတော်သမ္မတနှစ်ဦးနှင့် ဇနီးတို့သည် သီးသန့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မည့် အမျိုးသားလွှတ်တော်သို့ အတူတကွ လမ်းလျှောက်ထွက်ခွာကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှစ်ဦးတို့သည် နှစ်နိုင်ငံမှ တာဝန်ရှိသူများနှင့်အတူ ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
#PPIB
#Our
Repost from Dr Khaing Khaing Soe
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာ၊ Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး
ဟနွိုင်း၊ စက်တင်ဘာ ၄
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာပြီး Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးကွန်ရက်များ တိုးချဲ့ရေးနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။
နိုင်ငံတော်သမ္မတနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ Viettel သို့ ရောက်ရှိကြရာ ကုမ္ပဏီတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် Viettel ဥက္ကဋ္ဌက ကုမ္ပဏီ၏ ဆက်သွယ်ရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ၌ Mytel နှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့ပြင် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကြောင့် Mytel ၏ ဆက်သွယ်ရေးကွန်ရက်နှင့် အခြေခံအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့မှုများရှိခဲ့သဖြင့် ပြန်လည်ပြုပြင်ခြင်းနှင့် ကွန်ရက်တိုးချဲ့ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကာ ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတက Viettel ၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဆိုင်ရာ တိုးတက်မှုများကို အသိအမှတ်ပြုချီးကျူးပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Mytel ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Viettel ၏ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းများ၊ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
+4
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတိုအား ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတိုက နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆို
September 5th
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တိုအား ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတိုက ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟနွိင်းမြိုရှိ ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
မြန်မာနိုင်ငံတော်သမ္မတနှင့် ဇနီးတိုသည် အမျိုးသားလွှတ်တော်ရှေ့ရင်ပြင်သို ရောက်ရှိလာရာ ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတိုက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထိုနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ၏ တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို ခံယူခဲ့ကြပြီး ဂုဏ်ပြုတပ်ဖွဲအား စစ်ဆေးခဲ့ကြပါတယ်။
#Our
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတို့ကအမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ ရင်ပြင်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုရန် ပြင်ဆင်ထားရှိမှုပုံရိပ်များအား မြင်တွေ့ရစဉ်
#PPIB
#Our
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းဂူဗိမာန် ၌ လွမ်းသူ့ပန်းခွေချအလေးပြု
နေပြည်တော်၊ စက်တင်ဘာ - ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ် ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဟိုချီမင်းဂူဗိမာန် ၌ လွမ်းသူ့ပန်းခွေချအလေးပြုလွမ်းသူပန်းခွေချအလေးပြုသည်။
#PPIB
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြိုရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို သွားရောက်လေ့လာခဲ့သည့် မှတ်တမ်း
#Our
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ Viettel ဆက်သွယ်ရေးကုမ္ပဏီသို့သွားရောက်လေ့လာ
ရတနာပုံဆိုက်ဘာစီးတီးအပါအဝင် မြန်မာနိုင်ငံ၏ နည်းပညာ အထူး ဇုန်များမှာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာပစ္စည်းများ လာရောက် ထုတ်လုပ်နိုင်ပါကြောင်းဆွေးနွေးပြောကြား
ဗီယက်နမ်နိုင်ငံသို့တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် Viettel ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအား လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
#Our
+9
မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆက်လက်လေ့လာသွားမည်ဖြစ်ကြောင်းနိုင်ငံတော်သမ္မတပြောကြား
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။
#Our
Repost from PPIB.Official
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိခဲ့သည့် မှတ်တမ်း
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊Hai Phong မြို့ရှိ VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ
ဗီယက်နမ်နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်တွင် ဗီယက်နမ်နိုင်ငံ၏ ခေတ်မီလျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် VinFast ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ခေတ်မီနည်းပညာအသုံးပြုထားမှုတို့ကို လေ့လာကြည့်ရှုခဲ့သည်။
#PPIB
#Our
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့တရားဝင်ခရီးစဉ်(Official Visit) စတင်ထွက်ခွာ သည့် မှတ်တမ်းရုပ်သံ
#PPIB
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို
ဟနွိုင်း၊ စက်တင်ဘာ ၄
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ယနေ့ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းတည့် ၁၂ နာရီခွဲတွင် ရောက်ရှိခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ လိုက်ပါလာသည့် အထူးလေယာဉ် Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာချိန်တွင် ဗီယက်နမ်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
#HOS
#Our
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့်ဇနီးအား ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်နေမှုမြင်ကွင်းများ
#HOS
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) စတင်ထွက်ခွာ
နေပြည်တော်၊ စက်တင်ဘာ - ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
လေဆိပ်တွင် ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
#PPIB
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ နှင့် ဇနီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဇနီး တို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည် ဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံ တွေ့ဆုံသွားမည်ဖြစ်သည်။
ထို့အပြင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်ရှိပြီး ဗီယက်နမ်နိုင်ငံရှိ ဒီဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများကို သွားရောက်လေ့လာသွားမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်...
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား သို့တက်ရောက်အမှာစကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်
