တပ်သားလေး ဖိုးထောင် 🇲🇲🪖
الذهاب إلى القناة على Telegram
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
إظهار المزيد8 216
المشتركون
-624 ساعات
-287 أيام
-16230 أيام
أرشيف المشاركات
+8
စစ်သည်မိသားစုများရဲ့ မျက်ရည်တွေ မြင်တတ်အောင်ကြည့်ကြပါဦးနော် လော်ဘီများနဲ့ တာဝန်ရှိလူကြီးမင်းများ
Repost from လက်ဝဲသုန္ဒရအမတ်ကြီး
အင်း...ခုချိန်ထိအေးဆေးနေဆဲဆိုတော့
ဘာမှလည်း...မပြောချင်တော့ဘူး
ရမ်းဗြဲတုန်းကလည်း..မြေပြင်မှာ
မီတာ၁၀၀အတွင်း ဘတစ်ပြန်၊ကျားတစ်ပြန် အသည်းအသန်ကျားကန်ခုခံနေရချိန်မှာလည်း
အေးဆေးပါ၊ဘာမှမဖြစ်သေးဘူး
ခြောက်လှန့်ပစ်ခက်နှောင့်ယှက်မှုတွေသာ ဖြစ်နေတာဆိုပြီး ပြောခဲ့ကြတယ်
ဒါတွေကြောင့် အပေါ်ကလည်းအောက်ကိုမယုံ
စစ်ကူတွေတောင်းနေလည်း..စဥ်စားနေဆဲ
နောက်ဆုံးကျတာပဲ..ဝေဝါးနေသည့်
ဆုံးဖြတ်ချက်တွေနှင့် ...
အသံတိက်နေတာပဲကောင်းပါတယ်
လက်ဝဲသုန္ဒရ
+8
စစ်သည်မိသားစုများရဲ့ မျက်ရည်တွေ မြင်တတ်အောင်ကြည့်ကြပါဦးနော် လော်ဘီများနဲ့ တာဝန်ရှိလူကြီးမင်းများ
မပြောချင်ပေမဲ့လဲ ပြောရမယ်။
အဘတွေဆီ မျက်နှာလုပ်ဖို့၊ နောက်တန်းက တပ်မတော်ထောက်ခံသူတွေ အားတက်ဖို့ လော်ဘီလုပ်တာလဲ လုပ်ပေါ့ဗျာ။
ရှေ့တန်းက စစ်သည်တွေ ပစ်ကူစစ်ကူ မရအောင် ဖုံးဖာဖိတော့ မလုပ်ကြပါနဲ့ဗျာ။ စစ်သည်တွေ အသက်က အလကားမရသလို ပိုက်ဆံပေးဝယ်လို့လဲ မရပါဘူး။
တင်တဲ့ပို့စ်တွေက မြေပြင်အခြေအနေနဲ့ အလွဲကြီး လွဲနေပါတယ်။ စစ်ကူပစ်ကူ မှန်ကန်စွာ မရရင် အချိန်တစ်ခုမှာ ရခိုင်မြောက်ပိုင်း ပေးရမဲ့ အခြေအနေ အနီရောင်အဆင့်ပါ။
နီပိန်း ထက်ဆိုးတာ ဘာလဲသိလား
စိမ်းပိတ် စိမ်းပိန်းတွေပဲ
ဘာကို ကိုင်တာလဲ
ဘာမှကို မကိုင်ဘူး
လျှောက်ကောလဟာလတွေ
အရည်မရ အဖတ်မရ
တဖက်က ဆိုက်ဝါးနောက်
လိုက်နေတာ။
ရန်ကုန်ရွှေအသင်း YGEA က ဘဏ်တွေအချင်းချင်းကြား အရောင်းအဝယ်လုပ်တဲ့ ဒေါ်လာငွေလဲနှုန်းနဲ့ တွက်ချက်ပြီး အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၄၈) သိန်းကျော် သတ်မှတ်လိုက်ပါတယ်။
Repost from Truth Media🇲🇲🇲🇲
ရခိုင်မြောက်ပိုင်းတပ်မမှူးတွေလက်အောက်မှအရေးကြီးသတင်း
ဇွန်၀၄၊၂၀၂၄။
ရခိုင်မြောက်ပိုင်းနခခ(၉)နယ်မြေအတွင်း၂ရက်ဆက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီးကာကင်းစခန်း(၃)ခုတိတိကျဆုံး၊ဆုံးရူံးသွားပါပြီ။မိုးသည်းထန်နေတဲ့ဇွန်(၃)ရက်နေ့ထဲက(၄)ရက်နေ့ထိနခခ(၉)ရဲ့ရွာသစ်ရဲကင်းစခန်းအပြင်းအထန်ခုခံနေချိန်AAဖက်ကလည်းမိုးထဲရေထဲမနားတမ်းထိုးစစ်ဆင်တိုက်ခိုက်လာနေတာပါ။
မနေ့ညထဲကAAတို့ခြံစည်းရိုး
အနီးထိကပ်ပြီးအတင်းတက်လုံးခံရပြီးအသဲအသန်ပြန်ခံပစ်ရတဲ့အထိထိုင်ခံနေခဲ့ကြတာပါ။AAအင်အားရာချီထောင်ချီထိုးစစ်ကိုရဲကင်းစခန်းငယ်(၄)ခုပူးပေါင်း(၅၀)ခန့်နဲ့အပြန်အလှန်ခုခံတိုက်ခိုက်နေရင်းရာသီဥတုအခြေအနေ၊ပြေးလမ်းအားလုံးပိတ်ဆို့ခံရပြီးကြောင်းသုံးသပ်သိရိှတာအရမ်းနောက်ကျသွားခဲ့ကြပြီ။နောက်ဆုံးတော့"ငါမသေ၊ငါ့စခန်းမကျစေရ"အတိုင်းအားလုံးပေးဆပ်သွားပြီ။ရွာသစ်ရဲစခန်းကတော့ဇွန်(၄)ရက်မနက်ပိုင်း၇နာရီဝန်းကျင်မှာဘဲAAထွန်းမြတ်နိုင်ရဲ့လက်ထဲထိုးအပ်လိုက်ရပါပြီ
နခခ၉အနီးထိAAဝိုင်းဝန်းပိတ်ဆို့၊ဂျောင်ပိတ်ရိုက်ထားလိုက်ပြီဖြစ်ပါတယ်။အရေးကြီးဆုံးအချိန်ရောက်သွားပါပြီ။ရာသီဥတုဆိုးရွားနေပေမယ့်AAထိုးစစ်လုံးဝမကျသွားပါဘူး၊မိုးအရမ်းများနေတာတောင်စိုးရိမ်ရတဲ့အထိAAအရမ်းများတယ်။AAဗျူဟာတွေဆင့်ကဲပြောင်းလဲကျင့်သုံးနေချိန်အထိမြေပြင်ဝေဟင်တပ်မှူးကြီးများကခံစစ်သေနဲ့လုပ်နေကြတုန်းပါဘဲ။လက်ရိှ၂ရက်အတွင်းကျောက်ပန်းတုတပ်စခန်း၊ဆက်သွယ်ရေးကုန်း၊ရွာသစ်ကာကင်းစခန်းတို့ထိုးအပ်လိုက်ရပြီးနခခ၉အနီး၂မိုင်ထိချုပ်ကိုင်ခံထားရပြီ။နခခ(၆)ကတော့AAရဲ့ဝိုင်းပါတ်ပိတ်ဆို့နယ်မြေထဲလုံးဝရောက်နေပါပြီးဖြစ်နေပါတယ်၊နခခ(၉)လည်းသိပ်မကြာမှီရခိုင်မြောက်ပိုင်းနယ်မြေအတွက်GOOD-LUCKပါဘဲ
ထရုမီဒီယာ
Repost from နေပြည်တော်👌👌
ဆုတ်ပေးမှာလား??
ထွန်းမြတ်နိုင်ဆီထိုးအပ်မှာလား??
မောင်တောနခခ(၉)မှာတိုက်ပွဲပြင်းထန်နေတုန်းပါ။ဝိုင်းရံပေးကြပါ၊အော်ပေးကြပါ၊ပစ်ကူစစ်ကူနဲ့လေယာဥ္ဗုံးကြဲပေးရင်နခခ(၉)ကိုAAတို့မနိုင်နိုင်ပါဘူး။
နေပြည်တော်
သံတွဲလေဆိပ်ကို ပိတ်လိုက်ပြီး ခရီးစဉ်အားလုံးကို ဖျက်သိမ်း
ငပလီ ကမ်းခြေ တည်ရှိရာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သံတွဲလေဆိပ်ကို ဇွန်လ ၃ ရက်နေ့ ဒီကနေ့မှ စတင်ကာ ပိတ်လိုက်ပြီး ခရီးစဉ် အားလုံးကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေထံမှ သိရပါတယ်။
သံတွဲလေဆိပ်ရှိရာ ငပလီမြို့၊ မဇင်ရပ်ကွက်နဲ့ တစ်မိုင်ခန့်အကွာက ဂေါ့ကျေးရွာမှာ တပ်မတော် နဲ့ AA အကြမ်းဖက်အဖွဲ့ တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး လုံခြုံရေး အခြေအနေအရ လေဆိပ်ကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
ဗန်မော် မိုးမောက် ခမရ ၄၃၇ ကို KIA PDF ဘက်က ရပြီဆိုပြီးအော်နေကြတယ်။ သတင်းမှန်မဟုတ်ဘူး။ ဒီကောင်တွေ အနားတောင်မကပ်နိုင်ဘူး။
စစ်ပွဲတစ်ပွဲဖြစ်တဲ့အခါ
နိုင်ငံရေးသမားတွေက
လက်နက်တွေ တပ်ဆင်ပေးတယ်...
လူချမ်းသာတွေက
အရင်းအနှီးနဲ့ ရိက္ခာတွေ ပေးတယ်...
လူဆင်းရဲတွေကတော့
သားယောက်ျားလေးတွေ
ပေးတယ်...
စစ်ပွဲကြီး ပြီးသွားတဲ့အခါ
နိုင်ငံရေးသမားတွေက
လက်နက်ခဲယမ်းတွေ ပြန်ရကြတယ်...
လူချမ်းသာတွေက
ပိုမိုချမ်းသာဖို့ အခွင့်အလမ်းတွေ ပြန်ရကြတယ်...
လူဆင်းရဲတွေကတော့
သူတို့သားရဲ့ အုတ်ဂူကို
လိုက်ရှာကြရတယ်....
ဗျို့ ကိုနှင်းမောင်
တသီးတခြားစီရှိတဲ့
တရားခံ ၁၀ ယောက်လုံး
လွတ်သွားတယ်ဆိုတာ
မလွန်လွန်းဘူးလားဗျာ....
အိုင်ပီရေ
ကျုပ်ကို ရွှေဘိုဂတ် ကို
သွားနေစေချင်တာလားဗျာ
ဒီအမေးဒီမှာပဲရပ်ကြစို့...
ရီစရာပြောအုံးမယ်ဗျို့
အောင်သာဓိက မနက် စောစောထတတ်တဲ့
အကျင့်ရှိတော့
သူအစောဆုံး ပြေးတာ နေမှာပါ
သူပြေးတာမြင်မှ ကျန်သူတွေ လိုက်ပြေးကြတာနေမှာ
ဒါကလည်း ကျုပ်အထင်ပေါ့လေ
ဘယ်ကိုပြေးတာလဲ ကိုနှင်းမောင်
အိုင်ပီရေ
ရပ်ကွက်ထဲ ပတ်ကြည့်
တွေ့ရင်သတင်းပေးလိုက်
ခများ ဆုငွေတောင်ရအုံးမှာ
😁😁😁
အဖမ်းမခံပဲထွက်ပြေးသည့် အောင်သမာဓိပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဝိန့်စိန်ပိုင်ရှင် ဦးအောင်ကောင်းမြတ်၊ ဇွဲထက်ပိုင်ရှင်၊ ဦးဆန်းဝင်းတို့ပါဆယ်ဦးတို့၏နေအိမ်များ ရွှေဆိုင်များချက်ချင်းချိတ်ပိတ်လိုက်ပြီ။
Repost from SittNweOo
တပ်မတော်က အမိန့်စာပြန်တယ် သင်သွားလိုရာ သွားနိုင်ပြီတဲ့လားဗျာ😢
အမြဲTikTokပေါ် တက်တိုင်း တွေ့နေရတာလေဗျာ
တကယ့် အမြင်မြတ်ဆုံးသော ဂုဏ်ပါဘဲဗျာ😢😢😢
အရမ်းငယ်ရွယ်လွန်းပါသေးတယ်
Repost from SittNweOo
သတင်းပေးခြင်းဖြင့်နိုင်ငံသားကောင်း၁ဦးတာ၀န်ကျေပွန်စွာထမ်းဆောင်နိုင်ပါတယ်
~~~~
မိတ်ဆွေများ ခင်ဗျာ ၀ိုင်းမော် မြို့ထဲကို KIAသောင်းကြမ်းသူ အဖွဲ့များ ၀င်ရောက် လာနိုင်ခြင်း မရှိသေးသလို
၀င်ရောက် လာခဲ့ရင်လည်း တပ်ဖွဲ့ ၀င်များဟာ မြို့ကို ရန်သူ့ လက်ကျရောက် မခံဘဲ ရွပ်ရွပ် ချွံချွံ ဖြင့် တိုက်ထုတ်သွားမှာဘဲ ဖြစ်ပါတယ်
သို့ဖြစ်ပါ၍ တပ်ဖွဲ့၀င်များ ကြိုတင် လက်ဦးမှု ရရှိ၍ သောင်းကြမ်းသူများကို တိုက်ထုတ်နိုင်ရန် မိမိ တို့အနေဖြင့် ၀ိုင်းမော်မြို့ အနီး သကသ လှုပ်ရှား သတင်းအား ရရှိပါက ကျွန်တော်
စစ်နွယ် ဦးထံသို့ စောလျင်စွာ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါတယ်
၀ိုင်းမော် အနီး သကသ သတင်းပေးပို့ရန်
@KoSitt111 👈 နှိပ်၍ ဆက်သွယ် သတင်းပို့ပါ
Repost from People Media
ရွှေဈေး၊ဒေါ်လာဈေးများး မြှင့်တက်နေမှု အပေါ် ဗဟိုဘဏ်၏ ရှင်းလင်းချက်
#PeopleMedia
မနက်ခင်းမှစ၍ ဒေါ်လာဈေး ရွှေဈေး ထိန်းချုပ်ဖို့အတွက် Facebook သတင်းစီးဆင်းမှုနှောင့်နှေးစေဖို့ လူသုံးများတဲ့ VPN တွေကို ပိတ်ပင်ထားပါတယ်။ ရေရှည်အတွက် အလုပ်မဖြစ်ပေမဲ့ ခဏတော့ အလုပ်ဖြစ်နိုင်ပါတယ်။
မြန်မာ့စီးပွားရေး လဲပြိုသွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေ သတိပေး
မေ ၃၀
စစ်တပ်အာဏာထိန်း မှုနဲ့အတူ ဇောက်ထိုးကျလာတဲ့ မြန်မာ့စီးပွားရေးဟာ နစက ရဲ့ စစ်အသုံး စရိတ် ၂ ဆ တိုး မြှင့်မှုအပါအဝင် မူဝါဒအလွဲမှားတွေကြောင့် စီးပွားရေးတစ်ခုလုံး လဲပြိုသွားနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
မရေရာမသေချာမှုတွေ ဆိုးဆိုးဝါးဝါး ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ ဒေါ်လာငွေ လိုအပ်ချက်ကြီးမားလာမှုနဲ့အတူ မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာတဲ့အတွက် သမိုင်းတလျှောက် မကြုံဖူးတဲ့ အခြေနေနဲ့ရင်ဆိုင်နေရတာပါ။
အခုမေလအတွင်း တရွေ့ရွေ့မြင့်တက်လာတဲ့ ဒေါ်လာဈေးနှုန်းဟာ မေ ၂၉ ရက်နေ့မှာ တစ်ဒေါ်လာကို ကျပ် ၄၅၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာပြီး ပြည်တွင်းရွှေဈေးကလည်း ကျပ် ၅၇ သိန်းကျော်အထိ စံချိန်တင် ဈေးနှုန်းထိုးတက်လာပါတယ်။
ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုဟာ နစက ဘက်က ဒေါ်လာထုတ်မရောင်းပေးတာ၊ ပြည် တွင်းဒေါ်လာလိုအပ်ချက် မြင့်မားလာတာ၊ ပို့ကုန်ကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ ရရှိမှု သိသိသာသာ ကျဆင်းလာတာကြောင့်ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြကြပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးက မြန်မာ့ငွေကြေးတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုဟာ နစက ရဲ့ ပေါ်လစီအမှားတွေကြောင့်ဖြစ်ပြီး မြန်မာ့စီးပွားရေးတစ်ခုလုံး ချောက်ထဲကျရောက်နေပြီလို့ ပြောပါတယ်။
“အဓိကပေါ်လစီအမှားပေါ့။ သူတို့(နစက)က ဒေါ်လာကို မထွက်အောင် ပိတ်လိုက်လို့ရှိရင် အဆင်ပြေလိမ့်မယ်လို့ ထင်နေတာ။ အမှန်က မထွက်အောင် ပိတ်ရမှာမဟုတ်ဘူး။ များများဝင်အောင် မက်လုံးပေးရမှာ။ အရင်တုန်းကတည်းကလည်း ပြောဖူးပါတယ်။ ဒီပို့ကုန်တွေကို သွားပြီးတော့ ပိတ်တာ၊ ပို့ကုန်သမားကို သွားပြီးတော့ လည်ပင်းသွားညှစ်တာ။ အဲဒီက စမှားတာပဲ။ ဆိုတော့ အဓိကငွေတန်ဖိုးကျတာက အဲဒီပေါ်လစီအမှားတွေ အခြေအနေကတော့ စောစောက ပြောသလို ချောက်ထဲကိုတော့ကျနေပြီ။ ဘယ်လိုကယ်မလဲပဲ စဉ်းစားရတော့မယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ဒေါ်လာဈေးနှုန်းမြင့်တက်မှုဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအတွက် သက် ရောက်မှု ကြီးမားနေပြီး မြန်မြန်ဆန်ဆန် မထိန်းချုပ်နိုင်ပါက စီးပွားရေးလုပ်ငန်း ပြိုလဲမှုတွေပါ မြန်ဆန်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
စီးပွားရေးပညာရှင်တစ်ဦးကလည်း လက်ရှိအချိန်မှာ စစ်ကောင်စီဘက်က နိုင်ငံခြားငွေတွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်မပြုတာကြောင့် ဈေးကွက်ပျောက်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နိုင်လာတဲ့ အခြေအနေနဲ့ ကြုံရနိုင်တယ်လို့ ပြောပါတယ်။
“တက်လာတဲ့ အခြေအနေက အဓိကတော့ သူတို့(နစက) ဈေးကွက်ကို ဖျောက်လိုက်တယ်။ နိုင်ငံခြားငွေဆိုလည်း အကုန်လုံး သူတို့သတ်မှတ်ထားတဲ့ ဈေးထက်ပိုရောင်းတဲ့ ငွေလဲကောင်တာတွေ အကုန်ပိတ်တယ်။ အခုလည်း ရွှေနဲ့ပတ်သက်ပြီးတော့ ဒီလောက်ထက် ပိုမရောင်းရသတ်မှတ်တော့ ဈေးကွက်က ပြန်တုန့်ပြန်တာက ဈေးကွက်ပျောက်သွားတာပေါ့။ ဈေးကွက်ပျောက်သွားတော့ အဲဒီရဲ့သက်ရောက်မှုကတော့ ဈေးတွေပိုတက်မှာ။ ငွေကြေးဖောင်းပွမှုကြောင့် တက်တာဆိုလို့ရှိရင်တော့ ဒါအကုန်လုံး ပစ္စည်းအကုန်လုံး ပါသွားမှာပေါ့၊ ဒေါ်လာကတော့ ပြဿနာရှိတယ်”လို့ ဆိုပါတယ်။
ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာကြောင့် ပြည်တွင်းက လုပ်ငန်းတချို့ ရေရှည်လည်ပတ်ဖို့ ခက်ခဲလာပြီး လုပ်ငန်းရပ်နားတာ၊ လျော့ချတာတွေ ရှိလာတာကြောင့်လည်း တိုင်းပြည်စီးပွားရေးထိခိုက်ကာ GDP တွေပါ ကျဆင်းလာနိုင်တဲ့အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
