7 321
订阅者
+2724 小时
+1627 天
+47230 天
帖子存档
7 320
+4
အမှောင်ရိပ်အတွင်းမှ အမုန်းကလဲ့စား
Revenge Waits in the Shadows (十年不晚)
ချင်မင်းဆက်နောက်ဆုံးနှစ်မှာ YuWen liang ရဲ့ မင်္ဂလာပွဲပျော်ရွှင်မှုက နေပြီးတော့ဘေးဒုက္ခအဖြစ်ပြောင်းလဲသွားခဲ့တယ်။ Yuwen မိသားစုက အကြီးဆုံးသား Yuwen Liang ကအကျဥ်းထောင်မှာသိရှိလာခဲ့တဲ့မိတ်ဆွေ Lao Luoရဲ့ အကာအကွယ်ပေးမှုအောက်မှာ သေခြင်းတရားနဲ့သီသီလေးကင်းလွတ်ပြီး အကျဥ်းထောင်ထဲကနေလွတ်မြောက်ခဲ့တယ်။ Lao Luo ကမသေဆုံးခင်မှာ YuWen liang ကိုသူ့ရဲ့သမီးဖြစ်သူ Xianqing ကိုရှာဖို့တောင်းဆိုခဲ့ကာ အဖိုးတန်စည်းစိမ်ဥစ္စာတွေလည်းပေးအပ်ခဲ့တယ်။
ဆယ်နှစ်ကြာပြီးတဲ့နောက်မှာတော့ YuWen liang က Nanyang စီးပွားရေးလုပ်ငန်းရှင် Henry Luo ဆိုတဲ့အမည်ဝှက်နဲ့ ရှန်ဟိုင်းကိုပြန်ရောက်လာခဲ့တယ်။
သူ့ရဲ့ များပြားတဲ့စည်းစိမ်ဥစ္စာတွေကြောင့်လူတိုင်းရဲ့ အာရုံစိုက်မှုကိုခံရပြီး မိတ်ဆွေဟောင်း Li Siwen နဲ့အရင်အချစ်ဟောင်း Lan Xinyi တို့နဲ့ ပြန်လည်ဆုံတွေ့ခဲ့တဲ့အခါမှာတော့....
အတိတ်ကအမှန်တရားကိုပြန်လည်တူးဆွရင်း တစ်စစထွက်ပေါ်လာတဲ့အမှန်တရားတွေကဘာတွေဖြစ်မလဲ????
ကိစ္စတွေအားလုံးရဲ့နောက်ကွယ်ကကြိုးကိုင်သူကရောဘယ်သူဖြစ်လေမလဲ????
သွေးကြွေးကလဲ့စားချေမဲ့လမ်းကို YuWen liang တစ်ယောက်အောင်မြင်စွာလျှောက်လှမ်းနိုင်ပါ့မလား????
ဘာတွေဘယ်လိုဖြစ်မလဲဆိုတာကို သိချင်ရင်တော့ SoulKingdomကတင်ဆက်ပေးမဲ့ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှုလို့ရပါပြီဗျ 🐣🐣
Nativer Title: 十年不晚
English Title: Revenge Waits in the Shadows
Starring: Pan Zi Jia, Jiang Shen
Episodes: 24
Original Network: iQiyi
#ReviewBylittlefish
#十年不晚
#SoulKingdom
#RevengeWaitsintheShadows
7 320
Shark 2: The Storm (2025)
2021 ခုနှစ်က ထွက်ရှိခဲ့တဲ့ Shark : The Beginning ရဲ့အဆက် အမိုက်စား အက်ရှင် Webtoon ကို ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးထွက်ရှိလို့လာပါပြီ။
ဒီတစ်ခါတော့ The Queen Who Crowns ထဲက ဘုရင်ကြီးကို ဗီလိန်ဇာတ်ရုပ်အဖြစ် တွေ့မြင်ရမှာဖြစ်ပြီးKim Min-Suk, Wi Ha-joon နဲ့တခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သွားမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်း🔽🔽
Cha Woo-Sol (Kim Min-Suk) ဟာ ထောင်ကလွတ်လာပြီးနောက်ပိုင်း ထောင်ထွက်ဆိုတဲ့ အမည်းစက်ရှိသော်လည်း နေ့စဥ်ဘဝကို လုံ့လဝီရိယရှိရှိနေထိုင်ရင်း ကိုယ်ခံပညာရှင်တစ်ယောက်
ဖြစ်လာဖို့ လေ့ကျင့်သင်ကြားနေသူပါ။
တစ်နေ့မှာတော့ Hyun Woo-Yong(Lee Hyun-Wook) လို့ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တရားမဝင် ကိုယ်ခံပညာပြိုင်ပွဲတွေကို ဦးစီးပြုလုပ်ပြီး ပျော်ပါးလေ့ရှိသူ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဟာ
Cha Woo-Sol ရှေ့ကို အမှတ်မထင်ရောက်ရှိလာပြီး မပြိုင်ချင်တဲ့ပြိုင်ပွဲတစ်ခုကို ပြိုင်ဖို့အတွက် ခြိမ်းခြောက်ဖိအားပေးခြင်း ခံလိုက်ရတဲ့အခါမှာတော့
Cha Woo-Sol တစ်ယောက် သူချစ်ရတဲ့သူကို ကာကွယ်နိုင်ဖို့အတွက် Hyun Woo-Yong ကို ဆန့်ကျင်ရင်း အသက်ရှင်နိုင်ဖို့ ဘယ်လိုကြိုးစားပြီး ရုန်းထွက်သွားမလဲဆိုတာကို
အက်ရှင်ကားပီသစွာနဲ့ ကြမ်းကြမ်းရမ်းရမ်း ထိုးချက်တွေနဲ့အတူ ကြည့်ရမှာဖြစ်လို့ ပရိသတ်အကြိုက်တွေ့မဲ့ ကားလေးပဲ ဖြစ်ပါတယ်။
