🧩Listening, Reading ကောင်းပေမဲ့
Speaking, Writing ဘာလို့မတိုးတက်တာလဲ?🤔
English စာလေ့လာတဲ့သူတော်တော်များများမှာ ကြုံရတဲ့ပြဿနာတစ်ခုရှိပါတယ်။
Listening နဲ့ Reading က အဆင်ပြေတယ်။ ဒါပေမယ့် Speaking နဲ့ Writing လုပ်ရတဲ့အခါ Confidence မရှိဘူး၊ အမှားများတယ်လို့ ခံစားရတတ်ပါတယ်။
တကယ်တော့ ဒါဟာ ပုံမှန်ပါပဲ။
ဘာကြောင့်လဲဆိုတော့
Listening နဲ့ Reading က
Receptive Skills ဖြစ်ပြီး အချက်အလက်တွေကို လက်ခံသင်ယူတဲ့ Skill တွေပါ။
အခြားတစ်ဖက်မှာ
Speaking နဲ့ Writing က
Productive Skills ဖြစ်ပါတယ်။ ကိုယ်သိထားတာတွေကို ကိုယ်တိုင် ပြန်ထုတ်သုံးရတဲ့ Skill တွေဖြစ်လို့ ပိုပြီးလေ့ကျင့်ဖို့လိုပါတယ်။
🎧 Listening က ဘာလို့ပိုကောင်းလာတာလဲ?
နေ့စဉ်ဘဝမှာ English ကို မပြောဖြစ်ရင်တောင် နားထောင်ဖြစ်တာများပါတယ်။
YouTube ကြည့်တယ်။
TikTok ကြည့်တယ်။
Podcast နားထောင်တယ်။
ရုပ်ရှင်နဲ့ Series ကြည့်တယ်။
ဒီလို နေ့တိုင်း English အသံတွေနဲ့ ထိတွေ့နေရတာကြောင့် Listening Skill က သဘာဝအတိုင်း တိုးတက်လာတာပါ။
📖 Reading ကရော?
Social Media, Website, News, Caption, Comment စတာတွေကို English လို ဖတ်ဖြစ်တာက ရေးဖြစ်တာထက် အများကြီးပိုများပါတယ်။
ဖတ်တာများလာလေလေ Vocabulary နဲ့ Sentence Pattern တွေကို ပိုပြီး ရင်းနှီးလာလေလေ ဖြစ်ပါတယ်။
ဒါကြောင့် Reading Skill ကလည်း တဖြည်းဖြည်း တိုးတက်လာပါတယ်။
🗣️ Speaking ကောင်းဖို့ ဘာလုပ်သင့်လဲ?
Speaking ကတော့
နားထောင်ရုံနဲ့ မတိုးတက်ပါဘူး။
ပြောမှ တိုးတက်ပါတယ်။
တစ်ယောက်တည်း Shadowing လုပ်ပါ။
ကိုယ့်အသံကို Record လုပ်ပြီး ပြန်နားထောင်ပါ။
Speaking Partner ရှာပြီး Practice လုပ်ပါ။
Conversation Club တွေ Join ပါ။
အရေးကြီးဆုံးက
နေ့တိုင်း ပြောဖို့ အချိန်နည်းနည်းပေးပါ။
✍️ Writing ကောင်းဖို့ရော?
Writing Skill ကလည်း
ရေးမှ တိုးတက်တာပါ။
Grammar သိရုံနဲ့ မလုံလောက်ပါဘူး။
Sentence တွေရေးပါ။
Paragraph တွေရေးပါ။
Essay တွေရေးကြည့်ပါ။
ပြီးရင် Teacher, ChatGPT ဒါမှမဟုတ် AI Tools တွေကို အသုံးပြုပြီး Feedback ယူပါ။
Feedback ရမှ ကိုယ့်အမှားကို သိပြီး နောက်တစ်ခါ ထပ်မမှားတော့မှာပါ။
နောက်ဆုံးမှာချင်တာက...
English Skill တစ်ခုချင်းစီက လေ့ကျင့်ပုံ မတူပါဘူး။
Listening ကောင်းချင်ရင် နားထောင်ပါ။
Reading ကောင်းချင်ရင် ဖတ်ပါ။
Speaking ကောင်းချင်ရင် ပြောပါ။
Writing ကောင်းချင်ရင် ရေးပါ။
ကိုယ်လိုချင်တဲ့ Skill ကို နေ့တိုင်း အသုံးချပြီး လေ့ကျင့်ပေးနိုင်ရင် အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ တိုးတက်လာမှာ သေချာပါတယ်။
📚 7လပိုင်း 10 ရက်နေ့မှာဖွင့်မဲ့
70 Days Challenge Batch - 13 အတွက် အတန်းအပ်လို့ရပြီနော်
A1 ➜ B1 နဲ့ B1 ➜ B2 Level နှစ်တန်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
နေ့စဉ် လေ့လာတဲ့အလေ့အကျင့်တစ်ခုကို တည်ဆောက်ပြီး English Level ကို တစ်ဆင့်ချင်းမြှင့်တင်ချင်ရင် ဒီ Challenge က သင့်အတွက်ပါ။
Start Date : 10.7.2026
📩 အသေးစိတ်သိချင်ရင်
@Chrissy013 ကို
"B-13" လို့ Message ပို့ပြီး Join လို့ရပါပြီ