149
Підписники
Немає даних24 години
-27 днів
-630 день
Архів дописів
ကျွန်တော် "နှင်းရိုင်း" ရဲ့ channel လေးပါဗျ ကူ join ပေးကြပါအုံး
https://t.me/fanny7703
တစ်လောကလုံးကိုကျောခိုင်းပြီး
မင်းရှိတဲ့အရပ်ကိုမျက်နှာမူတယ်...
ဘုရားဟောတဲ့တရားတော်တွေလျစ်လျူရှု့ပြီး
မင်းစကားကိုနားယောင်တယ်...
နိဗ္ဗာန်ဆိုတာအဝေးကြီးပါပဲ
မင်းအပြုံးလေးသာရှိရင်
ကိုယ့်ကမ္ဘာမှာအောက်စီဂျင်တွေမလိုဘူးအချစ်ရဲ့...
နှင်းရိုင်း🌻
တစ်ရက်ကွက်လုံး
မိုက်တဲ့ကောင်ထွက်ခဲ့ဆိုတဲ့ကောင်
"မောင်"လို့ခေါ်သံလေးကြားတော့
လက်ကြားကစီးကရက်လေးပစ်ချရင်း
"ဗျာ" တဲ့
လူမိုက်ကြီးဘယ်မှာရှုံးလဲဆို
"မောင်နော်"ဆိုတဲ့
မျက်စောင်းလှလှလေးမှာစပြီးရှုံးတာပဲ...
နှင်းရိုင်း🌻
မင်းလက်တစ်ဖက်ကို
ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို အပိုင်ရပြီး
မင်းဘက်ကလက်မလွှတ်နိုင်မှန်းသိရတဲ့အခါ
ကမ္ဘာတစ်ခုလုံးကို အပိုင်ရခဲ့တယ်...
နှင်းရိုင်း🌻
"တုံးဆိုတိုက် ကျားဆိုကိုက်"
မယ့်ကောင်ပါ
"မောင်"လို့ခေါ်သံလေးတွေအောက်မှာတော့
ခေါင်းလေးငုံ့ပြီး
သောက်လက်စ စီးကရက်လေး
သူမမြင်အောင်လွှင့်ပစ်ခဲ့ဖူးတယ်ဗျ...
နှင်းရိုင်း🌻
ဒီနေ့အသိညီလေးတစ်ယောက်နဲ့လမ်းမှာတွေ့တော့
သူက "အကို ဆိုင်သွားမလို့လား"တဲ့
"မဆိုင်သွားပါဘူးငါ့ညီရာ သူလဲသူ့ဘ၀နဲ့သူ ကိုယ်လဲကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ"လို့ပြန်ပြောလိုက်တာ
ခေါင်းလေးငိုက်ပြီးဘာမှတောင်ပြန်မပြောနိုင်ရှာဘူး
သူ့မှာလဲရင်နာစရာဇာတ်လမ်းလေးတစ်ပုဒ်ရှိဖူးတယ်ထင်ပါရဲ့...
နှင်းရိုင်း🌻
ချစ်မိမှတော့ပိုင်ဆိုင်ချင်တာပေါ့အစ်မရယ်
နှဖူးထက်ကဆံနွယ်လေးကအစ
ခြေဖဝါးအောက်က ကတ္တီပါဖိနပ်လေးတိုင်
ကျွန်တော်မြတ်နိုးပါတယ်...
နှင်းရိုင်း🌻
ကိုယ့်ဘေးနားမင်းရှိနေရုံနဲ့
အရာရာအဆင်ပြေသွားတာတော့
ဘယ်ဟုတ်ပါ့မလဲအချစ်ရယ်
ကိုယ့်နားမှာမင်းရှိရင်
ဘယ်လိုအရာကိုမဆို
ရင်ဆိုင်ဖို့အင်အားရှိသွားတာမျိုးပေါ့...
နှင်းရိုင်း🌻
လွမ်းတာပေါ့
ပြေးတွေ့ချင်တာပေါ့
ဖက်ထားချင်တာပေါ့ ကိုလှဖေရယ်
ဒါပေမယ့်
ကျွန်တော်တို့နှစ်ယောက်ကြားမှာ
နံရံလေးခြားနေတာမှမဟုတ်တာ
အဲ့ဒီ "အကို" ဆိုတဲ့ကောင်ခြားနေတာဗျ...
နှင်းရိုင်း🌻
နေသားကျ တယ်ဆိုတာ
နေနိုင်သွားတာကိုပြောတာမဟုတ်ဘူး အချစ်ရဲ့
တကယ် ပြန်မလာတော့ဘူးဆိုတဲ့ အသိနဲ့
နာကျင်မှုဒဏ်ကို ခံနိုင်သွားတယ်ဆိုရုံပဲ ။
-ရိပ်ငြိမ်
မဆက်သွယ်တော့တာဟာ
နေနိုင်လို့မဟုတ်ကြောင်း
ကြုံရာလေညှင်းနဲ့သတင်းပါးလိုက်ပါတယ်
စကားတွေအများကြီး
လာမပြောဖြစ်တော့တာကလွဲရင်
အရင်လိုအရိပ်တကြည့်ကြည့်ပါပဲ...
နှင်းရိုင်း🌻
ငယ်သူကို သနား
ရွယ်တူကို လေးစားတဲ့
ကြီးသူကိုကျမှ ချစ်မိသွားတာ
အပြစ်ဖြစ်နေမလား
နှဖူးပေါ်ကဆံစလေးတွေကို
စိတ်နဲ့သပ်မိရင်
ငရဲကြီးတတ်ပါသလား မမ ။
နှင်းရိုင်း🌻
တစ်ခုခုဆိုရင်နောက်ကိုပြန်ကြည့်နေရတဲ့ဘ၀မှာနေရတာ
စိတ်ကုန်လာပြီ
တစ်ခါတစ်လေကျရင်
"ငါသာပြည့်စုံတဲ့မိသားစုမှာမွေးလာခဲ့ရင်"ဆိုတဲ့
အတွေးမျိုးတွေ၀င်မိတယ်
အဆင်မပြေတာတွေ
လုပ်ချင်တဲ့အရာတွေကိုမြိုသိမ့်ရတာတွေ
တဖြည်းဖြည်းပင်ပန်းနေပြီ...
နှင်းရိုင်း🌻
ချစ်သူမျက်နှာတစ်ခါညှိုးရင်
သေမင်းလဲစစ်ခင်းရမှာပဲ
ဟစ်တလာ မသိမ်းနိုင်တဲ့ကမ္ဘာတစ်ခြမ်း
သိမ်းပြမယ်လို့တော့
မတည်နိုင်တဲ့ကတိတွေ
မပေးချင်ပါဘူးအချစ်ရယ်
ကိုယ်ကလက်တွေ့သမားလေ
ညစာလဲ ချက်ပါ့မယ်
လစာလဲ အပ်ပါ့မယ်...
နှင်းရိုင်း🌻
အားကျပါတယ်ညီလေးရာ
မင်းလွယ်လွယ်ရခဲ့တဲ့အရာဟာ
အစ်ကိုဒူးထောက်လက်မြှောက်ခဲ့တာတောင်
ရောင်ပြန်မဟပ်ခဲ့တဲ့မေတ္တာတွေကွ...
နှင်းရိုင်း🌻
လူကုံထံသီးသန့် နမ်းမယ့်ပန်းကို
တပ်မက်ခဲ့မိသူပါ မမ
ငွေမရှိတဲ့ကောင်မို့
ဒီပွဲမှာလဲ မောင်ရှုံးပါတယ်
နှင်းရိုင်း🌻
ငယ်သူကို သနား
ရွယ်တူကို လေးစား တဲ့
ကြီးသူကိုကျမှ ချစ်မိသွားတာ
အပြစ်ဖြစ်နေမလား
နှဖူးပေါ်ကဆံနွယ်လေးတွေကို
လက်နဲ့သပ်မိရင်
ဂရဲကြီးတတ်ပါသလား မမ...
နှင်းရိုင်း🌻
နောက်တစ်ကြိမ်တစ်ခါ
သို့မဟုတ် အကြိမ်ကြိမ်အခါခါ
ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်
သို့သော် မင်းကိုငါချစ်တယ် ။
-အောင်ချိမ့်
