uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 380 підписників, посідаючи 15 945 місце в категорії Новини і ЗМІ та 10 125 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 380 підписників.

За останніми даними від 11 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -201, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.96%. Протягом перших 24 годин після публікації контент зазвичай збирає 5.70% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 987 переглядів. Протягом першої доби публікація в середньому набирає 707 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 14.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 12 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 380
Підписники
-924 години
-567 днів
-20130 день
Архів дописів
ကလောမြို့နယ်တွင် PDF အကြမ်းဖက်သမားသုံးဦးက ရာအိမ်မှူးတစ်ဦးနှင့် အပြစ်မဲ့ပြည်သူတစ်ဦးတို့ကို မေးမြန်းစရာရှိသည်ဟုဆို၍ ငွေကျပ်ကိုးသိန်း၊ လက်ကိုင်ဖုန်းငါးလုံး၊ ဆိုင်ကယ်နှစ်စီးတို့နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၃၊ ၂၀၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်၊ ပွေးလှရွှေကုန်းကျေးရွာနေ ရာအိမ်မှူး ဦးညွန့်တင် (၅၄) နှစ်နှင့် ကလောမြို့၊ အမှတ် (၃) ရပ်ကွက်နေ ဦးမျိုးအောင် (၅၀) နှစ်တို့သည် ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန်၌ ၎င်းတို့၏နေအိမ် အသီးသီးတွင်ရှိနေစဉ်PDF အကြမ်းဖက်သမားသုံးဦးခန့်ရောက်လာပြီး "စစ်ဆေး မေးမြန်းစရာရှိသည်" ဟုပြောဆို၍ ၎င်းတို့နှစ်ဦးအား ငွေကျပ်ကိုးသိန်း၊ လက်ကိုင်ဖုန်းငါးလုံး၊ ဆိုင်ကယ်နှစ်စီးတို့နှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားခြောက်ဦးက ဓါးများဖြင့် ထိ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာနေ အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားခြောက်ဦးက ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်သွား NOM ဒီဇင်ဘာ ၃၊ ၂၀၂၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဝက္ကဘူးကျေးရွာနေ ဦးမျိုးဟိန်း (၅၂) နှစ်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အားခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

Repost from MRTV
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

+1
ဒီဇင်ဘာလ၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ရုရှားသမ္မတပူတင်နှင့်အမေရိကန်ကိုယ်စားလှယ်ဝစ်ကော့ဗ့်တို့ယူကရိန်းစစ်ရပ်စဲရေးအတွက်ငါးနာရီကြာဆွေးနွေးပွဲပြီးဆုံးသည်။(ဗီဒီယို) ၂။အမေရိကန်စစ်ဝန်ကြီးပိတ်ဟက်ဆက်ဂ်ကစျေးပေါသောရန်သူ့ဒရုန်းများကိုဒေါ်လာ၂သန်းတန်သောအမေရိကန်ဒုံးပျံများကပစ်မချနိုင်ကြောင်းဝန်ခံလိုက်သည်။(ဗီဒီယို) ၃။ဆီးရီးယား၏ဂိုလန်ကုန်းမြကိုအစ္စရေးက၅၈နှစ်ကြာသိမ်းပိုက်ထားခြင်းသည်တရားမဝင်ကြောင်းကုလသမဂ္ဂအထွေထွေညီလာခံကထောက်ခံမဲ၁၂၃မဲကန့်ကွက်မဲ၇မဲပျက်ကွက်မဲ၄၁မဲဖြင့်ကြေညာလိုက်သည်။ ၄။သြစတေလျအစိုးရသည်ဒေါ်လာ၁.၂၉ဘီလီယံတန်ဖိုးရှိတိုက်ဂါးရဟတ်ယာဥ်၂၉စီးကိုယူကရိန်းသို့လက်ဆောင်ပေးလိုက်သည်။ ၅။အီရန်သည်အဇာဘိုင်ဂျန်နယ်စပ်တွင်ရှန်ဟဲပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများနှင့်အတူအကြမ်းဖက်နှိမ်နှင်းရေးလေ့ကျင့်ခန်းကို၅ရက်ကြာပြုလုပ်လျက်ရှိသည်။

အောင်မြေသာစံမြို့နယ်ရှိ နန်းမြေဘုံသာစန္ဒာမုနိစေတီတော် အတွင်း လိုင်းကျင်းတူးဖော်ရာမှ ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိ NOM၊ဒီ
+1
အောင်မြေသာစံမြို့နယ်ရှိ နန်းမြေဘုံသာစန္ဒာမုနိစေတီတော် အတွင်း လိုင်းကျင်းတူးဖော်ရာမှ ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိ NOM၊ဒီဇင်ဘာ၃၊၂၀၂၅ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းမြေ ဘုံသာ စန္ဒာမုနိဘုရားပရိဝုဏ်အတွင်း နိုဝင်ဘာ၃၀ရက်ညနေကလိုင်းကျင်းတူးရာမှ  ငွေဖြင့်ပြုလုပ်ထားသည့် ဖရုံသီးပုံသဏ္ဍာန် အရိုးအိုးတွေ့ရှိခဲ့ကြောင်း ဂေါကပအဖွဲ့မှသတင်းထုတ်ပြန်ထား ကြောင်း သိရသည်။ ယင်းသို့ တွေ့ရှိမှုနှင့် ပတ်သက်၍ ရှေးဟောင်း အကြံပေးပညာရှင်များ ၊ ဒုညွှန်ကြားရေးမှူး နှင့်ရှေးဟောင်း သုတေသနမှတာဝန်ရှိသူများ၊ ခရိုင်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်၊ဂေါပကအတွင်းရေးမှူး/တွဲဘက်အတွင်းရေးမှုးနှင့် ဆောက် လုပ်ရေးတာဝန်ခံများ၊ ဆွေတော်မျိုးတော်များ လာရောက်ကြည့်ရှုဆွေးနွေးခဲ့ကြကြောင်းလည်း  ဂေါပကအဖွဲ့မှ မှတ်တမ်းထုတ်ပြန်ထားသည်။ အဆိုပါ အရိုးအိုးအားလက်ရှိ ဘုရားဂေါပကအဖွဲ့မှထိန်း သိမ်း ထားပြီး အရိုးအိုးတွင် မြန်မာသက္ကရာဇ် ၁၂၇၅ ခုနှစ် ကဆုန်လဆန်း (၂) ရက်ဟု ကမ္ဗည်းထိုးထားကြောင်းသိရ သည်။

အောင်မြင့်မိုရ် လူမှူကူညီရေးအသင်း ဥက္ကဌယာဉ်တိမ် မှောက်သည့်ဒဏ်ရာများဖြင့်ကွယ်လွန် NOM၊ဒီဇင်ဘာ၃၊၂၀၂၅ အောင်မြင့်မိုရ် လူမှူကူညီရ
အောင်မြင့်မိုရ် လူမှူကူညီရေးအသင်း ဥက္ကဌယာဉ်တိမ် မှောက်သည့်ဒဏ်ရာများဖြင့်ကွယ်လွန် NOM၊ဒီဇင်ဘာ၃၊၂၀၂၅ အောင်မြင့်မိုရ် လူမှူကူညီရေးအသင်း ဥက္ကဌဦးစိုးနိုင် အသက် (၆၆)နှစ် ယမန်နေ့ ‌ နိုဝင်ဘာ၂ရက်နံနက် ၁၁း၂၀နာရီတွင်ယာဉ်တိမ်း မှောက်သည့်ဒဏ်ရာများဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကွယ်လွန်သွားကြောင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) (YRO)မှတာဝန်ရှိသူတစ်ဦးကပြောသည်။ အောင်မြင့်မိုရ် လူမှူကူညီရေးအသင်း ဥက္ကဌဦးစိုးနိုင်အပါဝင်အသင်းသားအချို့နှင့် နိုဝင်ဘာ၂၉ရက်ကမကွေးမြို့သို့လူနာသွားရောက်ပို့ဆောင်ပြီးအပြန် နက်မောက်မြို့နယ် ကမ်းဖျာလမ်းတွင်လမ်းပြင်နေ သည့်နေရာတွင်တစ်ဖက်မှမောင်းနှင်လာသည့်ယာဉ်ကိုရှောင်လိုက်ရာတွင်လမ်းဘေး ကျောက်တုံးကိုတိုက်မိပြီးယာဉ်တိမ်မှောက်ကါဒဏ်ရာများရရှိပြီးရန်ကုန်ဆေးရုံကြီးသို့သယ်ဆောင်ကာဆေးဝါးကုသနေစဉ်သေဆုံးသွားကြောင်းသိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ
+3
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ

Repost from MRTV
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ပြင်ဦးလွင်မြို့ဘူတာကြီး ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

ပူတင်ကယူကရိန်းကိုကုန်းတွင်းပိတ်နိုင်ငံဖြစ်သွားချင်သလားဟုခြိမ်းခြောက် NOM ရုရှားသမ္မတပူတင်ကယူကရိန်းအနေဖြင့်ပင်လယ်ဓါးမြဆန်ဆန်ရုရှားသင်္ဘောများကိုတိုက်ခိုက်သည့်အတွက်ယူကရိန်းဆိပ်ကမ်းများနှင့်ယူကရိန်းသို့ဝင်ထွက်နေသည့်သင်္ဘောများကိုရုရှားကလက်တုန့်ပြန်မည့်အပြင်ရုရှားသင်္ဘောများကိုဆက်လက်တိုက်ခိုက်နေပါကယူကရိန်းကိုကုန်းတွင်းပိတ်နိုင်ငံဖြစ်အောင်လုပ်ပစ်မည်ဟုပြောလိုက်သည်။

မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာထိပ်ရှိ ရေကန်အနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပ
+1
မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာထိပ်ရှိ ရေကန်အနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲအချိန်၌ မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာနေ ကိုသန့်ဇင်ဖြိုး (၂၂) နှစ်သည် ၎င်း၏နေအိမ်မှ ကျေးရွာထိပ်ရှိ ရေကန်သို့တစ်ဦးတည်းခြေလျင်ထွက်ခွာလာစဉ် အဆိုပါရေကန်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ဥရောပကစစ်တိုက်ချင်သပဆိုရင်ရုရှားကအဆင်သင့် NOM ရုရှားသမ္မတ ဗလာဒီမီမာ ပူတင် က ဥရောပပနေဖြင့် စစ်ဖြစ်ချင်သည်ဆိုပါက ရုရှား အနေဖြင်
ဥရောပကစစ်တိုက်ချင်သပဆိုရင်ရုရှားကအဆင်သင့် NOM ရုရှားသမ္မတ ဗလာဒီမီမာ ပူတင် က ဥရောပပနေဖြင့် စစ်ဖြစ်ချင်သည်ဆိုပါက ရုရှား အနေဖြင့်အသင့် ဖြစ်နေတယ် လို့ အင်္ဂါနေ့ က ပြောလိုက် ပါတယ်။ ပူတင် က ဥရောပ က ယူကရိန်း ပဋိပက္ခ ဆိုင်ရာ သဘောတူညီချက် ကို ဖျက်ဆီးဖို့ ကြိုးစားနေတယ် လို့လည်း စွပ်စွဲ ခဲ့ပါတယ်။ သူက အမေရိကန် ကိုယ်စားလှယ် Steve Witkoff နဲ့ သမ္မတ ထရမ့်၏သားမက် ဂျားကပ်ရှ်နာ တို့နှင့် မတွေ့ဆုံမီပြောကြားခဲ့ခြင်းဖြစ်သည်။

စဉ့်ကူးမြို့နယ်၊ ရက္ကန်းစင်တောင်ကျေးရွာအနီးရှိ ငါးကန်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့
စဉ့်ကူးမြို့နယ်၊ ရက္ကန်းစင်တောင်ကျေးရွာအနီးရှိ ငါးကန်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့ပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲ၍ သေနတ်ဖြင့်ပစ်ခတ်သွား NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီအချိန်၌ စဉ့်ကူးမြို့နယ်၊ ရက္ကန်းစင်တောင်ကျေးရွာနေ ဦးဝင်းဦး (၆၄) နှစ်သည် ကျေးရွာအနီးရှိ ငါးကန်တွင် အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ)ရောက်လာပြီး "ဒလန်" ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကျွဲကျောင်းနေသည့် အပြစ်မဲ့ပြည်သူတစ်ဦး
+1
နောင်ချိုမြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် ကျွဲကျောင်းနေသည့် အပြစ်မဲ့ပြည်သူတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံး NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နောင်ချိုမြို့နယ်၊ မက်လွှတ်ကျေးရွာနေ ဦးထွန်းဝင်း (၅၄) နှစ်သည် ဒီဇင်ဘာလ ၁ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ကျေးရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာရှိ မြက်ခင်းတွင် ကျွဲကျောင်းနေစဉ် TNLA အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးထွန်းဝင်းတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်ထိမှန်မှုကြောင့် လယ်ကွင်းအတွင်းအလုပ်လုပ်နေသည့် အဘိုးအိုတစ်ဦးကျည်ထိမှန်သေဆုံး NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေလာလေးကျေးရွာနေ ဦးအောင်ရွှေ (၇၁) နှစ်သည် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ ညောင်ဂျစ်ပင်ကျေးရွာအနီးလယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည်လာရောက်ထိမှန်ခဲ့မှုကြောင့် ဦးအောင်ရွှေတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၉၄၅ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၆၀၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၃၄၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခ ရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့်  ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့်  နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ပြည်ပနိုင်ငံသား  ၄၁၁ ဦးကို မြန်မာ - ထိုင်း အမှတ်(၂)  ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့  ထပ်မံလွှဲပြောင်းပေးအပ် ဒီဇင်ဘာ ၂၊ ၂၀၂၅ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကိုတစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ စုစုပေါင်း ပြည်ပနိုင်ငံသား ၄၁၁ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်း စာနာထောက်ထား မှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ ဆက်လက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၏ ကြီးကြပ်မှုဖြင့် အမှတ်(၄၄၂)၊ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ယာယီ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မော်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိုးပိုင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူးအဆင့်ရှိ နိုင်မောင်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စံရွှေနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာတွင် အခြေပြု၍ ၁၈-၁၁-၂၀၂၅ ရက်နေ့မှ ၂-၁၂-၂၀၂၅ ရက်နေ့ထိ အဆောက်အဦ ၆၉၁ လုံး နှင့် ဂိုဒေါင် ၃ လုံးတို့အားစစ်ဆေးခဲ့ရာ အဆောက်အဦအားလုံး စစ်ဆေးပြီးစီးခဲ့ပြီးဖြစ်သည်။ အဆိုပါ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွင် အသုံးပြုခဲ့သော စုစုပေါင်းအဆောက်အဦ ၁၆၉ လုံးအနက် ၁၆၁ လုံးကို ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီးဖြစ်၍ ကျန်ရှိသည့်အဆောက်အဦ ၈ လုံးကို ချိတ်ပိတ်သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှ ကွန်ပျူတာ/ မော်နီတာ ၃၃၁၀ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၈၇၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ကာ ၎င်းတို့အနက်မှ ၂၂-၁၁-၂၀၂၅ ရက်နေ့တွင် ကွန်ပျူတာ/ မော်နီတာ ၂၆၅၃ လုံး၊ မိုဘိုင်းဖုန်း ဟန်းဆက် ၂၁၇၅၀ လုံးနှင့် ၂၈-၁၁-၂၀၂၅ ရက်နေ့တွင် ပိုင်လော့မိန် KTV ၌ ကာစီနိုလောင်းကစားခုံ ၆၃ လုံးအား ဖျက်ဆီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ ၆၅၇ လုံး၊ မိုဘိုင်းဖုန်း ဟမ်းဆက် ၁၂၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား ထိန်းသိမ်းထားရှိသည်။ ဆက်လက်၍ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ  အပါအဝင်  ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၉၈ ဦး၊ ကင်ညာနိုင်ငံသား ၃၇ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၃၆ ဦး၊ ယူဂန်ဒါ နိုင်ငံသား ၁၈ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၅ ဦး၊ ဂါနာနိုင်ငံသား နှစ် ဦး၊ ဇင်ဘာဘွေ နိုင်ငံသား နှစ် ဦး၊ ရဝမ်ဒါ နိုင်ငံသား တစ် ဦး၊ တိုဂို နိုင်ငံသား တစ် ဦးနှင့် ဘီနင် နိုင်ငံသား တစ် ဦး၊  စုစုပေါင်းပြည်ပနိုင်ငံသား ၄၁၁ ဦး တို့အား မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှု တို့ကိုရှေးရှု၍ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။ ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာနိုင်ငံသံရုံးမှ Second  Secretary  Mr. Edward Maroko နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူး Mr. Zhou Zhen Jian နှင့် တာဝန်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံ၊ Office Of The Police Attache မှ Police ColonelMr. Neftaly Adia Donato နှင့် တာဝန်ရှိသူများ၊ အီသီယိုးပီးယားနိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ ဂါနာနိုင်ငံ၊ ဇင်ဘာဘွေနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ တိုဂို နိုင်ငံ၊ ဘီနင်နိုင်ငံ သံရုံးတို့မှ သံရုံးကိုယ်စားလှယ် Mr. Tana Judah Hira နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး  မြန်မာနိုင်ငံမှ  တာဝန်ရှိသူ တို့ကသက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

photo content
+3

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်းတယမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးသေဆုံးကာ ပြည်သူတစ်ဦးပျောက်ဆုံး NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ တပ်ပုတ်ကျေးရွာနေ ဦးညွန့်စိုး (၃၅) နှစ်၊ မြင်းကျဒိုး ကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဝင်းမြင့် (၆၄) နှစ်နှင့် ဘုရားကြီးကုန်းကျေးရွာနေ မောင်နေသူစံ (၁၅) နှစ်တို့သည် နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျုံးကျေးရွာသို့ သွားရောက်၍ ဝက်သားရောင်းချပြီး မြင်းကျဒိုးကျေးရွာဘက်သို့ မော်တော်ယာဉ်တစ်စီးဖြင့် မောင်းနှင်ပြန်လာစဉ် ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာနှင့် ပဲရင်းတောင် ကျေးရွာကြားအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးညွန့်စိုးနှင့် ဦးဝင်းမြင့်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး မောင်နေသူစံမှာ ပျောက်ဆုံးနေကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးနှင့် ရာအိမ်မှူးဟောင်းတစ်ဦးတို့ကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ၎င်းတို့၏နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွား NOM ဒီဇင်ဘာ ၂၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရှားတောမြောက်ကျေးရွာနေ ရာအိမ်မှူးဦးကံမြင့် (၆၂) နှစ်နှင့် ဖိုစုကျေးရွာနေ ရာအိမ်မှူးဟောင်းဖြစ်သူ ဦးဝင်းမြင့် (၆၈) နှစ်တို့သည် နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်းအတွင်း စုတည်-တ
+5
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံ-ကျောက်ပန်းတောင်းရထားလမ်းပိုင်းအတွင်း စုတည်-တောင်ဇင်း ဘူတာအကြား တံတားအမှတ် ၁၅၇ အနီး ရထားသံလမ်းပျက်စီးမှုဖြစ်ပွား နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၂