Myanmar Environmental Education Team
الذهاب إلى القناة على Telegram
2 237
المشتركون
-324 ساعات
-77 أيام
-1330 أيام
أرشيف المشاركات
ကိုယ်၀န်ဆောင်ပါပြီဆိုကတည်းက မွေးဖွားပြီး သည်အထိ စိတ်အား လက်အား ရှိတိုင်း အင်္ဂုလိမာလသုတ်တော်ကို နှုတ်မှ တဖွဖွ ရွတ်နေစေသည်။
"ဆေးကြီးဝါးကြီး မလိုခဲ့ပေါင်အေ၊ တောသူတောင်သား သဘာ၀ ငါတို့တောမှာရှိတဲ့ ပစ္စည်းနဲ့ ပြီးရတာပါ။ အဓိကကတော့ ကိုယ်တိုင်က ပျောက်ကင်းချမ်းသာချင်တဲ့စိတ်နဲ့ ယုံကြည်အားထားတဲ့စိတ် ရှိကြသာကိုး၊ မေတ္တာ တွေလည်း ပါမှာပေါ့၊ တောသီးတောစာနဲ့ လေကောင်းလေသန့်နဲ့ လှုပ်လှုပ်ရှားရှား ရှိကြသာနဲ့ ကျန်းမာ နေကြတာပဲ"
အမေ ပြောသလို ဖြစ်ပါလိမ့်မည်။ ရွာကို အလည်အပတ် ရောက်သခိုက် ကြုံရသည့် အဖြစ်ကိုလည်း သတိရ မိပါသည်။
ရွာက ကျွန်မတူ ၀မ်းကွဲကလေးတစ်ယောက် သစ်ပင်ပေါ်က လိမ့်ကျသည်။ လက်ကျိုးသွားမှန်းသိကြလို့ ကျွန်မ က မြင်ခြံဆေးရုံသွားကြဖို့ တိုက်တွန်းသော်လည်း မသွားကြ။ ကလေးလက်ကို သစ်သားပေတံ လောက် ရှိသည့် ဝါးခြမ်းပြားအကြောမာမာ နှစ်ချောင်းကပ်၍ စည်းနှောင်ကာ ဆပ်သွားဖူးရွက်၊ ဆပ်သွားဖူးမြစ် ကို အရည်ကြိတ်၍ အစက်ချပေးလျှင် ပျောက်သည်ဟုပြောလို့ ကျွန်မမှာ အံ့သြနေရပါ သည်။ နောက်တစ်ခေါက် ရွာကိုပြန်တော့ လက်ကလေး နည်းနည်းကောက်နေတာက လွဲ၍ ရေခပ်၊ မြက်ရိတ်၊ ထင်းကောက် လုပ်နိုင်သည်အထိ အကောင်းပကတိ ဖြစ်နေလေပြီ။
တချို့ ကလည်း လောကျမ်း ကို လက်ကိုင်ထားကြတုံး ဖြစ်၏။
ခေါင်းခဲသော်အခံ မခက်လော၊ မန်ကျည်းမှည့်ကို ဆားနှင့်ဖျော်၍ ရှူသော် မပျောက်လော။ အနာပေါက် သော် အခံမခက်လော၊ ထန်းလျက်ကိုစားသော် မပျောက်လော။ နှာစေးသော် မခက်လော၊ ရေနံကို ရှူ သော် မပျောက်လော ဆိုသည့် နည်းများကို ယုံကြည်လိုက်နာ သုံးစွဲနေကြဆဲပင်။
"ဆေးမယူ ကောင်းသဲ့ နေရာရယ်လို့တော့ ရှိသာပေါ့အေ။ နတ်ကွန်းမှာ ပေါက်တဲ့ဆေးပင်၊ တောင်ပို့မှာ ပေါက်တဲ့ ဆေးပင်၊ ကျင်းထဲပေါက်တဲ့ဆေးပင်၊ လမ်းခရီးမှာ ပေါက်တဲ့ဆေးပင်၊ ရေမှာပေါက်တဲ့ဆေးပင်၊ မီးလောင် ထားတဲ့ ဆေးပင်၊ ပိုးကျတဲ့ ဆေးပင်တွေတော့ ရှောင်ရသယ်။ ကျန်သာတော့ နတ်လိုလား၊ ဓာတ် လိုလား ကြည့်ပြီး သည်လိုကုသကြရသာပါပဲ။
ပျောက်လည်းပျောက်သယ်လို့ပဲ ပြောရမှာပေါ့အေ"
ကျွန်မ ဘကြီးဘိုးစံ ပြောသလိုပင်။ အခုတော့လည်း ခေတ်မီဆေးဝါးတွေ သုံးစပြုလာကြပြီ။ တကယ့် ဆရာ၀န် လား၊ ရမ်းကု လား နားလည်လာကြပါပြီ။ မြို့နှင့် အသွားအလာများလာတော့ အသိဗဟုသုတ တွေလည်း ရနေကြပါပြီ။ ဆေးရုံဆေးခန်း ပြေးရမှန်း သိလာကြပြီ။ သည့်အတွက်တော့ ၀မ်းသာရပါသည်။
သို့သော် ဆေးမြီးတိုကလေးတွေကတော့ ပျောက်ပျက်တိမ်ကောသွားဖွယ် မမြင်ပါ။ သုံးသူတွေက သုံးကြ တုန်း။ ပျောက်သူတွေလည်း ပျောက်ကြတုန်း။ ရောဂါခပ်သိမ်း ငြိမ်းကြပါစေ။
ခင်ခင်ထူး
Credit : ဆိုင်းအငြိမ့်သီချင်းနှင့်ဟာသများ
"ညည်းတို့ဆေးတွေက ပွဲစားကို ပဲနမူနာပြရသလိုပါကောအေ၊ လူလေးယောက်ဟာကို၊ ရွာလာ ဆေးကုသယ့် တိရစ္ဆာန်ဆေးကုဆရာရဲ့ ဆေးအိတ်ကျလို့၊ ဆေး, ဆေးနဲ့ သည်လောက်ကြီး ဆေး ၀ယ်သောက် နေရမှတော့ မဟန်ပါဘူးအေ။ ရောဂါမဟုတ်တာကို ရောဂါလုပ်ပြီး ဆေးကို ပဲလှော်ဝါးသလို ဝါးနေကြ သာ အံ့ပါရဲ့။ ညည်းတို့မြို့ကဟာတွေကြောင့် ဆေးဆိုင်တွေ ချမ်းသာ ကြသာ"
ကြီးတော်က ဆိုတော့ ကျွန်မတို့မှာ ရယ်ကြရသည်။
ကြီးတော်ပင် အသက်ရှစ်ဆယ်ကျော်လို့ ကိုးဆယ်နား သီသီ နီးခဲ့ပြီ။ သည်ကနေ့အထိ ကြီးတော် အင်္ဂလိပ်ဆေးတစ်လုံး မထိုးခဲ့ဖူးတာ်လည်း အမှန်ပင်။ တကယ်တော့ ကြီးတော်တို့ရွာမှာ အလွယ်ရနေသော အစားအသောက်များကပင် ဆေးဖက်၀င်နေလို့လား မပြောတတ်ပါ။ ကြီးတော်က ပဲသိမ်းပဲရုပ်လုပ်နိုင်သေးသည်။ မြေးထိန်းနိုင် သေးသည်။ ပုခတ်လွှဲ သီချင်းဆိုနိုင်သေးသည်။ ကျားဘမ်း ပရုတ်ဆီကို လက်ဝါးထဲထည့်ပွတ်ပြီး ရှုလိုက်ရလျှင် ကိုးဆယ့်ခြောက်ပါး ပျောက်ကရော ဟု ဆိုပါ၏။
ကျွန်ကတို့ငယ်စဉ်တုန်းကတော့ ရွာမှာ ဆေးဆရာ ဆရာခဆိုသူရှိ၏။ ဆရာခအိမ်ရှေ့က ဖြတ်သွား လျှင်ပင် ပရဆေးနံ့တွေ လှိုင်နေတတ်သည်။ ဆရာခလှမ်းထားတတ်သော စမုံမျိုးငါးပါး၊ ဖာလာ၊ ဇီရာ၊ ကရေ၀း၊ ဇာတိပ္ဖိုလ်သီး၊ လေးညှင်း၊ ရှိန်းခို၊ မုန်ညင်းဆီ၊ နှမ်းဆီ၊ ဆားပုတ်ခဲကအစ၊ ဆီးဖြူသီးခြောက်၊ ချင်းခြောက်၊ ကြွေပုပ်၊ နံ့သာဖြူ၊ နံ့သာနီ၊ ကျောက်ချဉ်၊ ဇ၀က်သာ၊ ယမ်းစိမ်း၊ ငရုတ်ကောင်း၊ လက်ချား၊ ပရုတ်၊ နွယ်ချို စသည့် အမယ်တွေ က အနံ့တွေကြိုင်နေခြင်းဖြစ်၏။
"ငါတို့တော့ သရိုးသရီကလေး ဖြစ်ချင်ရင် ဆရာခ အိမ်ရှေ့လျှောက်သာပဲ။ ဆေးနံ့နဲ့တင် ပျောက် သာ၊ ပရဆေး ဆိုသာများ မြို့က ဆိုင်ထက်များသေး၊ ဆေးဖော်ဖို့ သံဆုံနဲ့ ထောင်းနေရင် မွှေးနေ သာပဲ"
ရွာခရိုး တလျှောက် မှာ ဆေးဖက်၀င်အပင်တွေကလည်း အလေ့ကျပေါက်နေကြတာ များပါဘိ။
ခရာ ပွင့်၊ စူလာနဖာရွက်၊ ရေသကျည်းရွက်၊ မယားကြီးရွက်၊ တောင်ကန်စွန်းရွက်၊ သကြားရေစင်ရွက်၊ ကြဇု၊ ဘုမ္မရာဇာ၊ နွားလျှာကြီးမြစ်၊ ဇီရာ၊ မြင်းသေမြက်၊ ဆီမီးတောက်ဥ၊ နနွင်းဥ၊ တောခတ္တာဥ၊ နန်းလုံးကြိုင်မြစ်၊ ပန်းညိုရွက်၊ ကြိတ်မှန်ရွက်၊ ပဒိုင်းနက်မြစ်၊ ဥသျှစ်မြစ်၊ သခွမြစ်၊ ယမနေ၊ ထိန်ခေါက်၊ ရေသဖန်းခေါက်၊ ညောင်ခေါက်၊ မန်ကျည်းပင်နီခေါက်၊ သနပ်ခါးမြစ်၊ ကြက်သဟင်း မြစ်။ ရွာမှာအကုန်ရှိသည်။
သစ်သီးဓာတ်စာအတွက်လည်း မပူရပါ။ သင်္ဘောသီး၊ ကျောက်ဖရုံသီး၊ သံပုရာသီး၊ ရှောက်သီး၊ ဖီးကြမ်း ငှက်ပျောသီး ဆိုတာ အိမ်တိုင်းမှာရှိသည်။ မရှိလို့လည်း ငွေပေး၀ယ်စရာ မလို။ ရွာထဲ လူမမာရှိလျှင် တစ်ရွာလုံး က ခေါင်းပေါင်းတစ်ဖက်တင်ကာ လူမမာမေး သွားကြတာကလည်း ချစ်စရာဓလေ့ဆိုရမလား၊ လူမမာ က ပက်လက်က အမြုပ်ထွက်အောင် ဖြစ်ကြောင်းကုန်စင် ပြောပါရော။ လူမမာမေးကလည်း လူနာက ဖြေမှအားရသလို လူနာကလည်း သူကိုယ်တိုင် ပြောလိုက်ရမှ ရောဂါစင်သည် အောက်မေ့ကြ သည်။
အကြေင်းကြောင်းကြောင့် အေ၀းမှာ ရောက်နေကြသော်လည်းရွာပြန်မီးဖွားတတ်ကြတာ ရွာဓလေ့ ဖြစ်သည်။ ရွာမှာက မိကြီးဖကြီးဒွေးကြီး ဒွေးလေးတို့ ရှိကြတော့ အားကိုးရသည်။ အတွေ့အကြုံရင့် သော လက်သည်ကြီးတွေလည်း ရှိသည်။ အဖိတ်အစင် မရှိ။ သူနာပြုငှားစရာ မလို။ အထူးသဖြင့် မီးနေသည် ကို ဆွေဆွေမျိုးမျိုးတွေ များလွန်းလို့ပင် ခက်ရသည်။ နို့မထွက်မှာလည်း ပူစရာ မလို။ မိခင် နို့သက်စေ သည့် ဟင်းရွက်တွေကို ငရုတ်ကောင်းနိုင်နိုင်နှင့် ကျိုကာ တစ်အိမ်တစ်ခွက် လာပို့ကြတော့ "သူ့လင်စို့ တော့ မကုန်တည်း" ဆိုရမလောက်ပင်။ သားသည် အမေ မီးနေခန်းအောင်းနေစဉ် ကာလတစ်လျှောက် လုံး ရွာက ပျိုပျိုအိုအို မိန်းမရွယ်တွေက ညအိပ်ညဥ့်နေ လာအိပ်စောင့်ပေးကြသည်။ မီးနေသည်ရှိသည့် အိမ်ရှေ့ ဖြတ်လျှောက် လျှင်ပင် နနွင့်နံ့တွေ ထောင်းကနဲ ရနေတတ်ပါ၏။
ကျွန်မ သမီးကလေးကို ဆေးရုံမှာမွေးတာ ဆိုပေမယ့် အိမ်ရောက်သည်နှင့် အမေက ပျားရည်နှင့် နနွင်း ရောကာ လုံးထားသော အလုံးကလေးများနှင့် နနွင်းတစ်ပုလင်းဖျော်ကာ မ၀င်၀င်အောင် တိုက်တော့ သည်။ ဆေးရုံပေါ်မှာ မသောက်ခဲ့မှန်းသိလို့ တိုက်ခြင်း ဖြစ်၏။ နနွင်းဖျော်တိုက်ရုံတင်မကပါ။ ကျွန်မ တစ်ကိုယ်လုံး နနွင်း တွေ ပျစ်နေအောင် လိမ်းပေးသည်။ နနွင်းလုံးတွေ မျိုရသည်။
"ညည်းတို့မြို့သာ ဗိုက်ကို ဓားနဲ့ခွဲမွေးသာပါအေ၊ တို့တောဖြင့် ဘယ်သူ့ဗိုက်မှ ခွဲမွေးရသယ် မရှိပေါင် တော်၊ တစ်သက်လုံး သည်လိုမွေးကြသာ၊ သားသည် မအေများ နနွင်းတစ်ပိဿာ ၀မ်းထဲမ၀င်လို့ကို မဖြစ်သာ"
အမေကိုယ်တိုင်က သားသမီးခြောက်ယောက် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ မွေးကာနီးဖွားကာနီး သား သမီး မီးဖွားဖို့ အခက်ကြုံနေလျှင် သစ်ကျွတ်စကို ဆံထုံးမှာ စိုက်ကြသည်။ သစ်ကျွတ်စ ဆိုသည်မှာ သစ်ပင် ခုတ်လှဲရာ မှ သစ်ပင်ကျိုးပြီး ကျန်ရစ်ခဲ့သော သစ်မိသားစု အချွန်ကလေးကို ခေါ်ခြင်း ဖြစ်သည်။
ပေါက်ပန်းဖြူ ခုနှစ်ရွက်ကို ဘယ်လက်ဖြင့် ဆုတ်ခိုင်းထားစေခြင်းဖြင့် မွေးရဖွားရလွယ်သည်ဟု အယူရှိ ကြသည်။ ဆီးမီးတောက်ဥဖြင့် ဗိုက်ကို ညာရစ် ကိုးရစ် ရစ်ပေးသည်။ မွေးဖွားပြီးလျှင် ဘယ်ရစ် ကိုးရစ် ရစ်ကာ ပြန်ဖြေရသည်ဆိုပါ၏။
တချို့ မီးဖွားရခက်သူ အမျိုးသမီးများကို လင်ယောကျ်ား၏ လက်ဆေး ရေ၊ ခြေဆေးရေ အသောက်ခိုင်းကြသည်လည်း ရှိ၏။
၀မ်းကိုက်ချင် သလိုလို၊ ၀မ်းရစ်ချင်သလိုလို ဖြစ်လာလျှင် ထား၀ယ်မှိုင်းရွက် သုတ်စားကြသည်။ ချောင်းဆိုး ပြန်တော့ လျက်ဆားနှင့် ကွမ်းရွက်ပြုတ်ရည် သောက်ကြသည်။ နှာချေ၊ နှာပိတ်တော့ ကင်ပွန်းသီး ကို မီးအုံ၊ နံသာဖြူ နှင့် ရောသွေးကာရသည့် အနှစ်တွေကို နဖူးမှစ၍ နှာခေါင်းက လျှောက်ဆွဲချကြသည်။
နားအူ၊ နားကိုက်လျှင် ကြောင်လျှာသီးသုတ်စားကြသည်။ သန်ကောင်ထိုးလို့ အော်နေရတော့ အဝေရာစေ့ ကို စားကြပါ၏။ ခေါင်းအုံဇက်လေးသော် စလောင်းဖုံးထဲ မီးကျီးခဲထည့် အပေါ်က နနွင်းတက်အုံ၊ အူထ လာသော နနွင်းမှိုင်းကို အားရပါးရ ရှုကြသည်။ ခလုတ်တိုက်၊ ဓားရှ ဒဏ်ရာ လောက်ကိုတော့ ဖုတ်သိပ်တာ နှင့် ပျောက်၏။
ယောကျ်ားများ ညောင်းညာကိုက်ခဲလျှင် ရွဲယိုရွက်နှင့် ရုံးပတီးသီးကြော် စားကြသည်။ ငါးရှဥ့် နှင့် ဂွေးသီး ချက်စားကြသည်။ မိန်းမသားများ သဘာ၀ ကိုက်ခဲလျှင်တော့ ထန်းလျက်ခုနစ်လုံး၊ ချင်းခုနှစ်လွှာ၊ စပယ်ခုနှစ်ရွက် ရောကျိုကာ သောက်ကြရုံ သာ။ ၀မ်းဖော၀မ်းယောင် ဖြစ်လျှင် လယ်ပတူရွက်၊ ကနဖော့ရွက်ပြုတ်တို့စားလျှင် ပျောက်ပြီ။
ဒါတွေ စုံစေ့အောင် ရေးပြရလျှင် ကုန်ဖွယ်မရှိ။ ဆရာလွတ်ဆေးနည်းတွေဆိုတော့ ဝေးဝေးသွားရှာ စရာ မလိုပါ။ သူ့စည်းရိုး ကိုယ့်စည်းရိုးပေါက်နေတာကို ခူးပြီးစားကြခြင်းဖြစ်၏။
သည်ကြားထဲက မပျောက်လျှင် ရိုးရာများလားအေလို့ အကြံပေးကြတာတွေ ရှိလာတော့သည်။ ငါးရိုးမျက်၊ ခွေးကိုက်၊ ကင်းကိုက်၊ မြွေကိုက်၊ စုန်းကိုက်၊ နတ်ကိုက် ဆိုတာတွေကိုလည်း ကုသနိုင်သူတွေ ရွာတိုင်းမှာရှိ သည်။ ကွမ်းမန်း၊ ထုံးမန်း၊ နနွင်းမန်း၊ ဆီမန်း၊ ရေမန်း၊ သဲမန်း၊ ဆန်မန်း မေတ္တာရိမန်းမှုတ်ပေးကြသူ တွေရှိသည်။ ဆေးလိပ်နှစ်လိပ် လက်ဖက်တစ်ပွဲ နှင့် ကန်တော့ရုံ။
"ဥုံ ... ဒင်ကျီးပက်လက် ငါးရိုးမျက် ... ထွက်ဆရာထွက် သက်ဆရာသက် ... ကြေဆရာကြေ ... ပြေဆရာပြေ ...ကျဆရာကျ ... "
သည်ဂါထာကို ၃၇ အုပ်မန်း၍သောက် အရိုးကျ၏။ အိမ်တံစက်မြိတ်ကို ရေလက်ပြန်ပက်လျှင်လည်း ငါးအရိုး ကျသည် ဆိုပါ၏။
ကျွန်မတို့ရွာမှာတော့ ဘကြီးမုန်းဆီ ပြေးကြတာများပါသည်။ ဘကြီးမုန်းက သီလမြဲသူ ဆိုတော့ မန်းရုံနှင့် ပျောက်ကင်းမြဲဟု ယုံကြည်ကြပါသည်။ ယုံကြည်ခြင်းသည်ပင် ခွန်အားဖြစ်ရပုံ ပေါ်ပါသည်။
ဘကြီးမုန်းမရှိတော့ သည်အမွေကို အိမ်နီးချင်း ဘဒွေးသောင်က ဆက်ခံလေ၏။ ဘဒွေးသောင် က ငါးရိုးမျက် မန်းပေးရတာကိုပင် သူ့ိကိုယ်သူ သမားတော်ကြီးပုံ ဖမ်းတတ်လို့ ရွာက မလွှဲသာမှ သွားလေ့ရှိ၏။
"ဟဲ့ ... မိသေး၊ ညည်းသားလေး ခွေးကိုက်လို့ဆို ဘသောင်ဆီသွားလိုက်၊ ဘသောင် မန်းတတ် သယ်၊ ဘကြီးမုန်းလက်ကျတော့ မီပါရဲ့အေ၊ ဂိုက်ဆိုက် မကြိုက်သာ"
တစ်ဖက်က ဆေးဆရာဆီလွှတ်၊ တစ်ဖက်ကလည်း ဆေးဆရာကိုေ၀ဖန်။ ဘဒွေးသောင်က ဘကြီးမုန်းနှင့် သားလည်းမတော် တူလည်းမစပ်။ အိမ်နီးချင်းဆိုတော့ ဘကြီးမုန်း၏ ဂါထာ မန္တရား တွေကို ကြားရဖန်များလို့ အလွတ်ရလိုက်သူ ဖြစ်သည်။
သည်လိုနှင့် ကျွန်မတို့ရွာတွေမှာ သမား နောက် ပါသွားသည့် ပညာရယ် လို့မရှိ။ ဘယ်တုံးကမှလည်း မတိမ်ကောခဲ့။ အခုထိလည်း ရှိနေပါသေးသည်။ ခေါင်းကိုက်မန်း၊ အကြောထုံး မန်း၊ ရေယုံမန်း၊ သက်တန့်နာမန်းကအစ အဆိပ် ချ၊ အပင်းချချင်တော့လည်း ဂါထာဆရာ တွေရှိပါသည်။ ဘယ်ရွာမှာတော့ ဘယ်ဆရာကောင်းသတဲ့ ဆိုလျှင် လှေတစ်တန်၊ လှည်းတစ်တန် သွားကြသူ တွေ ဖြစ်ပါ၏။
ရွာကအိမ်တွေမှာ မရှိမဖြစ် လက်သုံးဆေးနှစ်လက် ရှိရပါသည်။ လျက်ဆားနှင့် ပရုတ်ဆီဖြစ်၏။ ချောင်းဆိုး၊ ချွဲကြပ်လျှင်လည်း လျက်ဆား၊ လေနာ ၀မ်းနာလည်း လျက်ဆား၊ အစားမကြေ ရင်ပြည့်ရင်ကယ်လည်း လျက်ဆား၊ လျက်ဆားရှိလျှင် ခေါင်းမခဲကြတော့ အမြဲဆောင်ထားတတ်ကြ ပါသည်။
အမူးအမော် အကြောတင် အကြောတက် ကိုက်ချင်ခဲချင်ကလေး ဖြစ်လာလျှင်တော့ ပရုတ်ဆီတကော်ကော်ကာ ဇက်လူး၊ နားထင်ပွတ်၊ အနံ့ကလေးရောက်အောင် ပြင်းပြင်းရှုလိုက် ကြရုံသာ။ သည်ဆေးနှစ်လက်မှာမှ သုံးနေကျ လက်သုံးတံဆိပ်ဆိုပါမှ ဆေးတိုးသည်ထင်ကြ၏။
လျက်ဆားဆို ဘယ်တံဆိပ်မှ၊ ပရုတ်ဆီဆို ကျားဘမ်းပရုတ်ဆီဗူးနီအ၀ိုင်းကလေးမှ စသည်ဖြင့် အစွဲနှင့် သုံးကြလေ့ရှိသည်။ ရွာက ကျွန်မ ဘကြီး၊ ကျွန်မ ကြီးတော်များအတွက် ဆေးလူကြုံပါးရ တိုင်း သည်နှစ်မျိုးကို မပါပါအောင် ပို့ရသည်။ သုံးနေကျ မဟုတ်သော အခြားတံဆိပ်ကို လုံးလုံး လက်မခံကြ။ တံဆိပ်ပြောင်းချင်လို့မခံ။ အထုပ်ဟောင်းနှင့် တိုက်ကြည့်လို့ သံသယဖြစ်လျှင် လက်မခံကြဘဲ ညည်းတို့ ပို့ လိုက်တာ အတုပါအေလို့ ဆိုတတ်ကြပါသည်။
တခါက ကျွန်မတို့မိသားစု ရွာပြန်တော့ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းများအပြင် စားနေ ကျ ဆေးများပါသည့် ဆေးအိတ်ကလေးပါ ကျွန်မ သယ်သွားခဲ့ရသည်။ ခင်ပွန်းသည်အတွက် သွေး ကျေဆေး၊ ဆီးချိုကျဆေး၊ သမီးအတွက် အားဆေးအပြင် အခြားခရီးသွား လိုရမယ်ရဆေး အမယ် တွေ စုကာ ထည့်လာခဲ့ခြင်း ဖြစ်သည်။
ဆေးကို အလုပ်တစ်ခုလုပ်ပြီး အချိန်နှင့် သောက်နေကြတာ ကို ကြီးတော်က အံ့သြနေပါသည်။ ညဘက်မှာဆေးသောက်ဖို့ ဆေးအိတ်ကို ဖွင့်တော့ ကြီးတော်က မအောင့်နိုင်တော့။
ဆေးမြီးတို
ခင်ခင်ထူး
ကျွန်မ မှတ်မိသရွေ့ မိဘများနှင့် နေခဲ့ရစဉ်တစ်လျှောက်လုံး ဆေးရယ် ဝါးရယ် လိုချင်ပြီဆိုလျှင် ဘုရားစင် အောက် က ကြွက်လျှောက်တန်း မှာ ရှာခဲ့ရသည်။
ကြွက်လျှောက်တန်းမှာ မြန်မာဆေး တွေပုလင်းနှင့် လည်းရှိ၏ စက္ကူထုပ်နှင့်လည်း ရှိ၏။ ကြွပ်ကြွပ်အိတ်နှင့်လည်း ရှိ၏။
ဆေးကို မှတ်မိသော်လည်း ဘယ်တုန်း က ဘယ်လို ရောက်နေသည့် ဆေးဆိုတာတော့ ဘယ်သူမှလည်း မပြောနိုင်ပါ။
ဆေးမြစ်တွေကလည်း သည် ကြွက်လျှောက်ပေါ်မှာရှိသည်။ သရင်းကြီးမြစ်၊ ညော်ခံမြစ်၊ ဝံအူမြစ်၊ တောရှောက်မြစ်၊ သနပ်ခါးမြစ်၊ သီးမြစ် စသည်ဖြင့် ။ နံ့သာဖြူ၊ နံ့သာနီ၊ ဇောင်ချမ်းနက်။
အမေ ကတော့ မှတ်မိတာများပါသည်။ မသေချာ လျှင် သွေးပြီးနမ်းလိုက်လျှင် သေချာပြီ။ သည်ဆေးမြစ်တွေကို တစ်ရွာလုံး က သုံးကြခြင်းဖြစ်သည်။ ဘယ်သူ့ အိမ် မှာ ဘယ်ဆေးမြစ်ရှိသတဲ့ဆိုတာလည်း တစ်ရွာလုံးက သိကြတော့ အချင်းချင်း အလဲအဖယ် ရှိကြ ပါသည်။
”မမြတင်ရေ ဖိုး၀င်းတောင်က ဆေးမြစ်စုံ ၀ယ်လာသယ်ဆိုလို့ ဇောင်ချမ်းနက်များ ပါသလားလို့”
”ပါလိုက်သာမှအေ ဆေးမြစ်စုံပါဆိုမှ ညည်းတို့က ရောဂါလေးဖြစ်မှ ဆေးမြစ်စုံ ဘယ်သူ့အိမ်ရှိသယ်၊ သန်းကောင် စာရင်း ကောက်သာကိုးအေ့။ ကိုယ်ကလေး မအေပဲ ဆေးရယ်ဝါးရယ် ၀ယ်ထားမယ်မရှိဘူး ရော့ ... ဟောသဟာ ဇောင်ချမ်းမြစ် မှတ်မှတ်ရရ ပြန်ပို့ပါအေ၊ ညည်းလိုလို သဲ့လူပေးရသာပေါ့"
အမေက အားရအောင် ဆူငေါက်ပြီးမှ ပေးလေ့ရှိပါသည်။ ကျွန်မတို့ အိမ်ကြွက်လျှောက်တန်းပေါ်မှာ ရှိနေသည့် ဖုန်အလူးလူး ဆေးများဖြင့် ကျွန်မတို့ လူလားမြောက်ခဲ့ရသည်ဆိုလျှင် ဟုတ်ရဲ့လားလို့ မေးစရာ ရှိနိုင်ပါ၏။
တကယ်ပါ။ ကျွန်မတို့ ငယ်ဘ၀တစ်လျှောက်လုံး ချကဆေး၊ စားဆေး၊ ရင်လူးဆေး၊ ညှော်ခံဆေး၊ မန်းဆေး၊ ငန်းဆေး၊ ချွေးထုတ်ဆေးများနှင့် ကြီးခဲ့ရတာ အမှန်ပင်။ မိဘတွေက တောသူ တောင်သား တွေ ဆိုတော့ သူတို့ကိုယ်တိုင်က လက်တစ်ကမ်းမှာ ရနိုင်သည့် တိုင်းရင်းဆေးများကို အားကိုးခဲ့ကြတာ မဟုတ်လား။
ကိုယ့်အိမ်ကိုယ့်ရာနှင့် ဖြစ်လာတော့ ကျွန်မတို့သားအမိ သားအဖသုံးယောက် အိမ်ထောင့်မှာ ဆေးဝါး တွေက လိုတာထက် ပိုများနေပါသည်။
ခေတ်ပေါ်ဆေးဝါးများမှာ အမယ်များလာသ လောက် အာနိသင် ကလည်း ကောင်းကြသည့်အတွက် ၀ယ်ယူ မှီ၀ဲနေရတာတွေကလည်း များလာ ပါသည်။
ဆေးတွေကို စနစ်တကျ ထားနိုင်ရန် လက်သမားဆရာကို ဆေးပုံးကလေး အရိုက်ခိုင်း ရပါ၏။ ဆေးပုံးကလေးကို သင်္ဘောဆေးအဖြူသုတ်၍ နံရံမှာ ကပ်ထားပြီး အကန့်လေးကန့် ပါပါသည်။
အကန့်လေးကန့်စလုံးမှာ ဆေးတွေ က အပြည့်။ အင်္ဂလိပ်ဆေးတွေချည်းတော့ မဟုတ်ပါ။ တိုင်းရင်း ဆေးတွေက အကန့် နှစ်ကန့် ပါပါသည်။
ကျွန်မတို့ ကိုယ်တိုင်၀ယ်သုံးသည်လည်းရှိ၊ မိတ်ဆွေများက ကောင်းနိုးရာရာ ဆေးကုသိုလ်ဖြစ် လက်ဆောင် ပေးကြသည်လည်း ရှိပါသည်။
အင်္ဂလိပ်ဆေးကတော့ ဆရာ၀န်များညွှန်သည့် ဆေးကိုပဲ သုံးတာဆိုတော့ တစ်စုံတစ်ရာ ရောဂါဖြစ် ပါမှ ဆေးပုံးထဲ ထည့်ရတာမျိုး ဖြစ်သည်။
အရက်ပျံလို၊ ဂွမ်းလိပ်လို၊ လိမ်းဆေးလို၊ ဓာတ်ဆားလို အမယ် တွေလည်း ပါပါ၏။ မြန်မာဆေးတွေထဲက လျက်ဆား၊ ရင်လူးဆေး၊ ရှူဆေး၊ မန်းဆေး၊ လေနိုင်ဆေး၊ လျှာပွတ်ဆေး၊ ဆေးတို့ပတ်ကြီး၊ သွေးဆေး စသည့် အလွယ်သုံး အိမ်သုံးဆေးများ လည်း မရှိလို့ မဖြစ်ပါ။
သည်ဆေးပုံး ကလေးကို တစ်လတစ်ခါဆိုသလို ကျွန်မ သန့်ရှင်းဖြစ်ပါသည်။ ရက်လွန်နေသော၊ သိပ်ဟောင်းလွန်း နေသော ဆေးများကို ဖယ်ရှားရသည်။ သည်လို သန့်ရှင်းရေး ၀င်သည့်အခါတိုင်း ရွာမှာ သုံးခဲ့ ရသည့် ဆေးမြီးတိုတွေကို ကျွန်မ သတိရမိပါသည်။ ရွာတွေဆို တော့ လက်တစ်ကမ်းမှာ ဆေးကောင်း ဝါးကောင်း ရနိုင်ဖို့မလွယ်။ ပျောက်သော်ရှိ ဆေးမြီးတို ဆေးမြီးရှည်တွေကိုသာ အားကိုးကြရသည်။
မြင်းခြံနယ် ဆီမီးခုံတစ်၀ိုက်က ရွာတွေဆိုတော့ အရေးရယ်ကြုံလျှင် မြင်းခြံမြို့ကို ပြေးကြရသည်။ တော်ရုံ တန်ရုံ ရောဂါလောက်ကတော့ ရွာမှာတင်ကုကြရ၏။ တစ်ခါတစ်ရံမှာတော့ စက်ဘီးတစ်စီး ဖြင့် ရွာစဉ် လှည့်တတ်သော ဆေးဆရာ (ကျွန်ကတို့ရွာတွေကတော့ ကျောက်ထိုးဆရာ ခေါ်ကြ ပါသည်) ကို အားကိုး ကြရသည်။
တော်ရုံတန်ရုံလောက်တော့ လက်လှမ်းမီရာ ဆေးမြီးတိုဖြင့် ပြီးလိုက်ကြတာ များပါသည်။ ဆေးမြီးတို ဆိုသော်လည်း အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော ရိုးရာအမွေလို ထိန်းသိမ်း ထားကြပါ၏။
"ဟဲ့ ... မျက်စိနာသာများအေ၊ ညည်းတို့ခဲယဉ်းနေ၊ ကင်ပွန်းရွက် သတ္တုရည်ကလေးညှစ်ပြီး ကြေးပြား တစ်ပြားစိမ်ပြီး ခတ်လိုက်စမ်းပါလား၊ နင်နေရင် ငါသွားမယ်ပဲ မိုးလင်းလို့ မပျောက်တော့
ငါ့ပြော..."
သည်လို တစ်ယောက်ယောက်က သွားရင်းလာရင်း ဆေးနည်းပေးသည်နှင့် စမ်းသပ်ရန် အဆင် သင့်ဖြစ်ကြပါပြီ။
မျက်စိနာ၊ မျက်စိကျိန်း ကုဆေးနည်းတွေကလည်း များလှပါ၏။ ရွာခရိုးမှာ ပေါက် နေသော ရေသကျည်းရွက် ကို ပွတ်ချေကာ အရည်ကို ခတ်ကြတာလည်း ရှိသည်။ နုနယ်လှသော မျက်လုံးများအတွက် ထွန့်ထွန့်လူး အောင် ခံစားကြရသည်။ သဘာ၀အားဖြင့် ပျောက်သွားတော့ လည်း အားကိုးရာ ဖြစ်ရ တော့သည်။
Myanmar Environmental Education Team
မှ Green Skills for Youth Online Training (Batch 6) ကို ၂၀၂၆၊ဇူလိုင်လ၊၄ ရက်၊ စနေနေ့တွင် စတင်ဖွင့်လှစ်ပါမည်။
သင်တန်းတွင်ဆွေးနွေးမည့်အကြောင်းအရာများ
1 . Why are Green Skills important for Myanmar Youth
2 . Current Global and Local Environmental Issues
3 . Understanding Sustainable Development Goals
4 . Climate Change Mitigation and Adaptation
5. Sustainable Forest Management
6 . Sustainable Agriculture
7 . Renewable Energy and Energy Efficiency
8 . Waste Management and Circular Economy
9. Climate Action Plan
သင်တန်းတက်ရောက်မည့်သူများသည် အသက် ၁၈နှစ် နှင့် အထက်၊ အခြေခံပညာအထက်တန်း(၁၀တန်း/၁၂တန်း) အောင်ထားပြီးသူများဖြစ်ရပါမည်။
သင်ကြားချိန် - ၁ရက်(၂နာရီ) × ၁၀ ရက် = နာရီ ၂၀
သင်တန်းရက် - စနေ/တနင်္ဂနွေနေ့တိုင်း
သင်တန်းအချိန် - ည ၇း၀၀ မှ ၉း၀၀ နာရီ
သင်တန်းကြေး - ၆၀,၀၀၀ ကျပ်
သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၂၀၂၆၊ဇူလိုင်လ၊၄ ရက်၊ စနေနေ့
သင်တန်းပြီးဆုံးမည့်ရက် - ၂၀၂၆၊ ဩဂုတ်လ၊ ၂ ရက်၊ တနင်္ဂနွေနေ့
သင်တန်းကြေးပေးသွင်းပြီးပါက သင်တန်းသားများအတွက် Google form နှင့် Telegram group link ကို Myanmar Environmental Education Team FB page ၏ messenger မှ ပို့ပေးပါမည်။
#သင်တန်းကြေးပေးသွင်းရန်-
Kpay : 09429323946 (Su Hlaing Hnin)
Note တွင် GSY fee ဟု ရေးပေးပြီး
ငွေလွှဲပြီးပါက Myanmar Environmental Education Team fb page messenger သို့ screenshot ပို့ပေးရပါမည်။
#သင်တန်းဆရာကိုယ်ရေးအကျဥ်း
U Sithu Lwin
(Founder and Environmental Educator, Myanmar Environmental Education Team)
B.Sc(Forestry) University of Forestry and Environmental Science, Yezin , 1992
Professional Experience
Forest Officer
Forest Department, Kyaukphyu Township (1992 to 1995)
Managed forestry operations and conservation efforts.
Supervised reforestation and natural resource management activities.
Forestry Specialist
UNDP/FAO/MYA/008 Project, Bogale Township (1996 to 1998)
Focused on mangrove rehabilitation and sustainable forest management.
Provided technical guidance and capacity-building programs for local communities.
Forestry Specialist
Forest Resources and Environment Development Association (FREDA) (1998 to 2000)
Conducted field research and implemented community-based forestry projects.
Supported environmental policy development and conservation programs.
Freelance Environmental Educator
Self-Employed (2008 to Present)
Actively conducted environmental education programs for primary school students across Ayeyarwady and Yangon regions as a volunteer educator.
Served as a resource person and service provider for environmental education activities under UNDP/Early Recovery Program, Lutheran World Federation INGO, and UNDP/Inle Lake Conservation and Rehabilitation Project.
Worked with organizations such as UNICEF, Action Aid Myanmar, and World Vision, implementing environmental education initiatives in project areas across Myanmar.
Authored environmental conservation articles under the pen name "Ko Yin Hla" for newspapers, journals, and magazines since September 2008. Published a collection of environmental articles and an educational book for students on environmental conservation.
Delivered environmental conservation speeches alongside prominent authors at literary talks nationwide since 2012.
Led "Proper Waste Disposal and Waste Reduction" educational campaigns for schools in the Yangon Region in collaboration with the Yangon City Development Committee (YCDC) and the Department of Basic Education (2018–2020).
(မှတ်ချက်- GSY သင်တန်းသားဟောင်းများအားလုံး သင်တန်းကြေး(၃၀,၀၀၀ ကျပ်) ဖြင့် ပြန်လည်တက်ရောက်နိုင်ပါသည်။)
📌 ၂၀၂၆ ခုနှစ်ကုန်ပိုင်း ဆောင်းရာသီနှင့် ၂၀၂၇ ခုနှစ် နွေဦးရာသီများတွင် ပျမ်းမျှထက် အပူချိန် သိသိသာသာပိုမိုမြင့်မားကာ ရေအကျပ်အတည်းနှင့် စိုက်ပျိုးရေ၊ သောက်သုံးရေရှားပါးမှနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်သည်။
📌 (MJO) သည် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှဒေသပေါ်တွင် အားပျော့နေသဖြင့် ဇွန်လကုန်နှင့် ဇူလိုင်လဆန်းပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် အပူပိုင်းမုန်တိုင်းကြီးများ ဖြစ်ပွားနိုင်ခြေ နည်းပါးနေဦးမည်။
📌 ပစိဖိတ်မုန်တိုင်းများသည် ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ လေပွေလှိုင်းများအဖြစ် ဝင်ရောက်လာပြီး အချိန်အခါမဟုတ်-မိုးသည်းထန်စွာရွာသွန်းခြင်းဖြစ်စဉ်များ သွယ်ဝိုက်၍ သက်ရောက်နိုင်သည်။
U Win Naing(MMWeather)
NOAA ရာသီဥတုခန့်မှန်းရေးစင်တာ (CPC) ၏ ၂၀၂၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ထုတ် MJO phase, ENSO evolution နှင့် Global Tropics Hazards (GTH) Outlook နောက်ဆုံးရအစီရင်ခံစာများအရ ဖြစ်ပေါ်လျက်ရှိသော ရာသီဥတုဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးရာသီ၊ ဆောင်းရာသီနှင့် ရာသီဥတုအကူးအပြောင်းကာလများအပေါ် သက်ရောက်နိုင်ခြေရှိသည့် အခြေအနေများ -
၁။ မိုးရာသီအခြေအနေနှင့် မုတ်သုံလေအလားအလာ (၂၀၂၆ ခုနှစ်၊ ရာသီဦး/ရာသီလယ်)
မုတ်သုံကနဦးအစ အားနည်းခြင်း - အစီရင်ခံစာအရ အိန္ဒိယသမုဒ္ဒရာအီကွေတာဇုန်နှင့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း (မြန်မာနိုင်ငံတည်ရှိရာ ဘင်္ဂလားပင်လယ်အော်အပါအဝင်) ဒေသအများစုတွင် မိုးတိမ်ဖြစ်ထွန်းမှု အားနည်းသည့်အခြေအနေ (Suppressed Convection) များ လွှမ်းမိုးနေသဖြင့် အိန္ဒိယမုတ်သုံရာသီအစတွင် ကောင်းမွန်မှုမရှိဘဲ အားနည်းနေကြောင်း (Poor start to the Indian monsoon) ဖော်ပြထားသည်။
မိုးရွာသွန်းမှု လျော့နည်းနိုင်ခြေ - GTH Outlook ၏ မိုးလေဝသခန့်မှန်းချက်မြေပုံ (ဇွန် ၂၄ မှ ဇူလိုင် ၇ ရက်အထိ) အရ အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှကျွန်းစု (Maritime Continent) ဒေသများတွင် ပျမ်းမျှထက် မိုးရွာသွန်းမှု လျော့နည်းနိုင်ခြေ (Below-average rainfall) ဆက်လက်ရှိနေဦးမည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း မိုးရာသီကာလအတွင်း မိုးအားနည်းခြင်း သို့မဟုတ် မိုးပြတ်ခြင်း (Monsoon Breaks) ဖြစ်စဉ်များကို ကြုံတွေ့ရနိုင်ပါသည်။
၂။ အယ်လ်နီညို (El Niño) ၏ ရေရှည်သက်ရောက်မှုအလားအလာ (၂၀၂၆-၂၀၂၇)
အားကောင်းသောအယ်လ်နီညိုဖြစ်ပေါ်လာနိုင်ခြေ - လက်ရှိတွင် အယ်လ်နီညိုအခြေအနေ စတင်နေပြီဖြစ်ကြောင်း Advisory ထုတ်ပြန်ထားပြီး၊ ဤဖြစ်စဉ်သည် ဆက်လက်အားကောင်းလာကာ ၂၀၂၆-၂၀၂၇ ခုနှစ် မြောက်ကမ္ဘာခြမ်းဆောင်းရာသီ (နိုဝင်ဘာ ၂၀၂၆ - ဇန်နဝါရီ ၂၀၂၇) တွင် အလွန်အားကောင်းသောအဆင့် (Very Strong El Niño) သို့ ရောက်ရှိရန် ၆၃% အထိ သေချာမှုရှိနေပါသည်။
အပူချိန်မြင့်မားခြင်းနှင့် ရေအခက်အခဲ - အလွန်အားကောင်းသော အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးနှောင်းကာလ (စက်တင်ဘာ-အောက်တိုဘာ) တွင် မိုးရွာသွန်းမှု စောစီးစွာပြတ်စဲသွားနိုင်ပြီး၊ ၂၀၂၆ ခုနှစ်ကုန်ပိုင်း ဆောင်းရာသီနှင့် ၂၀၂၇ ခုနှစ် နွေဦးရာသီများတွင် ပျမ်းမျှထက် အပူချိန် သိသိသာသာပိုမိုမြင့်မားကာ ရေအကျပ်အတည်းနှင့် စိုက်ပျိုးရေ၊ သောက်သုံးရေရှားပါးနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ပါသည်။
၃။ ရာသီတွင်းလေထုလှုပ်ရှားမှု (MJO) နှင့် မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ
အိန္ဒိယသမုဒ္ဒရာတွင် မုန်တိုင်းဖြစ်နိုင်ခြေနည်းပါးခြင်း - လက်ရှိအချိန်တွင် အယ်လ်နီညို၏ သက်ရောက်မှုကြောင့် လေထုလှုပ်ရှားမှုအခြေအနေ (MJO) သည် အိန္ဒိယသမုဒ္ဒရာနှင့် အရှေ့တောင်အာရှဒေသပေါ်တွင် အားပျော့ပျက်ပြယ်သွားသည့်ဖြစ်စဉ် (Destructive Interference) ဖြစ်ပွားနေသည်။ ထို့ကြောင့် ဇွန်လကုန်နှင့် ဇူလိုင်လဆန်းပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်တွင် အပူပိုင်းမုန်တိုင်းကြီးများ ဖြစ်ပွားနိုင်ခြေ နည်းပါးနေဦးမည်ဖြစ်ပါသည်။
ပစိဖိတ်မုန်တိုင်းများ၏ သွယ်ဝိုက်သက်ရောက်မှု - အစီရင်ခံစာအရ ဇူလိုင်လဆန်းပိုင်းတွင် MJO phase သည် ပစိဖိတ်သမုဒ္ဒရာဘက်၌ ပြန်လည်အားကောင်းလာမည်ဖြစ်ရာ ပစိဖိတ်အနောက်ပိုင်း (တောင်တရုတ်ပင်လယ်) တွင် အပူပိုင်းမုန်တိုင်းဖြစ်ပွားနိုင်ခြေ ၄၀% မှ ၆၀% အထိ မြင့်တက်လာနိုင်သည်။ ၎င်းပစိဖိတ်မုန်တိုင်းများသည် ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ လေပွေလှိုင်းများအဖြစ် ဝင်ရောက်လာပြီး အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်းမျိုး သွယ်ဝိုက်၍ သက်ရောက်နိုင်ပါသည်။
💡 သုံးသပ်ချက်အကျဉ်းချုပ် - ဖြစ်ပေါ်နေသော ရာသီဥတုညွှန်းကိန်းများအရ မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် မိုးရာသီကာလအတွင်း ပျမ်းမျှထက်မိုးနည်းခြင်းနှင့် မုတ်သုံလေအားပျော့ခြင်းကို ဦးစွာရင်ဆိုင်ရနိုင်ပြီး၊ ဆောင်းရာသီနှင့် ၂၀၂၇ ရာသီအကူးအပြောင်းတွင် အလွန်အားကောင်းလာမည့် အယ်လ်နီညို၏ဒဏ်ကြောင့် အပူဒဏ်ပိုမိုပြင်းထန်ခြင်းနှင့် ခြောက်သွေ့ခြင်းဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်၍ပေါ်ပေါက်လာနိုင်သဖြင့် စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုကဏ္ဍများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်မည်ဖြစ်ပါသည်။
📌 မိုးတိမ်ဖြစ်ထွန်းမှု အားနည်းသည့်အခြေအနေ (Suppressed Convection) များ လွှမ်းမိုးနေသဖြင့် အိန္ဒိယမုတ်သုံရာသီအစတွင် ကောင်းမွန်မှုမရှိဘဲ အားနည်းနေသည် - (Poor start to the Indian monsoon)
📌 မြန်မာနိုင်ငံတွင်လည်း မိုးရာသီကာလအတွင်း မိုးအားနည်းခြင်း သို့မဟုတ် မိုးပြတ်ခြင်း (Monsoon Breaks) ဖြစ်စဉ်များကို ကြုံတွေ့ရနိုင်သည်။
📌 အယ်လ်နီညို (El Niño) ဆက်လက်အားကောင်းလာကာ ၂၀၂၆-၂၀၂၇ ခုနှစ် မြောက်ကမ္ဘာခြမ်းဆောင်းရာသီ (နိုဝင်ဘာ ၂၀၂၆ - ဇန်နဝါရီ ၂၀၂၇) တွင် အလွန်အားကောင်းသောအဆင့် (Very Strong El Niño) သို့ ရောက်ရှိရန် ၆၃% အထိ သေချာမှုရှိနေသည်။
Collaboration 💚 to 💚
🙏🌱🙏
ကျမတို့ 𝐄𝐜𝐨𝐄𝐝𝐮 𝐇𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐞𝐚𝐦 အနေဖြင့် ကလေးများအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာခြင်းများကို နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာ ပညာရှင်များ၊ မိတ်ဖက်ကျောင်းများ ဖြင့််လည်း လက်တွဲ လုပ်ဆောင်လျှက်ရှိရာ....
ယခုထပ်မံပြီး ကျမတို့နဲ့ မိတ်ဖက် အဖွဲ့အစည်း အဖြစ်လည်းကောင်း၊ ကလေးများအတွက် သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာများတွင် Consultation Partner အဖြစ် Environmental Educator ဆရာကြီး ဦးစည်သူလွင် တည်ထောင်ထားသော Myanmar Environmental Education Team နှင့် အတူလက်တွဲပြီး ကလေးများအတွက် ပိုမိုကျယ်ပြန့်စွာ ရှေ့ဆက်လုပ်ဆောင်သွားကြမည်ဖြစ်ပါကြောင်း
ကျမတို့ 𝐄𝐜𝐨𝐄𝐝𝐮 𝐇𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐞𝐚𝐦 မှ လှိုက်လှဲ ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်ရှင့်။
ရှေ့ဆက်လက်ပြီး...
ကလေးများအတွက် အကျိုးရှိသော အစီအစဉ်ကောင်းလေးများ ကျမတို့ 𝐄𝐜𝐨𝐄𝐝𝐮 𝐇𝐮𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐞𝐚𝐦 နှင့်အတူ ဆက်လက်ပြီး ပူးပေါင်းလုပ်ဆောင်ကြမည်ဟု ယုံကြည်ရင်း ကျေးဇူးတင်ရှိပါတယ်ရှင်... 🤗🌱🤗
#ecoeduhub_myanmar
#MyanmarEnvironmentalEducationTeam
#collaboration
#environmentaleducation
https://www.facebook.com/share/p/1JgsBKeeon/
မြန်မာ့သစ်တောများ ရင်ဆိုင်နေရသော အဓိက ခြိမ်းခြောက်မှုများ
ယခုကဲ့သို့ အရေးကြီးသော်လည်း မြန်မာ့သစ်တောများသည် ပြင်းထန်သော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည် -
တရားမဝင် သစ်ခုတ်ခြင်း - ရေရှည်မတည်တံ့နိုင်သော သစ်ထုတ်လုပ်မှုများသည် တန်ဖိုးရှိသော သစ်တောဂေဟစနစ်များကို ဆက်လက် ပျက်စီးစေလျက်ရှိသည်။
စိုက်ပျိုးရေးတိုးချဲ့ခြင်း - သစ်တောများကို စိုက်ခင်းများနှင့် လယ်ယာမြေများအဖြစ် ပြောင်းလဲခြင်းသည် တိရစ္ဆာန်များ၏ နေထိုင်ရာ အရပ်ဒေသများကို ဆုံးရှုံးစေသည်။
သတ္တုတူးဖော်ရေး လုပ်ငန်းများ - သတ္တုတူးဖော်ခြင်းသည် သစ်တောပြုန်းတီးမှု၊ ရေထုညစ်ညမ်းမှုနှင့် မြေဆီလွှာ ပျက်စီးယိုယွင်းမှုတို့ကို ဖြစ်ပေါ်စေလေ့ရှိသည်။
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး - လမ်းများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားရာနယ်မြေများကို အပိုင်းပိုင်းပြတ်တောက်သွားစေနိုင်သည်။
ရာသီဥတုပြောင်းလဲမှု - အပူချိန်မြင့်မားလာခြင်း၊ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်းနှင့် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များသည် သစ်တောများအပေါ် ပိုမို၍ ဖိစီးမှုဖြစ်စေသည်။
ဤဖိအားများသည် သစ်တောထိန်းသိမ်းရေးလုပ်ငန်းကို ယခင်ကထက် ပိုမိုအရေးကြီးလာစေသည်။
မြန်မာလူငယ်များအားတိုက်တွန်းနှိုးဆော်ခြင်း
ကမ္ဘာ့မိုးသစ်တောများနေ့သည် အသိပညာပေးရန်သာမက လက်တွေ့လုပ်ဆောင်ရန်လည်း ဖြစ်ပါသည်။
လူငယ်များအနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်နိုင်သည် -
လေ့လာပါ -
မြန်မာ့သစ်တောများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို လေ့လာဆန်းစစ်ပါ။
သစ်ပင်စိုက်ပျိုးပြီး ကာကွယ်ပါ -
သစ်တောပြန်လည်တည်ထောင်ရေး စီမံကိန်းများနှင့် လူထုအခြေပြု သစ်တောလုပ်ငန်းများကို ပံ့ပိုးကူညီပါ။
စွန့်ပစ်ပစ္စည်းများကို လျှော့ချပါ -
တာဝန်ယူမှုရှိစွာ စားသုံးပြီး သစ်တောပြုန်းတီးမှုနှင့် ဆက်စပ်နေသော ထုတ်ကုန်များကို ရှောင်ကြဉ်ပါ။
အသိပညာများကို မျှဝေပါ -
လူမှုကွန်ရက်၊ ကျောင်းများနှင့် လူထုလှုပ်ရှားမှုများကို အသုံးပြု၍ သစ်တောထိန်းသိမ်းရေးကို မြှင့်တင်ပါ။
ဒေသခံလူထုကို ပံ့ပိုးပါ -
တိုင်းရင်းသားလူမျိုးများနှင့် ဒေသခံလူထုများသည် သစ်တောများကို အထိရောက်ဆုံး စောင့်ရှောက်သူများဖြစ်ကြောင်း အသိအမှတ်ပြုပါ။
စိမ်းလန်းသောအသက်မွေးဝမ်းကျောင်းလုပ်ငန်းများပေါ်တွင် လျှောက်လှမ်းပါ -
အောက်ပါကဏ္ဍများတွင် ကျွမ်းကျင်မှုများကို ပျိုးထောင်ပါ -
သစ်တောပညာ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဇီဝဗေဒ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးလုပ်ငန်း
ရေရှည်တည်တံ့သော စိုက်ပျိုးရေး
ရာသီဥတု သိပ္ပံ
သဘာဝအခြေခံ ခရီးသွားလုပ်ငန်း
၂၀၂၆ ခုနှစ် ကမ္ဘာ့မိုးသစ်တောများနေ့သည် သစ်တောများသည် လူသားတို့၏ ဘဝနှင့် သီးခြားခွဲထုတ်၍မရကြောင်း သတိပေးနေသည်။
“The Forest Within You” ဟူသော ဆောင်ပုဒ်သည် နက်နဲသော အမှန်တရားတစ်ခုကို မီးမောင်းထိုးပြနေသည်၊ ၎င်းမှာ ကျွန်ုပ်တို့၏ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်း၊ ရာသီဥတု၊ ရေနှင့် အနာဂတ်တို့သည် ကမ္ဘာ့သစ်တောများ၏ ကံကြမ္မာနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်နေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွက် သစ်တောများကို ကာကွယ်စောင့်ရှောက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်သက်သက်မျှ မဟုတ်ပါ။
၎င်းသည် စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်စေသည်၊ စားနပ်ရိက္ခာကိုလုံခြုံစေသည်၊ ရေဖူလုံကြွယ်ဝစေသည်၊ ရာသီဥတုပြောင်းလဲခြင်းကို ဟန့်တားစေသည်၊ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ သစ်တောများသည် သစ်ပင်များ စုစည်းနေခြင်းမျှသာ မဟုတ်ပါ။ ၎င်းတို့သည် လူသားများ၊ တောရိုင်းတိရစ္ဆာန်များ၊ မြစ်ချောင်းများ၊ စိုက်ပျိုးရေးနှင့် နောင်လာနောက်သား မျိုးဆက်များကို ပံ့ပိုးပေးနေသည့် သက်ရှိဂေဟစနစ်ကြီးများ ဖြစ်သည်။
နိုင်ငံ၏ သစ်တောများကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် မိမိကိုယ်ကိုယ်ကို ကာကွယ်ရာ ရောက်ပါသည်။ သစ်တောများသည် လူသားတို့၏ ပတ်ဝန်းကျင်မှာသာ ရှိနေသည်မဟုတ်၊ ကျွန်ုပ်တို့၏ အသက်ဝိဥာဥ်ထဲမှာလည်း ရှိနေပါသည်။
ကိုရင်လှ
Myanmar Environmental Education Team
ကချင်ပြည်နယ်နှင့် ပတ်ဝန်းကျင် တောင်တန်းဒေသများတွင် တည်ရှိပြီး ဤသစ်တောများသည် အရှေ့တောင်အာရှတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံး သစ်တောများဖြစ်သည်။
၂။ တနင်္သာရီ မိုးသစ်တောများ
တနင်္သာရီ သဘာဝဝန်းကျင်ဒေသသည် ဂေဟစနစ်ဆိုင်ရာ အရေးပါမှုကြောင့် ကမ္ဘာက အသိအမှတ်ပြုထားရပြီး အောက်ပါတိရစ္ဆာန်များအတွက် နေထိုင်ကျက်စားရာ ဒေသဖြစ်သည် -
အာရှဆင်များ
ကျားများ
မလေးရှား စာမရီ (Malayan tapirs) မျောက်လွှဲကျော်များ
အောက်ချင်းငှက်များ
၃။ ရခိုင်ရိုးမ သစ်တောများ
ဤသစ်တောများသည် ရေအရင်းအမြစ်များကို ထိန်းညှိပေးပြီး မြေဆီလွှာတိုက်စားမှုကို လျှော့ချပေးကာ ဒေသခံလူထုကို အကျိုးပြုနေသည်။
၄။ ရေဝေရေလဲ သစ်တောများ
ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်း မြစ်ဝှမ်းတစ်လျှောက်ရှိ သစ်တောများသည် လူသန်းပေါင်းများစွာ မှီခိုအားထားနေရသော ရေအရင်းအမြစ်များကို ကာကွယ်ပေးထားသည်။
သစ်တောများနှင့် မြန်မာ့ရေလုံခြုံမှု
လူငယ်အများစုသည် သစ်တောများသည် သဘာဝရေလှောင်ကန်ကြီးများကဲ့သို့ လုပ်ဆောင်ပေးနေသည်ကို သတိမပြုမိကြပေ။
သစ်ပင်များသည် -
မိုးရေကို ဖမ်းယူထိန်းသိမ်းပေးသည်။
မြေအောက်ရေ ပြန်လည်ဖြည့်တင်းမှုကို မြှင့်တင်ပေးသည်။
မြေပေါ်စီးရေကို လျှော့ချပေးသည်။ မြေဆီလွှာ တိုက်စားမှုကို ကာကွယ်ပေးသည်။
နွေရာသီတွင် မြစ်ရေစီးဆင်းမှုကို ထိန်းညှိပေးသည်။
သစ်တောများ မရှိတော့ပါက -
ရေကြီးမှုများ ပိုမိုပြင်းထန်လာမည်။
မိုးခေါင်မှုများ ပိုမိုကြာရှည်လာမည်။
ရေအရည်အသွေး ကျဆင်းလာမည်။
ဤအချက်များသည် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတို့ကြောင့် ရေရှားပါးမှုဒဏ်ကို ခံစားနေရပြီးဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်း ရေဦးရေခြောက်ဇုန် (အညာဒေသ) အတွက် အထူးပင် အရေးကြီးပါသည်။
ကချင်၊ ချင်း၊ ရှမ်း၊ ရခိုင်နှင့် တနင်္သာရီတို့ရှိ သစ်တောများသည် တစ်နိုင်ငံလုံးကို အကျိုးပြုသည့် ဒေသတွင်း မိုးရွာသွန်းမှုပုံစံများနှင့် ရေဝေရေလဲ လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးရန် ကူညီပေးသည်။
သစ်တောများနှင့် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှု
မြန်မာနိုင်ငံသည် ရာသီဥတုနှင့် ဆက်စပ်နေသော အောက်ပါသဘာဝဘေးအန္တရာယ်များကို အလွယ်တကူ ခံစားရနိုင်ခြေ မြင့်မားသော နိုင်ငံများထဲတွင် ပါဝင်သည် -
ဆိုင်ကလုန်းမုန်တိုင်းများ
ရေကြီးခြင်းများ
မိုးခေါင်ခြင်းများ
မြေပြိုခြင်းများ
အပူလှိုင်းဖြတ်ခြင်းများ
ကျန်းမာသန်စွမ်းသော သစ်တောများသည် သဘာဝအတိုင်း ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းပေးနိုင်သော နည်းလမ်းများ (Natural Climate Solutions) အဖြစ် ဆောင်ရွက်ပေးသောကြောင့် ဤဘေးအန္တရာယ်များကို လျှော့ချပေးနိုင်သည်။
သစ်ပင်များသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး ၎င်းတို့၏ ပင်စည်၊ သစ်ကိုင်း၊ သစ်မြစ်နှင့် မြေဆီလွှာများထဲတွင် သိုလှောင်ထားကြသည်။ ထို့ကြောင့် တည်ရှိနေဆဲ သစ်တောများသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် စုန်ကျစရိတ်အသက်သာဆုံး ကိရိယာများထဲမှ တစ်ခုဖြစ်သည်။
မြန်မာ့သစ်တောများကို ကာကွယ်ခြင်းဆိုသည်မှာ -
မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချခြင်း။
ရာသီဥတုဒဏ်ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ခြင်း။
ပြင်းထန်သော ရာသီဥတုဘေးအန္တရာယ်များမှ လူထုကို ကာကွယ်ခြင်း ဖြစ်သည်။
သစ်တောများနှင့် ဇီဝမျိုးစုံမျိုးကွဲများ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ထောင်ပေါင်းများစွာသော အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များ တည်ရှိရာ နေရာဖြစ်သည်။ မြန်မာနိုင်ငံရှိအချို့သော မျိုးစိတ်များကို ကမ္ဘာ့အခြား မည်သည့်နေရာတွင်မှ မတွေ့နိုင်ပါ။
နမူနာအားဖြင့် -
Myanmar Snub-nosed Monkey
Myanmar Roofed Turtle
မြောက်မြားစွာသော ဒေသမျိုးရင်း သစ်ခွများ
ရှားပါးသစ်တောငှက်များနှင့် ကုန်းနေရေနေ သတ္တဝါများ
သစ်တောများသည် ဇီဝမျိုးစုံမျိုးကွဲများအတွက် -
အစားအစာ
ခိုလှုံရာနေရာ
သားပေါက်ရာနေရာ
ရွှေ့ပြောင်းကျက်စားရာ လမ်းကြောင်းများကို ပံ့ပိုးပေးသည်။
သစ်တောများ ခုတ်ထွင်ရှင်းလင်းခံရသောအခါ တောရိုင်းတိရစ္ဆာန်ကောင်ရေသည် လျင်မြန်စွာ ကျဆင်းသွားသည်။
ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းသည် ဂေဟစနစ် တည်ငြိမ်မှုကို အားနည်းစေပြီး လူသားလူ့အဖွဲ့အစည်းကို ပံ့ပိုးပေးနိုင်သည့် သဘာဝတရား၏ စွမ်းဆောင်ရည်ကိုလည်း လျော့နည်းစေသည်။
သစ်တောများနှင့် လူသားတို့၏ ကျန်းမာရေး
“The Forest Within You” ဟူသော ဆောင်ပုဒ်သည် လူသားတို့၏ ကျန်းမာရေးနှင့် အထူးပင် သက်ဆိုင်နေပါသည်။
ဆေးဝါးအများအပြားသည် အပူပိုင်းသစ်တောအပင်များမှ မြစ်ဖျားခံလာခြင်းဖြစ်ပြီး မိုးသစ်တောများကို ကမ္ဘာ့အကြီးဆုံး သဘာဝဆေးဆိုင်ကြီးဟု တင်စားခေါ်ဆိုကြသည်။
ထို့အပြင် သစ်တောများသည် -
လေထုအရည်အသွေးကို မြှင့်တင်ပေးသည်။
အပူဒဏ်ကြောင့် ဖြစ်ရသော စိတ်ဖိစီးမှုကို လျှော့ချပေးသည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာမှုကို ပံ့ပိုးပေးသည်။
အာဟာရပြည့်ဝသော အစားအစာများကို ထောက်ပံ့ပေးသည်။
မြန်မာနိုင်ငံရှိ ကျေးလက်လူထုအတွက် သစ်တောများသည် မျိုးဆက်ပေါင်းများစွာ အသုံးပြုလာခဲ့သည့် ရိုးရာတိုင်းရင်းဆေးဘက်ဝင်အပင်များကို ဆက်လက်ပံ့ပိုးပေးလျက်ရှိသည်။
ကမ္ဘာ့မိုးသစ်တောများနေ့
၂၀၂၆၊ဇွန်လ၊၂၂ ရက်
World Rainforest Day
2026, June 22nd.
“The Forest Within You”
"သင့်အသက်ဝိညာဥ်ထဲက သစ်တော"
၂၀၁၆ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာတဝှမ်းရှိ ပြည်သူများသည် မိုးသစ်တောများ၏ အရေးပါမှုကို သတိပြုမိလာစေရန်နှင့် ယင်းတို့ကို ကာကွယ်စောင့်ရှောက်ရန် လှုံ့ဆော်ပေးရန်အတွက် ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်သည့် ကမ္ဘာ့မိုးသစ်တောများနေ့ (World Rainforest Day) ကို ဆင်နွှဲကြသည်။
၂၀၂၆ ခုနှစ်အတွက် တရားဝင်ဆောင်ပုဒ်မှာ “The Forest Within You” (သင့်အသက်ဝိညာဥ်ထဲက သစ်တော) ဖြစ်ပါသည်။
ဤဆောင်ပုဒ်သည် မိုးသစ်တောများသည် ကမ္ဘာမြေ၏ တခြားတစ်နေရာတွင် သီးခြားတည်ရှိနေသော အလှမ်းဝေးကွာလှသည့် ဂေဟစနစ်များ မဟုတ်ဘဲ ကျွန်ုပ်တို့၏ နေ့စဉ်လူမှုဘဝ၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ရာသီဥတုနှင့် အနာဂတ်တို့နှင့် နက်ရှိုင်းစွာ ဆက်နွှယ်နေကြောင်း အလေးအနက်ဖော်ညွှန်းထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ လူငယ်များအတွက် ဤဆောင်ပုဒ်သည် အထူးပင် အရေးကြီးပါသည်၊ အကြောင်းမှာ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တန်ဖိုးအရှိဆုံး အပူပိုင်းသစ်တောအချို့ တည်ရှိရာနိုင်ငံ ဖြစ်သောကြောင့် ဖြစ်သည်။
နိုင်ငံ၏ အနာဂတ်သာယာဝပြောရေး၊ ရေရေရှည်တည်တံ့မှု (ရေလုံခြုံမှု)၊ ရိက္ခာထုတ်လုပ်မှု၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုတို့သည် သစ်တောများ၏ ကျန်းမာသန်စွမ်းမှုအပေါ်တွင် များစွာမှီခိုနေပါသည်။
“The Forest Within You” ဆိုသည်မှာ အဘယ်နည်း?
၂၀၂၆ ခုနှစ်၏ ဆောင်ပုဒ်သည် ကျွန်ုပ်တို့ကိုယ်တိုင် မိုးသစ်တောထဲတွင် နေထိုင်ခြင်းမရှိစေကာမူ သစ်တောများသည် ကျွန်ုပ်တို့၏ ဘဝအစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေကြောင်း အသိပေးနှိုးဆော်ထားခြင်းသာ ဖြစ်သည်။
ကျွန်ုပ်တို့ ရှူရှိုက်နေသည့် အောက်ဆီဂျင်၊ သောက်သုံးနေသည့် ရေ၊ စားသုံးနေသည့် အစားအစာ၊ အသုံးပြုနေသည့် ဆေးဝါးအများအပြားနှင့် ကျွန်ုပ်တို့ မှီခိုအားထားနေရသည့် တည်ငြိမ်သော ရာသီဥတုစနစ်တို့သည် ကျန်းမာသန်စွမ်းသော သစ်တောများနှင့် အားလုံး ဆက်စပ်နေပါသည်။
"Rainforest Partnership" က ဤဆောင်ပုဒ်ကို မိုးသစ်တောများသည် ကျွန်ုပ်တို့၏ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ရာသီဥတုနှင့် အနာဂတ်တို့တွင် ကိန်းအောင်းတည်ရှိနေကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ဖွင့်ဆိုထားသည်။
မြန်မာလူငယ်များအတွက် "The Forest Within You" ဆိုသည်မှာ အောက်ပါအချက်များကို နားလည်သဘောပေါက်စေခြင်း ဖြစ်သည် -
သစ်တောများသည် စိုက်ပျိုးရေးကို အထောက်အကူပြုသည့် မိုးရေချိန်ကို ထိန်းညှိပေးသည်။
သစ်တောများသည် ရေကြီးရေလျှံမှုနှင့် မိုးခေါင်ရေရှားမှုများကို လျှော့ချပေးသည်။
သစ်တောများသည် အစားအစာ၊ ထင်းလောင်စာ၊ ဆေးဝါးများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပံ့ပိုးပေးသည်။
သစ်တောများသည် မြန်မာနိုင်ငံ၏ သီးခြားထူးခြားသော တောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထောက်ပံ့ပေးသည်။
သစ်တောများသည် ကာဗွန်များကို သိုလှောင်ပေးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကို နှေးကွေးစေသည်။
သစ်တောများ ပျက်စီးဆုံးရှုံးသွားသောအခါ လူသားများသည် ယင်း၏ ဆိုးကျိုးများကို ခံစားကြရမည်ဖြစ်သည်။
မိုးသစ်တောများသည် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် အဘယ်ကြောင့် အရေးကြီးသနည်း။
မိုးသစ်တောများသည် ကမ္ဘာ့မြေမျက်နှာပြင်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုတွင်သာ တည်ရှိသော်လည်း၊ ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ၏ ထူးကဲများပြားလှသော ပမာဏကို ထိန်းသိမ်းထားပြီး ရာသီဥတုနှင့် ရေစနစ် သံသရာကို ထိန်းညှိရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းများက မိုးသစ်တောများကို ကမ္ဘာမြေပေါ်ရှိ သက်ရှိများကို ပံ့ပိုးပေးနေသည့် အရေးအကြီးဆုံး သဘာဝစနစ်များထဲမှ တစ်ခုအဖြစ် တညီတညွတ်တည်း အသိအမှတ်ပြုထားကြသည်။
မိုးသစ်တောများသည် -
ကာဗွန်ပမာဏ အမြောက်အမြားကို သိုလှောင်ပေးသည်။
မိုးရွာသွန်းမှု ပုံစံများကို ထိန်းညှိပေးသည်။
သက်ရှိမျိုးစိတ် သန်းပေါင်းများစွာကို ပံ့ပိုးပေးသည်။
အစားအစာနှင့် ဆေးဝါးများကို ထောက်ပံ့ပေးသည်။
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစနစ်များကို တည်ငြိမ်အောင် ကူညီပေးသည်။
မကြာသေးမီက ပြုလုပ်ခဲ့သော သိပ္ပံနည်းကျ သုတေသနပြုချက်များအရ ကမ္ဘာ့အဓိက အပူပိုင်းမိုးသစ်တောစနစ်များသည် သစ်တောပြုန်းတီးမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ဂေဟစနစ် ပြန်လည်မကောင်းမွန်နိုင်တော့သည့် အန္တရာယ်ရှိသော အလှည့်အပြောင်းအခြေအနေ (Ecological Tipping Points) သို့ ဆိုက်ရောက်နေပြီဖြစ်ကြောင်း သတိပေးထားပြီး ဤဂေဟစနစ်များကို ကာကွယ်စောင့်ရှောက်ရန်လည်း အရေးတကြီး လိုအပ်နေကြောင်း မီးမောင်းထိုးပြနေသည်။
မြန်မာနိုင်ငံသည် အာရှတွင် ဇီဝမျိုးစုံမျိုးကွဲ အစုံလင်ဆုံးနိုင်ငံများထဲမှ နိုင်ငံတနိုင်ငံဖြစ်သည်။မြန်မာ့အဓိက သစ်တောဂေဟစနစ်များတွင် အောက်ပါတို့ ပါဝင်သည် -
၁။ မြောက်ပိုင်း အမြဲစိမ်း မိုးသစ်တောများ
လာမယ့် 28 ရက်နေ့ (Sunday) မှာ ကလေးတို့ရဲ့ ပိတ်ရက်ကို အဓိပ္ပာယ်အရှိဆုံး ဖြတ်သန်းနိုင်ဖို့ "Yangon - Taikkyi - Yangon" နေ့ချင်းပြန် Eco Adventure Day Trip လေး စီစဉ်ထားပါတယ်။🌱
📚ကျောင်းစာအပြင် အပြင်လောကရဲ့ သဘာဝသင်ခန်းစာတွေကို လက်တွေ့သင်ယူနိုင်မယ့် အခွင့်အရေးပါပဲ။ 🎖️
ကလေးတွေကို သေချာဂရုစိုက်ပေးနိုင်ဖို့အတွက် ၁၂ ယောက် (Only 12Spots) ပဲ လက်ခံမယ့် Exclusive Premium ခရီးစဉ်လေး ဖြစ်ပါတယ်ရှင်။
🎟 ခရီးစဉ်အသေးစိတ်နဲ့ ဈေးနှုန်းကို သိရှိလိုပါက Message (Cbox) မှာမေးမြန်း စုံစမ်းနိုင်ပါတယ်ရှင်။
(နေရာအမြန်ပြည့်လေ့ရှိလို့ အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ရအောင်နော်။)
#ecoeduhubmyanmar
#YouthEmpowerment
#daytrip
#eco_adventure_day
#birdwatching
https://www.facebook.com/share/p/1DAcGyz2nJ/
လူငယ်တွေအတွက် ဒီလို Program မျိုးတွေ ကျွန်တော်တို့ရဲ့ Myanmar Environmental Education Team နဲ့ EcoEdu Hub Myanmar တို့ ပူးပေါင်းပြီး ထပ်လုပ်ဖို့ စီစဥ်နေပါတယ် ..
Hello guys! 🤗
Congratulations to you all.....✨🎉✨
You guys did such a great job! 👍💯👍
We honor all of your active participation and effort throughout the program.
✨ Learn. Lead. Protect. ✨
#ecoeduhubmyanmar
#youthdevelopment
#youthempowerment
#ecoacrionday
EcoEdu Hub Myanmar
https://www.facebook.com/share/17x8mAVMud/
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
