ar
Feedback
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

الذهاب إلى القناة على Telegram

ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ

إظهار المزيد
6 472
المشتركون
-624 ساعات
-407 أيام
-16730 أيام
أرشيف المشاركات
Daily Highlight 3 Sep 21 (11:40 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ခင်ဦးနယ် ၁ ကြိမ် - ပုဏ္ဏားကျွန်းနယ် ၁ ကြိမ် - ကျိုက်ထိုနယ် ၁ ကြိမ် - ဂွမြို့နယ် ၁ ကြိမ် - မင်းပြားနယ် ၂ ကြိမ် - ထီးချိုင့်နယ် ၃ ကြိမ် - မံစီနယ် ၁ ကြိမ် - မင်းတုန်းနယ် ၂ ကြိမ် - ပေါက်တောနယ် ၁ ကြိမ်ထက်မနည်း - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 2 Sep 21 (10:15 PM) - စက်တင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် စစ်တပ်က ဗန်းမော်နယ် နန့်ဖားရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် နှစ်ရက်ဆက် တိုက်ပွဲများ ဖြစ်ပွား၊ ယမန်နေ့က KIO အုပ်ချုပ်ဒေသ မိုင်ဂျာယန်မြို့တွင် လေယာဉ်ပျံဝဲမှုရှိခဲ့ပြီးနောက် ဗန်းမော်ဒေသနှင့်ဆက်စပ်နေသော လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ လွယ်ဂျယ်မြို့တို့တွင် လေကြောင်းအန္တရာယ် သတိပေးချက်များထုတ်ပြန်ထား၊ ထို့ပြင် KIO အစိုးရကျောင်းများကိုလည်း တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း၊ ယခု စစ်ကြောင်းထိုးလာသော စစ်ခွေးများမှာ ဧရာဝတီမြစ်ကြောင်းတိုက်ပွဲများအတွင်းမှ ကံကောင်းစွာဖြင့် လွတ်မြောက်လာသူများဖြစ်ကြောင်း သိရ။ - ယမန်နေ့ မနက်အစောပိုင်းက ပေါက်တောနယ် တောင်ဖူးရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ထို့ပြင် နေ့လယ်ပိုင်းတွင်လည်း တောင်ဖူးရွာအနီးရှိ ဘုန်းကြီးကျောင်းနှင့် တောင်ဖူးကြီးဘုရားအနီးတို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်၊ အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ၊ ထို့ပြင် ယနေ့ မနက်ပိုင်းကလည်း တောင်ဖူးရွာကို အကြောင်းမဲ့ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၃ ရက်နေ့က ဆင်ဖြူကျွန်းမြို့၊ ညောင်ကုန်းရှားရွာအနီးတွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၂ ဦး သေဆုံး၊ နွား ၁ ကောင်လည်း သေဆုံးပြီး လှည်း ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာအုပ်စုနှင့် ဖဲခမဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဝါးရုံစွန်းရွာ၊ ခရိမ်ရွာ၊ မြင်းတာရွာ၊ ဆားဖိုရွာ၊ ဘုရားကွင်းရွာနှင့် ပေါက်စောက်ရွာတို့အပါအဝင်ကျေးရွာ ၉ ခုကို ထွေအုပ်ဦးစီးဌာနပိုင် စားကျက်မြေများပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ ၇ ရက်အတွင်း ဖယ်ရှားပေးရန် သတိပေးစာများ လိုက်လံပို့ဆောင်နေ၊ အဆိုပါကျေးရွာများတွင် ပြည်သူများ နေထိုင်နေကြသည်မှာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီဖြစ်ကြောင်း သိရ။ (စားကျက်မြေက ထွေအုပ်ပိုင်ဆိုတော့ ထွေအုပ်ကကောင်တွေက နွားတွေများလား 😂) - ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထား၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီထောက်တိုင်များဖြစ်သော ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်ကြရန် နောက်ဆုံးအနေဖြင့် သတိပေးကြောင်း၊ ယခင်ကလည်း အကြိမ်ကြိမ် သတိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကိုင်းမြို့ပေါ်နေ မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအပေါ် ပြစ်မှုကြီးကြီးမားမားကျူးလွန်ထားသည့် Non CDM ဝန်ထမ်းများကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရ။ - KNU မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ ၄ ထံသို့ ပြန်လည်ပူးပေါင်းဝင်ရောက်လာသော K.T.L.A ဆာကပေါ်တပ်ရင်း ဗိုလ်စောအဲဖိုးနှင့် တပ်သား ၂၅ ဦးတို့ကို KNU မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများက အခမ်းအနားဖြင့် ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ကြိုဆို၊ ဆာကပေါ်တပ်ရင်းမှာ ယခင်က KNLA လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး စောနယ်ဒါးမြဦးဆောင်သော ခွဲထွက် KNLA နှင့် ပူးပေါင်းခဲ့သဖြင့် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ KTLA ကလည်း KNLA တပ်မဟာ ၄ နှင့်အတူ စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်မှုများကြောင့် ဆာကပေါ်တပ်ရင်းကို ထုတ်ပယ်ကြောင်း ဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ဂွမြို့နယ် ဆပ်သွားရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ၈ တန်းကျောင်းသား ၁ ဦးအပါအဝင် အမျိုးသား ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၃ ခန်းလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က ယနေ့ နေ့လယ်ပိုင်းကလည်း မင်းပြားနယ် သစ်ပုတ်တောင်ရွာအနီးရှိ တောင်တန်းများဘက်သို့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ - စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ကျောက်ပန်းတောင်းနယ် ပုပ္ပါးဒေသတွင် ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခြင်းများ လုပ်ဆောင်နေ၊ ကျောက်တံခါးရွာမှ အမျိုးသား ၃ ဦး ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူလုယက်သွားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 1 Sep 21 (10:15 PM) - ယမန်နေ့ မနက်ပိုင်းက စစ်တွေမြို့ဘက်မှ စစ်ခွေးများက ရသေ့တောင်နယ် မိုးစဲကမ်းဒေသရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ ဇီးကိုင်းရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၇၂ နှစ်အရွယ် အဘွားအိုနှင့် အသက် ၄၂ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးသွားကြောင်း သိရ။ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းချိန်မှ ယခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ ၅နှစ်ခွဲကာလအတွင်း စစ်တပ်၏ ပုံစံမျိုးစုံဖြင့် သတ်ဖြတ်မှုများကြောင့် ချင်းပြည်နယ်တွင် အရပ်သားပြည်သူ ၆၄၄ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၇၀၀ ဦး၊ စုစုပေါင်း ၁၃၄၄ ဦး သေဆုံးခဲ့ကြောင်း၊ ကျဆုံးခဲ့ရသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအနက် တိုက်ပွဲအတွင်း ကျဆုံးသူ ၄၅၈ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂၉ ဦး၊ ရုပ်အလောင်းပြန်လည်ရယူနိုင်ခြင်းမရှိသည့် အခြေအနေတွင် ကျဆုံးသူ ၁၄ ဦး၊ ဆေးဝါးမရရှိမှုကြောင့် ၁၂ ဦးနှင့် မီးရှို့သတ်ဖြတ်ခံရသူ ၁၁ ဦး ရှိကြောင်း၊ အရပ်သားပြည်သူသေဆုံးမှုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၀၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅၈ ဦး၊ ဖမ်းဆီးခံရပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခံရသူ ၄၀ ဦး၊ အကြောင်းမဲ့သတ် ဖြတ်ခံရသူ ၁၇၈ ဦး၊ ဆေးဝါးပြတ်လပ်မှုကြောင့် ၁၇ ဦးနှင့် အခြားအကြောင်းများကြောင့် သေဆုံးသူ ၄၅ ဦး ရှိကြောင်း၊ ထို့ပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၂၂၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် အဆောက်အအုံ ၂၃၂၁ လုံး၊ အစိုးရအဆောက်အအုံ ၁၀၈ လုံးထက်မနည်းနှင့် ဘာသာရေးအဆောက်အအုံ ၇၇ လုံးထက်မနည်းတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်တပ်၏ သတ်ဖြတ်မှုများကြောင့် သေဆုံးသူများတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ၄၅ ဦးနှင့် အသက် ၁၁ နှစ်မှ ၁၇ နှစ်အတွင်း လူငယ် ၅၆ ဦးတို့ ပါဝင်ကြောင်း ချင်းရေးရာအဖွဲ့ ICA ၏ စစ်တမ်းတစ်စောင်အရ သိရ။ - ဗန်းမော်ဘက်မှ ပြည်သူပိုင်ရေယာဉ်များကို အဓမ္မချောဆွဲပြီး ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာသော ရေယာဉ်အုပ်စု ယမန်နေ့ညပိုင်းနှင့် ယနေ့မနက်ပိုင်းတို့တွင် မန္တလေးမြို့သို့ ဆိုက်ရောက်လာ၊ ယမန်နေ့ညပိုင်းက ဆိုက်ကပ်လာသော ရေယာဉ်အချို့ပေါ်မှ စစ်ခွေးအတိုအပြတ် အနာကောင်များကို စစ်ကားကြီး ၃ စီးဖြင့် နန်းတွင်းသို့ ပို့ဆောင်၊ ထို့ပြင် ဗန်းမော် ရှေ့တန်းတွင် ကာလရှည် တာဝန်ကျနေသော စစ်ခွေးများကိုလည်း ရာနှင့်ချီ ပြန်လည်ခေါ်ဆောင်လာကြောင်း၊ ရေယာဉ်များပေါ်တွင် စစ်ခွေးအတိုအပြတ် ၃၀၀ ကျော်ပါဝင်ကြောင်း၊ အခြားစစ်ခွေးများကို တိုင်းမှူးဆိုသူက ဧည့်ခံစားသောက်ပွဲ ပြုလုပ်ပေးပြီး ဝါဒဖြန့်ရန် စီစဉ်ထားကြောင်း သိရ။ - စက်တင်ဘာလ ၁၇ ရက်နေ့ ညပိုင်းက ပန်းတနော်မြို့၊ မြို့သစ်ရပ်ကွက် အုပ်ကြီးရုံးအနီးတွင် KTV မှ ပြန်လာသော လူငယ် ၃ ဦးကို မြို့သစ်ရပ်ကွက် အုပ်ကြီး ခင်မောင်ကြည်၏ သားဖြစ်သူ ပျူခွေးခေါင်းဆောင် ကျော်ကြီးနှင့် အဖွဲ့က ပေါ်တာဆွဲဖမ်းဆီးရန် ကြိုးပမ်း၊ လူငယ်များက အဖမ်းမခံဘဲ ထွက်ပြေးရန်ကြိုးပမ်းခဲ့ရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ကျော်ကြီးက သေနတ်ပြခြိမ်းခြောက်ပြီး ဆဲဆို ရိုက်နှက်ခြင်းများပြုလုပ်၊ လူငယ်များက ပြန်လည်ခုခံကြသော်လည်း ပျူခွေးများက လက်နက်များဖြင့် တိုက်ခိုက်ကြသဖြင့် လူငယ်တစ်ဦး သေဆုံး၊ အခြားလူငယ်တစ်ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး မအူပင်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် သေဆုံး၊ ကျန်ရှိသော လူငယ်မှာလည်း ပန်းတနော်ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ဒဏ်ရာအခြေအနေ ပြင်းထန်သဖြင့် ဆက်လက်စောင့်ကြည့်နေရကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့သစ်ရပ်ကွက် အုပ်ကြီး ခင်မောင်ကြည်နှင့် ပျူခွေးများကို ရဲခွေးများက ဖမ်းဆီးအရေးယူခြင်း တစုံတရာ မရှိသေးကြောင်း သိရ။ - စက်တင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး အောက်မင်းလှမြို့နယ်အတွင်းရှိ စစ်တပ်သတင်းပေးများက တော်လှန်ရေးကိုထောက်ပံ့သည်ဟု စွပ်စွဲကာ စစ်တပ်ကို ဖမ်းဆီးခိုင်းသောကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ၊ မင်းလှမြို့ရှိ ဝေဖြိုး အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝေဖြိုးလည်း ဖမ်းဆီးခံရပြီး ရန်ကုန်မြို့ရှိ စစ်ကြောရေးသို့ ပို့ဆောင်ခံခဲ့ရ၊ စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကြောရေးမှ မင်းလှမြို့နယ် ရဲစခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးနောက် ညပိုင်းတွင် သေဆုံး၊ အခြား ဖမ်းဆီးခံထားရသူ ၁၀ ဦးထက်မနည်းကိုလည်း စစ်တပ်က မင်းလှမြို့ရှိ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန် နှိပ်စက် စစ်ဆေးနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက လောင်းရှည်အခြေစိုက် ကပစ ၂၅ မှ ထွက်ခွာလာသော ကား ၅ စီးပါ စစ်ခွေးယာဉ်တန်း ယမ်းရွာသို့ ရောက်ရှိနေပြီး လောင်းရှည်မြို့ဘက်သို့ ဦးတည်နေ၊ မကွေးမြို့မှ ထွက်ခွာလာသော စစ်ကားအစီးရေ ၁၈၅ စီးခန့်ပါ ယာဉ်တန်းမှာ ယမန်နေ့က ကပစ ၂၅ အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး ယခု ထွက်ခွာလာသော ယာဉ်တန်းမှာ ​ရှေ့ပြေးအဖွဲ့ဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် စစ်တပ်က ကပစ ၂၅- လောင်းရှည်- တောင်ဘို့ကြီး-သီးကုန်း- ​ဆော ကားလမ်းပိုင်းကို အပြည့်အဝထိန်းချုပ်ထားပြီး လမ်းတလျှောက်တွင်လည်း ကင်းပုန်းများချထားကြောင်း၊ ယမန်နေ့က ဝင်ရောက်လာသော ယာဉ်တန်းမှာ ဆောမြို့ဘက်သို့ ဆက်လက်ထွက်ခွာဖွယ်ရှိကြောင်း သိရ၊ တဖက်တွင်လည်း ယမန်နေ့ မနက်ပိုင်းက ကျောက်ထုအခြေစိုက် အမတ ၃၆၈ မှ ထွက်ခွာလာသော စစ်ခွေး အတိုအပြတ်များပါဝင်သည့် စစ်ကြောင်းမှာ ကျောက်ထုတိုက်နယ် ပင်ထောင်ရွာတွင် ရောက်ရှိနေကြောင်း၊ အဆိုပါစစ်ကြောင်းမှာ ပေါက် ကစပ ၂၄ မှ ကျောက်ထုတိုက်နယ် ကြီးရွာသို့ ပို့ဆောင်ထားသော စစ်ကြောင်းဖြစ်ပြီး ကြီး-ရွှေအောင်သာကြား တိုက်ပွဲများတွင် ဒဏ်ရာရရှိထားသော စစ်ခွေး ပျူခွေးများဖြစ်ကြောင်း၊ ၎င်းတို့ကို ကပစ ၂၄ သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး ယမန်နေ့က ကပစ ၂၄ မှ ထွက်ခွာလာသော အကြိုစစ်ကြောင်းမှာလည်း ပေါက်မြို့နယ် ခင်အေးရွာဟောင်းဘက်သို့ ရောက်ရှိနေကြောင်း၊ ထို့ပြင် ဆောမြို့နယ်အတွင်း တိုက်ပွဲများတွင် ဒဏ်ရာရထားသော စစ်ခွေးများကို ယမန်နေ့က လောင်းရှည်မြို့သို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ စစ်ကြောင်းမှာ ဆောမြို့မှ သီးကုန်းရွာဘက်သို့ ယခုစက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်ထွက်ခွာလာခြင်းဖြစ်ကာ ၁၈ ရက်နေ့တွင် သီးကုန်းရွာမှတဆင့် တောင်ဘို့ကြီးရွာသို့ ဆက်လက်ဝင်ရောက်ခဲ့ကြောင်း၊ စစ်ခွေးများက အရပ်သားပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင် အဆိုပါစစ်ကြောင်းမှာ လောင်းရှည်မြို့အတွင်းသို့ ရောက်ရှိသွားပြီး ဖမ်းဆီးခံထားရသော ပြည်သူ ၄ ဦး၏ နောက်ဆက်တွဲသတင်းကို ထပ်မံရရှိခြင်းမရှိသေးကြောင်း သိရ။ - စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက တော်လှန်ရေးအဖွဲ့များ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် တပ်ကုန်းနယ် တည်ပင်ရွာနှင့် မြို့သစ်နယ် ချားပင်ရေရွာတို့မှ လူ ၇ ဦးကို WY စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော်အပါအဝင် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ၊ ဖမ်းဆီးရမိထားသူများကို ဆက်လက်စစ်ဆေးနေကြောင်း သိရ၊ ထို့ပြင် စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း မုဒုံနယ်အတွင်း တော်လှန်ရေးအဖွဲ့များ နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် လူ ၁ ဦးကို  မူးယစ်ဆေးဝါးများ၊ လက်နက်ငယ် ၁ လက်နှင့် ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိ၊ အလားတူ စက်တင်ဘာ ၁ ရက်နေ့တွင် မုဒုံနယ်အတွင်း၌ပင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၃ ဦးကိုလည်းကောင်း၊ ဩဂုတ် ၂၇ ရက်နေ့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦးကိုလည်းကောင်း မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိထားသူများကို စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှု ရှိမရှိကို ဆက်လက်စစ်ဆေးနေကြောင်း၊ ၎င်းတို့ကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရာမညမွန်တပ်တော် RMA ၏ ထုတ်ပြန်ချက်များအရ သိရ။ - မန္တလေးမြို့မှ ပျူခွေးခေါင်းဆောင် ပါရာဇိက ပေါက်ကတုံး၏ တပည့်၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် မျိုးထွန်း ဦးဆောင်သောအဖွဲ့က အမရပူရမြို့နယ်ဘက်မှ လူငယ် ၁ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး မိသားစုကို ငွေကျပ် သိန်း ၃၅၀ ပေးရန် အကြောင်းကြားငွေညှစ်ခဲ့ကြောင်း၊ ၎င်းတို့ကို အမရပူရ ပြည်သူ့စစ်များက တဖက်လှည့်ဖြင့် ထောင်ချောက်ဆင်ဖမ်းဆီးပြီး မြစ်ငယ်ရဲစခန်းသို့ ပို့ဆောင်လိုက်သော ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 3 Sep 20 (11:55 PM) စက်တင်ဘာလ ၁၈ရက်နေ့ ညပိုင်းမှ ၁၉ ရက်နေ့ ညပိုင်းအထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ (Source။ ဝေဟင်) - ကန်ပက်လက်နယ် ၃ ကြိမ် - ထီးချိုင့်နယ် ၂ ကြိမ် - ကန့်ဘလူ/သပိတ်ကျင်း/ထီးချိုင့်အစပ် ၂ ကြိမ် - သံတွဲနယ် ၁ ကြိမ် - ပုဏ္ဏားကျွန်းနယ် ၂ ကြိမ် - သပိတ်ကျင်းနယ် ၁ ကြိမ် - စဉ့်ကူးနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မင်းတုန်းနယ် ၂ ကြိမ် - ဖာပွန်နယ် ၃ ကြိမ် - ကျောက်တော်နယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ခင်ဦးနယ် ၂ ကြိမ် - စစ်တွေနယ် ၂ ကြိမ် - စဉ့်ကူးနယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - ဆားလင်းကြီးနယ် ၆ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ဆိပ်ဖြူ/ပခုက္ကူနယ်အစပ် ၆ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - လေးမျက်နှာနယ် ၂ ကြိမ် - ပုဏ္ဏားကျွန်းနယ် ၂ ကြိမ် - ပေါက်မြို့နယ် ၁ ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 2 Sep 20 (11:55 PM) - စစ်တပ်က ၄၉၂၆ စစ်ဆင်ရေးဟုဆိုကာ စစ်တွေ ပုဏ္ဏားကျွန်းနယ်ဘက်သို့ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး အောင်ပွဲများရရှိနေသည်ဟု စစ်ခွေးလော်ဘီများ အကြီးအကျယ်အောင်ပွဲခံ ဝါဒဖြန့်နေကြသော်လည်း အာရက္ခတပ်တော် AA က တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသော သုံ့ပန်းများ၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် စစ်ခွေးအလောင်းများကို ထုတ်ပြန် ပြသ လာ၊ စက်တင်ဘာလ ၁၆ ရက်နေ့  စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင် နှင့် အမြင့်ကျွန်းအကြားတိုက်ပွဲတွင် တပ်မ ၁၀၁ လက်အောက်ခံ၊ ခလရ ၂၅၂ မှ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ပြီး သုံ့ပန်းများ၏ ထွက်ဆိုချက်များကိုပါ ထုတ်ပြန်၊ ၎င်းတို့၏ ထွက်ဆိုချက်များအရ ရခိုင်ပြည်ထိုးစစ်အတွင်း စစ်တပ်က အမျိုးသမီး၊ လူကြီးနှင့် ကလေးများပါမချန် ရခိုင်မျိုးနွယ်များအားလုံးကို သတ်ဖြတ်ရန် အမိန့်ပေးထားကြောင်း၊ ရှေ့တန်းစစ်မြေပြင်များတွင် အရာရှိများက လက်အောက်ငယ်သားများကို အသေခံတိုက်ခိုင်းနေပြီး ၎င်းတို့ကိုယ်တိုင်မှာမူ ထွက်ပြေးနေကြကြောင်း သိရပြီး သုံ့ပန်းတစ်ဦးက စစ်တပ်ကို စိတ်နာနေပြီဖြစ်သဖြင့် အာရက္ခတပ်တော်အတွင်း ဝင်ရောက်တာဝန်ထမ်းဆောင်လိုသည်ဟု ထွက်ဆိုပြောကြားထားကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက မင်းဘူးမြို့ဘက်မှ ထွက်လာသော စစ်ကားကြီး ၁၈၅ စီးပါ စစ်ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက စလင်းနှင့် ကံပြားအကြား၊ လက်ပံကျင်းရွာအနီးတွင် FPV ဒရုန်းဖြင့် တိုက်ခိုက်၊ စစ်ကားနောက်ခန်းအတွင်းသို့ တည့်တည့်ဝင်ရောက်ဖောက်ခွဲနိုင်ခဲ့ရာ စစ်ကား ပျက်စီးပြီး စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိကာ ကားပေါ်ပါပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယမန်နေ့ ညပိုင်းက ဘီးလင်းနယ်၊ ယိုကလားရွာအတွင်းသို့ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးသွားကြောင်း သိရ။ - စစ်တပ်က နွားထိုးကြီးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စက်တင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ဖောင်ကျင်း၊ မကြီးကုန်း၊ ကျောက်တန်းကျေးရွာများကို ဝင်ရောက်စီးနင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီး၊ ထို့ပြင် စက်တင်ဘာ ၁၆ ရက်နေ့တွင် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျိုးကန်ရွာမှ ပြည်သူ ၁ ဦး သေဆုံး၊ အဆိုပါ စစ်ကြောင်းကြောင့် ပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရ။ - စက်တင်ဘာလ ၁၆ ရက်နေ့က စလင်းနယ်၊ ရွှေကြာငုံရဲစခန်းကို တော်လှန်ရေးအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရ။ - စက်တင်ဘာလ ၁၄ ရက်နေ့က သရက်ချောင်းမြို့နယ် ဥပဒေရုံးမှ အကြီးတန်းစာရေးမ ခိုင်ဇင်ထွေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က အိမ်ရှေ့ပြင်ရွာမှ သရက်ချောင်းမြို့သို့အသွား တီတွတ်ပြင်ရွာလမ်းဆုံတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ။ - ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက မြိုင်မြို့နယ်၊ တွင်းမပျူရွာသို့ လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်သော Mi-17 သယ်ပို့ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သော ရဲဘော် ၇ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁ သောင်း ချီးမြှင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်၊ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် အစိုးရ အရာရှိများ၊ ယူနစ်အစိုးရမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက ကလေးမြို့ မြောက်ဘက်အထွက် နွေဦးစံလမ်းကြားရှိ နွေဦးစံဘုန်းကြီးကျောင်းအနီးတွင် လက်နက်ကိုင်ဆောင်ထားသည့် လူသုံးဦးက ဝပ်ရှော့ဆိုင်တစ်ခုကို ဝင်ရောက်ဓားပြတိုက်၊ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တွင်မှ အနီးအနားရှိ မြို့မြောက်ဘက်အထွက်ဂိတ်မှ စစ်ခွေးများ ရောက်ရှိလာပြီး လိုက်လံရှာဖွေခဲ့သော်လည်း ဓားပြများ လွတ်မြောက်သွားသောအခါ အနီးမှဖြတ်သန်းသွားလာနေသော လူငယ်တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 1 Sep 20 (11:55 PM) - စက်တင်ဘာလ ၁၈ ရက်နေ့က သံတွဲနယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘွားအို ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရ၊ ထိုနေ့တွင်ပင် ပုဏ္ဏားကျွန်းနယ်ကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဖက်ကျရွာမှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဒဏ်ရာရ။ - စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်း၊ ထန်းတပင်နယ်၊ သရက်ပင်ကြီးရွာကို စစ်တပ်က အသေခံဒရုန်း၊ ဂျက်ဖိုက်တာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အမျိုးသား ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီး။ - စက်တင်ဘာလ ၁၈ ရက်နေ့က စလင်းနယ် မြောင်းခြားရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦး ဒဏ်ရာရပြီး နေအိမ်၊ ဈေးဆိုင်နှင့် စာသင်ကျောင်းတို့ ထိခိုက်ပျက်စီး။ - ယမန်နေ့ မနက်ပိုင်းက မကွေးမြို့မှ စစ်ကား အစီးရေ ၁၈၂ စီးပါ ယာဉ်တန်း ထွက်ခွာလာပြီး ပွင့်ဖြူ၊ စလင်းမြို့တို့မှတဆင့် လောင်းရှည်မြို့ဘက်သို့ ဦးတည်နေ၊ ယာဉ်တန်းလုံခြုံရေးအတွက် လောင်းရှည်မြို့မှ စစ်ကြောင်း ၁ ကြောင်း ထွက်ခွာလာပြီး လောင်းရှည်-စေတုတ္တရာ လမ်းပိုင်းတွင် ကင်းပုန်းများ ချထား၊ ထို့ပြင် တောင်ဘို့ကြီးရွာတွင် ရောက်ရှိနေသော အခြား စစ်ကြောင်းကလည်း လောင်းရှည်-ဆော လမ်းပိုင်းကို လုံခြုံရေးယူပေးနေ၊ အဆိုပါ ယာဉ်တန်းတွင် ရိက္ခာတင်ယာဉ်များ၊ လက်နက်ကြီးတင်ယာဉ်များနှင့် အိမ်စီးကားငယ်များ ပါဝင်ပြီး 4 Tubes မစ်ဇိုင်းယာဉ် ၄ စီး၊ 12 Tubes မစ်ဇိုင်းယာဉ် ၂ စီး၊ ဟောင်ဝစ်ဇာဟု ယူဆရသည့် ယာဉ် ၃ စီး၊ ဂျန်ပါကား ၅ စီးနှင့် ဒရုန်းအမျိုးမျိုး တင်ဆောင်ထားသည့် ယာဉ် ၄ စီးခန့် ပါဝင်၊ အဆိုပါ စစ်ကြောင်းမှာ လောင်းရှည်အခြေစိုက် ကပစ ၂၅ မှတဆင့် ဆောမြို့နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့ကို ဝင်ရောက်ဖွယ်ရှိကြောင်း သိရ။ - စက်တင်ဘာလ ၁၈ ရက်နေ့ ညဦးပိုင်းက ရွှေကူနယ် မြို့ကုန်းရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ၊ နေအိမ်များလည်း ထိခိုက်ပျက်စီး။ - ယမန်နေ့ မနက်ပိုင်းက ကန်ပက်လက်နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး လူသူထိခိုက်မှု အခြေအနေ မသိရသေး၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ကန်ပက်လက်နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူသူထိခိုက်မှု အခြေအနေ မသိရသေး။ - စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းနှင့် ညနေပိုင်းတို့က ရွှေဘိုနယ်အနောက်ခြမ်းရှိ သီးလုံးပျူရွာမှ ပျူခွေးများကို တော်လှန်ရေးအဖွဲ့များက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်၊ ပျူခွေးများ ထိခိုက်သေဆုံးမှုရှိနိုင်။ - ဖားကန့်နယ်၊ ကာမိုင်းမြို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်တွင် ဖားကန့်ဘက်သို့ သွားလာနေသော ဖားကန့်နယ် အောင်ဘာလေရွာမှ အုပ်ကြီးဟောင်း သာမန်အရပ်သား ဦးဝါ့ဂျယ်နော်တောင်ကို အကြောင်းမဲ့ ဖမ်းဆီးပြီးနောက် KIA အရာရှိဟု ဝါဒဖြန့်နေ၊ ဖမ်းဆီးခံရသူမှာ "KIA တပ်မဟာ ၉၊ တပ်ရင်း ၆ မှ ဒုတိယတပ်ရင်းမှူး" ဖြစ်သည်ဟု ရှမ်းနီပြည်သူ့စစ်ခွေးများ၏ ဝါဒဖြန့် ဖေ့ဘုတ်စာမျက်နှာတွင် လိမ်ညာဝါဒဖြန့်နေသဖြင့် ၎င်း၏ အသက်အန္တရာယ်အတွက် မိသားစုက စိုးရိမ်နေကြကြောင်း သိရ။ - စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်းမှ စတင်ပြီး တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ပခုက္ကူနယ်၊ ကျွန်းကျောင်းဒေသ၊ ရေနံချပ်ရွာအပါအဝင် ရေနံမှော်များဘက်သို့ စစ်တပ်က ဝင်ရောက်စစ်ကြောင်းထိုး၊ တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရေနံချပ်ရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေကြရ၊ တိုက်ပွဲများအတွင်း အထိနာနေသော စစ်တပ်က စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် ရေနံချပ်ရွာကို မီးရှို့ဖျက်ဆီး၊ မီးဝင်ငြိမ်းသည့် ပြည်သူများကိုလည်း သေနတ်ဖြင့် လိုက်လံပစ်ခတ်သောကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိ၊ ထို့ပြင် ရေနံချပ်ရွာနှင့် အနီးဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုများ အဆင်အခြင်မဲ့ ပြုလုပ်ခဲ့ရာ ပြည်သူ ၄ ဦး ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ပြည်ထဲရေးဝန်ကြီးအဖြစ်နေရာမှ အနားပေးခံရပြီး တပ်ဘက်သို့ ပြန်လည်ပို့ဆောင်ခံရသော ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်တပ် စာရင်းစစ်ဆေးရေးအရာရှိချုပ်အဖြစ် ခန့်အပ်၊ ညွန့်ဝင်းဆွေမှာ အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ်တာဝန်ယူခဲ့ချိန်က ရန်ကုန်မြို့ပြဆန္ဒပြပွဲများအပါအဝင် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများတွင် အဓိက တာဝန်ရှိသူဖြစ်ပြီး ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းခံထားသူဖြစ်၊ ထို့ပြင် ညှိကွပ် ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီးနောက် လက်ရှိအချိန်အထိ ညှိကွပ်နေရာအတွက် အစားထိုးခန့်အပ်ခြင်းမရှိသေး၊ စစ်တပ်၏ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး (ကကနယ်) ညွှန်မှူး ဗိုလ်ချုပ် မင်းမင်းစိုးနှင့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး (ကကနက်) ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ်တို့ကို အရန်အင်အားသို့ ပို့၊ ဂျပန်နိုင်ငံဆိုင်ရာ စစ်သံမှူး ဗိုလ်မှူးချုပ်မျိုးမင်းကို ကကနက် ညွှန်မှူး၊ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူကို ကကနယ် ညွှန်မှူးတို့အဖြစ် အသီးသီး ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း သိရ။ - ဧရာဝတီမြစ်အတွင်း KIA ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် နစ်မြုပ်ပျက်စီးသွားသော ရေယာဉ်များပေါ်မှ စစ်ခွေးများနှင့် မိသားစုဝင်များကို KIA ပူးပေါင်းတပ်များက တောတောင်များအတွင်းနှင့် မြစ်ရိုးတလျောက်တို့တွင် လိုက်လံရှာဖွေကယ်ဆယ်ပေးနေကြောင်း သိရ။ - စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး စစ်တပ်က တောင်ငူနှင့် အုတ်တွင်းနယ်အစပ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ ၏ အနောက်ဘက်ခြမ်းရှိ ရွှေလောင်းရွာနှင့် ဘိုကုန်းရွာတို့ဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်၊ တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေပြီး စစ်ခွေး ၄၀ ထက်မနည်း သေဆုံးခဲ့သော်လည်း ဆက်လက်တိုးဝင်နေသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ စစ်တပ်က စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းတွင် ဒရုန်း လက်နက်ကြီးများ​ဖြင့် ကျေးရွာများအတွင်းသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ စစ်တပ်စစ်ကြောင်းကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးနေကြရ။ - စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ သစ်ချိုပင်ကျေးရွာအုပ်စု အုပ်ကြီး ကျော်ဆန်းဆိုသူကို သဲကျဲကြီးရွာရှိ ၎င်း၏နေအိမ်အတွင်း အမည်မသိသေနတ်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေရာတွင်ပင် သေဆုံး၊ ထိုသို့ အုပ်ကြီးများ စစ်တပ်သတင်းပေးများ လက်သည်မပေါ်ဘဲ ပစ်ခတ်ရှင်းလင်းခံနေရစဖြင့် နယ်မြေအတွင်းရှိ အုပ်ကြီးများ ကြောက်လန့်ကာ တိမ်းရှောင်နေကြ၊ တဲကြီးကုန်းအုပ်စု အုပ်ကြီး ဝင်းမြဆိုသူကို ဝက်ထီးကန်ရဲစခန်းတွင် တာဝန်ကျနေသည့် ၎င်း၏ သားဖြစ်သူ ရဲခွေးက လာရောက်ခေါ်ဆောင်သွား၊ ထို့ပြင် အင်းဝင်းအုပ်စု အုပ်ကြီး ကျော်သန်း ဆိုသူမှာလည်း စက်တင်ဘာလ ၁၀ ရက်နေ့က မျိုးချစ်ဆိုသော စစ်တပ်သတင်းပေး ပစ်ခတ်ခံရပြီးကတည်းက ပြည်မြို့ပေါ်သို့ ပြောင်းရွှေ့သွားကြောင်း၊ ကျန် ကျေးရွာအုပ်ကြီးများမှာလည်း ကြောက်ရွံ့နေကြပြီး အချို့မှာ တိမ်းရှောင်နေကြသလို ရွာတွင် ကျန်ခဲ့သူများမှာလည်း အိမ်အပြင်သို့ ထွက်ခွာခြင်းမရှိတော့ကြောင်း သိရ။ - စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက သဲကုန်းမြို့ပေါ်မှ ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စစ်ခွေး ၁ ကောင် ဒဏ်ရာအပြင်းအထန်ရပြီး သဲကုန်းမြို့ဘက်သို့ ပြန်လည်ပို့ဆောင်စဉ် သေဆုံး၊ အဆိုပါ စစ်ကြောင်းကို စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းတွင်လည်း ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရ။ - ၂၀၂၅ ဒီဇင်ဘာလ ၂၄ ရက်နေ့မှစ၍ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ဘက်မှ အင်အား ၃၀၀ ခန့်ဖြင့် ဝက်လက်မြို့နယ်‌အရှေ့ခြမ်း ဧရာဝတီမြစ်ရိုးတလျှောက် စစ်ကြောင်းထိုးလာသော စစ်ခွေး ပျူခွေး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၇ လကျော်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွား၊ အဆိုပါတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၀၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရ၊ စစ်တပ်၏ ဂျန်မာကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကာ ဒရုန်း ၂ စီးကိုလည်း ပစ်ချသိမ်းဆည်းနိုင်ခဲ့၊ ထို့ပြင် ကား ၄ စီးနှင့် လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိ၊ အဆိုပါစစ်ကြောင်းမှာ  ဧရာဝတီမြစ်ကမ်းဘေးရှိ ထုံးဘို၊ ရှားကွဲ၊ ရေဂမိုး၊ ရွာသစ်၊ လှေပို့ဆိပ်၊ သစ်ဆိမ့် ကျေးရွာတို့တွင် ယခုအချိန်ထိ တပ်စွဲကာ ပြည်သူပိုင် ပစ္စည်းများကို ရေကြောင်းမှ ခိုးယူသယ်ထုတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 2 Sep 18 (11:50 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ပုဏ္ဏားကျွန်းနယ် ၂ ကြိမ် - ကသာနယ် ၈ ကြိမ် - ပခုက္ကူနယ်၊ ကျွန်းချောင်းဒေသ ၁ ကြိမ် - ပခုက္ကူနယ်၊ ကျွန်းချောင်းဒေသ ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - သံတွဲနယ် ၁ ကြိမ် - မင်းတုန်းနယ် ၁ ကြိမ် - ယင်းမာပင်နယ် ၂ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ထီးချိုင့်နယ် ၂ ကြိမ် - ရွှေကူနယ် ၃ ကြိမ် - ဖာပွန်နယ် ၂ ကြိမ် - ဖယ်ခုံနယ်၊ စစ်တွေနယ်၊ ပေါက်တောနယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများရှိပြီး အတိအကျ ဖော်ပြနိုင်ခြင်းမရှိပါ။ - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 1 Sep 18 (11:40 PM) - အမှတ် ၁ စစ်ဒေသအနေဖြင့် ၅ နှစ်တာကာလအတွင်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရကြောင်း၊ ပထမဆုံး စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့ခြင်းမှာ နွေဦးတော်လှန်ရေးအတွက် ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်း၊ တော်လှန်ရေးအတွင်း အသက်၊ ခန္ဓာကိုယ်နှင့် အချိန်များ ပေးဆပ်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ၏ စိတ်ဓာတ်နှင့် မျှော်မှန်းချက်များကို ဆက်လက်ထိန်းသိမ်းကာ တော်လှန်ရေးပန်းတိုင် မရောက်မချင်း မိမိတို့၏ တာဝန်များကို ဇွဲ၊ လုံ့လနှင့် တာဝန်ယူမှုရှိစွာ ဆက်လက်ထမ်းဆောင်ကြရန် တိုက်တွန်းကြောင်း၊ ရှေ့ဆက်ကာလတွင်လည်း စိန်ခေါ်မှုများ ဆက်လက်ရှိနိုင်သဖြင့် အခက်အခဲများကို သည်းခံကျော်ဖြတ်နိုင်သည့် စိတ်ဓာတ်၊ အချင်းချင်းယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဆက်လက်ခိုင်မာအောင် တည်ဆောက်ရန်လိုအပ်ကြောင်းလည်း၊ NUG အနေဖြင့် ရေရှည်လိုအပ်ချက်များနှင့် တော်လှန်ရေး၏ မဟာဗျူဟာကျသည့် စီမံကိန်းများအတွက် လိုအပ်သည့် အရင်းအမြစ်နှင့် ရန်ပုံငွေများကို တတ်စွမ်းနိုင်သမျှ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် စစ်ရေးဆိုင်ရာစွမ်းရည်များကို အချိန်နှင့်တပြေးညီ လေ့လာသုံးသပ်ပြီး လိုက်လျောညီထွေ ပြင်ဆင်နိုင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ဒရုန်းနှင့် ခေတ်မီနည်းပညာများ၏ အရေးပါမှုကို ထည့်သွင်းစဉ်းစား၍ သက်ဆိုင်ရာခေါင်း ဆောင်များအနေဖြင့် ရေရှည်အမြင်ဖြင့် စွမ်းရည်မြှင့်တင်ရေးနှင့် စနစ်တကျ စီမံကိန်းရေးဆွဲရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကို ရရှိထားသူများ ဖြစ်သည့်အလျောက် စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်မှာကြားလိုကြောင်း စသဖြင့် ယမန်နေ့က ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၁ စစ်ဒေသ တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ မှ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရ။ - ထိုင်း၊ မလေးရှား၊ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ဗီဇာထုတ်ပေးခြင်း၊ ဗီဇာသက်တမ်းတိုးပေးခြင်းနှင့် ဗီဇာအမျိုးအစားပြောင်းလဲပေးခြင်းများ ဆောင်ရွက်ရာတွင် မြန်မာသံရုံး၏ မြန်မာနိုင်ငံသားအစစ်အမှန်ဖြစ်ကြောင်း ထောက်ခံချက် မဖြစ်မနေပါရှိမှသာ ဆောင်ရွက်ပေးရန်၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ရရှိသည့် ဝင်ငွေများကို စကစ လက်အောက်ရှိ ပုဂ္ဂလိကဘဏ်စနစ်များမှတဆင့် တရားဝင်ငွေလွှဲလမ်းကြောင်း Family Remittance Management System ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့နိုင်ရေးအတွက်လည်း သက်ဆိုင်ရာနိုင်ငံများက ပူးပေါင်းဆောင်ရွက်ပေးရန် တို့ကို စကစ က သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများထံသို့ အကြောင်းကြားစာများပေးပို့ထားကြောင်း သိရ။ - အကြမ်းဖက်စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက်ဆိုင်ရာ မူလတာဝန်များပြန်လည်ထမ်းဆောင်စေပြီး လက်ရှိ ညှိကွပ်တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်၊ ဗိုလ်ချုပ်ကြီး ကိုကိုဦးမှာ DSA ၃၈ ကျောင်းဆင်းဖြစ်ပြီး လပခ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က မန္တလေးမြို့ ဆန္ဒပြပွဲများကို အင်အားသုံးဖြိုခွင်းရာတွင် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်၊ ထို့ပြင် နာမည်ကျော် နန်းတွင်းစစ်ကျောရေးစခန်း အပါအဝင် ပြည်သူများကို သတ်ဖြတ်ခဲ့သော ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်ကြောင်း သိရ။ - စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက သာပေါင်းနယ် မြို့မရဲစခန်းတွင် မြို့နယ်အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် မြို့မစခန်းမှူး ဒုရဲမှူး မင်းသန်းစိုးဆိုသူက လက်အောက်ငယ်သားများကို အော်ဟစ်ကြိမ်းမောင်းနေစဉ် နှလုံးရောဂါဖြင့် ရုတ်တရက် လဲကျသေဆုံးသွားခဲ့ကြောင်း သိရ။ (ကျည်တစ်တောင့် သက်သာသွားပြီ 😂) - စက်တင်ဘာလ ၁၂ ရက်နေ့က ပေါင်းတည်နယ်၊ ကြာနီကန်ကွက်သစ်ရှိ စစ်မှုထမ်းဟောင်းနှင့် စစ်တပ်သတင်းပေး အေးနိုင်၏ နေအိမ်ကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်၊ ကြာနီကန်ရဲစခန်းမှ ရဲများက လာရောက်ကယ်ထုတ်သွား၊ ဆက်လက်၍ တော်လှန်ရေးအဖွဲ့များက စစ်ခွေး ရဲခွေးများ စုဝေးရောက်ရှိနေသည့် ကြာနီကန်ကွက်သစ်ရှိ မသင်းဆိုသူ၏နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းခဲ့သော်လည်း စစ်ခွေး ရဲခွေးများမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း၊ ထို့ပြင် ပန်းသင်းပင်ရွာရှိ ပျူခွေးစခန်းကိုလည်း ရှောတိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ စစ်ခွေး ၁ ကောင်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - KNU တပ်မဟာ ၅ စစ်လှုပ်ရှားနယ်မြေ၊ ဖာပွန်ခရိုင်အတွင်း စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၁၅ ရက်တာကာလအတွင်း စစ်တပ်နှင့် တိုက်ပွဲ ၄၄ ကြိမ် ဖြစ်ပွား၊ စစ်ခွေး ၂၂ ကောင် သေဆုံးပြီး အကောင် ၂၀ ဒဏ်ရာရ၊ စစ်တပ်တိုက်ခိုက်ရေးယာဉ် ၂ စီးနှင့် စခန်း ၁ ခုတို့ကို ဖျက်ဆီးနိုင်ခဲ့၊ ထို့ပြင် စစ်တပ်က ဩဂုတ်လ ၁၅ ရက်အထိ တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီး အလုံးရေ စုစုပေါင်း ၇၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ။ - ဩဂုတ်လ ၂၉ ရက်နေ့က ရှမ်းနီပြည်သူ့စစ်အဖွဲ့ SNA တပ်မဟာ ၇၅၃ တပ်ရင်းမှ တပ်သား ၁ ဦး သေနတ် ၁ လက်နှင့်အတူ ထွက်ခွာလာပြီး မော်လိုက်ခရိုင် တပ်ရင်း ၃ ထံ အလင်းဝင်လာ၊ ထိုသို့ အလင်းဝင်ခဲ့သဖြင့် စစ်တပ်က ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းရွာရှိ ၎င်း၏နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း၊ အလင်းဝင်တပ်သားကို ဆုငွေများ ချီးမြှင့်ခဲ့ပြီး ၎င်း၏ဆန္ဒအတိုင်း မိဘများထံ ပြန်လည်ပို့ဆောင်ပေးထားကြောင်း၊ ၎င်းတပ်သားမှာ စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန်လည်း အဆိုပြုထားကြောင်း သိရ။ - စက်တင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့က ရေစကြိုနယ်၊ ဆင်ချောင်းပျူရွာတွင် တပ်စွဲထားသော စစ်ခွေးများက ရေစကြို-ပခုက္ကူလမ်း၊ ဆင်ချောင်းရွာနှင့် ၁၂ မိုင်ကြားရှိ လမ်းဘေးနေရာများတွင် နင်းမိုင်းများ ထောင်ထားခဲ့ကြောင်း၊ အဆိုပါ မိုင်းများကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များမှ တွေ့ရှိခဲ့ပြီး အများပြည်သူ ထိခိုက်မှုမရှိစေရန် ဖယ်ရှားရှင်းလင်းပေးခဲ့ရကြောင်း၊ မိုင်းများ ကျန်ရှိနေနိုင်သေးသဖြင့် အဆိုပါလမ်းပိုင်းတွင် သွားလာနေကြသူများအနေဖြင့် သတိပြုသွားလာကြရန် တော်လှန်ရေးအဖွဲ့များက သတိပေးထားကြောင်း သိရ။ - ယမန်နေ့က ပွင့်ဖြူနယ်၊ မုန်းဇလဲရွာကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ခေါင်လန်ဖူးနယ်ရှိ တရုတ်-မြန်မာနယ်စပ်၊ နယ်ခြားမှတ်တိုင် အမှတ်-၃၀ စခန်းခေါ် အမတ်ပေါ်ဒေသရှိ စစ်တပ်ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ အဆိုပါစခန်းမှာ စစ်ခွေးနှင့် ပြည်သူ့စစ်ခွေးများပူးပေါင်းတပ်စွဲထားပြီး ရဟတ်ယာဉ်ကွင်းပါရှိသော စခန်းကြီးတစ်ခုဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး အရေအတွက်ကို မသိရသေးကြောင်း၊ ထို့ပြင် နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေဆဲဖြစ်သော်လည်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိထားကြောင်း သိရ။ - စစ်တပ်က ၄၉၂၆ စစ်ဆင်ရေးဟုဆိုကာ AA သိမ်းပိုက်ထားသော ပုဏ္ဏားကျွန်းနယ်ဘက်သို့ စစ်ကြောင်းထိုးရန်ကြိုးပမ်းခဲ့သော်လည်း AA ၏ ဖြတ်တောက်တိုက်ခိုက်မှုများကြောင့် တပ်လန်ကာ စစ်ကြောင်းတန့်သွားသည့်အပြင် AA ၏ တန်ပြန်ထိုးစစ်ကို ရင်ဆိုင်ရပြီးနောက် ၎င်းတို့ ယခင်က အထိုင်ချထားသော အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင်ရှိ ကာကင်းနှင့် ၄၉၂၆ စစ်ဆင်ရေးအတွင်း ပုဏ္ဏားကျွန်းနယ်အတွင်း ခြေကုတ်ရယူခဲ့သော စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာ ဝန်းကျင်တို့ရှိ နေရာအချို့ကိုပါ AA ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံလိုက်ရကြောင်း၊ တိုက်ပွဲများအတွင်း စစ်ခွေးများ ရာနှင့်ချီသေဆုံးခဲ့ပြီး အများအပြား လက်နက်ချအညံ့ခံခဲ့​ကြောင်း၊ ထို့ပြင် စစ်ကြောင်းကို စွန့်ခွာထွက်ပြေးသူများလည်းရှိကြောင်း၊ ထို့သို့ စခန်းများ သိမ်းပိုက်ခံရပြီးနောက် စစ်တပ်က ထုံးစံအတိုင်း တိုက်ပွဲနေရာများအပြင် တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားနေရာများကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေ၊ စစ်တွေ၊ ပုဏ္ဏားကျွန်းနယ်များအပြင် ပေါက်တောနှင့် သံတွဲနယ်များကိုပါ ဗုံးကြဲတိုက်ခိုက်နေပြီး ထိခိုက်ပျက်စီးမှုအခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ယမန်နေ့က ရွှေကူမြို့မှ အရပ်သားသင်္ဘောများကို ချောဆွဲပြီး သင်္ဘော ၁၉ စီးခန့်ဖြင့် မန္တလေးဘက်သို့ ပြန်လည်စုန်ဆင်းလာသော စစ်အုပ်စုကို KIA ပူးပေါင်းတပ်များက ထပ်မံတိုက်ခဲ့ရာ ကသာနယ် မိုးတားလေးဒေသတွင် သင်္ဘော ၁ စီး ထပ်မံနစ်မြုပ်ခဲ့ကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက ဖရူဆိုနယ် မိုဆိုရွာအနီးတွင် စစ်တပ်၏ ​ဒရုန်းတိုက်ခိုက်မှုကြောင့် KNDF မှ တပ်ခွဲမှူးအပါအဝင် ရဲဘော် ၅ဦး ကျဆုံးခဲ့ရကြောင်း သိရ။ - စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မြိုင်မြို့နယ်အနောက်ခြမ်းရှိ ရေနံမြေဒေသကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယနေ့ နေ့ခင်းပိုင်းက မြိုင်မြို့နယ်၊ တဲကြီးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တဲကြီးရွာနှင့် Well 1 ရေနံမှော်အကြား တစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်၊ အဆိုပါမိုင်းမှာ စစ်တပ်က လေယာဉ်ပေါ်မှ ကြဲချခဲ့ပြီး မပေါက်ကွဲသေးသည့် ပေါင် ၅၀၀ ဗုံးကို မိုင်းအဖြစ် ပြန်လည်ပြုပြင်ထားခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ခွေး ၇ ကောင်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်းက ဘုတ်ပြင်းနယ် လေညာဒေသ၊ ချောင်းမွန်ရွာအနီးတွင် KNLA ရဲဘော်များ လှည့်ကင်းဆောင်ရွက်နေစဉ် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား၊ စစ်ခွေး ၂ ကောင် ဒဏ်ရာအပြင်းအထန်ရပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 2 Sep 17 (11:50 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ပုဏ္ဏားကျွန်းနယ် ၂ ကြိမ် (Source: WES) - ပုဏ္ဏားကျွန်းနယ် ၁၀ ကြိမ်ထက်မနည်း - ရွှေကူနယ် ၄ ကြိမ် - မြောက်ဦးနယ် ၅ ကြိမ် - ဖာပွန်နယ် ၂ ကြိမ် - ကသာနယ် ၉ ကြိမ် - ဆိပ်ဖြူနယ် ၂ ကြိမ် - နွားထိုးကြီးနယ် ၂ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - မတ္တရာနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) Edited - Sep 18th; 2026, 12:15 AM - ရွှေကူနယ် ၅ ကြိမ် - ကသာနယ် ၄ ကြိမ် - ပုဏ္ဏားကျွန်းနယ် ၁ ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 1 Sep 17 (10:30 PM) - မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်သင်္ဘောအုပ်စုမှ သင်္ဘော အစီး ၂၀ နီးပါးကို ဖျက်ဆီးနိုင်ပြီဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန LAIZA TVက ယမန်နေ့ ညပိုင်းက တရား၀င်ထုတ် ပြန်ကြေညာ၊ ယမန်နေ့ မနက်ပိုင်းက ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဆန်တက်လာသော စစ်သင်္ဘော ၃ စီးကို ရွှေကူနယ်၊ ဝဲမကြီးရွာအနီးတွင် KIA ပူးပေါင်းတပ်များက အနီးကပ် တိုက်ခိုက်ခဲ့ရာ သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် သင်္ဘော ၂ စီးမှာလည်း နောက်ပြန်လှည့်သွားကြောင်း၊ အလားတူ ယမန်နေ့ကပင် ဗန်းမော်မြို့မှ ပြန်လည်စုန်ဆင်းလာသော သင်္ဘော ၇ စီးကိုလည်း စင်းခန်းတံတားအနီးနှင့် ဇင်းဘုံအနီးတို့တွင် KIA ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာ သင်္ဘော ၄ စီးနစ်မြုပ်သွားခဲ့ကြောင်း သိရ။ - အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ၂၀၂၇ ဘဏ္ဍာနှစ်အတွက် အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်သည့် သို့မဟုတ် ဖြတ်သန်းသယ်ဆောင်သည့်နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်လိုက်ပြီး ပြီးခဲ့သည့် ၁၂ လအတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်များအပေါ် လိုက်နာဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အလေးအနက်ဆောင်ရွက်ရန် ထင်ရှားစွာပျက်ကွက်ခဲ့သည့် နိုင်ငံအဖြစ်လည်း သတ်မှတ်လိုက်ကြောင်း အမေရိကန်အစိုးရက ယမန်နေ့က ကြေညာ၊ အဆိုပါစာရင်းတွင် မြန်မာနိုင်ငံအပြင် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယား၊ တရုတ်၊ ကိုလံဘီယာ၊ အိန္ဒိယ၊ လာအို၊ မက္ကဆီကို၊ ပါကစ္စတန်၊ ပီရူး၊ ဗင်နီဇွဲလားနှင့် အခြားနိုင်ငံများ စုစုပေါင်း ၂၃ နိုင်ငံ ပါဝင်ကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်းက ညောင်တုန်းနယ် ဂန်ချောင်းကျေးရွာအုပ်စုရှိ ဂန်ချောင်းတာ၏ မိုင်တိုင် (၁၂/၃) တည့်တည့်တွင် မြေသားတာ ပေ ၂၀၀ ခန့် ထပ်မံ အိဆင်းပြိုကျမှု ဖြစ်ပွား၊ ယမန်နေ့ည သန်းခေါင်အချိန်ကလည်း ဂန်ချောင်းတာ၏ မိုင်တိုင် (၁၂/၂) နှင့် (၁၂/၃) ကြားရှိ မြေသားတာ ပေ ၁၀၀ ခန့် အိဆင်းပြိုကျခဲ့ပြီး အဆိုပါ ကမ်းပြိုကျမှုများသည် ညောင်တုန်းကျွန်းတာဟောင်း မိုင်တိုင် (၁၁/၆)၊ (၁၁/၇)၊ (၁၂/၂) နှင့် (၁၂/၃) တို့အကြား တစ်မိုင်ပတ်လည်အတွင်း ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိုသို့ တာပြိုမှု ဖြစ်ပွားနေသောအနီးအနားတွင် လူနေအိမ်ခြေ ၄၀ ကျော်ခန့်ရှိပြီး မြေသားတာပြိုကျမှုများ ဆက်လက် ဖြစ်ပွားလာပါက ရွေ့ပြောင်းနိုင်ရန် ပြင်ဆင်နေကြကြောင်း၊ ယနေ့ တာပြိုမှုအတွင်း ဖိုက်ဘာလှေ ၁ စီးနှင့် သစ်သားလှေ ၁ စီးလည်း ရေထဲမျောပါသွားကြောင်း၊ လက်ရှိချိန်တွင် ညောင်တုန်း ပန်းလှိုင်မြစ်ရေသည် ထပ်မံကျဆင်းနေသော်လည်း မိုးရွာသွန်းပြီး အထက်ရေများလာပါက တာပြိုကျမှုများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ရသဖြင့် အရေးပေါ် စောင့်ကြည့်နေရကြောင်း၊ လက်ရှိတွင် ညောင်တုန်း၊ လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေဆဲဖြစ်ပြီး ရေကာတာကျိုးပေါက်မှုကို ပိတ်ဆို့နိုင်ရေး ဆက်လက် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း သိရ။ - စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်အချို့ပါဝင်သော အဖွဲ့မှာ မြန်မာနိုင်ငံတွင် ဖမ်ဆီးခံထားရသော အမေရိကန်နိုင်ငံသား Adam Michael Castillo ကို လာရောက်ခေါ်ဆောင်ခြင်းသာဖြစ်ကြောင်း သိရ၊ အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှာ စကစ ခေါင်းဆောင်အချို့နှင့် သံတမန်ရေးအရ မကောင်းတတ်သဖြင့် ဟန်ပြတွေ့ဆုံခဲ့ရာတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်လိုကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် အင်အားကြီး တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြားတွင်ရှိနေပြီး အမေရိကန်ကို အမြဲတမ်းမဟာမိတ်မိတ်ဆွေနိုင်ငံအဖြစ် လိုလားလျက်ရှိနေပါသည်ဟု လူကြုံသတင်းစကားပါးလိုက်ကြောင်း သိရ။ (အခုတော့ ခေါင်းဝါကြီးဘောပါ ယက်တော့မယ်ပေါ့ 😂) - ယမန်နေ့ နေ့လယ်ပိုင်းက ကန်ပက်လက်နယ် မောချောင်ရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုမရှိသော်လည်း ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းက ရေဦးမြို့တွင် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး ချုပ်နှောင်ထားသော လူငယ် ၁၀ ဦးထက်မနည်း အချုပ်ခန်းကို ဖောက်ထွင်းပြီး ထွက်ပြေးလွတ်မြောက်လာ၊ ၎င်းတို့ကို ရေဦးမြို့နယ် ပကဖမှ ခေါ်ယူပြီး လိုအပ်သည့် နေထိုင်စား သောက်ရေး၊ ကျန်းမာရေးကို ကူညီစီစဉ်ပေးထားကြောင်း သိရ။ - ယနေ့ မနက်ပိုင်းမှစတင်ပြီး စစ်တပ်က ၎င်းတို့၏ ၄၉၂၆ အမည်ရ စစ်ဆင်ရေး အလူးအလဲ ခံနေပြီး တပ်ပျက်သည်အထိ ချေမှုန်းခံထားရသော ပုဏ္ဏားကျွန်းနယ်ကို လေကြောင်းမှတိုက်ခိုက်ခြင်း တရစပ် မနားတမ်း ဗုံးကြဲတိုက်ခိုက်နေ၊ ထို့ပြင် မြောက်ဦးနယ်ကိုလည်း လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေ၊ ထိခိုက်ပျက်စီးမှုအခြေအနေများကို မသိရသေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရ။ - ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ကျင်းပမည့် ကြံ့ဖွတ်ပါတီ၏ ညီလာခံသို့ မူလက ပြည်တွင်းပြည်ပသတင်းထောက်များ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း အနီးကပ်အချိန်ရောက်မှ ညီလာခံသို့  တက်ရောက်ခွင့်ပြုတော့မည်မဟုတ်ဟု ဖွတ်ပါတီ ပြန်ကြားရေးက အသိပေးကာ ဖိတ်ကြားမှုများအားလုံးကို ပြန်လည်ရုပ်သိမ်းသွားကြောင်း သိရ။ - အကြမ်းဖက်စစ်တပ်က နယ်မြေ မငြိမ်သက်မှုများကြောင့် ပိတ်ထားရသော ကလေးမြို့အခြေစိုက် တတက ၁၀ နှင့် သပိတ်ကျင်းနယ်အခြေစိုက် တတက ၁၃ တို့ကို ပြန်လည်ဖွင့်လှစ်၊ စစ်မှုထမ်းအပတ်စဥ် ၂၇ မှ စတင်ပြီး စစ်သင်တန်းများ ပြန်လည်သင်ကြားပေးနေပြီး အဓမ္မစုဆောင်းထားသော စစ်မှုထမ်းတပ်သားသစ်များကို အခြေခံစစ်သင်တန်းများ တက်သုတ်ရိုက်သင်ကြားပေးပြီး ရှေ့တန်းစစ်မြေပြင်များသို့ အလျင်စလိုစေလွှတ်ရန် ကြိုးပမ်းလာနေကြောင်း သိရ။ -  စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး AA ၏ ခုခံစစ်ကြောင့် တပ်ပျက်ကာ နောက်ပြန်ဆုတ်ခဲ့ရပြီး ရဲရိုးပြင်ရွာအနီးတွင် စစ်ကြောင်းတန့်နေ၊ အဆိုပါစစ်ကြောင်းများကို AA က ယမန်နေ့ မနက်အစောပိုင်း​မှစတင်ပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေ၊ တိုက်ပွဲများအတွင်း စစ်ခွေးများ ထိခိုက်သေဆုံးမှုများပြားပြီး AA ထံ လက်နက်ချအညံ့ခံသူအချို့လည်းရှိကြောင်း၊ စစ်ခွေးအချို့မှာ ချောင်းတစ်ဖက်ကမ်းရှိ ရွှေမင်းဂံရေတပ်စခန်းဘက်သို့ ထွက်ပြေးကြကြောင်း၊ အလားတူ စစ်တပ်က စစ်တွေနယ် ဝါဘိုကျွန်းရွာနှင့် မင်းလှရွာတို့ဘက်ကိုလည်း စစ်ကြောင်းထိုးရန်ကြိုးပမ်းနေပြီး တိုက်ပွဲများ ပြင်းထန်​နေ၊ AA က စစ်တပ်စစ်ကြောင်းများကို ခုခံတိုက်ခိုက်နေသည့်အပြင် စစ်တွေနယ် အမြင့်ကျွန်းရွာဝန်းကျင်၊ ဒကစ စစ်တွေ၊ ကျား မသောက်တပ်ရင်းတို့အနီး၊ တောကန်ရွာဝန်း ကျင်နှင့် ကံ့ကော်ကျွန်းရွာအနီးဝန်းကျင်ရှိ စစ်တပ်စခန်းများကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ စစ်တပ်က ၄၉၂၆ စစ်ဆင်ရေးဟု အမည်တပ်ပြီး ထိုးစစ်စတင်ခဲ့သော စက်တင်ဘာလ ၄ ရက်နေ့​မှ စက်တင်ဘာ ၁၆ ရက်နေ့အထိကာလအတွင်း စစ်တွေ စစ်မျက်နှာပြင်တွင် သေဆုံးသူ နှစ်ရာကျော်ထိရှိပြီဖြစ်ကြောင်း သိရ။ - အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ စတင်တည်ထောင်သည့် ၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်၊ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား လွှင့်တင်အလေးပြုခြင်း၊ ကွယ်လွန်သွားပြီးဖြစ်သော စစ်ဒေသမှူးဟောင်း ဒု-ဗိုလ်ချုပ်ကြီး R ခေါင်လွမ်းနှင့် အသက်သွေးချွေးတို့ ပေးဆပ်ခဲ့သော အာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတ၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ် ၁ စစ်ဒေသ စစ်ဒေသမှူးတို့ထံမှ ပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြောင်း၊ အမှတ် ၁ စစ်ဒေသအနေဖြင့် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းသည်အထိ တိုက်ခိုက်ရေး ရဲဘော်များ၊ ရုံးအဖွဲ့ဝင် ရဲဘော်များနှင့် ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သတင်းထုတ်ပြန်လိုက်ကြောင်း သိရ။ - တမူးခရိုင်အတွင်း တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ခရိုင်အတွင်းရှိ အာရှလမ်းမကြီး၊ မြို့နှင့် ကျေးရွာဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများနှင့် တောလမ်းများ အသုံးပြုသွားလာရာတွင် အထူးသတိပြုသွားလာကြရန်၊  အကြမ်းဖက်စစ်တပ်နှင့် ဝေးကွာသည့် နေရာများတွင်သာ နေထိုင်ကြရန်၊ အကြမ်းဖက်စစ်တပ်နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ စစ်တပ်၏ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြရန် တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့က ယနေ့ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရ။ - ယမန်နေ့က ကြာအင်းဆိပ်ကြီးနယ် ဒါလီတံတားအနီးတွင် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စစ်ခွေး ၂ ကောင် သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိ၊ ထိုသို့တိုက်ခိုက်ခံရသဖြင့် သံပုရာရွာ တောင်လေးကုန်းစခန်းရှိ စစ်ခွေးများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၂ ရက်နေ့ညက မြင်းခြံနယ် ကျောက်ကုန်းရွာမှ ပျူခွေး အောင်ကျော်နှင့်အဖွဲ့က အေးရွာမှ အမျိုးသား ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာ ၁၄ ရက်နေ့တွင် ၄ ဦးလုံးကို နှိပ်စက်သတ်ဖြတ်ကာ ရုပ်အလောင်းများကို မြစ်အတွင်း မျှောချဖျောက်ဖျက်လိုက်ကြောင်း၊ ထို့ပြင် ယမန်နေ့ ညနေပိုင်းက မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ မြင်းခြံနယ် အရှေ့ခြမ်းရှိ ရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း သိရ။ - ယနေ့ ညနေပိုင်းက မတ္တရာနယ် ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းကို စစ်ခွေးများက ဒရုန်းဖြင့် ၂ ကြိမ်တိုင် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ အမျိုးသား ၁ ဦး သေဆုံးပြီး သံဃာတော် ၁ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 3 Sep 16 (11:30 PM)       ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဗန်းမော်နယ် ၁၂ ကြိမ် - မင်းတပ်နယ် ၃ ကြိမ် - ပုဏ္ဏားကျွန်းနယ် ၁ ကြိမ် (Source: WES) - ဆိပ်ဖြူနယ် ၁ ကြိမ် (Source: WES) - ပုဏ္ဏားကျွန်းနယ်/စစ်တွေနယ် ၁ ကြိမ်စီ (Source: WES) - ရွှေကူနယ် ၉ ကြိမ် - ပခုက္ကူနယ် မြစ်ခြေဒေသ ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ရွှေဘိုနယ် ၁ ကြိမ် - ဒီမောဆိုနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - စစ်တွေနယ် ၁ ကြိမ် - ပုဏ္ဏားကျွန်းနယ် ၂ ကြိမ် - ကျောက်ထုနယ် ၂ ကြိမ် - မြိုင်မြို့နယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 2 Sep 16 (11:30 PM) - ယမန်နေ့ ညပိုင်းက မန္တလေးမြို့မှ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသား ကိုစိုးမိုးနိုင် (ခ) ဒိန်းဒေါင် မြင်းခြံအကျဉ်းထောင်တွင် ရုတ်တရက် နှလုံးဖောက်ပြီး ကွယ်လွန်၊ ယနေ့မနက်ပိုင်းတွင် အကျဉ်းထောင်တာဝန်ရှိသူများက မိသားစုထံ အကြောင်းကြား၊ ကိုစိုးမိုးနိုင်မှာ ၈ လေးလုံး အရေးတော်ပုံကာလအတွင်းက မန္တလေးမြို့မှ ထင်ရှားသောခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုများတွင်ပါဝင်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဖမ်းဆီးခံထားရချိန်တွင် အိုဘိုထောင်တွင်းတရားရုံးကို အယုံအကြည်မရှိကြောင်း ထပ်ဆင့်သပိတ်မှောက်ခဲ့သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၆၁ နှစ်ရှိပြီဖြစ်ကြောင်း သိရ။ - စက်တင်ဘာလ ၁၄ ရက်နေ့က စလင်းမြို့တောင်ဘက်ရှိ မကျည်းပင်ပုရွာကို စစ်ခွေး ၁၅ ကောင်ခန့် ဝင်ရောက်လာပြီး ဖုန်း ၂ လုံးအပါအဝင် တန်ဖိုးကြီးပစ္စည်းများကို လုယက်ဓားပြတိုက်၊ ထို့နောက် အဆိုပါစစ်ခွေးများမှာ ကျွဲကျောင်းပျူရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရ။ - ယမန်နေ့က ကျိုက်ထိုနယ် ငှက်ပျောတောရွာနှင့် ချမ်းမြေ့စုရွာတို့ကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု မရှိခဲ့ကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ရွှေဘိုနယ်အနောက်ခြမ်း နှမစားရစ်ရွာ ဘုန်းကြီးကျောင်းတွင် ရေသန့်စက်ဖွင့်ပွဲပြုလုပ်ချိန် စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ သက်တော် ၄၃ နှစ်အရွယ် ကျောင်းထိုင်ဆရာတော်နှင့် အသက် ၆၀ ကျော်အရွယ် ရပ်မိရပ်ဖ အမျိုးသား ၂ ဦး သေဆုံး၊ ပြည်သူ ၈ ဦးထက်မနည်း ဒဏ်ရာရပြီး သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက PDF Zoland အချုပ်ခန်းမှ ထွက်ပြေးသွားသော စစ်ခွေးသုံ့ပန်း ၈၀ ခန့်မှ ထက်ဝက်ခန့်မှာ တီးတိန်မြို့မှ စစ်တပ်နှင့် ပြန်လည်ပူးပေါင်းနိုင်သွားပြီး ၂၀ ကျော်ကို ပြန်လည်ဖမ်းဆီးရမိထားကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ပခုက္ကူနယ် မြစ်ခြေမြို့ အိုင်ရှည်ရပ်ကွက်ကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၃ ဦး ဒဏ်ရာရပြီး သက်ကြီးပိုင်း အမျိုးသားနှင့် အမျိုးသမီးတို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ကြာအင်းဆိပ်ကြီးနယ် သင်္ဃန်းချောင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသော အမျိုးသား ၁ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယနေ့ ညနေပိုင်းက ဒီမောဆိုနယ် အနောက်ခြမ်းရှိ စစ်ရှောင်ကျေးရွာတစ်ခုကို စစ်တပ်က အသေခံဒရုန်းဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အသက် ၉ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ၊ ၂ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 1 Sep 16 (11:30 PM) - ၂၀၂၅/၂၀၂၆ ခုနှစ်အတွင်း စစ်တပ်ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအပြီး ကာလများဖြစ်သော ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်နေ့အတွင်း စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ် ၉၆ ခုတွင် ကလေးငယ် ၂၁၄ ဦး ထိခိုက်သေဆုံး၊ အဆိုပါ ဖြစ်စဉ် ၉၆ ခုအနက် ၆၁ ခုမှာ မြန်မာ့လေတပ်နှင့် ဆက်စပ်ကြောင်း၊ ကလေးများ ထိခိုက်သေဆုံးသည့် ဖြစ်စဉ်အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ကလေးငယ်များ ထိခိုက်ဒဏ်ရာရခြင်းနှင့် သေဆုံးခြင်း အများဆုံးဖြစ်ပွားသည့် တိုက်ခိုက်မှုအမျိုးအစားမှာလည်း လေကြောင်းတိုက်ခိုက်မှုဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှုများမှာ လူနေအိမ်များ၊ ကျေးရွာများနှင့် ပတ်ဝန်းကျင်များတွင် အများဆုံးတွေ့ရှိရပြီး စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများတွင်လည်း ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီး ထပ်မံမှတ်တမ်းတင်ထားကြောင်း၊ ထို့ပြင် ကလေးငယ်များ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ စစ်တပ်ထောက်ခံသည့် မီဒီယာနှင့် လူမှုကွန်ရက်အရင်းအမြစ်များတွင် လူသိရှင်ကြားတုံ့ပြန်မှု ၂ ခုသာ တွေ့ရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်ကမူ ကလေးငယ်များ ထိခိုက်သေဆုံးမှုများအတွက် တရားဝင်လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သော Myanmar Witness အဖွဲ့၏ အစီရင်ခံစာအရ သိရ။ (မှတ်ချက်။      ။ မိမိတို့ သတင်းစု​ဗူး၏ မှတ်တမ်းများအရ Myanmar Witness ၏ စစ်တမ်းမှာ ပြည့်စုံမှုမရှိသေးဘဲ လက်တွေ့မြေပြင်တွင် အဆိုပါစာရင်းထက် အဆပေါင်းများစွာ ပိုမိုများပြားပါသည်။) - ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက နေပြည်တော်လေဆိပ်သို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာပြီး ယနေ့ ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာသွား၊ အကြမ်းဖက်စစ်ကောင်စီက အဆိုပါခရီးစဉ်ကို အထူးလျှို့ဝှက်အဆင့်အဖြစ် သတ်မှတ်ထား၊ မင်းအောင်လှိုင်က အမေရိကန်နှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်း သန်းဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့က မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ အမေရိကန်နှင့် ထိတွေ့ဆက်ဆံနိုင်ရေး ကြိုးပမ်းနေချိန်တွင် ယခု ခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်၊ အကြမ်းဖက်စစ်ကောင်စီက အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရန်နှင့် ဝါရှင်တန်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများအပေါ် သက်ရောက်မှုရှိစေရန် အမေရိကန်လော်ဘီကုမ္ပဏီများနှင့် နိုင်ငံရေးအကြံပေးများကို တိုင်းပြည်ဘဏ္ဍာ ဒေါ်လာသန်းချီ အသုံးပြု ငှားရမ်းထား၊ ဝါရှင်တန် အခြေစိုက် DCI Group AZ, LLC လော်ဘီကုမ္ပဏီကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ သန်းဖြင့် ငှားရမ်းထားပြီး McKeon Group, Inc. ကိုလည်း ၆ လ အတွက် တစ်လလျှင် ဒေါ်လာ ၆၀,၀၀၀ နှုန်းဖြင့် စာချုပ်ချုပ်ဆိုထား၊ ထို့ပြင် ယခုနှစ် ဧပြီလအတွင်းက သမ္မတ ဒေါ်နယ်ထရမ့်နှင့် နီးစပ်သည့် နိုင်ငံရေးအကြံပေး Roger Stoneကိုလည်း DCI Group မှတဆင့် မြန်မာစစ်တပ်အတွက် လော်ဘီလုပ်ဆောင်ပေးရန် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် ငှားရမ်းထား၊ စစ်ခွေးလော်ဘီများက ယခုခရီးစဉ်ကို အလွန်ကြီးမားသော အောင်ပွဲအဖြစ် ပုံဖော်ဝါဒဖြန့်နေသော်လည်း ယခုရောက်ရှိလာသောအဖွဲ့မှာ အမေရိကန်အစိုးရကို ကိုယ်စားပြုခြင်း ရှိမရှိအပြင် အဖွဲ့တွင် မည်သူများ ပါဝင်သည်ဆိုသည်ကိုပင် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရ။ 😂 - ယနေ့ မနက်ပိုင်းက ရွှေကူမြို့မှ စစ်သင်္ဘော ၃ စီး ဗန်းမော်မြို့ဘက်သို့ ဆန်တက်လာစဉ် KIA ပူးပေါင်းတပ်များက ရွှေကူနယ်၊ ဝဲမကြီးရွာအနီးတွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် သင်္ဘော ၂ စီးမှာ ဆက်လက် မဆန်တက်ရဲတော့ဘဲ နောက်ပြန်လှည့်သွားကြောင်း၊ ရွှေကူနှင့် ဗန်းမော်နယ်များတွင် KIA ပူးပေါင်းတပ်များက ရေကြောင်း ကုန်းကြောင်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိပြီး စစ်တပ်ရေယာဉ် အနည်းဆုံး အစီး ၂၀ ခန့်ကို ဖျက်စီး၊ နှစ်မြှပ်ထားနိုင်ခဲ့ပြီး မြေပြင်တိုက်ပွဲများတွင်လည်း စစ်ကြောင်းလိုက်ပြုတ်သည်အထိ လက်စွမ်းပြတိုက်ခိုက်ထားကြောင်း၊ စစ်သုံ့ပန်း ရာနှင့်ချီဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်းများလည်း အများအပြား သိမ်းဆည်းရရှိထားကြောင်း၊ လက်ရှိတွင် စစ်ရေးအခြေအနေ ဆက်လက်တင်းမာလျက်ရှိကြောင်း သိရ။ - ယမန်နေ့ ညပိုင်းမှစတင်၍ တောင်ငူနယ်နှင့် အုတ်တွင်းနယ်အစပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ ၏ အနောက်ဘက်ခြမ်းရှိ ရွှေလောင်းရွာနှင့် ဘိုကုန်းရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ တိုက်ခိုက်၊ ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရ၊ နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီး၊ ထို့ပြင် စစ်တပ်က ဖြတ်သန်းသွားလာခွင့်များ ပိတ်ပင်ထားသဖြင့် လူမှုကူညီရေးအသင်းများမှာ သေဆုံး ဒဏ်ရာရသူများကို ရွာအတွင်းအထိ ဝင်ရောက်ကယ်ဆယ်နိုင်ခြင်း မရှိဘဲ အမြန်လမ်းဘေးရှိ ပိတောက်ခင်နှင့် ဇီးပင်သာကျေးရွာများဘက်မှ စောင့်ကြိုကယ်ဆယ်ပေးနေရကြောင်း သိရ။ - စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူများအပါအဝင် စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းထားသူများကို အသက်၊ မိဘအမည် စသဖြင့် ပြောင်းလဲပြင်ဆင်ပြီး မှတ်ပုံတင်ကဒ်အတုများ လုပ်ပေးရန် လဝက ကို ဖိအားပေးခိုင်းစေမှုများရှိနေပြီး ထိုသို့ ခိုင်းစေမှုများတွင် ပူးပေါင်းပါဝင်ခဲ့သော လဝက အရာရှိများကို အရေးယူထားကြောင်း၊ ထို့ပြင် အချက်အလက်များ မှန်ကန်မှုမရှိဘဲ မှတ်ပုံတင်ကဒ်များ ထုတ်ပေးခြင်း မပြုလုပ်ကြရန် လဝက ဝန်ကြီးဌာနက ဩဂုတ် ၂၅ ရက် ရက်စွဲဖြင့် လျှို့ဝှက်ညွှန်ကြားထားကြောင်း သိရ။ - ဩဂုတ်လ ၂၈ ရက်နေ့က ဆင်ပေါင်ဝဲနယ်၊ ကိုးပင်-သာဂရ လမ်းပိုင်းတစ်နေရာတွင် ဖဲဝိုင်းမှာ လောင်းကစားပြီး ပြန်လာသော ဘဝသစ်အကျဉ်းထောင်မှ လက်ထောက်ကြီးကြပ်ရေးမှူး -၁ ထွန်းထွန်းလင်း၊ တပ်သား ၁ ကောင်နှင့် ထောင်သားတန်းစီး ၁ ကောင်တို့ လိုက်ပါလာသော ကားကို တော်လှန်ရေးအဖွဲ့များက ရှောင်တခင် တားဆီးစစ်ဆေးရာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီး၊ ၃ ကောင်လုံး သေဆုံးပြီး သေနတ် ၂ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။ - ယမန်နေ့ ညဦးပိုင်းက ဖားကန့်နယ် ငြိမ်း ချမ်းသာယာ အပိုင်း ၁ မှ ပြည်သူ အမျိုးသား ၂ ဦးကို လုံးခင်း မျောက်ကုန်းမှ စစ်ခွေးများက နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်၊ ထို့ပြင် အခြား အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ဒီမောဆိုနယ် အနောက်ခြမ်းရှိ ကျေးရွာတစ်ရွာမှ ဘောလုံးပြိုင်ပွဲကျင်းပလျက်ရှိသောနေရာကို စစ်တပ်က အသေခံဒရုန်းများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အသက် ၂၀ ခန့်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - ယမန်နေ့က ငါ့သရောက်တိုက်နယ် တောပြားရွာကို စစ်တပ်က ဝင်ရောက်စီးနင်း​ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ထို့ပြင် ရွှေလှံပျံရွာအပါအဝင် ငါ့သရောက်နှင့် ညောင်ဦးမြို့နယ်အကြားရှိ ကျေးရွာများကိုလည်း အရပ်ဝတ်များဖြင့် ဝင်ရောက်စီးနင်းကာ ပြည်သူ ၅ ဦးထက်မနည်းကို ရိုက်နှက်ဖမ်းဆီး၊ ယနေ့ မနက်ပိုင်းတွင်လည်း စစ်ခွေးများက ကျေးရွာများကို လေကြောင်း၊ ဒရုန်းများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ကျေးရွာ ၁၅ ရွာမှ ထောင်နှင့်ချီသောပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ - စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက တောင်းတွင်းကြီးနယ်၊ ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းမကြီးပေါ်ရှိ သက္ကယ်ကျင်းရွာ အထိုင်ဂိတ်စခန်းမှ ကင်းချိန်းရန် ရဲခွေး ၂ ကောင် ပရပ်ကြယ်ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် တော်လှန်ရေးအဖွဲ့များက ဖရဲသီးသတင်းပေးချက်အရ စောင့်ကြိုပစ်ခတ်တိုက်ခိုက်၊ ၂ ကောင်လုံး သေဆုံးပြီး သေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၄ ရက်နေ့က ဒီမောဆိုနယ် ဝါရီဆူးပလိုင်ရွာအနီးရှိ ကယန်းအမျိုးသားတပ်မတော် KNA ၏ ကာကင်းစခန်းကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ အမှတ် ၂၁၀၈ တပ်ရင်းမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 3 Sep 15 (11:50 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဗန်းမော်နယ် ၂၆ ကြိမ်ထက်မနည်း - ဒီမောဆိုနယ် ၂ ကြိမ် - ပုလဲနယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - မင်းကင်းနယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ပုဏ္ဏားကျွန်းနယ် ၁ ကြိမ် - နွားထိုးကြီးနယ် ၃ ကြိမ် - ကနီနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မင်းတပ်နယ် ၁ ကြိမ် - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 2 Sep 15 (11:30 PM) - ယခုနှစ် မေလမှ စတင်ပြီး စစ်တပ်က တော်လှန်ရေးအဖွဲ့များ ပိတ်ဆို့ထားသော ဖာပွန်ဗျူဟာကို စစ်ကူပို့နိုင်ရေး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စစ်ခွေးများ ရှေ့ဆက်မတိုးနိုင်ဖြစ်နေ၊ တိုက်ပွဲကာလ ၄ လကျော်အတွင်း အရာရှိ ၂ ကောင် အပါအဝင် စစ်ခွေး ၁၅၂ ကောင် သေဆုံးပြီး အကောင် ၂၀၀ ခန့် ဒဏ်ရာရ၊ တိုက်ပွဲများတွင် အထိနာနေသော စစ်တပ်က ထုံးစံအတိုင်း အရပ်သားများကိုပစ်မှတ်ထားပြီး လေကြောင်း လက်နက်ကြီးများဖြင့် ဗုံးကြဲပစ်ခတ်နေသဖြင့် ၄ လတာအတွင်း ပြည်သူ ၄ ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာရ၊ နေအိမ် ၂၇၅ လုံး၊ စာသင်ကျောင်း ၁၈ ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၅ ခု ပျက်စီး၊ လက်ရှိတွင် စစ်တပ်စစ်ကြောင်းများမှာ ဖာပွန်-ကမမောင်းလမ်းပေါ်ရှိ ဖားလုံးကြီးရွာတွင် ရောက်ရှိနေပြီး ဖာပွန်မြို့နှင့် မိုင်၂၀ ကျော် ကွာဝေး၊ ဆက်စပ်သတင်းများအရ စက်တင်ဘာလ ၁၄ ရက်နေ့က ဖာပွန်နယ်အတွင်းရှိ စစ်တပ်၏ "ပယီသူးမီစိရိ" စခန်းကို KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ နှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ခွေးများ ထိခိုက်သေဆုံးမှုအခြေအနေကို KNU မူတြော်ခရိုင်က ထုတ်ပြန်ထားခြင်းမရှိဘဲ သေနတ် ၃ လက်နှင့် ခဲယမ်းများ၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိကြောင်းသာ ဖော်ပြထား၊ အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့က စကခ ၁၂ လက်အောက်ခံ ခမရ ၃၅၇ မှ အသက် ၅၀ အရွယ် စစ်သား ၁ ဦး သေနတ် ၁ လက်၊ ခဲယမ်းအချို့နှင့်အတူ KNLA တပ်မဟာ ၅ ၊ တပ်ရင်း ၁၀၂ ထံသို့ အလင်းဝင်လာကြောင်း သိရ။ - ယနေ့ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြီးမှူးကျင်းပခဲ့ပြီး အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်တကွ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF မှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဖက်ဒရယ်ယူနစ်ဒေသအသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအသီးသီးမှ CDM များ၊ တော်လှန်ရေးရဲဘော်ရဲဘက်များ၊ ဖိတ်ကြားထားသော နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း၊ အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်တို့က ဒီမိုကရေစီနေ့ အထိမ်းအမှတ် မိန့်ခွန်းများ ပြောကြားခဲ့ပြီး SCEF ၏ အလှည့်ကျ သဘာပတိ ခူဦးရယ်က ပေးပို့သော နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်သဝဏ်လွှာအား SCEF အတွင်းရေးမှူးအဖွဲ့၊ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက ကိုယ်စားဖတ်ကြားခဲ့ကြောင်း၊ ထို့နောက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (APHR) မှ ဘုတ်အဖွဲ့ဝင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Hon. Kasit Piromya ၊ သံအမတ်ကြီး ဦကျော်မိုးထွန်းနှင့် ဦးမင်းကိုနိုင်တို့က နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှတ်တရစကားများ ပြောကြားခဲ့ပြီး ဩစတြေးလျနိုင်ငံ၊ New South Wales လွှတ်တော်အမတ် Ms. Janelle Saffin နှင့် Peace Rights Foundation (PRF) ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ အောက်လွှတ်တော်ကိုယ်စားလှယ်ဟောင်း Mr. Kannavee Suebsang တို့က ပေးပို့သော နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှတ်တရစကား ဗီဒီယိုတို့အား ပြသခဲ့ကြောင်း၊ ထို့ပြင် မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရမှ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်တို့က နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် သဝဏ်လွှာများ ဖတ်ကြားခဲ့ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးမင်းက နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အမှတ်တရစကား ပြောကြားခဲ့ကြောင်း၊ အခမ်းအနားသို့ NUCC ၊ NLD ပါတီအပါအဝင် နိုင်ငံရေးအင်အားစုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်များမှ သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြကြောင်း သိရ။ - ဩဂုတ်လ တတိယအပတ်အတွင်းက ချောင်းဦးနယ် ခင်မွန်ရွာမှတဆင့် ချောင်းဦးအနောက်ခြမ်းရှိ ကျီကုန်းနှင့် ရွှေဒါးကျရွာများဘက်သို့ ဝင်ရောက်ခဲ့သော စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များအကြား စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ တိုက်ပွဲများ စတင်ဖြစ်ပွား၊ ထိုနေ့က ရွှေဒါးရွာအရှေ့ခြမ်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ၂ ရက်နေ့တွင် စစ်တပ်က ရွှေဒါးရွာအတွင်း ဝင်ရောက်တပ်စွဲ၊ ၃ ရက်​နေ့တွင် ရွှေဒါးကျရွာအတွင်း တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ ၅ ရက်နေ့တွင် စစ်ခွေးများ ကျီကုန်းရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် ချောင်းဦးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ တိုက်ပွဲများအတွင်း စစ်ခွေး ၃၀ ခန့် ထိခိုက်သေဆုံးမှုရှိကြောင်း သိရ။ - အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားရင်းနှီးမြှုပ်နှံမှုများ ရှိလာမည့် ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ယခုနှစ်ကုန်အတွင်း ထားဝယ်လေဆိပ်ကို လေယာဉ်ကြီးများနှင့် ကုန်တင်လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်ရန် ညွှန်ကြား၊ လေဆိပ် အဆင်မြှင့်တင်ရေးပရောဂျက်ကို သူခိုးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူ သူခိုးလေးအောင်ပြည့်စုံ၏ Sky One ဆောက်လုပ်ရေးကုမ္ပဏီနှင့် ဆက်စပ်နေသော ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ကိုင်ခွင့်ရရှိထား၊ ဩဂုတ်လအတွင်းက မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်အတွင်း ရုရှားခေါင်းဆောင် ပူတင်နှင့် တွေ့ဆုံကာ ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် (SEZ) တွင် ရုရှားကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံရန် မင်းအောင်လှိုင်က တိုက်တွန်းဆွေးနွေးခဲ့ပြီး ရုရှားဘက်မှ သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စက်ရုံများ တည်ဆောက်ရေး အပါအဝင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့၊ လက်ရှိတွင် စစ်တပ်က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပြန်လည်အသက်သွင်းရန် စီမံကိန်း နယ်မြေကို နယ်မြေရှင်းလင်းရေးဟုဆိုကာ စစ်ကြောင်းထိုးနေသဖြင့် ဒေသတွင်း စစ်ရေးတင်းမာမှု မြင့်တက်နေကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ဒီမောဆိုနယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော စစ်ရှောင်စခန်းအနီးကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ကံကောင်းစွာဖြင့် လူသူထိခိုက်မှု တစုံတရာမရှိ၊ ထိုဒေသကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာနေသဖြင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေကြရကြောင်း သိရ။ - ယမန်နေ့က မြင်းခြံမြို့မှ စစ်ခွေးများက ဗလုံရွာကို ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ နေအိမ် ၁ လုံး မီးလောင်ပြီး ၂ လုံး ထိခိုက်ပျက်စီး၊ ထို့ပြင် ယမန်နေ့ကပင် ငါန်းဇွန်နယ် ကုလရွာကြီးဘက်ကို စစ်တပ်က Mi 35 တိုက်ခိုက်​ရေးရဟတ်ယာဉ်ဖြင့် အကြောင်းမဲ့ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း သိရ။ - ယနေ့ နေ့လယ်ပိုင်းက ပုလဲနယ် ကံပေါက်ရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိပြီး အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ဩဂုတ်လ ၃၀ ရက်နေ့က ကွယ်လွန်သွားသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်၏ နေရာအတွက် ပါတီဗဟိုကော်မတီက အရေးပေါ်အစည်းအဝေးကျင်းပပြီး ပါတီအထွေထွေအတွင်းရေးမှူး ရာထူးနေရာကို လက်ရှိပါတီအတွင်းရေးမှူး ၁ ဖြစ်သူ ရဲဘော် ပလူးရယ်၊ ပါတီအတွင်းရေးမှူး ၁ ရာထူးနေရာကို လက်ရှိ ပါတီအတွင်းရေးမှူး ၂ ဖြစ်သူ ရဲဘော် နဲနယ်ပလိုး တို့ကို တာဝန်လွှဲပြောင်းခန့်အပ်ခဲ့ပြီး အတွင်းရေးမှူး ၂ ရာထူးနေရာအတွက် ရဲဘော် သဲမာ အားခန့်အပ်၊ ထို့ပြင် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC တွင် လစ်လပ်သွားသော KNPP ကိုယ်စားလှယ်နေရာတွင် ပါတီ ဒုဥက္ကဋ္ဌ ရဲဘော် ခူးထဲဘူးအား ရွေးချယ်စေလွှတ်ခဲ့ကြောင်း သိရ၊ ဦးအောင်ဆန်းမြင့်မှာ KSCC ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) ၏ Coordinator ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ၏ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် အသီးသီး တာဝန်ယူခဲ့သူ ဖြစ်ကြောင်း သိရ။ - စက်တင်ဘာလ ၁၃ ရက်နေ့ ညဦးပိုင်းက တီးတိန်နယ်အတွင်း PDF Zoland အဖွဲ့မှ ထိန်းသိမ်းထားသော ဗိုလ်မှူးများအပါအဝင် စစ်သုံ့ပန်း ၈၀ ခန့်မှာ အစောင့်ရဲဘော်အချို့အား အလစ်အငိုက်တွင် ရိုက်နှက်ပြီး အစုလိုက်အပြုံလိုက် အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ရဲဘော်များထံမှ လက်နက်အချို့ပါ ယူဆောင်သွားသော စစ်ခွေးများက ၎င်းတို့ထွက်ပြေးသော လမ်းခရီးတွင် အရပ်သားများကို လိုက်လံပစ်ခတ်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် လမ်းဇန်ရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ သိက္ခာတော်ရ ဒါလ်ထောင်မ်တွမ်နှင့် အစ်ကိုဖြစ်သူတို့ကို ကပ်သမ်လ်ရွာ ချောင်းကူးတံတားအနီးတွင် ထွက်ပြေးလာသော စစ်ခွေးများက အဆင်အခြင်မဲ့ ပစ်ခတ်ခဲ့ရာ သင်းအုပ်ဆရာတော် သေဆုံး၊ သင်းအုပ်ဆရာ၏ ရုပ်အလောင်းကို  PDF Zoland က လမ်းဇန်ရွာနားအထိ သယ်ဆောင်ပေးခဲ့ကာ Zomi Youth Association ZYA လူမှုကူညီရေးအဖွဲ့ထံ အပ်နှံပေးခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်တွင် သင်းအုပ်ဆရာကို PDF Zoland က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု စစ်တပ်ထောက်ခံသော ချင်းတိုင်းရင်းသားတချို့က ဝါဒဖြန့် ရေးသားပြောဆိုနေကြကြောင်း သိရ။ - မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သော ရာဇဝတ်မှုများတွင် ပါဝင်ကူညီပေးခဲ့ခြင်း သံသယဖြင့် နော်ဝေနိုင်ငံ အော့စလိုမြို့ရှိ Telenor ဌာနချုပ်ကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေစစ်ဆေး၊ Telenor ၏ မြန်မာလုပ်ငန်းခွဲက သုံးစွဲသူများ၏ အချက်အလက်များကို စစ်တပ်ထံ အကြိမ်ကြိမ် လွှဲပြောင်းပေးခဲ့သည်ဟု နော်ဝေး ရဲတပ်ဖွဲ့က ပြောဆိုခဲ့ကြောင်း သိရပြီး လက်ရှိတွင် အမှုအခြေအနေမှာ ရှုပ်ထွေးလျက်ရှိနေသေးကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 1 Sep 15 (11:30 PM) - စက်တင်ဘာလ ပထမအပတ်အတွင်း စစ်တပ်ဘက်မှ ၁၂၁ ကောင်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားပြီး ၇ ဦး အလင်းဝင်ပူးပေါင်းလာ၊ သုံ့ပန်း ၁၂၁ ကောင်အနက် ၁၁၈ ကောင်မှာ ရွှေကူနယ် ရေကြောင်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး ကျန် ၃ ကောင်မှာ တနင်္သာရီတိုင်းတွင် ဖမ်းဆီးရမိထားဖြင်းဖြစ်၊ ၎င်းတို့အနက် စစ်မှုထမ်းတပ်သားသစ် ၃၄ ကောင် ပါဝင်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့မှ ထုတ်ပြန်ထား၊ ပြည်သူ့ပန်းတိုင်အဖွဲ့၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆  စက်တင်ဘာလ ပထမအပတ်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃,၉၄၉ ဦးအထိ ရှိကြောင်း သိရ။ - မြိုင်မြို့နယ် တဲကြီးရွာတွင်ရောက်ရှိနေသော စစ်တပ်စစ်ကြောင်းက မြိုင်မြို့နယ် အနောက်ခြမ်းရှိ Well 1 ၊ Well 2 ရေနံမှော်များကို မီးရှို့ဖျက်စီးနေ၊ အဆိုပါရေနံမှော်များမှာ တစ်ရက်လျင် ရေနံစည် ထောင်ဂဏန်း၀န်းကျင် ထွက်ရှိပြီး ၂၀၂၄ ခုနှစ် မတ်လ မှစတင်ကာ တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်နေပြီး မြေပြင်တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲများအတွင်း စစ်ခွေးများ ထိခိုက်သေဆုံးမှု များပြားကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားပြီး တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးမှုရှိကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းက ၃လအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်းကို မီးရှို့ခဲ့ပြီး နေအိမ် အလုံး ၃၀၀ ကျော် မီးလောင်ပျက်စီး၊ ထို့ပြင် စစ်ခွေးများက အရပ်သား ၃၀ နီးပါးကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားကြောင်း သိရ။ - စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက အင်းတော်ကြီးမြို့ ထွေအုပ်ရုံးအနီးရှိ SNA ပြည်သူ့စစ်ခွေးအဖွဲ့၏ ဂျိတ်လင်းစစ်ဆေးရေးဂိတ်တွင် ရှမ်းနီခွေးများ အချင်းချင်း စကားများရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ရှမ်းနီပြည်သူ့စစ်ခွေး ၅ ကောင် သေဆုံးပြီး ၂ ကောင် ဒဏ်ရာအပြင်းအထန်ရ၊ အဆိုပါဖြစ်စဉ်ကို စစ်တပ်နှင့် SNA တို့က မပေါက်ကြားစေရန် လိုက်လံခြိမ်းခြောက်ဖုံးဖိနေကြောင်း သိရ။ - ဩဂုတ်လ ၂၉ ရက်နေ့မှစတင်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့အထိ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်ရှိ ခင်မွန်ရွာမှတဆင့် ချောင်းဦးမြို့အနောက်ခြမ်းရှိ ကျေးရွာများကို ၂ပတ်နီးပါးကြာ မွှေနှောက်သောင်းကျန်းနေသော စစ်တပ်စစ်‌ကြောင်းက အရပ်သားပြည်သူ ၆ ဦးထက်မနည်းကို သတ်ဖြတ်ထား၊ သတ်ဖြတ်ခံရသူ အများစုမှာ ကျီကုန်းရွာအနီးတဝိုက်မှဖြစ်ပြီး ပိုင်ရှင်မပေါ်သေးသော ရုပ်အလောင်းအချို့လည်း ရှိနေသေးကြောင်း၊ အဆိုပါစစ်ကြောင်းကြောင့် ကျီကုန်း၊ ကြည်ကုန်ရွာသစ်၊ မယ်သဲကြိုး၊ ဒိုင်းကွေ့၊ ကြက်သွန်စျေး၊ ချောင်းမနား၊ ထန်းတောကြီး၊ အင်းမ၊ သစ်ဆိမ့်၊ ချောင်းဆုံ စသည့် ကျေးရွာများအပြင် ရွာပေါင်း ၂၀ ခန့်မှ ပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ယခုအခါ စစ်ခွေးများ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း သိရ။ - ယမန်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး ဒီမောဆိုနယ် နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သာယပ်ရွာမှ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦးထက်မနည်း ဒဏ်ရာရ၊ စစ်တပ်က မိုးဗြဲမြို့မှ နန်းမယ်ခုံဘက်သို့ စက်တင်ဘာလ ၁၁ ရက်နေ့က ၃ လအတွင်း ၄ ကြိမ်မြောက်အဖြစ် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ကရင်နီတော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ခွေးများ ရှေ့ဆက်မတိုးနိုင်ဘဲ ထိခိုက်သေဆုံးမှုများပြားနေသဖြင့် အရပ်သားများကိုပစ်မှတ်ထားပြီး ဒရုန်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရ။ - စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက မင်းတုန်းနယ် ဇွန်းကျရွာကို စစ်တပ်က စက်တပ်လေထီးများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံး၊ သေဆုံးသူများမှ ၅ ဦးမှာ အမျိုးသမီးများဖြစ်ပြီး အသက် ၇၀ အရွယ် အဘွားအို ၁ ဦးလည်း ပါဝင်၊ ထို့ပြင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး တို့လည်း ဒဏ်ရာရ၊ စစ်တပ်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကို ဦးတည်ပြီး မင်းတုန်းနယ်မှတဆင့် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန်ကြိုးပမ်းနေပြီး တော်လှန်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၂ ကောင် အပါအဝင် အင်အား ရာချီ ပြုန်းတီးနေသဖြင့် အရပ်သားများကိုပစ်မှတ်ထားပြီး လေကြောင်း လက်နက်ကြီးများဖြင့် နေ့စဉ် အကြောင်းမဲ့တိုက်ခိုက်လျက်ရှိကြောင်း သိရ။ - စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအနီး အရက်ဆိုင်တွင် သောက်စားမူးယစ်နေသော စစ်ခွေးများကို တော်လှန်ရေးရဲဘော် ၄ ဦးတည်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ တပ်ကြပ် ၁ ကောင်အပါအဝင် စစ်ခွေး ၃ ကောင် သေဆုံးသွားကြောင်း သိရ။ - စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကန့်ဘလူနယ် ကျောက်လုံးကြီးရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၁၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး သေဆုံး၊ ပြည်သူ ၂၀ ဦး ဒဏ်ရာရပြီး ၅ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရကြောင်း၊ ထို့ပြင် နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း သပိတ်ကျင်းနယ်၊ ဇင်းချောင်းကျေးရွာကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အခြားအမျိုးသမီး ၂ ဦး ဒဏ်ရာရရှိ၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၃ ရက်နေ့က ဗန်းမော်ဘက်မှ မံစီနယ်ဘက်သို့ အလစ်အငိုက်ချောင်းပြီး တက်လာသည့် စစ်တပ်စစ်ကြောင်းကို ကောင်ဂျာယန် (Kong Ja Yang) ရွာအနီးတွင် KIA ပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၄၀ ကျော် သေဆုံးပြီး ၃၀ ကျော်ကို အရှင်ဖမ်းဆီးရမိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများတွင် ဗိုလ်ကြီး ၂ ကောင် ပါဝင်၊ အဆိုပါစစ်ကြောင်းမှာ ခလရ ၄၇ မှ ထွက်ခွာလာခြင်းဖြစ်ပြီး ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် ခြေဦးတည့်ရာထွက်ပြေးရာတွင် ခလရ ၄၇ သို့ ရောက်အောင်မပြေးနိုင်ဘဲ တောတောင်များအတွင်း ပုန်းအောင်းနေကြရသဖြင့် KIA ပူးပေါင်းအဖွဲ့များက လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရ။ - ယမန်နေ့ မနက်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် နော်ဝေဘုရင် ပဉ္စမမြောက် ဟာရဲလ်ဒ် (King Harald V) ကွယ် လွန်ခြင်းအတွက် အောက်မေ့ဖွယ်အခမ်းအနား  ကျင်းပစဉ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာရှ-ပစိဖိတ်ဒေသအုပ်စု၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တက်ရောက်ပြီး မိန့်ခွန်းပြောကြား၊ မြန်မာနိုင်ငံက ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွက် အာရှ-ပစိဖိတ်ဒေသအုပ်စု၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်ပြီး ဦးကျော်မိုးထွန်းက အဆိုပါရာထူးဖြင့် အုပ်စုကိုယ်စား မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသအုပ်စုတွင် အာရှနှင့် ပစိဖိတ်ဒေသရှိ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျဥက္ကဋ္ဌတာဝန်ယူကြခြင်းဖြစ်ကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂)၊ ၁၂၄-က၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁)၊ ပြည်သူ့ပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆ (၁)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲဆိုထားပြီး တရားခံပြေးအဖြစ် ကြေညာကာ INTERPOL နှင့် United States National Central Bureau (USNCB) တို့မှတဆင့် အမေရိကန်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ ဖမ်းဆီးအရေးယူနိုင်ရေး သံတမန်လမ်းကြောင်းမှ ဆက်လက်လုပ်ဆောင်နေကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ခြိမ်းခြောက်ထားပြီးနောက် ယခုကဲ့သို့ မိန့်ခွန်းပြောကြားခဲ့ခြင်းမှာ စကစ၏ ပြောဆိုချက်များမှာ လေထဲတွင်ပင်ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်း ပြည်သူများအကြား သုံးသပ်မှုများရှိနေကြောင်း သိရ။ (မအလလေးတွေ နှုတ်သီး အရိုက်ခံရပြန်ပြီ 😂) - စက်တင်ဘာလ ၁၃ ရက်နေ့က Zomi National Army (ZNA) အဖွဲ့က တီးတိန်မြို့နယ်အတွင်းရှိ စစ်တပ်လက်အောက်ခံ Zomi Revolutionary Army (ZRA) စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး အပြီးသတ်သိမ်းပိုက်၊ တိုက်ပွဲအတွင်း ZRA မှ ၃ ကောင် သေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ၊ အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း တွန်းဇံမြို့နယ်၊ ဇမ်ပီရွာရှိ ZRA စခန်းကို ZNA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ZRA ၁ ကောင် သေဆုံးကာ ၂ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ Zomi National Army (ZNA) တပ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီလပိုင်းကမှ စစ်တပ်လက်အောက်ခံ ZRA အဖွဲ့မှ ခွဲထွက်ထားခြင်းဖြစ်ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ပန်းတောင်းနယ် ညောင်းကျိုးစခန်းအတွင်းသို့ တော်လှန်ရေးအဖွဲ့များပစ်ခတ်လိုက်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲပြီး ဗိုလ်မှူး ဝေကမ္ဘာစိုး ဆိုသူ သေဆုံး၊ အဆိုပါစစ်ခွေးမှာ အွန်လိုင်းမှတဆင့် ဗေဒင်ဟောခြင်း၊ ဗေဒင်ပညာ ပြန်လည်မျှဝေသင်ကြားပေးခြင်းတို့ဖြင့် လူသိများသူဖြစ်ကြောင်း သိရ၊ ညောင်ကျိုးစခန်းမှာ ပန်းတောင်းနယ်၊ တောင်ကုတ်-ပန်းတောင်း လမ်းပေါ်တွင် တည်ရှိပြီး ကပစ ၆ တည်ရှိရာ ညောင်ခြေထောက်ရွာနှင့် ၁၁ မိုင်ခန့်သာ ကွာဝေးသော အရေးပါသည့် စခန်းတစ်ခုဖြစ်ကြောင်း၊ ညောင်ကျိုးစခန်းကို AA ဦးဆောင်သော တော်လှန်ရေးအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လပေါင်းများစွာ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရ။ - စက်တင်ဘာလ ၁၃ ရက်နေ့က မြင်းမူနယ် ဂုံညင်းဆိပ်တိုက်နယ်မှ ပကဖ တာဝန်ခံ မြတ်စိုးနှင့် မယား​ဖြစ်သူတို့ လက်နက် ၁၀ လက်၊ ငွေသားများ၊ မော်တော်ယာဉ်တို့နှင့်အတူ စစ်တပ်ထံ အမှောင်ဝင်ပူးပေါင်း၊ မြတ်စိုးမှာ လောင်းကစားဝိုင်းများ ဖွင့်လှစ်မှု၊ တရားမဝင်လူပြန်ပေးဆွဲမှု၊ လာဘ်စားမှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့များက အရေးယူရန် စီစဉ်နေစဉ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ၎င်းတို့ စစ်တပ်နှင့်ပူးပေါင်းသွားပြီးနောက် ယမန်နေ့က မြင်းမူနယ် အရှေ့မြောက်ခြမ်းရှိ ဂိတ်နေရာများကို စစ်တပ်က ဂျိုင်ရိုကော်ပတာများဖြင့် ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 2 Sep 14 (11:55 PM) ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - ဗန်းမော်နယ် ၂၉ ကြိမ် - ရွှေကူနယ် ၃ ကြိမ် - ဘုတလင်နယ် ၆ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - နွားထိုးကြီး/မြင်းခြံနယ်အစပ် ၂ ကြိမ် - နွားထိုးကြီးနယ် ၆ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - နွားထိုးကြီးနယ် ၂ ကြိမ် - မြင်းမူနယ် ၆ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - ပေါက်တောနယ် ၃ ကြိမ် - မင်းတုန်းနယ် ၃ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။) - မြင်းမူ/ငါန်းဇွန်နယ်အစပ် ၁ ကြိမ် - နွားထိုးကြီးနယ် ၂ ကြိမ် (မှတ်ချက်။ စက်တပ်လေထီးဖြင့် တိုက်ခိုက်ခြင်း။) - ဒီပဲယင်းနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မုံရွာနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - မြစ်ခြေဒေသ ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES) - စစ်ကိုင်းနယ် ၂ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) (Source: WES) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 1 Sep 14 (11:55 PM) - ယမန်နေ့က ဗန်းမော်ဘက်မှ တက်လာသည့် စစ်ခွေးများကို KIA ပူးပေါင်းအဖွဲ့များက ကောင်ဂျာယန် (Kong Ja Yang) ရွာအနီးတွင် ပိတ်ဆို့တိုက်ခိုက်၊ စစ်ခွေး ၄၀ ကျော် သေဆုံးပြီး ၃၀ ထက်မနည်းကို သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ၊ စစ်ခွေးများ တပ်ပျက်ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေကြပြီး တော်လှန်ရေးအဖွဲ့များက လိုက်လံရှင်းလင်းနေ၊ စစ်တပ်က လေကြောင်းမှ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ပြီး တုံ့ပြန်၊ အလားတူ ယမန်နေ့က KIA အဖွဲ့၏တိုက်ခိုက်မှုကိုခံရပြီး ပျက်စီးကာ မြစ်အတွင်း မျောပါနေသော စစ်သင်္ဘော ၁ စီးကို KIA ပူးပေါင်းအဖွဲ့​များက ဇင်းဘုံရွာအနီးတွင် ထပ်မံတိုက်ခဲ့ရာ အဆိုပါသင်္ဘောမှာ အပြီးတိုင် နစ်မြုပ်သွားကြောင်း၊ အဆိုပါသင်္ဘောပေါ်တွင် စကခ ၂၁ မှ ဒုစကခမှူး၊ ခမရ ၃၂၀ မှ တပ်ရင်းမှူး၊ စကခ ၂၁ မှ ဒုတိယတန်းစစ်ဦးစီးအရာရှိ G2 တို့အပါအဝင် စစ်ခွေးအရာရှိများလိုက်ပါလာပြီး သင်္ဘောနစ်မြုပ်ချိန်တွင် အသက်ကယ်လှေများဖြင့် အသက်လု ထွက် ပြေးသွားကြကြောင်း၊ ယမန်နေ့က သင်္ဘော ၃စီး နစ်မြုပ်ခဲ့သဖြင့် ၂ ရက်အတွင်း သင်္ဘော ၄ စီးနစ်မြုပ်ကာ ၁ စီး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရ။ - ဩဂုတ်လ ၂၅ ရက်နေ့က စစ်ကိုင်းမြို့ပေါ်ရှိ မြေစာရင်းရုံးနှင့် သစ်တောရုံးတို့အနီးတွင် တော်လှန်ရေးအဖွဲ့များက စာဖြင့် သတိပေးမှု ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် အဆိုရာနေရာများကို ပါဆယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ စစ်အုပ်စုဘက်မှ ထိခိုက်မှုအခြေအနေကို မသိရသေး၊ ဌာနဆိုင်ရာရုံးများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖောက်ခွဲတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့သော လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့မှ သတိပေး၊ အလားတူ ယမန်နေ့ကလည်း မုံရွာ နမခ မှ စစ်ကိုင်းမြို့ တပ်မ ၃၃ သို့ မောင်းနှင်လာသော စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး အဆိုပါယာဉ်တန်းလုံခြုံရေးအတွက် ကင်းပုန်းဝပ်နေသော စစ်ခွေးများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ခွေးများ ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက စဉ့်ကူးနယ် ကျွန်းကြီးရွာတွင် တပ်စွဲထားသော စစ်ခွေးများက အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်၊ ဝက်လက်နယ်အရှေ့ခြမ်းရှိ ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးမှာ လက်ကောင်ဝတ်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရ။ - ယမန်နေ့ ညနေပိုင်းက ချောင်းဦးနယ် အရှေ့တောင်​ခြမ်းရှိ ကျေးရွာများကို စစ်တပ်ပ ဂျိုင်ရိုကော်ပတာများဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ လူသူထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရ။ - မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း ၁၀,၅၀၀ ကျော် ရှိခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများမှာ စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ရည်ရွယ်ချက်ရှိရှိ၊ စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ စုစုပေါင်း ၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများအနက် ၅၇ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း၊ ထို့ပြင် ဘာသာရေးအဆောက်အအုံများ၊ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် စခန်းများ ထိခိုက်ပျက်စီးခဲ့ရကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်၊ ရှေ့နေများကောင်စီက ဥပဒေရေးရာသုံးသပ်ချက်ကိုလည်း ထည့်သွင်းဖော်ပြထားပြီး အဆိုပါသုံးသပ်ချပ်အရ နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်ခြင်း၊ နိုင်ငံအနှံ့အပြားရှိ လူနေဒေသများကို လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် ဂျိုင်ရိုကော်ပတာများ အသုံးပြုခြင်းတို့သည် ရည်ရွယ်ချက်ရှိရှိ စနစ်တကျနှင့် ကျယ်ပြန့်စွာ ပြုလုပ်သည့် တိုက်ခိုက်မှုများ (Widespread and Systematic Attack) အဖြစ် သုံးသပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ အရပ်သားပြည်သူများကို ကြိမ်ဖန်များစွာ လေကြောင်းတိုက်ခိုက်နေမှုများကို စစ်တပ်၏ ဆင့်ကဲကွပ်ကဲမှုစနစ်အတွင်း ထိရောက်စွာ ဟန့်တား တားမြစ်နိုင်ခြင်း မရှိခြင်း၊ တားမြစ်ရန် ပျက်ကွက်ခြင်းများသည်လည်း ဥပဒေကြောင်းအရ တာဝန်ရှိမှုနှင့် ဆက်စပ်နေကြောင်း၊ ထို့ကြောင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများတွင် အာဏာသိမ်းစစ်တပ်အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများမှ တာဝန်ရှိသူများပါ တာဝန်ရှိနိုင်ပြီး မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေနှင့် နိုင်ငံတကာဥပဒေများအရ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှု (Crimes Against Humanity) အဖြစ် စစ်ဆေးရမည့်အချက်များအပါအဝင် အခြား ဥပဒေရေးရာ သုံးသပ်ချက်များ ထည့်သွင်းဖော်ပြထားကြောင်း သိရ။ - မြန်မာနိုငံတွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် နောက်ဆက်တွဲအဖြစ် နိုင်ငံတကာ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ၊ စကစ၏ သွင်းကုန်များပိတ်ပင်မှုများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် - ILO ၏ အရေးယူမှုများကြောင့် မြန်မာနိုင်ငံရှိ ပြည်ပမှ ရင်းနှီးမြုပ်နှံထားသော အထည်ချုပ်စက်ရုံ ၂၀ နီးပါး ယခုနှစ်ကုန်တွင် ပိတ်သိမ်းမည်၊ ယခုလအတွင်း အလုပ်သမားပေါင်း ၃၀၀၀ ကျော် အလုပ်လုပ်နေသော Teng Hui Myanmar သိုးမွှေးစက်ရုံ အပြီးသတ်ပိတ်သိမ်းသွားပြီးနောက် ရန်ကုန်မြို့တွင် ရှိနေသော အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ အပါအဝင် CMP (Cutting, Making, Packing) စက်ရုံ ၂၀ နီးပါးမှာ ပိတ်သိမ်းရန်အတွက် အကြမ်းဖက်စစ်တပ်ထံသို့ တရားဝင် အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်တပ်၏ မတရားစစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှ လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာနေသဖြင့် ကျွမ်းကျင်အလုပ်သမား ရှားပါးနေသည့်ပြဿနာကိုလည်း အထည်ချုပ်စက်ရုံများအားလုံး ကြုံတွေ့နေရကြောင်း၊ ထို့ပြင် လျှပ်စစ်မီးမမှန်မှု၊ လျှပ်စစ်မီးရရှိရန် ဒီဇယ်မီးစက်ကြီးများ အသုံးပြုရသော်လည်း ဒီဇယ်ဆီ လွတ်လပ်စွာဝယ်မရခြင်းတို့ကြောင့် စက်ရုံများ လည်ပတ်ရန် ခက်ခဲလာနေကြောင်း၊ ယခုကဲ့သို့ တိုင်းပြည်၏ စီးပွားရေး လူမှုရေး ကျန်းမာရေး အစစအရာရာ ချွတ်ချုံကျပြိုလဲနေချိန်တွင် သူခိုးမင်းအောင်လှိုင်နှင့် ငရဲခွေးတသိုက်မှာမူ ၎င်းတို့၏အာဏာ မစွန့်လွှတ်ရရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်းမှာ အလွန်ပင် အောက်တန်းကျဆိုးဝါးလွန်းလှကြောင်း သုံးသပ်မှုများရှိနေ။ - ယနေ့ နေ့လယ်ပိုင်းက ပေါက်တောနယ် ဆံတော်ရှင်ကျွန်း အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ လူသူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေး၊ ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့၊ သမိုင်းဝင် ဦးရာဇ်တော်ဘုရားတည်ရှိရာ တောင်ခြေရင်း၊ ကြိုးတံတားအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်၊ စေတီရင်းရွာမှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၉ နှစ်အရွယ် မိန်းကလေးငယ်နှင့် ၇၁ နှစ်အရွယ် အဘွားအို ၁ ဦး၊ ရသေ့တောင်မြို့ဘက်မှ အလည်ရောက်ရှိနေသော အမျိုးသား ၂ ဦးတို့ ဒဏ်ရာများ ရရှိခဲ့ပြီး အသက် ၅၆ နှစ်အရွယ် အမျိုးသားမှာ ရရှိဒဏ်ရာများဖြင့် ထပ်မံသေဆုံး၊ အလားတူ စက်တင်ဘာလ ၁၁ ရက်နေ့၊ ညသန်းခေါင်အချိန်ကလည်း ပုဏ္ဏားကျွန်းနယ်၊ ကျောက်ဆိပ်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က အသေခံဒရုန်းဖြင့် အကြောင်းမဲ့တိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် သားအမိ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှုခံယူနေစဉ် သေဆုံး၊ ထို့ပြင် စက်တင်ဘာလ ၁၁ ရက်နေ့၊ ညနေပိုင်းကလည်း တောင်ကုတ်နယ်၊ ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကေရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ ၅၉ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံး၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ ညပိုင်းတွင်လည်း ဂွမြို့နယ် ကျိန္တလီမြို့ အမှတ် ၁ ရပ်ကွက် နှင့် အမှတ် ၂ ရပ်ကွက်တို့ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အမှတ် ၁ ရပ်ကွက်မှ အသက် ၈၅ နှစ်အရွယ် အဘိုးအို ၁ ဦး သေဆုံးပြီး အမှတ် ၂ ရပ်ကွက်မှ ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၉ လုံးလည်း ထိခိုက်ပျက်စီး၊ အလားတူ စက်တင်ဘာလ ၁၂ ရက်နေ့၊ ညနေပိုင်းကလည်း ဆမီးမြို့၊ ဘွေလီရွာအနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ဆိုင်ခန်းအချို့နှင့် မော်တော်ယာဉ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - ယနေ့မနက်အစောပိုင်း သန်းခေါင်ကျော်အချိန်က ဂန့်ဂေါနယ် လုံခြုံရွာအနီးကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်၊ လူသူထိခိုက်မှု မရှိသော်လည်း ဒေသခံများ ထွက်ပြေးနေကြရ၊ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ဂန့်ဂေါနယ်၊ အနောက်ဂန့်ဂေါရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက တနင်္သာရီမြို့ဘက်မှ မြိတ်မြို့သို့ မောင်းနှင်လာသော စစ်ကား ၆ စီးပါ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့များက တနင်္သာရီနယ် ချောင်းညီကိုရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်၊ ယာဉ်တန်း၏ နောက်ဆုံးကားကို RPG ထိမှန်သွားခဲ့ပြီး ကားပေါ်တွင်လိုက်ပါလာသော စစ်ခွေး ၆ ကောင်လုံး သေဆုံးခဲ့ကြောင်း သိရ။ - ​စက်တင်ဘာလ ၁၀ ရက်နေ့က ပွင့်ဖြူနယ်၊ နန်းတော်ကျွန်းရွာမှ စစ်တပ်ဒေါက်တိုင် ဒလန် ၃ ကောင်ကို တော်လှန်ရေးအဖွဲ့များက အရှင်ဖမ်းဆီး၊ ၁ ကောင်မှာ ခုခံထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်သေဆုံး၊ ၎င်းတို့ထံမှ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရ။ #Thadinsubue Crd to original uploader with respect

Daily Highlight 2 Sep 13 (11:55 PM)       ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်) - မြောက်ဦးနယ် ၂ ကြိမ် - ဗန်းမော်နယ် ၃၂ ကြိမ် - ရွှေကူနယ် ၂ ကြိမ် - ပုဏ္ဏားကျွန်းနယ် ၁ ကြိမ် - ဘုတလင်နယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - နွားထိုးကြီးနယ် ၁ ကြိမ် - ချောင်းဦးနယ် ၃ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) - မြင်းခြံနယ် ၁ ကြိမ် - ယင်းမာပင်နယ် ၁ ကြိမ် (မှတ်ချက်။ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း။) - နွားထိုးကြီးနယ် ၂ ကြိမ် (မှတ်ချက်။ Gyrocopter ဖြင့် တိုက်ခိုက်ခြင်း။) (Source: WES) - ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိနိုင်ပါသည်။ (မိမိတို့မှ သတင်းရရှိထားသော လေကြောင်းတိုက်ခိုက်မှုများကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး နိုင်ငံအနှံ့အပြား သတင်းရရှိခြင်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများ ကျန်ရှိနေနိုင်သေးကြောင်း သိစေအပ်ပါသည်။) #Thadinsubue Crd to original uploader with respect

Daily Highlight 1 Sep 13 (11:50 PM) - ယနေ့ မနက်ပိုင်းက ဗန်းမော်မြို့မှ ပြန်လည် စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို စာဝတီးရွာနှင့် မြလယ်ရွာအကြားတွင် KIA ပူးပေါင်းအဖွဲ့များက ထပ်မံစောင့်ကြိုတိုက်ခိုက်၊ ပထမအကြိမ် ဆင်းလာသော သင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့မှုတွင် ၃ စီးလုံး မီးလောင်ပျက်စီးပြီး ၁ စီးမှာ နစ်မြုပ်သွားကြောင်း၊ ဒုတိယအကြိမ် ဆင်းလာသော သင်္ဘော ၃ စီးကို ထပ်မံ တိုက်ခိုက်ရာတွင်လည်း ၃ စီးလုံး နစ်မြုပ်သွားကြောင်း၊ ထို့ကြောင့် ယနေ့ မနက်ပိုင်းတွင်ပင် စစ်တပ်ရေယာဉ် ၄ စီး နစ်မြုပ်ပြီး ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထိုသို့ အထိနာအောင် တိုက်ခိုက်ခံရသဖြင့် စစ်တပ်က အနီးရှိ ကျေးရွာများကို အကြိမ်ပေါင်းများစွာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီး တုံ့ပြန်၊ ကောင်းတုံရွာနှင့် စာဝတီးရွာတို့ကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ စာဝတီးရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားကြောင်း သိရ၊ ယမန်နေ့ မနက်ပိုင်းကလည်း ဗန်းမော်မြို့မှ ပြန်လည်စုန်ဆင်းလာသော သင်္ဘော ၁ စီးကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သင်္ဘော ထိခိုက်ပျက်စီးသွားပြီး အဆိုပါသင်္ဘောပေါ်မှ စစ်ခွေးများကို အခြားသင်္ဘော ၁ စီးပေါ်သို့ ပြောင်းရွှေ့နေကြောင်း၊ ပျက်စီးသွားသောသင်္ဘောကိုလည်း ဆွဲယူရန် ကြိုးပမ်းနေကြောင်း၊ ထို့ကြောင့် ၂ ရက်တာအတွင်း KIA ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်ရေယာဉ် စုစုပေါင်း ၇ စီးအထိ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရ။ - ယနေ့ မနက်အစောပိုင်း သန်းခေါင်ကျော်အချိန်က မြ၀တီမြို့၊ ရေပူ မီးပွိုင့်အနီး ယာဉ်ထိန်းရဲကင်းရှေ့တွင် ကားဗုံးပေါက်ကွဲ၊ ယာဉ်ထိန်းရဲကင်းအဆောက်အအုံငယ် ထိခိုက်ပျက်စီး၊ အလားတူ ယနေ့ မနက်ပိုင်းတွင်လည်း မြ၀တီမြို့ ရဲစခန်းအနီးနှင့် အမှတ် ၂ တံတားအနီးတို့တွင်လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း၊ လက်ရှိတွင် ပေါက်ကွဲမှုများနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဆိုသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရ။ - ကျောက်ပန်းတောင်းနယ်အတွင်း မွှေနှောက်သောင်းကျန်းနေသော စစ်ခွေးစစ်ကြောင်းက စက်တင်ဘာလ ၁၁ ရက်နေ့တွင် တောင်ဦးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင် ဆိုင်ကယ် ၅ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးကို လုယက်ယူဆောင်သွား၊ အဆိုပါစစ်ကြောင်းမှာ ၎င်းတို့ ဖြတ်သန်းသွားရာလမ်းတလျောက်တွင် ဓားပြတိုက် လုယက်မှုများ ဆက်တိုက်ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရ။ - ယနေ့ မနက်ပိုင်းက ချောက်မြို့နယ် သုံးဆယ့်ခြောက်ရွာဘက်မှ အိုးဘိုရွာနှင့် ပင်းဝရွာတို့ဘက်သို့ စစ်ခွေးစစ်ကြောင်း ဝင်ရောက်လာပြီး ပြည်သူပိုင် ဆိုင်ကယ်များကို လုယက်ယူဆောင်ကာ ဆားလယ်ကျွန်းရွာသို့ ရောက်ရှိနေကြောင်း၊ အဆိုပါစစ်ကြောင်းကြောင့် အနီးဝန်းကျင်ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရ။ - ၂၀၂၄ ခုနှစ် မေလက ကွယ်လွန်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း အပါအဝင် KIA စစ်သည်တော် ၁၃ ဦးကို NUG က ဂုဏ်ပြု ဘွဲ့နှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ကြောင်း KIO ဗဟိုကော်မတီက NUG ထံ သဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခြင်းမှာ အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးအတွက် တန်ဖိုးမဖြတ်နိုင်သော အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထား၊ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းမှာ KIO/KIA ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည့်အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသကို ဦးဆောင်တည်ထောင်ကာ စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့ပြီး အောင်ပွဲများစွာ၊ ထိန်းချုပ်နယ်မြေများစွာ ရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ကြောင်း သိရ။ - ယမန်နေ့မှစတင်ပြီး မိုးဗြဲမြို့အနီး လွယ်ယင်းတောင်ခြေကို စစ်တပ်က ထပ်မံစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်နေပြီး ယခုတစ်ကြိမ်မှာ ၃ လအတွင်း ၄ ကြိမ်မြောက် ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း၊ စစ်တပ်က နန်းမယ်ခုံမြို့အနီးရှိ ဆင်တောင်ရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ယခင် ထိုးစစ် ၃ ကြိမ်တွင် စစ်ခွေးများ ထိခိုက်သေဆုံးမှုများစွာဖြင့် မိုးဗြဲမြို့ဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့ကြရကြောင်း၊ ယမန်နေ့က တိုက်ပွဲများအတွင်း စစ်ခွေးများ ထိခိုက်သေဆုံးမှုရှိပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၅ ရက်နေ့က KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းရှိ မူးမြို့နယ် (ဖြူးမြို့နယ်) ဘုတ်ဆုတ်ခင်ရွာကို စစ်တပ်က ဒရုန်းဖြင့် အကြောင်းမဲ့ ဗုံးသီးချတိုက်ခိုက်၊ ၁နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦး သေဆုံး၊ ကလေးငယ် ၃ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ။ - စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက ပြည်မြို့နယ် ဝက်ထီးကန်နယ်မြေ၊ ကံစုရွာမှ စစ်တပ်သတင်းပေး မျိုးချစ်ဆိုသူကို အမည်မသိ သေနတ်သမားများက ကျေးရွာအနီးတွင် ပစ်ခတ်ရှင်းလင်း၊ အဆိုပါ စစ်တပ်သတင်းပေးမှာ ပြည်သူများထံမှ စစ်မှုထမ်းကြေး အဓမ္မ ကောက်ခံခြင်း၊ လောင်းကစားဒိုင်များထံမှ ငွေကြေးကောက်ခံပြီး ဝက်ထီးကန်နယ်မြေရဲစခန်းသို့ ပေးအပ်ခြင်းတို့ ကျူးလွန်နေသူဖြစ်ပြီး ၎င်းကို ရှင်းလင်းခဲ့သောအဖွဲ့အစည်းကိုမူ အတည်မပြုနိုင်သေးကြောင်း သိရ။ #Thadinsubue Crd to original uploader with respect