EIO
الذهاب إلى القناة على Telegram
⚠️ See early.Know first.Stay Safe.🙏🏻 📡စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ သတင်းများကို ဦးစားပေး၍ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်ပေးနေသော သတင်းချန်နယ်တစ်ခုဖြစ်ပါသည်။ #NoNeedDictator #RejectOfMilitary 🔗 http://facebook.com/eagleinformation
إظهار المزيد1 052
المشتركون
-124 ساعات
-57 أيام
+130 أيام
أرشيف المشاركات
1 051
⚜️ #EIO_Update_News
မုံရွာမြို့၊ အီကိုကျောင်းအတွင်းမှ ထွက်လာသော ခြေလျင်စခများမှ ဒုတိယ စခ(၁)ဖွဲ့သည် ရွာတုံ အနောက်ရွာမှ ကျောက်ကာလမ်းအတိုင်း အရှေ့သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 10:24AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့၊ အီကိုကျောင်းအတွင်းမှ ထွက်လာသော ခြေလျင်စခများမှ စခ(၁)ဖွဲ့သည် ရွာတုံမြောက်ရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 10:17AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့၊အီကိုကျောင်းအတွင်းမှထွက်လာသော စခများသည် ဇလုပ်အနောက်ရွာထိပ်မှ ကိုင်းတောလမ်းခွဲနှင့် ရွာတုံရွာ အနောက်ဘက် သိပ္ပံကွင်းသို့ ရောက်ရှိနေပြီး ကျောက်ကာလမ်းကြီး၏လမ်းဘယ်ညာ ခွဲထွက်၍ အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 10:08AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့၊အီကိုကျောင်းအတွင်းမှ စခများသည် ဇလုပ်အနောက်ရွာထိပ်မှ ကိုင်းတောလမ်းခွဲနှင့် ရွာတုံရွာ အနောက်ဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 9:28AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
🚨 မုံရွာလမ်းပိုင်း အထူးသတိပြုရနိ ⚠️
(မုံရွာ-အက်တော/မုံရွာ-ကျောက်ကာ) လမ်းမကြီးတလျှောက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိမ်စီးကားများ၊ ခြေလျင်များဖြင့်ခြေရှုပ်နေခြင်း၊ ကင်းပုန်းများချကာ နေရာယူလှုပ်ရှားနေကြောင်း သတင်းများရရှိထားပါသည်။
ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် မလိုအပ်ဘဲ ဖြတ်သန်းသွားလာခြင်းများကို ရှောင်ရှား၍ ဘေးကင်းလုံခြုံရေးကိုသာ ဦးစားပေးဆောင်ရွက်ကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)
📲 သတင်းပေးပို့ရန်
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 Facebook – https://www.facebook.com/eagleinformation
🌐 Telegram – t.me/eagleinformationoperator
#EIO #PublicSafety #Monywa #Road_Safety_First #SecurityAlert #StaySafe
1 051
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(5)စီးနှင့် (၆)ဘီးကား(၁)စီး၊ အိမ်စီးကားများသည် Eco ကျောင်းပေါက်ဝမှ ဇလုပ်အဝိုင်းပတ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိ။
#EIO
Aug 1, 9:18AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(5)စီးနှင့် (၆)ဘီးကား(၁)စီး၊ အိမ်စီးကားများသည် Eco ကျောင်းပေါက်ဝမှ အရှေ့အရပ်သို့ စတင်ထွက်ခွာနေကြောင်း သတင်းရရှိ။
#EIO
Aug 1, 9:15AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့၊အီကိုကျောင်းအတွင်းမှ စခများသည် ဇလုပ်အနောက်ရွာထိပ်မှ ကိုင်းတောလမ်းခွဲသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 8:59AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့၊အီကိုကျောင်းအတွင်းမှ စခများသည် ဇလုပ်အနောက်ရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 8:47AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့၊ တိုင်းရင်းဆေးရုံလမ်းတွင် စခအိမ်စီးကားများ ရောက်ရှိနေပြီး ရခများလည်း ကင်းများယူထားကြောင်း သတင်းရရှိထားပါသည်။
မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻
#EIO
Aug 1, 8:44AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 8:43AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(5)စီးသည် အီကိုကျောင်းအတွင်းသို့ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 8:40AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(5)စီးသည် ကျောက်ကာလမ်း၊ တိုင်းရင်းဆေးရုံလမ်းဖြတ်၍ အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
#EIO
Aug 1, 8:37AM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
1 051
Repost from N/a
"ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ - #SKY_WATCH Telegram Channel မှ နွေးထွေးစွာ ကြိုဆိုပါတယ်" 🤝
အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းရန် အန္တရာယ်နှင့် မြေပြင်စစ်ကြောင်း လှုပ်ရှားမှုများကို ပြည်သူများ အချိန်မီ သိရှိပြီး ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်အတွက် #SKY_WATCH - Telegram_Channel ကို မိတ်ဆက်လိုက်ရပါတယ်။
📡 #SKY_WATCH မှ ဘာတွေ တင်ဆက်ပေးသွားမလဲ ⁉️ ✈️ လေကြောင်းအန္တရာယ် အချိန်နဲ့တစ်ပြေးညီ သတိပေးချက်များ။ (တက်ယာဉ်၊ ဝဲယာဉ်နှင့် ဦးတည်ရာ လမ်းကြောင်းများ) 🗺️ မြေပြင်စစ်ကြောင်းနှင့် အန္တရာယ်ရှိ စစ်ရေးလှုပ်ရှားမှု သတင်းများ။ 🛡️ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ အရေးပေါ် ဆောင်ရန်/ရှောင်ရန်များ။ 📩 သတင်းပေးပို့ရန်နှင့် အချက်အလက်မျှဝေရန်။ မိမိတို့ ဒေသအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းဆိုင်ရာ လှုပ်ရှားမှုများ၊ မြေပြင်စစ်ကြောင်း သတင်းများကို ပြည်သူအချင်းချင်း အချိန်မီ သတိပေးနိုင်ရန်အတွက် #SKY_WATCH_Bot မှတစ်ဆင့် ယုံကြည်စိတ်ချစွာ သတင်းပေးပို့နိုင်ပါသည်။ 👉 သတင်းပေးပို့ရန် - @SkyWatch21_bot @SKYWATCHMMbot
(ပေးပို့လာသော သတင်းများကိုလည်း စိစစ်ပြီး ပြည်သူ့ထံ သက်ရောက်မှု အမြန်ဆုံးရှိစေရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားပါမည်။ သတင်းပေးပို့သူများ၏ လုံခြုံရေးကိုလည်း စနစ်တကျ အပြည့်အဝ တာဝန်ယူပေးထားပါသည်။)🙏🏻
⚠️ ပြည်သူများ အကြမ်းဖက်စစ်ကောင်စီ၏ အန္တရာယ်မှ ကင်းဝေးစေရေးအတွက် စောင့်ကြည့်၍ မိဘပြည်သူအချင်းချင်း အပြန်အလှန်သတင်းပေးပို့ကြပါစို့။#SKY_WATCH_Channel ကို အတူတကွ ဝင်ရောက် ပူးပေါင်းပြီး မိမိမိသားစုနှင့် မိမိရပ်ရွာအတွက် သတင်းအချက်အလက် အတူတကွ ရယူလိုက်ပါ။ ✨ 🔗 #Channel_Join & #Share ရန် #Link - https://t.me/skywatchmm
1 051
Repost from EIO
🛡️ စစ်ရေးသတိဖြင့် ဘေးကင်းအောင်နေထိုင်စို့ - မိဘပြည်သူများအတွက် အသိပေးနှိုးဆော်ချက်။ ⚠️
တော်လှန်ရေးကာလအတွင်း နယ်မြေခံရဲဘော်များသည် ခုခံတွန်းလှန်စစ်အောင်ပွဲများကို အလီလီဖော်ဆောင်နိုင်ခဲ့ကြသော်လည်း စစ်ရေးသတင်းလုံခြုံမှု (#OPSEC) အရ အောင်ပွဲသတင်းအချို့ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ခြင်းမရှိဘဲ သိုဝှက်ထားခဲ့ကြရသည်များ ရှိပါသည်။ တော်လှန်ရေး ရဲဘော်များသည် ဆိုရှယ်မီဒီယာပေါ်တွင်သာ တိုက်ပွဲဝင်နေကြခြင်းမဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။
လက်ရှိတွင် ရန်သူ၏အင်အား လှုပ်ရှားမှုအခြေအနေများအပေါ် မူတည်၍ တော်လှန်ရေး တပ်ရင်း၊တပ်ဖွဲ့များမှ စစ်ရေးဗျူဟာအရ ငြိမ်သက်သင့်သလောက် ငြိမ်သက်ထားရသော အခိုက်အတန့်လည်း ရှိကြပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ရန်သူ၏အန္တရာယ်ကို ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ရန်နှင့် အဖမ်းအဆီး၊ အဓမ္မဓားစာခံ ပြုလုပ်ခြင်းများမှ ကင်းဝေးစေရန် အောက်ပါ "ဆောင်ရန်၊ ရှောင်ရန်" အချက်များကို အထူးသတိပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
✅ ဆောင်ရန်အချက်များ (Dos)
📢 သတင်းနားစွင့်ပါ။
မိမိတို့နယ်မြေအလိုက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေသော ကျင့်ဝတ်၊စည်းကမ်း နဲ့ အညီ တော်လှန်ရေး အလုပ်လုပ်နေကြပါသော သတင်းပြန်ကြားရေးစက်ကြီးများနှင့် ပြန်ကြားရေးရဲဘော်များ၏ အသိပေး၊သတိပေး ထုတ်ပြန်ချက်များကို နေ့၊ ည မပြတ် အထူးဂရုတစိုက် နားစွင့်ကြပါ။
🎒 အရေးပေါ်အိတ် ပြင်ဆင်ပါ။
ရုတ်တရက် တိမ်းရှောင်ရပါက လွယ်ကူစေရန် ဆေးဝါး၊ အစားအစာ၊ အရေးကြီးစာရွက်စာတမ်းနှင့် အဝတ်အထည်အနည်းငယ်ပါသော အရေးပေါ်အိတ်ကို အမြဲအသင့်ပြင်ထားပါ။
📡 ဆက်သွယ်ရေးလမ်းကြောင်း ထားရှိပါ။
ရပ်ကွက်/ကျေးရွာအတွင်းရှိ ယုံကြည်ရသောသူများနှင့် ချိတ်ဆက်ထားပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှု သတင်းရလျှင်ရချင်း တစ်ဦးနှင့်တစ်ဦး အမြန်ဆုံး အသိပေးပါ။
🛡️ ဘေးကင်းရာသို့ တိမ်းရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုသတင်းကြားသည်နှင့် အချိန်ဆွဲခြင်းမပြုဘဲ ဘေးကင်းရာသို့ ကြိုတင်တိမ်းရှောင်ပါ။ "စစ်ရေးသတိ" သည် သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။
❌ ရှောင်ရန်အချက်များ (Don'ts)
🚫 သတင်းမပေါ့ဆပါနှင့်။
"ငြိမ်နေတာပဲ၊ ဘာမှမဖြစ်လောက်ပါဘူး" ဟု အထင်မမှားပါနှင့်။ စစ်ရေးဆိုသည်မှာ ရန်သူ့အခြေအနေပေါ်မူတည်၍ အချိန်မရွေး ပြောင်းလဲနိုင်ပါသည်။
🚫 စခ၊ပခများနှင့် မတွေ့အောင်ရှောင်ပါ။
အကြမ်းဖက်စစ်ကောင်စီ၏ အခိုင်းအစေ ကျေးကျွန်များနှင့် လမ်းတွင်တွေ့ဆုံခြင်း၊ တိုးမိခြင်းများ လုံးဝ၊လုံးဝ မရှိစေရန် လမ်းကြောင်းများကို သေချာစုံစမ်းပြီးမှ သွားလာပါ။
🚫 ဓားစာခံအဖြစ် အဖမ်းမခံရစေနှင့်။
အကြမ်းဖက်စစ်ကောင်စီ၏ ကျေးကျွန်များသည် ပြည်သူကို ဓားစာခံအဖြစ် အသုံးပြုတတ်သဖြင့် အကြမ်းဖက် စစ်ကောင်စီ အခြေစိုက်ရာ စခန်းနှင့်ဝပ်ကျင်းချရာအနီးအနားသို့ သွားလာခြင်းကို အပြတ်အသတ် ရှောင်ကြဉ်ပါ။
🚫 စစ်ရေးသတင်း မဖြန့်ပါနှင့်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဖုန်းဖြင့်ပြောဆိုခြင်း၊ လူမှုကွန်ရက်ပေါ်တင်ခြင်းများ ကို လုံးဝ (လုံးဝ) မပြုလုပ်ပါနှင့်။သင့်ကြောင့် အသက်စွန့်၍ ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေကြသော တော်လှန်ရဲဘော်များ ဘေးမဖြစ်ပါစေနှင့်။
🚨 စစ်ရေးလှုပ်ရှားမှုဆိုသည်မှာ ခံစစ်ရှိသလို ထိုးစစ်လည်း ရှိပါသည်။ ရန်သူ၏ လှုပ်ရှားမှုအပေါ် မူတည်၍ တော်လှန်ရေးတပ်ဖွဲ့များမှ အစီအစဉ်တကျ လှုပ်ရှားနေရခြင်းဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းထက် "အသိ၊ သတိ" ကို ရှေ့တန်းတင်ကြစေလိုပါသည်။ ⚠️
မိမိတို့နယ်မြေမှ ပြန်ကြားရေးရဲဘော်များသည် မိဘပြည်သူများ ဘေးကင်းစေရန် နေ့၊ညမပြတ် အပင်ပန်းခံပြီး သတင်းထုတ်ပြန်ပေးနေခြင်းဖြစ်ရာ၊ ထိုထုတ်ပြန်ချက်များကို လေးစားလိုက်နာခြင်းဖြင့် အသက်အန္တရာယ်မှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းတိုက်တွန်းလိုက်ရပါသည်။
"စစ်ရေးသတိဖြင့် အောင်ပွဲဆီသို့" ✊🏻
#EIO #Eagle_Information_Operator #EmergencyAlert #PublicSafety #RevolutionNews #WarsCrimes_RejectMilitaryCoup #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
1 051
Repost from EIO
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
1 051
Repost from EIO
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1 051
Repost from EIO
🚨 [အထူးသတိပေးချက်] လူကို မယုံဘဲ စနစ်ကိုသာ ယုံကြည်ပါ ⚠️
— စစ်ကောင်စီ၏ ဘက်ပြောင်း/ဖမ်းဆီးခံရသူများ အသုံးပြု ထောင်ဖမ်းသည့် နည်းဗျူဟာ (Lure Tactics) များအား တုံ့ပြန်ကာကွယ်ခြင်း —
အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံတွင် အရေးနိမ့်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များ၏ "ရဲဘော်ရဲဘက်စိတ်"နှင့် "ရင်းနှီးကျွမ်းဝင်မှု" များကို အခွင့်ကောင်းယူ၍ Lure Tactics (ထောင်ဖမ်းသည့် နည်းဗျူဟာများ)ကို အရှိန်အဟုန်မြှင့် ယခုနောက်ပိုင်းအသုံးပြုလာနေပါသည်။
တော်လှန်ရေးတွင် ပါဝင်နေသည့်ရဲဘော်များ၊ ထောက်ပံ့သူများနှင့် မိဘပြည်သူများ၏ အသက်အန္တရာယ်သည် သတင်းလုံခြုံရေး (OPSEC) ပေါ်တွင် တိုက်ရိုက် မူတည်နေပါသည်။
စစ်ကောင်စီသည် ဖမ်းဆီးရမိထားသော ရဲဘော်များ၊ ဘက်ပြောင်းသွားသူများ (သို့မဟုတ်) ၎င်းတို့၏ ဖုန်း/ဆိုရှယ်မီဒီယာ အကောင့်များကို သိမ်းပိုက်၍ "အကူအညီတောင်းခံခြင်း"၊ "ရိက္ခာ/လက်နက် ပို့ဆောင်ခိုင်းခြင်း"၊ "တွေ့ဆုံရန် ချိန်းဆိုခြင်း"စသည့် နည်းလမ်းမျိုးစုံဖြင့် အကွက်ဆင် ထောင်ဖမ်းလျက်ရှိသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် တော်လှန်ရဲဘော်များအနေဖြင့် "လူကို မယုံဘဲ၊ စနစ်ကိုသာ ယုံကြည်ပါ"ဆိုသည့် မူကို တိကျစွာ လက်ကိုင်ထားပြီး အောက်ပါ ဆောင်ရန်/ရှောင်ရန်များကို မဖြစ်မနေ လိုက်နာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
🛑 တော်လှန်ရဲဘော်များနှင့် ထောက်ပံ့သူများအတွက် ဆောင်ရန်/ရှောင်ရန်များ။
🟢 ဆောင်ရန် (DOs)
🛡️ စိစစ်အတည်ပြုခြင်း စနစ် (Verification Protocol) ကျင့်သုံးပါ။
ခရီးသွားနေသည့် ရဲဘော်၊အဆက်အသွယ်ပြတ်နေသည့် အဖွဲ့ဝင် သို့မဟုတ် ဘက်ပြောင်းလာသူများထံမှ ဆက်သွယ်လာပါက ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေမခံဘဲ မကြိုတင်ပြင်ဆင်နိုင်သော ကိုယ်ပိုင်လျှို့ဝှက် မေးခွန်းများ/စကားဝှက်များ (Challenge-Response Questions) ဖြင့် အထပ်ထပ် စိစစ်ပါ။
🔐 သတင်းအချက်အလက် ခွဲခြားထိန်းသိမ်းပါ (Need-to-Know Basis)။
မည်မျှပင် ရင်းနှီးသူဖြစ်ပါစေ ၎င်း၏ တာဝန်နှင့် မသက်ဆိုင်သည့် စခန်းတည်နေရာ၊ စစ်ကြောင်းသွားလာမှု၊ ထောက်ပံ့ရေးလမ်းကြောင်းနှင့် အခြားရဲဘော်များ၏ သတင်းအချက်အလက်များကို လုံးဝ မမျှဝေပါနှင့်။
📱 လုံခြုံရေးမြင့်မားသော ဆက်သွယ်ရေးစနစ်များ အသုံးပြုပါ။
Signal/Telegram ကဲ့သို့သော အက်ပ်များတွင် #Auto-delete (ပျောက်ကွယ်စာတို) စနစ်ကို အချိန်တိုတို သတ်မှတ်ထားပါ။ ပြင်ပဖုန်းလိုင်း (Regular Call/SMS) များမှတစ်ဆင့် လျှို့ဝှက်ချက်များ ပြောဆိုခြင်းကို ရှောင်ကြဉ်ပါ။
🚨 အဆက်အသွယ်ပြတ်တောက်ပါက အရေးပေါ်စနစ် ပြောင်းပါ။
ရဲဘော်တစ်ဦးဦး (သို့မဟုတ်) ထောက်ပံ့သူတစ်ဦးဦး ဖမ်းဆီးခံရကြောင်း ကြားသိပါက (သို့မဟုတ်) မသင်္ကာဖွယ် ဆက်သွယ်မှုများ ရှိလာပါက ၎င်းနှင့် ပတ်သက်ဖူးသမျှ အကောင့်များ၊ အဆက်အသွယ်များကို ချက်ချင်းဖြတ်တောက်ပြီး #Safe House နှင့် လမ်းကြောင်းများကို အမြန်ဆုံး ပြောင်းလဲပါ။
🔴 ရှောင်ရန် (DON'Ts)
❌ အရင်က ရင်းနှီးဖူးသည်ဆိုသော အကြောင်းတစ်ခုတည်းဖြင့် မယုံပါနှင့်။
ဖမ်းဆီးခံရသူ (သို့မဟုတ်) ဘက်ပြောင်းသွားသူ၏ အကောင့်များသည် စစ်ကောင်စီ၏ လက်ထဲတွင် ရှိနေနိုင်သကဲ့သို့ ဖိအားပေး ခြိမ်းခြောက်ခံထားရသည့်အတွက် ၎င်းကိုယ်တိုင်က စစ်ကောင်စီခိုင်းသည့်အတိုင်း ဆက်သွယ်နေခြင်း ဖြစ်နိုင်သည်။
❌ ချိန်းဆိုမှုများသို့ တစ်ဦးတည်း/သတိမဲ့ မသွားပါနှင့်။
အရေးပေါ် ရိက္ခာ/ငွေကြေး သွားရောက်ပို့ဆောင်ရန် (သို့မဟုတ်) လူချင်းတွေ့ဆုံရန် ချိန်းဆိုလာပါက လုံခြုံရေး စိစစ်မှု မပြုလုပ်ဘဲ ရုတ်တရက် မသွားပါနှင့်။
❌ ဖုန်း/ကွန်ပျူတာများတွင် အကဲဆတ်ဒေတာများ မသိမ်းထားပါနှင့်။
ဖမ်းဆီးခံရပါက အခြားရဲဘော်များပါ ကွင်းဆက်ပြတ် ပါဝင်သွားနိုင်သည့် မိမိအဖွဲ့ဝင်စာရင်း၊ ဓာတ်ပုံ၊ တည်နေရာ ဒေတာများနှင့် ဘဏ္ဍာရေး မှတ်တမ်းများကို သာမန်ဖုန်းများထဲတွင် သိမ်းဆည်းထားခြင်း မပြုပါနှင့်။
❌ လူမှုကွန်ရက်ပေါ်တွင် တည်နေရာနှင့် လှုပ်ရှားမှုများ ဖော်ပြခြင်း မပြုပါနှင့်။
ခရီးသွားလာမှု၊ တပ်တည်နေရာ (သို့မဟုတ်) ထောက်ပံ့ရေး လုပ်ငန်းစဉ်များကို Facebook/Messenger စသည်တို့ပေါ်တွင် Check-in ဝင်ခြင်း၊ ပုံတင်ခြင်း လုံးဝ မပြုလုပ်ပါနှင့်။
📢 မိဘပြည်သူများ သတိပြုရန်
အကူအညီတောင်းဆိုမှုများကို အထူးသတိပြုပါ။ မိမိတို့ သိကျွမ်းသည့် ရဲဘော်တစ်ဦးဦးထံမှ (သို့မဟုတ်) တော်လှန်ရေး အကောင့်တစ်ခုခုထံမှ အရေးပေါ် ငွေကြေး သို့မဟုတ် ခိုလှုံခွင့် တောင်းခံလာပါက သက်ဆိုင်ရာ မြို့နယ်/နယ်မြေခံ တော်လှန်ရေး တာဝန်ရှိသူများထံ အခြားလမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ အတည်ပြုပါ။
*သတင်းလုံခြုံရေးသည် အသက်ဖြစ်သည်။ "ငါတို့နဲ့ ရင်းနှီးတာဘဲ" ဟူသော ပေါ့ဆမှုတစ်ခုသည် တော်လှန်ရဲဘော်များစွာ၏ အသက်နှင့် စခန်းတစ်ခုလုံး၏ လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း အစဉ်သတိရပါ။
💬 "တစ်ဦးတစ်ယောက်၏ ပေါ့ဆမှုသည် စခန်းတစ်ခု၊ ရဲဘော်တစ်စု၏ အသက်ကို ပေးဆပ်ရစေနိုင်ပါသည်။ စနစ်အတိုင်း လိုက်နာခြင်းသည် တော်လှန်ရေး၏ အကောင်းဆုံး ဒိုင်းကာ ဖြစ်သည်။"
#Eagle_Information_Operator #EIO #OPSEC #SecurityAwareness #Alert #SagaingRegion #LureTactics #SafetyFirst
1 051
🚨"လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်"⚠️
#EIO_Update_News
📌 ချောင်းဦးနယ်၊ နတ်ရေကန်အထိုင်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
#EIO
Jul 31, 7:41PM
📲သတင်းပေးပို့ရန်- @EIO2021_bot ၊ @EagleInformationOperator_bot ၊ http://t.me/eagleinformationoperator?direct ၊ http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Chaung_U #WhatsHappeningInMyanmar #SecurityUpdate
