Let's Answer
တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗 ❣️ 12.10.2022 ❣️
نمایش بیشتر📈 تحلیل کانال تلگرام Let's Answer
کانال Let's Answer (@letsanswerch) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 887 مشترک است و جایگاه 16 878 را در دسته آموزش و رتبه 10 406 را در منطقه ميانمار دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 887 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 25 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -1 033 و در ۲۴ ساعت گذشته برابر -11 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 7.13% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً N/A% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 847 بازدید دریافت میکند. در اولین روز معمولاً 0 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 4 است.
📝 توضیح و سیاست محتوایی
نویسنده این فضا را محل بیان دیدگاههای شخصی توصیف میکند:
“တန်ဖိုးရှိတဲ့အချိန်တွေကို တန်ဖိုးရှိစေမယ့် စာတွေဖတ်ပြီး မေးခွန်းတွေလည်း ဖြေနိုင်ပါတယ်နော် အပန်းလည်းဖြေ၊ အပျင်းလည်းပြေ၊ အချိန်လည်း မယုတ်၊ ဗဟုသုတလည်းတိုးပွားစေနိုင်မယ့် အရှုံးလည်းမရှိတဲ့ ဒီChannelလေးကို Sharing လုပ်ပေးကြပါဦးရှင့် 💗
❣️ 12.10.2022 ❣️”
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 26 ژوئن, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کردهاند.
"စွာသင့်သလောက်စွာပါ "
ဟုတ်ပါတယ် ။ စွာပါ ။
အရေးအကြောင်းတွေ
ဖြစ်လာလို့ ပြောကြဆိုကြပြီ
ဆိုရင် ဆွံ့အတာမျိုး
မဖြစ်အောင်နေပါ ။
ရင်ထဲရှိသမျှ
မထိန်မချန်ပဲပြောပစ်ပါ ။
နောက်မှ တနုံ့နုံ့လုပ်နေရင်
သင်ဟာ အရှုံးသမားပါ ။
နဂိုက ဘယ်လိုပဲ
အေးပါ စေ ။
ကိုယ့်ကိုမဟုတ်မတရား
စွပ်ဆွဲပြီး နှိမ်တာမျိုးဆိုစွာသာ စွာပါ။
စိတ်ထိခိုက်ရလွန်းလို့
အားတင်းပြီး ပြောရလွန်းလို့
မျက်ရည်တွေကျရင်လည်း
ငိုရင်းနဲ့ ပြောပစ်ပါ ။
ဒါဆိုသင်မရှုံးပါဘူး ။
တစ်ချို့လူတွေက အဲ့လို
ပြောမှကို တန်ရာကျတာပါ။
ပညာတတ်ပီပီတွေ ၊
ရန်အေးအောင်တွေ ၊
ငဲ့စရာရှိတာတွေ မတွေးဘဲ
မကျေနပ်သမျှကို ပြန်ပြောပစ်ပါ။
သူနဲ့တန်တဲ့
စကားလုံးတွေဟာ သူ့ဆီ
ရောက်အောင်ပို့မှကို
ဖြစ်တာမလို့ ပြောပြစ်ပါ ။
ကျား ကို တရားချလို့မရပါဘူး ။
ခြင်္သေ့ကိုတရားချလို့မရပါဘူး ။
အဲ့လိုပဲ တစ်ချို့လူဖြစ်ပြီး
လူစိတ်မရှိတဲ့လူတွေကို
တရားချလို့မရပါဘူး ။
သူတို့ပေးသလို
ပြန်ပေးနိုင်မှ
တော်ကာကြတာမလို့
စွာသင့်သလောက်စွာပါ ။
#Credit_To_Original_Writer
#Motivation
#Ruby “ဒိုရေမွန်” ကာတွန်းဇာတ်လမ်းလေးဟာ Fujiko F မှ ဖန်တီးထားတဲ့ ဂျပန်ကာတွန်းစီးရီးလေးတစ်ခုဖြစ်ပါတယ်။ ဒိုရေမွန်ကာတွန်းဇာတ်လမ်းလေးထဲမှာဆိုရင် နိုဘီတာလို့ခေါ်တဲ့ကောင်လေးနဲ့ ဒိုရေမွန်လို့ခေါ်တဲ့ ကြောင်ပြာလေးတစ်ကောင်ပါတာကို အားလုံးပဲ သတိထားမိကြမှာပါ။ ကာတွန်းဇာတ်လမ်းလေးထဲမှာတော့ ဒိုရေမွန်ကြောင်ပြာလေးက နိုဘီတာလို့ခေါ်တဲ့ကောင်လေးကို ကူညီပေးဖို့ ၂၂ ရာစုကနေ ရောက်ရှိလာတာပါ။
ဒိုရေမွန်ဇာတ်လမ်းလေးက ကလေးဘဝတုန်းက ကြည့်ခဲ့ရတဲ့ ကာတွန်းဇာတ်လမ်းလေးတွေထဲမှာ မျက်စိထဲစွဲကျန်နေတဲ့ ကားကောင်းလေးတွေထဲက တစ်ကားဆိုလည်း မမှားပါဘူး။ အရမ်းကို ကြည့်ရတာပျော်ဖို့ကောင်းတဲ့ ကာတွန်းကားလေးရဲ့နောက်ကွယ်မှာ အခုလို စိတ်ညစ်စရာတွေ ရှိနေတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး။
ဒိုရေမွန်ဇာတ်လမ်းကို အခြေတည်ရိုက်ကူးထားတဲ့ အပြင်က တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းထဲက လူသားလေး နိုဘီတာဟာ စိတ်ကစဉ့်ကလျားရောဂါ ဖိစီးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ လူသားနိုဘီတာလေးဟာ တွေးခေါ်နိုင်စွမ်းနည်းသလို၊ ခံစားပြုမှုနိုင်မှုတွေကိုလည်း ရှင်းရှင်းလင်းလင်းမသိရှာပါဘူး။ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစွမ်းအားလျော့နည်းပြီး စိတ်ကူးယဉ်တာနဲ့လက်တွေ့နဲ့ကို မသဲကွဲတဲ့ကလေးတစ်ယောက်ပါ။ နိုဘီတာလေးရဲ့စိတ်ရောဂါကြောင့် ကျောင်းမှာဆိုရင် သူငယ်ချင်းတွေအနိုင်ကျင့်တာကို ခံရပါတယ်။ သူငယ်ချင်းတွေက နိုဘီတာဟာ အရူးတစ်ယောက်ဖြစ်တာကြောင့် တစ်နေ့ သူ့တို့ကို ရန်ရှာလာနိုင်တယ်ဆိုပြီး ရှောင်ဖယ်သွားကြပါတယ်။ စိတ်ရောဂါအခံရှိတဲ့ နိုဘီတာဟာ အပေါင်းအသင်းတွေရဲ့ ရှောင်ဖယ်ခြင်းကိုပါ ခံခဲ့ရတာကြောင့် တဖြည်းဖြည်း အထီးကျန်လာပြီး ရောဂါအခြေအနေက ပိုမိုပြင်းထန်လာပါတယ်။
စိတ်ရောဂါအခံလည်းရှိ ၊ တဖြည်းဖြည်းလည်း အထီးကျန်လာတဲ့ နိုဘီတာဟာ ဒိုရေမွန်လို့ခေါ်တဲ့ စက်ရုပ်ကြောင်လေးတစ်ကောင်ကို စိတ်ကူးယဉ် သူငယ်ချင်းအဖြစ်ထင်မှတ်မိလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒိုရေမွန်ဟာ နိုဘီတာရဲ့ စိတ်ကူးယဉ်သူငယ်ချင်းလေး ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နိုဘီတာဆိုတဲ့ ကောင်လေးဟာ သူ့သူငယ်ချင်း ဒိုရေမွန် တကယ်မရှိဘူးဆိုတာ သိသွားခဲ့ပါတယ်။ နိုဘီတာဟာ ဒိုရေမွန်ကတကယ်မရှိဘူးဆိုတဲ့ အမှန်တရားကို လက်မခံနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူ့အသက် ၁၆ နှစ်အရွယ်မှာ ဖခင်ဖြစ်သူရဲ့ သေနတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ပါတယ်။ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့သေကြောင်းကြံစည်ခဲ့တဲ့ကောင်လေး နိုဘီတာကို အောက်မေ့သတိရတဲ့အနေနဲ့ ဒိုရေမွန်ကာတွန်းစီးရီးလေးကို ရိုက်ကူးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ လူသားလေး နိုဘီတာမရှိတော့ပေမယ့် ကာတွန်းဇာတ်ကောင်လေး နိုဘီတာကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း ရှင်သန်နေဆဲပဲဖြစ်ပါတယ်။
နိုဘီတာလေးရဲ့ အပြင်လောကက ဇာတ်လမ်းနဲ့ပတ်သတ်ပြီး ပါးစပ်ရာဇဝင်တစ်ခုသာဖြစ်တယ် မယုံကြည်နိုင်ဘူး။ကာတွန်းက ကာတွန်းပဲ ဘာတွေပြောနေတာလဲ ဆိုတဲ့ မယုံကြည်တဲ့သူတွေလည်း ရှိကြပါတယ်။ တချို့ကလည်း အကြောင်းအရာတွေဟာ အရမ်းကို ကျိုးကြောင်းညီညွတ်ပြီး တိုက်ဆိုင်လွန်းနေတာကြောင့် ဒီဖြစ်ရပ်ကို တကယ်ဖြစ်ခဲ့တာဆိုပြီး ယုံကြည်ကြပါတယ်
#Dαіsу
#credit
#К𝗇оѡІᥱძgᥱ
#ძо_𝗇оt_cо⍴уမှို အမျိုးအစား အမျိုးမျိုး ရှိကြပေမယ့် ဒီမှိုကတော့ တကယ့်ကို ထူးဆန်းတဲ့ မှိုတစ်မျိုးပါ။
ဒီ မှိုက Hydnellum မျိုးနွယ်ဝင် မှို တစ်မျိုးဖြစ်ပြီး အဆိပ်မရှိသော်လည်း စားသုံးလို့ မရတဲ့ မှို တစ်မျိုးပဲ ဖြစ်ပါတယ်။
ဒီ သွေးထွက်မှိုကို မြောက်အမေရိက နှင့် ဥရောပတို့မှာ တွေ့ရှိရပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ အီရန်မှာ ထပ်မံ တွေ့ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ကိုရီးယားမှာ ရှာဖွေ တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
ဒီမှိုရဲ့ ပုံစံကတော့ အခြား မှိုတွေလိုပဲ ကတော့ပုံ ပုံသဏ္ဍာန် ရှိပြီး မျက်နှာပြင် အရောင်က အဖြူရောင်ပဲ ဖြစ်ပါတယ်။
သွေးထွက်မှိုလို့ ခေါ်ကြပေမယ့် မှိုရဲ့ တကယ့် သွေး အစစ် မဟုတ်ပါဘူး။
မှိုရဲ့ မျက်နှာပြင် ကနေ လူရဲ့ သွေးလိုမျိုး အရောင်ရှိတဲ့ အရည်/ အဆီများ တဆိမ့်ဆိမ့်နဲ့ထွက်နေလို့သွေးထွက်သောမှိုလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ဒီမှိုရဲ့ မျက်နှာပြင်ကနေ အနီရောင်အရည်တွေက သွေးရည်လို ဖြစ်ပြီး sport လို့ခေါတဲ့ မျိုးမှုန်များ ဖြစ်ပါတယ်။
ဒီ မျိုးမှုန်တွေကြောင့်ပဲ တစ်ပင်ပေါက်ပြီးရင် ဒီနေရာမှာ နောက်တစ်ပင် ထပ်ပေါက်ဖို့ လွယ်ကူပါတယ်။
အခုလိုမျိုး အလိုအလျောက် သွေးလို အရည်များ ထွက်နေတဲ့ အတွက် Devil's mouth လို့လည်း တင်စား ခေါ်ဆို ကြပါတယ်။
ဒီမှိုပင်ကို ကြည့်ရတာ တကယ့်ကို မနှစ်မြို့စရာ ဖြစ်ပြီး ကြည့်ရင်း ကြည့်ရင်းနြ့ကို ကြက်သီးထမိပါတယ်။
စာဖတ်သူ များအတွက် ဗဟုသုတ ရရှိစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။
#Dαіsу
#credit
#К𝗇оѡІᥱძgᥱ
#ძо_𝗇оt_cо⍴у
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
