ar
Feedback
အက္ခရာရပ်ဝန်းငယ်

အက္ခရာရပ်ဝန်းငယ်

الذهاب إلى القناة على Telegram

إظهار المزيد
Myanmar42 079الفئة غير محددة
149
المشتركون
لا توجد بيانات24 ساعات
-27 أيام
-630 أيام
أرشيف المشاركات
ကျွန်တော် "နှင်းရိုင်း" ရဲ့ channel လေးပါဗျ ကူ join ပေးကြပါအုံး https://t.me/fanny7703

Repost from N/a
ကဗျာနဲ့စိတ်အ‌မောပြေစရာဟာသလေးတွေဖတ်ချင်ရင် join ထားကြပါဗျ

တစ်လောကလုံးကိုကျောခိုင်းပြီး မင်းရှိတဲ့အရပ်ကိုမျက်နှာမူတယ်... ဘုရားဟောတဲ့တရားတော်တွေလျစ်လျူရှု့ပြီး မင်းစကားကိုနားယောင်တယ်... နိဗ္ဗာန်ဆိုတာအဝေးကြီးပါပဲ မင်းအပြုံးလေးသာရှိရင် ကိုယ့်ကမ္ဘာမှာအောက်စီဂျင်တွေမလိုဘူးအချစ်ရဲ့... နှင်းရိုင်း🌻

တစ်ရက်ကွက်လုံး မိုက်တဲ့ကောင်ထွက်ခဲ့ဆိုတဲ့ကောင် "မောင်"လို့ခေါ်သံလေးကြားတော့ လက်ကြားကစီးကရက်လေးပစ်ချရင်း "ဗျာ" တဲ့ လူမိုက်ကြီးဘယ်မှာရှုံးလဲဆို "မောင်နော်"ဆိုတဲ့ မျက်စောင်းလှလှ‌လေးမှာစပြီးရှုံးတာပဲ... နှင်းရိုင်း🌻

မင်းလက်တစ်ဖက်ကို ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို အပိုင်ရပြီး မင်းဘက်ကလက်မလွှတ်နိုင်မှန်းသိရတဲ့အခါ ကမ္ဘာတစ်ခုလုံးကို အပိုင်ရခဲ့တယ်... နှင်းရိုင်း🌻

"တုံးဆိုတိုက် ကျားဆိုကိုက်" မယ့်ကောင်ပါ "မောင်"လို့ခေါ်သံလေး‌တွေအောက်မှာတော့ ခေါင်းလေးငုံ့ပြီး သောက်လက်စ စီးကရက်လေး သူမမြင်အောင်လွှင့်ပစ်ခဲ့ဖူးတယ်ဗျ... နှင်းရိုင်း🌻

ဒီနေ့အသိညီလေးတစ်ယောက်နဲ့လမ်းမှာတွေ့တော့ သူက "အကို ဆိုင်သွားမလို့လား"တဲ့ "မဆိုင်သွားပါဘူးငါ့ညီရာ သူလဲသူ့ဘ၀နဲ့သူ ကိုယ်လဲကိုယ့်ဘ၀နဲ့ကိုယ်ပါပဲ"လို့ပြန်ပြောလိုက်တာ ခေါင်းလေးငိုက်ပြီးဘာမှတောင်ပြန်မပြောနိုင်ရှာဘူး သူ့မှာလဲရင်နာစရာဇာတ်လမ်းလေးတစ်ပုဒ်ရှိဖူးတယ်ထင်ပါရဲ့... နှင်းရိုင်း🌻

ချစ်မိမှတော့ပိုင်ဆိုင်ချင်တာပေါ့အစ်မရယ် နှဖူးထက်ကဆံနွယ်လေးကအစ ခြေဖဝါးအောက်က ကတ္တီပါဖိနပ်လေးတိုင် ကျွန်တော်မြတ်နိုးပါတယ်... နှင်းရိုင်း🌻

ကိုယ့်ဘေးနားမင်းရှိနေရုံနဲ့ အရာရာအဆင်ပြေသွားတာတော့ ဘယ်ဟုတ်ပါ့မလဲအချစ်ရယ် ကိုယ့်နားမှာမင်းရှိရင် ဘယ်လိုအရာကိုမဆို ရင်ဆိုင်ဖို့အင်အားရှိသွားတာမျိုးပေါ့... နှင်းရိုင်း🌻

လွမ်းတာပေါ့ ပြေးတွေ့ချင်တာပေါ့ ဖက်ထားချင်တာပေါ့ ကိုလှဖေရယ် ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ကြားမှာ နံရံလေးခြားနေတာမှမဟုတ်တာ အဲ့ဒီ "အကို" ဆိုတဲ့ကောင်ခြားနေတာဗျ... နှင်းရိုင်း🌻

နေသားကျ တယ်ဆိုတာ နေနိုင်သွားတာကိုပြောတာမဟုတ်ဘူး အချစ်ရဲ့ တကယ် ပြန်မလာတော့ဘူးဆိုတဲ့ အသိနဲ့ နာကျင်မှုဒဏ်ကို ခံနိုင်သွားတယ်ဆိုရုံပဲ ။ -ရိပ်ငြိမ်

မဆက်သွယ်တော့တာဟာ နေနိုင်လို့မဟုတ်ကြောင်း ကြုံရာလေညှင်းနဲ့သတင်းပါးလိုက်ပါတယ် စကားတွေအများကြီး လာမပြောဖြစ်တော့တာကလွဲရင် အရင်လိုအရိပ်တကြည့်ကြည့်ပါပဲ... နှင်းရိုင်း🌻

သတိရတယ် ပြန်မလိုချင်လောက်အောင်စိတ်နာမိတာကလွဲရင် တကယ်သတိရတယ်... နှင်းရိုင်း🌻

ငယ်သူကို သနား ရွယ်တူကို လေးစားတဲ့ ကြီးသူကိုကျမှ ချစ်မိသွားတာ အပြစ်ဖြစ်နေမလား နှဖူးပေါ်ကဆံစလေးတွေကို စိတ်နဲ့သပ်မိရင် ငရဲကြီးတတ်ပါသလား မမ ။ နှင်းရိုင်း🌻

တစ်ခုခုဆိုရင်နောက်ကိုပြန်ကြည့်နေရတဲ့ဘ၀မှာနေရတာ စိတ်ကုန်လာပြီ တစ်ခါတစ်လေကျရင် "ငါသာပြည့်စုံတဲ့မိသားစုမှာမွေးလာခဲ့ရင်"ဆိုတဲ့ အတွေးမျိုးတွေ၀င်မိတယ် အဆင်မပြေတာတွေ လုပ်ချင်တဲ့အရာတွေကိုမြိုသိမ့်ရတာတွေ တဖြည်းဖြည်းပင်ပန်းနေပြီ... နှင်းရိုင်း🌻

ချစ်သူမျက်နှာတစ်ခါညှိုးရင် သေမင်းလဲစစ်ခင်းရမှာပဲ ဟစ်တလာ မသိမ်းနိုင်တဲ့ကမ္ဘာတစ်ခြမ်း သိမ်းပြမယ်လို့တော့ မတည်နိုင်တဲ့ကတိတွေ မပေးချင်ပါဘူးအချစ်ရယ် ကိုယ်ကလက်တွေ့သမားလေ ညစာလဲ ချက်ပါ့မယ် လစာလဲ အပ်ပါ့မယ်... နှင်းရိုင်း🌻

အားကျပါတယ်ညီလေးရာ မင်းလွယ်လွယ်ရခဲ့တဲ့အရာဟာ အစ်ကိုဒူးထောက်လက်မြှောက်ခဲ့တာ‌တောင် ရောင်ပြန်မဟပ်ခဲ့တဲ့မေတ္တာတွေကွ... နှင်းရိုင်း🌻

လူကုံထံသီးသန့် နမ်းမယ့်ပန်းကို တပ်မက်ခဲ့မိသူပါ မမ ငွေမရှိတဲ့ကောင်မို့ ဒီပွဲမှာလဲ‌ မောင်ရှုံးပါတယ် နှင်းရိုင်း🌻

ငယ်သူကို သနား ရွယ်တူကို ‌လေးစား တဲ့ ကြီးသူကိုကျမှ ချစ်မိသွားတာ အပြစ်ဖြစ်နေမလား နှဖူးပေါ်ကဆံနွယ်လေးတွေကို လက်နဲ့သပ်မိရင် ဂရဲကြီးတတ်ပါသလား မမ... နှင်းရိုင်း🌻

နောက်တစ်ကြိမ်တစ်ခါ သို့မဟုတ် အကြိမ်ကြိမ်အခါခါ ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ် သို့သော် မင်းကိုငါချစ်တယ် ။ -အောင်ချိမ့်