NOM
Відкрити в Telegram
202
Підписники
-124 години
+27 днів
-430 день
Архів дописів
202
+2
ဗင်နီဇွဲလားသမ္မတ မာဒူရိုဟာ မြို့တော် ကာရာဆက်စ်က ကျယ်ပြောတဲ့ Fort Tiuna စစ်အခြေစိုက်စခန်းကို မျက်နှာမူထားတဲ့ တောင်စောင်းတခုမှာ ဘန်ကာတခု တူးထားပြီး လုံခြုံရေးအပြည့်နဲ့ ရှိနေတယ်လို့ အမေရိကန်ထောက်လှမ်းရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
သူ့ကို Black Wasps လို့ခေါ်တဲ့ ကျူးဘားအထူးတပ်ဖွဲ့က ကာကွယ်ပေးထားပြီး အဆိုပါအဖွဲ့ရဲ့ တပ်မှူး Diosdado Cabello က တက်ကြွတဲ့ ရေရှည်ခုခံနိုင်မှု ဗျူဟာကို ရေးဆွဲထားတယ်လို့လည်း ထောက်လှမ်းရေးသတင်းတွေက ဖော်ပြခဲ့ပါတယ်။
“ဒီနေရာကို လွယ်လွယ် ဝင်ထွက်သွားလာနိုင်အောင် အမေရိကန်က စီစဉ်ထားတယ်၊ ဒါပေမယ့် ငါတို့က သူတို့ကို ဒီနေရာမှာပဲ နှစ်ရာနဲ့ချီပြီးတော့ကို ထိန်းထားမယ်” လို့ စစ်တပ်အရာရှိတွေ၊ ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ သူက ပြောဆိုခဲ့ပါတယ်။
ကန်အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းဟောင်း Luis Quinones ကတော့ အမေရိကန်အနေနဲ့ ဗင်နီဇွဲလားကို တိုက်ခိုက်မယ်ဆိုရင် ၄၈ နာရီအတွင်း လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ လိုအပ်ပြီး အဲဒီလိုမလုပ်နိုင်ရင် ထိန်းမနိုင်သိမ်းမရ အခြေအနေတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
NOM
202
ပဲရစ်မြို့က Louvre ပြတိုက်အတွင်းက အဖိုးတန်လက်ဝတ်ရတနာအများအပြား ခိုးယူခံရမှု တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သူခိုးတွေဟာ ပြတိုက်အတွင်း ကရိန်းနဲ့ ဖောက်ထွင်းဝင်ရောက်ခဲ့ကာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို ခိုးယူခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ ခိုးယူခံရတဲ့ ပစ္စည်းတွေကတော့ -
၁။ ဘုရင်မ Marie-Amelie နဲ့ Queen Hortense တို့ရဲ့ လက်ဝတ်ရတနာအစုံလိုက်ထဲက သရဖူတခု
၂။ ဘုရင်မ Marie-Amelie နဲ့ Queen Hortense တို့ရဲ့ နီလာအစုံလိုက်ထဲက လည်ဆွဲ
၃။ ဘုရင်မ Marie-Amelie နဲ့ Queen Hortense တို့ရဲ့ နီလာအစုံလိုက်ထဲက နားကပ်တရံ
၄။ Marie-Louise ရဲ့ မြဆွဲကြိုး
၅။ Marie-Louise ရဲ့ မြနားကပ်တစုံ
၆။ ဧကရီ Eugenie ရဲ့ သရဖူ
၇။ ဧကရီ Eugenie ရဲ့ ကြီးမားသော ရင်ထိုးတခု
၈။ ကျောင်းဆောင်ရင်ထိုးလို့ လူသိများတဲ့ ရင်ထိုးတခု တို့ဖြစ်ပါတယ်။
ဧကရီ Eugenie ရဲ့ သရဖူကို ပြတိုက်အပြင်ကနေ ပြန်လည်တွေ့ရှိခဲ့ပြီး ဖောက်ထွင်းသူတွေ ပြုတ်ကျကျန်နေခဲ့တာလို့ ယူဆရပါတယ်။ ဒီဖောက်ထွင်းခံရမှုက ပဲရစ်မှာ တုန်လှုပ်မှုတွေကို ဖြစ်စေခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေလည်း အလုပ်ရှုပ်နေကြပြီဖြစ်ပါတယ်။
NOM
202
+2
ဟောင်ကောင်လေဆိပ်မှာ ကုန်တင်လေယာဉ်တစီး ပြေးလမ်းချော်ခဲ့ရာကနေ ပင်လယ်ထဲ ဆင်းသက်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ Emirates လေယာဉ်အမှတ် EK9788 ဟာ ဒေသစံတော်ချိန် ၀၃း၅၀ နာရီ ခန့်မှာ ဒူဘိုင်းကနေ ရောက်ရှိခဲ့ပြီး မြောက်ဘက်ပြေးလမ်းက ကားတစီးကို တိုက်မိခဲ့ပါတယ်။
လေဆိပ်မြေပြင်ဝန်ထမ်း ၂ဦး ပင်လယ်ထဲ ပြုတ်ကျခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့ပေမ့် ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ကဆိုပါတယ်။ ဒီဖြစ်ရပ်ဟာ ဟောင်ကောင်လေဆိပ်ကို Chek Lap Kok ဆီ ၁၉၉၈ ဇူလိုင်က ပြောင်းရွှေ့ခဲ့ပြီးနောက် ဒုတိယမြောက် လူအသေအပျောက်ရှိတဲ့ ဖြစ်ရပ်ပါ။ ရှားရှားပါးပါး လေယာဉ်မတော်တဆမှုလည်း ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ မူလက ခရီးသည်တင်လေယာဉ်ဖြစ်ပြီး ကုန်တင်လေယာဉ်အဖြစ် ပြောင်းလဲခဲ့တာပါ။ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိပြီဖြစ်ကာ မတူညီတဲ့ လေကြောင်းလိုင်းတွေက အသုံးပြုခဲ့ဖူးပြီး အခုအခါမှာ Emirates Skycargo Flight 9788 အဖြစ် ပြေးဆွဲခဲ့တာပါ။
NOM
202
+1
ဂါဇာမှာ ရှားပါးဝေလငါးမန်းကြီးတကောင်ကို ဂါဇာပြည်သူတွေ ဖမ်းဆီးရမိခဲ့ပြီးနောက် စားနပ်ရိက္ခာအဖြစ် သတ်ဖြတ်ကာ ခွဲခြမ်းဝေယူပြီး စားသောက်ခဲ့ကြတယ်လို့ ဆိုပါတ်ယ။
မြေထဲပင်လယ်အတွင်း မကြာခဏတွေ့ရလေ့ရှိတဲ့ မျိုးစိတ်တခုဖြစ်ပြီး ဒါဟာ ဘုရားသခင်က ပို့ဆောင်ပေးလိုက်တာလို့လည်း ဂါဇာပြည်သူတွေက ယုံကြည်နေကြပါတယ်။
ငါးကို ဖမ်းဆီးရမိပြီးနောက် များပြားလွန်းတဲ့ လူအုပ်ကြီးက ဝိုင်းနေခဲ့ပါတယ်။ ဂါဇာပြည်သူတဦးက “ငါတို့ကို အစ္စရေးက ငါး မပေးတာ ၂ နှစ်ရှိသွားပြီ၊ ဒီနေ့တော့ ရောက်လာခဲ့ပြီ၊ တန်ပေါင်းများစွာရှိတဲ့ ငါးတကောင်ကို ငါတို့ဖမ်းနိုင်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒီ ဝေလငါးမန်းမျိုးစိတ်ဟာ ရာစုနှစ်တခုအထိ အသက်ရှင်သန်နေထိုင်နိုင်တယ်လို့လည်း သိရပါတယ်။
NOM
202
Air Arabia ရဲ့ ဘတ်ဂျက်လေယာဉ်တစီးဟာ အီတလီနိုင်ငံ၊ စစ္စလီကျွန်းကနေ ဂျော်ဒန်ကို သွားတဲ့ လမ်းကြောင်းမှာ သမုဒ္ဒရာထဲ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စစ္စလီကျွန်းက ကာတာနီးယားလေဆိပ်ကနေ ထွက်ခွာခဲ့ပြီး ၁၁ စက္ကန့်အကြာမှာပဲ ရုတ်တရက် ပြုတ်ကျသွားခဲ့ပါတယ်။ Airbus A320 လေယာဉ်ဟာ ရေပြင်နဲ့ ပေ ၂၀၀ ခန့်သာ ကွာဝေးတော့ပြီး အမြင့်ကို ပြန်လည် တက်ရောက်နိုင်ခဲ့တာကြောင့် ကံကောင်းခဲ့ရပြီး ဂျော်ဒန်မြို့တော် Amman ကို ဆက်လက်ထွက်ခွာာနိုင်ခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည်တွေ မပါခဲ့ပေမယ့် လေယာဉ်မှူးနှစ်ဦးရဲ့ ဝန်ထမ်း ၄ ဦး လိုက်ပါခဲ့ကြပြီး လေယာဉ်ပျံတက်ပြီး မကြာခင်ပဲ လေယာဉ်ဆွဲချခံနေရတဲ့ အချက်ပေးသံထွက်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက်လည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။
NOM
202
အိန္ဒိယဟာ ရုရှားလေယာဉ်ကို အသုံးပြုပြီး အန္တာတိကတိုက်ဆီ ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက် ကုန်တင်ပျံသန်းမှုကို ပြုလုပ်ခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စက်ပစ္စည်း၊ ဆေးဝါးနဲ့ ရိက္ခာတွေ ၁၈ တန်အထိ ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ Bharati နဲ့ Maitri အခြေစိုက်စခန်းတွေမှာရှိတဲ့ အိန္ဒိယသုတေသီအတွက် သွားရောက်ပို့ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
NOM
202
စပိန်နိုင်ငံ၊ ကာတာလိုနီးယားမြောက်ပိုင်းက Terrassa မြို့မှာ ဟော်လိုဝင်းကာလအတွင်း ဆိုးရွားတဲ့အရာတွေ ဖြစ်ပေါ်လာနိုင်တာကို အစားထိုးခံယူပေးဖို့ ရည်ရွယ်ချက်နဲ့ ကြောင်နက်တွေကို တိရစ္ဆာန်ဂေဟာတွေကနေ မွေးစားမှုကို ယာယီတားမြစ်လိုက်ပါတယ်။
မကောင်းတာတွေ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် လူအစား ကြောင်အပေါ်သက်ရောက်စေဖို့ ရည်ရွယ်ချက်နဲ့ အဆိုပါကာလအတွင်းမှာဆိုရင် ကြောင်နက်တွေကို ခေါ်ယူမွေးစားမှုက များပြားလေ့ရှိတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၆ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်အထိ ကာလအတွင်း မွေးစားဖို့ တောင်းဆိုမှုအားလုံးကို ပယ်ချသွားမယ်လို့ လက်ထောက်မြို့တော်ဝန်က အတည်ပြုခဲ့ပါတယ်။
ကြောင်နက်တွေကို အနောက်တိုင်းယဉ်ကျေးမှုမှာ ကံဆိုးတယ်လို့ ရှုမြင်ကြတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် တချို့ဒေသတွေမှာ ကြောင်နက်တွေကို စတေးပြီး မကောင်းတဲ့အရာတွေ ကျရောက်လာမှာကို ရှောင်ရှားလေ့ရှိကြတာဖြစ်ပါတယ်။
NOM
202
+2
ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ မူဝါဒတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ No Kings လှုပ်ရှားမှုဟာ အမေရိကန်တဝှမ်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ များပြားလှတဲ့ လူအုပ်စုတွေ ပေါင်းစုံခဲ့ကြပြီး နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ ချီကာဂို၊ မိုင်ယာမီနဲ့ လော့အိန်ဂျလိစ်တို့မှာ လူအများအပြား ဆန့်ကျင်မှုတွေ လုပ်ခဲ့ကြပါတယ်။
လမ်းများနဲ့ မြေအောက်ရထားဝင်ပေါက်တွေမှာ ဒီမိုကရေစီမဟုတ်တဲ့ ဘုရင်စနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ရွေးချယ်ခွင့်မရှိဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ခဲ့၊ ကြွေးကြော်ခဲ့ကြပါတယ်။
NOM
202
ရုရှားနဲ့ အမေရိကန်တို့ဟာ Bering ရေလက်ကြားအောက်မှာ ရထားဥမင်လှိုဏ်ခေါင်းတခု တည်ဆောက်ပြီး နှစ်နိုင်ငံချိတ်ဆက်ကာ သဘာ၀အရင်းအမြစ်တွေ ပူးပေါင်းရှာဖွေရေးနဲ့ စည်းလုံးမှုသင်္ကေတအဖြစ် ပြုလုပ်သင့်တယ်လို့ ရုရှားရင်းနှီးမြုပ်နှံမှုသံတမန် Kirill Dmitriev က အဆိုပြုခဲ့ပါတယ်။
မိုင် ၇၀ (၁၁၂ ကီလိုမီတာ) ရှည်လျားမယ့် ဒီတည်ဆောက်မှုကို ၈ နှစ်အတွင်း အပြီးတည်ဆောက်ကာ ဒေါ်လာ ၈ ဘီလျံကုန်ကျမယ်လို့လည်း အဆိုပြုချက်မှာ ခန့်မှန်းတွက်ချက်ပေးခဲ့ပါတယ်။ သူဟာ အမေရိကန်-ရုရှား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာဖို့ ရည်ရွယ်နေတာဖြစ်ပြီး ဘူဒါပတ်စ်မှာ နှစ်နိုင်ငံသမ္မတတွေ့ဆုံဖို့ သဘောတူပြီးနောက် သူ့ အကြံအစည်ကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။
NOM
202
ဗင်နီဇွဲလားပင်လယ်ပြင်မှာ အမေရိကန်တပ်ဖွဲ့ဝင် တသောင်း၊ နူကလီးယားဗုံးကြဲလေယာဉ်တွေနဲ့ အမေရိကန်ရဲ့ ထိပ်တန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ Night Stalkers ကို ထရမ့်က ဖြန့်ကျက်လိုက်တယ်လို့ သိရပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုကလည်း အမေရိကန်က တိုက်ခိုက်လာရင် တွန်းလှန်မယ်လို့ ပြောဆိုခဲ့တာကြောင့် ကာရေဘီယံဒေသဟာ ဆယ်စုနှစ်တွေအတွင်း အပြင်းအထန်ဆုံး အခြေအနေဖြစ်လာပါပြီ။
NOM
202
တံခါးဖွင့်ပေးမယ်ဆိုရင် အီရတ်ထောင်ပေါင်းများစွာက ရုရှားစစ်တပ်ထဲ ဝင်ရောက်ဖို့ရှိနေတယ်လို့ အီရတ်ဆိုင်ရာ ရုရှားသံအမတ်ကြိးက ပြောဆိုလိုက်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ပူးပေါင်းမှုကို သူက ပြောဆိုခဲ့ပေမယ့် ရှုပ်ထွေးတဲ့ တရားဝင်ယန္တရားမျိုးတော့ ဖြစ်လာမှာပါ။ ရုရှားအနေနဲ့ စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်လိုသူတွေ ချို့တဲ့မနေဘူးလို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
NOM
202
အိုးမဲ့အိမ်မဲ့၊ အလုပ်လက်မဲ့ ရွှေ့ပြောင်းအလုပ်သမားတဦးဖြစ်တဲ့ အယ်လ်ဂျီးရီးယားအမျိုးသမီးဟာ အသက် ၁၂ နှစ်အရွယ် Lola ဆိုတဲ့ မိန်းကလေးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ပြီးနောက် ဦးခေါင်းကို ဖြတ်ပြီး ခရီးဆောင်သေတ္တာအကြီးကြီးထဲ ထည့်ထားတာကို ပြသနေတဲ့ ရုပ်သံဖိုင်ဖြစ်ပါတယ်။
အခုအခါမှာ အသက် ၂၇ နှစ်အရွယ် တရားခံ Dahbia Benkired ကို ရုံးတင်စစ်ဆေးနေပြီး ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခံရဖွယ်ရှိနေပါတယ်။ ပဲရစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီရုပ်သံထွက်ပေါ်လာပြီးနောက်မှာ တုန်လှုပ်မှုတွေ ရှိလာခဲ့ကြပါတယ်။
NOM
202
ကိုလံဘီယာနိုင်ငံက TikTok ဆယ်လီတဦးဖြစ်တဲ့ Baby Demoni ဟာ နှုတ်ခမ်း Filter ထိုးပြီး ရင်သားဆီလီကွန်ထည့်မှုကို ပြုလုပ်ခဲ့ပြီးနောက် ၂ ရက်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အမည်ရင်း Alejandra Esquin လို့ ခေါ်တဲ့ အသက် ၂၄ နှစ်အရွယ် ဆယ်လီဟာ Tiktok မှာ ဖော်လိုဝါပေါင်း တသန်းနီးပါး ပိုင်ဆိုင်ထားတာပါ။ တက်တူးဆရာတဦးလည်းဖြစ်တဲ့ သူမဟာ ဆေးရုံကို အလျင်အမြန်သွားရောက်ခဲ့ပေမယ့် တရက်အကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
NOM
202
အမေရိကန်နဲ့ အိန္ဒိယကြားမှာ ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေက ကွဲလွဲနေပါတယ်။ မိုဒီက ရုရှားရေနံမဝယ်ယူတော့ဖို့ ကတိပေးထားတယ်လို့ ထရမ့်က ပြောခဲ့ပေမယ့် အိန္ဒိယနိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက အဲဒီကိစ္စကို သူတို့မသိဘူးလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
အခုအခါမှာ အိမ်ဖြူတော်အရာရှိတဦးကလည်း အမေရိကန်ဘက်က သတိပေးခဲ့အပြီး အိန္ဒိယဟာ ရုရှားရေနံဝယ်ယူမှုကို ၅၀% အထိ လျှော့ချပြီးပြီလို့ ပြောဆိုလိုက်ပြန်ပါတယ်။ ဒီသတင်းကိုလည်း အိန္ဒိယအစိုးရဘက်က တစုံတရာအတည်ပြုတာမျိုး မရှိသေးပါဘူး။
Reuters သတင်းဌာနက အဆိုပါအကြောင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့တာကိုလည်း တုံ့ပြန်ခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
NOM
202
ယူကရိန်းအတွက် Tomahawk ခရုဇ်ဒုံးကျည်တွေကို ထောက်ပံ့ပေးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီးနောက် ယူကရိန်းသမ္မတ ဇီလင်စကီဟာ အိမ်ဖြူတော်တွေ့ဆုံပွဲကနေ လက်ဗလာနဲ့ ထွက်ခွာလာခဲ့ရပါတယ်။
တာဝေးပစ်ဒုံးကျည်တွေအကြောင်း ထရမ့်နဲ့ သူ ဆွေးနွေးခဲ့ပေမယ့် အမေရိကန်ဘက်က ထောက်ပံ့ပေးဖို့ အရှိန်မမြှင့်ချင်တာကြောင့် အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက် မထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းထောက်တွေကို ဇီလင်စကီက ပြောဆိုခဲ့ပါတယ်။
ထရမ့်ဟာ ရုရှားသမ္မတပူတင်နဲ့လည်း ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး ဟန်ဂေရီမှာ တွေ့ဆုံကြဖို့ကိုလည်း သဘောတူညီမှုရရှိထားပါတယ်။
NOM
202
နာမည်ကျော်ဖက်ရှင်ကုမ္ပဏီ Mango ရဲ့ ပိုင်ရှင်ဖြစ်သူ ဘီလျံနာသူဌေးကြီးရဲ့ ပေ ၅၀၀ နီးပါးအမြင့်ကနေ ပြုတ်ကျသေဆုံးခဲ့မှုအတွက် သားဖြစ်သူကို လူသတ်မှုသံသယနဲ့ စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဘာစီလိုနာမြို့အနီးမှာ အသက် ၇၁ နှစ်အရွယ် သူဌေးကြီးက တောင်ပေါ်လမ်းလျှောက်ရင်း ပြုတ်ကျသေဆုံးခဲ့ကာ သားဖြစ်သူ ဂျိုနသန်က တဦးတည်းအမွေဆက်ခံသူအဖြစ် ရှိနေခဲ့ပါတယ်။
အစောပိုင်းမှာ ဒီသေဆုံးမှုက ရာဇဝတ်မှုလို့ ညွှန်ပြတဲ့ အထောက်အထားမတွေ့ရှိတာကြောင့် စုံစမ်းစစ်ဆေးမှုကို ပိတ်သိမ်းခဲ့ပြီး အခုအခါ Martorell တရားရုံးမှာ အမှုပြန်လည်ဖွင့်လှစ်ပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
NOM
202
ဗင်နီဇွဲလားကုန်းတွင်းပိုင်းထိ ဝင်ရောက်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ထရမ့်ဟာ B-52 ဗုံးကြဲလေယာဉ်တွေကို ဗင်နီဇွဲလားလေပိုင်နက်အနီးမှာ ၂ နာရီကြာ ပျံသန်းစေခဲ့ပါတယ်။ အဆိုလေယာဉ်တွေဟာ လူဝီစီယားနားပြည်နယ် Barksdale လေတင်္ပအခြေစိုက်စခန်းကနေ ထွက်ခွာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
NOM
202
ရုရှားဆီက ရေနံဝယ်ယူမှုကို အိန္ဒိယက ဝယ်ယူနေမှု ရပ်တန်ဖို့ မိုဒီက ကတိပေးခဲ့တယ်လို့ ထရမ့်က ပြောဆိုခဲ့ပြီးနောက် ဒီကိစ္စကို မသိရှိဘူးလို့ အိန္ဒိယဘက်က တုံ့ပြန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ randhir Jaiswal က အပတ်စဉ် ကြာသပတေးနေ့တိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေမယ့် ဆွေးနွေးမှုတွေ လုပ်နေပေမယ့် ထရမ့်ပြောဆိုမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။
NOM
202
၂၀၂၄ ဇန်နဝါရီလအတွင်းက ဩစတြီးယားမှာ မတော်တဆမှုဖြစ်ပွားလို့ ဦးနှောက်ဒဏ်ရာရရှိခဲ့တဲ့ လူနာကို ခွဲစိတ်ကုသချိန်မှာ ခွဲစိတ်ဆရာဝန်က အသက် ၁၂ နှစ်အရွယ် သူ့သမီးငယ်ကို ခွဲခန်းထဲ ခေါ်ခဲ့ပြီး လူနာရဲ့ ဦးခေင်းကို အပေါက်ဖောက်စေခဲ့လို့ ဖမ်းဆီးခံလိုက်ရပါတယ်။
ခွဲစိတ်မှုပြီးဆုံးတော့မယ့်အချိန်မှာ အပေါက်ဖောက်ဖို့ ခွဲစိတ်ဆရာဝန်က ညွှန်ကြားခဲ့တယ်လို့ ပါဝင်ခဲ့တဲ့ လက်ထောက်ဆရာဝန်က ဝန်ခံခဲ့ပါတယ်။ ဒီနောက်မှာ သူ့သမီးက ပထမဆုံးခွဲစိတ်မှုကို လုပ်နိုင်ခဲ့တယ်လို့ အဆိုပါဆရာဝန်က ဂုဏ်ယူစွာပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမယ့် ဒီလိုအန္တရာယ်ရှိတဲ့လုပ်ရပ်ကို ခွင့်ပြုလို့မရကြောင်း အစိုးရရှေ့နေက ဆိုပါတယ်။ အစီရင်ခံစာတွေထွက်ပေါ်လာပြီးနောက် စုံစမ်းမှုတေ လုပ်ဆောင်ကာ ဖမ်းဆီးလိုက်တာပါ။
ဆရာဝန်ရဲ့ရှေ့နေကတော့ သူ့ရဲ့ အမှုသည်ဟာ ဦးခေါင်းဖောက်စက်ကို ကိုင်ခဲ့ပြီး သမီးဖြစ်သူလက်ကို သူ့လက်ပေါ် တင်စေခဲ့တာလို့ ခုခံပြောဆိုထားပါတယ်။ ကြားနာစစ်ဆေးမှုက ဒီဇင်ဘာလောက်မှ စတင်မယ်လို့လည်း သိရပါတယ်။
NOM
202
ကမ္ဘာပေါ်မှာ ဖုန်းအခိုးခံရဆုံး မြို့တော်အဖြစ် လန်ဒန်မြို့က သရဖူဆောင်းလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းက လန်ဒန်တမြို့တည်းမှာပဲ ဖုန်းအလုံးပေါင်း ရှစ်သောင်းကျော် ခိုးယူခံခဲ့ရပြီး လမ်းသွားလမ်းလာတွေ၊ e-bike စီးနင်းသူတွေဆီကနေ ပြောင်ပြောင်တင်းတင်းပဲ လုယူသူ၊ ခိုးယူသူတွေက ယူခဲ့ကြတာပါ။
ဒီနောက်မှာ မြို့တော်ရဲတွေက ဖမ်းဆီးမှုတခုကနေ အစပြုကာ တရုတ်နဲ့ အယ်လ်ဂျီရီးယားတို့ကို ပို့ဆောင်မယ့် ခိုးယူခံရတဲ့ အိုင်ဖုန်းအများအပြားကို ဖော်ထုတ်ရှာဖွေနိုင်ခဲ့ပါတယ်။ ဖုန်းတလုံးကို ပေါင် ၅၀၀၀ အထိ ရရှိနိုင်တဲ့အထိ တန်ဖိုးရှိတယ်လို့ ဖမ်းမိသူတွေက ထွက်ဆိုခဲ့ကြပါတယ်။
၂၀၁၀ နောက်ပိုင်း ဗြိတိန်မှာ ရဲအရေအတွက်ကို လျှော့ချခဲ့ပြီး e-bikes စီးနင်းမှုများပြားလာတာက ခိုးယူလုယက်သူတွေကို မျက်စိကျလာစေခဲ့ပါတယ်။ တန်ဖိုးအားဖြင့်လည်း အများအပြားရတာကြောင့် ဖုန်းခိုးယူဖို့ကို ပိုမိုပစ်မှတ်ထားလာခဲ့ပြီး ၂၀၂၄ မတ်လကနေ ၂၀၂၅ ဖေဖော်ဝါရီကာလအတွင်း ခိုးယူမှုပေါင်း ၁ သိန်းကျော်ရှိခဲ့ပေမယ့် ၄၉၅ မှုသာ တရားစွဲဆိုနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
NOM
