Let's Answer
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️
Показати більше📈 Аналітичний огляд Telegram-каналу Let's Answer
Канал Let's Answer (@letsanswerch) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 893 підписників, посідаючи 16 917 місце в категорії Освіта та 10 394 місце у регіоні М'янма.
📊 Показники аудиторії та динаміка
З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 893 підписників.
За останніми даними від 23 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -1 079, а за останні 24 години на -21, загальне охоплення залишається високим.
- Статус верифікації: Не верифікований
- Рівень залученості (ER): Середній показник залученості аудиторії становить 6.50%. Протягом перших 24 годин після публікації контент зазвичай збирає 2.81% реакцій від загальної кількості підписників.
- Охоплення публікацій: В середньому кожен допис отримує 773 переглядів. Протягом першої доби публікація в середньому набирає 334 переглядів.
- Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 4.
📝 Опис та контентна політика
Автор описує ресурс як майданчик для висловлення суб'єктивної думки:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗
❣️ 12.10.2022 ❣️”
Завдяки високій частоті оновлень (останні дані отримано 24 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.
ကမ္ဘာမှာ ပထမဆုံး လေလံပွဲ
ဘာကြောင့် လူသေရင် ၃ ရက်ထားကြတာလဲ....
ဒီ ဓလေ့ဟာ သီရိမာ ဆိုတဲ့အမျိုးသမီးက စတင်တာပါ။ သီရိမာဆိုတာ ပြည့်တန်ဆာတစ်ဦး သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်။
သူ့ကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်....
ဥတ္တရာရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး
သံဃာ ၈ပါးကိုနေ့စဉ် ဆွမ်းလှူခဲ့တယ်...
သူမေသဆုံးသြားတဲ့အခါ သူမကို
ချက်ချင်းမြေမမြှပ်စေပဲ လင့်စင်ထိုးပြီး သုဿန်မှာ ၃ရက်ထားစေဖို့ မြတ်စွာဘုရားရှင်က ဗိဗ္ဗိသာရမင်းကြီးကို မှာကြားခဲ့တယ်....
၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုပ်ပွဲကို လာရောက်ကြည့်ရှု့ရမည်၊
ပျက်ကွက်ပါကဒဏ်ငွေ ပေးဆောင်ရမည်ဆိုပြီး မောင်းလှည့်ခတ်စေတယ်....
ဘုရားကလည်း သံဃာအားလုံး လာရောက်၍ ကြည့်ရှု့ရမည်ဟုအမိန့်ထုတ်တယ်။၃ ရက်မြောက်တဲ့နေမှာ သီရိမာရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊
ဒွာရပေါက် အပေါင်းမှစီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်းထနေခဲ့ပြီ...
အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလေလံပွဲကို စတင်ပါတယ်။
သီရိမာကို လိုချင်တဲ့သူရှိရင် အဿ ပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။
တစ်ယောက်မှ မလှုပ်ကြပါ...
ဒါနဲ့ ၅၀၀ ...၂၅၀... ၁၀၀ ...၅၀ ... အလကားပေးမယ်ဆိုတာတောင် မယူကြတော့ဘူး...
ဒီတော့ နောက်တစ်မျိုးပြောင်းပြီ... သီရိမာကို ကြင်ကြင်နာနာ နဲ့ ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ်ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး...
အဲဒီတော့မှ ဗုဒ္ဓဘုရားရှင်က မရဏသဘောကိုတရားဟောတယ်၊ အားလုံးကိုလည်း သရဏံဂုံတင်ပေးတယ်...လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ....
အဲဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘရှုတဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။
မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ..ယခုအခါမှားယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြတယ်...
နောက်တစ်ခုကမသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတာကို မသာတစ်ခေါက်ပို့ခြင်းဟာ ကျောင်း ဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်...
တကယ်က မသာတစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်းကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ....
Credit သုတ
#Knowledge
#Rubyဖား သည် ကုန်းနေရေနေသတ္တဝါဖြစ်သည်။ ရှည်လျားသော နောက်ခြေ၊ တိုတောင်းသောခန္ဓာကိုယ်၊ ဆက်စပ်နေလောလက်ချောင်းနှင့် ခြေချောင်းများ၊ ပြူးကျယ်နေသောမျက်လုံးနှင့် အမြီးမရှိခြင်းတို့ သည် ဖား၏ ထင်ရှားသော လက္ခဏာများဖြစ်သည်။ ဖားများသည် ရေတစ်ဝက် ကုန်းတစ်ဝက်နေတတ်သော သဘာဝရှိပြီး ကုန်းပေါ်တွင် ခုန်ခြင်း တွယ်ကပ်ခြင်းတို့ဖြင့် ရွေ့လျားသွားလာကြသည်။ သူတို့သည် ပုံမှန်အားဖြင့် ဥများကို ရေအိုင်ငယ်လေးများ၊ ရေအိုင်များနှင့် ကန်များတွင် ဥတတ်ကြသည်။ သူတို့၏ အကောင်လောင်း(larvae) များကို ဖားလောင်းများ(tadpoles) ဟုခေါ်ကြပြီး ပါးဟက်များရှိကာ ရေထဲတွင် ကြီးထွားကြသည်။ ဖားအကောင်ကြီးများသည် အသားစားသတ္တဝါများဖြစ်ပြီး သူတို့၏ အစာမှာ arthropods, annelids နှင့် gastropods တို့ဖြစ်သည်။ ဖားများကို နေ့ဖြစ်စေ ညဖြစ်စေ သူတို့၏အသံဖြင့် သတိပြု နိုင်ပြီး အထူးသဖြင့် မိတ်လိုက်သည့်ရာသီတွင် ပို၍ ကြားရလေ့ရှိသည်။
#Venn
#Knowledge
#Crdအချို့သော အံ့အားသင့်ဖွယ်ကောင်းတဲ့ အဓိကအချက်တွေကို အောက်မှာဖော်ပြထားပါတယ။် ကဲ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်လေးတို့ ကြည့်လိုက်ရအောင်။
ဝက်ခြံတွေထွက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းတွေကို နားလည်ထားရမှာက ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပြီး ဒီလိုနားလည်တာကပဲ ဝက်ခြံတွေကို ရင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံတကာလေ့လာသူများရဲ့ သုံးသပ်ချက်အရ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်း ၁၁ချက် ကို ဖော်ပြထားပေးပါတယ်။
. ဝက်ခြံပေါက်ရခြင်း အကြောင်းရင်း ၁ : မျက်နှာကို ထိကိုင်ခြင်း
ဒါကတော့ အတော်အံ့သြဖို့ကောင်းပါတယ်။ ဒါပေမယ့် သင့်မျက်နှာကို တစ်နေ့လုံးအဆက်မပြတ် ထိနေကိုင်နေခြင်းက ခန္ဓါကိုယ်တစ်ခုလုံးမှာ အညစ်ပတ်ဆုံး ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အများစု သတိမမူဘဲ လုပ်မိတတ်ကြတဲ့ အရာတစ်ခုဖြစ်ပြီး မေးစေ့နဲ့ မေးရိုးတွေမှာ ဝက်ခြံတွေပေါက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ နေ့ခင်းပိုင်းတွေမှာ မျက်နှာကို အမြဲတမ်းမကိုင်နေမိအောင် သတိထားနေကြည့်ပါ။ လက်ကိုင်ဖုန်းတွေကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပါ။ (နားကြပ်တပ်ပြောတာက ပိုကောင်းပါတယ်။ ) သင့်လက်ကိုင်ဖုန်းကို ကိုင်ပြီး ဖုန်းပြောတဲ့အခါ မျက်နှာနဲ့ထိနေတာကလည်း ဘက်တီးရီးယားတွေကိုပြန့်ပွားစေပြီး ပါးပေါ်မှာ ဝက်ခြံတွေပေါက်လာစေနိုင်ပါတယ်။
#Venn
#Knowledge
#Crdဗိဿနိုးမြို့ဟောင်းသည် မကွေးခရိုင် တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၁ မိုင်ခန့်ကွာဝေးသော ကုက္ကိုခွရွာ၏ မြောက်ဘက်တွင် ကပ်လျက်တည်ရှိသော ပျူမြို့ဟောင်းတစ်ခုဖြစ်သည်။ တောင်တွင်းကြီးမှ မကွေးမြို့သို့သွားသော မော်တော်ကားလမ်းသည် ဗိဿနိုးမြို့၏ အရှေ့တောင်ထောင့်၌ ရှိသည့် မြို့ရိုးနှစ်ဖက်ကို ဖောက်ထွင်းသွားသည်။ ၅ ပေခန့် အမြင့်သာလျှင် ကျန်ရစ်သော အုတ်မြို့ရိုးသည် ဗိဿနိုးမြို့၏ မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်တို့၌သာ စတုရန်း မကျတကျ ဝိုင်းရံလျက်ရှိသည်။ မြို့ရိုးတစ်ဖက်၏ အလျားသည် ၁ မိုင်နှင့် ၆ ဖာလုံခန့်မျှ ရှည်လျားသည်။ အနောက်ဘက်၌ကား မြို့ရိုးအစအနကိုမျှ မတွေ့ရချေ။ ယခုအခါ တွေ့ရသော အင်းကြီးနှင့် ကြိုးကြာကန်တို့သည် ရှေးယခင်က ဆက်စပ်နေ၍ အနောက်ဘက်မှ ရေကျုံးသဖွယ် တည်ရှိခဲ့ဟန်တူသည်။ မြို့တွင်း၌ ကုန်းမြေသည် အရှေ့မှ အနောက်သို့ အတန်ငယ် လျောဆင်းနေသည်မှ အပ ပတ်ဝန်းကျင်တဝိုက်မှာ ပြန့်ပြူးလျက်ရှိသည်။ မြို့ရိုးအတွင်း၌ကား အနောက်မြောက်ထောင့်၌ တည်ရှိသော အင်းရွာကြီးသာလျှင် လူနေရပ်ကွက်အဖြစ် မြင်ရလေသည်။ မြို့ရိုးမှာ မူလ၌ တဖက်တွင် မြို့ပေါက် ၃ ပေါက်စီရှိသော်လည်း ယခုအခါ လှည်းလမ်းကြောင်းများ ဖောက်ထားသော အပေါက်ငယ်များကြောင့် ပျက်စီးပိုင်းပြတ်လျက် ရှိသည်။ မြို့၏ အလယ်ဗဟိုမှ အနောက်မြောက်သို့ အနည်းငယ်ယွန်းသော နေရာတွင် တောင်မြောက် အလျား ကိုက် ၅၀၀ ခန့်နှင့် အရှေ့အနောက် အနံ ကိုက် ၄၀၀ ခန့်ရှိသည့် အုတ်ရိုးဟောင်းမို့မို့ ဝိုင်းရံနေသော နေရာမှာ နန်းတော်ကုန်း ဖြစ်သည်ဟု အဆိုရှိသည်။ နန်းတော်ကုန်းပေါ်၌ အုတ်ရိုးအကန့်များနှင့် အဆောက်အအုံဟောင်း နေရာများဖြစ်သော အုတ်ကုန်းနိမ့်နိမ့် အနည်းငယ်ရှိ၍ မြို့ရိုးကြီးအတွင်းတွင် နေရာအနှံ့အပြား၌ အဆောက်အအုံ အပြိုအပျက်များဖြစ်သည့် ကုန်းဟောင်းဦးရေ (၁၀၀)နီးပါးရှိလေသည်။
ဗိဿနိုးမြို့ သမိုင်းဟူ၍ သီးခြားမတွေ့ရသော်လည်း တောင်တွင်းကြီး သမိုင်း၏ ရှေ့ပိုင်းတွင်ကား ဗိဿနိုးမြို့အကြောင်းကို အကျယ်တဝင့် ဖော်ပြထားသည်ကို ဖတ်ရှုနိုင်သည်။ ထိုသမိုင်း၏ အဆိုအရ မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော စန္ဒမုခိဘီလူးမတွင် လက်ကို ကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဘက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုသည်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထား၍ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌ နေသည့် ဗိဿနိုးနတ်မင်းက ရှေးဘဝ၌ မောင်နှမတော်သဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်း၍ အမျိုးသမီးအား အပ်နှင်းလေသည်။ ပန်ထွာမင်းသမီး စိုးစံသော ဗိဿနိုးမြို့ကို (သရေခေတ္တရာမြို့)ကို အုပ်စိုးသည့် ဒွတ္တပေါင်မင်းကြီးက ဥပါယ်တံမျဉ်ဖြင့် ကြံစည်၍ မင်းသမီးကိုပါ ခေါ်ဆောင်သွားကြောင်း ဖော်ပြပါရှိသည်။
သရေခေတ္တရာမြို့တွင် ဗိဿနိုးမိဖုရားသင်္ချိုင်းနေရာ တည်ရှိခြင်း၊ မြို့ဟောင်း နှစ်ရပ်လုံးတွင် မြို့ရိုး၊ ပြအိုး အပြိုအပျက်တို့ကို ဒိဋ္ဌတွေ့မြင်နိုင်ခြင်းတို့ကို ထောက်လျှင် တချိန်တခါက ဤမြို့နှစ်မြို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့သည်ဟု ယူဆရသည်။ သရေခေတ္တရာမြို့၌ မှီတင်းနေထိုင်ကြသူများအနက် ပျူလူမျိုးတို့ ပါဝင်ကြောင်းနှင့် ထိုပျူလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွင် အဓိက အချက်များမှာ လူများသေဆုံးပြီးနောက်တွင် မီးသင်္ဂြိုဟ်၍ အရိုးနှင့်ပြာများကို မြေအရိုးအိုးတို့တွင် ထည့်သွင်းမြှုပ်နှံခြင်းနှင့် ပျူဒင်္ဂါးဟု ယခုခေါ်စမှတ်ပြုသည့် အမှတ်လက္ခဏာများ ပါရှိသည့် ငွေပြားဝိုင်းကလေးများကို အသုံးပြုခြင်းကို အထောက်အထား ခိုင်လုံစွာ လေ့လာသိရှိပြီး ဖြစ်သည်။
#Credit
#Knowledge
#Ruby
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
