တပ်သားလေး ဖိုးထောင် 🇲🇲🪖
Відкрити в Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Показати більше7 647
Підписники
-524 години
-267 днів
-13130 днів
Архів дописів
Repost from နေပြည်တော်👌👌
+1
ကျောက်မဲနဲ့မတူပီအဝေးကြီးပါ
TNLAနဲ့CDFဘာသာစကားအဝေးကြီးပါ၊ဒါမျိုးကတော့ပြည်သူလူထုကိုမလေးမစားလုပ်ဖို့မသင့်တော်ပါ။လက်နက်ကိုင်အကြမ်းဖက်တွေကိုလည်းထိုးမချနိုင်ပါ။နေပြည်တော်ချန်နယ်မှာဇွန်၂၄ရက်ပထမဦးဆုံးစတင်ပေးထားတာပါ
နေပြည်တော်
https://t.me/KKM28640/4790
မြန်မာနိုင်ငံ မငြိမ်းချမ်းစေရန် နောက်ကွယ်တွင် ကြိုးကိုင်နေသော တရုတ်နိုင်ငံတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်ခဲ့သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
https://t.me/privatephoehtaung
+9
"တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်"
ယနေ့ 28-6-2024 ရက်နေ့
ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁) သင်တန်းသားများ စတင်သင်တန်းဆင်းပါပြီ။ တပ်မတော်အတွက် အလိုအပ်ဆုံးအချိန်မှာ အားတစ်ခုအဖြစ် တာဝန်ထမ်းဆောင်ကြမဲ့ ညီငယ်လေးတို့ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။
ကလေးတွေကို ကျောင်းမတက်ခိုင်းဘဲ ယူနီဖောင်းဝတ်ခိုင်းပြီး စစ်သင်တန်းပေးနေတဲ့ အာရခီးအကြမ်းဖက်အဖွဲ့
+1
ကလေးတွေကို ကျောင်းမတက်ခိုင်းဘဲ ယူနီဖောင်းဝတ်ခိုင်းပြီး စစ်သင်တန်းပေးနေတဲ့
အာရခီးအကြမ်းဖက်အဖွဲ့
TNLA+MDY-Pdf များ
နောင်ချို-ပြင်ဦးလွင်အစပ်
ဘန့်ဘွေးအကျော်၊ နန်းရွှေလီ
စားသောက်ဆိုင်၏ မြောက်ဖက်
ထင်းရူးတောနဲ့ စိုက်ခင်းများအထိ
ချဥ်းကပ် နေရာယူလာကြောင်း
ဒေသခံများမှ သတင်းပေးပို့လာပါတယ်။ ဆော်ထည့်လိုက်တော့
ပညာရေးဒီဂရီကောလိပ် အားလုံး အရင်က သင်တန်းသားများကို တစ်နေ့ ၁၀၀၀နဲ့ ၂နပ်ကျွေးရတယ် ခုကတစ်နေ့ ၂၀၀၀နဲ့ ၃နပ်ကျွေးရတာပါတဲ့
ပညာရေးဝန်ကြီးရဲ့ညွန်ကြားချက်ပါ
ခု ကာလစျေးနှုန်းနဲ့ ခုလောက်ဖြစ်အောင်
လုပ်ရတာ မလွယ်ကူပါဘူးဗျာ
ထမင်းတစ်နပ်ကို ပျမ်းမျှ 700 နဲ့ စဉ်းစားကြည့်ပါတော့ဗျာ ဒါတောင် ကြက်သား ကြက်ဥ ငါးဖယ် ပါအောင်ချက်ကျွေးရတဲ့ နေ့တွေလည်းရှိပါတယ်ဗျာ
အဆောင်မှူးချုပ်နဲ့ အဆောင်မှူးဆရာ ဆရာမတွေဆိုတာ ကိုယ့်အိမ်ဘာဟင်းချက်မယ်ဆိုတာ အယ့်လောက်မတွေးရဘူး ကုန်ဈေးနှုန်းနဲ့ကိုက်အောင် ကလေးတွေကို လောက်အောင်ဘာဟင်းချက်ကျွေးရမယ်ဆိုတာ စဉ်းစားရတာနဲ့တင် ပင်စင်ယူချင်နေကြပါပြီ။
သက်ဆိုင်ရာလူကြီးမင်းများသိပါစေ
#yyh
နောင်ချို ခမရ ၁၁၄ တွင် ဒတရ ၆၀၆၊ ခမရ ၁၁၅၊ ပူးပေါင်းနေဝန်းနီ တပ်မတော် စုပေါင်း အဖွဲ့နှင့်ရဲတပ်ဖွဲ့တို့ မဆုတ်တမ်းခံစစ်ကြေငြာလိုက်ပါပြီ။
ရဲမေမိသားစုမှီခိုသူများလည်း ဘေးကင်းရာသို့ရောက်ရှိနေပါပြီ။ တက်လာသမျှ ဘိန်းစားများအား မဆုတ်တမ်းခံစစ် ရဲရင့်သောစိတ်ဓာတ်များဖြင့်
ခုခံလျှက်ရှိနေပါကြောင်းသိရှိရပါသည်။ တရားသောစစ် အောင်မြင်ပါစေ။
ရန်သူ့တီးကွက်အတိုင်း မက, ပါနဲ့
ဖြစ်ပြီးသားအတိတ်ကိုပြန်တူးဆွတယ်မထင်ပါနဲ့။ သင်ခန်းစာယူရအောင်ပြောပါမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ၁၀၂၇ နဲ့ ချင်းရွှေဟော်ကို မြောက်သုံးဖွဲ့စတိုက်တဲ့ အောက်တိုဘာလ ၂၇ ရက်ကတည်းက စစ်ရေး Format တွေမပြောင်းလဲရင် လောက်ကိုင်ကျမယ်ဆိုတာကြိုသတိပေးခဲ့တယ်။ ပါစင်ကျော်မကျခင်ပြင်ဖို့မီသေးတဲ့အချိန်မှာ အဝေးကလက်လှမ်းမီရာလူကြီးတွေကိုကျွန်တော်လိုက်အကြံပေးပါတယ်။ ပြောပါတယ်။ သတိပေးပါတယ်။ မလုပ်ကြတဲ့အခါစိတ်ပျက်လို့ထိုင်ကြည့်ပါတယ်။
အဝေးကလူကြီးတွေကိုပြောတယ်ဆိုတာအနီးကိုပြောလို့မရလို့၊ တင်ပြချက်ကိုနားမထောင်လို့ပါ။ ကျွန်တော့်လိုလူမျိုးအနီးကပ်ရှိနေတာ Operation Brefing တစ်ခါမှမဝင်ခဲ့ဘူး။ ဘာလုပ်သင့်လဲဆိုတာ၊ ဘယ်လိုစစ်နည်းဗျူဟာပြောင်းလဲရမလဲဆိုတာ တစ်ခါမှ(တစ်ခါမှ) ခေါင်းချင်ဆိုင်ဆွေးနွေးခဲ့တာမရှိပါဘူး။
ထူးဆန်းတာကအဲ့လိုနားမထောင်တဲ့အကြီးတွေဟာ ကိုကျော်စိုးဦးနဲ့ ကိုကျော်မျိုးမင်းပြောတာတွေကိုတော့အမြဲနားထောင်ကြပါသတဲ့။ သူတို့ကသတင်းထောက်တွေပါ။ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံရှိသူတွေလဲမဟုတ်ဘူး။ စစ်နည်းဗျူဟာ၊ မဟာဗျူဟာသိသူတွေမဟုတ်ဘဲ တတ်တဲ့သတင်းထောက်ပညာနဲ့တင်ပြနေသူတွေပါ။
ဒါကို NDC ဆင်းတွေက၊ မိမိကွပ်ကဲနေတဲ့စစ်မြေပြင်ရဲ့အလှုပ်အခတ်ကို ကျော်မျိုးမင်း၊ ကျော်စိုးဦးပြောတာကြည့်သုံးသပ်ကြတယ်တဲ့။
ပြည်သူလောက်ကကြည့်ရမဲ့သတင်းတင်ဆက်သူတွေဟာ မသိရင်ကိုယ့်ရဲ့ Operation Theatre ကြီးကိုပဲကွပ်ကဲနေသလိုလို။
" ကျော်မျိုးမင်းကတော့ပြောနေပြီ
ဒီလောက်လေကြောင်းကနေဗုံးကြဲ
နေတာ၊ သူပုန်တွေရာဂဏန်းတော့
ထိမှာပဲ "
" နှစ်ဘက်စစ်ဖြစ်နေတာပဲ၊ သူတို့လဲ
ထိခိုက်ကျဆုံးနည်းမှာမဟုတ်ဘူး "
စတဲ့ စကားလုံးတွေကအရပ်သားပြောရမဲ့စကားတွေပါ။ စစ်သားတစ်ယောက်ကတိကျတဲ့သတင်းကိုပဲကိုင်တွယ်ရတယ်။
" မြေပုံညွှန်း ××× ××× ကိုရန်သူရောက်နေတယ်၊ အင်အားက xx၊ လက်နက်က ××၊ ယာဥ်ကဘာတွေပါတယ်၊ ကိုယ့်ဘက်ကလေကြောင်းကဗုံးကြဲ၊ အမြောက်နဲ့ပစ်လို့ ဒဏ်ရာရ ×× ၊ ကျသွားတာ ×× ၊ ဒဏ်ရာရရန်သူကိုဘယ်လိုဆွဲထုတ်တယ်၊ စိတ်ဓါတ်ရေးရာဘယ်လိုထိခိုက်သွားတယ်၊ ဘယ်မှာဆေးကုနေတယ်၊ ဘာဆက်လုပ်ရမယ် "
စသည်ဖြင့် မြေပြင်သတင်းအစမှသတင်းအဆုံးတိုင်အောင် တိတိကျကျထောက်လှမ်းရမှာဖြစ်တယ်။ တိကျတဲ့သတင်းပေါ်မူတည်ပြီး ဆက်လုပ်ရမဲ့မိမိတီးကွက်ကိုခင်းကျင်းရမှာဖြစ်တယ်။
မဟုတ်ပဲ အစကတည်းကသတင်းဝေဝေဝါးဝါး၊ အမြောက်ပစ်ချင်တဲ့နေရာပစ်၊ လေယာဥ်ချချင်ရာချ၊ ဒုံးကအသံထွက်ရုံထွက်၊ ထိလားမထိလားမသိ၊ နောက်ဆက်တွဲဘာဆက်ဖြစ်လဲ၊ ဘယ်လိုဗျူဟာခင်းရမလဲမသိရင် ရန်သူ့တီးကွက်အတိုင်းလိုက်ကရပြီး ဘာဆက်ဖြစ်မလဲသိသာပါတယ်။
စစ်ဖြစ်နေရင်ရန်သူ့တိုက်ပွဲသတင်းကို စရဖ အားကိုးလို့လုံးဝမရပါဘူး။ ငမြောက်ငခြောက် သတင်းပေးဟာစစ်ဖြစ်တာနဲ့စစ်ရှောင်ပြီးသတင်းကွင်းဆက်ပျောက်ပါတယ်။ ရန်သူ့သတင်းတိတိကျကျရမှအနည်းဆုံးထိရောက်တဲ့အမြောက်ပစ်လို့ရမှာပါ။
မိမိကျည်တစ်တောင့်ပစ်ရင်၊ စစ်တစ်ကွက်ရွှေ့ရင်
- ရန်သူသေကျေရမယ်
- မသေရင်တောင်ထိခိုက်ဒဏ်ရာရရမယ်
- ဒဏ်ရာမရတောင် ထိတ်လန့်တုန်လှုပ်ရမယ်
မဟုတ်လား။ လက်ရှိမှာ ရန်သူ့စစ်ဦးမကျိုးရခြင်းက တပ်ရဲ့စစ်အရှိန်နဲ့ပစ်ခတ်မှုအားဟာ အထက်ပါသုံးချက်နဲ့မကိုက်ညီလို့ပါပဲ။
စစ်သတင်းရယူမှုမှာ
(က) ကင်းထောက်ခြင်း (မြေပြင်၊ လေကြောင်း၊ ရေကြောင်း)
( ခ ) သုံ့ပန်း စစ်ကြောမေးမြန်းခြင်း
( ဂ ) စာရွက်စာတမ်းဖတ်ရှုခြင်း (ယနေ့ခတ်မှာဖုန်း/ဆက်သွယ်ရေးစက်ကြားဖြတ်ဖမ်းတာ)
No Information No operation ပါ။
အကောင်းဆုံးကလှည့်ကင်းထွက်ပြီးကင်းထောက်တာပါပဲ။ ရန်သူကမြေပြင်ကင်းထောက်၊ Drone attack အားသာရင် မိမိလှည့်ကင်းအဖွဲ့ဟာသမားရိုးကျစစ်တာဝန်မထမ်းဆောင်ဘဲ သတင်းသီးသန့်လိုက်တဲ့ ကျည်တစ်တောင့်မှထွက်ဖို့မလိုတဲ့ပြောက်ကျားလှည့်ကင်းလုပ်ရမယ်။ ရန်သူကိုမြင်နေရင်တောင်မပစ်ဘဲ သတင်းသီးသန့်ရယူ၊ ရန်သူ့ရဲ့တိုက်ပွဲတွင်းလှုပ်ရှားမှုတွေကိုမျက်ခြေမပြတ်ထောက်တဲ့လှည့်ကင်းဖြစ်ရမယ်။
အခုကတော့ မိမိဝပ်ကျင်းထဲကနေရန်သူခွေးအတွေလာဆွဲမှပြန်ကစားရင် စစ်သည်၊ ရဲမေတွေဟာ အသားတစ်တွေလို တစ်စစီဆွဲဖဲ့ခံနေရတယ်။
" Don't dance with the enemy tones " ပါ။
မိကျောင်းမင်းရေခင်းပြတယ်တော့မထင်ပါနဲ့။ မလှမပအကွက်တွေစောင့်ကြည့်ရင်း ရင်နာရလို့ပါ။
၂၇.၆.၂၀၂၄
Geopolitics Admin
+4
27.6.2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၄) ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို တက်ရောက်ချီးမြှင့်သည်။
မူဆယ် ၁၀၅ မိုင် တုန်ခန်ဖက် ကိုးကန့်နဲ့ ဝအဖွဲ့တွေ လူစုနေကြပါတယ်။ အင်အား မနည်းပါ။ မူဆယ်ကို အချိန်မရွေး တိုက်နိုင်ပါတယ်။ သတိ၊ဝိရိယ ဖြင့်နေကြပါ။
မိုးမိတ်ဖက် ရန်သူလှုပ်ရှားမှုရှိ။ ရှမ်းစကားပြောသူ ၂၀၀ နီးပါး ပါကြောင်း သိရပါတယ်။
အစ္စရေးကို အားကျတယ် 🇮🇱
ကိုယ့်ခေါင်းဆောင်တွေရဲ့ လုပ်ကိုင်ပုံတွေကို ကြည့်မိတိုင်း အစ္စရေးကိုပဲ အားကျနေမိတယ်။ ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေကို ထိမယ်ဆိုရင် ဘယ်သူ့မျက်နှာမှ မထောက် ကြိုဗျင်းတာကြီးပဲ။ ၁၉၈၁ က အီရတ်က နျူကလီးယားစက်ရုံ ပြီးခါနီး ဗုံးကြဲပြီး ရှင်းတယ်။ နိုင်ငံအများကြီး ဖြတ်ပြီး ပျံရလို့ ပြဿနာဖြစ်မှာ၊ စစ်ဖြစ်မှာတွေ တွေးပြီးပူမနေဘူး။ သူ့နိုင်ငံကို နျူကလီးယားနဲ့ ခြိမ်းခြောက်ခံရမှာကို ကာကွယ်ဖို့ တစ်ခုပဲတွေးတယ်။ အကျိုးဆက်ကတော့ အခုထိ ဘယ်ကုလားမှ နျူစက်ရုံထပ်မဆောက်ရဲတော့ပါ။
လွန်ခဲ့တဲ့ ဧပြီလကလဲ ဆီးရီးယားမြို့တော် ဒမတ်စကပ်က ကနေဒါသံရုံးဘေးကပ်ရပ် အီရန်ကောင်စစ်ဝန်ရုံးကို ဗုံးကြဲလိုက်တယ်။ အထဲမှာ အီရန်အရာရှိတွေ အစ္စရေးကိုတိုက်ဖို့ အစည်းအဝေးလုပ်နေလို့ပါတဲ့။ ဆီးရီးယား၊ အီရန်တို့အပြင် အနောက်က ဆရာကြီး ရုရှားတို့နဲ့ စစ်ဖြစ်မှာ၊ ကနေဒါသံရုံးဘေးမို့လို့ အနောက်အုပ်စုနဲ့ ပြဿနာဖြစ်မှာ ခေါင်းထဲတောင် မထည့်ဘူး။ တိုက်မဲ့အကြောင်း အမေရိကန်ကိုလဲ သံတောင်ဦးမတင်နေဘူး။ နိုင်ငံတကာက ကန့်ကွက်မှုတွေလဲ ခေါင်းထဲမထည့်ဘူး။ ကိုယ့်နိုင်ငံကို လာတိုက်မှာကို သီသိကြီးနဲ့ စောင့်မနေပဲ ဦးအောင်ဆော်ထည့်လိုက်တယ်။
ဒီမှာတော့ဗျာ။ လက်နက်စက်ရုံကြီးတွေ ဟီးထ၊ ထောက်ပို့လမ်းကြောင်းကြီးတွေ ပြူးနေလဲ အေးဆေးပါပဲ။ ဒီလက်နက်တွေနဲ့ ကိုယ့်ရဲဘော်တွေကို သတ်ဖြတ်၊ ကိုယ့်စခန်းတွေကို လာတိုက်နေလဲ ကြည့်နေဆဲပါ။ ဘယ်အဖွဲ့ ဘယ်စက်ရုံတွေကထွက်နေသလဲ လူကြီးတွေ အသိဆုံးပါဗျာ။ ဗုံးတစ်လုံးဆို တစ်လုံးထိထိရောက်ရောက်လုပ်လိုက်လို့ရပါတယ်။
ရန်သူတွေ စစ်ရေးပြတို့ အစည်းအဝေးတို့လုပ်နေလဲ နှာစေးနေဆဲပါ။ ရည်မွန်တို့ ထွန်းမြတ်နိုင်တို့ ဓာတ်ပုံတွေတင်ပြီး ပေါ်တင် ခြေချင်းလိမ်အောင်လျှောက်သွား အစည်းအဝေးများ တက်နေဆဲပါ။ အစည်းအဝေးတိုင်းက ကိုယ့်ကိုလာတိုက်ဖို့ ဆွေးနွေးနေကြတာကြီးပဲ။ သာကောကြီး ငြိုငြင်မှာကို ကိုယ့်စစ်သည်များ ကျဆုံးတာထက် ကြောက်နေတော့လဲ ခက်တာပေါ့။
အစ္စရေးခေါင်းဆောင်တွေနဲ့ အလိုက်ပေးလဲလို့ ရရင် လဲချင်တယ်ဗျာ 😔
ရဲဘော်တွေ အရာရှိငယ်တွေ တာဝန်ကြေကြပါတယ်။ ထိပ်ပိုင်းနဲ့ အလယ်အလတ် ခေါင်းဆောင်များ ရှက်ဖွယ်ပါ။
photo crd - Sittnweoo
Repost from ဖောင်းကားစားဖိုးကဲကြီး
😟မနေ့ ၂၅ရက် ဇွန်က စလိုက်တဲ့ စစ်က အခု နောင်ချို+ကျောက်မဲ(၇၀%) ရပြီ
သီပေါ ဘက်ကို လဲ စံတတ်နေသလို
😟နောင်ချိုဘက်ကနေ ဆင်းပြီး ဝက်ဝံ+ ဘန့်ဘွေ တို့ကို ဝင်ဆောင့်တော့မယ်(မေမြို့ကာကင်းတွေ)
😟MDAA ရဲ့ လားရှိူးကာကင်းတွေကို တိုက်နေတဲ့ သတင်းတွေ
မတ္တရာ+မိုးကုတ်+မိုးမိတ်တို့သတင်းတွေ ထားလိုက်အုံး
😟မေမြို့က သင်တန်းသားတွေ DSA က ညီငယ်တွေကတော့ သင်တန်းလက်တွေ့ဆင်းရတော့မယ်
ဘာလို့ ဒီလိုဖြစ်သွားတာလဲဆိုတော့
😡ပထမတခါက အလစ်ငိုက်ခံရလို့
😡ဒုတိယတခါ(၅လကြာ) ကိုယ်အသုံးမကျလို့
😡သူတို့ပြောပြီးသားပါ ၁၀၂၇ ပထမလှိုင်းထက် အခု ၀၆၂၅ လှိုင်းက ပိုပြင်းထန်မယ်လို့ ပြောပြီးသား
😡အချိန် ၅လအကြာ ပြင်ဆင်ထားပုံအရ တပ်မတော်အနေနှင့် လားရှိုးမြို့ကိုဘဲ အဓိက ထားပြီးကာကွယ်ဖို့သာ အားထည့်ထားပုံပေါ်တယ်(ပြည်ပြေးမီဒီညာတွေမှာဖော်ပြပြီးသားပါ)
😡၁၀၂၇ တုံးကလဲ ကွမ်လုံ+ချင်းရွှေဟော် တို့ကိုဘဲတိုက်ပြီး အေးဆေးမှ လောက်ကိုင် ဒကစ ကို သိမ်းပြသွားတယ်(ပင်စည်ကိုမခုတ်သေးဘဲ အမြစ်ကို အက်စစ် လောင်းလိုက်တဲ့ ဗျူဟာပါ)
စစ်ဗျူဟာကအရ ဘာလို့
😊တမြို့တရက်နှုန်း
တပ်ရင်း ၂ရင်း တရက်နှုန်း သိမ်းနိုင်တာလဲ?
🇨🇳အဖြေက ရိုးရှင်းပါတယ် တရုတ်ကြီး တိုက်ခိုင်းတဲ့ မြို့တွေကို တိုက်တာပါ။ကျည်ပေါ
မော်တာဆံပေါ
ဒရုန်းပေါပေါများများ ပေးထားပြီးပြီ
တရုတ်ကြေးစားသင်တန်းဆရာတွေ PLA အရာရှိတွေက ဗျူဟာစွဲပေးနေတာ
🇺🇸(လေတပ်/ဒုံးတပ်/ယန္တယားတပ် မရှိ)တပ်မတော်အဆင့်မရှိတဲ့ သောင်းကျန်းသူအဖွဲ့တွေက ကမ္ဘာအဆင့် ၃၅/၃၆/၃၇ တမ်းထဲရောက်နေတဲ့ တပ်မတော်ကို တိုက်နေနိုင်တာက တော်တော်ထူးခြားနေလို့ အမေရိကန်နှင့် အာဆီယံနိုင်ငံတွေက စစ်ဗျူဟာမှူးတွေတောင် ပင်တကွန်စစ်ဌာနချုပ်မှာ လေ့လာနေရပြီ
ငြင်းချင်လား ငြင်းလို့ရတယ်
ဘဂ်လားလိုငယ်နိုင် နိုင်ငံကတောင် လက်ရှိတပ်မတော်ကို စိန်ခေါ်နေတာ သတင်းတွေမှာတွေ့မှာဘဲ
လက်ရှိစစ်ပွဲအနေအထားက
💚တပ်မတော်သားတွေ ညံ့နေတာမဟုတ်ပါဘူး
မပြတ်သားတဲ့ ခေါင်းဆောင်များ
ဆင့်ကဲအမိန့်များ
တာဝန်ခံမှု မလိုချင်တဲ့ ဗျူဟာမှူးများ
လေ့ကျင့်သားမပြည့်ဝသောတပ်မတော်သားများ
စစ်တိုက်တဲ့အလုပ်ထက် ပိုက်ဆံရှာလိုသူများ(အရာရှိ/အခြားအဆင့်ပါပါ)
ဖရဲသီးလိုဟာများ
ဒေသခံများ၏ တပ်မတော်အပေါ်မထောက်ခံမှု
သူပုန်များ၏ နယ်မြေကျွမ်းကျင်မှု
လျင်မြန်မှုမရှိသော ထောက်ပို့စနစ်များ(လမ်းတံတားများ ဖျက်စီးထားရသည်)
နှစ်ပေါင်း ၇၉တိုင်တိုင် မိုးတွင်းကောင်းကောင်း စစ်မတိုက်ဖူးသည့် တပ်မတော်နှင့် သောင်းကျန်သူများအတွက် စိန်ခေါ်မှုများရှိနေသည်။
အခြားသော ကချင်+ရခိုင်စစ်မြေပြင်များအကြောင်းထည့်မရေးထားသေးပါ။
စာရှည်မည်ဆိုးသဖြင့်အတိုချုံ့လိုက်ပါသည်။
https://t.me/myanmarspicalarmy969
တစ်ရက်တစ်မြို့နှုန်းဖြစ်နေပြီ အဘရေ။ ကြည့်တော့လုပ်ဦး။
မနက်ဖြန် မိုးကုတ်သတင်းတွေ တက်လာဖို့များပါတယ်ဗျာ။ ဘေးကင်းကြပါစေ 😥🙏
Repost from SittNweOo
သီပေါအတွက်❗️
~~
မနက် ဖြန် TNLAသီပေါကို ၀င်လုံးနိုင်ပါတယ်
သူတို့ဖက်က စစ်ကူတွေလည်းရောက်လာပြီ
ကျောက်မဲ ၊ မိုင်းငေါ့ဖက်ကပလောင်တွေလည်းဆင်းလာတယ် ယနေ့ည
ကျောက်မဲ အင်ကြင်းတောင်မှာ ပလောင်တွေ စစ်ကူကား၂စီးရောက်နေပါတယ် သတင်းအတိကျပါ မြေပြင်သတင်း လခရများ သီပေါအတွက် အထူးသတိရှိကြပါ
#SittNweOo
