uk
Feedback
EIO

EIO

Відкрити в Telegram

⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation

Показати більше
1 053
Підписники
+124 години
-47 днів
+230 днів
Архів дописів
EIO
1 054
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ပုံရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 7:43PM 📬သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bot

EIO
1 054
"မျိုးဆက်သစ် တော်လှန်ရေး ဗေဒင်ဆရာများနှင့် တော်လှန်ရေးတာဇံများ၏ အန္တရာယ်" "သင့်ရဲ့ #Post တစ်ခု၊ #Comment တစ်ကြောင်းဟာ မြေပြင်က ရဲဘော်တစ်ယောက်ရဲ့ အသက် (သို့မဟုတ်) ရွာတစ်ရွာရဲ့ မီးလောင်ပြင် ဖြစ်သွားနိုင်ပါတယ်။" ယနေ့ လူမှုကွန်ရက် (#Facebook, #Telegram, #TikTok) ပေါ်မှာ တော်လှန်ရေးအမည်ခံပြီး ပြုလုပ်နေကြတဲ့ ဝမ်းနည်းစရာ မဆင်မခြင် ပြုမူမှုနှစ်ခုကို မြင်တွေ့နေရပါတယ်။ ၁။ "ရှေ့ဖြစ်ဟော" တော်လှန်ရေး ဗေဒင်ဆရာများ။ အမူအကျင့် - "ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်ရွာကို ဂျက်ဖိုက်တာ လာကြဲမယ်"၊ "ဘယ်ရွာကို စစ်ကြောင်းထိုးမယ်၊ အထိုင်ချမယ်" ဆိုပြီး ရှေ့ဖြစ်ဟောသလို သတင်းကြိုပေးနေကြခြင်း။ ⚠️ ဖြစ်ပေါ်လာသည့် အကျိုးဆက်။ ပြည်သူကို ထိတ်လန့်စေခြင်း - အတည်မပြုနိုင်သော သတင်းများကြောင့် ပြည်သူများ စိတ်ဓာတ်ကျဆင်းပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်ရခြင်း။ ရန်သူ့ထံ စစ်ရေးသတင်း ပေါက်ကြားခြင်း - တကယ်တမ်း မြေပြင်သတင်းအချက်အလက် ရရှိထားလျှင်ပင် လူမှုကွန်ရက်ပေါ် မဆင်မခြင် တင်လိုက်ခြင်းဖြင့် ရန်သူ့ဘက်က နည်းဗျူဟာ ပြောင်းလဲသွားစေခြင်း။ စိတ်ဓာတ်စစ်ဆင်ရေး (#Psy-Ops) စိမ့်ဝင်ခြင်း - ရန်သူ၏ ကောလာဟလများကို သတိမမူဘေး ကူးယူဖော်ပြမိခြင်း။ ၂။ စစ်ရေးသတင်း ဇွတ်ဖြန့် "တော်လှန်ရေး တာဇံများ" အမူအကျင့် - တိုက်ပွဲဆင်နွှဲနေစဉ် (သို့မဟုတ်) စစ်ဆင်ရေး ပြုလုပ်နေစဉ်မှာတင် လိုက်ဖ် (#Live) လွင့်ခြင်း၊ ရဲဘော်များ၏ တည်နေရာ (#GPS_Metadata) ပါသော ဓာတ်ပုံ/ဗီဒီယိုများ တင်ခြင်း၊ (စိတ်ချမှု လုံးဝမရှိသော ဖုန်းလိုင်းများဖြင့် ပြောဆိုခြင်း) ရန်သူမသိသေးသော စစ်ရေးလှုပ်ရှားမှုများကို ကြိုတင်ကြွားဝါခြင်း။ ⚠️ဖြစ်ပေါ်လာသည့် အကျိုးဆက် မြေပြင်ရဲဘော်များ၏ အသက်အန္တရာယ် - ရန်သူက ဖုန်းလိုင်းကြားဖြတ်နားထောင်မှုမှ‌သော်လည်းကောင်း၊ လူမှုကွန်ရက် မီဒီယာများမှတစ်ဆင့် တည်နေရာ၊ အင်အားနှင့် လှုပ်ရှားမှုကို အလွယ်တကူ ထောက်လှမ်းနိုင်သွားခြင်း။ စစ်ဆင်ရေး ပျက်စီးခြင်း - ကြိုတင်ပြင်ဆင်ထားသော စစ်ဆင်ရေးများ ပေါက်ကြားသွားပြီး အကျအဆုံး များပြားရခြင်း။ "အချက်အလက်လုံခြုံရေး (#OPSEC) အတွက် (ဆောင်ရန် / ရှောင်ရန်များ)" ❌ အထူးရှောင်ကြဉ်ရန် အချက်များ။ ၁။စစ်ရေးသတင်းများ ကြိုတင်မတင်/မဖြန့်ဝေပါနှင့် - တိုက်ပွဲမဖြစ်မီ (သို့မဟုတ်) ဖြစ်ပွားနေစဉ် တည်နေရာ၊ အချိန်နှင့် အင်အားကို တိတိကျကျ ရေးသားဖြန့်‌ဝေခြင်း၊ဖုန်းဖြင့်ပြောဆိုခြင်း လုံးဝ-လုံးဝ မပြုရ။ ၂။ခန့်မှန်းချက်များကို အမှန်တကယ်ကဲ့သို့ မဖြန့်ပါနှင့် - ဥပမာ။ ။ "ဘယ်နေ့ ဘယ်နေရာကို လေကြောင်းက လာကြဲမယ်" "ဘယ်နေ့ စစ်ကြောင်းထိုးမယ်၊အထိုင်ချမယ်"ဆိုသည့် အတည်မပြုနိုင်သော စိစစ်ချက်မရှိသည့် သတင်းများကို လိုင်းပေါ် မတင်ပါနှင့်။ မဖြန့်ဝေပါနှင့်။ ၃။ဓာတ်ပုံ/ဗီဒီယိုများ ရမ်းသန်းမတင်ပါနှင့် - မြေပြင်ရဲဘော်များ၏ မျက်နှာ၊ တည်နေရာပြ သင်္ကေတများ၊ စစ်လက်နက်ပစ္စည်းများ ပါဝင်သော ဓါတ်ပုံများကို မတင်ပါနှင့်။ ၄။သတင်းအတု/ကောလာဟလများကို တိုက်ရိုက် မရှဲလ်ပါနှင့် - မီဒီယာကျင့်ဝတ်နှင့်အညီ စိစစ်ထားသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ခိုင်မာသော သတင်းဌာနများ၏ သတင်းများကိုသာ ကိုးကားပါ။ ✅ အလေးထား ဆောင်ရွက်ရန် အချက်များ။ ၁။မည်သည့်သတင်းမျိုးမဆို သတင်းကြိုတင် ရရှိပါက သက်ဆိုင်ရာကာကွယ်‌ရေးအဖွဲ့အစည်းများသို့သာ အကြောင်းကြားပါ - မြေပြင်ဘေးအန္တရာယ် သတိပေးချက်များ လိုအပ်ပါက လူမှုကွန်ရက်ပေါ် လျှောက်မတင်ပဲ၊မဖြန့်‌ဝေပဲ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းများ၏ စနစ်ကျသော သတိပေးစနစ် (#Alert_System) အောက်မှသာ လှုပ်ရှားပါ။ ၂။တာဝန်ရှိသူများ ထုတ်ပြန်မှသာ ဖြန့်ပါ - စစ်ဆင်ရေးတစ်ခု ပြီးမြောက်ကြောင်း စစ်ကြောင်း (သို့မဟုတ်) ပြန်ကြားရေးက တရားဝင် ထုတ်ပြန်ပြီးမှသာ မျှဝေပါ။ ၃။သတင်းအချက်အလက် စိစစ်ပါ - သတင်းတစ်ပုဒ်ကို မရှဲလ်မီ "ဒီသတင်းက ဘယ်သူ့အတွက် အကျိုးရှိသလဲ၊ ရန်သူ့အတွက် လမ်းပြပေးရာ ရောက်မလား" ဆိုတာကို အရင်ဆုံးစဉ်းစားပါ။ ၄။ပြည်သူကို အသိပညာပေးပါ - မိမိပတ်ဝန်းကျင်ရှိ မဆင်မခြင် သတင်းဖြန့်နေသူများကို သတိပေးတားဆီးပါ။ တော်လှန်ရေးသည် #Social_Media ပေါ်တွင် #Like နှင့် #Share လိုချင်ရုံဖြင့် ကစားရသော ဂိမ်းတစ်ခု မဟုတ်ပါ။ စစ်ရေးလုံခြုံရေး (#OPSEC) ကို မလေးစားပဲ "ရှေ့ဖြစ်ဟောခြင်း" နှင့် "မလိုလားအပ်သော သတင်းများ ဖြန့်ခြင်း" သည် ရန်သူ့ကို သတင်းပေးနေခြင်းနှင့် မခြားပါ။ "သတင်းအချက်အလက်ကို စနစ်တကျ၊ တာဝန်ယူမှုရှိစွာ အသုံးပြုခြင်းဖြင့် တော်လှန်ရေးကို ဝိုင်းဝန်းကူညီကြပါစို့" #EIO #OPSES #SafetyAwareness #Social_Media #MediaEthics #SpringRevolution #WhatsHappeningInMyanmar

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဆီတန်းနှင့်တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 7:08PM @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် အရှေ့ပေလမ်းမဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 6:54PM 📬သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bot

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့၊ စက်မှုဇုန်တွင် စခအိမ်စီးကားများသည် ပြည်သူအသွားအလာများကို ဖမ်း‌ဆီး‌ပေါ်တာဆွဲ၍ လှည့်ပတ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Aug 2, 5:50PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်‌ဇောက်ရပ်ကွက်တွင် စခအိမ်စီးကား(၃)စီးသည် ပြည်သူအသွားအလာများကို ပေါ်တာဆွဲဖမ်းဆီး၍ မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်‌ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 5:26PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(3)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 5:17PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်‌ဇောက်ရပ်ကွက်တွင် စခအိမ်စီးကား(၃)စီး ရောက်ရှိ၍ ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Aug 2, 5:09PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
photo content

EIO
1 054
ကလေးငယ်တစ်ဦး၏ လက်ထဲတွင် မုန့်တစ်ထုပ် ရှိနေခြင်း၊ အချိုရည်တစ်ဘူး ရှိနေခြင်းသည် စစ်ရေးရှုထောင့်မှ ကြည့်လျှင် မည်သို့မျှအဓိပ္ပာယ်မဆောင်ဟု ယူဆနိုင်ပါသည်။ သို့သော် လူသားဆန်မှု၏ ရှုထောင့်မှ ကြည့်လျှင်မူ ၎င်းသည် “လက်နက်ကိုင်ထားသူနှင့် ကလေးငယ်များကို ခွဲခြားမြင်နိုင်ရမည်” ဟူသော ကြီးမားသည့် သတင်းစကားတစ်ခု ဖြစ်ပါသည်။ ထို့အတူ မိဘများကို ကြိုးတုပ်ထားခြင်း မရှိသည့် မြင်ကွင်းသည်လည်း စိတ်ဝင်စားဖွယ် ဖြစ်နေပါသည်။ ဖမ်းဆီးထိန်းသိမ်းမှုများတွင် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ ရှိနိုင်သော်လည်း “အန္တရာယ်မရှိသော အခြေအနေများတွင် မလိုအပ်ဘဲ အင်အားပြခြင်းကို ရှောင်ရှားနိုင်ခြင်း” ဟူသည့် စစ်ပွဲဆိုင်ရာ စည်းမျဉ်းတစ်ရပ်ကို ဖော်ပြနေသည်။ မိဘများကိုသာ အားကိုးနေရသည့် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှုများကိုလည်း ကာကွယ်ပေးရာ ရောက်သလို သူတို့၏ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာ အပြုအမူများအတွက် နမူနာကောင်းတစ်ရပ်အဖြစ်လည်း ကျန်ရစ်စေပါသည်။ အင်အားရှိသူက အင်အားကို မပြသသင့်သည့်နေရာတွင်မပြသဘဲ ထိန်းချုပ်ထားနိုင်ခြင်းသည် စစ်မှန်သော ခွန်အားတစ်မျိုးပင် ဖြစ်ပါသည်။ ယနေ့ခေတ်တွင် စစ်ပွဲများကို လူမှုကွန်ရက်များမှတစ်ဆင့် ချက်ချင်း မြင်တွေ့နေရပါသည်။ ထို့ကြောင့်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အပြုအမူများကို ပြည်သူများက အနီးကပ် အကဲဖြတ်နိုင်နေကြပါသည်။ စစ်ရေးအောင်မြင်မှုတစ်ခုသည် တစ်နေ့တာ သတင်းခေါင်းစဉ် ဖြစ်နိုင်သော်လည်း လူသားဆန်မှုနှင့် စစ်စည်းကမ်းပြည့်ဝမှုသည် လူထု၏ ယုံကြည်မှုကို ပိုမိုရှည်လျားစွာ တည်ဆောက်ပေးနိုင်မည်ဖြစ်ပါသည်။ အမှန်တကယ် အောင်မြင်သော တော်လှန်ရေး သို့မဟုတ် အပြောင်းအလဲတစ်ရပ်ဆိုသည်မှာ စစ်မြေပြင်၌ အောင်နိုင်ခြင်းသာ မဟုတ်ပဲ မိမိ တိုက်ပွဲဝင်နေသည့် စံတန်ဖိုးများကို နေ့စဉ်အပြုအမူများဖြင့် သက်သေပြနိုင်ခြင်းလည်း ဖြစ်ပါသည်။ တရားမျှတမှုကို တောင်းဆိုသူများသည် တရားမျှတစွာ ပြုမူနိုင်ရ‌ပေမည်။ လူ့ဂုဏ်သိက္ခာကို ကာကွယ်လိုသူသည် လူ့ဂုဏ်သိက္ခာကို လေးစားရ‌ပေမည်။ စစ်ပွဲများသည် လူသားတို့၏ အဆိုးရွားဆုံး မျက်နှာစာကို ထုတ်ဖော်ပြသတတ်သလို တခါတရံတွင် အကောင်းဆုံး မျက်နှာစာကိုလည်း ဖော်ပြပေးတတ်ပါသည်။ ကလေးငယ်များကို အကာအကွယ်ပေးခြင်း၊ အပြစ်မဲ့သူများကို စာနာခြင်း၊ ဖမ်းဆီးရမိသူများကို လူသားဆန်စွာ ဆက်ဆံခြင်းတို့သည် စစ်ပွဲ၏ မှောင်မိုက်မှုများကြားမှ လင်းလက်ထွက်ပေါ်လာသော အလင်းတန်းများပင် ဖြစ်ကြပါသည်။ ထို့ကြောင့် “စစ်ပွဲထဲက အလှတရား” ဟူသည်မှာ လက်နက်များ၏အလှ၊ အောင်ပွဲ၏အလှ မဟုတ်ပါ။ လူသားချင်းစာနာမှု မပျောက်ဆုံးသေးသော စာနာမှုအလှ၊ လက်နက်ကိုင်စည်းကမ်းကို ထိန်းသိမ်းနိုင်သော စိတ်ဓာတ်၏အလှနှင့် စစ်ပွဲကြားထဲတွင်ပင် လူသားဖြစ်မှုကို မမေ့လျော့သေးသော လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ နှလုံးရည်အလှပင် ဖြစ်ပါသည်။ ထိုအလှတရားသည် သေနတ်သံများထက် ပိုမိုရှည်လျားစွာ အသက်ရှင်ကျန်ရစ်မည်ဖြစ်ပြီး အနာဂတ်မျိုးဆက်များအတွက်လည်း တန်ဖိုးရှိသော သမိုင်းသင်ခန်းစာမှတ်တမ်းတစ်ခုအဖြစ် ကျန်ရှိနေမည်မှာ မလွဲဧကန်ပင်ဖြစ်ပါတော့သည်။ [ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။] #People's Goal

EIO
1 054
"စစ်ပွဲထဲက အလှတရား" 🔹တေဇ (CDM) စစ်ပွဲဟူသည်မှာ ပျက်စီးဆုံးရှုံးမှု၊ ဝမ်းနည်းကြေကွဲမှုနှင့် သွေးထွက်သံယိုမှုတို့ကို အများဆုံး တွဲဖက်မြင်တွေ့ရသည့် အရာဖြစ်ပါသည်။ စစ်ပွဲရှိရာ နေရာတိုင်းတွင် အသက်ဆုံးရှုံးမှုများ၊ အိုးအိမ်စွန့်ခွာရမှုများ၊ မိသားစုကွဲကွာမှုများနှင့် လူသားတို့၏ ဘဝများ ပျက်စီးရခြင်းတို့ကိုသာ အဓိက မြင်တွေ့ရလေ့ရှိပါသည်။ ထို့ကြောင့် “စစ်ပွဲထဲက အလှတရား” ဟူသော စကားစုကို ကြားလိုက်ရသည့်အခါ လူအများအတွက် ဆန့်ကျင်ဘက်ဖြစ်နေသလို ခံစားရနိုင်ပါသည်။ သို့သော် စစ်ပွဲအတွင်း၌ပင် လူသားဆန်မှု၊ စာနာမှု၊ စည်းကမ်းရှိမှုနှင့် ကိုယ်ကျင့်တရားမြဲမြံမှုတို့ကို မြင်တွေ့ရနိုင်ပါသည်။ ထိုအရာများသည်ပင် သေနတ်သံနှင့် အကျည်းတန်မှုများကြားထဲတွင် ပေါက်ဖွားလာသော အလှတရားများ ဖြစ်နေပါတော့သည်။ လွန်ခဲ့သောလက ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီးစခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရမိထားသူများနှင့် ပတ်သက်သော ရုပ်သံမှတ်တမ်းတစ်ခုကို လူအများ စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါရုပ်သံထဲတွင် ဖမ်းစီးခံပျူစောထီးများ၏ သားသမီး ကလေးငယ်များကို တွေ့မြင်ရပြီး ထိုကလေးငယ်တစ်ဦးချင်းစီ၏ လက်ထဲတွင် မုန့်များ၊ အချိုရည်ဘူးများကို တွေ့မြင်နေရ၏။ ထို့အပြင် ကလေးငယ်များနှင့် အတူရှိနေသော မိဘများကိုလည်း တုပ်‌နှောင်ထားခြင်းမရှိဘဲ ကလေးငယ်များကို လွတ်လပ်စွာ ချီပိုးထားခွင့် ပေးထားသည်ကို တွေ့မြင်ရပါသည်။ ၎င်းအပြင် ကြိုးတုပ် ဖမ်းဆီးခံထားရသူတချို့၏ မျက်နှာများတွင် ကြောက်ရွံ့မှု၊ အားငယ်မှုတို့အစား ပျော်ရွှင်နေသော အနေအထားကိုပင် အံ့ဩဖွယ် မြင်တွေ့ခဲ့ရပါသည်။ ထိုမြင်ကွင်းသည် စစ်ရေးအောင်ပွဲတစ်ခုထက် ပိုမိုလေးနက်သော အဓိပ္ပာယ်တစ်ခုကို ဖော်ပြနေခြင်းဖြစ်ပါသည်။ စစ်ပွဲကို အောင်နိုင်သူ၏ လက်ထဲတွင် အင်အားရှိသော်လည်း ထိုအင်အားကို မည်သို့အသုံးပြုသည်ဆိုသည်က ပို၍အရေးကြီးပါသည်။ အောင်နိုင်သူက ရန်သူကို မည်သို့ဆက်ဆံသည်ဆိုသည်က တစ်ဦးချင်းသာမက အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားနှင့် စည်းကမ်းကို ပြသနေခြင်းလည်းဖြစ်ပါသည်။ စစ်ပွဲများတွင် အပြစ်အမဲ့ဆုံးသူများမှာ ကလေးများဖြစ်ကြပါသည်။ သူတို့သည် စစ်ရေးဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သူများ မဟုတ်ကြသလို နိုင်ငံရေးအငြင်းပွားမှုများကို ဖန်တီးခဲ့ကြသူများလည်း မဟုတ်ကြပါ။ သို့သော် အရွယ်ရောက်သူများ၏ ပဋိပက္ခများကြောင့် အထိခိုက်ခံရဆုံးသူများမှာ ကလေးများ ဖြစ်နေတတ်ပါသည်။ ထို့ကြောင့် မည်သည့် လက်နက်ကိုင်အဖွဲ့ဖြစ်စေ ကလေးများ၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ဦးစားပေးကာကွယ်ရန် တာဝန်ရှိသည်။ ရုပ်သံမှတ်တမ်းထဲတွင် တွေ့ရသော မုန့်များနှင့် အချိုရည်များသည် ငွေကြေးတန်ဖိုးအားဖြင့် ကြီးမားလှသည့် အရာများ မဟုတ်ပါ။ သို့သော် ၎င်းတို့ယူဆောင်လာသော သင်္ကေတအဓိပ္ပာယ်မှာ အလွန်တရာပင် လေးနက်လှပပါသည်။ ယင်းသည် “ကလေးများကို ရန်သူအဖြစ် မမြင်ပါ” ဟူသော မှန်ကန်သင့်မြတ်သည့် သဘောထားကို ထင်ဟပ်စေပါသည်။ တစ်ဖက်တွင်လည်း စစ်ပွဲတွင် တိုက်ခိုက်နေသူများနှင့် အပြစ်မဲ့ အရပ်သားများကို ခွဲခြားကြည့်မြင်နိုင်ခြင်းသည် စစ်စည်းကမ်း၏ အခြေခံအကျဆုံး အချက်တစ်ခုလည်း ဖြစ်ပါသည်။ လူသားချင်းစာနာမှုဆိုသည်မှာ အားနည်းသူကို ကူညီပေးခြင်းသာ မဟုတ်ပါ။ မိမိအပေါ် ရန်လိုခဲ့သူ၏ မိသားစုဝင်များအပေါ်တွင်ပင် လူသားတစ်ဦးအဖြစ် ဂုဏ်သိက္ခာရှိရှိ ပြုမူဆက်ဆံနိုင်ခြင်းတည်းဟူသော စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကောင်းတစ်ရပ်လည်း ဖြစ်ပါသည်။ ထိုသို့ ဆက်ဆံနိုင်ခြင်းသည် ဒေါသကို ထိန်းချုပ်နိုင်သော စိတ်ဓာတ်၊ သေဝပ်သော စည်းကမ်းနှင့် ရင့်ကျက်ပြည့်ဝ‌သော ခံယူချက်များ ရှိနေမှသာ ဖြစ်နိုင်ပါသည်။ စစ်ပွဲများ၏ သမိုင်းကို ပြန်လည်ကြည့်မည်ဆိုပါက စစ်ရေးအောင်ပွဲများထက် စစ်ပြီးနောက် ပြုမူဆက်ဆံပုံများက ပို၍ တန်ဖိုးထား မှတ်တမ်းတင်ခံရလေ့ရှိပါသည်။ အောင်နိုင်သူက အင်အားကို အလွဲသုံးစားလုပ်ခဲ့လား၊ သို့မဟုတ် စည်းကမ်းရှိစွာ ထိန်းချုပ် အသုံးပြုခဲ့လားဆိုသည်ကို သမိုင်းက အကဲဖြတ်ချက်ဖြင့် ဆုံးဖြတ်ပေးတတ်ပါသည်။ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ အရည်အချင်းကို တိုက်ခိုက်နိုင်စွမ်းတစ်ခုတည်းဖြင့် တိုင်းတာ၍ မရနိုင်ပါ။ အရပ်သားများကို ကာကွယ်နိုင်စွမ်း၊ ဖမ်းဆီးရမိသူများကို လူသားဆန်စွာ ဆက်ဆံနိုင်စွမ်းနှင့် မိမိ၏ ဒေါသကို ထိန်းချုပ်နိုင်စွမ်းတို့သည်လည်း အရေးကြီးသော စံနှုန်းများဖြစ်ပါသည်။ အထူးသဖြင့် ပြည်တွင်းပဋိပက္ခများတွင် ယနေ့ရန်သူဟု သတ်မှတ်ထားသူများသည် မနက်ဖြန်တွင် တစ်နိုင်ငံတည်းသားများအဖြစ် ပြန်လည် အတူယှဉ်တွဲ နေထိုင်ရမည့်သူများ ဖြစ်နေပါသည်။ ထို့ကြောင့် အမုန်းတရားကို ပိုမိုကြီးထွားစေမည့် အပြုအမူများထက် လူသားဆန်မှုကို ထိန်းသိမ်းထားသော အပြုအမူများက အနာဂတ်ပြန်လည်သင့်မြတ်ရေးအတွက် ပိုမို၍ အရေးပါပါသည်။

EIO
1 054
♦မြိုင်မြို့နယ်♦ မြိုင်မြို့နယ်အနောက်ပိုင်း ဘောင့်ဘင်ရွာမှ ပြည်သူပိုင်နေအိမ်များအားမီးရှို့ခဲ့ပြီး၊ အနောက်တောင်ဘက်သို့ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းသည်၊ ယာကြီးပြင်ရွာသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #PKK_News 𝐀𝐮𝐠-2, 2:04𝐏𝐌 🗳️သတင်းများပေးပို့ရန်@PKKNewsBot https://t.me/autagbii

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မုံရွေးတိုးဂိတ်၌ စခအိမ်စီးကား(၁)စီး မြောက်ဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:54PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း စွမ်းရည်ထက်ဂိတ်၌ စခအိမ်စီးကား(၁)စီး၊ဒိုင်နာကား(1)စီး ရပ်ထားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:42PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မြေနဲဖြတ်၍ စခအိမ်စီးကား(၁)စီး၊ဒိုင်နာကား(1)စီးသည် တောင်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:35PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်ဖြတ်၍ စခအိမ်စီးကား(၁)စီး၊ဒိုင်နာကား(1)စီးသည် တောင်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:33PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်မှ စခသံပြားကာကား(၁)စီးသည် မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:29PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:08PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(5)စီးသည် ကားလေးဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ #EIO Aug 2, 1:02PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator

EIO
1 054
⚜️ #EIO_Update_News မုံရွာမြို့‌ပေါ်တွင် ပေါ်တာဆွဲ စခအိမ်စီးကားများ ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 #EIO Aug 2, 12:35PM 📲သတင်းပေးပို့ရန်- @EIO2021_bot@EagleInformationOperator_bothttp://t.me/eagleinformationoperator?directhttp://www.eagleinformationoperators@gmail.com 🔵https://www.facebook.com/eagleinformation 🌐https://t.me/eagleinformationoperator