ar
Feedback
Yangon Social Sphere

Yangon Social Sphere

الذهاب إلى القناة على Telegram

တွေ့ဆုံခြင်းတွေအတွက် ကျေးဇူးတင်ရ ခွဲခွာခြင်းများကိုလည်း မငြင်းဆိုရ ။

إظهار المزيد
389
المشتركون
لا توجد بيانات24 ساعات
-17 أيام
-930 أيام
أرشيف المشاركات
ဒီရန်ကုန်မိုးနဲ့အတူ မိုးရွာတဲ့အချိန်တိုင်းတာ လွမ်းရမယ်ဆို ရူးသွားမလားအချစ်ရယ် #Zan

တစ်ယောက်ယောက်အလာကို ထိုင်စောင့်နေသလို ဟန်ဆောင်ပြီး ခုန်တန်းရှည်လေးမှာ တစ်ယောက်တည်း ထိုင်နေရတာလောက် နာကျင်ကြေကွဲမှုဆိုတာ ရှိပါဦးမလား ။ - မာဂရက်

စကားတစ်ခွန်းက လူနှစ်ယောက်ဝေးဖို့ထိ ဖြစ်သွားနိုင်သလို သစ္စာရှိပြီး အတူရှိသွားဖို့လဲ သေချာသွားနိုင်တယ် #Zen

ကမ္ဘာတစ်ခုလုံး ဆုံးရှုံးဖူးသူသာ ကမ္ဘာတစ်ခုလုံး ပြန်ရလိမ့်  ။ မောင်ချောနွယ်

ငါ့အဖြစ်က သားကောင်ရှာဖို့ တောထဲဝင်ရင်း သူ့ဘာသာ သီချင်းဆိုနေတဲ့ မိန်းမပျို‌လေးကို သွားတွေ့သလိုမျိုး ကံကြံရင်ဘာမဆိုဖြစ်တယ်ဆိုတဲ့ စကားကို ကျေးဇူးတင်ရသေးတယ်။ -သွယ်မြိတ်

ချစ်ခြင်းမေတ္တာရဲ့ ဘာသာရပ်မှာ သူရဲကောင်းတွေဟာ ခဏခဏ သေတယ် ...။ -သွယ်မြိတ်

လူတိုင်းမှာ အမှားမှန်းသိလို့ အကောင်းဆုံးနေထိုင်ဖို့ အခွင့်အရေးတစ်ခုတော့ရှိသင့်တယ်မလား #crd

လူတစ်ယောက်အပေါ် စိတ်ပိုင်းဆိုင်ရာ မှီခိုမိပြီ ထင်တယ် သူမရှိတဲ့အချိန်တွေဆို ပြုံးရယ် စရာကိစ္စမရှိသလိုပဲ သူနဲ့သာ အကြောင်းမရှိပြုံရယ်နိုင်ပြီး တစ်ခြားတစ်ယောက်နဲ့ မလုပ်နင်တဲ့ စိတ်ပိုင်းဆိုင်ရာမျိုး လွမ်းတယ်... အတူရှိရတဲ့အချိန်တွေနည်းပင်မဲ့ အချိန်တိုအတွင်းပျော်ရွှင်မှုဆိုတာမျိုး အပြည့်ခံစားရတယ် ကိုယ်မင်းကိုချစ်တယ် #zan

နက်နက်နဲနဲ မေတ္တာရှိမိလို့ နက်နက်ရှိုင်းရှိုင်း ခံစားရတာပါ ပြုစားခံရတယ်လို့ မပြောရက်ပါလေ ။ •သုယဉ်ညို

အပင်ကြီးလို့သာ နတ်ကွန်းဖြစ်လာတာ.. တကယ်ပြစရာ တန်ခိုးကမရှိဘူး။ -မင်းကိုနိုင်

ချစ်သူကို လွမ်းနေရတဲ့သူတွေရှိကြလား
Anonymous voting

တစ်ယောက်ယောက်ကို ရင်ထဲမှာ သိမ်းထားရင် မည်သူတစ်ဦးတစ်ယောက်ကိုမှ ချစ်ကြောင်းမပြောရဘူး ဒါဟာ ကိုယ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော ကိုယ့်ကို ချစ်မြတ်နိုးတဲ့လူတစ်ယောက်အပေါ်မှာရော စောင့်ထိန်းရမဲ့စည်းပဲ။ -ဖားစည်ရည်ကျော်

လွမ်းဖွယ်ရာတွေကို ကိုယ်မကြောက်ပါ နာကျည်းဖွယ်ရာတွေကိုတော့ ကိုယ် ကြောက်သည် #တိမ်ညိုအလွင့်လအမြင့်

ချစ်တာနဲ့မခွဲကြရဘူးလို့ ဒီလူမှုလောကကြီးက သဘောမနောကောင်းစွာနဲ့ ဥပ​ဒေတစ်ရပ်ချပေးထားတာမှ မဟုတ်ပဲ။ ချစ်လျက်နဲ့ ခွဲရတာဟာ မချစ်ပဲနဲ့ ပေါင်းရတာထက် ဒီလောကကြီးမှာ ပိုများပါတယ် #လွမ်းပါလေရစ်သည်သောင်ငွေဦး

ကျွန်တော့်ဘဝမှာ စိတ်ကြီးဝင်စရာ ဘာမှမရှိပါဘူး ဒါပေမဲ့ သူမရဲ့အသံလေးကို နားနဲ့ဆတ်ဆတ်ကြားရတဲ့ အချိန်မျိုးမှာတော့ ကျွန်တော်ဟာ ဘဝမေ့နေတတ်ပါတယ် ။ - မောင်သိန်းဇော်

ဘဝပဲခြားပါရစေ အချစ်ရေ တစ်ကမ္ဘာထဲ တစ်မိုးအောက် အတူရှင်သန်နေကြပြီး နှစ်ကမ္ဘာမကွဲပါရစေနဲ့ ။ -နော်ယာ

photo content

အကြည့်ခံရတဲ့သူသာ မသိတာ ကြည့်တဲ့သူက ဒီမျက်ဝန်း​လေးသာ တစိမ့်"ကြည့်ခွင့်ရရင် ဘယ်လိုများ​နေလိုက်မလဲမသိဘူးဆိုပြီးစိတ်ထဲ​ပြောနေမိတာ
အကြည့်ခံရတဲ့သူသာ မသိတာ ကြည့်တဲ့သူက ဒီမျက်ဝန်း​လေးသာ တစိမ့်"ကြည့်ခွင့်ရရင် ဘယ်လိုများ​နေလိုက်မလဲမသိဘူးဆိုပြီးစိတ်ထဲ​ပြောနေမိတာ #မသိဘူး

လူနှစ်ယောက်ကျောခိုင်းကြတဲ့အခါ လွမ်းစရာကတော့ ကျန်စမြဲပဲ မဟုတ်လား...။ အမှတ်တရဟာ အမှတ်ရချင်သူထံမှာတော့ မပျက်မယွင်းရှိနေဦးမှာ....။ #နွေအိမ်မောင်ဝင်း #အချစ်ဦးရဲ့အချစ်ဦး

(၁) ငါ မချစ်ရင် မျက်လုံးချင်းလည်း မဆုံဘူး အသားချင်းလည်း မထိဘူး ငါ ချစ်ရင် ဖြတ်ခနဲဆုံမိသွားတဲ့ မျက်ဝန်းလေးက အစ မှေးစင်းသွားတဲ့ မျက်တောင်ကလေး အဆုံး။ (၂) ငါ မချစ်ရင် သူ့ ဒဏ်ရာ နဲ့ သူ သူ့ တရား နဲ့ သူ သူ့ ကြမ္မာဟာ ဒီတိုင်းပဲ ငါ ချစ်ရင် သူ့ မျက်ရည်ဟာ ငါ့ငရဲ သူ့ တစ်မျက်နှာဟာ ငါ့ကမ္ဘာ။ (၃) ငါ မချစ်ရင် စက္ကန့်တွေ ကြာလွန်းတယ် နေပူတယ် မိုးရွာတယ် ငါ ချစ်ရင် ကမ္ဘာ ဘယ်လိုလည်လည် အချိန်ဘယ်လောက်ကြာကြာ ငါစောင့်တယ် ငါစောင့်ခဲ့။ ငါချစ်ရင် ကံကိုလည်း ယုံတယ် ဘုရားကိုလည်း ယုံတယ် ငါ့ကိုယ်ငါထက် မင်းကို ပိုခဲ့တယ်။ ငါ ချစ်ရင် ငါ ချစ်ရင် ။ ။ #စိုင်းဝင်းမြင့်

Yangon Social Sphere - إحصائيات وتحليلات قناة تيليجرام @julius_ze