uk
Feedback
News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 12 546 підписників, посідаючи 16 068 місце в категорії Новини і ЗМІ та 10 064 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 12 546 підписників.

За останніми даними від 17 червня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -265, а за останні 24 години на -4, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 7.37%. Протягом перших 24 годин після публікації контент зазвичай збирає 10.05% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 925 переглядів. Протягом першої доби публікація в середньому набирає 1 262 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 16.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Завдяки високій частоті оновлень (останні дані отримано 18 червня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

12 546
Підписники
-424 години
-517 днів
-26530 день
Архів дописів
ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၇၅ ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် မေ ၂၈၊ ၂၀၂၆ နိုင်ငံတ
ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၇၅ ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်   မေ ၂၈၊ ၂၀၂၆   နိုင်ငံတော်အစိုးရသည် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။   ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာသံရုံး (ဖနောင်ပင်) သို့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများရှိ Online scam အလုပ်ရုံများမှ ထွက်ပြေးရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၃၀ တို့ကို တပ်မတော်လေယာဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ မွန်းလွဲ ၁ နာရီကျော်တွင် ရောက်ရှိခဲ့သည်။   နိုင်ငံတော်အစိုးရအနေဖြင့် အမိနိုင်ငံသားများ ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲများ ကြုံတွေ့ရပါက မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ထိုသို့ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-ဒလ စက်လှေတိမ်းမှောက်သုံးဦး ပျောက်ဆုံးနေ NOM၊မေ၂၉၊၂၀၂၆ ရန်ကုန်-ဒလ ဘက်ကို ကူးသန်းနေသည့် စက်လှေတစ်စီးသည် မေ၂၈ရက်နေ့ ညနေပိုင်းက တိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည်သုံးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာရန်ကုန်မော်တင်ဆိပ်ကမ်းမှ ဒလမြို့ မှော်စက်ရပ်ကွက်သို့ သွားသည့် ခရီးသည်၁၂ ဦး လိုက်ပါလာစက်လှေတစ်စီးသည်ကားတင်သည့် ဇက်ဖြင့်တိုက်မိပြီးကိုး ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ယင်းတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသူများကို တာဝန်ရှိသူနှင့် အဖွဲ့အစည်းများက ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်စက်မှု ၁ လမ်း မကြီးပြန်ဖွင့် NOM၊မေ၂၉၊၂၀၂၆ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ ဗဟိုဘဏ်နှင့်Passport ရုံးရှေ့
ရန်ကင်းမြို့နယ်စက်မှု ၁ လမ်း မကြီးပြန်ဖွင့် NOM၊မေ၂၉၊၂၀၂၆ ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ ဗဟိုဘဏ်နှင့်Passport ရုံးရှေ့က စက်မှု (၁) လမ်းကို မေလ ၂၈ ရက် နံနက် ၁၁ နာရီက စတင်ကာလမ်းပိတ်ဆို့ထားမှုများ ဖယ်ရှားပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်‌ေကြာင်းသိရသည်။ အဆိုပါလမ်းပိုင်းကို လုံခြုံရေးအခြေအနေများကြောင့် ကာလအတန်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လမ်းပြန်ပွင့်သွားပြီဖြစ်လို့ ယခင်ကလို လမ်းလွှဲမောင်းနှင်စရာ မလိုတော့ဘဲ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခ
+3
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူးသင်တန်းသားများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီ (Araqchi) အမေရိကန် အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် ဝစ်ကော့ဖ် (Witkoff) အီရန် လွှတ်တော်ဥက္ကဋ္ဌ ကာလီဘတ်ဖ် (Qalibaf) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ ကွတ်ရှ်နာ (Kushner) နဲ့ တခြားသူတွေကြားထဲမှာ တစ်စုံတစ်ရာသော သဘောတူညီမှုမျိုး ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အစ္စလာမ်မစ်တော်လှန်ရေးရဲ့ အဓိကခေါင်းဆောင်ကြီးကတော့ ခွင့်ပြုချက်တစ်စုံတရာပေးမထားပါဘူး။ – i24 NOM

မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမ
+3
မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ   မေ ၂၈၊ ၂၀၂၆   မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ စွမ်စော်ရပ်ကွက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၂၈ ဦးကို လုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။   လုံခြုံရေးပူးပေါင်းအဖွဲ့များက မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၀ ဦး၊ စုစုပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့အား အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station (အကြီး) ၁လုံး ၊ Power Station (အသေး) ၁ လုံး ၊ WiFi စက် ၃ လုံး၊ ဘတ္ထရီဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။   အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် တရားမဝင်ပြည်ပနိုင်ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။   နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်။
+2
နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၄ ထပ်လူနေအဆောက်အအုံ ၃ လုံးအား စန
+5
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် ၄ ထပ်လူနေအဆောက်အအုံ ၃ လုံးအား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး မေ ၂၈၊ ၂၀၂၆

အစ္စရေးမီဒီယာများ၏ အဆိုအရ ဟစ်ဇဘိုလာ ခေါင်းဆောင် ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ပုံရ ဖေဖော်ဝါရီလနောက်ပိုင်း အရှိန်အဟုန်အပြင်းဆုံး ဖြစ်ပွားလာသည့် ပဋိပက္ခအတွင်း ဟစ်ဇဘိုလာ ခေါင်းဆောင် ရှိတ်ခ် နိုင်မ် ကာဆမ် (Sheikh Naim Qassem) အား နှစ်ကြိမ်တိုင်တိုင် လုပ်ကြံရန် ကြိုးပမ်းမှု အပါအဝင် အခြားအဆင့်မြင့် ခေါင်းဆောင်ပိုင်းများအပေါ် လုပ်ကြံသတ်ဖြတ်ရန် အစ္စရေး​၏ ကြိုးပမ်းမှု အားလုံးနီးပါး ကျရှုံးခဲ့သည်။ ဟစ်ဇဘိုလာအဖွဲ့သည် ၂၀၂၃-၂၀၂၄ စစ်ပွဲအတွင်း ကြုံတွေ့ခဲ့ရသည့် ထောက်လှမ်းရေးဆိုင်ရာ ကျရှုံးမှုများမှ သင်ခန်းစာယူနိုင်ခဲ့ပုံရသည်။ ဗီဒီယို - ဟစ်ဇဘိုလာခေါင်းဆောင် ရှိတ်ခ် နိုင်မ် ကာဆမ် အားလုပ်ကြံသည့် ဗီဒီယို NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် President of the Republic of the Union of Myanmar H.E. U Min Aung Hlaing to make official visit to India

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်။

ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက် မေ၂၈၊၂၀၂၆
ယာဉ်အို/ ယာဉ်ဟောင်းများ ပယ်ဖျက်ရေးနှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေးကြေညာချက် မေ၂၈၊၂၀၂၆

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ဇွန်လပထအပတ်တွင်ဝင်ရောက်မည် NOM၊မေ၂၈၊၂၀၂၆ အနောက်တောင်မုတ်သုံလေသည် လာမည့် ဇွန် ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ် ပြန်ထား ကြောင်းသိရသည်။ ဇွန်လပတ်အတွင်းခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ၂၂ ရက်မှ ၂၈ ရက်ခန့်၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ၁၆ ရက်မှ ၂၁ ရက်ခန့် နှင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း(အောက်ပိုင်း)တို့တွင်မူ ဆယ်ရက် မှ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။

နေပြည်တော် ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း အမျိုးသားတစ်ဦးရေနစ်‌သေဆုံး NOM၊မေ၂၈၊၂၀၂၆ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ဆ
နေပြည်တော် ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း အမျိုးသားတစ်ဦးရေနစ်‌သေဆုံး NOM၊မေ၂၈၊၂၀၂၆ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း ယမန်နေ့ (မေ၂၇)ရက် မွန်လွဲ ၁နာရီ၃၀မိနစ်တွင်အမျိုးသားတစ်ဦးရေနစ်‌သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်အရှေ့ရွာအနောက်ဘက်ရှိ ငလိုက်ဆည်ရေလွှတ်ရေ မြောင်းအတွင်း အမျိုးသားတစ်ဦးရေနစ်နေသဖြင့် တောငညို(ယာယီ)နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေနစ်သေဆုံးသူအမျိုးသားအား သဟပုညကာရီပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် (ပထမ) အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ် မေ ၂၇၊ ၂၀၂၆ ၂၀၂၆-
+6
တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် (ပထမ) အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ် မေ ၂၇၊ ၂၀၂၆ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တပ်မတော်သားမိသားစုဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအတွက် (ပထမ) အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တည်ငြိမ်အေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းရန်အောင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ တက်ရောက်ကြပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများက အမှာစကားများ ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ကြပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

"ကျူးဘားကို တိုက်ခိုက်ဖို့ အမေရိကန် စစ်တပ်နဲ့ လက်နက်တွေ အသင့်ဖြစ်နေပြီ၊ ထရမ့်ရဲ့ နောက်ဆုံးအမိန့်ပဲ လိုတော့တယ်" — ပေါ်လစ်တီကို
"ကျူးဘားကို တိုက်ခိုက်ဖို့ အမေရိကန် စစ်တပ်နဲ့ လက်နက်တွေ အသင့်ဖြစ်နေပြီ၊ ထရမ့်ရဲ့ နောက်ဆုံးအမိန့်ပဲ လိုတော့တယ်" ပေါ်လစ်တီကို (Politico) သတင်းဌာန NOM

ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရွှေလိပ်ပြာဟိုတယ်အရှေ့ လမ်းဘေးရှိ လမ်းမီးတိုင်အား ကားတစ်စီး ဝင်တိုက် NOM၊မေ၂၈၊၂၀၂၆ ဗဟ
ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရွှေလိပ်ပြာဟိုတယ်အရှေ့ လမ်းဘေးရှိ လမ်းမီးတိုင်အား ကားတစ်စီး ဝင်တိုက် NOM၊မေ၂၈၊၂၀၂၆ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရွှေလိပ်ပြာဟိုတယ်အရှေ့ လမ်းဘေးရှိ လမ်းမီးတိုင်အားယနေ့နံနက်၄နာရီက ကားတစ်စီး ဝင်တိုက်မိရာမှ ဓာတ်တိုင်လဲကျကာ နေရာအချို့တွင် မီးပြတ်တောက်သွားခဲ့သည်။ အခင်းဖြစ်ရာနေရာသို့ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ အထောက်ကူပြုယာဉ်တစ်စီးနှင့် စေတနာ့ဝန်ထမ်းများက သွားရောက်ကူညီဆောင်ရွက်ခဲ့ကြသည်။ အဆိုပါဖြစ်စဉ်တွင် မြို့နယ်လျှပ်စစ် EPC ဝန်ထမ်းများနှင့် ပူးပေါင်းကာ အသင်းပိုင် Hydraulic Cutter အသုံးပြု၍ ပြတ်ကျနေသော ဖုန်းကြိုး၊ Wi-Fi ကြိုးနှင့် Cable ကြိုးများအား ဖြတ်တောက်ဖယ်ရှားပေးခဲ့ပြီး လမ်းမပေါ်သို့ လဲကျနေသည့် လမ်းမီးတိုင်အား ရှင်းလင်းဖယ်ရှားကာ ယာဉ်သွားလာမှု အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခဲ့‌ ကြောင်းသိရသည်။

ကနေဒါနိုင်ငံက အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာများအပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆွီဒင် Saab ကုမ္ပဏီမှ အစောပိုင်းသတိပေးလေယာဉ်မ
ကနေဒါနိုင်ငံက အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာများအပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆွီဒင် Saab ကုမ္ပဏီမှ အစောပိုင်းသတိပေးလေယာဉ်များ ဝယ်ယူမည် အမေရိကန် ကာကွယ်ရေးကန်ထရိုက်တာများအပေါ် မှီခိုနေရမှုကို လျှော့ချရန်အတွက် ကနေဒါနိုင်ငံသည် ဆွီဒင်ကာကွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဆပ်ဘ် (Saab) ကုမ္ပဏီထံမှ အစောပိုင်းသတိပေးလေယာဉ် (Early Warning Aircraft) အုပ်စုတစ်စုကို ဝယ်ယူရန် စီစဉ်နေပြီး ပြိုင်ဘက် ဘိုးအင်း (Boeing) ကုမ္ပဏီ၏ တင်ဒါကို ပယ်ချကာ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ရပ် လှမ်းလိုက်ပြီ ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) က ဘန်ဘာဒီယာ (Bombardier) ၏ ဂလိုဘယ် ၆၅၀၀ (Global 6500) ဂျက်လေယာဉ်ပေါ်တွင် အခြေခံတည်ဆောက်ထားသည့် ဆပ်ဘ် ကုမ္ပဏီ၏ ဂလိုဘယ်အိုင် (GlobalEye) ဝေဟင်စောင့်ကြည့်ရေးစနစ်ကို ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့သည်။ အခြားရွေးချယ်စရာတစ်ခုဖြစ်သည့် ဘိုးအင်း ကုမ္ပဏီ၏ အီး-၇ ဝဂ်ချ်တေးလ် (E-7 Wedgetail) မှာမူ ယခင်က ကြန့်ကြာမှုများနှင့် ကုန်ကျစရိတ် မြင့်တက်မှုများကြောင့် ရှုံးနိမ့်သွားခဲ့ရသည်။ ထရန့်ကတော့ စိတ်ဆိုးတော့မှာပဲ။ NOM

ဒေါ်နယ်ထရန့် (ကျွဲ) အား လူကြိုက်များမှုကြောင့် ဘင်္ဂလားဒေ့ရှ် အိဒ်နေ့တွင် ယဇ်ပူဇော်ခံရမည့်ဘေးမှ ကယ်တင်နိုင်ခဲ့ ရိုက်တာ (Reute
ဒေါ်နယ်ထရန့် (ကျွဲ) အား လူကြိုက်များမှုကြောင့် ဘင်္ဂလားဒေ့ရှ် အိဒ်နေ့တွင် ယဇ်ပူဇော်ခံရမည့်ဘေးမှ ကယ်တင်နိုင်ခဲ့ ရိုက်တာ (Reuters) သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ "ဒေါ်နယ်ထရန့်" လို့ အမည်ပေးထားတဲ့ ကျွဲတစ်ကောင်ဟာ သူ့ရဲ့ ရေပန်းစား လူကြိုက်များမှုကြောင့် အိဒ် (Eid) ပွဲတော်နေ့မှာ ယဇ်ပူဇော်ခံရမည့်ဘေးကနေ လွတ်မြောက်သွားခဲ့ပါတယ်။ အလေးချိန် ကီလိုဂရမ် ၇၀၀ (ပေါင် ၁,၅၀၀) ရှိတဲ့ ဒီကျွဲသိုးကြီးဟာ ရှားပါး အယ်လ်ဘီနို (Albino) သားကောင် (အသားဖြူအမျိုးအစား) ကျွဲတစ်ကောင်ဖြစ်ပြီး အမေရိကန်သမ္မတရဲ့ ထူးခြားတဲ့ ဆံပင်ပုံစံနဲ့ ဆင်တူတဲ့ ဖားလျားကျနေတဲ့ ဆံပင်ကေလို အမွေးအမှင်မျိုး ရှိနေတာ ဖြစ်ပါတယ်။ ၎င်းကို အိဒ်ပွဲတော်နေ့အထိမ်းအမှတ်အဖြစ် သားသတ်ဖို့ သတ်မှတ်ထားခဲ့တာပါ။ ဒါပေမဲ့ အသတ်ခံရဖို့ နာရီပိုင်းအလိုမှာပဲ အွန်လိုင်းပေါ်မှာ အကြီးအကျယ် ရေပန်းစားလာခဲ့တဲ့ အဆိုပါတိရစ္ဆာန်ကို ကယ်တင်ဖို့အတွက် အစိုးရက ကြားဝင်စွက်ဖက်ခဲ့ပါတယ်။ အမျိုးသားတိရစ္ဆာန်ရုံရဲ့ ပြတိုက်မှူးဖြစ်သူ အာတီကာ ရာမန် (Atiqur Rahman) က ဒီကျွဲကြီးကို ကောင်းမွန်စွာ စောင့်ရှောက်ထားရှိသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ NOM

အစ္စရေးမြောက်ပိုင်း သိမ်းပိုက်ခံနယ်မြေအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့၏ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေး အမျိုးသမီးစစ်သည်တ
အစ္စရေးမြောက်ပိုင်း သိမ်းပိုက်ခံနယ်မြေအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့၏ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေး အမျိုးသမီးစစ်သည်တစ်ဦး သေဆုံးသွားခဲ့သည်။ NOM