Yangon Social Sphere
Відкрити в Telegram
တွေ့ဆုံခြင်းတွေအတွက် ကျေးဇူးတင်ရ ခွဲခွာခြင်းများကိုလည်း မငြင်းဆိုရ ။
Показати більше389
Підписники
Немає даних24 години
-17 днів
-930 день
Архів дописів
ဒီရန်ကုန်မိုးနဲ့အတူ
မိုးရွာတဲ့အချိန်တိုင်းတာ
လွမ်းရမယ်ဆို ရူးသွားမလားအချစ်ရယ်
#Zan
တစ်ယောက်ယောက်အလာကို
ထိုင်စောင့်နေသလို ဟန်ဆောင်ပြီး
ခုန်တန်းရှည်လေးမှာ
တစ်ယောက်တည်း ထိုင်နေရတာလောက်
နာကျင်ကြေကွဲမှုဆိုတာ ရှိပါဦးမလား ။
- မာဂရက်
စကားတစ်ခွန်းက လူနှစ်ယောက်ဝေးဖို့ထိ ဖြစ်သွားနိုင်သလို
သစ္စာရှိပြီး အတူရှိသွားဖို့လဲ သေချာသွားနိုင်တယ်
#Zen
ငါ့အဖြစ်က သားကောင်ရှာဖို့
တောထဲဝင်ရင်း သူ့ဘာသာ
သီချင်းဆိုနေတဲ့ မိန်းမပျိုလေးကို
သွားတွေ့သလိုမျိုး
ကံကြံရင်ဘာမဆိုဖြစ်တယ်ဆိုတဲ့
စကားကို ကျေးဇူးတင်ရသေးတယ်။
-သွယ်မြိတ်
လူတိုင်းမှာ အမှားမှန်းသိလို့
အကောင်းဆုံးနေထိုင်ဖို့
အခွင့်အရေးတစ်ခုတော့ရှိသင့်တယ်မလား
#crd
လူတစ်ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာ မှီခိုမိပြီ ထင်တယ် သူမရှိတဲ့အချိန်တွေဆို ပြုံးရယ် စရာကိစ္စမရှိသလိုပဲ
သူနဲ့သာ အကြောင်းမရှိပြုံရယ်နိုင်ပြီး တစ်ခြားတစ်ယောက်နဲ့ မလုပ်နင်တဲ့ စိတ်ပိုင်းဆိုင်ရာမျိုး
လွမ်းတယ်...
အတူရှိရတဲ့အချိန်တွေနည်းပင်မဲ့ အချိန်တိုအတွင်းပျော်ရွှင်မှုဆိုတာမျိုး အပြည့်ခံစားရတယ်
ကိုယ်မင်းကိုချစ်တယ်
#zan
နက်နက်နဲနဲ မေတ္တာရှိမိလို့
နက်နက်ရှိုင်းရှိုင်း ခံစားရတာပါ
ပြုစားခံရတယ်လို့
မပြောရက်ပါလေ ။
•သုယဉ်ညို
တစ်ယောက်ယောက်ကို
ရင်ထဲမှာ သိမ်းထားရင်
မည်သူတစ်ဦးတစ်ယောက်ကိုမှ ချစ်ကြောင်းမပြောရဘူး
ဒါဟာ ကိုယ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော
ကိုယ့်ကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော
စောင့်ထိန်းရမဲ့စည်းပဲ။
-ဖားစည်ရည်ကျော်
လွမ်းဖွယ်ရာတွေကို ကိုယ်မကြောက်ပါ
နာကျည်းဖွယ်ရာတွေကိုတော့
ကိုယ် ကြောက်သည်
#တိမ်ညိုအလွင့်လအမြင့်
ချစ်တာနဲ့မခွဲကြရဘူးလို့
ဒီလူမှုလောကကြီးက
သဘောမနောကောင်းစွာနဲ့
ဥပဒေတစ်ရပ်ချပေးထားတာမှ
မဟုတ်ပဲ။ ချစ်လျက်နဲ့ ခွဲရတာဟာ
မချစ်ပဲနဲ့ ပေါင်းရတာထက်
ဒီလောကကြီးမှာ ပိုများပါတယ်
#လွမ်းပါလေရစ်သည်သောင်ငွေဦး
ကျွန်တော့်ဘဝမှာ စိတ်ကြီးဝင်စရာ
ဘာမှမရှိပါဘူး
ဒါပေမဲ့ သူမရဲ့အသံလေးကို
နားနဲ့ဆတ်ဆတ်ကြားရတဲ့ အချိန်မျိုးမှာတော့
ကျွန်တော်ဟာ ဘဝမေ့နေတတ်ပါတယ် ။
- မောင်သိန်းဇော်
ဘဝပဲခြားပါရစေ အချစ်ရေ
တစ်ကမ္ဘာထဲ
တစ်မိုးအောက် အတူရှင်သန်နေကြပြီး
နှစ်ကမ္ဘာမကွဲပါရစေနဲ့ ။
-နော်ယာ
အကြည့်ခံရတဲ့သူသာ မသိတာ ကြည့်တဲ့သူက ဒီမျက်ဝန်းလေးသာ တစိမ့်"ကြည့်ခွင့်ရရင် ဘယ်လိုများနေလိုက်မလဲမသိဘူးဆိုပြီးစိတ်ထဲပြောနေမိတာ
#မသိဘူး
လူနှစ်ယောက်ကျောခိုင်းကြတဲ့အခါ
လွမ်းစရာကတော့ ကျန်စမြဲပဲ မဟုတ်လား...။
အမှတ်တရဟာ အမှတ်ရချင်သူထံမှာတော့
မပျက်မယွင်းရှိနေဦးမှာ....။
#နွေအိမ်မောင်ဝင်း
#အချစ်ဦးရဲ့အချစ်ဦး
(၁)
ငါ မချစ်ရင်
မျက်လုံးချင်းလည်း မဆုံဘူး
အသားချင်းလည်း မထိဘူး
ငါ ချစ်ရင်
ဖြတ်ခနဲဆုံမိသွားတဲ့
မျက်ဝန်းလေးက အစ
မှေးစင်းသွားတဲ့ မျက်တောင်ကလေး အဆုံး။
(၂)
ငါ မချစ်ရင်
သူ့ ဒဏ်ရာ နဲ့ သူ
သူ့ တရား နဲ့ သူ
သူ့ ကြမ္မာဟာ ဒီတိုင်းပဲ
ငါ ချစ်ရင်
သူ့ မျက်ရည်ဟာ ငါ့ငရဲ
သူ့ တစ်မျက်နှာဟာ ငါ့ကမ္ဘာ။
(၃)
ငါ မချစ်ရင်
စက္ကန့်တွေ ကြာလွန်းတယ်
နေပူတယ် မိုးရွာတယ်
ငါ ချစ်ရင်
ကမ္ဘာ ဘယ်လိုလည်လည်
အချိန်ဘယ်လောက်ကြာကြာ
ငါစောင့်တယ် ငါစောင့်ခဲ့။
ငါချစ်ရင်
ကံကိုလည်း ယုံတယ်
ဘုရားကိုလည်း ယုံတယ်
ငါ့ကိုယ်ငါထက် မင်းကို ပိုခဲ့တယ်။
ငါ ချစ်ရင်
ငါ ချစ်ရင် ။ ။
#စိုင်းဝင်းမြင့်
