uk
Feedback
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

Відкрити в Telegram

ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ

Показати більше
6 852
Підписники
-724 години
-297 днів
-13530 день
Архів дописів
Daily Highlight 3 Jul 14 (10:30 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဂွမြို့နယ် ၃ကြိမ်ထက်မနည်း (Source: CJ) - ဖာပွန်နယ် ၂ကြိမ် - ပခုက္ကူနယ်၊ မြစ်ခြေဒေသ ၁ကြိမ် - ကန်ပက်လက်နယ် ၆ကြိမ် - ဖားကန့်နယ် ၄ကြိမ် - အရာတော်နယ် ၃ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - မဘိမ်း/ရွှေကူနယ်အစပ် ၁ကြိမ် - အထက်မင်းလှနယ် ၂ကြိမ် - စဉ့်ကူးနယ် ၁ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 2 Jul 14 (10:30 PM) - ယနေ့ မနက်အစောပိုင်းက ပေါက်ခေါင်းနယ်ရှိ ချင်းလည် စစ်တပ်ဂိတ်ကို တော်လှန်ရေးအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ခွေး ၂ကောင်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ ဂိတ်စခန်းအတွင်းရှိ ဘားတိုက်တဲ တစ်လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရ။ - ဇွန်လ ၁၅ ရက်နေ့မှစတင်ပြီး မင်းဘူးမြို့နယ် စကုမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက် စစ်ကြောင်းထိုးနေ၊ အဆိုပါစစ်ကြောင်းမှာ ကိုင်းတောကြီး၊ ကိုင်းတောလေးနှင့် တဲကုန်းရွာသစ်ဘက်မှ စတင်စစ်ကြောင်းထိုးလာပြီး ပေါင်းရွာ၊ ကုတင်ကုန်းနှင့် မြောင်းဦးရွာတို့မှ ပြည်သူအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ ထို့ပြင် စစ်ခွေးများက နေအိမ်များကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်နေကြောင်း၊ အဆိုပါစစ်ကြောင်းကြောင့် ရွာပေါင်း ၂၀ခန့်မှ ပြည်သူသောင်းနှင့်ချီပြီး ထွက်ပြေးနေကြရကြောင်း သိရ။ - ဇူလိုင်လ ၁၁ ရက်နေ့က မိုးကုတ်မြို့အနောက်ပိုင်း အေးစေတီနှင့် အုတ်အင်းရပ်ကွက်အတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို စစ်တပ်က နေအိမ်အတွင်း ဝင်ရောက်စီးနင်းပြီး အကြောင်းမဲ့ ဖမ်းဆီး၊ ဖမ်းဆီးခံရသူ၏ ညီဖြစ်သူမှာ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဇနီးမှာလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM တွင် ပါဝင်ထားသော ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိုးကုတ်မြို့၌ စစ်တပ်က တော်လှန်ရေးနှင့်ပတ်သက်မှုရှိသူများကို သတင်းပေးများ၏ တိုင်ကြားချက်များအတိုင်း လိုက်လံဖမ်းဆီးနေကြောင်း သိရ။ - ဇူလိုင်လ ၃ ရက်နေ့က မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက်မှ အသက် ၆၀ဝန်းကျင်အရွယ် ရိုးရာအရိုးအကြောဆေးဆရာ ဟာရှင်ဘိုင် ခေါ် ဦးခင်မောင်ချိုကို စစ်တပ်က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး၊ ထို့နောက် ၅ ရက်အကြာ ဇူလိုင်လ ၈ရက်နေ့တွင် ဦးခင်မောင်ချို သေဆုံးသွားပြီဖြစ်၍ ရုပ်အလောင်းကို လာရောက်ကြည့်ရှုရန် စစ်ခွေးများက မိသားစုထံ အကြောင်းကြားခဲ့ကြောင်း၊ ဦးခင်မောင်ချိုကို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခဲ့သည်ကို စစ်တပ်က မိသားစုထံ အသိပေးရှင်းလင်းခြင်းမရှိသကဲ့သို့ ဖမ်းဆီးခံရပြီး ၅ ရက်အတွင်း မည်သို့သေဆုံးခဲ့သည်ကိုလည်း လက်ရှိအချိန်အထိ မသိရှိရသေးကြောင်း၊ ထို့ပြင် ဦးခင်မောင်ချို၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရာတွင်လည်း အစ္စလာမ်ဘာသာရေးထုံးတမ်းအစဉ်အလာနှင့်အညီ သင်္ဂြိုဟ်ခွင့်မပြုခဲ့ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ဖားကန့်နယ် မြောက်ပိုင်း၊ KIA တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေအတွင်းသို့ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေး၊ ထို့ပြင် ဖားကန့်နယ် ဆယ်ဇင်းဒေသ တဖက်ကမ်း ဟုမ္မလင်းနယ်ဘက်ခြမ်းရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၃၁ လှုပ်ရှားနယ်မြေဖြစ်သော ရေပေါ်မီးရွာနှင့် စုံတွဲရွာအကြားတွင်လည်း စစ်တပ်နှင့် SNA ရှမ်းနီပြည်သူ့စစ်ခွေးများက ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ရက်ရှည် ဖြစ်ပွားနေ၊ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု များပြားနေကြောင်း၊ အလားတူ အင်းတော်ကြီးဒေသရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ လှုပ်ရှားရာ လုံးတုံရွာတဝိုက်တွင်လည်း စစ်တပ်နှင့် SNA အဖွဲ့များက စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက်တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိပြီး စစ်တပ်၏ ဒရုန်း ၁စီးကိုလည်း သိမ်းဆည်းရရှိထားကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက ဂွမြို့နယ်အတွင်းရှိ ကွင်းလျားရှည်၊ ရဟိုင်ကွင်း၊ ကျောင်းကုန်းရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာများ Y12 လေယာဉ်များ အသုံးပြုပြီး လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်တပ်၏ မွမ်းမံသင်တန်းကျောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သား ၁ဦးကို ကျောက်ဆည်နယ်တွင် တော်လှန်ရေးအဖွဲ့များက နယ်မြေစိုးမိုးရေး ကင်းလှည့်ဆောင်ရွက်နေစဉ် ဖမ်းဆီးရမိ၊ အဆိုပါတပ်သားသစ်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး လိုအပ်သော စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 1 Jul 14 (10:30 PM) - ယမန်နေ့က ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖွမ်ကက်ကီယိုတို့က မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ပထမဆုံးအကြိမ်အဖြစ် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမည်များကို လာဇာရိုက ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုထားသော်လည်း တွေ့ဆုံခဲ့သည့် အဖွဲ့အားလုံးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်ဆီသို့ ဦးတည်ရန် လမ်းဖွင့်ထားကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေအနေကို ပြောင်းလဲစေနိုင်သည့် အရေးပါသော ဖြစ်ရပ်တစ်ခု ဖြစ်လာနိုင်ခြေကို ပယ်ချ၍မရကြောင်း ထရီဆာ လာဇာရိုက ပြောကြားခဲ့ကြောင်း ဖီလစ်ပိုင်သတင်းဌာန Bilyonaryo News Channel ၏ ဖော်ပြချက်များအရ သိရ။ - လက်ရှိကျင်းပလျက်ရှိသော ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပြသခွင့်အတွက် သူခိုးမင်းအောင်လှိုင်၏ Mytel ကုမ္ပဏီက ဝယ်ယူခဲ့သော်လည်း ပြိုင်ပွဲပြီးဆုံးရန် ၄ပွဲသာ ကျန်ရှိတော့ချိန်အထိ ဝယ်ယူကြည့်ရှုသူ မရှိသလောက် နည်းပါးခဲ့ကြောင်း၊ ယခုအခါ မင်းအောင်လှိုင်၏ အမိန့်အရဟုဆိုကာ လက်ကျန်ကစားပွဲ ၄ပွဲကို ရန်ကုန်မြို့ သူဝဏ္ဏဘောလုံးကွင်းတွင် ပရိုဂျက်တာများဖြင့် အခမဲ့ပြသသွားရန် စီစဉ်နေကြောင်း၊ ထို့ပြင် ပွဲသို့ လူငယ်များနှင့် ပြည်သူများ ပိုမိုလာရောက်စေရန် ဘောမအဆိုတော်နီနီခင်ဇော် ဦးဆောင်သည့် စတိတ်ရှိုးအစီအစဉ်နှင့် DJ အဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များကိုလည်း အခမဲ့ကြည့်ရှုနိုင်ရန် ထည့်သွင်းစီစဉ်ထားကြောင်း၊ အဆိုပါပွဲများ ပြီးဆုံးချိန်မှာ မနက်မိုးလင်းခါနီးအချိန်ဖြစ်၍ ပွဲကြည့်ရှုပြီး ပြန်လာကြမည့် လူငယ်များအနေဖြင့် စစ်အုပ်စု၏ စစ်ဆေးမှုများနှင့် ပေါ်တာဆွဲခံရရခြင်းများကို သတိပြုရန်လိုအပ်ကြောင်း သတိပေးပြောဆိုမှုများ ရှိနေကြောင်း သိရ။ - ဇူလိုင်လ ၁၂ ရက်နေ့က တောင်ငူမြို့ရှိ လေ့ကျင့်ရေးတပ်အတွင်း စစ်ခွေးလင်မယား စကားများရန်ဖြစ်ရာမှတဆင့် စစ်ခွေးက မယားဖြစ်သူ၊ ယောက်ဖဖြစ်သူနှင့် ယောက္ခမဖြစ်သူတို့အပြင် ကလေးငယ်တစ်ဦးကိုပါ သေနတ်ဖြင့် ပစ်ခတ်၊ မယား၊ ယောက်ဖနှင့် ယောက္ခမဖြစ်သူတို့ နေရာတွင်ပင် သေဆုံးသွားပြီး ကလေးငယ်မှာ ယမန်နေ့ မနက်အစောပိုင်းတွင် ရရှိထားသော သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့သော စစ်ခွေးမှာလည်း ကိုယ့်ကိုကိုယ် သေနတ်ဖြင့်ပစ်ပြီး သတ်သေသွားကြောင်း၊ အလားတူ ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းက ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ နယ်မြေရဲစခန်းမှ ရဲခွေးတစ်ကောင် ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် မိမိကိုယ်ကိုယ် ပစ်ခတ်ပြီး သတ်သေသွားခဲ့ကြောင်း သိရ။ (စိတ်မကောင်းစရာတွေနော် 🤭😂) - ယမန်နေ့က ချောက်မြို့နယ် ကံသစ်ကုန်းရွာကို စစ်တပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အသက် ၆၀ကျော်အရွယ် အမျိုးသား ၁ဦး သေဆုံးပြီး အမျိုးသမီး ၁ဦးနှင့် အမျိုးသား ၁ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - နယ်မြေအတွင်း လတ်တလော ဖြစ်ပေါ်နေသည့် စစ်တပ်၏ ကျူးကျော်တိုက်ခိုက်မှုများကို ပိုမိုထိရောက်စွာ ခုခံတွန်းလှန်နိုင်ရန်၊ စစ်ဆင်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယာယီကာကွယ်ရေးစစ်ကြောင်း အသစ် ၃ခုကို ထပ်မံတိုးမြှင့်ဖွဲ့စည်း၊ အဆိုပါစစ်ကြောင်းများမှာ ပခုက္ကူမြို့နယ်နှင့် ပေါက်မြို့နယ်တို့တွင် အခြေစိုက်သွားမည်ဖြစ်ပြီး ယခင်က ဖွဲ့စည်းပြီးဖြစ်သည့် ယာယီကာကွယ်ရေးစစ်ကြောင်း ၆ ခုနှင့် လက်တွဲပူးပေါင်းကာ အကြမ်းဖက်စစ်တပ်၏ အန္တရာယ်ကို စုစည်းညီညွတ်စွာဖြင့် ခုခံတွန်းလှန်သွားမည်ဟု မကွေးယူနစ်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်များအရ သိရ။ - ဇွန်လကုန်ပိုင်းမှစတင်၍ ယနေ့အထိ ယင်းမာပင်-ပုလဲလမ်းပိုင်း လမ်းဘေးဝဲယာရှိ ကျေးရွာများကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေပြီး လူမရှိသည့် နေအိမ်များမှ ပစ္စည်းများကို ခိုးဝှက်လုယက်ခြင်း၊ လမ်းပိုင်းတစ်လျှောက် ကင်းလှည့်ခြင်းနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေ၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ယင်းမာပင်-ပုလဲလမ်းပိုင်းပေါ်ရှိ လည်ငေါက်၊ လက်တောင်းငယ်၊ သရက်ကန်၊ မကျည်းကန်၊ လက်တောင်းကြီးနှင့် အလယ်ဘုံကျေးရွာတို့မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ - ယမန်နေ့ ညနေပိုင်းက ခင်ဦးနယ်အရှေ့ခြမ်း ငါးတင်းကြီးရွာဆေးရုံနှင့် ကျေးရွာအတွင်းကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးဆရာမတစ်ဦးနှင့် ပြည်သူ ၁ဦးတို့ ဒဏ်ရာရရှိပြီး နေအိမ်များ၊ ကားနှင့် ဆိုင်ကယ်များ၊ ဆီပေပါများ မီးလောင်ပျက်စီးသွားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 2 Jul 13 (10:30 PM)      ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ရွှေကူနယ် ၁ကြိမ် - ချောက်နယ် ၁ကြိမ် - ကန်ပက်လက်နယ် ၇ကြိမ် - ခင်ဦးနယ် ၂ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 1 Jul 13 (10:30 PM) - ဇွန်လ ၂၁ ရက်နေ့က ကနီနယ် ၊ လာပို့ရွာမှ ကလေးဝဘက်သို့ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ၉ ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်၊ ဗိုလ်ကြီး ၁ကောင်၊ ဗိုလ် ၁ကောင် အပါအဝင် စစ်ခွေး အကောင် ၂၀ကျော်သေဆုံးပြီး ၁၅ကောင်ထက်မနည်း ဒဏ်ရာအပြင်းအထန်ရ၊ သေနတ် ၁လက်၊ ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ၊ ကား ၁စီးနှင့် ပြည်သူများထံမှ ခိုးဝှက်လုယက်လာသော ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။ - ယမန်နေ့ မွန်းလွဲပိုင်းက ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ရွာ၊ မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိ ကန်နက်ရွာနှင့် ပေါက်-မြိုင်မြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနီးတဝိုက်ရှိ နေရာများကို စစ်တပ်က လေကြောင်းမှ အကြိမ်ပေါင်းများစွာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးမှုရှိနိုင်ကြောင်း၊ ဒေသခံများမှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ဇူလိုင်လ ၁၀ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့က ပွင့်ဖြူနယ် အုတ်ဖိုရွာကို စစ်တပ်စစ်ကြောင်းက ဒရုန်းများဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ ကျေးရွာစာသင်ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်းဆောင်များ ပျက်စီးသွားကြောင်း သိရ။ - အကြမ်းဖက်စစ်တပ်မှ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဇော်ဟိန်း၏ PSO အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ကြီးဖြိုးသူရအောင်ဆိုသူမှာ စစ်တပ်ပိုင်ငွေ သိန်းပေါင်း ၃ သောင်းကျော်ကို အလွဲသုံးစားပြုလုပ်မှု၊ အဂတိလိုက်စားမှုနှင့် အမိန့်မနာခံမှုများဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရကြောင်း၊ မကြာသေးမီက ရမည်းသင်းအကျဉ်းထောင်မှ ကင်းသာကုန်ထုတ်စခန်းသို့ ရဲဘက်အကျဉ်းသား ၃၀ ကို ပြောင်းရွှေ့ခဲ့ရာ အရပ်သားအကျဉ်းသား ၂၀ နှင့် ဖြိုးသူရအောင်အပါအဝင် ဗိုလ်ကြီး၊ ဗိုလ်မှူးအဆင့် စစ်တပ်အရာရှိ ၁၀ကောင် ပါဝင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်ရာတွင် ကျန်အကျဉ်းသား ၂၉ ဦးလုံးကို ရဲလုံခြုံရေးအစောင့်အရှောက်ဖြင့် အချုပ်ကားများပေါ်တင်၍ ပို့ဆောင်ခဲ့သော်လည်း ဖြိုးသူရအောင်မှာမူ ကိုယ်ပိုင် VIP ကားဖြင့် သီးခြားသွားလာခွင့်ရခဲ့ကြောင်း၊ ကင်းသာကုန်ထုတ်စခန်းသို့ ရောက်ရှိချိန်တွင်လည်း ကျန်အကျဉ်းသား ၂၉ဦးကို ခြေကျင်းခတ်ပြီး အလုပ်ကြမ်းများခိုင်းစေနေသော်လည်း ဖြိုးသူရအောင်မှာ စခန်းပြင်ပရှိ တိုက်အိမ်တစ်လုံးတွင် သီးခြားနေထိုင်ခွင့်ရရှိပြီး လွတ်လပ်စွာနေထိုင်နိုင်နေကြောင်း၊ အလားတူပြစ်မှုများကို အခြားစစ်တပ်အရာရှိများ ကျူးလွန်ပါက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရလေ့ရှိသော်လည်း ဗိုလ်ကြီး ဖြိုးသူရအောင်မှာ စစ်ရေးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သည့်အတွက် ထောင်ဒဏ် ၃ နှစ်သာ ချမှတ်ခံခဲ့ရခြင်းအပေါ် စစ်တပ်အတွင်း မကျေမနပ်မှုများရှိနေကြောင်း သိရ။ - ယခုနှစ် ဧပြီလမှ ဇွန်လကုန်အထိ ၃ လအတွင်း ရန်ကုန်တိုင်းမှအပ ကျန်တိုင်းနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ်ပေါင်း ၈၇ မြို့နယ်တွင် စစ်တပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း အကြိမ်ရေ ၅၂၀ အထိ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၃၁၄ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ကလေးငယ် ၄၁ ဦး၊ အမျိုးသမီး အနည်းဆုံး ၅၈ ဦးနှင့် သက်ကြီးရွယ်အို ၁၅ ဦး ပါဝင်ပြီး သေဆုံးမှုအားလုံး၏ ၉၅.၅ ရာခိုင်နှုန်းခန့်သည် အင်တာနက်ဖြတ်တောက်ခံထားရသော ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် လေကြောင်းတိုက်ခိုက်မှု ၁၂၂ ကြိမ် ခံခဲ့ရပြီး အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသည့် ဒေသဖြစ်ကာ  စစ်ကိုင်းတိုင်း ၁၀၁ ကြိမ်နှင့် ရခိုင်ပြည်နယ် ၉၈ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း၊ မြို့နယ်များအနေဖြင့် စစ်ကိုင်းတိုင်းတွင် မြို့ နယ်ပေါင်း ၂၀ အထိ တိုက်ခိုက်ခံရပြီး ရခိုင်ပြည်နယ် ၁၂ မြို့နယ်နှင့် မကွေးတိုင်း ၉ မြို့နယ်တို့ တိုက်ခိုက်ခံခဲ့ရကြောင်း မြန်မာအင်တာနက်ပရောဂျက် - MIP အဖွဲ့၏ အစီခံစာအရ သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 4 Jul 12 (11:30 PM)      ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ရွှေကူနယ် ၁ကြိမ် - မြိုင်မြို့နယ် ၁ကြိမ် - ပေါက်မြို့နယ် ၁ကြိမ် - တမူးနယ် ၁ကြိမ် - ရွှေဘိုနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဖာပွန်နယ် ၃ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 3 Jul 12 (11:30 PM) - ဇူလိုင်လ ၁၀ရက်နေ့ မနက်ပိုင်းက ပူတာအို-ခေါင်လန်ဖူးဒေသအတွင်း စစ်ရေးပြင်ဆင်ကာ နေရာယူတပ်စွဲထားသော စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ ဌာနေပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များကို KIA မှ ဝင်ရောက်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ၂၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရကာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြသဖြင့် စခန်း ၂ခုကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ လက်နက်မျိုးစုံ ၁၅ လက်နှင့် ခဲယမ်းရိက္ခာအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ့စစ်ခွေးအချို့ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရ။ - ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်နေသော စစ်ခွေးများ အထိနာနေပြီး အင်အားချိနဲ့လာသဖြင့် စစ်တပ်က အင်အားများ ထပ်မံဖြည့်တင်းနေကြောင်း၊ ယနေ့ မနက်အစောပိုင်းက ပေါက်မြို့နယ်အနောက်ခြမ်း၊ ပုံတောင်ခြေရင်းရှိ ကျောက်တံခါးရွာမှ ဒရုန်းများ တင်ဆောင်ထားသော စစ်ကား ၁စီး ပုံတောင်နတ်ထိပ်သို့ တက်သွားခဲ့ကြောင်း၊ ထို့နောက် ကျောက်တံခါးရွာမှ စစ်ခွေး ၇၀ ခန့်လည်း ထပ်မံတက်သွားကြောင်း၊ ယမန်နေ့ကလည်း စစ်ခွေး ၈၅ ကောင် ရောက်ရှိနေပြီးဖြစ်ရာ စုစုပေါင်းစစ်ခွေး ၁၅၀ ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း၊ အလားတူ ပေါက်မြို့နယ် ပလောင်းရွာမှ အတင်းအဓမ္မခေါ်ဆောင်လာသော နွားလှည်း ၄ စီးနှင့်အတူ စစ်ခွေးအချို့လည်း ယနေ့ မနက်ပိုင်းတွင် အနောက်ဘက်ရှိ ကျောက်မဲတောင်ရွာအတွင်းသို့ ဝင်ရောက်လာကြောင်း၊ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ မှ ထွက်ခွာလာသော စစ်ခွေးစစ်ကြောင်းများမှာ ယောဒေသ၊ ပုံတောင်နတ်ထိပ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ကျောက်တံခါး၊ ကျောက်မဲတောင်၊ ဆယ်မိုင်နှင့် ပလောင်းကျေးရွာများ အပါအဝင် လမ်းပိုင်းတစ်လျှောက်တွင် တပ်ဖြန့်နေရာယူထားကြောင်း၊ ပုံတောင်နတ်ထိပ်တွင် ရောက်ရှိနေသော ရှေ့ပြေးစစ်ကြောင်းမှာ ဆောမြို့နယ်၊ တပြင်းရွာဘက်သို့ ဦးတည်ဆင်းလာခဲ့ပြီး ယနေ့ မနက်ပိုင်းမှစတင်ကာ တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ ထို့ပြင် ယမန်နေ့ မနက်ပိုင်းတွင် ပွင့်ဖြူမြို့မှတစ်ဆင့် စလင်း-ကျွန်းတော-လောင်းရှည်လမ်းပိုင်းအတိုင်း လောင်းရှည်မြို့အခြေစိုက် ကပစ ၂၅ အတွင်းသို့ စစ်ခွေးစစ်ကြောင်းတစ်ကြောင်း ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းမှာလည်း ဆောမြို့မှတဆင့် ကန်ပက်လက်နယ်ဘက်သို့ စစ်ကူအင်အားပို့ဆောင်ရန် စွစဉ်ထားသော စစ်ခွေးများဖြစ်ကြောင်း သိရ။ - ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက မတ္တရာနယ်အနောက်ခြမ်းရှိ သဲအင်းရွာနှင့် ရှင်လှတောင်ရွာတို့ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်၊ သဲအင်းရွာစခန်းမှ စစ်ခွေး ၄ကောင် သေဆုံးပြီး ကျန်စစ်ခွေးများ ကျွန်းကြီးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားပြီး အဆိုပါစခန်းမှ သေနတ် ၁လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ရှင်လှတောင်ရွာ စခန်းသိမ်းတိုက်ပွဲတွင် စစ်ခွေး ၁၁ကောင် သေဆုံးပြီး ကျန် စစ်ခွေး ၆ကောင်မှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ စစ်ခွေး ၆ကောင် ဒဏ်ရာများ ရရှိခဲ့ပြီး ဘန်ကာအတွင်း စစ်ခွေး ၂ကောင်သာ ကျန်ရှိနေချိန်တွင် စစ်ကူများ ရောက်ရှိလာသဖြင့် တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၁ဦးလည်း ကျဆုံးခဲ့ရကြောင်း၊ တော်လှန်ရေးအဖွဲ့များအနေဖြင့် မတ္တရနယ်အတွင်း နယ်မြေစိုးမိုးမှုများ ပြန်လည်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရ။ - မိုးဗြဲမြို့မှတဆင့် လွယ်ယင်းမင်္ဂလာရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ခွေးစစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များ နှစ်ပတ်၀န်းကျင်အကြာ ထိတွေ့တိုက်ပွဲများ ​ဖြစ်ပွားခဲ့ပြီးနောက် စစ်ခွေးများ ထိခိုက်သေဆုံးမှုများစွာဖြင့် ခွေးအလောင်းများ ပြန်မကောက်ဘဲ ဇူလိုင်လ ၉ရက်နေ့တွင် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရ။ - ကျောက်ဖြူနယ်ရှိ တောင်မော်ဦးရေတပ်စခန်း၏ နောက်ဆုံးလက်ကျန် ကာကင်းစခန်းဖြစ်သော အ၀တောင်ရွာ အနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေရာမှ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုက်ပွဲများ တစ်ပတ်ခန့် ငြိမ်သက်နေခဲ့ပြီးနောက် ယမန်နေ့က ထိတွေ့တိုက်ပွဲများ ပြန်လည်စတင်၊ ယနေ့တိုက်ပွဲအတွင်း စစ်ခွေးအလောင်းနှင့် လက်နက်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီး ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများတွင်လည်း စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ကျောက်ဖြူနယ်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာပြင်များတွင် စစ်ခွေးများ ထိခိုက်သေဆုံးမှု များပြားနေပြီး AA ထံ လက်နက်ချ အလင်းဝင်လာသူများလည်း အများအပြားရှိနေကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 2 Jul 12 (11:30 PM) - ဇူလိုင်လ ၁၀ရက်နေ့ နေ့လယ်ပိုင်းက လောင်းလုံနယ်၊ ညင်းမော်ရွာ ကြယ်တောင်အနီးတွင် စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိပြီး အထိနာသွားသော စစ်ခွေးများက ထုံးစံအတိုင်း လေးသွန်းခံရွာမှ နေအိမ် ၅လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားကြောင်း သိရ။ - ချောက်မြို့နယ်အတွင်း မွှေနှောက်သောင်းကျန်းနေသော စစ်ခွေးစစ်ကြောင်းက ဇူလိုင်လ ၈ ရက်နေ့မှစတင်၍ ညောင်ချောင်းရွာနှင့် ပွင့်လင်းရွာတို့ဘက်မှတဆင့် ပွင့်လင်း၊ သုံးဆင့်၊ ဆူရစ်ကန်နှင့် ကြိတ်ဆုကျေးရွာများကို ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ အဆိုပါစစ်ခွေးများမှာ ဆူးတော၊ ညောင်ဇင်၊ လေးပင်ကုန်းနှင့် ညောင်ချောင်းကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သဖြင့် လက်ရှိအချိန်အထိ စစ်ခွေးများ မီးရှို့ဖျက်ဆီးခဲ့သောကျေးရွာ ၈ ရွာအထိ ရှိလာကြောင်း၊ အဆိုပါစစ်ကြောင်းကြောင့် ချောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူ ၂သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက ကနီနယ် ဇီးပင်တွင်းရွာနှင့် အောင်မင်္ဂလာရွာကြားရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ​နေရာအနီးကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ ​ဗုံးကြဲပစ်ခတ်တိုက်ခိုက်၊ ထိခိုက်ပျက်စီးမှု တစုံတရာ မရှိခဲ့ကြောင်း သိရ။ - ဇူလိုင်လ ၆ ရက်နေ့က ခမောက်ကြီးမြို့ (i-2) ဇုန်တွင် နေထိုင်သော ရဲထွက် စစ်တပ်သတင်းပေး ဒလန်အေးမင်းလတ်ဆိုသူကို တော်လှန်ရေးအဖွဲ့များက အရှင်ဖမ်းဆီး၊ စစ်ဆေးမှုများပြုလုပ်ရန် ခေါ်ဆောင်လာရာ လမ်းတနေရာတွင် အေးမင်းလတ်မှ ထွက်ပြေးရန်ကြိုးပမ်းသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်သေဆုံးသွားကြောင်း၊ အဆိုပါ အေးမင်းလတ်ဆိုသူမှာ ၎င်းနှင့် မတည့်သည့် ပြည်သူများကို စစ်တပ်ထံ PDF ဟု လိမ်လည်သတင်းပေးဖမ်းဆီးခိုင်းခြင်းအပြင် အသက် ၁၂နှစ်အရွယ် ကလေးငယ်ကိုလည်း အဓမ္မပြုကျင့်မှု ကျူးလွန်ထားသူဖြစ်ကြောင်း သိရ။ - ဇူလိုင်လ ၈ရက်နေ့က လောင်းလုံနယ် လက်ခတ်တောင် စစ်တပ်စခန်းမှ စစ်ခွေးများက အနီးရှိ စမ်းလှန်းရွာအတွင်းသို့ ကြက်သွားခိုးမည်ဟု အကြောင်းပြကာ ဆင်းလာပြီးနောက် အဆိုပါတပ်သားများအနက်မှ စစ်မှုထမ်းတပ်သားသစ် ၄ဦးမှာ ထွက်ပြေးသွားကြောင်း၊ စစ်တပ်က လိုက်လံပစ်ခတ်ဖမ်းဆီးရာ တစ်ဦးမှာ ကျည်ထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရကာ ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း၊ ကျန်တပ်သား ၃ဦးမှာ ဆက်လက်လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရ။ - ဇူလိုင်လ ၅ ရက်နေ့က စစ်တပ် လက်အောက်ခံ ပလကဖမှ ပျူစောထီး ၁ဦး ၎င်း၏ ဇနီး​ဖြစ်သူကိုပါ ခေါ်ဆောင်လာပြီး ကော့သောင်းမြို့နယ် ပကဖ ထံသို့ အလင်းဝင်ရောက်လာကြောင်း၊ အဆိုပါ ပျူစောထီးမှာ တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရ။ - ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းက စဉ့်ကူးနယ်၊ ရွှေဂုံတိုင်ရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်ထိုင်နေသည့် ရွှေဂုံတိုင်ရွာ အုပ်ကြီး အောင်ဆန်းဝင်းနှင့် ကျေးရွာအုပ်စုတာဝန်ခံ သန်းဇော်တို့ကို အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ အောင်ဆန်းဝင်းနှင့် သန်းဇော်တို့ ၂ ဦးလုံး နေရာတွင်ပင် သေဆုံး၊ အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးကြောင်း သိရ။ - ဇူလိုင်လ ၉ ရက်နေ့တွင် ရေဖြူနယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း၊ ထိုစစ်ခွေးများမှာ ၉ရက်နေ့တွင်ပင် ခမောင်းချောင်းရွာဘက်၌ ခရီးသည်တင်ကားများအပါအဝင် လမ်းသွားလမ်းလာ ပြည်သူ ၇၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ပြည်သူများကို လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ အဆိုပါစစ်ကြောင်းကြောင့် ဒေသခံထောင်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း၊ ထို့ပြင် ထားဝယ်စီးပွားရေးဇုန်အတွင်းရှိ နဘုလယ်ဒေသကို စစ်တပ်က စစ်ကြောင်းများ ထပ်မံ တပ်ဖြန့်ထားပြီး မူးဒူးရွာဘက်တွင်လည်း အခြား စစ်ကြောင်းတစ်ခုက စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ် ပုသိမ်-မုံရွာလမ်းအနီးတဝိုက်ရှိ နေရာများကို စစ်တပ်က လေကြောင်းမှ လေယာဉ်အစီးရေအများအပြားဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထို့ပြင် ညနေပိုင်းတွင်လည်း မြိုင်မြို့နယ်အနောက်ပိုင်းရှိ နေရာတစ်ခုကို လေယာဉ်အများအပြားဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်၊ အဆိုပါ တိုက်ခိုက်မှုများအတွင်း ကျေးရွာများမှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၃ဦး ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ဝက်လက်နယ် အရှေ့မြောက်ခြမ်းရှိ ရှားကွဲရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်ခွေးများက ကျေးရွာအနောက်ဘက်ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော တောတိုက်တဲများကို အကြောင်းမဲ့ လိုက်လံ မီးရှို့ဖျက်ဆီးနေကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 1 Jul 12 (11:30 PM) - ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ စစ်တပ်က တနင်္သာရီ-မောတောင်လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းများကို တော်လှန်ရေးအဖွဲ့များက ၁ နှစ်နှင့် ၄ လကြာ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါကာလအတွင်း တော်လှန်ရေးအဖွဲ့များက မောတောင်မြို့ကို သိမ်းပိုက်ကာ ၆ လခန့် ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလတွင် စစ်တပ်က ဗျူဟာ ၂ ခုနှင့် တပ်ရင်း ၁၁ ရင်းပါဝင်သော အလွန်များပြားသော စစ်အင်အားဖြင့် မြေပြင်မှ ထိုးစစ်ဆင်လာသည့်အပြင် လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခြင်းအပါအဝင် လက်နက်ကြီး ဒရုန်း ပစ်ကူအများအပြားဖြင့် အပြင်းအထန် တိုက်ခိုက်လာသဖြင့် စစ်ပန်းလာပြီဖြစ်ပြီး ခဲယမ်းလက်ကျန် လျော့နည်းလာသော တော်လှန်ရေးအဖွဲ့များမှာ မောတောင်မြို့နှင့် ထုံခါး-မောတောင် လမ်းပိုင်းကို ၂၀၂၆ ခုနှစ် မေလ ၆ ရက်နေ့တွင် ဆုတ်ခွာပေးခဲ့ရကြောင်း၊ တိုက်ပွဲကာလ ၁ နှစ်နှင့် ၄ လအတွင်း စစ်ခွေး ၅၀၀ ကျော် သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ တပ်သား ၄၆ ဦး ဘက်ပြောင်းခိုလှုံလာခဲ့ပြီး လက်နက် ၃၇လက် ယူဆောင်လာခဲ့ကြောင်း၊ ထို့ပြင် မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅၃ ကောင် ဖမ်းဆီးရမိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း တော်လှန်​ရေးရဲဘော် ၅၁ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၁၃ ဦးမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံးခဲ့ရကာ အခြားဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တော်လှန်ရေးအဖွဲ့များမှာ အနားယူ ပြန်လည်စုဖွဲ့ပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်သဖြင့် တိုက်ပွဲဝင်ရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း၊ တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ရန်ရှိနေပြီး ပြည်သူများအနေဖြင့် လုံခြုံရေးအရ တားမြစ်ချက်များကို သေချာလိုက်နာကြရန်လိုအပ်ကြောင်း BLACK COBRA COLUMN တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရ။ - ဇူလိုင်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ လှည်းတန်းဘူတာတွင် ရဲခွေးနှင့် ပျူခွေးများက ပလက်ဖောင်းပေါ်တွင် ထိုင်နေသည့် လူငယ် ၂ဦးကို အကြောင်းမဲ့ စစ်ဆေးပြီး ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသော လူငယ် ၂ဦးကို ရတနာအောင်ပရဟိတအသင်း တံဆိပ်တပ်ဆင်ထားသော လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားကြောင်း၊ ယခုနောက်ပိုင်းကာလများတွင် စစ်အုပ်စုက ရန်ကုန်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာတွင် ပရဟိတအသင်းကား လူနာတင်ယာဉ်များ အသုံးပြုပြီး လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရ။ - ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းက ဂွမြို့နယ်၊ ပေါက်တူးရွာနှင့် ကုလားချောင်းရွာတို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပေါက်တူးရွာမှ စာသင်ကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး၊ ထို့ပြင် ကုလားချောင်းရွာမှ အသက် ၃နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၄ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က ပင်လယ်ပြင်ရှိ စစ်သင်္ဘောများပေါ်မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ပြည်သူများ အတိဒုက္ခရောက်နေပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေရချိန်တွင် အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေခြင်း ဖြစ်ပြီး အဆိုပါလုပ်ရပ်များကို ကောင်းမွန်စွာ မှတ်တမ်းတင်ထားကြောင်း AA သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်။ - ဇူလိုင်လ ၃ရက်နေ့ နေ့လယ်ပိုင်းက ကျိုက်ထိုနယ် ဇီးကုန်းရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ဦး ဒဏ်ရာရရှိပြီး နေအိမ်နှင့် အိမ်စီးကား ၁စီး ထိခိုက်ပျက်စီး၊ ဇွန်လ ၂၂ ရက်နေ့တွင်လည်း ဘီးလင်းနယ်အတွင်းရှိဒေသများကို စစ်တပ်က လေကြောင်းမှ အကြိမ်ပေါင်းများစွာ အကြောင်းမဲ့ ဗုံးသီးအလုံးရေများစွာ ကြဲချတိုက်ခိုက်၊ အရပ်သားလုပ်ငန်းခွင်တစ်ခုအတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၄၂ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးပြီး အလုပ်သမား ၅ဦး ဒဏ်ရာရ၊ လုပ်ငန်းသုံးပစ္စည်းများလည်း ပျက်စီး၊ ထို့ပြင် ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင်လည်း ဘီးလင်းနယ်အတွင်းကို လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုပ်ငန်းသုံးပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင်ပင် ကျိုက်ထိုနယ်၊ ဆင်တွင်းရွာမှ အသက် ၆၀ အရွယ် အဘွားအို ၁ဦးမှာလည်း စစ်ခွေးများပစ်ခတ်သော လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၂၃ ရက်နေ့တွင် သထုံနယ်၊ ဝင်းစိန်ကျေးရွာ၊ ရွှေညောင်ပင်ကွက်သစ်သို့ စစ်ခွေး ရဲခွေး ပျုခွေးများ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး နေအိမ်များမှ ငွေသား၊ ရွှေထည်ပစ္စည်းများ၊ ကုန်စုံဆိုင်ပစ္စည်းများနှင့် ဆိုင်ကယ် ၄ စီးကို လုယက်ယူဆောင်သွားကြောင်း၊ ထို့ပြင် ပြည်သူ ၈ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

ကျန်းမာသော လူနေမှုဘဝပုံစံ (A healthy lifestyle) (ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်) ကျန်းမာသော လူနေမှုဘဝရရှိစေရန် အသီးအနှံနှင့် ဟင်းသီးဟင
+9
ကျန်းမာသော လူနေမှုဘဝပုံစံ (A healthy lifestyle) (ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်) ကျန်းမာသော လူနေမှုဘဝရရှိစေရန် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပြီး အဆီဓာတ်၊ သကြားနှင့် ဆားကို လျှော့စားရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည်။ အရပ်နှင့် ကိုယ်အလေးချိန်ပေါ်မူတည်၍ တွက်ချက်သော ခန္ဓာကိုယ်အချိုးအစားအညွှန်းကိန်း (BMI) ကို တွက်ချက်ပြီး အဝလွန်ခြင်းရှိ၊ မရှိ သိနိုင်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Daily Highlight 1 Jul 11 (11:30 PM)      ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - တမူးနယ် ၁ကြိမ် - ကန်ပက်လက်နယ် ၅ကြိမ် - မင်းတပ်နယ် ၁ကြိမ် - ရွှေကူနယ် ၄ကြိမ် - ကနီနယ် ၁ကြိမ် - ပေါက်မြို့နယ် ၂ကြိမ် - ပေါက်မြို့နယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မြိုင်မြို့နယ် ၅ကြိမ် - ပေါက်/မြိုင်နယ်အစပ် ၁ကြိမ် - မင်းတုန်းနယ် ၁ကြိမ် - မြဝတီနယ် ၃ကြိမ်ထက်မနည်း (Source: CJ) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 3 Jul 10 (11:30 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ခင်ဦးနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ပေါက်/ မြိုင်နယ်အစပ် ၁ကြိမ် - မင်းတပ်နယ် ၁ကြိမ် - ကန်ပက်လက်နယ် ၁ကြိမ် - မင်းကင်း/ကလေးဝနယ်အစပ် ၂ကြိမ် - ချောင်းဦးနယ် ၁ကြိမ် - ချောင်းဦးနယ် ၁ကြိမ် (Source: CJ) - ချောင်းဦးနယ် ၅ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ရေတာရှည်နယ် ၁ကြိမ် - တမူးနယ် ၁ကြိမ် - ချောက်မြို့နယ် ၁ကြိမ် - မြိုင်မြို့နယ် ၂ကြိမ် - ဂွမြို့နယ် ၁ကြိမ် - မော်လူးနယ် ၂ကြိမ် - ကန့်ဘလူနယ် ၂ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မော်လူးနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ရွှေကူနယ် ၁ကြိမ် - ရွှေဘိုနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မြဝတီနယ် ၅ကြိမ်ထက်မနည်း (Source: CJ) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 2 Jul 10 (11:00 PM) - ဇူလိုင်လ ၇ရက်နေ့က မြဝတီနယ်တောင်ပိုင်းကို စစ်ကြောင်းထိုးရန် ကြိုးပမ်းလာသည့် စစ်တပ်၊ BGF နှင့် DKBA ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ အလွန်အထိနာပြီး တပ်လန်ကာ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း၊ အဆိုပါစစ်ကြောင်းမှာ အင်အားပြန်လည်ဖြည့်တင်းပြီး ယနေ့တွင် ထပ်မံစစ်ကြောင်းထိုးရန် ကြိုးပမ်းလာသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရ။ - အကြမ်းဖက်စစ်ကောင်စီက ကိုယ့်ကိုကိုယ် အစိုးရတစ်ရပ်အဖြစ် ပုံဖော်ရန်ကြိုးပမ်းနေသော်လည်း လက်တွေ့တွင် နိုင်ငံအဝှမ်း လေကြောင်းတိုက်ခိုက်မှုများ၊ အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် လူထုအပေါ် ညှင်းပန်းနှိပ်စက်ခြင်းများ အစရှိသော အကြမ်းဖက်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များမှာ အကြမ်းဖက်သမားတို့၏ လုပ်ရပ်နှင့် ပုံစံများသာဖြစ်သဖြင့် မည်သည့်နည်းလမ်းနှင့်မျှ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြု လက်ခံပေး၍ မရနိုင်ကြောင်း၊ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ၂၀၂၆ ခုနှစ် ပထမ ၆ လတာအတွင်း အမျိုးသမီး ၃၃၂ဦး သေဆုံးခဲ့ပြီး ၃၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူများတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသူ ၂၄၂ ဦးအထိ ရှိကြောင်း၊ ဒေသအလိုက် ကြည့်မည်ဆိုပါက စစ်ကိုင်းတိုင်းမှာ အမျိုးသမီးသေဆုံးမှု ၁၀၂ ဦးအထိရှိခဲ့ပြီး တနိုင်ငံလုံးတွင် ထိခိုက်မှုအများဆုံးဒေသ ဖြစ်ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှ ထုတ်ပြန်။ - ဇူလိုင်လ ၅ရက်နေ့ မနက်ပိုင်းက ဘီးလင်းနယ် တက်တူကုန်းရွာနှင့် ကြက်ခြေခတ်ရွာများဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်၊ ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၆ရက်နေ့ နေ့လယ်ပိုင်းတိုက်ပွဲတွင် စစ်ခွေး ၅ကောင်သေဆုံးပြီး ၉ကောင်ထက်မနည်း ဒဏ်ရာရ၊ အထိနာသွားသော စစ်ခွေးများက အရပ်သား ကုန်ကားနှင့် ကုန်ပစ္စည်းများကို အဓမ္မသိမ်းယူပြီး ကုန်ပစ္စည်းအချို့နှင့် ကား ၂စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် တက်တူကုန်းရွာနှင့် ကြက်ခြေခတ်ရွာ စေတီမုခ်၀အနီးရှိ နေအိမ် ၆လုံးကိုလည်း မွှေနှောက်လုယက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့ပြင် ကုန်ကား ယာဉ်မောင်း ၁ဦးနှင့် တက်တူကုန်းရွာသား ၁ဦးတို့ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ယနေ့အထိပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ဂွမြို့နယ် ဓနိအုပ်စု၊ ကုလားချောင်းရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရ၊ ထို့ပြင် စစ်တပ်က ဂွမြို့နယ်အတွင်းကို စစ်သင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် နေ့စဉ် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရ။ - ယမန်နေ့ ညနေပိုင်းက ရေစကြိုနယ် ဖူလုံရွာအခြေစိုက် ခလရ ၂၅၆ မှ စစ်ခွေးများက အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်၊ ခင်မွန်ရွာအနီးနှင့် ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး အဘွားအို ၁ဦးနှင့် အမျိုးသား ၁ဦး သေဆုံး၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင်  ပြည်သူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ဇွန်လအတွင်းက မလှိုင်မြို့မှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ပန်းအိုင်ရွာနှင့် ကျောက်တွင်းရွာအကြားတွင် ကြားဖြတ်တိုက်ခိုက်၊ ဇွန်လ ၁၂ရက်နေ့တွင် စစ်ခွေးများ အထိနာပြီး အလောင်းများ၊ ဒဏ်ရာရရှိသူများနှင့် ရိက္ခာ၊ ခဲယမ်းများကို စွန့်ပစ်ကာ ပန်းအိုင်ရွာအတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ တိုက်ပွဲများအတွင်း စစ်ခွေးအလောင်း ၄လောင်း၊ လက်နက်မျိုးစုံ ၆လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ဒဏ်ရာများရရှိပြီး ထွက်ပြေးသွားသောစစ်ခွေးများအနက်မှ ၆ကောင်ထက်မနည်းမှာလည်း ပန်းအိုင်ရွာအတွင်း ထပ်မံသေဆုံးခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 1 Jul 10 (11:00 PM) - ယမန်နေ့ညပိုင်းမှ ယနေ့မနက်ပိုင်းအထိ မြ၀တီနယ် ဝေါလေနှင့် မင်းလက်ပံ ဒေသများကို စစ်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ အဆိုပါနေရာများမှာ ထိုင်းနိုင်ငံ မဲဆောက်မြိုနယ် မယ်ကုန်းကင်ရွာနှင့် တစ်ကီလိုမီတာခန့်သာ ကွာဝေးသဖြင့် ဒေသခံများကို လုံခြုံသောနေရာများတွင် ခိုလှုံကြရန် ထိုင်းအာဏာပိုင်များက အရေးပေါ် သတိပေးမှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ပြင် မယ်ကုန်းကင်ရွာအနီးတွင် ထိုင်းစစ်တပ်က လုံခြုံရေးစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်နှင့် အနီးတစ်ဝိုက်ရှိ ပြည်သူများအနေဖြင့် လွင်ပြင်နေရာများနှင့် နယ်စပ်အနီးသို့ မလိုအပ်ဘဲ သွားလာခြင်းကို ရှောင်ရှားကြရန်၊ အရေးပေါ်ရွှေ့ပြောင်းရနိုင်သည့် အခြေအနေအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန်လည်း ထိုင်းအာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ နယ်စပ်အနီး တိုက်ပွဲများကြောင့် နယ်စပ်နှစ်ဖက်စလုံးတွင် လုံခြုံရေးအခြေအနေ တင်းမာနေပြီး ထိုင်းအာဏာပိုင်များက နယ်စပ်တစ် လျှောက် လုံခြုံရေးအစီအမံများကို ဆက်လက်တိုးမြှင့်ထားကြောင်း သိရ။ - အကြမ်းဖက်စစ်တပ်က ပေါက်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ရွာကို ယနေ့မနက်ပိုင်းတွင် မီးရှို့ဖျက်ဆီး၊ ထို့နောက် အနောက်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း၊ အဆိုပါစစ်ကြောင်းမှာ ယမန်နေ့ကတည်းက ထောက်ရှာပင်ရွာတွင် ရောက်ရှိနေခြင်းဖြစ်ပြီး စစ်တပ်က လေကြောင်းမှ ခဲယမ်းရိက္ခာများ ပို့ဆောင်ပေးခဲ့ကြောင်း သိရ။ - ဇူလိုင်လ ၅ရက်နေ့က ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၄၀ ခန့်နှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့နောက် နေ့စဉ့် မိုးအကြီးအကျယ်ရွာသွန်းပြီး ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ရေကြီးရေလွှမ်းမိုးမှုများ စတင်ဖြစ်ပွားလျက်ရှိကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၇၀ နှင့်အထက်၊ လူဦးရေ ၁သိန်းကျော် ရေကြီးရေလွှမ်းမိုးမှု ဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း၊ ရေဘေးကြောင့် လတ်တလောတွင် ပြည်သူ ၃ဦး သေဆုံးခဲ့ပြီး၊ လမ်း တံတားအချို့ ထိခိုက်ပျက်စီးခြင်း၊ မြေပြိုခြင်းနှင့် ကမ်းပါးပြိုခြင်း ဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရ။ - ဇူလိုင်လ ၆ရက်နေ့က မုန်းမြို့နယ်၊ နိုကလော်ရွာမှ လူငယ်အမျိုးသား ၂ဦး လုပ်ငန်းခွင်များမှ ရွာသို့ပြန်လာစဉ် နိုကလော်ရွာအနီးတွင် စစ်တပ်က ထောင်ထားခဲ့သော မြေမြှုပ်မိုင်းကို နင်းမိခဲ့ပြီး ၂ဦးလုံး သေဆုံးသွားကြောင်း သိရ။ - ဇွန်လ ၁၅ရက်နေ့ ညနေပိုင်းက စစ်ကိုင်းမြို့ တပ်မ ၃၃မှ မုံရွာ နမခသို့သွားမည့် စစ်ယာဉ်တန်းအတွက် စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်နှင့် ကုန်းရွာအကြားရှိ မန်ကျီးပင်ကွေ့အနီးတွင် လုံခြုံရေးယူ ကင်းပုန်းဝပ်နေသော စစ်ခွေးများကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စစ်ခွေး ၅ကောင်ခန့်သေဆုံးပြီး စစ်ခွေးများကို လာရောက်ခေါ်ဆောင်သော အိမ်စီးကား ၂စီးလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ချောင်းဦးနယ် မှန်ချိုရွာနှင့် ငါးယှန်ရွာအကြားကို စစ်တပ်က အသေခံဒရုန်းများ၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တို့ဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ထို့ပြင် ယနေ့နေ့လယ်ပိုင်းတွင်ပင် ချောင်းဦးနယ် ကျီကုန်းရွာကို လေကြောင်းမှ အကြောင်းမဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်၊ အဆိုပါတိုက်ခိုက်မှုများအတွင်း လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ရေတာရှည်နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အေးသာယာရွာနှင့် စည်ပိုင်းရွာတို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ စည်ပိုင်းရွာမှ နေအိမ်တစ်လုံးပေါ်သို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲပြီး အိမ်ရှင်အမျိုးသား သေဆုံး၊ ဇနီးဖြစ်သူနှင့် ကလေးငယ်တို့ ဒဏ်ရာရ၊ နေအိမ်မှာလည်း အလုံးစုံ ထိခိုက်ပျက်စီးသွားကြောင်း၊ ထို့ပြင် ယနေ့ညနေပိုင်းတွင်လည်း ဆွာမကြီးရွာရှိ စစ်ခွေးများက အနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ စည်ပင်သာရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း သိရ။ - ဇွန်လအတွင်းက ပေါင်းတည်နယ်နှင့် သဲကုန်းနယ်​များအတွင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ၎င်းတို့ပြန်လည်ထွက်ခွာသွားချိန်တွင် စစ်ခွေးများက ကျေးရွာလမ်းများပေါ်တွင် အရပ်သားများ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် နင်းမိုင်းများ ထောင်ထားခဲ့ကြကြောင်း၊ တော်လှန်ရေးအဖွဲ့များက အဆိုပါ နင်းမိုင်းများနှင့် တိုက်ပွဲများအတွင်း မပေါက်ကွဲသေးဘဲ ကျန်ရှိနေသော ဗုံးသီးများကို ရှင်းလင်းပေးခဲ့ရကြောင်း ပြည်ခရိုင် ပကဖမှ သတင်းထုတ်ပြန်။ #Thadinsubue Crd to original uploader with respect

‎မော်လူးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာ၍ ဗုံးအလုံး ၄၀ ကျော်ကြဲ၊ မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းသွားလာမည့် ခရီးသွားပြည်သူများ လမ်းအခြေအနေ စုံစမ်းသွားလာရန် အသိပေး ‎ ‎ဧရာဝတီတိုင်းမ် ‎ဇူလိုင် ၁၀ရက် ‎ ‎စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ဘက်တွင် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး စစ်တပ်ဘက်က ကျေးရွာများအတွင်းသို့ လေကြောင်းမှ ဗုံးအလုံးရေ အမြောက်အမြား ကြဲချတိုက်ခိုက်ခဲ့ကြောင်း Indaw Revolution (IR) အဖွဲ့ထံမှ သိရသည်။ ‎ ‎မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်တွင်ရှိသည့် အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးဝန်းကျင်တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီး ဇူလိုင် ၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်က အထိနာကာ သေဆုံးမှုများပြားခဲ့ပြီး အလောင်းများနှင့် လက်နက်ခဲယမ်း အချို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ‎ ‎ထိုသို့ အထိနာသွားပြီးနောက် စစ်တပ်က မော်လူးမြို့တောင်ဘက်ရှိ စီပိန်းကျေးရွာအတွင်းသို့ လေယာဉ် ဖြင့် ဗုံးအလုံးရေ ၄၀ ကျော် လာရောက်ကြဲချ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ နေအိမ်အချို့ ပျက်စီးခြင်းနှင့် မီးလောင်ကျွမ်းခြင်းများ ရှိခဲ့ကြောင်း သိရသည်။ ‎ ‎"အင်းတော်၊ မော်လူး၊ နဘားကို သိမ်းတယ်လို့ စစ်တပ်က ကြေညာပြီးနောက်ပိုင်းကတည်းက တိုက်ပွဲ ကဆက်ဖြစ်နေတာ။ နဘား၊ ကမ်းနီရွာကိုလည်း ဒရုံးဗုံးတွေနဲ့ စစ်တပ်က တိုက်ခိုက်ထားတယ်။ လယ်သမားသားအဖနှစ်ဦးသေတယ်" ဟု သတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကို ပြောသည်။ ‎ ‎လတ်တလောတွင် အင်းတော်၊ မော်လူးနှင့် နဘားတဝိုက်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်း ထားသည့် အခြေအနေရှိနေပြီး စစ်တပ် တပ်ဖွဲ့များ ရှိနေသရွေ့ အဆိုပါဒေသအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဦးမည်ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်များက ဆိုသည်။ ‎ ‎လက်ရှိတွင် အင်းတော်နှင့် မော်လူးတဝိုက် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် မြန်မာပြည် အလယ်ပိုင်းကို ဆက်သွယ်ထားသည့် အဓိကကျောရိုးဖြစ်သော မန္တလေး-မြစ်ကြီးနား ကားလမ်းပိုင်းမှာ တိုက်ပွဲ အခြေအနေပေါ် မူတည်၍ လမ်းကြောင်းအဖွင့်အပိတ် ပုံမှန်ကဲ့သို့တည်ငြိမ်ခြင်း မရှိကြောင်း သိရသည်။ ယခုကဲ့သို့ လမ်းပိုင်းများ မကြာခဏ ပိတ်ဆို့နေမှုကြောင့် လမ်းခရီးတွင် ကြန့်ကြာနေသည့် သီးနှံနှင့် စားသောက် ကုန်အပါအဝင် သယ်ယူပို့ဆောင်ရေး ကုန်စည်အမြောက်အမြား ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ‎ ‎မြေပြင်စစ်ရေးအခြေအနေ ရှုပ်ထွေးနေဆဲဖြစ်သောကြောင့် ခရီးသွားပြည်သူများအနေဖြင့် လမ်းခရီးတွင် ရက်ရှည်ပိတ်မိနိုင်ခြေရှိသဖြင့် လုံလောက်သော ရိက္ခာခြောက်များနှင့် အရေးပေါ် လိုအပ်မည့် ဆေးဝါးများကို မဖြစ်မနေ ပြည့်စုံစွာ ဆောင်ယူသွားရန်၊ ခရီးမထွက်ခွာမီနှင့် လမ်းခရီးတစ်လျှောက်တွင် မြေပြင်စစ်ရေးသတင်းနှင့် လမ်းအခြေအနေများကို စုံစမ်းသွားလာကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားသည်။ ‎ ဓာတ်ပုံ-Indaw Revolution (IR) ‎#Ayeyarwaddy_Times SSNTIMES

စစ်ကိုင်းမြို့မှ နမခသို့သွားသည့် စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးသည့် စစ်တပ်ကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ချောင်းဦးတွင်လည်း တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက် ရန်ကုန်၊ ဇူလိုင် ၁၀ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့ရှိ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) သို့ သွားရောက်သည့် စစ်ကောင်စီယာဉ်တန်းကို လမ်းကြောင်းလုံခြုံရေးယူပေးခဲ့သည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ နမခသို့ သွားမည့် စစ်ကောင်စီယာဉ်တန်းအတွက် စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်နှင့် ကုန်းရွာကျေးရွာကြားရှိ မန်ကျီးပင်ကွေ့အနီး၌ စစ်သားများက လမ်းဘေးတွင် ကင်းပုန်းဝပ်ကာ လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီယာဉ်တန်း ဖြတ်သန်းသွားပြီးနောက် လုံခြုံရေးယူထားသည့် စစ်သားများကို လာရောက်ခေါ်ဆောင်သည့် အိမ်စီးကား ၂ စီးကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က မန်ကျီးပင်ကွေ့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦးခန့် သေဆုံးခဲ့ပြီး စစ်သားများကို သယ်ဆောင်လာသည့် အဖြူရောင်နှင့် အမည်းရောင် အိမ်စီးကား ၂ စီးစလုံး မိုင်းထိမှန်ခဲ့ကာ အမည်းရောင်ကားမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။ "သံပြားကာကား၊ ကြေးနီကားနဲ့ အက်စစ်ကားတွေ သွားတာ။ သံပြားကာကားက အဲဒီကားတွေကို လုံခြုံရေးယူပေးတာ။ လမ်းဘေးမှာ ကင်းပုန်းဝပ်ပြီး လုံခြုံရေးယူပေးနေတဲ့သူတွေကို မိုင်းပွိုင့်ကြီး ၂ ပွိုင့်နဲ့ ခွဲတာ။ စစ်သားသေဆုံးစာရင်းကတော့ ခန့်မှန်းခြေ ၅ ကောင်လောက် သေဆုံးနိုင်တယ်" ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုကို လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ အခြားတစ်ဖက်တွင်လည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဇူလိုင် ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်အချိန် ညောင်ဦးလေဆိပ်မှ တက်လာသည့် Mi-35 စစ်ရဟတ်ယာဉ် ၁ စီးနှင့် မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ လွှတ်တင်သည့် အသေခံဒရုန်း ၅ စီးဖြင့် ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာနှင့် ငါးယှန်ကျေးရွာကြားကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု သို့မဟုတ် နေအိမ်ပျက်စီးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း၊ ဒေသခံများမှာ ဗုံးခိုကျင်းများအတွင်း တိမ်းရှောင်နေရဆဲဖြစ်သဖြင့် မြေပြင်အခြေအနေကို စုံစမ်းရန် အခက်အခဲရှိနေကြောင်း သိရသည်။ "ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဗုံးခိုကျင်းထဲကနေ ဘယ်သူမှ မထွက်ရဲကြသေးလို့ပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်ပျက်စီးတာမျိုး ရှိ၊ မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲပါ။ ဗုံးသီးအရေအတွက် ဘယ်လောက်ကျလဲဆိုတာလည်း မသိရသေးဘူး" ဟု မြောင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် ယနေ့နေ့လယ်ပိုင်းတွင်ပင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ်တစ်စီးက ချောင်းဦးမြို့နယ် ကျီကုန်းကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောကြားထားသည်။ ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်ကားတချို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။) Khitthitmedia SSNTIMES

Daily Highlight 3 Jul 9 (10:30 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ပုလောနယ် ၁ကြိမ် (မှတ်ချက်။ ယမန်နေ့ ညနေပိုင်းက တိုက်ခိုက်ခြင်း) (Source: CJ) - မြိုင်နယ် ၂ကြိမ် - မော်လူးနယ် ၁ကြိမ် - ခင်ဦးနယ် ၁ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မင်းတပ်နယ် ၃ကြိမ် - တမူးနယ် ၁ကြိမ် - ဖားကန့်နယ် ၂ကြိမ် - ရွှေကူနယ် ၃ကြိမ် - အမ်းမြို့နယ် ၁ကြိမ် - ပုလောနယ် ၄ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) (Source: CJ) - မြဝတီနယ် ၁ကြိမ် (Source: WES) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect