uk
Feedback
Let's Answer

Let's Answer

Відкрити в Telegram

တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Показати більше

📈 Аналітичний огляд Telegram-каналу Let's Answer

Канал Let's Answer (@letsanswerch) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 887 підписників, посідаючи 16 878 місце в категорії Освіта та 10 406 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 887 підписників.

За останніми даними від 25 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -1 033, а за останні 24 години на -11, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.13%. Протягом перших 24 годин після публікації контент зазвичай збирає N/A% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 847 переглядів. Протягом першої доби публікація в середньому набирає 0 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 4.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️

Завдяки високій частоті оновлень (останні дані отримано 26 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Освіта.

11 887
Підписники
-1124 години
-1337 днів
-1 03330 день
Архів дописів
"စွာသင့်သလောက်စွာပါ " ဟုတ်ပါတယ် ။ စွာပါ ။ အရေးအကြောင်းတွေ ဖြစ်လာလို့ ပြောကြဆိုကြပြီ ဆိုရင် ဆွံ့အတာမျိုး မဖြစ်အောင်နေပါ ။ ရင်ထဲရှိသမျှ မထိန်မချန်ပဲပြောပစ်ပါ ။ နောက်မှ တနုံ့နုံ့လုပ်နေရင် သင်ဟာ အရှုံးသမားပါ ။ နဂိုက ဘယ်လိုပဲ အေးပါ စေ ။ ကိုယ့်ကိုမဟုတ်မတရား စွပ်ဆွဲပြီး နှိမ်တာမျိုးဆိုစွာသာ စွာပါ။ စိတ်ထိခိုက်ရလွန်းလို့ အားတင်းပြီး ပြောရလွန်းလို့ မျက်ရည်တွေကျရင်လည်း ငိုရင်းနဲ့ ပြောပစ်ပါ ။ ဒါဆိုသင်မရှုံးပါဘူး ။ တစ်ချို့လူတွေက အဲ့လို ပြောမှကို တန်ရာကျတာပါ။ ပညာတတ်ပီပီတွေ ၊ ရန်အေးအောင်တွေ ၊ ငဲ့စရာရှိတာတွေ မတွေးဘဲ မကျေနပ်သမျှကို ပြန်ပြောပစ်ပါ။ သူနဲ့တန်တဲ့ စကားလုံးတွေဟာ သူ့ဆီ ရောက်အောင်ပို့မှကို ဖြစ်တာမလို့ ပြောပြစ်ပါ ။ ကျား ကို တရားချလို့မရပါဘူး ။ ခြင်္သေ့ကိုတရားချလို့မရပါဘူး ။ အဲ့လိုပဲ တစ်ချို့လူဖြစ်ပြီး လူစိတ်မရှိတဲ့လူတွေကို တရားချလို့မရပါဘူး ။ သူတို့ပေးသလို ပြန်ပေးနိုင်မှ တော်ကာကြတာမလို့ စွာသင့်သလောက်စွာပါ ။ #Credit_To_Original_Writer #Motivation #Ruby

ရောမပြည်မှ အချစ်အကြောင်းသည် ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစဖြစ်သည်။ ရောမဘုရင်တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရှုံးနှိမ့်ခဲ့ကြသည်။ ထိုအကြောင်းကို ဘုရင်ကြီးသိသောအခါ ရောမမြို့တွင် ချစ်သူရည်းစား မထားရ။ အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တတ်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း သည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတတ်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖော်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း ကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့မဟုတ်) ချစ်သူများနေ့ဟု ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည် #Alex #Knowledge

VALITINE DAY ဒဏ္ဍာရီအကြောင်းတင်ပေးမယ်နော် #Alex

Morning အချစ်တို့ #Venn

Morning အချစ်တို့ရယ် #Alex

အိပ်ကြပီလားအချစ်တို့ #Alex

အင်တာနက်ကို မည်သည့်ခုနှစ်မှစ၍ ကမ္ဘာတစ်ဝှမ်းအသုံးပြုနိုင်လာသလဲ... #quiz #HayNaung
Anonymous voting

Nobel Prizeကို ပထမဦးဆုံးရရှိခဲ့တဲ့ အမျိုးသမီးမှာ... #quiz #HayNaung
Anonymous voting

အကြောင်းပြချက်ကတော့ ကျွန်တော် လွတ်လပ်ချင်နေပါပြီ၊ စာကိုလည်း အဓိကပဲ လုပ်ရတော့မှာ မို့လို့ပါဗျာ။ #chlish

မှားနှိပ်တာ၊ အက်မင်ထွက်ပါတော့မယ်၊ တစ်နှစ်လောက်လုပ်ဉီးမယ်ဆိုပြီး လျှောက် shweeမိတဲ့အတွက် တောင်းပန်ပါတယ်ဗျ၊ တာ့တာ #chlish

အက်မင်ထွက်ပါတော့မယ်ဗျ၊ တစ်နှစ်လောက်လုပ်ဉီးမယ်ဆိုပြီး လျှောက် dhweeမိတဲ့အတွက် တောင်းပန်ပါတယ်ဗျ၊ တာ့တာ။ 😺 #chlish #quiz

လူတွေမသိသေးတဲ့ ဒိုရေမွန်ကာတွန်းဇာတ်လမ်းရဲ့နောက်ကွယ်ကဖြစ်ရပ်  “ဒိုရေမွန်” ကာတွန်းဇာတ်လမ်းလေးဟာ Fujiko F မှ ဖန်တီးထားတဲ့ ဂျပန်ကာတွန်းစီးရီးလေးတစ်ခုဖြစ်ပါတယ်။ ဒိုရေမွန်ကာတွန်းဇာတ်လမ်းလေးထဲမှာဆိုရင် နိုဘီတာလို့ခေါ်တဲ့ကောင်လေးနဲ့ ဒိုရေမွန်လို့ခေါ်တဲ့ ကြောင်ပြာလေးတစ်ကောင်ပါတာကို အားလုံးပဲ သတိထားမိကြမှာပါ။ ကာတွန်းဇာတ်လမ်းလေးထဲမှာတော့ ဒိုရေမွန်ကြောင်ပြာလေးက နိုဘီတာလို့ခေါ်တဲ့ကောင်လေးကို ကူညီပေးဖို့ ၂၂ ရာစုကနေ ရောက်ရှိလာတာပါ။ ဒိုရေမွန်ဇာတ်လမ်းလေးက ကလေးဘဝတုန်းက ကြည့်ခဲ့ရတဲ့ ကာတွန်းဇာတ်လမ်းလေးတွေထဲမှာ မျက်စိထဲစွဲကျန်နေတဲ့ ကားကောင်းလေးတွေထဲက တစ်ကားဆိုလည်း မမှားပါဘူး။ အရမ်းကို ကြည့်ရတာပျော်ဖို့ကောင်းတဲ့ ကာတွန်းကားလေးရဲ့နောက်ကွယ်မှာ အခုလို စိတ်ညစ်စရာတွေ ရှိနေတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဒိုရေမွန်ဇာတ်လမ်းကို အခြေတည်ရိုက်ကူးထားတဲ့ အပြင်က တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းထဲက လူသားလေး နိုဘီတာဟာ စိတ်ကစဉ့်ကလျားရောဂါ ဖိစီးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ လူသားနိုဘီတာလေးဟာ တွေးခေါ်နိုင်စွမ်းနည်းသလို၊ ခံစားပြုမှုနိုင်မှုတွေကိုလည်း ရှင်းရှင်းလင်းလင်းမသိရှာပါဘူး။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစွမ်းအားလျော့နည်းပြီး စိတ်ကူးယဉ်တာနဲ့လက်တွေ့နဲ့ကို မသဲကွဲတဲ့ကလေးတစ်ယောက်ပါ။ နိုဘီတာလေးရဲ့စိတ်ရောဂါကြောင့် ကျောင်းမှာဆိုရင် သူငယ်ချင်းတွေအနိုင်ကျင့်တာကို ခံရပါတယ်။ သူငယ်ချင်းတွေက နိုဘီတာဟာ အရူးတစ်ယောက်ဖြစ်တာကြောင့် တစ်နေ့ သူ့တို့ကို ရန်ရှာလာနိုင်တယ်ဆိုပြီး ရှောင်ဖယ်သွားကြပါတယ်။ စိတ်ရောဂါအခံရှိတဲ့ နိုဘီတာဟာ အပေါင်းအသင်းတွေရဲ့ ရှောင်ဖယ်ခြင်းကိုပါ ခံခဲ့ရတာကြောင့် တဖြည်းဖြည်း အထီးကျန်လာပြီး ရောဂါအခြေအနေက ပိုမိုပြင်းထန်လာပါတယ်။ စိတ်ရောဂါအခံလည်းရှိ ၊ တဖြည်းဖြည်းလည်း အထီးကျန်လာတဲ့ နိုဘီတာဟာ ဒိုရေမွန်လို့ခေါ်တဲ့ စက်ရုပ်ကြောင်လေးတစ်ကောင်ကို စိတ်ကူးယဉ် သူငယ်ချင်းအဖြစ်ထင်မှတ်မိလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒိုရေမွန်ဟာ နိုဘီတာရဲ့ စိတ်ကူးယဉ်သူငယ်ချင်းလေး ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နိုဘီတာဆိုတဲ့ ကောင်လေးဟာ သူ့သူငယ်ချင်း ဒိုရေမွန် တကယ်မရှိဘူးဆိုတာ သိသွားခဲ့ပါတယ်။ နိုဘီတာဟာ ဒိုရေမွန်ကတကယ်မရှိဘူးဆိုတဲ့  အမှန်တရားကို လက်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့အသက် ၁၆ နှစ်အရွယ်မှာ ဖခင်ဖြစ်သူရဲ့ သေနတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့သေကြောင်းကြံစည်ခဲ့တဲ့ကောင်လေး နိုဘီတာကို အောက်မေ့သတိရတဲ့အနေနဲ့ ဒိုရေမွန်ကာတွန်းစီးရီးလေးကို ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လူသားလေး နိုဘီတာမရှိတော့ပေမယ့် ကာတွန်းဇာတ်ကောင်လေး နိုဘီတာကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေဆဲပဲဖြစ်ပါတယ်။ နိုဘီတာလေးရဲ့ အပြင်လောကက ဇာတ်လမ်းနဲ့ပတ်သတ်ပြီး ပါးစပ်ရာဇဝင်တစ်ခုသာဖြစ်တယ် မယုံကြည်နိုင်ဘူး။ကာတွန်းက ကာတွန်းပဲ ဘာတွေပြောနေတာလဲ ဆိုတဲ့ မယုံကြည်တဲ့သူတွေလည်း ရှိကြပါတယ်။ တချို့ကလည်း အကြောင်းအရာတွေဟာ အရမ်းကို ကျိုးကြောင်းညီညွတ်ပြီး တိုက်ဆိုင်လွန်းနေတာကြောင့် ဒီဖြစ်ရပ်ကို တကယ်ဖြစ်ခဲ့တာဆိုပြီး ယုံကြည်ကြပါတယ် #Dαіsу #credit #К𝗇оѡІᥱძgᥱ #ძо_𝗇оt_cо⍴у

photo content

ကံ့ကော်ပန်းသည် ထင်ရှားသောပန်းဖြစ်သည်။ ရှေးက တက္ကသိုလ်နယ်မြေတွင် မလေးကျွန်းဆွယ်မှရသော ပိတောက်ကို အနှံ့အပြားစိုက်သည်။ နှောင်းခေတ်၌မူ ကံ့ကော်ပင်ကိုစိုက်ပျိုးလာကြသည်။ ကံ့ကော်သည် မူလဖြစ်ထွန်းရာ အထက်မြန်မာနိုင်ငံနှင့် တနင်္သာရီနယ်တို့တွင် အမြင့်ပေရှစ်ဆယ်၊ လုံးပတ်ဆယ်ပေအထိရှိသော အရိပ်အာဝါသ ကောင်းသည့် သစ်ပင်မျိုးဖြစ်သည်။ ကံ့ကော်ပန်းသည် အလွန်မွှေး၍ ဆေးဖက်လည်းဝင်သည်။ ကံ့ကော်သည် အမြဲစိမ်းလန်း စိုပြည်နေသည့်သစ်မာပင်လတ်မျိုးဖြစ်သည်။ ကံ့ကော်ပင်သည် သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်အပင်ဖြစ်သည်။ ကံ့ကော်(Gangaw) ၏ ရုက္ခဗေဒ အမည်မှာ Mesua ferrea ဖြစ်သည် မင်မင်တော့ကံ့ကော်ပန်းလေးကိုကြိုက်တယ် #Alex #Knowledge

သွေးထွက်မှို (သို့မဟုတ်) ကမ္ဘာ့ ထူးဆန်းတဲ့ မှိုတစ်မျိုး မှို အမျိုးအစား အမျိုးမျိုး ရှိကြပေမယ့် ဒီမှိုကတော့ တကယ့်ကို ထူးဆန်းတဲ့ မှိုတစ်မျိုးပါ။ ဒီ မှိုက Hydnellum မျိုးနွယ်ဝင် မှို တစ်မျိုးဖြစ်ပြီး အဆိပ်မရှိသော်လည်း စားသုံးလို့ မရတဲ့ မှို တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီ သွေးထွက်မှိုကို မြောက်အမေရိက နှင့် ဥရောပတို့မှာ တွေ့ရှိရပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ အီရန်မှာ ထပ်မံ တွေ့ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ကိုရီးယားမှာ ရှာဖွေ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။  ဒီမှိုရဲ့ ပုံစံကတော့ အခြား မှိုတွေလိုပဲ ကတော့ပုံ ပုံသဏ္ဍာန် ရှိပြီး မျက်နှာပြင် အရောင်က အဖြူရောင်ပဲ ဖြစ်ပါတယ်။ သွေးထွက်မှိုလို့ ခေါ်ကြပေမယ့် မှိုရဲ့ တကယ့် သွေး အစစ် မဟုတ်ပါဘူး။ မှိုရဲ့ မျက်နှာပြင် ကနေ လူရဲ့ သွေးလိုမျိုး အရောင်ရှိတဲ့ အရည်/ အဆီများ တဆိမ့်ဆိမ့်နဲ့ထွက်နေလို့သွေးထွက်သောမှိုလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။ ဒီမှိုရဲ့ မျက်နှာပြင်ကနေ အနီရောင်အရည်တွေက သွေးရည်လို ဖြစ်ပြီး sport လို့ခေါတဲ့ မျိုးမှုန်များ ဖြစ်ပါတယ်။ ဒီ မျိုးမှုန်တွေကြောင့်ပဲ တစ်ပင်ပေါက်ပြီးရင် ဒီနေရာမှာ နောက်တစ်ပင် ထပ်ပေါက်ဖို့ လွယ်ကူပါတယ်။ အခုလိုမျိုး အလိုအလျောက် သွေးလို အရည်များ ထွက်နေတဲ့ အတွက် Devil's mouth လို့လည်း တင်စား ခေါ်ဆို ကြပါတယ်။ ဒီမှိုပင်ကို ကြည့်ရတာ တကယ့်ကို မနှစ်မြို့စရာ ဖြစ်ပြီး ကြည့်ရင်း ကြည့်ရင်းနြ့ကို ကြက်သီးထမိပါတယ်။ စာဖတ်သူ များအတွက် ဗဟုသုတ ရရှိစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ #Dαіsу #credit #К𝗇оѡІᥱძgᥱ #ძо_𝗇оt_cо⍴у

photo content

မြန်မာနိုင်ငံတစ်ခုလုံးကိုဗြိတိသျှတို့အပိုင်သိမ်းအပြီးတစ်နှစ်အကြာ၁၈၈၆ခုနစ်မှာပြင်ဦးလွင်မြို့၌တပ်စွဲခဲ့တဲ့ဗိုလ်မှူးကြီးမေကိုအစွဲပြုပီးမေမြို့လို့ခေါ်ခဲ့ကြပါတယ်ပြင်ဦးလွင်ဆိုတာ၎င်းရဲ့ မူလနာမည်ဖြစ်ပီးကုန်းမြေ့လွင်ပြင်လို့အဓိပ္ပာယ်ရပါတယ်ပြင်ဦးလွင်ဟာမန္တလေးရဲ့အရှေ့ဘက်၄၃မိုင်ဝေးပြီးပေ၃၅၀၀လောက်မြင့်တဲ့ကုန်းပြေမြင့်တစ်ခုပေါ်မှာကွပ်ကွပ်ရွပ်ရွပ်ကလေးတည်ရှိပါတယ်၎င်းကိုသစ်ပင်များဖုံးလွှမ်းနေတဲ့တောင်တန်းတွေနဲ့ဝန်းရံထားပါတယ်ရလဒ်အနေနဲ့ပူပြင်းခြောက်သွေ့တဲ့မန္တလေးကိုမဟုတ်ဘဲအေးမြတဲ့ရာသီဉတုကိုခံစားရပါတယ်ပြင်ဦးလွင်ရဲ့ရာသီဉတုကအလွန်သာယာကောင်းမွန်တာမို့မြန်မာနိုင်ငံကိုဗြိတိသျှတို့အုပ်စိုးစဉ်ကပြင်ဦးလွင်ကိုအစိုးရနွေရာသီရုံးစိုက်ရာမြို့အဖြစ်သတ်မှတ်ခဲ့ပါတယ်အေးမြတဲ့ရာသီဉတုအပြင်၎င်းရဲ့အဓိကဆွဲဆောင်မှဒများကတော့ပန်းတွေအချိန်မရွေးပွင့်နေတဲ့ကန်တော်ကြီးနဲ့၎င်းနဲ့ဆက်နေတဲ့ရုက္ခဗေဒဉယျာဉ်ဖြစ်ပါတယ်မြန်မာနိုင်ငံတခြားနေရာမှာအနည်းငယ်တွေ့နိုင်တဲ့ချယ်ရီပင်များကိုပြင်ဦးလွင်မှာဂုဏ်ယူဝင့်ကြွားနိုင်ပါတယ်ပြင်ဦးလွင်ရဲ့နာမည်ကျော်တခြားထွက်ကုန်တွေထဲမှာမေမြို့ပန်း၊ကော်ဖီမှုန့်၊မက်မန်းသီး၊ယိုများနဲ့ခရမ်းချဉ်သီးတွေပါဝင်ပါတယ် ဒါကတော့ပြင်ဦးလွင်အကြောင်းပေါ့နော်မင်မင်တော့ပြင်ဦးလွင်ကိုအရမ်းသွားချင်တာ #Alex #Knowledge

မင်မင် ပြင်ဦးလွင်အကြောင်းတင်ပေးမယ်နော် #Alex #Knowledge

Morning အချစ်တို့ ညကအိပ်မက်တွေလှရဲ့လားဗျ #Alex

Good night ပါနော်၊ ဒီနေ့တော့ sweet dreamလိုက်မယ်။ #chlish