NOM
Відкрити в Telegram
202
Підписники
-124 години
+27 днів
-430 день
Архів дописів
202
ဇီလင်စကီးရဲ့ ယူကရိန်းတပ်အတွင်းမှာ အီဘိုလာရောဂါပုံစံ သွေးထွက်အဖျားရောဂါဖြစ်ပွားမှုက ပျံ့နှံ့နေတယ်လို့ TASS သတင်းဌာနက ဆိုပါတယ်။ မိလ္လာအညစ်အကြေးနဲ့ ကြွက်တွေကြောင့် အဖြစ်များတဲ့ ရောဂါဖြစ်ကာ တပ်မှူးတွေကတော့ ဖျားနာနေသူတွေကို ရှေ့တန်းမှာပဲ ဆက်လက်နေစေပြီး နောက်ပြန်မပို့ဘဲ ရှိနေတယ်လို့လည်း သိရပါတယ်။
NOM
202
ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ CIA ကို ခွင့်ပြုတဲ့ အစီရင်ခံစာကို ထရမ့်က အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ကာရာကတ်စ် (ဗင်နီဇွဲလား) မှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုဖြစ်နိုင်ချေကို စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။
ဗင်နီဇွဲလားနိုင်ငံထဲကို စီအိုင်အေသူလျှိုတွေ စေလွှတ်ထားတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ ထရမ့်က မငြင်းဆန်ခဲ့ဘဲ ဗင်နီဇွဲလားက လူဆိုးလူမိုက်တွေ အမေရိကန်ထဲ ဝင်ရောက်လာမှု၊ မူးယစ်ဆေးဝါးကိစ္စဆိုတဲ့ အကြောင်းပြချက် နှစ်ခုကြောင့် သူ ခွင့်ပြုထားတယ်လို့ ပြန်လည်ပြောဆိုပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။
NOM
202
အာဆတ်ပြုတ်ကျပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆီးရီးယားယာယီသမ္မတ Amhed- al-Sharaa ဟာ မော်စကိုမှာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံကြားမှာ အရမ်းထူးခြားတဲ့ ဆက်ဆံရေးရှိတယ်လို့ ပူတင်က ပြောဆိုခဲ့ပြိး ဆီးရီးယားမှာ ရုရှားအခြေစိုက်စစ်စခန်းတွေကို ဆက်လက်ခွင့်ပြုသွားမယ်လို့ Amhed ကလည်း ပြောဆိုခဲ့ပါတယ်။
NOM
202
အကောက်ခွန်မူဝါဒကြောင့် အမေရိကန်ဒေါ်လာက တကမ္ဘာလုံးကို လွှမ်းမိုးထားတုန်းပါ - ဒေါ်နယ်ထရမ့်
အာဂျင်တီးနားသမ္မတ Javier Milei နဲ့ တွေ့ဆုံခဲ့ချိန် ထရမ့်က လာမယ့်ရွေးကောက်ပွဲကို Milei အနိုင်မရခဲ့ဘူးဆိုရင် ဘီလီယံနဲ့ချီပြီး ထောက်ပံ့ပေးမယ့် အစီအစဉ်ဖြစ်လာမှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
Milei ဟာ ထရမ့်နဲ့ မူဝါဒချင်း တူညီသူဖြစ်ပြီး မိတ်ဆွေတဦးလိုမျိုး ထရမ့်ဘက်က မျက်နှာသာပေးထားတာပါ။ ဒါပေမယ့် ရွေးကောက်ပွဲရှုံးခဲ့ရင်တော့ အာဂျင်တီးနားကို ကူညီပေးမယ့် ကိစ္စက ဖြစ်လာမှာမဟုတ်ဘူးလို့ အတိအလင်းပြောဆိုခဲ့တာပါ။
ဒါ့အပြင် ထရမ့်က BRICS အဖွဲ့အစည်းအကြောင်းကိုလည်း ဆွေးနွေးခဲ့ပြီး သူ့ရဲ့ အကောက်ခွန်မူဝါဒကြောင့် အဆိုပါအဖွဲ့အစည်းအတွင်းကနေ နိုင်ငံတွေ နုတ်ထွက်နေပြီလို့လည်း ပြောဆိုခဲ့ပါတယ်။
NOM
202
South China Morning Post ရဲ့ ဖော်ပြချက်အရ တရုတ်ဟာ အမေရိကန်ကုမ္ပဏီ Microsoft ရဲ့ Word file format နေရာမှာ ပြည်တွင်းထုတ်တခုနဲ့ အစားထိုးမှုတွေ လုပ်ဆောင်လိုက်ပြီလို့ သိရပါတယ်။ ဘေဂျင်းနဲ့ ဝါရှင်တန်ကြား ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဒီအပြောင်းအလဲကို တရုတ်က လုပ်ဆောင်လိုက်တာပါ။
တရုတ်ကူးသန်းရောင်းဝယ်ရေးဌာနကလည်း ပြီးခဲ့တဲ့အပတ်အတွင်း မြေရှားတင်ပို့မှုထိန်းချုပ်မှုဆိုင်ရာ ကြေညာကို ထုတ်ပြန်ခဲ့ရမှာလည်း Microsoft Office Word နဲ့ တူညီတဲ့ ပြည်တွင်းထုတ် WPS format နဲ့သာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို Word ဒါမှမဟုတ် အမေရိကန်ထုတ် အခြားသောဆော့ဝဲလ်တွေမှာ တိုက်ရိုက်ဖွင့်လို့မရတော့တာလည်း ပထမဆုံးအကြိမ်ဖြစ်လာခဲ့ပါတယ်။
NOM
202
အမေရိကန်စစ်တပ်အတွက် လစာတွေကို ပေးချေနေရာမှာ အစိုးရရန်ပုံငွေတွေ ကုန်ဆုံးခဲ့ရင် သူ့ကို ထောာက်ခံအားပေးတဲ့ သူဌေးတဦးက ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ကာ လစာတွေကာမိစေဖို့ ကူညီပေးမယ်လို့ ကမ်းလှမ်းထားကြောင်း ထရမ့်က ပြောဆိုခဲ့ပါတယ်။
NOM
202
ဘေဂျင်းရဲ့ ရန်လိုတဲ့စီးပွားရေးအပြုအမူတွေကြောင့် ဝါရှင်တန်ဟာ ကဏ္ဍအများအပြားမှာ တရုတ်နဲ့ ကုန်သွယ်မှုကို ရပ်တန့်ပစ်နိုင်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။
Turth Social မှာ သူ ရေးသားခဲ့တဲ့ ပို့စ်တခုမှာဆိုရင် အမေရိကန်လယ်သမားတွေကို ဖိအားပေးဖို့အတွက် တရုတ်ဟာ အမေရိကန်ဆီကနေ ပဲပုပ်ဝယ်ယူမှုကို တမင်တကာ ဖြတ်တောက်ခဲ့တယ်လို့ စွပ်စွဲထားခဲ့ပါတယ်။
NOM
202
တာလီဘန်တွေရဲ့ တင့်ကားအများအပြားကို ပါကစ္စတန်က ဖျက်ဆီးနိုင်ခဲ့ပါတယ်။
Kurram နဲ့ Khost တို့မှာ တာလီဘန်တင့်ကား ၄ စီးထက်မနည်းကို ၁ နာရီအတွင်း ပါကစ္စတန်က ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
NOM
202
သူ့ရဲ့ ဆံပင်တွေမရှိဘူးလို့ ထင်ရတဲ့ ဓါတ်ပုံကို အသုံးပြုခဲ့တဲ့ Time မဂ္ဂဇင်းကို ဒေါ်နယ်ထရမ့်တယောက် ပေါက်ကွဲနေပါတယ်။ မဂ္ဂဇင်းရဲ့ ကာဗာပုံအဖြစ် အသုံးပြုခဲ့ရာမှာ ထရမ့်က ဆံပင်မရှိဘဲ ထိပ်ပြောင်နေသူတဦးလို့ ထင်မှတ်စရာဖြစ်နေခဲ့တာပါ။ ဒီပုံဟာ မဂ္ဂဇင်းသမိုင်းမှာ အဆိုးရွားဆုံးပုံလို့လည်း ထရမ့်က သတ်မှတ်ခဲ့ပါတယ်။
NOM
202
ပါလက်စတိုင်းက influencer တဦးဟာ အပစ်အခတ်ရပ်စဲခဲ့မှုအတွက် ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။
“ကျေးဇူးတင်ပါတယ်”
“ငါတို့ ကလေးငယ်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကို ဒေါ်လာဘီလီယံအများကြီး ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဗီတိုအာဏာကို တကြိမ်မဟုတ်ဘဲ ၁၀ ကြိမ်လောက် အသုံးပြုပြီး ငါတို့ကို ဗုံးကြဲနိုင်အောင် လုပ်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်”
“ကိုယ့်ကိုယ်ကိုယ်ခုခံပိုင်ခွင့်လို့ ကြွေးကြော်ပြီး ငါတို့ရဲ့ ကလေးတွေဆီ ပစ်လွှတ်ဖို့ စမတ်ဒုံးကျည်တွေ ပေးပို့ခဲ့တာာကိုလည်း ကျေးဇူးတင်ပါတယ်”
NOM
202
ဥရောပဟာ ပဋိပက္ခအပေါ် ငြီးငွေ့လာပြီလို့ ယူကရိန်းနိုင်ငံသားတွေက ယူဆစိုးရိမ်နေကြပါတယ်။ — Politico
ယူကရိန်းအတွက် ကုန်ကျစရိတ်မများဘဲ ရိုးရှင်းစွာနဲ့ စစ်ပွဲကို အဆုံးသတ်သင့်တယ်လို့ ဥရောပက ရှုမြင်မှာကိုလည်း ကြောက်ရွံ့နေကြပါတယ်။
အီးယူဝင်အပေါ် ယုံကြည်မှုလည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။
NOM
202
ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစိတ်တပိုင်းဖြစ်ဖို့ ကျနော်တို့ အသင့်ပါပဲ၊ စစ်ပွဲကို အခုရပ်စေချင်တယ်၊ မဟုတ်ရင် လွတ်လပ်တဲ့ အချုပ်အခြာအာဏာနိုင်ငံအဖြစ်ကနေ ယူကရိန်းပျောက်ကွယ်သွားပါလိမ့်မယ်"
ဘီလာရုစ်သမ္မတ လူကာရှန်ကို
NOM
202
အီဂျစ်မှာ အီဂျစ်၊ ကာတာနဲ့ တူရကီခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပြီး ဂါဇာအတွက် ငြိမ်းချမ်းရေ့းယူဆောင်ပေးမယ့် ကြေညာချက်တစောင်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ပြန်လည်တည်ဆောက်ရေးတွေ စတင်တော့မယ့် အချိန်လို့ ကြေညာလိုက်ပါတယ်။ အပစ်အခတ်ရပ်စဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးခဲ့တဲ့ ဒေသတွင်းခေါင်းဆောင်တွေကိုလည်း ထရမ့်က ချီးကျူးခဲ့ပြီး ရှည်လျားပြီး နာကျင်ဖွယ်အိပ်မက်ဆိုးကြီးက ပြီးဆုံးသွားပါပြီလို့လည်း ပြောဆိုခဲ့ပါတယ်။
NOM
202
ဂါဇာမှာ ဟားမတ်စ်ဆန့်ကျင်တဲ့ မိသားစုဝင်တွေကို နှိမ်နင်းမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
Doghmush မျိုးနွယ်စုဝင်တွေကို အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ စွပ်စွဲကာ ဟားမတ်စ်ဆာဟင်တပ်ဖွဲ့ဝင်တွေက လူမြင်ကွင်းမှာ ကွပ်မျက်နေတဲ့ ဗီဒီယိုတွေ ပါလက်စတိုင်းလူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း အစ္စရေးထိန်းချုပ်မှုအောက်မှာရှိတဲ့ Rafah မှာ နေထိုင်တဲ့ Tarabin Bedouins မျိုးနွယ်စုတခုတည်းသာ အစ္စရေးနဲ့အတူ အလုပ်လုပ်နေတဲ့ မျိုးနွယ်စုလို့ ပြောနိုင်ပါတယ်။ Doghmush မျိုးနွယ်စုတွေကတော့ စွပ်စွဲခံရပြီး အခုလိုမျိုး ကွပ်မျက်ခံနေရတာလို့လည်း ဆိုကြပါတယ်။
NOM
202
ဘရာဇီးလ်နိုင်ငံက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်တဲ့ Ana Paula Veloso Fernandes ဟာ လူသတ်ရတာကို ပျော်ရွှင်တဲ့ ဆန္ဒကြောင့် ၅ လအတွင်း လူ ၄ဦးအထိကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ တုန်လှုပ်ချောက်ချားဖို့ကောင်းတဲ့ လူသတ်မှုတွေအတွက် စွပ်စွဲခံထားရပြီး သူမရဲ့ အမွှာညီအစ်မနဲ့ သူငယ်ချင်းတဦးတို့က ကူညီပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
သူမဟာ ၂၀၂၅ ဇန်နဝါရီကနေ မေလအတွင်း ဘရာဇီးအရှေ့တောင်ပိုင်းမှာ အမျိုးသမီး ၃ ဦးနဲ့ ရိယိုဒီဂျနေရိုးမှာ အမျိုးသားတဦးတို့ကို သတ်ဖြတ်ခဲ့ကာ လက်စားချေတုံ့ပြန်မှုကနေ ငွေကြေးအကျိုးအမြတ်အရလည်း ပါဝင်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေပါတယ်။
သတ်ဖြတ်မယ့်သူတွေကို သူမက ရင်းနှီးအောင် လုပ်ခဲ့ပြီး အစားအသောက်တွေထဲမှာ အဆိပ်ခတ်သတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကြွက်သတ်ဆေးတွေကို ခွေး ၁၀ ကောင်မှာ စမ်းသပ်ခဲ့ပြီး အဆိုပါဆေးကို အဆိပ်အဖြစ်နဲ့ အသုံးချခဲ့တာပါ။ “သူမက လူသတ်ရတာကို သဘောကျနေတာပါ၊ လူသတ်ဖို့အတွက် စေ့ဆော်မှုက အရေးမကြီးဘူး၊ အဓိကက သူကိုယ်တိုင်က သတ်ဖြတ်ရတာကို ဝမ်းသာပျော်ရွှင်နေတာပါ” လို့ ရဲအရာရှိတဦးက ပြောဆိုခဲ့ပါတယ်။
NOM
202
+1
ဗာတီကန်ရဲ့ အမြင့်မြတ်ဆုံးသော ပလ္လင်ပေါ်ကို အမျိုးသားတဦးက ကိုးကွယ်ယုံကြည်သူပေါင်း ရာနဲ့ချီတဲ့အရှေ့မှာ ဆီးသွားခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
ကက်သလစ်ဘာသာဝင်တွေ ယုံကြည်တဲ့ ပလ္လင်ဟာ St Peter’s Basilica အတွင်းမှာ ရှိပြီး ဆီးသွားခဲ့တဲ့ အမျိုးသားရဲ့ လုပ်ရပ်ကို မြင်တွေ့ခဲ့သူတွေဟာ တုန်လှုပ်ချောက်ချားခဲ့ရပါတယ်။ အဆိုပါအမျိုးသားကိုတော့ ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အီတလီမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရပါတယ်။
သောကြာနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး Leo XlV ပါ တုန်လှုပ်သွားခဲ့ပြီး တချို့ကတော့ ဒီလုပ်ရပ်အတွက် ဒေါသထွက်ခဲ့ကြပါတယ်။
NOM
202
ကယ်ရိုလိုင်းနားပြည်နယ်က လူစည်ကားတဲ့ ဘားတခုမှာ တနင်္ဂနွေနေ့အစောပိုင်းက အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၄ ဦးသေဆုံးကာ ၂၀ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။ သံသယရှိသူတွေကို လိုက်လံရှာဖွေနေဆဲဖြစ်သလို အကြောင်းရင်းကိုလည်း စုံစမ်းနေရဆဲလို့ ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။ အမေရိကန်မှာ ဒီလိုပစ်ခတ်မှုတွေက ဆက်တိုက်ဖြစ်ပွားနေပြီး ရက်သတ္တပတ်တခုအတွင်း အနည်းဆုံး ဒီလိုမ်ျိုး ပစ်ခတ်မှုဖြစ်စဉ် ၁ ခု ရှိနေတယ်လို့လည်း စစ်တမ်းတွေက ဆိုပါတယ်။
NOM
202
ပါကစ္စတန်တပ်ဖွဲ့ဝင် ၅၈ ဦးအထိ တိုက်ပွဲအတွင်း သေဆုံးခဲ့တယ်လို့ တာလီဘန်တွေက ပြောဆိုလိုက်ပါတယ်။ မနေ့က စတင်ဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်အနီး တိုက်ပွဲတွေမှာ ပါကစ္စတန်ရဲ့ အာဖဂန်လေပိုင်နက်ကို ကျူးကျော်ပြီး နယ်စပ်စျေးတခုကို ဗုံးကြဲမှုအတွက် လက်တုံ့ပြန်တာလို့လည်း သူတို့က ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်ကတော့ သူတို့တပ်ဖွဲ့ဝင် ၂၃ ဦးအထိ သေဆုံးခဲ့ကာ အာဖဂန်ဘက်က ၂၀၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ပြောဆိုခဲ့တာကြောင့် အငြင်းပွားစရာတော့ ဖြစ်နေပါတယ်။
NOM
202
ယူကရိန်းမှာ ရုရှားအနေနဲ့ စစ်ပွဲကို အဆုံးမသတ်ဘူးဆိုရင် တာဝေးပစ် Tomahawk ဒုံးကျည်တွေကို ယူကရိန်းအတွက် ပံ့ပိုးပေးသွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။ အစ္စရေးကို ထွက်ခွာဖို့အတွက် Air Force One ပေါ် မတက်ခင်မှာ ထရမ့်က သတင်းထောက်တွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
အဆိုပါဒုံးကျည်တွေဟာ ၂၅၀၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်စွမ်းရှိကာ ရုရှားအတွင်းပိုင်းထဲအထိ ရောက်နိုင်တယ်လို့လည်း ဆိုပါတယ်။ ကရင်မ်လင်ကတော့ ယူကရိန်းအတွက် ဒီဒုံးကျည်တွေ ဘယ်လိုပံ့ပိုးပေးမှုကိုမဆို ဆန့်ကျင်တယ်လို့ သတိပေးထားပါတယ်။
NOM
202
ဂါဇာကနေ တပ်တွေပြန်ရုတ်သိမ်းချိန်မှာ အစ္စရေးက အုတ်ခဲအသွင်ဖန်တီးကာ Spy ကိရိယာတွေ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။
NOM
