ru
Feedback
Let's Answer

Let's Answer

Открыть в Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Больше

📈 Аналитический обзор Telegram-канала Let's Answer

Канал Let's Answer (@letsanswerch) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 11 893 подписчиков, занимая 16 917 место в категории Образование и 10 394 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 11 893 подписчиков.

Согласно последним данным от 23 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -1 079, а за последние 24 часа — -21, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.50%. В первые 24 часа после публикации контент обычно набирает 2.81% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 773 просмотров. В течение первых суток публикация набирает 334 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 4.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Благодаря высокой частоте обновлений (последние данные получены 24 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Образование.

11 893
Подписчики
-2124 часа
-2027 дней
-1 07930 день
Архив постов
မြန်မာတစ်နိုင်ငံလုံး၏ အပူချိန် အမြင့်ဆုံးမြို့ကို ဖြေပါ။ #Zack
Anonymous voting

တန်ခူးလပြည့်နေ့သည် မည်သည့်အခါတော်နေ့ ဖြစ်သနည်း။ #Zack
Anonymous voting

ကုံလုံပြည့်ဝခြင်း၊စူးရှထက်မြက်စွာ မြင်တတ်ခြင်း၊ရဲရင့်ခြင်း ရှိရုံမက တရားမျှတသော စိတ်ထားလည်း ရှိရန် လိုပေသည်။အပြစ်သက်သက်ဖော်ပြရုံဖြင့် ဝေဖန်စာမမည်သေးပေ။အပြစ်ပြရာတွင်လည်း အကြောင်းပြချက်များရှိရပေမည်။အကျိုးပြရာ၌လည်း အကြောင်းပြချက် ခိုင်လုံရပေမည်။'' တချို့သော ဝေဖန်ရေးဆရာတို့၏ စာပေနှင့်ပတ်သက်၍ ဆရာလင်းယုန်သစ်လွင်ကမူ ''ယနေ့စာပေနှင့်စာရေးဆရာတို့၏ အမြင်'' စာအုပ်ပါ ယနေ့စာပေဝေဖန်ရေးနှင့်စာပေလှုပ်ရှားမှု ဆောင်းပါးတွင် ဤသို့ ဆိုထားသည်။ "အချို့သော ဝေဖန်ရေးအမည်ခံလူတစ်စု၏စာများမှာမူ အာဃာတသဘောထားများ၊ချိုးနှိမ်လိုစိတ်များ၊လူတွင်ကျယ်လုပ်လိုမှုများ၊လူစုဖွဲ့လိုမှုများ၊ဖုံးကွယ်လိုစိတ်များ၊ထင်ပေါ်လိုမှုများ၊အစွန်းတစ်ဖက်သို့ ရောက်လွန်းခြင်းများဖြင့် ဝေဖန်ရေးမပီသသော စိတ်ပျက်ဖွယ်ရာအချက်များကို တွေ့မြင်ရပေသည်။''ဆက်လက်၍ ဝေဖန်ရေးစစ်စစ်သည် အနှစ်သာရရှိသော ဝေဖန်ဆွေးနွေးချက်များ၊နည်းပေးလမ်းညွှန်များ၊နှိုင်းယှဥ်ကိုးကားချက်များပါရှိသင့်ကြောင်း ဆိုလေသည်။ ယင်းကဲ့သို့ စာပေဝေဖန်ရေးသာမက အခြားသော နိုင်ငံရေး စီးပွားရေး ကျန်းမာရေး အစရှိသည့် နယ်ပယ်အသီးသီးတွင်လည်း အပြုသဘောဆောင်သော စစ်မှန်သော ဝေဖန်ရေးသည် လိုအပ်ပေသည်။ထို့ပြင် စစ်မှန်သော ဝေဖန်ရေးကို သဘောတူလက်ခံခြင်း မပြုနိုင်သည့်တိုင်အောင် ၎င်းအရာကို ဖော်ပြခွင့်ရှိသည့်အတိုင်း ဖော်ပြစေသင့်ပါသည်။လွတ်လပ်စွာ ဖော်ပြခွင့်သည် ကောင်းကျိုးများစွာကို ပေးစေတတ်၏။စစ်မှန်သော ဝေဖန်မှု၌ ချီးမွမ်းခြင်း ကဲ့ရဲ့ပြစ်တင်ခြင်းတို့သည် ရည်ရွယ်ချက်များ မဟုတ်ပေ။တော်မှန်တိကျစွာ ခွဲခြါးဝေဖန်မှု၊အကောင်းအဆိုးတို့ကို အခိုင်အမာဖော်ပြမှု၊ပညာရှိပီပီ ပြဌန်းချက်ပြုမှု၊ဂုဏ်ပြုအပ်လျှင် အဂတိမလိုက်ဘဲ ချီးကျူးဂုဏ်ပြုမှုတို့သည်သာလျှင် ဝေဖန်အကဲဖြတ်မှု၏ စစ်မှန်သော ရည်ရွယ်ချက်များပင် ဖြစ်သည်။ ခိုင်မြဲသူယျ ကိုးကား(မြဇင်၊တက်တိုး-ဝေဖန်ရေးစာပေ စာတမ်းများ) #thadar #Myanmar Vocab

ပရိုကရပ်စ်တီး၏ ပြုမူချက်ကဲ့သို့ ပြုလာကြချေသည်။''ဟု ဆိုသည်။ပရိုကရပ်စ်တီးသည် ရှေးခေတ်က ဂရိ ဓါးပြဗိုလ်ကြီးဖြစ်သည်။သူသည် ဖမ်းမိသောသူတို့ကို အိပ်ရာခုတင်ပေါ်တွင် လဲလျောင်းခိုင်းပြီးလျှင် ခုတင်ထက် အရပ်ရှည်သူတို့၏ ခြေထောက်တို့ကို ခုတင်အလျားနှင့်ညီအောင် ဖြတ်ပစ်ခြင်း၊အရပ်ပုသူတို့၏ ခြေထောက်တို့ကို ခုတင်အလျားနှင့်မီအောင် ဆွဲဆန့်ခြင်းအမှုဖြင့် နှိပ်စက်ကလူပြုလေသည်။ဆရာကြီး လောင်းဖဲလိုး၏ ဆိုလိုချက်မှာ ဝေဖန်ရေးသမားအချို့က သူတို့ပြဌန်းထားသော စံနှင့်ကိုက်ညီအောင် ဝတ္ထုစသည့်စာပေတို့ကို တိုင်းတာ၍ ဝေဖန်ပြစ်တင်ကြသည်ဟု ဖြစ်သည်။ထိုကိုညွှန်း၍ မိမိပြဌန်းသည့်ပုံစံဖြင့် တိုင်းတာ၍ ဝေဖန်နည်းကို ပရိုကရပ်စ်တီးနည်း(Procrustean Method) ဟု ခေါ်ဆိုကြသည်။ မြန်မာစာပေလောက၌ ဝေဖန်ရေးဆရာသက်သက်အဖြစ် ဆောင်ရွက်သူဟူ၍ မရှိသလောက်ရှားလှသည်။ဆရာဒဂုန်တာရာ၊ဆရာမောင်စွမ်းရည်၊ဆရာအောင်သင်း၊ဆရာမြသန်းတင့် အစရှိသည့် စာရေးဆရာများကမူ စာပေနှင့်ပတ်သက်သော ဝေဖန်ရေးဆောင်းပါးများ ရေးသားခဲ့ကြသည်။စာပေဝေဖန်အကဲဖြတ်ရာတွင် ထားရှိသော ယင်းတို့၏ သဘောထားကို ဖော်ပြခဲ့ကြသည်။ဝေဖန်အကဲဖြတ်ဆောင်းပါးများစွာကို အစဥ်တစိုက် ရေးသားခဲ့သော ဆရာမောင်စွမ်းရည်က ၁၉၆၆ခုနစ် ထုတ် ''ပြည်သူ့ရှုဒေါင့် စာအုပ်ဝေဖန်ချက်များ" ဆောင်းပါးပေါင်းချုပ် စာအုပ်၏ ''စာရေးသူ့အမှာ''တွင်- "ခုလို စာအုပ်ဝေဖန်တဲ့အခါ ကျွန်တော့်မှာ မူတစ်ခုတော့ မြဲမြဲကိုင်ဆုပ်ထားပါတယ်။အဲဒီမူကတော့ ဒီစာဒီစာတွေဟာဖြင့် ပြည်သူကို အကျိုးပြုသလား၊မပြုဘူးလားဆိုတဲ့အချက်ပါပဲ။ပြည်သူကို အကျိုးပြုတဲ့စာဆိုရင် ကောင်းတယ်။ပြည်သူကို အကျိုးမပြုတဲ့စာဆိုရင် မကောင်းဘူး။ဒါပဲ။ရှင်းရှင်းလွယ်လွယ်လေးပါပဲ။'' ဟု ဆိုသည်။ဆက်လက်၍ ဆိုထားသည်မှာ- "တချို့ကတော့ မေးလာကြပြန်တယ်။သူများ ဝတ္ထုတွေ ကဗျာတွေကို ဝေဖန်ရအောင် သူများရေးတာမျိုးတွေ မင်းကရေးတတ်လို့လား တဲ့။ဒါကတော့ စာပေဝေဖန်ရေးရဲ့သဘောကို နားမလည်ရှာကြသေးလို့ ထွက်လာတဲ့အသံပါပဲ။အမှန်က ကျွန်တော် သူများရေးတာမျိုးတွေ ရေးတတ်တာ မရေးတတ်တာဟာ စာ​ပေဝေဖန်ရေးမှာ အကြောင်းမဟုတ်ပါဘူး။အရေးကြီးတာက သူတို့ရေးတာတွေကို ဖတ်ရှုနားလည်တတ်ဖို့ပါပဲ။ကျွန်တော် သူတို့ရေးတာတွေကို ဖတ်ရှုနားလည်တတ်ပါတယ်။ဒါကြောင့် ကောင်းမကောင်း ကျွန်တော် ပြောရပါတယ်။တချို့ကလဲ မေးလာကြပြန်တယ်။မင်းက ဘယ့်ကလောက် ပညာရှိလို့လဲ တဲ့။သူတို့က ထင်ကြတယ်။ပညာရှိ ပိဋကတ်အိုးကြီးတွေမှ စာပေဝေဖန်ရေးလုပ်အပ်တယ်လို့။ကျွန်တော်က ဒီလိုမထင်ပါဘူး။စာဖတ်သူတိုင်းမှာ စာပေဝေဖန်ခွင့်ရှိတယ်လို့ပဲ ယူဆတယ်။ပြည်သူ့စာပေရဲ့ပန်းတိုင်တစ်ခုက လူတိုင်းစာဖတ်နိုင်ရေးနဲ့ ဖတ်သူတိုင်းက စာပေဝေဖန်ရေးလုပ်နိုင်ကြစေရေးပဲ ဖြစ်တယ်။စာပေဝေဖန်ရေးဟာ များများရှိလေ ကောင်းလေပါပဲ။''ဟု ဆိုသည်။စာပေဝေဖန်အကဲဖြတ်ဆောင်းပါး၊စာပေသဘောတရား ဆောင်းပါးများ၊မိမိ၏ စာ​ပေအတွေ့အကြုံဆောင်းပါးများကို သူ၏ စာရေးသက်တစ်လျှောက် အစဥ်တစိုက် ရေးသားပြုစုခဲ့သော ဆရာဒဂုန်တာရာက စာပေဝေဖန်ရေးကဏ္ဍ ခေါင်းစဥ်တပ်ဆောင်းပါးတွင် သူ၏ သဘောထားကို ဖော်ထုတ်ခဲ့လေသည်။ "စာပေသည် နိုင်ငံရေး၏ ထင်ဟပ်ချက်ဖြစ်သည်။နိုင်ငံရေး စီးပွားရေး တောင်းဆိုချက်ဖြစ်သည်။သို့ဖြစ်ရာ စာပေသည် နိုင်ငံ၏အကျိုးကို သယ်ပိုးသောအလုပ်ကိုလည်း လုပ်ပေသည်။အမျိုးသားနိုင်ငံတော်သစ်၏ လိုအပ်ချက်များကို စာပေသည် တဘက်တလမ်းက ထမ်းရွက်ပေသည်။ယင်းနိုင်ငံ၏ စာပေတိုးတက်ရေးဟူသည်ကား ရသစာပေပီသရေး၊နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်တင်းရေး စသည်တို့ အကျုံးဝင်ပေသည်။ယနေ့စာဖတ်ပရိသတ်သည် စာပေအရသာကို တရှိုက်မက်မက် တသက်သက်ခံစားချင်ကြသည်။သူတို့၏ တပ်မက်သော စာပေစိတ်ကို ဝေဖန်ရေးဖြင့် လမ်းကောင်း လမ်းမှန်ရောက်အောင် ထိန်းကျောင်းပေးသင့်ပေသည်။ဝေဖန်ရေးဖြင့် အကျိုးအပြစ်တို့ကို ညွှန်ပြကာ စာဖတ်မှု အရည်အချင်း တိုးတက်အောင် လုပ်ပေးရပေမည်။စာရေးသူနှင့်စာဖတ်သူသည် များစွာဆက်စပ်လျက်ရှိသည်။စာဖတ်သူ၏ စာပေအဆင့်အတန်းမမြင့်လျှင် စာရေးသူသည် အဆင့်အတန်းမြင့်သော စာပေများ ရေးသားရန် ခက်ခဲပေသည်။စာပေဝေဖန်ရေးဖြင့် ယင်းအခက်အခဲကို ဖြေရှင်းနိုင်သလောက် ဖြေရှင်းနိုင်ပေသည်။အကျိုးအပြစ်နှစ်ဖက်ဖော်ပြထားသော စာပေဝေဖန်စာများ ဖတ်ရှုခြင်းဖြင့် အရည်ဝနေသော စာဖတ်သူသည် စာရေးဆရာများ၏ စာပေတို့ကို ဝေဖန်ကာ ဖတ်ရှုတတ်လာနိုင်ပေသည်။ယင်းသို့စာကို ဝေဖန်၍ ဖတ်လာလျှင် စာရေးဆရာတို့သည် ပေါ့ပေါ့ဆဆရေး၍ ရတော့မည်မဟုတ်ပေ။ယင်းသို့ စာဖတ်မှုအရည်အချင်း မြှင့်တင်ခြင်းမျိုးဖြင့် စာပေ၏တိုးတက်ရေးကို သယ်ပိုးရာ ရောက်ပေမည်။ဝတ္ထုတစ်ပုဒ် ကဗျာတစ်ပုဒ်ထွက်လာသော အခါ ဝေဖန်ရေးဆရာတို့သည် စာရေးဆရာများကို ဝိုင်း၍ ဝေဖန်ကြလေသည်။သူတို့သည် သူတို့ရှုထောင့်အမျိုးမျိုးမှ ကြည့်ရှုကြပေမည်။အမြင်အမျိုးမျိုးဖြင့်တိုင်းထွာကြည့်ကြပေမည်။သူတို့၏ သန်ရာသန်ရာ အကြည့်အမြင်ဖြင့် ပိုင်းခြားကြပေမည်။ဝေဖန်ရေးဆရာတစ်ဦး၏ ရေးသားချက်တစ်ခုတည်းဖြင့် ဆုံးဖြတ်ရန် မဟုတ်ပေ။အရေးအသားအတတ်ပညာပိုင်းက ဝေဖန်သူရှိမည်။အတွေးအခေါ်ပိုင်းက ဝေဖန်သူရှိမည်။နိုင်ငံရေးသဘော သက်ရောက်မှုပိုင်းက ဝေဖန်သူရှိမည်။ယင်း အဘက်ဘက်မှ ဝေဖန်သော် စာပေတစ်ပုဒ်၏ အကျိုးအပြစ်တို့သည် ပြည့်စုံစွာ ထွက်ပေါ်လာရပေသည်။ဝေဖန်သူသည် စာပေပညါအရည်အချင်း

ဝေဖန်ရေးဆိုသည်မှာ ------------------ ဝေဖန်ရေးဆိုသည့်အရာကို မည်ကဲ့သို့ အနက်အဓိပ္ပါယ် ဖွင့်မည်နည်း။မြန်မာအဘိဓါန်၌ "အကောင်း အဆိုးကို သုံးသပ်စီစစ်သည်။အကောင်းအဆိုးကို ခွဲခြါးညွှန်ပြ ပြောဆိုသည်။စိတ်ဖြာခွဲဝေသည်။''ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ထို့ကြောင့် အကောင်း အဆိုးကို သုံးသပ်စီစစ်ရေး ခွဲခြားညွှန်ပြ ပြောဆိုရေးသည် ဝေဖန်ရေးပင်ဖြစ်သည်။ဝေဖန်​ရေးသည် အဝေဖန်ခံရသူနှင့် ဝေဖန်သူတို့ အငြင်းပွားဖို့ မဟုတ်ဘဲ အပြုသဘောနှင့် အကဲဖြတ်ပေးရန် အရေးကြီးပါသည်။ဝေဖန်သူ၏ သမာသမတ်ရှိမှု၊မှန်ကန်မွန်မြတ်သော ရည်ရွယ်ချက်ရှိမှုနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုမှုတို့သည် အရေးကြီးသော လိုအပ်ချက်များ ဖြစ်သည်။ဝေဖန်သူသည် မိမိတို့ ဝေဖန်ရေးသားရမည့် အကြောင်းအရာကို နှံ့စပ်ရမည်။စည်းကမ်းစနစ်ဘောင်အတွင်းကသာ ဝေဖန်ရမည်။ဥပမာ စာပေရေးရာအကြောင်းကို ဝေဖန်လျှင် စာပေသဘောအရ စာပေပညါကို အခြေခံပြီး ဝေဖန်ရမည်။ဝတ္ထုအကြောင်းကို ဝေဖန်လျှင် ဝတ္ထုနှင့်ပတ်သက်သော လက်ခံပြီးနည်းစနစ်များကို အခြေခံထားပြီး ဝေဖန်မှ သင့်တင့်လျောက်ပတ်ပေလိမ့်မည်။ကဗျာအကြောင်းကို ဝေဖန်လျှင် ကဗျာရဲ့ နည်းစနစ်များကို သိထားရမည်။ယင်းတို့၏ အကျိုးအပြစ်တို့ကို အကဲဖြတ်သုံးသပ်ပေးရခြင်းဖြစ်သည့်အတွက် ဖြူစင်ရိုးဖြောင့်မှု အခြေခံစိတ်ဓါတ်နှင့် ဓမ္မဓိဌာန်ကျကျ ဘက်စုံ ရှုထောင့်အမျိုးမျိုးက ကြည့်ရှုသုံးသပ်နိုင်သူ ဖြစ်ရမည်။ဝေဖန်ရေးသမားသည် စနစ်ကျသော၊ဖြူစင်သော၊အာဃာတကင်းရှင်းသော၊သူ့လူကိုယ့်လူ သူ့အုပ်စု ငါ့အုပ်စု မခွဲခြားသော၊သမာဓိရှိသော၊နှံ့စပ်ရင့်ကျက်သော၊ဝေဖန်ပိုင်းခြါးတတ်သော အရည်အချင်းနှင့်ဂုဏ်သိက္ခာများ ရှိထားရန်လိုအပ်လေသည်။ ဝေဖန်ရေးသည် စာပေ၊ဂီတ၊ရုပ်ရှင် စသောအနုပညာနယ်ပယ်၌သာမက နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊နည်းပညာ အစရှိသော နယ်ပယ်အသီးသီးတွင် ရှေးယခင်ကတည်းကပင်ရှိခဲ့သည်။ဝေဖန်ရေး အနည်း အများသာ ကွာခြါးသွားနိုင်သည်။လက်ရှိလည်း ရှိနေမည်ဖြစ်သလို နောင်လည်း ရှိနေမည် ဖြစ်သည်။စာပေဝေဖန်ရေးလုပ်ငန်းကို ဥပမာထား၍ ပြောရမည်ဆိုပါက စာပေဝေဖန်ရေးသည် ခက်ခဲသလို တာဝန်လည်း ကြီးသည်။ဝေဖန်ရေးဆရာတို့သည် စာရေးဆရာတို့ဘက်မှ မျက်နှာသာမရချေ။မိမိစာကို ချီးကျူးဝေဖန်လျှင် ကျေနပ်၏။သို့သော် ဂုဏ်ခံ၍ နေတတ်သည်။''ငါတော်လို့ သူ ချီးမွမ်းတာပဲ''ဟူသော သဘောထားဖြင့် စာပေဝေဖန်အကဲဖြတ်သူကို ကျေးဇူးတင်လိုသော ဆန္ဒမရှိချေ။မိမိစာ၌ ပါသော အားနည်းချက်များကို ထောက်ပြလိုက်ပါမူ စာရေးဆရာက မနှစ်သက်ချေ။အချို့ကမူ ဝေဖန်သူကို ရန်လုပ်ကြသေးသည်။မည်သို့ဖြစ်စေကာမူ စာပေဝေဖန်အကဲဖြတ်မှုသည် စာပေတိုးတက်ဖွံ့ဖြိုးရေးအတွက်အရေးပါလှပေသည်။အချိုနိုင်ငံရှိ စာပေလောကတို့၌ စာပေဝေဖန်ရေးသမားများသည် အတည်တကျ နေရာရကြသည်။ဝေဖန်ရေးဆရာများ သီးသန့်ရှိနေကြသည်။သူတို့သည် ရသစာပေရေးသားထုတ်လုပ်မှုကို ရံဖန်ရံခါ လုပ်ကြသော်လည်း သူတို့၏ အဓိကလုပ်ငန်းမှာ ဝေဖန်ရေးလုပ်ငန်းပင်ဖြစ်သည်။အချို့သည် စာပေပညါရှင်များ၊တက္ကသိုလ်ရှိ စာပေပါမောက္ခများ ဖြစ်ကြသည်။သူတို့ကိုယ်တိုင် ရသစာပေကို ရေးသားသူ ဝတ္ထုရေးဆရာ၊ကဗျာဆရာ မဟုတ်ကြလင့်ကစား ရသစာပေများကို မလွတ်တမ်း ဖတ်ရှုကာ စာပေအခြေအနကို အ​ မြဲတစေအကဲခတ်နေသူများဖြစ်သဖြင့် စာပေစိတ် ဝင်စားလျက်ရှိနေကြသည်။သူတို့ကိုယ်တိုင် ရှေးဟောင်းစာပေမှ ယနေ့ ခေတ်သစ်စာပေအထိ စီးဆင်းလာသော စာပေရေစီးကြောင်းသဘောကို လေ့လာအကဲခတ်နေသူဖြစ်၍ အပြောင်းအလဲ အတက်အကျတို့ကို မြင်တတ်သည်။သူတို့သည် စာဖတ်သူဘက်မှနေ၍ ကြည့်ရှုတတ်သည်။၎င်းတို့သည် စာရေးသူနှင့်စာဖတ်သူတို့ လေးစားခြင်းကို ခံရသည်။စာရေးဆရာသည် ဝေဖန်ချက်ကို မနှစ်သက်စေကာမူ ဝေဖန်ရေးသမား၏ သမ္ဘာကို လေးစားသည်။စာပေ၌ အမှန်တကယ်စိတ်ဝင်စားလျက် စာပေ၏ အဆင့်တို့ကို မိမိကိုယ်တိုင်ပင် အထိုက်အလျောက်သတ်မှတ်နိုင်သည့် ပညာအရည်အချင်းရှိသော စာဖတ်ပရိသတ်သည်လည်း တော်မှန်ဖြောင့်မတ်၍ ပညာအခြေခံကြီးသော စာပေဝေဖန်ရေးဆရာတို့ကို အထူးလေးစားလေသည်။သို့သော် ဝေဖန်ရေးနှင့် စပ်လျဥ်း၍ နိုင်ငံအချို့မှ ပညာရှင်အချို့၏ ဝေဖန်ရေးကို မနှစ်သက်ဟန်တူသောအဆိုအမိန့်အချို့ကို ဖော်ပြချင်ပါသည်။တချို့က ညင်ညင်သာသာဆို၏။တချို့က ပွင့်ပွင့်ပြောင်ပြောင်ဆို၏။မနှစ်သက်ကြောင်းမှာမူ ထင်ရှား၏။ထိုသဘောထားမျိုးသည် ရှေးခေတ်မှသည် ယခုတိုင်ရှိနေဆဲပင်။အင်္ဂလိပ်အက်ဆေးဆရာကြီး ဂျိုးဇက်အက်ဒီဆင်က ''မိမိကိုယ်တိုင် ပြောင်မြောက်စွာမရေးသား မပြုစုနိုင်သူက သူတပါး၏ စာကို ဝေဖန်ခြင်းသည် ရယ်ဖွယ် ဖြစ်သည်။''ဟု ဆို၏။''စာရေးဆရာတစ်ယောက်ကို ဝေဖန်ဖို့ လွယ်၏။သူ့စာ၏ အရသာကို နှစ်ခြိုက်တတ်ဖို့ကား မလွယ်ပေ။''ဟု ပြင်သစ် ဒဿနိကဆရာကြီး ဗူးဗင်းနာ့က ဆိုသည်။အမေရိကန် ကဗျာဆရာကြီး ဟင်နရီ ဝက်ဝပ်လောင်းဖဲလိုးက''ဝေဖန်အကဲဖြတ်မှုသည် မူလက မေတ္တာစေတနာကို အရင်းတည်သည်။ထိုအချက်ကို သံသယဖြစ်ရန် မလိုပေ။စာပေအရေးအသားတစ်ခု၏ ချွတ်ယွင်းချက်ကို ​ထောက်ပြခြင်းထက် ကောင်းခြင်းလက္ခဏာတို့ကို ဖော်ပြရန် ရည်ရွယ်သည်။သို့ရာတွင် ဝေဖန်အကဲဖြတ်သူတို့၏ ဒေါသမူစိတ်က ဝေဖန်အကဲဖြတ်မှုကို အာဃာတအပေါ်၌ အရင်းတည်စေလေတော့သည်။အိပ်စက်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ထားသော အိပ်ရာနေရာကို နှိပ်စက်ရာ၌ အသုံးပြုသော ကိရိယာအဖြစ်သို့ရောက်စေသော ၊စေတနာ ဆိုးရွားသော ဓါးပြကြီး

LGBT အကြောင်းအရာနှင့် ပတ်သက်၍ အထက်ပါအကြောင်းအရာများမှ ထုတ်ယူဆင်ခြင်ခြင်းစောနက ပို့စ်ရဲ့အောက်မှာlgbtကို ဉပဒေရေးရာအရရော ဘာသာရေးဆိုင်ရာ လူအဖွဲ့စည်းတွေကကော လက်မခံကြောင်း sourceတွေနဲ့တကွ ပြောပြသွားတဲ့ com တစ်ခုကိုတွေ့လိုက်တယ်ဗျ တခြား နယ်ပယ်တွေကိုတော့ ကျွန်တော်မပြောလိုဘူး ဒါပေမယ့် ဗုဒ္ဓဘာသာ ရှုထောင့်ကနေ ကျွန်တော်သုံးသပ်မိတာလေးကို ကျွန်တော်တင်ပြချင်တယ်။ ထိုလူပြောတာမှန်ပါတယ်။ ဗုဒ္ဓက မိစ္ဆာကာမအကြောင်းကို ပလောကသုတ္တန်မှာ ဟောတော်မူခဲ့တယ်။ ဒါပေမယ့် ဂေးဖြစ်ရတဲ့အကြောင်းအရင်းတွေက အများကြီးရှိတယ်။ လူတွေ အမြဲ တစ်လက်ကိုင်ထာားတဲံ ကာမေသုမိစ္ဆာစာရ ကံကြောင့်လဲဖြစ်နိုင်သလို၊ မိမိက ရှေးရှေးဘဝက အမျိုးသမီးဘဝ ကြိမ်ဖန်များစွာရခဲ့လို့လဲဖြစ်နိုင်ပါတယ်။ ကာမေသုကံဆိုတာ အင်မတန်မှ နက်ရှိုင်းပါတယ်။ သံဝါသပြုမှ မြောက်တာမဟုတ်ဘဲ စိတ်အစဉ်ကနေ ကံမြောက်နိုင်ပါတယ်။ လူမှာက စိတ်ပေါင်း ၈၉ ပါးရှိပါတယ်။ အဲ့စိတ်တွေကို စိုးမိုးခြယ်လှယ်နေတဲံ စေတသိတ်တွေဟာ ၅၄ ပါးရှိပါတယ်။ တစက္ကန့်အတွင်းမှ မိမိတို့ဟာ ကာမေသုကံမြောက်နိုင်သလို တခြားခြားသောကံတွေဟာလဲမြောက်နိုင်ပါသေးတယ်။ ဆိုတော့ အဖြောင့်များအနေနဲ့လဲ ကံကြွေးဆပ်နေရသူ ဘဝဘဝက အထုံပါလာသူတွေကို နှိမ်ချ ပြောဆို ကဲ့ရဲ့နေမယ်အစား မိမိတို့ဘာသာ ကာမေသုကံ မမြောက်ဖို့ ထိန်းသိမ်းစေချင်ပါတယ်။ဒါက လူတစ်ယောက်က ဗုဒ္ဓဘာသာနဲ့ ဝေဖန်လာလို့ ကျွန်တော်ဘက်က ပြန်သံုးသပ်မိတာဖြစ်ပါတယ်။ ဗုဒ္ဓကတော့မှာခဲ့တယ် ဘယ်သူကိုမှ မပုတ်ခက်နဲ့ လက်တွဲခေါ်ပါတဲံ။ ဒါပေမယ့် ကိုးကွယ်သူတွေကတော့ လမ်းတွေလွဲနေတယ်။ #thadar

ကမ္ဘာမှာ ပထမဆုံး လေလံပွဲ ဘာကြောင့် လူသေရင် ၃ ရက်ထားကြတာလဲ.... ဒီ ဓလေ့ဟာ သီရိမာ ဆိုတဲ့အမျိုးသမီးက စတင်တာပါ။ သီရိမာဆိုတာ ပြည့်တန်ဆာတစ်ဦး သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်။ သူ့ကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက သံဃာတော်တွေပါ ပါဝင်ခဲ့တယ်.... ဥတ္တရာရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး သံဃာ ၈ပါးကိုနေ့စဉ် ဆွမ်းလှူခဲ့တယ်... သူမေသဆုံးသြားတဲ့အခါ သူမကို ချက်ချင်းမြေမမြှပ်စေပဲ လင့်စင်ထိုးပြီး သုဿန်မှာ ၃ရက်ထားစေဖို့ မြတ်စွာဘုရားရှင်က ဗိဗ္ဗိသာရမင်းကြီးကို မှာကြားခဲ့တယ်.... ၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုပ်ပွဲကို လာရောက်ကြည့်ရှု့ရမည်၊ ပျက်ကွက်ပါကဒဏ်ငွေ ပေးဆောင်ရမည်ဆိုပြီး မောင်းလှည့်ခတ်စေတယ်.... ဘုရားကလည်း သံဃာအားလုံး လာရောက်၍ ကြည့်ရှု့ရမည်ဟုအမိန့်ထုတ်တယ်။၃ ရက်မြောက်တဲ့နေမှာ သီရိမာရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊ ဒွာရပေါက် အပေါင်းမှစီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်းထနေခဲ့ပြီ... အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလေလံပွဲကို စတင်ပါတယ်။ သီရိမာကို လိုချင်တဲ့သူရှိရင် အဿ ပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။ တစ်ယောက်မှ မလှုပ်ကြပါ... ဒါနဲ့ ၅၀၀ ...၂၅၀... ၁၀၀ ...၅၀ ... အလကားပေးမယ်ဆိုတာတောင် မယူကြတော့ဘူး... ဒီတော့ နောက်တစ်မျိုးပြောင်းပြီ... သီရိမာကို ကြင်ကြင်နာနာ နဲ့ ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ်ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး... အဲဒီတော့မှ ဗုဒ္ဓဘုရားရှင်က မရဏသဘောကိုတရားဟောတယ်၊ အားလုံးကိုလည်း သရဏံဂုံတင်ပေးတယ်...လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ.... အဲဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘရှုတဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။ မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ..ယခုအခါမှားယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြတယ်... နောက်တစ်ခုကမသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတာကို မသာတစ်ခေါက်ပို့ခြင်းဟာ ကျောင်း ဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်... တကယ်က မသာတစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်းကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ.... Credit သုတ #Knowledge #Ruby

LGBT နှင့် စပ်လျဉ်း၍ အထက်ပါ အတွေးမြင်မှ ထုတ်ယူဆင်ခြင်သုံးသပ်ခြင်း

LGBT နဲ့ပတ်သတ်ပီး မင်မင်အမြင်ကို sharing လုပ်ခြင်း LGBT ရဲ့အရှည်ကောက်ကိုမသိတဲ့သူလေးတွေလည်းရှိမှာပေါ့နော်။ LGBT ထဲမှာ Lesbian ၊ Gay ၊ Bisexual Transgender ပါဝင်ပါတယ်။ ပြောချင်ကာကလေ တစ်ချို့တွေက ထင်နေကြတာပေါ့နော် LGBT ကိုထောက်ခံဖို့ ကိုယ်တိုင်ကိုက LGBTတွေထဲကတစ်ခုခုဖြစ်နေရမယ်ဆိုပီးတော့ပေါ့ LGBT ကိုထောက်ခံဖို့ Gay,Lesbian, Bisexual,Transgender တစ်ယောက်ဖြစ်နေရမယ်ဆိုတာမှားပါတယ်နော် နောက်ပီးတော့ LGBT တွေနှိမ်ချင်တဲ့သူတွေရှိပါတယ်နော် သူတို့တွေကိုမင်မင်ပြောချင်တာက လူတစ်ယောက်လူတစ်ယောက်ကိုချစ်မိဖို့အဲ့ဒီလူတစ်ယောက်က မိန်းမဖြစ်နေရမယ် ယောကျ်ားဖြစ်နေရမယ်ဆိုပီး ဘယ်ဟာကများသတ်မှတ်ထားလဲဆိုတာပေါ့ ကိုယ်ချစ်တဲ့သူတစ်ယောက်က မိန်းကလေးတစ်ယောက်လည်းဖြစ်နိုင်သလို ယောကျ်ားလေးတစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်က LGBT ကိုသဘောမကျဘူးဆိုရပါတယ် ဘယ်သူကမှ သဘောကျပါလို့မပြောပါဘူး။ တစ်ချို့တွေကဝေဖန်တာမျိုးလုပ်ကြတယ် ကိုယ်ပြောလိုက်တဲ့စကားကြောင့် တစ်ဖက်လူဘယ်လောက်ထိ ထိခိုက်သွားမလဲဆိုတာမစဉ်းစားကြဘူး စိတ်ဓာတ်ပျော့ညံတဲ့သူတွေကျ ဘဝကိုလွယ်လွယ်နဲ့ အရှုံးပေးသွားကြတယ်။ မင်မင် Tiktok ကြည့်ရင်းနှိင်ငံခြားကဘဲ အဲ့ကောင်လေးတစ်ယောက်ကသူ့ကိုယ်သူ အဆုံးစီရင်သွားတယ်ပေါ့ သူကGay တစ်ယောက်ပါ လူတွေပြောတဲ့စကားတွေကြောင့်အဆုံးစီရင်သွားတာပေါ့ အဲ့ကောင်လေးရဲ့မိသားစုဆိုဘယ်လောက်တောင်ခံစားရမလဲ ကောင်လေးကငယ်သေးတယ်လေ မင်မင်ပြောချင်တာက LGBTတွေကိုမကြိုက်ဘူးဆို မဝေဖန်ပါနဲ့ မတိုက်ခိုက်ပါနဲ့ မကြိုက်တာရပါတယ် ဝေဖန်တိုက်ခိုက်တော့မယ်ဆို အရင်စဉ်းစားပါ ကိုယ့်ကြောင့်တစ်ဖက်သားလူဘယ်လိုခံစားသွားရမလဲ ကိုယ့်ကိုအဲ့လိုလာပြောရင်ကြိုက်လား ဆိုတာပါဘဲ သူတို့ရဲ့ဖြစ်တည်မှုကိုလက်ခံပေးပါ မင်မင်ကလည်း Lesbian တစ်ယောက်ပါ။ #Knowledge #Alex

ဖား သည် ကုန်းနေရေနေသတ္တဝါဖြစ်သည်။ ရှည်လျားသော နောက်ခြေ၊ တိုတောင်းသောခန္ဓာကိုယ်၊ ဆက်စပ်နေလောလက်ချောင်းနှင့် ခြေချောင်းများ၊ ပြူးကျယ်နေသောမျက်လုံးနှင့် အမြီးမရှိခြင်းတို့ သည် ဖား၏ ထင်ရှားသော လက္ခဏာများဖြစ်သည်။ ဖားများသည် ရေတစ်ဝက် ကုန်းတစ်ဝက်နေတတ်သော သဘာဝရှိပြီး ကုန်းပေါ်တွင် ခုန်ခြင်း တွယ်ကပ်ခြင်းတို့ဖြင့် ရွေ့လျားသွားလာကြသည်။ သူတို့သည် ပုံမှန်အားဖြင့် ဥများကို ရေအိုင်ငယ်လေးများ၊ ရေအိုင်များနှင့် ကန်များတွင် ဥတတ်ကြသည်။ သူတို့၏ အကောင်လောင်း(larvae) များကို ဖားလောင်းများ(tadpoles) ဟုခေါ်ကြပြီး ပါးဟက်များရှိကာ ရေထဲတွင် ကြီးထွားကြသည်။ ဖားအကောင်ကြီးများသည် အသားစားသတ္တဝါများဖြစ်ပြီး သူတို့၏ အစာမှာ arthropods, annelids နှင့် gastropods တို့ဖြစ်သည်။ ဖားများကို နေ့ဖြစ်စေ ညဖြစ်စေ သူတို့၏အသံဖြင့် သတိပြု နိုင်ပြီး အထူးသဖြင့် မိတ်လိုက်သည့်ရာသီတွင် ပို၍ ကြားရလေ့ရှိသည်။ #Venn #Knowledge #Crd

အချို့သော အံ့အားသင့်ဖွယ်ကောင်းတဲ့ အဓိကအချက်တွေကို အောက်မှာဖော်ပြထားပါတယ။် ကဲ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်လေးတို့ ကြည့်လိုက်ရအောင်။ ဝက်ခြံတွေထွက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းတွေကို နားလည်ထားရမှာက ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်ဖြစ်ပြီး ဒီလိုနားလည်တာကပဲ ဝက်ခြံတွေကို ရင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံတကာလေ့လာသူများရဲ့ သုံးသပ်ချက်အရ ဝက်ခြံဖြစ်ရခြင်းအကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်း ၁၁ချက် ကို ဖော်ပြထားပေးပါတယ်။ . ဝက်ခြံပေါက်ရခြင်း အကြောင်းရင်း ၁ : မျက်နှာကို ထိကိုင်ခြင်း ဒါကတော့ အတော်အံ့သြဖို့ကောင်းပါတယ်။ ဒါပေမယ့် သင့်မျက်နှာကို တစ်နေ့လုံးအဆက်မပြတ် ထိနေကိုင်နေခြင်းက ခန္ဓါကိုယ်တစ်ခုလုံးမှာ အညစ်ပတ်ဆုံး ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်သွားစေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့အများစု သတိမမူဘဲ လုပ်မိတတ်ကြတဲ့ အရာတစ်ခုဖြစ်ပြီး မေးစေ့နဲ့ မေးရိုးတွေမှာ ဝက်ခြံတွေပေါက်လာရခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ နေ့ခင်းပိုင်းတွေမှာ မျက်နှာကို အမြဲတမ်းမကိုင်နေမိအောင် သတိထားနေကြည့်ပါ။ လက်ကိုင်ဖုန်းတွေကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပါ။ (နားကြပ်တပ်ပြောတာက ပိုကောင်းပါတယ်။ ) သင့်လက်ကိုင်ဖုန်းကို ကိုင်ပြီး ဖုန်းပြောတဲ့အခါ မျက်နှာနဲ့ထိနေတာကလည်း ဘက်တီးရီးယားတွေကိုပြန့်ပွားစေပြီး ပါးပေါ်မှာ ဝက်ခြံတွေပေါက်လာစေနိုင်ပါတယ်။ #Venn #Knowledge #Crd

Lavender ပန်း Lavenderပန်းက မြန်မာနိုင်ငံရဲ့မြေနဲ့အဆင်မပြေတာကြောင့် အပင်သာရှင်သန်နိုင်ပဂ အပွင့်မပွင့်ပါဘူး။ Lavender ပန်းရဲ့အဓိပ္ပာယ်ကတော့"ချစ်ခြင်းကိုစောင့်မျှော်သူ"ဖြစ်ပါတယ်။ ပန်းအရောင်က များသောအားဖြင့် ခရမ်းရောင်ဖြစ်ပီး အပြာရောင်လည်းရှိတယ်လို့ သိရတယ်။ Lavender ပန်းနဲ့ ပတ်သတ်တဲ့ ပါးစပ်ရာဇဝ၍င်လေးတစ်ခုပြောပြချင်တယ်။ ဟိုးရှေးရှေးတုန်းက Angel တစ်ယောက်က လူပြည်က Lavender လို့ခေါ်တဲ့ ကောင်မလေးနဲ့ချစ်ကြိုက်ခဲ့တယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ပျော်ရွှင်ချိန်ကတိုတောင်းခဲ့ပါတယ်။ တစ်နေ့မှာ နတ်မင်းကြီးက Angelကို ကောင်မလေးနဲ့ခွဲပီး ကောင်းကင်ပေါ်ကို ဖမ်းခေါ်သွားခဲ့ပါတယ်။ ကောင်းကင်ပေါ်မပြန်ခင် Angelက သူ့ချစ်တဲ့ကောင်မလေးအတွက် မျက်ရည်တစ်စက်ထားခဲ့ပါတယ်။ မျက်ရည်ကို လိပ်ပြာအသွင်ပြောင်းပီး ကောင်မလေးနားအဖော်ပြုစေခဲ့ပါတယ်။ ကောင်မလေးက Angelကို လူပြည့်ပြန်အလာကို လိပ်ပြာလေးနဲ့အတူ စောင့်နေခဲ့ပါတယ်။ Lavenderလေးကက Angel ထားခဲ့တဲ့ ပန်းခြံလေးထဲမှာ နေ့နေ့ညညစောင့်နေခဲ့ပါတယ်။ နောက်ဆုံးမှာ အမြစ်တွယ်သွားပြီး အပင်လေးတစ်ပင် ဖြစ်သွားခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ခရမ်းရောင်ပန်းလေးတွေပွင့်ပီး Angel ကိုရှာဖို့ နေရာအနှံ့ မျိုးပွားခဲ့ကြပါတယ်တဲ့။ #Knowledge #Alex

ပါးရှားရာဇဝင်ထဲက ကျူးလစ်ပန်းတွေဖြစ်ပေါ်လာပုံဒဏ္ဍာရီဇာတ်လမ်း ပါးရှားဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်အရ ကျူးလစ်ပန်းတွေဟာ ခွဲခွာရမယ့်အချစ်ကိုရဘ်ညွှန်းတာပါဘဲဖြစ်ပါတယ်။ ဒီဒဏ္ဍာရီမှာဆိုရင် ပါးရှားဘုရင်ရဲ့ရင်နှစ်သည်းချာချစ်ရတဲ့ မင်းသမီးလေးက သာမန်အလုပ်သမားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားခဲ့ပါတယ်။ သမီးတော်လေးကိုနှမြောတဲ့ဘုရင်ကြီးဟာ အလုပ်သမားလေးကို အမျိုးမျိုးဒုက္ခပေးခဲ့ပါတယ်။ ဒီအကြောင်းကိုသိလိုက်ရတဲ့မင်းသမီးလေးဟာ သူ့ချစ်သူကိုခေါ်ပီး ချောက်ကမ်းပါးကနေခုန်ချပီးသတ်သေလိုက်ကြပါတယ်တဲ့။ ချစ်သူနှစ်ယောက်ဟာ ချောက်ကမ်းပါးအောက်ထဲ ပြုတ်ကျပြီးသေဆုံးသွားကြပေမယ့် သူျို့သေသွားတဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာအနီရောင်ကျူးလစ်ပန်းလေးတွေစတင်ပွင့်ဖူးလာပါတယ်။ ကျူးလစ်ပန်းဟာ ချစ်သူနှစ်ယောက်ရဲ့မျက်ရည်နဲ့သွေးတွေကနေဖြစ်ပေါ်လာတယ်လို့ ပါးရှာဒဏ္ဍာရီမှာဖော်ပြထားပါတယ်။ ဒါကြောင့် ကျူးလစ်ပန်းအနီဟာ မဆုံရမယ့်ချစ်ခြင်း ဒါမှမဟုတ် နက်ရှိုင်းတဲ့ချစ်ခြင်းကို ကိုယ်စားပြုပါတယ်။ Goodnight par အချစ်တို့ အိမ်မက်လှပါစေ။ အခုတလောအပူပြင်းတာမို့ ဂရုစိုက်ကြပါ။ ဒီလ10ရက်ထိအပူပြင်းမယ်တဲ့။ ဂရုစိုက်ကြဦးနော် အချစ်တို့🫶 #Knowledge #Alex

ကျူးလစ်ပန်းအကြောင်း ကျူးလစ်တွေကိုနှင်းဆီပီးရင် အချစ်ရဲ့sing ဆိုလည်းကျော်ကြားကြပါတယ်။ ကျူးလစ်ပန်းတွေကို ပထမဦးဆုံးစိုက်ပျိုးခဲ့တဲ့ တူရကီလူမျိုးတွေက ကျူးလစ်ပန်းတွေက ကမ္ဘာမြေပေါ်ကနိဗ္ဗာန်ဘုံလို့တင်စားခဲ့ကြပါတယ်။ ၁၅၆၀ ခုနှစ်မှာ တူရကီနိုင်ငံကနေ နယ်သာလန်နိုင်ငံကိုရောင်းချခဲ့ကြပါတယ်။ Tulip ဆိုတဲ့နာမည်က Persian စကားလုံးဖြစ်တဲ့ "Delband ဆိုတဲ့စကားကနေဆင်းသက်လာတာပါ။ အဓိပ္ပာယ်ကတော့ ခေငါးပေါင်းပါ။ ကျူးလစ်ပန်းတွေက တူရကီနိုင်ငံကခေါင်းပေါင်းတွေနဲ့ဆင်တူလို့ပါ။ တူရကီနိုင်ငံမှာခေါင်းပေါင်းကို ကျူးလစ်ရိုးတွေနဲ့အလှဆင်ကြပါတယ်။ကျူးလစ်ကပန်းက Valentine's day တွေမှာရောင်းအားအကောင်းဆုံးပန်းပါ။ ကျူးလစ်ကအချစ်ကို ကိုယ်စားပြုပါတယ်။ အရောင်အလိုက် အဓိပ္ပာယ်အမျိုးမျိုးရှိပါတယ်။ ကျူးလစ်ပန်းအနီရောင်ကတော့ ပြီးပြည့်စုံတဲ့အချစ်လို့လည်းအဓိပ္ပာယ်ရပါတယ်။ Believe me လို့ပြောတဲ့အခါမှာလည်းသုံးပါတယ်။ ကျူးလစ်အဝါရောင်ကတော့ အချစ်ကိုငြင်းပယ်ခြင်းပါတဲ့။ အဝါရောင်ကျူးလစ်တွေကိုတစ်စုံတစ်ယောက်ကိုပေးတဲ့အဓိပ္ပာယ်ကတော့ သင်ဟာသူ့ကိုချစ်ပေမယ့် သူကသင့်ကိုပြန်လည်မချစ်တာကို သင်ကသိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဖြူရောင်ကျူးလစ်ပန်းတွေကိုပေးရင်တော့ "ငါမင်းကိုတောင်းပန်ပါတယ်တဲ့" ခရမ်းရောင်ကျူးလစ်ပန်းက တော်ဝင်ဆန်ြခင်းကို ကိုယ်စားပြုပီး ပန်းရောင်ကျူးလစ်ပန်းကတော့ ပျော်ရွှင်မှုနဲ့ Good wishes ကို ကိုယ်စားပြုပါတယ်။ ခရမ်း‌ေ၇◌ာင်ကျူးလစ်ပန်းကတော့ "ငါမင်းကို ထာဝရချစ်နေမယ်" လို့ဆိုလိုပါတယ် ကျူးလစ်ပန်းတွေမှာဒဏ္ဍာရီရှိပါတယ်နော် ခနနေကျမှတင်ပေးမယ် #Knowledge #Alex

နှင်းဆီပန်းပေးခြင်းအဓိပ္ပာယ် နှင်းဆီပန်းအနီရောင် နှင်းဆီပန်း အနီရောင်တစ်ပွင့်တည်းဆိုရင် ဒီတစ်မိုးအောက်မှာ၊ဒီတစ်လောကလုံး မှာ မင်းတစ်ယောက်တည်း လို့အဓိပ္ပာယ် သက်ရောက်ပါတယ်။ အမျိုးသားများဟာ မြတ်နိုးရတဲ့ မိန်းကလေးကို နှင်းဆီနီလေး တစ်ပွင့်ပေးပြီး မေတ္တာတောင်းခံလေ့ရှိကြပါတယ်။ အနီရောင်နှင်းဆီပွင့် နှစ်ပွင့် ဆိုရင်တော့ ကိုယ်ရယ်၊မင်းရယ် နှစ်ယောက်တည်း ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ နှင်းဆီနီ သုံးပွင့်ကတော့ စကားလေး သုံးခွန်း (I love you) ဖြစ်ပါတယ် ။ မင်းကိုကိုယ်ချစ်တယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့မိန်းကလေးကို နှင်းဆီနီလေး သုံးပွင့် နဲ့ ချစ်ခွင့်တောင်းလေ့ရှိကြပြန်ပါတယ် နှင်းဆီပန်းအဝါ စိတ်ကောက်နေတဲ့ချစ်သူလေးကိုချော့ဖို့ဆိုရင်လည်း အဝါရောင်နှင်းဆီပွင့် အပွင့်သုံးဆယ် လိုအပ်မှာဖြစ်ပါတယ်။ နှင်းဆီအနီနဲ့အဝါပေးခြင်း နှင်းဆီနီတစ်ပွင့်ရယ်၊နှင်းဆီဝါတစ်ပွင့်ရယ်ကို နှစ်ပွင့်ပေါင်းပြီး ဖဲကြိုးလေး နဲ့ စည်းလိုက်ရင် စေ့စပ်ခြင်း (engagement )လို့ အဓိပ္ပာယ်ရပါတယ်။ နှင်းဆီပန်း ဘယ်အရောင်မဆို တစ်ပွင့်တည်းကတော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးကို ကိုယ်စားပြုပါတယ်။ အနီလေးကတော့ချွင်းချက်ပေါ့ မင်"အခုမှလာrunနိုင်လို့တောင်းပန်ပါတယ် #Knowledge #Alex

Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့… ဒါပေမယ့် လူတော်တော်များများမှာ Gym ကစားခြင်း နဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ ဂျင်းတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်က ဒီလူသိမှားနေတဲ့ ဂျင်းအချက်တွေကို ပြောပြပေးပြီး နားလည်မှုလွဲနေတဲ့အရာတွေကို ပြန်လည်ဖြေရှင်းပေးချင်ပါတယ်။ ၁။ Gym ကစားရင် ဝက်ခြံတွေ ပိုထွက်လာလိမ့်မယ်။ Gym ကစားခြင်း နဲ့ ဝက်ခြံထွက်တဲ့ ပြဿနာဟာ တိုက်ရိုက်ဆက်စပ်ခြင်း မရှိပါဘူး။ ဝက်ခြံထွက်ရခြင်း အကြောင်းအများစုဟာ မျက်နှာ သေချာမသန့်စင်ခြင်း၊ အဆီပြန် အသားအရေရှိခြင်း၊ ဟော်မှုန်းမျှခြေ ပျက်ယွင်းခြင်း၊ အိပ်ရေးပျက်ခြင်း စတာတွေကြောင့် ဖြစ်ရတာပါ။ Gym ကစားပြီး ရေချိုးသန့်စင်ခြင်းမပြုတာ၊ တချို့ ပရိုတင်းမှုန့်တွေ သောက်တာ၊ ဟော်မုန်းတွေ အသုံးပြုတာကြောင့် ဝက်ခြံထွက်လာတာမျိုးတော့ ရှိနိုင်ပေမယ့် လူတိုင်းမဖြစ်တတ်ပါဘူး။ ၂။ ဘော်ဒီလှဖို့ Gym တစ်ခုတည်း ကစားပေးရင် လုံလောက်တယ်။ ဒါကတော့ Gym စစချင်း ဆော့ကာစ လူတော်တော်များများ အသိမှားထားတဲ့အချက်ပါ။ ကိုယ်က ကိုယ်အလေးချိန် ကျဖို့၊ တက်ဖို့၊ ကြွက်သားတွေတက်ဖို့၊ ဗိုက်အဆီတွေ ကျဖို့ အစရှိတဲ့ ရည်ရွယ်ချက်ကြောင့် ဆော့တာဆိုရင် စားသောက်နေထိုင်မှုပုံစံကိုပါ သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်မျိုးရအောင် Gym ကစားခြင်းက ၃၀ ရာခိုင်နှုန်းပံ့ပိုးပေးပြီး စားသောက်နေထိုင်မှုပုံစံက ၇၀ ရာခိုင်နှုန်းထိ ပံ့ပိုးပေးပါတယ်။ ညဘက်အိပ်ချိန်ကို အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပေးဖို့လည်း အရေးကြီးပါတယ်။ #Knowledge #Venn

ဗိဿနိုးမြို့ဟောင်း ( ပျူခေတ်မြို့ ) ဗိဿနိုးမြို့ဟောင်းသည် မကွေးခရိုင် တောင်တွင်းကြီးမြို့၏ အနောက်ဘက် ၁၁ မိုင်ခန့်ကွာဝေးသော ကုက္ကိုခွရွာ၏ မြောက်ဘက်တွင် ကပ်လျက်တည်ရှိသော ပျူမြို့ဟောင်းတစ်ခုဖြစ်သည်။ တောင်တွင်းကြီးမှ မကွေးမြို့သို့သွားသော မော်တော်ကားလမ်းသည် ဗိဿနိုးမြို့၏ အရှေ့တောင်ထောင့်၌ ရှိသည့် မြို့ရိုးနှစ်ဖက်ကို ဖောက်ထွင်းသွားသည်။ ၅ ပေခန့် အမြင့်သာလျှင် ကျန်ရစ်သော အုတ်မြို့ရိုးသည် ဗိဿနိုးမြို့၏ မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်တို့၌သာ စတုရန်း မကျတကျ ဝိုင်းရံလျက်ရှိသည်။ မြို့ရိုးတစ်ဖက်၏ အလျားသည် ၁ မိုင်နှင့် ၆ ဖာလုံခန့်မျှ ရှည်လျားသည်။ အနောက်ဘက်၌ကား မြို့ရိုးအစအနကိုမျှ မတွေ့ရချေ။ ယခုအခါ တွေ့ရသော အင်းကြီးနှင့် ကြိုးကြာကန်တို့သည် ရှေးယခင်က ဆက်စပ်နေ၍ အနောက်ဘက်မှ ရေကျုံးသဖွယ် တည်ရှိခဲ့ဟန်တူသည်။ မြို့တွင်း၌ ကုန်းမြေသည် အရှေ့မှ အနောက်သို့ အတန်ငယ် လျောဆင်းနေသည်မှ အပ ပတ်ဝန်းကျင်တဝိုက်မှာ ပြန့်ပြူးလျက်ရှိသည်။ မြို့ရိုးအတွင်း၌ကား အနောက်မြောက်ထောင့်၌ တည်ရှိသော အင်းရွာကြီးသာလျှင် လူနေရပ်ကွက်အဖြစ် မြင်ရလေသည်။ မြို့ရိုးမှာ မူလ၌ တဖက်တွင် မြို့ပေါက် ၃ ပေါက်စီရှိသော်လည်း ယခုအခါ လှည်းလမ်းကြောင်းများ ဖောက်ထားသော အပေါက်ငယ်များကြောင့် ပျက်စီးပိုင်းပြတ်လျက် ရှိသည်။ မြို့၏ အလယ်ဗဟိုမှ အနောက်မြောက်သို့ အနည်းငယ်ယွန်းသော နေရာတွင် တောင်မြောက် အလျား ကိုက် ၅၀၀ ခန့်နှင့် အရှေ့အနောက် အနံ ကိုက် ၄၀၀ ခန့်ရှိသည့် အုတ်ရိုးဟောင်းမို့မို့ ဝိုင်းရံနေသော နေရာမှာ နန်းတော်ကုန်း ဖြစ်သည်ဟု အဆိုရှိသည်။ နန်းတော်ကုန်းပေါ်၌ အုတ်ရိုးအကန့်များနှင့် အဆောက်အအုံဟောင်း နေရာများဖြစ်သော အုတ်ကုန်းနိမ့်နိမ့် အနည်းငယ်ရှိ၍ မြို့ရိုးကြီးအတွင်းတွင် နေရာအနှံ့အပြား၌ အဆောက်အအုံ အပြိုအပျက်များဖြစ်သည့် ကုန်းဟောင်းဦးရေ (၁၀၀)နီးပါးရှိလေသည်။ ဗိဿနိုးမြို့ သမိုင်းဟူ၍ သီးခြားမတွေ့ရသော်လည်း တောင်တွင်းကြီး သမိုင်း၏ ရှေ့ပိုင်းတွင်ကား ဗိဿနိုးမြို့အကြောင်းကို အကျယ်တဝင့် ဖော်ပြထားသည်ကို ဖတ်ရှုနိုင်သည်။ ထိုသမိုင်း၏ အဆိုအရ မဟာသမ္ဘဝနှင့် စူဠာသမ္ဘဝ မင်းသားနှစ်ပါးတို့ကို စက္ခုအလင်းရအောင် ကုစားပေးသော စန္ဒမုခိဘီလူးမတွင် လက်ကို ကိုင်တွယ်ခြင်း အစွန်းအညိကြောင့် ပဋိသန္ဓေတည်ရှိခဲ့ရာ တောင်တွင်းကြီးမြို့ အနောက်ဘက် ၅ တိုင်ကွာသော တောအရပ်တွင် သားမိန်းမတစ်ယောက် ဖွားမြင်သည်ဟု ဆိုသည်။ ထိုသမီးငယ်ကို ရသေ့တစ်ပါးက မွေးစားထား၍ ကြီးပြင်းလာသောအခါတွင် ထိုတောအရပ်၌ နေသည့် ဗိဿနိုးနတ်မင်းက ရှေးဘဝ၌ မောင်နှမတော်သဖြင့် ပန်ထွာပြည် ဗိဿနိုးမြို့ကို ဖန်ဆင်း၍ အမျိုးသမီးအား အပ်နှင်းလေသည်။ ပန်ထွာမင်းသမီး စိုးစံသော ဗိဿနိုးမြို့ကို (သရေခေတ္တရာမြို့)ကို အုပ်စိုးသည့် ဒွတ္တပေါင်မင်းကြီးက ဥပါယ်တံမျဉ်ဖြင့် ကြံစည်၍ မင်းသမီးကိုပါ ခေါ်ဆောင်သွားကြောင်း ဖော်ပြပါရှိသည်။ သရေခေတ္တရာမြို့တွင် ဗိဿနိုးမိဖုရားသင်္ချိုင်းနေရာ တည်ရှိခြင်း၊ မြို့ဟောင်း နှစ်ရပ်လုံးတွင် မြို့ရိုး၊ ပြအိုး အပြိုအပျက်တို့ကို ဒိဋ္ဌတွေ့မြင်နိုင်ခြင်းတို့ကို ထောက်လျှင် တချိန်တခါက ဤမြို့နှစ်မြို့သည် အပြိုင်အဆိုင် ထွန်းကားခဲ့သည်ဟု ယူဆရသည်။ သရေခေတ္တရာမြို့၌ မှီတင်းနေထိုင်ကြသူများအနက် ပျူလူမျိုးတို့ ပါဝင်ကြောင်းနှင့် ထိုပျူလူမျိုးများ၏ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းတွင် အဓိက အချက်များမှာ လူများသေဆုံးပြီးနောက်တွင် မီးသင်္ဂြိုဟ်၍ အရိုးနှင့်ပြာများကို မြေအရိုးအိုးတို့တွင် ထည့်သွင်းမြှုပ်နှံခြင်းနှင့် ပျူဒင်္ဂါးဟု ယခုခေါ်စမှတ်ပြုသည့် အမှတ်လက္ခဏာများ ပါရှိသည့် ငွေပြားဝိုင်းကလေးများကို အသုံးပြုခြင်းကို အထောက်အထား ခိုင်လုံစွာ လေ့လာသိရှိပြီး ဖြစ်သည်။ #Credit #Knowledge #Ruby

တို့လဲနားတော့မယ် တာ့တာ #thadar

မရန်းနိုင်တော့လို့ အက်ဒမင်ထွက်ပါပြီရှင့် 😆 ဘိုင့် 😓 #chlish

စာလုံးပေါင်းသတ်ပုံအမှန်ရွေးပါ။ #Ruby
Anonymous voting