Myanmar Environmental Education Team
Відкрити в Telegram
2 242
Підписники
-124 години
+27 днів
-830 днів
Архів дописів
Greenhouse gases တွေနဲ့ Greenhouse effect ကြောင့် ကမ္ဘာ့အပူချိန်တွေဟာ တနှစ်ထက် တနှစ် ပို ပိုပြီး ပူသထက် ပူလာတယ်ဆိုတာကို ဒီပုံကိုကြည့်ပြီး သိနိုင်ပါတယ် ..
အပူချိန်မြင့်တက်မှုဟာ လျော့ကျမသွားပဲ တိုးသထက် တိုးနေဦးမယ်၊ ဒါ့ကြောင့် ၂၀၃၀ မှာ ဖြစ်လာနိုင်တဲ့ ကမ္ဘာ့အပူချိန်ကိုပါ ခန့်မှန်းပေးလိုက်ပါတယ် 🤭😅
Repost from N/a
NOAA, CIMSS, JTWC စတဲ့ ကမ္ဘာ့မုန်တိုင်းစောင့်ကြည့်ခန့်မှန်းတဲ့ အဖွဲ့ကြီးတွေမှာ 92W ဆိုတာထက် အရေးကြီးတာတွေ ရှိနေတော့ -
JTWC က ဒီလိုရေးထားတယ် - THIS ALERT WILL BE REISSUED, UPGRADED TO WARNING OR CANCELLED BY 281730Z.
ဒီနေ့ည မြန်မာစံတော်ချိန် ၂၄၀၀ နာရီ သို့မဟုတ် ၂၉ ရက် နံနက် ၀၀၀၀ နာရီ မှာ ပြင်ဆင်တာ/ဖျက်သိမ်းတာ/အသစ်ထုတ်ပြန်တာ လုပ်မယ် - တဲ့
လေ့လာခဲ့တဲ့ အတွေ့အကြုံအရတော့ ဖျက်သိမ်းသွားဘို့ များပါတယ်။ သူတို့ဘက်က 92W ဆက်ရှိနေတာကို အသိအမှတ်မပြုတော့ဘူးဆိုတဲ့ သဘောပါ။
အိန္ဒိယက ဒီနေ့ ၁၂၃၀ နာရီမှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်က လမ်းကြောင်းပုံမှာလဲ ကုန်းပေါ်တက်သွားပြီဆိုတာ ထင်ထင်ရှားရှားတွေ့နေရတယ်။ ဆိုတော့ ...
မအိပ်ရဲတဲ့သူလဲ မအိပ်ကြနဲ့ပေါ့ဗျာ၊ ကျနော်ကတော့ မုန်တိုင်းအဆင့် မရှိတော့တာကြောင့် ဒီနေ့ နားပါပြီ။ ပုံမှန် မုတ်သုံမိုးရွာတာတော့ ရှိပါမယ်။
လေ့လာနိုင်ကိုယ်တိုင် လေ့လာနိုင်အောင် original pdf format file လေးပါ ဒီမှာ တွဲပေးလိုက်ပါတယ်။
ပင်လယ်ပြင်ကလဲ မာယာများတယ်၊ မုန်တိုင်းတလုံးကလဲ လွယ်လွယ်နဲ့ ဖြစ်မလာဘူးဆိုတာရယ်၊ မုန်တိုင်းညာဘက်ခြမ်းက ပိုခံ၇တယ်၊ မုန်တိုင်း ဘယ်ဘက်ခြမ်းကတော့ အေးဆေးဘဲ လို့ သင်ပြခဲ့ဘူးတဲ့ ဆရာကြီး ဒေါက်တာဦးထွန်းလွင် အသံကို ပြန်ကြားယောင်ရင်း အိပ်ပါတော့မယ်။
အားလုံး ဂွတ် ည ပါဗျား။
ရန်ကုန် မုန်တိုင်း မစိုးရိမ်ရတော့ပါ
အနောက်တောင် မုတ်သုံလေ ဖိတိုက်နေသောကြောင့် မုန်တိုင်းလမ်းကြောင်း အရှေ့ဘက်သို့ နဲနဲရွေ့သွားပါသည်..
အနောက်ဘက်မှာရှိသော ရန်ကုန်မြို့သို့
ဦးလှည့် မလာနိုင်တော့ပါ..
မြောက်ဘက်ကိုသာ ဦးတည်နေပါတော့သည်..
ဘားအံမြို့ကို ဖြတ်ကျော်နေပါသည်
လေတိုက်နှုန်း (35-40) mph
အားလုံးဘေးကင်းကြပါစေ..🙏
(ရာသီဥတုသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်)
သတိပြုကြပါရန်
အားကောင်းသောမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၃/၂၀၂၆)
========================================
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်
-----------------------------------------------------------------------
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာ နိုင်ငံ၊ စစ်တောင်းမြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင် ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာ နိုင်ငံ၊ သုံးခွမြို့(Thongwa)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၃၅ မိုင်ခန့်၊ ပဲခူးမြို့ (Bago)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၅ မိုင်ခန့်နှင့် ဖြူးမြို့ (Phyu)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ၊ စစ်တောင်း မြစ်ဝအနီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော်နေ ပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ်ပါသည်။
( ခ ) အားကောင်းသောမုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၇.၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၇.၀ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့် ဖြစ်ပါသည်။
( ဂ ) နောက် ၄၈ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။
သတိပေးနှိုးဆော်ချက်
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ညမှ ၃၀-၉-၂၀၂၆ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ ရခိုင် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၉ ပေ မှ ၁၁ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် မြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမကွေ့၊ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
https://www.facebook.com/share/p/1CNE2y2Jj8/
မုန်တိုင်းအကျဉ်းချုပ် Timeline
Sep 28 ည 8 pm – midnight
မိုးသည်း + လေပြင်း တဖြည်းဖြည်းတက်နိုင်
Sep 28 midnight – Sep 296 am
အထူးသတိထားရမည့်ကာလ — heavy rain, squalls, flooding
Sep 29 6 am – noon
မိုးကြီး/မိုးကြိုး + နေရာကွက်လေပြင်း
Sep 29 noon – evening
မိုးထစ်ချုန်း၊ thunderstorm ဆက်ဖြစ်နိုင်
Sep 29 ည – Sep 30
မုန်တိုင်းတိုက်ရိုက်လေပြင်းထက် မိုးဆက်ရွာမှု/ရေကြီးမှု ပိုအရေးကြီး
Sep 30
DMH အရ heavy rain ဆက်ဖြစ်နိုင်သော်လည်း မုန်တိုင်း၏ direct wind impact လျော့လာမည်ဟု ခန့်မှန်းနိုင်
လာဟလများကြောင့် အများပြည်သူတို့ အထိတ်တလန့်ဖြစ်ခဲ့ရခြင်းတို့ ဖြစ်ပေါ်ခဲ့ကြရ ပါသည်။
မြန်မာ့မြေပေါ်တွင် သဘာဝသစ်တောများ ပျက်စီးပြုန်းတီး ပျောက်ကွယ်နေပြီဖြစ်ပါသည်။ မြန်မာပြည်သူတို့အတွက် ရေအရင်း အမြစ်များသည် မိုးရေ၊ မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ၊ အိုင်ရေ၊ အဝီစိရေတို့ ဖြစ်ပါသည်။
မြေပေါ်ရေနှင့် မြေအောက်ရေတို့၏အစသည် ဟိမဝန္တာတောင်ထိပ်မှ ရေခဲဖုံးတောင်ထွတ်များ၊ ကချင်ပြည်နယ်ရှိ ရေခဲဖုံးတောင်ထိပ်များ နှင့် မိုးရေတို့ဖြစ်ပါသည်။ ထိုရေတို့ကို ချောင်းထဲ၊ မြစ်ထဲ၊ ကန်ထဲ၊ အိုင် ထဲနှင့် မြေအောက် ထဲတို့တွင် ပမာဏများများနှင့် အချိန်ကြာရှည်စွာ တည်ရှိနိုင်စေသော အဓိကအကြောင်း အရင်းသည် မြေပေါ်တွင်ဖုံးလွှမ်းထားသော သဘာဝသစ်တောကြီးများသာဖြစ်ပါသည်။
ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က မြစ် မကောအောင်လို့ သစ်တောတို့ စိမ်းရပေမည် ရေဝေတောတွေ ဆိုင်းစို့စို့ မှိုင်းညို့ညို့မှုန်ရီဟု သတိပေးရေးဖွဲ့ခဲ့ပါသည်။
ရေဝေတောတွေ မှိုင်းညို့ မှုန်ရီနေဖို့ အတွက် မြန်မာ့ သစ်တော ပညာရှင်တို့က ဦးဆောင်ပြီး မြန်မာ့သစ်တောများကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်သလို ထိုမြန်မာ့သစ်တောပညာရှင် တို့ကလည်း ပြည်သူလူထုကြီး၏ အပြည့်အဝ ပူးပေါင်းပါဝင်ဆောင် ရွက်မှုကို ရရှိမှုသာလျှင် မြန်မာ့သစ်တောကြီးများကို အောင်မြင်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ကိုလည်း နားလည်သဘောပေါက်ပြီး ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် Extension လုပ်ငန်းများ ကို ပိုမို ဆောင်ရွက်ကြစေလိုပါ ကြောင်း ကြံပြုတင်ပြအပ်ပါသည်။
.
.
ကျမ်းကိုး
(၁) ဒေါက်တာကျော်တင့်-ပြည်သူ့အတွက် သစ်တောပညာ၊
(၂) ဒေါက်တာတိုးလှ-မြန်မာ့သစ်တောနှင့်မြန်မာ့လူမှုအဖွဲ့အစည်း(၁၇၅၂-၁၉၆၂)၊
(၃) မေမြို့ချစ်ဆွေ-မြန်မာ့အလှသစ်တောသယံဇာတ၊
(၄) သစ်တောရေးရာဝန်ကြီးဌာနသစ်တောဦးစီးဌာန - ထာဝစဉ်တည်တံ့စေမည့် သစ်တောလမ်းညွှန်။
ကိုရင်လှ
The Yangon Times
အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ထပ်မံ သိမ်းပိုက်ပြီးသည့်နောက်ပိုင်း ၁၈၈၇ ခုနှစ်တွင် မြန်မာ့သစ်တောဥပဒေကို အထက်မြန်မာသစ်တောဆိုင်ရာ လုပ်ထုံးလုပ်နည်းများ Upper Burma Forest Regulations အဖြစ်တိုးချဲ့ ပြဋ္ဌာန်းပြီး ၁၈၉ဝတွင် ရှမ်းပြည်နယ်ကိုပါ အကျိုးသက်ရောက်စေခဲ့ပါသည်။
၁၉ဝ၂ ခုနှစ် တွင် အသစ်ပြန်လည်ပြဋ္ဌာန်းခဲ့သော သစ်တော ဥပဒေသည် မြန်မာပြည် လွတ်လပ်ရေးရရှိ သည့်အချိန်အထိ တည်ရှိနေခဲ့ပါသည်။
၁၈၅၃ ခုနှစ်တွင် မြန်မာ့သစ်တောများ အားလုံးကို အင်္ဂလိပ်အစိုးရက အစိုးရပိုင်ဖြစ်ကြောင်း ကြေညာခဲ့ပြီးသည့်နောက်ပိုင်းတွင် ကျွန်းပင်အား မထုတ်လုပ်မီ သုံးနှစ်ကြိုတင်၍ သင်းသတ်ပြီး မတ်တတ်အခြောက်ခံထားရန်၊ အစိုးရက တံဆိပ်ရိုက်ရန်၊ အစိုးရ၏ကိုယ်စားလှယ်ကသာ ကျွန်းသင်းသတ်ရန်၊ အစိုးရက ခွင့်ပြုမှသာ နေရာရွှေ့ပြောင်းရန် သတ်မှတ်ခဲ့သည်။
၁၈၅၆တွင် အစိုးရကကြီးကြပ်သည့် ကျွန်းသစ်ထုတ်လုပ်ခြင်း စနစ်ကို စတင်တီထွင်သည်။ ပဲခူးရိုးမသစ်တောအတွက် ကွက်စိပ်စီမံကိန်း ရေးဆွဲခဲ့သည်။ ကျွန်းပင်ကိုထုတ်လုပ်ရာတွင်လည်း တောကောင်းတွင် လုံးပတ်ခုနစ်ပေ ခြောက်လက်မ၊ တောညံ့တွင် လုံးပတ်ခြောက်ပေ ခြောက် လက်မရှိမှသာ ထုတ်လုပ်ရန် သတ်မှတ် ပြဋ္ဌာန်းခဲ့သည်။
သစ်များကို ထုတ်လုပ်ရာတွင်လည်း သဘာဝတောများကို အတတ်နိုင်ဆုံးရေရှည်တည် တံ့ခိုင်မြဲနိုင်စေရန်အတွက် သဘာဝအရ အရွယ်ရောက်ပြီးသော အပင်ကြီးများကိုသာ ရွေး ချယ်ထုတ်လုပ်သော မြန်မာ့ရွေး ချယ်ခြင်းစနစ် Myanmar Selection System ကို တီထွင်ခဲ့သည်။
ထိုစနစ်အရ ဧရိယာတစ်ခုကို နှစ် ပေါင်း ၃ဝ ကြာမှ တစ်ကြိမ်ပြန်ဝင်၍ ကျွန်းဆိုလျှင် မြေပြင်မှအမြင့်လေးပေ ခြောက်လက်မ အမြင့်တွင် လုံးပတ် ခုနစ်ပေ ခြောက်လက်မ (သို့မဟုတ်) ခြောက်ပေခြောက်လက်မ၊ တခြားသစ်မာဆိုလျှင် မြေပြင်မှအမြင့်လေးပေခြောက် လက်မတွင် လုံးပတ်ခြောက်ပေရှိမှသာ ခုတ်လှဲထုတ်ယူခွင့်ပြုထားပါသည်။
ထိုသို့ထုတ် လုပ်ရာတွင်လည်း ကျွန်းကိုသင်းသတ်ပြီး အခြောက်ခံပြီးမှ ထုတ်လုပ်စေသလို ခုတ်လှဲရာတွင်လည်း မြေပြင်တွင်ပေါက်နေသော အခြားသစ်ပင်ပျိုများ ထိခိုက်နစ်နာမှု အနည်းဆုံးနေရာကိုသာ ရွေးချယ်၍ လှဲချစေခဲ့ ပါသည်။
ဆိုလိုချင်သည်က မြန်မာတို့ကို ကျွန်ပြု၍ မြန်မာ့သယံဇာတတို့ကို ၎င်းတို့၏အကျိုး စီးပွားအလို့ငှာထုတ်ယူသုံးစွဲခဲ့သော နယ်ချဲ့အင်္ဂလိပ်တို့သည်ပင်လျှင် မြန်မာ့သစ်တောကြီးများမှ သစ်သယံဇာတများကို ရေရှည်ထုတ် ယူသုံးစွဲ နိုင်ရန်အတွက် ရှေးရှုပြီး သစ်တောပညာရှင်များ၊ သိပ္ပံပညာရှင်များကို ငှားရမ်းဖိတ်ခေါ်ပြီး စနစ်တကျ သုတေသနလုပ်ငန်းများ၊ စာရင်း ကောက်ယူခြင်းလုပ်ငန်းများ လုပ်ကိုင်စေခြင်း၊ အစီရင်ခံစာများတင် သွင်းစေခြင်း၊ ထိုမှတစ်ဆင့် သစ်တောဥပဒေများပြဋ္ဌာန်းစေခြင်း၊ ထိုဥပဒေများအတိုင်း စနစ်တကျလိုက်နာကျင့် သုံးစေခြင်း၊ သစ်တောသင်တန်းကျောင်းများ ဖွင့်လှစ်၍လေ့ကျင့်သင်ကြားပေးခြင်း စသည် တို့ကို ပြုလုပ် ခဲ့ပါသည်။
ထို့ကြောင့်ပင်လျှင် မြန်မာပြည်ကို အင်္ဂလိပ်တို့ အုပ်ချုပ်ကျွန်ပြုခဲ့ သည့် အချိန်ကာလအတွင်း မြန်မာ့သစ်တော ကြီးများသည် အကောင်းပကတိအတိုင်း တည် ရှိနေခဲ့ကြောင်း တွေ့မြင်ကြရမည်ဖြစ်ပါသည်။
သို့ပါသော်လည်း မြန်မာနိုင်ငံကို မြန်မာလူမျိုးအစိုးရအဆက်ဆက်တို့ ပြန်လည်အုပ်ချုပ်ခွင့် ရချိန်ရောက်တော့မှသာ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိချိန်မှစ၍ ၂ဝ၁၅စက်တင်ဘာလအထိ ၆၈ နှစ်တာကာလအတွင်း မြန်မာပြည်သည် ကမ္ဘာပေါ်တွင် သစ် တောပြုန်းတီးဆုံး တတိယမြောက်နိုင်ငံအဖြစ် ရောက်ရှိခဲ့ရသလို အင်္ဂလိပ်အစိုးရလက်ထက်က စတင်သန္ဓေ တည်ပေါက် ဖွားခဲ့ပြီး အစဉ်အလာကြီးမားခဲ့သော မြန်မာ့သစ်တောဦးစီး ဌာနသည်လည်း တောပြုန်းရခြင်း၏ တရားခံ ဖြစ်သည်ဟုပင် စွပ်စွဲပြောဆိုခံရသည့်အထိ ကံဇာတာ ညှိုးမှိန်ခဲ့ရပါသည်။
၂ဝ ရာစုမှ ၂၁ ရာစုသို့ အကူး အပြောင်း တွင် သဘာဝတရားကြီးက ကမ္ဘာကြီးကို ရာ သီဥတု ဖောက်ပြန်ပြောင်းလဲခြင်းနှင့် ဆင်းရဲ မွဲတေခြင်းဟူသော လက်ဆောင်နှစ်ခုကိုပေး အပ်ခဲ့သည်ဟု ပညာရှင်တို့က မှတ်ချက်ပြုခဲ့ ကြပါသည်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ဆင်းရဲမွဲတေမှုများ ပိုမိုဖြစ်ပေါ်စေသလို ဆင်းရဲမွဲတေမှုများကြောင့်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်းကို ပိုမိုဆိုး ရွားစေသောအဖြစ်များ ဖြစ်ပေါ်စေပါသည်။
ဆင်းရဲမွဲတေသည့်အတွက် သစ်တောများကို အလွန်အကျွံခုတ်လှဲထုတ်ယူနေခြင်းသည်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုအတွက် ကြီးစွာသော အကြောင်းအထောက်အပံ့ကို ဖြစ်ပေါ်စေပါသည်။
သစ်တောပြုန်း တီးခြင်း၏ အဓိက အကြောင်းရင်းများအနက် သစ်အလွန်အကျွံ ထုတ်ယူခြင်း (Over Exploitation) သည် အဓိကအချက်တစ်ချက်အဖြစ် ပါဝင်နေပါသည်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်တရား မဝင်သစ်ခိုး ထုတ်မှုများ (Illegal Cross Border Trade) နှင့် ပြည်တွင်းတရားမဝင်သစ်ခိုး ထုတ်မှုများ (Illegal Domestic Trade) တို့ ကြောင့် သစ်အလွန်အကျွံထုတ်ယူခြင်းများ ဖြစ်ပေါ်ခဲ့ရသလို အကျိုးဆက်အဖြစ် ၂ဝ၁၅ ခုနှစ် မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် လျှပ်တစ်ပြက် ရေကြီးရေလျှံခြင်းနှင့် အတူ မြေပြိုခြင်း၊ တောင်ပြိုခြင်းတို့ဖြစ်ပေါ်ခဲ့ သလို ဆည်များကျိုးပေါက်မည်ဟူသော ကော
မြစ် မကောအောင်လို့ သစ်တောတို့ စိမ်းရပေမည်
================================
ကိုရင်လှ
မြစ်ကော
မြစ်မကောအောင်လို့
သစ်တောတို့စိမ်းရပေမည်..
ရေဝေတောတွေဆိုင်းစို့စို့
မှိုင်းညို့ညို့ မှုန်ရီ . .
ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည်သမျှ
မြန်မာသွေးဟေ့..
တစ်တောလုံးပြောင်
တစ်တောင်လုံးလင်း
မြစ်ကျဉ်းကာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော်
မြန်မာပျောက်အောင်
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ် အဖြစ်သဘောနဲ့
မြစ်ကောတဲ့ နေ့...။
မောင်စိန်ဝင်း(ပုတီးကုန်း)
'' တောင်ရိုးတောင်စွယ်တို့မှ သစ် တောများ၊ တောင်ရိုးထိပ်တို့တွင် ရေဖျားခံ၍ စီးဆင်းလာသော မြစ် ချောင်း၊ အင်းအိုင်များကလည်း မှီတင်းနေထိုင်ကြသူအပေါင်းကို အစာရေစာဖြန့်ဖြူးပေးနေဘိသကဲ့သို့ ရှိနေ သည်။ တောင်မြောက်စီး ဆင်းလျက်ရှိနေသောမြစ်များက လူအပေါင်းကို သွားရေးလာရေးလွယ်ကူစေရန်၊ အထက်ပိုင်းတွင် ခုတ်လှဲထားသောသစ်များ မျှောချရန်အတွက် သဘာဝတရားကြီးက ဖောက်လုပ် ပေးထား သည့် လမ်းမကြီးကဲ့သို့ အသုံးဝင်ခဲ့ပါသည်။ မြန်မာမင်းတို့သည် ဧရာဝတီမြစ်ကို နိုင်ငံ၏ အသက်သွေး ကြောကြီးကဲ့သို့ သဘောထားရာ ရာဇဌာနီ မင်းနေပြည်တော်ကြီးများကို ထိုဧရာဝတီမြစ်ကြောင်းတစ်လျှောက် အ လယ်ဗဟိုချက်ကျရာများတွင် တည်ဆောက်ခဲ့ ကြသည်။ သို့ဖြင့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရနှင့် မန္တလေးမင်းနေပြည်တော် မြို့ကြီးများ ပေါ်ထွန်းလာခဲ့ရခြင်းဖြစ်ပါသည်'' ဟု ဆရာကြီးဒေါက်တာတိုးလှက သူ၏မြန်မာ့ သစ်တောနှင့် မြန်မာ့လူမှုအဖွဲ့အစည်း (၁၇၅၂- ၁၉၆၂) စာအုပ်တွင် ရေးသားခဲ့ပါသည်။
ဆက်လက်၍လည်း ''မြန်မာနိုင်ငံ၌ သဘာဝကဖန်တီးပေးထားပုံမှာလည်း အံ့သြဖွယ်ရာ ဖြစ်ပါသည်။ တောင်များရှိသဖြင့် တောများရှိနေသည်။ တောများအောက်တွင် သဘာဝသယံဇာတများ တည်ရှိပါသည်။ တောတောင်များအတွင်း၌ အမျိုးအမည်များစွာသော ငှက်များ၊ တိရစ္ဆာန်များ ကျက်စားနေထိုင်ကြသည်။ လွင်ပြင်နှင့် ကုန်းမြင့်ဒေသတို့တွင် လူများနေထိုင်ကြပြီး သဘာဝကပေးထားသော သယံဇာတများကို လိုသလောက် ထုတ်ယူ သုံးစွဲနိုင်ခဲ့ကြသည်။ ကုန်းဘောင်ခေတ်မှတ်တမ်းများတွင် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ သတ္တုနှင့် ရေနံတို့ကို ဘိုးဘွားတို့ ထုတ်ယူသုံးစွဲခဲ့ကြသည့်အကြောင်း တွေ့ရှိရပါသည်''ဟု ဆရာကြီးက ၎င်း၏စာအုပ် တွင် ရေးသားထားပြန်ပါသေးသည်။
ထိုကဲ့သို့သော သဘာဝသစ်တောကြီးများ၊ သဘာဝသယံဇာတများ ပေါများကြွယ်ဝပြည့်စုံနေခဲ့သည့်အတွက်ကြောင့်ပင်လျှင် မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့၏ သူ့ကျွန်ဘဝသို့ရောက်ရှိခဲ့ရခြင်းဖြစ်ပါသည်။
ပထမ အင်္ဂလိပ်-မြန်မာ စစ်အပြီး ၁၈၂၆ တွင် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ကို အင်္ဂလိပ်တို့ကို ပေးအပ်ခဲ့ရပါသည်။ သို့အတွက်ကြောင့် အင်္ဂလိပ်တို့သည် တနင်္သာရီဒေသတွင် သစ်ကိုအထိန်းအကျောင်းမရှိ ပရမ်းပတာ ခုတ်လှဲထုတ်လုပ်ခဲ့သည့်အတွက် အတ္တရံသစ်တောကြီးသည် ဆယ်စုနှစ်တစ်စုအတွင်း၌ပင် ပြုတ်ပြုတ် ပြုန်းခဲ့ရပါသည်။
ထို့ကြောင့်ပင်လျှင် ဗြိတိသျှအစိုးရသည် မြန်မာ့သစ်တောများကို ရေရှည်ထုတ် လုပ်သုံးစွဲနိုင်ရန်အတွက် သိပ္ပံပညာရှင်ဂျွန်ဟယ်လ်ဖာအား တနင်္သာရီသစ်တောများကိုစစ်ဆေးရန် တာဝန်ပေးခဲ့သည့်အတွက် ဟယ်လ်ဖာသည် ၁၈၃၈ တွင် သူ၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို တင်သွင်း ခဲ့သည်။
ထိုအစီရင်ခံစာကိုအကြောင်းပြု၍ ၁၈၄၁ တွင် ဗိုလ်ကြီးထရီမင်းနီးယားကို ပထမဆုံး သော တနင်္သာရီသစ်တောမင်းကြီးအဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။
ဆက်လက်ပြီး ၁၈၄၉ တွင် ဟရူးဖယ်လ်ကွန်နာကို တနင်္သာရီသစ် တောမင်းကြီးအဖြစ် ထပ်မံခန့်အပ်ခဲ့ပါသည်။ ၎င်းတို့က စီးပွားဖြစ်သစ်ထုတ်လုပ်ခြင်းနှင့် ရွှေ့ ပြောင်းတောင်ယာစနစ်တို့သည် သစ်တော ပြုန်းတီးမှု၏အန္တရာယ်အဖြစ် အဆိုပြု တင်ပြခဲ့ကြပါသည်။
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ဖြစ်သည့် ၁၈၅၂ နောက်ပိုင်းတွင် အောက်မြန်မာပြည် နှင့် ပဲခူးသစ်တောကြီးသည် အင်္ဂလိပ်တို့လက် အောက်ကို ထပ်မံရောက်ရှိခဲ့ရပြီး ၁၈၅၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် သစ်တောမှန်သမျှကို အစိုးရပိုင်ဟုကြေညာပြီး အခွင့်အာဏာမရ သော သစ်ထုတ်လုပ်မှုမှန်သမျှကို ပိတ်ပင်လိုက်သလို ပဲခူးသစ်တောများ၏ ပထမဆုံးသော သစ်တောမင်းကြီးအဖြစ် ဂျွန်မက္ကလိလင်းကို စတင်ခန့် အပ်ခဲ့သည်။
၁၈၅၅ ခုနှစ်တွင် မက္ကလိလင်း ရာထူးမှ နုတ်ထွက်သွားသောအခါတွင် ဂျာမန်သစ်တောပညာရှင် (မူလက ရုက္ခဗေဒ ပညာရှင်) ဒိုင်းထရစ်ဘရန်းဒစ် ဝင်ရောက်လာခဲ့ပါသည်။ ထိုပညာရှင်ကြီး ဒိုင်းထရစ် ဘရန်း ဒစ်သည် အိန္ဒိယနှင့် မြန်မာပြည်တို့တွင် သစ်တောဌာနကို စတင်ဦးစီးတည်ထောင်ခဲ့ပါသည်။
မြန်မာပြည်၏သစ်တောဌာနကို ၁၈၅၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သလို သစ်တောဥပဒေလည်း ထွက်ပေါ်လာ သည့်အတွက် မြန် မာ့သစ်တောဌာနသည် အခိုင်အမာရပ်တည် လာနိုင်ခဲ့ပါသည်။
၁၈၆၅တွင် အိန္ဒိယသစ်တောဥပဒေ The India Forest Act, 1856၊ ၁၈၇၈ တွင် အိန္ဒိယ သစ်တောဥပဒေThe India Forest Act, 1878 ၊ ၁၈၈၁ တွင် ဗမာသစ်တောဥပဒေ The Burma Forest Act, 1881၊ ၁၈၈၂ တွင် မဒရပ် သစ်တောဥပဒေ The Madras Forest Act 1882 စသည့် ဒေသဆိုင်ရာသစ်တောဥပဒေ များ ပြဋ္ဌာန်းခဲ့ပါသည်။
People from Dawei are requesting Flood Risk Zone Maps and other important GIS databases of Their area.
We gave priority for District mapping and the results are
1. Dawei District Dams and reservoirs KMZ
https://drive.google.com/file/d/1TBaNDZMDyg3E21-8GYHgrgYTjHoOas6o/view?usp=drive_link
2. Dawei District Flood Risk Zones KMZ
https://drive.google.com/file/d/1YfHnabdntYl_XGPjXXgoxpSmu5mJz7Qb/view?usp=drive_link
3. Dawei Dist Landcover 1975 KMZ
https://drive.google.com/file/d/1Z_cBrq-JRfG3AydvIgUj01kMvV3wvDfg/view?usp=drive_link
4. Dawe Dist Landcover 2025 KMZ
https://drive.google.com/file/d/1nQn24_-LJy-e0fUJsc9txNj3Q3ZdeAHp/view?usp=drive_link
5. Dawei Dist Protected Areas System KMZ
https://drive.google.com/file/d/18_z22Dw1vtGFcTlc9ADKVw-4TPzMknHr/view?usp=drive_link
5. Dawei Dist RFPPF KMZ
https://drive.google.com/file/d/1cU32xU6DKfS8MKe0yk1WHcFFz-cyBsqf/view?usp=drive_link
6. Dawei District Rivers and Streams KMZ
https://drive.google.com/file/d/1xrtqF6SkZaV6YtjVdKKkdBE5AO8KZeHf/view?usp=drive_link
7. Dawei Distri Town Points KMZ
https://drive.google.com/file/d/18vfWae_NfqBu58i-Fk7K3RX2zni0u5ky/view?usp=drive_link
8. Dawei Dist Township Boundaries KMZ
https://drive.google.com/file/d/1JTT258UfJbvRrHjlmOzRHIeekEo6_g3x/view?usp=drive_link
9. Dawei Dist Village Tract Boundaries KMZ
https://drive.google.com/file/d/17APBS-mHTzB9pLrEY4Nzf3DMgYQQWQ0o/view?usp=drive_link
10. Dawei District Village Points KMZ
https://drive.google.com/file/d/1HoIWVcmY43065HG77DFeeysIivUMW7re/view?usp=drive_link
11. Dawei District Flood Risk Zone Jpeg A0
https://drive.google.com/file/d/1fbX7xkQgIU1mRHsRlvf1zzer7LV58ic0/view?usp=drive_link
12. Dawei District Flood Risk LC1975 2025 ArcMap mpk
https://drive.google.com/file/d/1L0HkFM6hMP2W61gxbxjvi3XSDKqf7Di6/view?usp=drive_link
13. Dawei Dist Landcover 1975 Jpeg A0
https://drive.google.com/file/d/11A2G4BmKBVpNlhdRtGQG9iT_syDszoXi/view?usp=drive_link
14. Dawei District Landcover 2025 Jpeg A0
https://drive.google.com/file/d/1naIybp6CqzWNUxENKeQO30N0LZaP_t_s/view?usp=drive_link
Credit:
U Maung Maung Than (former Director, Forest Department)
အနာဂတ်ပညာရေးအတွက် မဖြစ်မနေ လေ့လာသိရှိထားသင့်သော Environmental Education(EE)
ကျမတို့ EcoEdu Hub Myanmar ကနေ Environmental Education for Modern Educators Batch (1) အတန်းလေးက အောင်မြင်စွာနဲ့ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်ရှင့်။
Environmental Education ကို ရှုထောင့်ပေါင်းစုံမှ တွဲဖက်လေ့လာသင်ကြားနိုင်အောင် တန်ဖိုးရှိတဲ့ အတွေ့အကြုံပေါင်းများစွာနဲ့ သင်ကြားပေးခဲ့ပါသော ဆရာကြီးဦးစည်သူလွင်နှင့်အတူ တက်ရောက်ပေးခဲ့ကြတဲ့ Educators တစ်ယောက်ချင်းစီကို EcoEdu Hub Myanmar မှ ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင့်။
Environmental Education နဲ့ပတ်သတ်သော Activities & Events များစွာကိုလဲ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိတာမို့ EE နှင့်ပတ်သတ်ပြီး စိတ်ဝင်စားလေ့လာလိုသူများအနေဖြင့် EcoEduHubMyanmar နှင့် keep in touch ရှိနေစေဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ရှင့်။
#ecoeduhubmyanmar
#environmentaleducation
#ModernEducator
#sustainableliving
#FutureReady
#EducationForAll
၂၀၂၃ ခုနှစ်အထိ မီသိန်းပါဝင်မှုနှုန်းသည် တစ်ဘီလီယံတွင် အစိတ်အပိုင်း ၁,၉၂၂ (1,922 parts per billion - ppb) ခန့် ရှိပါသည်။
၎င်းသည် စက်မှုခေတ်မတိုင်မီက အဆင့် (~၁၇၅၀ ခန့်တွင် ၇၂၀ ppb) ထက် ၂.၆ ဆ ပိုများပါသည်။
အနှစ်ချုပ်
မီသိန်းသည် အများအားဖြင့် စိုစွတ်မြေများ (သဘာဝ)၊ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများ၊ စိုက်ပျိုးရေး (မွေးမြူရေး၊ ဆန်စပါး) နှင့် စွန့်ပစ်ပစ္စည်းများ (အမှိုက်ပုံများ၊ ရေဆိုးများ) မှ လာပါသည်။
တစ်နှစ်လျှင် တန်ချိန် ၅၈၀ မှ ၆၀၀ ခန့် ထုတ်လွှတ်ပြီး ၎င်းအားလုံးနီးပါးသည် လေထုထဲသို့ ရောက်ရှိကာ ပျက်စီးမသွားမီ ၁၂ နှစ်ခန့် အပူကို ထောင်ချောက်ဆင် ထိန်းထားပါသည်။
၎င်း၏ အစွမ်းထက်မှုကြောင့် မီသိန်းထုတ်လွှတ်မှုကို ထိန်းချုပ်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို နှေးကွေးစေမည့် အမြန်ဆုံးနည်းလမ်းများထဲမှ တစ်ခု ဖြစ်ပါသည်။
မီသိန်းဓာတ်ငွေ့ (Methane - CH₄) သည် လူသားများကြောင့် ဖြစ်ပေါ်လာသော ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် (Carbon Dioxide - CO₂) ပြီးနောက် ဒုတိယအရေးကြီးဆုံးသော ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်ပါသည်။
၎င်းသည် လေထုထဲတွင် ပမာဏအနည်းငယ်သာ ရှိသော်လည်း အပူကို ထောင်ချောက်ဆင် ထိန်းထားနိုင်စွမ်း (အနှစ် ၂၀ အတွင်း CO₂ ထက် အဆ ၈၄ ဆခန့်) ပို၍ အစွမ်းထက်ပါသည်။
၁။ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု အဓိကရင်းမြစ်များ
(1. Main Sources of Methane Gas Emissions)
မီသိန်းဓာတ်ငွေ့သည် သဘာဝဖြစ်စဉ်များနှင့် လူသားတို့၏ လုပ်ဆောင်မှုများ (လူသားပြုလုပ်သော ရင်းမြစ်များ) နှစ်မျိုးလုံးမှ ထွက်ရှိပါသည်။
သဘာဝရင်းမြစ်များ (ကမ္ဘာလုံးဆိုင်ရာ မီးသိန်းထုတ်လွှတ်မှု၏ ~၄၀%)
(Natural Sources (~40% of global methane emissions))
ရေဝပ်မြေများ (Wetlands):
အကြီးဆုံး သဘာဝရင်းမြစ်ဖြစ်ပါသည်။ ရေဝပ်နေသော မြေဆီလွှာများရှိ အဏုဇီဝပိုးမွှားများသည် အောက်ဆီဂျင်မပါဘဲ သြဂဲနစ်ပစ္စည်းများကို ဖြိုခွဲရာမှ (အောက်ဆီဂျင်မဲ့ ဖြိုခွဲခြင်း - anaerobic decomposition) မီသိန်းကို ထုတ်လုပ်ပါသည်။
Termites
သစ်သား/အပင်ပစ္စည်းများရှိ ဆဲလ်လူလို့စ် (cellulose) ကို ချေဖျက်သည့်အခါ မီသိန်းဓာတ်ငွေ့ကို ထုတ်လွှတ်ပါသည်။
သမုဒ္ဒရာနှင့် ရေကန်များ (Oceans and lakes):
ရေအောက်အနည်အနှစ်များတွင် မီသိန်းကို ထုတ်လုပ်ပြီး ပမာဏအနည်းငယ် ထုတ်လွှတ်ပါသည်။
ဘူမိဗေဒအရ စိမ့်ထွက်မှုများ (Geological seeps):
မြေအောက်သိုလှောင်ကန်များမှ သဘာဝဓာတ်ငွေ့များ စိမ့်ထွက်ခြင်း၊ ရွှံ့မီးတောင်များ၊ ရေပူစိမ့်ထွက်ပေါက်များမှ ထွက်ရှိခြင်း။
တောမီးများ (Wildfires): ဇီဝဒြပ်ထု (biomass) မပြည့်စုံစွာ လောင်ကျွမ်းမှုမှ မီးသိန်းကို ထုတ်လွှတ်ပါသည်။
လူသားပြုလုပ်သော ရင်းမြစ်များ (ကမ္ဘာလုံးဆိုင်ရာ မီသိန်းထုတ်လွှတ်မှု၏ ~၆၀%)
(Human-caused (Anthropogenic) Sources (~60% of global methane emissions)
၁။ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်း (လူသား ထုတ်လွှတ်မှု၏ ~၃၅%)
(1. Fossil fuel production and use (~35% of human emissions))
ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း၊ ပိုက်လိုင်းများ ယိုစိမ့်ခြင်း၊ ကျောက်မီးသွေး တူးဖော်ခြင်းနှင့် သဘာဝဓာတ်ငွေ့ မီးရှို့ထုတ်လွှတ်ခြင်းတို့ ဖြစ်ပါသည်။
၂။ စိုက်ပျိုးရေး (လူသား ထုတ်လွှတ်မှု၏ ~၄၀%)
(2. Agriculture (~40% of human emissions))
မွေးမြူရေး (အူလမ်းကြောင်းအချဉ်ပေါက်ခြင်း - enteric fermentation):
နွား၊ သိုးနှင့် ဆိတ်များသည် အစာချေဖျက်စဉ် မီးသိန်းကို ထုတ်လုပ်ပါသည်။
နွားချေး စီမံခန့်ခွဲမှု (Manure management):
စုဆောင်းထားသော နွားချေးများသည် အောက်ဆီဂျင်မပါဘဲ ဖြိုခွဲပျက်စီးခြင်း။
စပါးစိုက်ပျိုးခြင်း (Rice cultivation):
ရေလွှမ်းထားသော လယ်ကွင်းများသည် မီသိန်းထုတ်လုပ်သည့် အဏုဇီဝပိုးမွှားများအတွက် အကောင်းဆုံး အောက်ဆီဂျင်နည်းပါးသည့် အခြေအနေများကို ဖန်တီးပေးပါသည်။
၃။ စွန့်ပစ်ပစ္စည်းများ (လူသား ထုတ်လွှတ်မှု၏ ~၂၀%)
(3. Waste (~20% of human emissions))
* အမှိုက်ပုံများ (Landfills):
သြဂဲနစ်အမှိုက်များ အောက်ဆီဂျင်မဲ့ ပျက်စီးခြင်း။
ရေဆိုးသန့်စင်မှု (Wastewater treatment): သြဂဲနစ်ပစ္စည်းများ ပျက်စီးခြင်းမှ မီးသိန်း ထုတ်လွှတ်ပါသည်။
၄။ ဇီဝဒြပ်ထု လောင်ကျွမ်းမှု (လူသား ထုတ်လွှတ်မှု၏ ~၅%)
(4. Biomass burning (~5% of human emissions)
သစ်တောများ၊ စိုက်ပျိုးရေးမှ ထွက်သော အကြွင်းအကျန်များနှင့် ရွှံ့နွံမြေများ မပြည့်စုံစွာ လောင်ကျွမ်းခြင်း။
၂။ ကမ္ဘာ့လေထုထဲသို့ မီးသိန်းမည်မျှ ရောက်ရှိနေသနည်း။
(2. How Much Methane Reaches the Earth’s Atmosphere?)
Global Methane Budget 2023 (ကမ္ဘာလုံးဆိုင်ရာ ကာဗွန်စီမံကိန်း) အရ တစ်နှစ်လျှင် မီသိန်းတန်ချိန် (Mt CH₄) ၅၈၀ မှ ၆၀၀ ခန့် ထုတ်လွှတ်ပါသည်။
၄၀% ခန့် (~၂၃၀ Mt) သည် သဘာဝရင်းမြစ်များ မှ လာပါသည်။
၆၀% ခန့် (~၃၇၀ Mt) သည် လူသားတို့၏ လုပ်ဆောင်မှုများ မှ လာပါသည်။
ကမ္ဘာ့လေထုသည် ၎င်း၏ အများစုကို စုပ်ယူထားပါသည်။ အဘယ်ကြောင့်ဆိုသော် မီသိန်းသည် ဓာတ်ငွေ့ဖြစ်သောကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့်မတူဘဲ သမုဒ္ဒရာ/မြေပြင်မှ အများကြီး ပျော်ဝင်ခြင်း သို့မဟုတ် စုပ်ယူခြင်း မရှိဘဲ ဓာတုဗေဒ တုံ့ပြန်မှုများဖြင့် ပျက်စီးသွားသည်အထိ စုပုံနေပါသည်။
ထုတ်လွှတ်သော မီသိန်း၏ ၉၀% ခန့်သည် လေထုထဲတွင် ယာယီ တည်ရှိနေပါသည်။ မီးသိန်းကို ဖယ်ရှားပေးသည့် အဓိကလုပ်ငန်းစဉ်မှာ လေထုထဲရှိ ဟိုက်ဒရော့ဆီးလ် ရေဒီကယ် (hydroxyl radical - OH) နှင့် တုံ့ပြန်ခြင်းဖြစ်ပြီး မီးသိန်းကို CO₂ နှင့် ရေငွေ့အဖြစ် ဓာတ်တိုးစေပါသည်။
မီသိန်းသည် လေထုထဲတွင် သက်တမ်း ~၁၂ နှစ် ခန့် ရှိသည် —
ဆိုလိုသည်မှာ ယနေ့ကျွန်ုပ်တို့ ထုတ်လွှတ်မှုများကို လျှော့ချပါက CO₂ နှင့် နှိုင်းယှဉ်လျှင် လေထုအဆင့်သည် အတော်လေး မြန်မြန်ဆန်ဆန် ကျဆင်းလာမည် ဖြစ်ပါသည်။
၃။ လေထုအတွင်း လက်ရှိ ပြင်းအား
(3. Current Concentrations in the Atmosphere)
၂၀၂၆ မှာ ဖြစ်လာမယ့် အယ်လ်နီညို
၁။ El Niño (အယ်လ်နီညို) ဆိုတာ ဘာလဲ?
အယ်လ်နီညိုဆိုတာ အပူပိုင်းပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ ရေမျက်နှာပြင်အပူချိန်တွေ ပုံမှန်ထက် သိသိသာသာ မြင့်တက်လာတဲ့ သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ သူဟာ ကမ္ဘာလုံးဆိုင်ရာ လေထုလည်ပတ်မှုကို ကမောက်ကမဖြစ်စေပြီး ရာသီဥတုပုံစံတွေကို ပြောင်းလဲပစ်ပါတယ်။
၂။ ပုံမှန်ထက် ပိုမိုခြောက်သွေ့ပူပြင်းမည့် ဒေသများ (Drier than normal - လိမ္မော်ရောင်ဇုန်)
မြေပုံပေါ်ရှိ လိမ္မော်ရောင်ပြထားတဲ့ ဒေသတွေဟာ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုနဲ့ အပူလှိုင်းဒဏ်ကို ပိုမိုခံရလေ့ရှိပါတယ်။
အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံအပါအဝင်ဒေသများ
အယ်လ်နီညိုနှစ်တွေမှာ အရှေ့တောင်အာရှဒေသဟာ မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းပြီး ပုံမှန်ထက် ပိုမိုပူပြင်းလေ့ရှိပါတယ်။ ဒါဟာ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်နဲ့ တောမီးအန္တရာယ်တွေအတွက် အထူးသတိပြုရမယ့် အခြေအနေ ဖြစ်ပါတယ်။
ဩစတြေးလျမြောက်ပိုင်းနှင့် အရှေ့ပိုင်း
မိုးခေါင်ရေရှားမှု ပြင်းထန်ပြီး တောမီးလောင်ကျွမ်းမှု အန္တရာယ် အလွန်မြင့်မားတတ်ပါတယ်။
အမေဇုန်မြစ်ဝှမ်း (တောင်အမေရိကမြောက်ပိုင်း)
မိုးရေချိန်လျော့နည်းပြီး ကမ္ဘာ့အဆုတ်လို့တင်စားရတဲ့ အမေဇုန်တောအုပ်တွေ ခြောက်သွေ့မှုကို ရင်ဆိုင်ရပါတယ်။
အာဖရိကတောင်ပိုင်း
သီးနှံဖြစ်ထွန်းမှုနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေတဲ့အထိ မိုးခေါင်တတ်ပါတယ်။
၃။ ပုံမှန်ထက် မိုးပိုမိုများပြားမည့် ဒေသများ (Wetter than normal - အပြာရောင်ဇုန်)
သမုဒ္ဒရာရေပြင် ပူနွေးလာမှုကြောင့် လေထုထဲ ရေငွေ့ပျံတက်မှု များပြားပြီး အချို့ဒေသတွေမှာ မုန်တိုင်းနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့် တောင်အမေရိကအနောက်ဘက်ကမ်းရိုးတန်း (ဥပမာ-ပီရူး၊ အီကွေဒေါ)
သမုဒ္ဒရာရေပြင် ပူနွေးလာမှုရဲ့ တိုက်ရိုက်သက်ရောက်မှုကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားတတ်ပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ပိုင်း
ဆောင်းရာသီနဲ့ နွေဦးကာလတွေမှာ ပုံမှန်ထက် မိုးနဲ့နှင်း ပိုမိုများပြားတတ်ပါတယ်။
အာဖရိကအရှေ့ပိုင်း (Horn of Africa)
အချို့သော အယ်လ်နီညိုဖြစ်စဉ်တွေမှာ ဒီဒေသဟာ ပုံမှန်ထက် မိုးပိုများပြီး ရေကြီးမှုကို ကြုံတွေ့ရတတ်ပါတယ်။
၄။ ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှု အနှစ်ချုပ်
ကမ္ဘာ့အပူချိန် စံချိန်တင်မြင့်တက်ခြင်း
အယ်လ်နီညိုဖြစ်စဉ်ဟာ လေထုထဲကို အပူဓာတ်တွေ ပိုမိုထုတ်လွှတ်ပေးတဲ့အတွက် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ပိုမိုမြင့်တက်စေပြီး အပူဆုံးနှစ်စံချိန်တွေကို ချိုးဖျက်လေ့ရှိပါတယ်။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံမှု
တစ်ဖက်မှာ မိုးခေါင်ပြီး တစ်ဖက်မှာ ရေကြီးတဲ့အတွက် ကမ္ဘာ့သီးနှံထုတ်လုပ်မှုကို တိုက်ရိုက်ထိခိုက်စေပါတယ်။
အဏ္ဏဝါဂေဟစနစ် ထိခိုက်ခြင်း
သမုဒ္ဒရာရေပြင် ပူနွေးလာမှုကြောင့် သန္တာကျောက်တန်းများ အရောင်ချွတ်ခြင်း (Coral Bleaching) နဲ့ ငါးလုပ်ငန်းကဏ္ဍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေပါတယ်။
မိုးလေဝသသတိပေးချက် အမြင်
အယ်လ်နီညိုဖြစ်စဉ်ဟာ ရာသီဥတုဖောက်ပြန်မှု (Climate Change) နဲ့ ပေါင်းစပ်သွားတဲ့အခါ ပိုမိုပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ဖန်တီးတတ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ စိုက်ပျိုးရေးဆိုင်ရာ ရာသီဥတုအခြေပြု အကြံပြုချက်များကို အစဉ်မပြတ် စောင့်ကြည့်လိုက်နာဖို့ လိုအပ်ပါတယ်။
El Niño changes where rain falls.
As El Niño strengthens, rainfall patterns worldwide are expected to shift. Some regions may experience wetter-than-normal conditions, while others face an increased risk of drought.
These changes can affect water supplies, agriculture, food security, and livelihoods, making early preparation essential.
Understanding climate forecasts helps communities and decision-makers prepare for the months ahead.
https://wmo.int/topics/el-nino-la-nina-phenomena
#NowForClimate #WaterAction = #ClimateAction
