HM Movies
Відкрити в Telegram
HM Moives Channel မှ ကြိုဆိုပါတယ်ဗျ❤️ ကြော်ညာများထည့်လို့ရပါပြီ🤗🤗 @ETh1235
Показати більше7 320
Підписники
+1924 години
+1497 днів
+45530 днів
Архів дописів
7 322
+4
အမှောင်ရိပ်အတွင်းမှ အမုန်းကလဲ့စား
Revenge Waits in the Shadows (十年不晚)
ချင်မင်းဆက်နောက်ဆုံးနှစ်မှာ YuWen liang ရဲ့ မင်္ဂလာပွဲပျော်ရွှင်မှုက နေပြီးတော့ဘေးဒုက္ခအဖြစ်ပြောင်းလဲသွားခဲ့တယ်။ Yuwen မိသားစုက အကြီးဆုံးသား Yuwen Liang ကအကျဥ်းထောင်မှာသိရှိလာခဲ့တဲ့မိတ်ဆွေ Lao Luoရဲ့ အကာအကွယ်ပေးမှုအောက်မှာ သေခြင်းတရားနဲ့သီသီလေးကင်းလွတ်ပြီး အကျဥ်းထောင်ထဲကနေလွတ်မြောက်ခဲ့တယ်။ Lao Luo ကမသေဆုံးခင်မှာ YuWen liang ကိုသူ့ရဲ့သမီးဖြစ်သူ Xianqing ကိုရှာဖို့တောင်းဆိုခဲ့ကာ အဖိုးတန်စည်းစိမ်ဥစ္စာတွေလည်းပေးအပ်ခဲ့တယ်။
ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ YuWen liang က Nanyang စီးပွားရေးလုပ်ငန်းရှင် Henry Luo ဆိုတဲ့အမည်ဝှက်နဲ့ ရှန်ဟိုင်းကိုပြန်ရောက်လာခဲ့တယ်။
သူ့ရဲ့ များပြားတဲ့စည်းစိမ်ဥစ္စာတွေကြောင့်လူတိုင်းရဲ့ အာရုံစိုက်မှုကိုခံရပြီး မိတ်ဆွေဟောင်း Li Siwen နဲ့အရင်အချစ်ဟောင်း Lan Xinyi တို့နဲ့ ပြန်လည်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....
အတိတ်ကအမှန်တရားကိုပြန်လည်တူးဆွရင်း တစ်စစထွက်ပေါ်လာတဲ့အမှန်တရားတွေကဘာတွေဖြစ်မလဲ????
ကိစ္စတွေအားလုံးရဲ့နောက်ကွယ်ကကြိုးကိုင်သူကရောဘယ်သူဖြစ်လေမလဲ????
သွေးကြွေးကလဲ့စားချေမဲ့လမ်းကို YuWen liang တစ်ယောက်အောင်မြင်စွာလျှောက်လှမ်းနိုင်ပါ့မလား????
ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကို သိချင်ရင်တော့ SoulKingdomကတင်ဆက်ပေးမဲ့ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှုလို့ရပါပြီဗျ 🐣🐣
Nativer Title: 十年不晚
English Title: Revenge Waits in the Shadows
Starring: Pan Zi Jia, Jiang Shen
Episodes: 24
Original Network: iQiyi
#ReviewBylittlefish
#十年不晚
#SoulKingdom
#RevengeWaitsintheShadows
7 322
Shark 2: The Storm (2025)
2021 ခုနှစ်က ထွက်ရှိခဲ့တဲ့ Shark : The Beginning ရဲ့အဆက် အမိုက်စား အက်ရှင် Webtoon ကို ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလို့လာပါပြီ။
ဒီတစ်ခါတော့ The Queen Who Crowns ထဲက ဘုရင်ကြီးကို ဗီလိန်ဇာတ်ရုပ်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီးKim Min-Suk, Wi Ha-joon နဲ့တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သွားမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း🔽🔽
Cha Woo-Sol (Kim Min-Suk) ဟာ ထောင်ကလွတ်လာပြီးနောက်ပိုင်း ထောင်ထွက်ဆိုတဲ့ အမည်းစက်ရှိသော်လည်း နေ့စဥ်ဘဝကို လုံ့လဝီရိယရှိရှိနေထိုင်ရင်း ကိုယ်ခံပညာရှင်တစ်ယောက်
ဖြစ်လာဖို့ လေ့ကျင့်သင်ကြားနေသူပါ။
တစ်နေ့မှာတော့ Hyun Woo-Yong(Lee Hyun-Wook) လို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တရားမဝင် ကိုယ်ခံပညာပြိုင်ပွဲတွေကို ဦးစီးပြုလုပ်ပြီး ပျော်ပါးလေ့ရှိသူ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဟာ
Cha Woo-Sol ရှေ့ကို အမှတ်မထင်ရောက်ရှိလာပြီး မပြိုင်ချင်တဲ့ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို့အတွက် ခြိမ်းခြောက်ဖိအားပေးခြင်း ခံလိုက်ရတဲ့အခါမှာတော့
Cha Woo-Sol တစ်ယောက် သူချစ်ရတဲ့သူကို ကာကွယ်နိုင်ဖို့အတွက် Hyun Woo-Yong ကို ဆန့်ကျင်ရင်း အသက်ရှင်နိုင်ဖို့ ဘယ်လိုကြိုးစားပြီး ရုန်းထွက်သွားမလဲဆိုတာကို
အက်ရှင်ကားပီသစွာနဲ့ ကြမ်းကြမ်းရမ်းရမ်း ထိုးချက်တွေနဲ့အတူ ကြည့်ရမှာဖြစ်လို့ ပရိသတ်အကြိုက်တွေ့မဲ့ ကားလေးပဲ ဖြစ်ပါတယ်။
7 322
Urban Myths (2022)
ဒီဟော်ရာဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသလိုပါတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကြီး Idol တွေဖြစ်တဲ့Monsta x – Shownu WJSN – Seola, Exy BTOB – Minhyuk TheBoyz –
Haknyeon Golden Child – JaeHyun Lovelyz – SeoJisoo Alexa ,OhMyGirl – Arinတို့ပါဝင်ထားတာမို့ သူ့ဖန်တွေအတွက်တော့ ပျော်စရာပါပဲ…
ပြီးတော့ မတူညီတဲ့ ဟော်ရာဇာတ်လမ်းတိုတွေနဲ့ဖွဲ့စည်းထားတာမို့ တစ်ခုချင်းမှာ တစ်မျိုးထိတ်လန့်စရာကောင်းတယ်…အပျော်ဂိမ်းကစားကြရင်းသရဲဝင်ပူးတာတွေ…အိမ်နီချင်းမှာ သရဲဖြစ်နေတာတွေ…လူသတ်ပြီး အလောင်းဖျောက်ရင်းမလွတ်မကျွတ်တဲ့သရဲက ပြန်ပြီးသတ်တဲ့အဖြစ်မျိုးတွေမို့ horror ဇာတ်လမ်းကြိုက်သူတို့ အတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်
7 322
Snake Woman (2025)
ညီအစ်ကိုလေး၂ယောက်ဟာတောထဲကိုသွားရင် ထူးဆန်းတဲ့
တိရိစ္ဆာန်တစ်ကောင်နဲ့တွေ့ပြီး အစ်ကိုဖြစ်တဲ့သူကပျောက်သွားခဲ့ပါတယ်။
ညီဖြစ်တဲ့သူဟာသူ့ဘဝတစ်လျှောက်လုံး အစ်ကို့ကိုလိုက်ရှာနေခဲ့ပါတယ်။
တစ်နေ့မှာတော့ ရွာလေးတစ်ရွာမှာမြွေသားပေါက်လေးတွေကိုဖမ်းခဲ့မိလို့
မြွေမကြီးလိုက်တဲ့အမှုကိုဖြေရှင်းရင်း မြွေသခင်ကြီးဆိုတဲ့လူနဲ့တွေ့ပါတယ်။
မြွေသခင်ကြီးတို့ရဲ့လူတွေကိုသတ်သွားတဲ့သတ္တဝါရဲ့လုပ်နည်းလုပ်ဟန်တွေက
သူ့အစ်ကိုကိုဖမ်းသွားတဲ့သတ္တဝါနဲ့တူတယ်လို့ယူဆတဲ့အတွက်
မြွေသခင်ကြီးတို့အဖွဲ့နဲ့အလုပ်အတူတွဲလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
တောထဲမှာအဲဒီထူးဆန်းသတ္တဝါနဲ့တကယ်ကြုံကြတော့
အဲဒီသတ္တဝါကမိန်းကလေးတစ်ပိုင်းမြွေတစ်ပိုင်းဖြစ်နေပါတယ်။
ဒီမိန်းကလေးကဘာကြောင့်ဒီလိုမြွေတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေရတာလဲ.....
ကောင်လေးရဲ့အစ်ကိုကရော ဘယ်ကိုရောက်သွားတာလဲ......
ဒီအရာအားလုံးရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ......
7 322
The Vanished
ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့
ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီးဟာ
ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။
ပတ်ဂျင်ဟန်ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။
ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့ လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
