uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

The Fluent Space✨📚

The Fluent Space✨📚

Відкрити в Telegram

December သင်တန်းအတွက် - @Chrissy013

Показати більше

📈 Аналітичний огляд Telegram-каналу The Fluent Space✨📚

Канал The Fluent Space✨📚 (@fluentspace12) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 16 557 підписників, посідаючи 12 119 місце в категорії Освіта та 7 788 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 16 557 підписників.

За останніми даними від 26 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 934, а за останні 24 години на 18, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 14.58%. Протягом перших 24 годин після публікації контент зазвичай збирає 6.01% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 2 414 переглядів. Протягом першої доби публікація в середньому набирає 996 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 32.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“December သင်တန်းအတွက် - @Chrissy013”

Завдяки високій частоті оновлень (останні дані отримано 27 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.

16 557
Підписники
+1824 години
+3607 днів
+93430 днів
Архів дописів
“I enjoy to talk with you” ❌ V-ing သုံးရမလား to V သုံးရမလား ခဏခဏ ရှုပ်နေလား? 🔹 Gerund = V-ing (နာမ်လို သုံးတာ) 🔹 Infinitive
+5
“I enjoy to talk with you” ❌ V-ing သုံးရမလား to V သုံးရမလား ခဏခဏ ရှုပ်နေလား? 🔹 Gerund = V-ing (နာမ်လို သုံးတာ) 🔹 Infinitive = to + V1 (ဆန္ဒ / ရည်ရွယ်ချက်) 🔹 enjoy, miss, mind ➝ V-ing (Feeling verbs – ခံစားချက်ပြ verb) 🔹 want, hope, decide ➝ to V (Desire & Intention verbs – ဆန္ဒ/ရည်ရွယ်ချက်ပြ verb) 🔹 like, love, start ➝ ၂ မျိုးလုံး ရတယ် (Preference & Beginning verbs – ကြိုက်တာ/စတာပြ verb)
26 лист, 10:01

အတန်းလေးက English Level အလိုက် Basic Class နဲ့ Intermediate Class ဆိုပြီး အတန်းနှစ်တန်း ခွဲထားပါတယ်။ 📌 ဘယ်အတန်းကို ရွေးချယ်သ
+1
အတန်းလေးက English Level အလိုက် Basic Class နဲ့ Intermediate Class ဆိုပြီး အတန်းနှစ်တန်း ခွဲထားပါတယ်။ 📌 ဘယ်အတန်းကို ရွေးချယ်သင့်လဲ? 🔹 BASIC CLASS • English ကို အခြေခံကနေ စနစ်တကျ ပြန်လေ့လာချင်တဲ့သူ • Grammar နဲ့ Vocabulary အခြေခံအားနည်းနေတဲ့သူတွေ • English Sentence တွေ Writing တွေမှာ ကိုယ်တိုင်တည်ဆောက်ဖို့ အခက်အခဲရှိနေတဲ့သူ 🔹 INTERMEDIATE CLASS • Basic English ကို နားလည်ပြီးသားသူများ • ရိုးရှင်းတဲ့ English Sentence တွေ ရေးသားပြောဆိုနိုင်သူတွေ • Grammar, Vocabulary နဲ့ Four Skills ကို အခြေခံတစ်ဆင့်ထက်ပိုမြင့်အောင် တိုးတက်ချင်သူ • Intermediate Level ကို ပိုပြီးခိုင်မာအောင် တည်ဆောက်ချင်တဲ့သူတွေ ကိုယ့်ရဲ့ English Level နဲ့ ကိုက်ညီတဲ့ အတန်း ကို ရွေးချယ်ပြီး နှစ်မကုန်ခင်ကြိုစားလိုက်တော့နော် 📩 @Chrissy013 မှာ လာအပ်ပါရှင့် လူဦးရေ ကန့်သတ်ထားပါတယ်ရှင့်
26 лист, 01:19

70 DAYS CHALLENGE – BATCH (14) English ကို လေ့လာနေတာ ကြာပြီ။ ဒါပေမဲ့ ကိုယ့်ရဲ့ English Skills တွေက မျှော်လင့်ထားသလောက် တိုးတက်မလာသေးဘူးလား? Grammar တွေတော့ လေ့လာဖူးတယ်။ Vocabulary တွေလည်း မှတ်ဖူးတယ်။ သင်တန်းတွေလည်း တက်ဖူးတယ်။ ဒါပေမဲ့ တစ်ခုလေ့လာပြီးရင် ဘာတွေဆက်လုပ်ရမှန်းမသိဘူး အစကနေပြန်ပြန်လုပ်နေရတယ် ကိုယ်တိုင် English လို စာရေးဖို့၊ စကားပြောဖို့ဆိုရင် အခက်အခဲရှိနေတုန်းပဲဆိုရင် လေ့လာမှုပုံစံကို ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ ဒီတစ်ခေါက်မှာတော့ The Fluent Space ရဲ့ 70 Days Challenge – Batch (14) ကို ပြန်လည်ဖွင့်ပေးတော့မှာ ပါ❤️ ဒီ Challenge က English ကို စာဖတ်ရုံ၊ Video ကြည့်ရုံနဲ့ လေ့လာရတဲ့ Course မျိုးမဟုတ်ပါဘူး။ 📚 ဘာတွေ လေ့လာရမလဲ? ဒီ 70 Days အတွင်းမှာ English Language ရဲ့ အရေးကြီးတဲ့ Skills (5) မျိုးကို စနစ်တကျ လေ့လာသွားရမှာပါ။ 🔹 Grammar – English Grammar ကို အခြေခံမှစပြီး နားလည်အောင် လေ့လာမယ်။ 🔹 Vocabulary – အသုံးဝင်တဲ့ Vocabulary အသစ်တွေကို တိုးချဲ့မယ်။ 🔹 Reading – English Reading Skill တိုးတက်အောင် လေ့ကျင့်မယ်။ 🔹 Listening – နားထောင်နိုင်စွမ်းနဲ့ နားလည်နိုင်စွမ်းကို မြှင့်တင်မယ်။ 🔹 Writing & Speaking – ကိုယ်တိုင် English လို ရေးသားပြောဆိုနိုင်အောင် လက်တွေ့လေ့ကျင့်မယ်။ ✨ ဒီ Challenge ကို ဘာကြောင့် Join သင့်တာလဲ? • နေ့စဉ် ဘာလေ့လာရမလဲဆိုတာကို Study Plan အတိုင်း လိုက်လုပ်နိုင်မယ်။ • English Skills (4) မျိုးလုံးကို မျှမျှတတ လေ့ကျင့်နိုင်မယ်။ • Input နဲ့ Output နှစ်မျိုးလုံးကို အာရုံစိုက်လေ့လာနိုင်မယ်။ • ကိုယ်တိုင်လေ့လာတဲ့ အလေ့အကျင့်ကောင်းတစ်ခု တည်ဆောက်နိုင်မယ်။ • 70 Days ပြည့်တဲ့အထိ ကိုယ့်ရဲ့ English Learning Journey ကို စနစ်တကျ ဖြတ်သန်းနိုင်မယ်။ • Batch – 14 • Duration – 70 Days (10 Weeks) • Start Date – 7 December 2026 • Skills – Grammar, Vocabulary, Reading, Listening, Writing & Speaking English ကို တိုးတက်ချင်တယ်လို့ပဲ တွေးနေမယ့်အစား ဒီတစ်ခေါက်မှာ နှစ်မကုန်ခင် ကိုယ်တိုင် Challenge ခေါပြီး လေ့လာကြည့်လိုက်နော် အရေးကြီးတာက English ကို တစ်ရက်တည်းနဲ့ တော်သွားဖို့မဟုတ်ပါဘူး။ နေ့တိုင်း နည်းနည်းစီ တိုးတက်လာဖို့ပါပဲ။ 📩 @Chrissy013 - မှာ အတန်းစုံစမ်းလို့ရပါတယ်ရှင့်
25 лист, 09:43

photo content
25 лист, 09:43

10 ယောက်မှန်တဲ့သူပြည့်ပါပြီ အဖြေမှန်က 61 ပါ ရှင့်☘️ Admin ကိုယ်တိုင်မှန်တဲ့သူတွေကိုဆက်သွယ်ပေးထားမယ်နော်💌
10 ယောက်မှန်တဲ့သူပြည့်ပါပြီ အဖြေမှန်က 61 ပါ ရှင့်☘️ Admin ကိုယ်တိုင်မှန်တဲ့သူတွေကိုဆက်သွယ်ပေးထားမယ်နော်💌
24 лист, 10:45

7 ယောက်ဘဲတွေ့သေးတယ်😭 နောက်တစ်ယောက်ကိုတစ်ကြိမ်ထပ်ရေးခွင့်ပေးပါမယ်ရှင့် ဒီ ပို့စ်ရဲ့ comment မာနော်
24 лист, 10:30

2 ကြိမ်ထက်ပိုရေးတဲ့သူမရပါဘူးရှင့်
24 лист, 09:38

☘ပံ့သကူမုန့်ဖိုး☘ ရှေ့ဆုံးဂဏန်းနှစ်လုံးကိုခန့်မှန်းပေးပါရှင့် တစ်ယောက်ကိုနှစ်ကြိမ်ရေးခွင့်ရပါတယ်နော် ပထမဆုံး မှန်တဲ့ 10 ယောက်
☘ပံ့သကူမုန့်ဖိုး☘ ရှေ့ဆုံးဂဏန်းနှစ်လုံးကိုခန့်မှန်းပေးပါရှင့် တစ်ယောက်ကိုနှစ်ကြိမ်ရေးခွင့်ရပါတယ်နော် ပထမဆုံး မှန်တဲ့ 10 ယောက်ကိုတစ်ယောက် 10000 ကျပ်စီပေးသွားမာပါနော်
24 лист, 09:35

Passive ဆိုတာ – လုပ်တဲ့သူထက် ခံရတဲ့သူကို အဓိကထားပြီးပြောတာ✨
+5
Passive ဆိုတာ – လုပ်တဲ့သူထက် ခံရတဲ့သူကို အဓိကထားပြီးပြောတာ✨
23 лист, 20:19

photo content
+8
23 лист, 11:29

English မှာ Fluent ဖြစ်ချင်ရင် နေ့တိုင်းလုပ်သင့်တဲ့ Habit (5) ခု 📚 English ကို တကယ်ပြောတတ်၊ ရေးတတ်လာဖို့ဆိုတာ Grammar တွေချည်း လေ့လာနေရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်ဘဝထဲမှာ English ကို ပုံမှန်အသုံးပြုတတ်ဖို့လည်း လိုအပ်ပါတယ်။ English Learning Journey မှာ တီချယ်ကိုယ်တိုင်အထောက်အကူဖြစ်စေခဲ့တဲ့ နေ့စဉ်လုပ်ဆောင်သင့်တဲ့ Habit (5) ခုကို မျှဝေပေးချင်ပါတယ်။ 🔹 1. နေ့တိုင်း English Podcast နားထောင်ပါ 🎧 English Listening Skill တိုးတက်ဖို့အတွက် Podcast တွေက အရမ်းအသုံးဝင်ပါတယ်။ စစချင်းမှာ ကိုယ့် Level နဲ့ကိုက်ညီတဲ့ Podcast တွေကို ရွေးချယ်ပြီး တစ်နေ့ကို မိနစ် 15–30 လောက် ပုံမှန်နားထောင်ကြည့်ပါ။ နားထောင်တဲ့အခါ စကားလုံးတိုင်းကို နားလည်ဖို့ ကြိုးစားနေစရာမလိုပါဘူး။ အဓိကအကြောင်းအရာကို နားလည်အောင် အရင်လေ့ကျင့်ပါ။ Recommend လုပ်ချင်တဲ့ Podcast တွေကတော့ • BBC Learning English • Luke’s English Podcast • 6 Minute English 🔹 2. တစ်နေ့ကို Vocabulary အသစ် 5–10 လုံး လေ့လာပါ 📝 Vocabulary ကြွယ်ဝလာတာက English မှာ ကိုယ်ပြောချင်တဲ့အရာတွေကို ပိုပြီးလွယ်ကူစွာ ဖော်ပြနိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ ဒါပေမဲ့ စကားလုံးအသစ်တွေကို အဓိပ္ပာယ်တစ်ခုတည်း မှတ်ထားရုံနဲ့ မလုံလောက်ပါဘူး။ စကားလုံးတစ်လုံးချင်းစီအတွက် • Meaning ကိုလေ့လာပါ။ • Example Sentence တွေဖတ်ပါ။ • ကိုယ်ပိုင် Sentence တစ်ကြောင်းစီ ရေးကြည့်ပါ။ • နောက်နေ့တွေမှာ ပြန်လည်လေ့ကျင့်ပါ။ အရေးကြီးဆုံးကတော့ လေ့လာထားတဲ့ Vocabulary တွေကို လက်တွေ့အသုံးချဖို့ပါပဲ။ 🔹 3. English နဲ့ Daily Journal ရေးပါ ✍️ Writing Skill တိုးတက်ချင်တယ်ဆိုရင် Journaling ကို Habit တစ်ခုအနေနဲ့ ထားရှိသင့်ပါတယ်။ နေ့တိုင်း ကိုယ့်ရဲ့အကြောင်းတွေ၊ နေ့စဉ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ဝါသနာပါတဲ့အကြောင်းအရာတွေကို English လို ရေးကြည့်ပါ။ ဥပမာ - • What did I do today? • What made me happy today? • What did I learn today? • What are my plans for tomorrow? အစပိုင်းမှာ စာကြောင်းတိုတိုလေးတွေနဲ့ စရေးလို့ရပါတယ်။ နောက်ပိုင်းမှာ Vocabulary အသစ်တွေနဲ့ Sentence Structure အသစ်တွေကို ထည့်သုံးကြည့်ပါ။ Perfect ဖြစ်ဖို့ထက် Consistency ရှိဖို့က ပိုအရေးကြီးပါတယ်။ 🔹 4. Pronunciation ကို ပုံမှန်လေ့ကျင့်ပါ 🗣️ English ပြောတဲ့အခါ Native Speaker တွေလို Accent ရှိဖို့ မလိုအပ်ပါဘူး။ ကိုယ်ပြောတဲ့စကားကို တစ်ဖက်လူက ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ Pronunciation လေ့ကျင့်ဖို့အတွက် Shadowing Technique ကို အသုံးပြုကြည့်ပါ။ လုပ်ဆောင်ပုံကတော့ - 1. English Speaker တစ်ယောက်ရဲ့ အသံကို နားထောင်ပါ။ 2. သူပြောတဲ့ Sentence ကို သေချာလေ့လာပါ။ 3. အသံထွက်၊ Stress နဲ့ Intonation ကို သတိထားပါ။ 4. သူ့နောက်ကနေ လိုက်ပြောကြည့်ပါ။ လေ့လာဖို့အတွက် YouTube မှာ BBC Learning English နဲ့ English with Lucy တို့ကိုလည်း ကြည့်ရှုနိုင်ပါတယ်။ 🔹 5. နေ့စဉ်ဘဝမှာ English လို တွေးကြည့်ပါ 💭 Speaking Skill တိုးတက်ဖို့အတွက် English ကို စာအုပ်ထဲမှာပဲ လေ့လာမနေဘဲ ကိုယ့်ရဲ့နေ့စဉ်အတွေးတွေထဲမှာပါ ထည့်သွင်းအသုံးပြုကြည့်ပါ။ ဥပမာ - မနက်အိပ်ရာထတဲ့အခါ “I’m still sleepy.” အပြင်သွားဖို့ ပြင်ဆင်တဲ့အခါ “I need to get ready.” ဗိုက်ဆာလာတဲ့အခါ “I’m starving.” တစ်ခုခုကို မေ့သွားတဲ့အခါ “I totally forgot!” ဒီလို ရိုးရှင်းတဲ့ Sentence လေးတွေကနေ စတင်လေ့ကျင့်နိုင်ပါတယ်။ အတွေးတွေကို မြန်မာလိုအရင်စဉ်းစားပြီးမှ English ပြန်ဘာသာပြန်တဲ့အကျင့်ကို တဖြည်းဖြည်းလျှော့ချနိုင်အောင် ကြိုးစားကြည့်ပါ။ ⸻ English Fluency ဆိုတာ တစ်ရက်၊ နှစ်ရက်နဲ့ ရရှိလာတာမျိုးမဟုတ်ပါဘူး။ နေ့စဉ်အချိန်နည်းနည်းစီပေးပြီး ပုံမှန်လေ့ကျင့်သွားခြင်းကသာ ရေရှည်မှာ တိုးတက်မှုကို ဖြစ်စေမှာပါ။ ဒီ Habit (5) ခုထဲက ကိုယ်မလုပ်ဖြစ်သေးတဲ့ Habit တစ်ခုကို ဒီနေ့ကစပြီး စမ်းလုပ်ကြည့်ပါ။ Consistency is more important than perfection❤️ #TheFluentSpace #EnglishLearning #EnglishFluency #DailyEnglish
22 лист, 16:13

Have , Has, Had မသုံးတက်သေးဘူးဆိုရင် လေ့လာလိုက်နော်✨
+4
Have , Has, Had မသုံးတက်သေးဘူးဆိုရင် လေ့လာလိုက်နော်✨
22 лист, 15:28

အချိန်လေးက ည (9:00) ပါရှင့်
22 лист, 00:34

🌕 တန်ဆောင်တိုင်လပြည့်နေ့တွက် အစီအစဉ်လေးရှိပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့ညမှာ The Fluent Space Channel ထဲက သူတွေအတွက် 1000
🌕 တန်ဆောင်တိုင်လပြည့်နေ့တွက် အစီအစဉ်လေးရှိပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့ညမှာ The Fluent Space Channel ထဲက သူတွေအတွက် 100000Ks တိတိ ပံ့သကူအလှူလေး လုပ်ပေးသွားမယ်နော်။❤️ #TheFluentSpace #Tazaungdaing
20 лист, 06:00

ဒီ pattern တွေကို သိထားရင် စာမေးပွဲမှာ sentence ပြောင်းရေးရတဲ့ မေးခွန်းတွေ အများကြီး အထောက်အကူပြုပေးလိမ့်မယ်နော်✨
+7
ဒီ pattern တွေကို သိထားရင် စာမေးပွဲမှာ sentence ပြောင်းရေးရတဲ့ မေးခွန်းတွေ အများကြီး အထောက်အကူပြုပေးလိမ့်မယ်နော်✨
19 лист, 12:12

English မှာ မကြာခဏတွေ့ရတဲ့ If Condition အမျိုးအစား (၄) မျိုးကို လေ့လာကြည့်ကြရအောင်။ နားလည်ရုံတင်မကဘဲ ကိုယ်တိုင် Sentence တွေ
+5
English မှာ မကြာခဏတွေ့ရတဲ့ If Condition အမျိုးအစား (၄) မျိုးကို လေ့လာကြည့်ကြရအောင်။ နားလည်ရုံတင်မကဘဲ ကိုယ်တိုင် Sentence တွေ ဖွဲ့ကြည့်ဖို့လည်း မမေ့နဲ့နော်။ ❤️
14 лист, 06:34

📚English Speaking လေ့ကျင့်တဲ့အခါ Vocabulary တွေ အများကြီးသိထားရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်သိထားတဲ့ စကားလုံးတွေကို သဘာဝကျကျ ဘ
+7
📚English Speaking လေ့ကျင့်တဲ့အခါ Vocabulary တွေ အများကြီးသိထားရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်သိထားတဲ့ စကားလုံးတွေကို သဘာဝကျကျ ဘယ်လိုဝါကျတည်ဆောက်ပြီး ပြောဆိုရမလဲဆိုတာလည်း သိထားဖို့ လိုပါတယ်
13 лист, 22:07

Chat ထဲမှာ "ngl", "fr", "omw" လို့ ရောက်လာရင် ဘာပြောမှန်း မသိဘဲ ငြိမ်နေမိဖူးလား? Native speaker တွေ texting မှာ သုံးနေတဲ့ Sla
+9
Chat ထဲမှာ "ngl", "fr", "omw" လို့ ရောက်လာရင် ဘာပြောမှန်း မသိဘဲ ငြိမ်နေမိဖူးလား? Native speaker တွေ texting မှာ သုံးနေတဲ့ Slang တွေကို အဓိပ္ပာယ်နဲ့ ဥပမာစာကြောင်းပါ စုပေးထားပါတယ် ❤️
12 лист, 01:24

Writing ကောင်းဖို့ ဒီအချက်တွေက အခြေခံပါ Writing အားနည်းနေတဲ့ သူငယ်ချင်းကိုလည်း share ပေးလိုက်နော်❤️
+6
Writing ကောင်းဖို့ ဒီအချက်တွေက အခြေခံပါ Writing အားနည်းနေတဲ့ သူငယ်ချင်းကိုလည်း share ပေးလိုက်နော်❤️
07 лист, 22:32

📚 B2 ရောက်နေတဲ့သူတွေ သိထားသင့်တဲ့ Vocabulary ၅ လုံး 🍀
+6
📚 B2 ရောက်နေတဲ့သူတွေ သိထားသင့်တဲ့ Vocabulary ၅ လုံး 🍀
06 лист, 10:33