uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 368 підписників, посідаючи 15 949 місце в категорії Новини і ЗМІ та 10 127 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 368 підписників.

За останніми даними від 12 липня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -219, а за останні 24 години на -14, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 8.12%. Протягом перших 24 годин після публікації контент зазвичай збирає 5.53% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 005 переглядів. Протягом першої доби публікація в середньому набирає 684 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 14.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 13 липня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 368
Підписники
-1424 години
-587 днів
-21930 день
Архів дописів
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို မြန်မာနိုင်ငံသို့ ရောက်ရှိ NOM၊နိုဝင်ဘာ၂၇၊၂၀၂၅ နိုင်ငံတော် ယာယီသမ္မတ၊
ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို မြန်မာနိုင်ငံသို့ ရောက်ရှိ NOM၊နိုဝင်ဘာ၂၇၊၂၀၂၅ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည် ယနေ့ နိုဝင်ဘာ ၂၇ ရက်ညပိုင်းက တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ဘယ်လာရုစ်နိုင်ငံသမ္မတအား နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အစိုးရအဖွဲဝင်ဝန်ကြီး များ၊ ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များမှ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသတင်း ရရှိသည်။

ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို မြန်မာနိုင်ငံသို့ ရောက်ရှိ =================== နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည် ယနေ့ နိုဝင်ဘာ ၂၇ ရက်ညပိုင်းက တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဘယ်လာရုစ်နိုင်ငံသမ္မတအား နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အစိုးရအဖွဲဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များမှ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဟောင်ကောင်မီးလောင်မှုတွင်သုံးဦးကိုဖမ်းဆီး NOM ယခုအချိန်အထိလူ၇၅ဦးသေဆုံးပြီဖြစ်သောဟောင်ကောင်မီးလောင်မှုအတွက်လူသုံးဦးကိုလူသတ်မှုဖြင့်ဖမ်းဆီးလိုက်သည်။

ဟောင်ကောင်မီးဘေးသေဆုံးသူတိုးလာ NOM ကြာသပတေးနေ့ယနေ့ညတွင်ဟောင်ကောင်မြို့ဆတာ်အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရမီးလောင်မှုကြောင့်သ
ဟောင်ကောင်မီးဘေးသေဆုံးသူတိုးလာ NOM ကြာသပတေးနေ့ယနေ့ညတွင်ဟောင်ကောင်မြို့ဆတာ်အုပ်ချုပ်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရမီးလောင်မှုကြောင့်သေဆုံးသူ၇၅ဦးအထိရှိလာပြီးမီးသတ်သမား၁၁ဦးအပါအဝင်၇၆ဦးဒဏ်ရာရသည်။လူပေါင်းရာနှင့်ချီပျောက်ဆုံးဆဲဖြစ်သဖြင့်သေဆုံးသူထပ်တိုးလာနိုင်ကြောင်းသိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်ဖမ်းဆီး
+1
ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၈ ဒသမ ၉ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်ဖမ်းဆီးရမိ                                                       နိုဝင်ဘာ ၂၇၊၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ငယ်များဖြင့် ရမ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် သားဖြစ်သူနှင့်အတူကျောင်းမှပြန်လာသည့် မိခင်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ NOM နိုဝင်ဘာ ၂၇၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ စင်မြင့်ကျေးရွာနေ ဒေါ်ညိမ်းညိမ်းထွေး (၃၈) နှစ်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်၌ အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှ သားဖြစ်သူ မောင်စည်ဖြိုးသူ (၃) နှစ်နှင့်အတူ နေအိမ်သို့ပြန်လာစဉ် နေအိမ်အနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ငယ်များ ဖြင့်ရမ်းသန်းပစ်ခတ်လိုက်သည့် ကျည်ထိမှန်၍ ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ဓားဖြင့်ထိုးခုတ်၍ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ်များအား လုယက်ယူဆောင်သွား NOM နိုဝင်ဘာ ၂၇၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ တမာပင်ကျေးရွာနေ ဦးသန်းဇော်ဦး (၄၂) နှစ်သည် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်၌ အဆိပ်တောင် ကျေးရွာနေ ဦးလွင်ကိုဦး (၄၉) နှစ်နှင့်အတူကျောက်လုံးကြီးကျေးရွာရှိ ၎င်းပိုင်ဝါးရောင်းဝယ်ရေးဆိုင်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ရှစ်ဦးခန့်ရောက်လာပြီး "ဒလန်" ဟု စွပ်စွဲပြောဆို၍ လက်ပြန်ကြိုးတုပ်လျက် ဝိုင်းဝန်းထိုးကြိတ်ကာ ဓားဖြင့် ထိုးခုတ်ခဲ့ပြီး လက်ကိုင်ဖုန်းနှစ်လုံးနှင့် ဆိုင်အတွင်း ရပ်ထားသော Honda 110 အနက်ရောင်ဆိုင်ကယ်တစ်စီး၊ Dream 125 အနက်ရောင်ဆိုင်ကယ်တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးသန်းဇော်ဦးတွင် ဓားဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းနှင့် ဦးလွင်ကိုဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်းသိရသည်။ News Of Myanmar NOM

ရေစကြိုမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ
+2
ရေစကြိုမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရ NOM နိုဝင်ဘာ ၂၇၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ နိုဝင်ဘာလ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း Drop Bomb သုံးလုံးခန့်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါ ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးနေအောင် (၂၈) နှစ်၊ ဒေါ်ကေဇင် (၄၀) နှစ်နှင့် ဒေါ်တင်မာထွေး (၃၆) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

အွန်လိုင်းလိမ်လည်မှု(Telecom  Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၉၅ဦးကို ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ နေပြည်တော်၊ နိုဝင်ဘာ ၂၇ နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်း လောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့  ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ  ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။ ထိုသို့ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက် လာပြီး ကရင်ပြည်နယ် မြဝတီ - ရွှေကုက္ကိုလ်နယ်မြေမှ အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်း လိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၉၅ဦးကို ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံသားများကို မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာအတွင်း လုံထင်းဝန်းရှိ အဆောက်အဦ၌ ထိန်းသိမ်းထားရှိပြီး တရားမဝင်ပြည်ပနိုင်ငံသား စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးပြီးစီးသည့်ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများ၊ စာရင်းကောက်ယူခြင်းလုပ်ငန်း   ဆောင်ရွက်နေမှုတို့ကို  ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူး ဦးကျော်မြင့်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဆက်လက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အွန်လိုင်း လိမ်လည်မှုများဆောင်ရွက်ရာ၌ အသုံးပြုခဲ့သည့် အဆောက်အဦ(၂၁)လုံးအား ပြန်လည်အသုံးပြုမှု မရှိစေရေးသိမ်းဆည်းချိတ်ပိတ်ခြင်းနှင့် “အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်ရာတွင် အသုံးပြု ခဲ့သည့်အတွက် သိမ်းဆည်းချိတ်ပိတ်ထားသော အဆောက်အဦဖြစ်သည်” ဟူသော စာသားပါ ဗီနိုင်းကပ်ခြင်း ဆောင်ရွက်နေမှုများ စနစ်တကျ ရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးသည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ စုစုပေါင်းအဆောက်အဦ ၂၁၇ လုံးနှင့် ဂိုဒေါင် နှစ်လုံးတို့အား စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းအဆောက်အဦများနှင့် ဂိုဒေါင်အတွင်းမှစစ်ဆေးတွေ့ရှိ ခဲ့သည့် ကွန်ပျူတာ/မော်နီတာ ၃၀၉၈ လုံး၊ မိုဘိုင်းဖုန်းဟမ်းဆက် ၂၁၇၅၀ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အနက်မှ နိုဘာလ ၂၂ ရက်နေ့တွင် ကွန်ပျူတာ/မော်နီတာ ၂၆၅၃လုံး နှင့်မိုဘိုင်းဖုန်း ၂၁၇၅၀ လုံးတို့အား ဖျက်စီးခဲ့ပြီးဖြစ်၍ ကွန်ပျူတာ ၄၄၅ လုံး၊ Star Link ဘန်း ၁၀၂ လုံးနှင့် Router ၂၂ လုံးတို့အား ထိန်းသိမ်းထားရှိခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၂၈၈၂ ဦး ထိန်းသိမ်းနိုင်ခဲ့ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၀၀၂၉ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၈၅၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက် နေသူများနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက် နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့်  နိုင်ငံခြားသားများကို သက်ဆိုင်ရာ နိုင်ငံများ သို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်းသတင်း ရရှိသည်။

photo content
+4

သေနတ်အပစ်ခံရသည့်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး NOM ယမန်နေ့ကအမေရိကန်နိုင်ငံဝါရှင်တန်ဒီစီတွင်အာဖဂန်နစ္စတန်ခိုလှုံသူတစ်ဦး၏ပစ်ခတ်မှုခံရသောအမေရိကန်အမျိုး သားအစောင့်တပ်ဖွဲ့ဝင်နှစ်ဦးသည်ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားပြီဟုပြည်နယ်အုပ်ချုပ်ရေးမှူးကတရားဝင်သတင်းထုတ်ပြန်လိုက်သည်။

အကြမ်းဖက်သမားစလုံးကဘုန်းကြီးကိုလက်သီးဖြင့်ထိုးသည့်ရုပ်သံပြန့်နှံ့နေ NOM၊နိုဝင်ဘာ၂၇၊၀၂၅ အကျင့်စာရိတ္တမကောင်းသဖြင့်DKBAမှထုတ်ပယ်ခံရပြီးNUG၏အရိပ်ခိုနေသည့်အကြမ်းဖက်စလုံးက ကရင်ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးကိုလက်သီးဖြင့်အကြိမ်ကြိမ်ထိုး​ေနေသည့်ရုပ်သံသည်အင်တာနက်ပေါ်တွင်ယနေ့ပြန့်နှံ့လျက်ရှိသည်။

လွှတ်သည့်အထဲတွင်DJ Violetမပါဝင် NOM၊နိုဝင်ဘာ၂၇၊၂၀၂၅ ယနေ့အကျဥ်းထောင်အသီးသီးမှပုဒ်မ၅၀၅ဖြင့်ဖမ်းဆီးထားသူများကိုပြန်လည်လွှတ်ပေးသော်လည်းDJ Violetတို့ဇနီးမောင်နှံပါဝင်ခြင်းမရှိကြောင်း၊သူတို့သည်သာသနာတော်ညှိုးနွမ်းမှုဖြင့်ပါအရေးယူခံထား၍ဖြစ်ကြောင်းသိရသည်။

+2
နိုဝင်ဘာလ၂၇ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် သူ၏ ပထမဆုံး နိုင်ငံခြား ခရီးစဥ်အဖြစ် တူရကီနိုင်ငံသို့ ယနေ့ရောက်ရှိခဲ့သည်။(ဗီဒီယို) ၂။ဝန်ကြီးချုပ် ဆာနေး တာကာအိချိအပေါ်ထောက်ခံမှုနှုန်း မြင့်မားနေမှုကြောင့်အတိုက်အ ခံပါတီများသည်ရွေးကောက်ပွဲ စောပြီးကျင်းပခဲ့လျှင်ဟုဆိုကာ ပြင်ဆင်မှုများ ပိုမိုလုပ်ဆောင်နေကြကြောင်း ယူမီယူရီ သတင်းစာကဖော်ပြခဲ့သည်။ ၃။ပိုလန်ရှိရုရှားကောင်စစ်ဝန်ရုံးပိတ်သည်ကိုလက်တုန့်ပြန်သည့်အနေဖြင့်ရုရှားရှိပိုလန်ကောင်စစ်ဝန်ရုံးကိုရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကဒီဇင်ဘာလ၃၀ရက်ကစပြီးပိတ်ခိုင်းလိုက်သည်။ ၄။နိုင်ဂျီးရီးယားလွှတ်တော်ဒုဥက္ကဌဟောင်းအက်ဝါရန်မာဒူသည်သူ့သမီး၏ ကျောက် ကပ်ကိုအစားထိုးရန်လူငယ်တစ်ဦးအားလန်ဒန်သို့လိမ်ညာခေါ်ဆောင်သွားသဖြင့်မာဒူအားတရားစွဲရန်နိုင်ဂျီးရီးယားအစိုးရကမာဒူကိုလွှဲအပ်ပေးရန်တောင်းဆိုသော်လည်းဗြိတိန်ကပေးပဲပယ်ချလိုက်သည်။(ဓါတ်ပုံ) ၅။ဟိမဝန္တာမှရေခဲတောင်များလျင်မြန်စွာအရေပျော်နေခြင်း၊ပုံမှန်မဟုတ်​သောမုန်တိုင်းများကြောင့်မိုးရွာသွန်းမှုများခြင်းတို့ကြောင့်အာရှတိုက် သည်ရေကြီးမည့်ဘေးတွေ့နိုင်ကြောင်းကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကသတိပေးလိုက်သည်။(ဓါတ်ပုံ)

ပုဒ်မ ၅၀၅- က ဆိုတာ နိုင်ငံရေးအမှုကွာ။ တနည်းအားဖြင့် အစိုးရဝန်ထမ်းတွေကို CDM လုပ်ဖို့ တိုက်တွန်းရင်းက လက်လွန်ကြက်သွန် ဖြစ်သွား
ပုဒ်မ ၅၀၅- က ဆိုတာ နိုင်ငံရေးအမှုကွာ။ တနည်းအားဖြင့် အစိုးရဝန်ထမ်းတွေကို CDM လုပ်ဖို့ တိုက်တွန်းရင်းက လက်လွန်ကြက်သွန် ဖြစ်သွားတဲ့ အမှုတွေ။ ပြီးတော့ အာမခံလည်း မရဘူး။ အနည်းဆုံး ထောင်က ၃ နှစ်ကျဦးမယ်။ ----- သောက်ဆံ မရှိရင် ထောင်မှာ ဘယ်လောက်မျက်နှာ ငယ်ရသလဲ၊ ဘယ်လို ရို့ကျရသလဲ ဆိုတာ ကိုယ်တိုင်မဝင်ဖူးသေးရင်တော့ ဘယ်သိကြမလဲ။ အိမ်သာ တက်တာကအစ သံခြေကျင်းကြီးတွဲထားမယ်။ ထွက်လာရင်တောင် ထောင်ကျလက်မှတ်ကြီးက ဘဝတလျှောက်လုံး သေရာပါဦးမယ်။ ‌စကတည်းက ဘာပြစ်မှုမှ မရှိလို့ ကျေးဇူး တင်စရာ မလိုဘူး ဆိုတာက ထောင်ထဲ မရောက်သေးလို့ ပြောနိုင်တဲ့ စကားလုံးတွေပါ။ ထောင်ဝင်စာတွေ့ဖို့ ဘယ်လောက်ခက်ခဲတာ၊ ကိုယ့်လူ သက်သာဖို့ ပိုက်ဆံတွေ ဘယ်လိုကုန်ကျရသလဲ ဆိုတာ ကိုယ်တိုင်မကြုံဖူးရင် ကိုယ်ချင်း ဘယ်စာနာနိုင်ပါ့မလဲ။ ဒါက ထောင်ကျနေသူတွေကိုပဲ ပြောပြသေးတာ။ ဝရမ်းပြေး ဘဝနဲ့ ခိုးကြောင်ခိုးဝှက်ထွက်ပြေးနေရတဲ့သူတွေဆိုရင် ဒီသတင်းက သူတို့အနာဂတ်အတွက် ရွှေပဲ။ ------- ခုလည်း အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တချို့ လက်တဆုပ်စာ နီပေါတွေ လှောင်နေကြတာလည်း တွေ့နေရတာပါပဲ။ အဓိက တော်လှန်ရေးအကြောင်းပြပြီး လုပ်စား တတ်တဲ့ လူတစ်စုကတော့ ပြန်လာချင်မှ ပြန်လာမှာပေါ့။ ဘာအခမ်းအနား၊ ဘယ်အထိမ်းအမှတ် စသဖြင့် ရုပ်ရှင်အတိုအထွာလေးတွေရိုက်၊ ဘာရောင်နီ၊ ညာရောင်နီဆိုပြီး သီချင်းဆိုတာလေးတွေ လုပ်ရင်းနဲ့ ပိုက်ဆံ ရှာနိုင်သေးတာကိုး။ ----- ဒါပေမယ့် ဒါ‌ တွေအားလုံးက ယာယီပဲ ရမယ်။ ခု ရွေးကောက်ပွဲကနေ နောက်တဆက်လောက်အထိ ငြိမ်အောင်ထိန်းနိုင်ရင် .....တော်လှန်ရေးပြပြီး ခွက်ခေါက်တဲ့ ဇာတ်လမ်းတွေကို လူထုက အလိုလို နားလည်လာလိမ့်မယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်ကလည်း နီပေါတွေ ပြန်လာနိုင်ဖို့ထက် နိုင်ငံရေးကို နှစ်ကျပ်ကွက် ခင်းထားတဲ့ ထုတ်ပြန်ချက်ပဲ။ သာမန် ၅၀၅ -က လောက်နဲ့ လွန်လွန်ကျူးကျူး မဟုတ်သူတွေတော့ ပြန်လာကောင်း ပြန်လာမှာပေါ့။ တချိန်လုံး အစိုးရကို ဖောင်းထုထားသူတွေအတွက်က ကိုယ်ရော၊ နှုတ်ပါ ကျွံထားပြီးချိန်မှာ ဘယ်လို လုပ်ပြန်လာကြတော့မလဲ။ ------- မသိရင် သူတို့ကိုပဲ မေတ္တာ သိပ်ရှိလွန်းလို့ အစိုးရက ပြန်ခေါ်နေသလိုလို။ အနည်းဆုံးတော့ အမေရိကန်ရဲ့ ထုတ်ပြန်ချက်ကို ပါးပါးလေး အဆင်း ဘီးတပ်ပေးလိုက်တာ။ ခုဆို မိုးကုတ်မြို့ကို ကာကွယ်ဖို့ဆိုတာထက် ရက် ၆၀ အတွင်းသက်ရောက်မှု ဒီဥပဒေကြောင့် တခြားတနေရာကို ပြောင်းဖို့ ကြိုးစားနေရပြီ။ Legitimacy ဆိုတာ အွန်လိုင်းပေါ်ကနေ စာရွက်လေးတွေ ထုတ်နေရုံနဲ့ မရဘူး။ ဒီလို သက်ရောက်မှုလည်း ကြီးတယ်ဆိုတာလည်း သူတို့ သိပုံမရဘူး။ (နရီမိုး)

Repost from NOM
+2
ဟောင်ကောင်က တိုင်ပိုခရိုင်အတွင်း အထပ်အမြင့်အဆောက်အဦအများအပြားကို လောင်ကျွမ်းစေခဲ့တဲ့ မီးလောင်မှုမှာ အနည်းဆုံး လူ ၄၄ ဦးအထိ သေဆုံးခဲ့ပါတယ်။ နေထိုင်သူအချို့ဟာ အဆောက်အဦအတွင်း ပိတ်မိနေခဲ့ပြီး လူပေါင်း ၂၇၉ ဦးအထိ ပျောက်ဆုံးနေတယ်လို့ ရဲတွေက ပြောဆိုခဲ့ပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ ဒီ မီးလောင်မှုမှာ မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်သမား ၇၆၀ ကျော်အထိ အသုံးပြုခဲ့ရပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တခုဖြစ်လာခဲ့ပါတယ်။ Wang Fuk Court အိမ်ရာဝင်းမှာ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကို အပြင်းထန်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၅ အထိပါ သတ်မှတ်ခဲ့ရပါတယ်။ မီးသတ်သမားတဦးလည်း မီးငြှိမ်းသတ်ဖို့ ကြိုးစားနေချိန်မှာ သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ လူ ၃ ဦးကိုဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အဆောက်အဦတခုကို ပြန်လည်ပြင်ဆင်နေချိန် ဝါးလုံးတွေနဲ့ ငြမ်းဆင်ထားပြီး အလုပ်သမားတွေ ဆေးလိပ်သောက်ရာကနေ စတင်လောင်ကျွမ်းခဲ့တယ်လို့ သတင်းတချို့မှာ ဖော်ပြခဲ့ပါတယ်။ မီးလောင်နေချိန် အဆောက်အဦရဲ့ မီးအချက်ပေးစနစ်နဲ့ ဓါတ်လှေကားတွေ အသုံးပြုမရခဲ့လို့ အခက်တွေ့ခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောဆိုခဲ့ကာ အဆိုပါအဆောက်အဦမှာ နေထိုင်သူအများစုက သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ NOM

Repost from NOM
ဝါရှင်တန်ဒီစီမှာ အမျိုးသားလုံခြုံရေးအစောင့်တပ်ကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်သူဟာ ၂၀၂၁ အတွင်း အမေရိကန်ကို ရော
ဝါရှင်တန်ဒီစီမှာ အမျိုးသားလုံခြုံရေးအစောင့်တပ်ကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်သူဟာ ၂၀၂၁ အတွင်း အမေရိကန်ကို ရောက်ရှိခဲ့တဲ့ အာဖဂန်နိုင်ငံသား အသက် ၂၉ နှစ်အရွယ် Rahmanullah Lakanwal ဆိုသူ ဖြစ်ပါတယ်။ ရဲချုပ်ဖြစ်သူကတော့ အမျိုးသားအစောင့်တပ်သားတွေဟာ ချုံခိုတိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီး Lakanwal ဟာ သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့ပြီး သူ့ရဲ့ ပစ်ခတ်မှုကြောင့် အစောင့်တပ်သား ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရဖွယ်ရှိနေပြီး သေဆုံးနိုင်ချေရှိတယ်လို့ ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ အစောင့်တပ်ဖွဲ့ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် Lakanwal လည်း ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံခဲ့ရကာ သူ့ကိုလည်း ဆေးရုံပို့ဆောင်ထားရပါတယ်။ ဒီတိုက်ခိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုဟုတ်၊ မဟုတ် စုံစမ်းနေတယ်လို့လည်း ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ NOM

ဂီနီဘစ်ဆောတွင်စစ်တပ်ကအတိုက်အခံကိုပါဖမ်းဆီး NOM ယမန်နေ့ကဂိနီဘစ်ဆောနိုင်ငံတွင်စစတပ်ကအာဏာသိမ်းပြီးသမ္မတကိုဖမ်းဆီးလိုက်သည်။ထို့အတ
ဂီနီဘစ်ဆောတွင်စစ်တပ်ကအတိုက်အခံကိုပါဖမ်းဆီး NOM ယမန်နေ့ကဂိနီဘစ်ဆောနိုင်ငံတွင်စစတပ်ကအာဏာသိမ်းပြီးသမ္မတကိုဖမ်းဆီးလိုက်သည်။ထို့အတွက်အပျော်ကြီးပျော်နေသောအတိုက်အခံခေါင်းဆောင်ဖာဒီနန်ဒိုင်ယာကိုပါစစ်တပ်က ယနေ့ထပ်မံဖမ်းဆီးလိုက်သည်။

နည်းပညာတက္ကသိုလ်(ပခုက္ကူ)ကျောင်းအုပ်ကြီး ဒေါက်တာမြမြမွှေးနှင့် ခင်ပွန်းဖြစ်သူတို့ ပြန်လည်လွတ်မြောက် NOM၊နိုဝင်ဘာ၂၈၊၂၀၂၅ အကြမ်းဖက် PDF အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော နည်းပညာတက္ကသိုလ်(ပခုက္ကူ)ကျောင်းအုပ်ကြီးဒေါက် တာ မြမြမွှေးနှင့် ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင်တို့အား နိုဝင် ဘာလ၂၇ရက်ယ​မန်နေ့ညပိုင်းကပခုက္ကူ-ရေစကြိုကားလမ်းအကြားရှိ တောတွင်းတစ်နေရာတွင် လွှတ်​ပေးခဲ့​ကြောင်း သိရသည်။ နည်းပညာတက္ကသိုလ်(ပခုက္ကူ) ကျောင်းအုပ်ကြီး ဒေါက်တာမြမြမွှေးအပါအဝင် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင်၊ အမှုတွဲထိန်း ဦးသန်းလွင်နှင့် ၎င်း၏ တူဖြစ်သူ ကိုမင်းကိုချစ်တို့အား  အကြမ်းဖက် PDFအဖွဲ့မှ နိုဝင်ဘာ လ၁၈ရက်နေ့တွင် ဖမ်း ဆီးခေါ် ဆောင်သွားခဲ့ပြီး ဦးသန်းလွင်နှင့် မင်းကိုချစ်တို့မှာ  နိုဝင်ဘာ လ ၁၉ရက် ညနေ ၅နာရီအချိန်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ​နောက် ​ကျောင်းအုပ်ကြီးနှင့် ခင်ပွန်းတို့မှာ ယ​မန်နေ့ ညကထပ်မံ လွတ်​မြောက်လာခြင်းဖြစ် ကြောင်းသိရသည်။

တရုတ်သမ္မတ ရှီနှင့် ဖုန်းခေါ်ဆိုပြီးနောက် ထရမ့်က ထိုင်ဝမ် နှင့်ပတ်သက်ပြီးပြောဆိုမှုလျှော့ရန် ဂျပန်အား ပြောကြား NOM (ဘာသာပြန်ဆောင်းပါး) တရုတ်က ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်ပါက ဂျပန်က စစ်ရေးတုံ့ပြန်မှုတွင် ပါဝင်နိုင်ကြောင်း မကြာသေးမီက မှတ်ချက်ပေးခဲ့သည့် ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအိချိ၏ မှတ်ချက်များကြောင့် ရှီသည် ဖုန်းခေါ်ဆိုမှု၏ အချိန်ထက်ဝက်ကို ထိုင်ဝမ်အကြောင်း ထရမ့်အား ဝေဖန်ခဲ့သည်။ နာရီအနည်းငယ်အကြာတွင် ထရမ့်သည် ဂျပန်ဝန်ကြီးချုပ်ထံ ဖုန်းခေါ်ဆိုပြီး သူမ၏ လေသံကို လျှော့ချရန် ညင်သာစွာ အကြံပြုခဲ့ကြောင်း အမေရိကန်နှင့် ဂျပန်အရာရှိများ နှစ်ဦးစလုံးက ပြောကြားခဲ့သည်။ ပြောဆိုမှုကို ပြန်လည်ရုပ်သိမ်းရန် သူမအား ဖိအားမပေးခဲ့သော်လည်း ထရမ့်သည် တရုတ်နှင့် ကုန်သွယ်ရေး ပြေလည်မှုကို ကာကွယ်ရန် ကြိုးစားနေသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်လောက်အောင် ရှင်းလင်းပါသည်။ ထရမ့်-ရှီ သံတမန်ရေးတွင် ထိုင်ဝမ် ကိစ္စနှင့် ကုန်သွယ်ရေးသည် မည်မျှ နီးကပ်စွာ ချိတ်ဆက်လာသည်ကို ဤဇာတ်လမ်းတွဲက ပြသသည်။ ရှီက ထိုင်ဝမ်၏ “တရုတ်သို့ ပြန်လာခြင်း” ကို ဒုတိယကမ္ဘာစစ်အပြီး အမိန့်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပုံဖော်ခဲ့ပြီး မတည်ငြိမ်ဖြစ်စေသော လှုပ်ရှားမှုများကို ရှောင်ရှားရန် အမေရိကန်နှင့် တရုတ်တို့၏ မျှဝေတာဝန်ကို အလေးပေးပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ထရမ့်သည် အမေရိကန် လယ်ယာထွက်ကုန်များ ဝယ်ယူမှုကို အရှိန်မြှင့်တင်ရန် တရုတ်နိုင်ငံကို အားကိုးနေခဲ့ပြီး ဂျပန်-တရုတ် ပဋိပက္ခကြောင့် ဆက်ဆံရေး ပြေလည်မှုကို ပျက်ပြားစေလိုခြင်း မရှိပါ။ ခိုင်မာသော ကာကွယ်ရေး ရပ်တည်ချက်ဖြင့် သူမ၏ အမှတ်တံဆိပ်ကို တည်ဆောက်ထားသော ဂျပန်ဝန်ကြီးချုပ် သည် နောက်ပိုင်းတွင် ပါလီမန်တွင် အနည်းငယ် ပျော့ပျောင်းလာပုံရပြီး ထိုင်ဝမ်အရေးပေါ် အခြေအနေအပေါ် တိကျစွာ ပြောကြားရန် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်သည် ရှီနှင့် ၎င်း၏ ဆက်ဆံရေးကို ထိခိုက်စေနိုင်သည့် အန္တရာယ်ရှိသည့်အခါ မဟာမိတ်တစ်ဦးကို ထိန်းချုပ်ရန် ဆန္ဒရှိကြောင်း လက္ခဏာတစ်ရပ်အဖြစ် ဂျပန်ဖက်ကသတိပြုမိခဲ့ကြသည်။