ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 450 名订阅者,在 新闻与媒体 类别中位列第 16 808,并在 缅甸 地区排名第 10 269 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 11 450 名订阅者。

根据 20 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -158,过去 24 小时变化为 -9,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 5.67%。内容发布后 24 小时内通常能获得 4.57% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 649 次浏览,首日通常累积 523 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 11。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

凭借高频更新(最新数据采集于 21 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

11 450
订阅者
-924 小时
-397 天
-15830 天
帖子存档
ကိုယ်ဝန်ဆောင် ချစ်သူမိန်းကလေးအား ဆေးခတ်၍ ကိုယ်ဝန်ဖျက်ဆေး အတင်းအဓမ္မ ထည့်သွင်းခဲ့သည့် အမေရိကန် ဝက်စ်ပွိုင့် (West Point) စစ်တက
ကိုယ်ဝန်ဆောင် ချစ်သူမိန်းကလေးအား ဆေးခတ်၍ ကိုယ်ဝန်ဖျက်ဆေး အတင်းအဓမ္မ ထည့်သွင်းခဲ့သည့် အမေရိကန် ဝက်စ်ပွိုင့် (West Point) စစ်တက္ကသိုလ် ကျောင်းသားဟောင်း ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံ — NY Post သတင်းဌာန ဝက်စ်ပွိုင့် စစ်တက္ကသိုလ်ကျောင်းသားဟောင်း ခေးလက်ဘ်ဆူး (Caleb Suh) သည် ၎င်း၏ ကိုယ်ဝန်ဆောင် ချစ်သူမိန်းကလေးလိုချင်သည့် ကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချစေရန်အတွက် သူမ၏အအေးဖျော်ရည်အတွင်း အိပ်ဆေးများခတ်ခဲ့ပြီး မအင်္ဂါအတွင်းသို့ ကိုယ်ဝန်ဖျက်ဆေးများ အဓမ္မထည့်သွင်းကာ ကိုယ်ဝန်ပျက်ကျစေခဲ့သည့် ပြင်းထန်သော ရာဇဝတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။
03 11月, 07:50

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
03 11月, 07:42

စပိန်ဘောလုံးသမား Jesús de Miguel သည် ဘောလုံးကွင်းအတွင်း ကစားသမား အချင်းချင်းတိုက်မိမှုကြောင့် ကွယ်လွန် ၎င်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိခိုက်မိရာမှ နှလုံးရပ်သွားခဲ့ခြင်း ဖြစ်သည်။ အီကွေတာဂီနီ ဂိုးသမား Jesús Owono ၏ ဒူးဖြင့် de Miguel ၏ ရင်ဘတ်ကို တိုက်မိခဲ့ရာမှ ယခုကဲ့သို့ အသက်ဆုံးရှုံးရသည့် ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
03 11月, 07:40

လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေး နိုဝင်ဘာ ၂၊ ၂၀၂၆ လက်ရှိအချိန်တွင် အကျုံးဝင် အာမခံအလုပ်သ
လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေး နိုဝင်ဘာ ၂၊ ၂၀၂၆ လက်ရှိအချိန်တွင် အကျုံးဝင် အာမခံအလုပ်သမားပေါင်း ၁ ဒသမ ၃ သန်းကျော်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များရရှိစေရေး မြို့နယ်ပေါင်း ၁၃၆ မြို့နယ်တွင် အလုပ်သမားဆေးရုံကြီး သုံးရုံ၊ မြို့နယ်ရုံး ၈၀ ၊ မြို့နယ်ဆေးခန်းပေါင်း ၅၈ ခန်း၊ ဌာနကြီးဆေးခန်း ၄၆ ခန်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း ၇၁ ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ သားဖွားခန်း ရှစ်ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ်လေးစီးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပသည့် အလုပ်သမားဝန်ကြီးဌာနမှ “လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ” ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေရေး ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုရယူသူအကြား ခွဲခြားလုပ်ကိုင်မှုစနစ် (Provider Purchaser Split - PPS) အရ Fee for Service Payment ဖြင့် လက်ရှိတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ပေးလျက်ရှိပြီး အာမခံအလုပ်သမားများပြားသည့် တိုင်းဒေသကြီးများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရန်အတွက် အလုပ်သမားဆေးရုံကြီးများအား ဖွင့်လှစ်နိုင်ရေး လေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့်များ၊ လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများ၏ ပြင်ပဆေးရုံ၊ ဆေးခန်းများ၌ ဆေးကုသရာတွင် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများကို အမြန်ဆုံးစိစစ်ခွင့်ပြုပြီး ပြန်လည်ပေးအပ်လျက်ရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားသည်။ ဆွေးနွေး ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်များက အလုပ်ရှင်၊ အလုပ်သမားနှင့် လူမှုဖူလုံရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုလှိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒါရိုက်တာအဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (CTUM)တို့မှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်များမှ အလုပ်ရှင်များ၊ မန်နေဂျာများနှင့် အလုပ်သမားအဖွဲ့အစည်းများမှ အဖွဲ့ဝင်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
03 11月, 07:33

ဥရောပတစ်ခွင် လုံခြုံရေးဆိုင်ရာထိတ်လန့်မှုများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး အနည်းဆုံး လေယာဉ် (၄) စီး ဗုံးခြိမ်းခြောက်မှုခံခဲ့ရ။ အစ္
ဥရောပတစ်ခွင် လုံခြုံရေးဆိုင်ရာထိတ်လန့်မှုများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး အနည်းဆုံး လေယာဉ် (၄) စီး ဗုံးခြိမ်းခြောက်မှုခံခဲ့ရ။ အစ္စရေးနိုင်ငံ (တဲလ်အဗစ်) မှ ဘူဂေးရီးယားနိုင်ငံ (ဆိုဖီယာ) သို့ ပျံသန်းသည့် El Al လေကြောင်းလိုင်း လေယာဉ်။ ဗြိတိန် (မန်ချက်စတာ) မှ စပိန်နိုင်ငံ (မာစီယာ) သို့ ပျံသန်းသည့် Ryanair လေကြောင်းလိုင်း လေယာဉ်။ ပိုလန်နိုင်ငံ (ဝါဆော) တွင် ဖြစ်ပွားခဲ့သည့် သီးခြား လေယာဉ် (၂) စီး။ အကြမ်းဖက်မှုနှိမ်နင်းရေး တပ်ဖွဲ့များ ချက်ချင်းဖြန့်ကြက် ဆောင်ရွက်ခဲ့ကြပြီး လေယာဉ် (၄) စီးစလုံး ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။
03 11月, 07:32

မလေးရှားတွင် ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုမှ ထွက်ပြေးနေသူက တိုးဂိတ်၌ လမ်းတံတားကြေး ပေးရန် ကားခဏရပ်ခဲ့သော်လည်း နောက်မှလိုက်လာသည့် ရဲများကမူ ပေးဆောင်ခြင်း မရှိခဲ့။
03 11月, 07:07

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်တွင် ပစ္စည်းပို့ဆောင်ပေးသည့် စက်ရုပ် တစ်ခုသည် ဘီးတပ်ကုလားထိုင် အသုံးပြုသူတစ်ဦးအား လမ်းဖယ်ပေးရန် ငြင်းဆန်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
03 11月, 07:02

AHA Centre မှ ကရင်ပြည်နယ်ရှိ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုများအား လူသားချင်းစာနာမှုအကူအညီများပေးအပ် နိုဝင်ဘာ ၃၊ ၂၀၂၆ အာဆီယံသဘာ
+4
AHA Centre မှ ကရင်ပြည်နယ်ရှိ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုများအား လူသားချင်းစာနာမှုအကူအညီများပေးအပ် နိုဝင်ဘာ ၃၊ ၂၀၂၆ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန(AHA Centre)သည် ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ ယာယီနေရပ်စွန့်ခွာအိမ်ထောင်များအား ဆန်အိတ်၊ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတို့ကို မြိုင်ကြီးငူအထူးဒေသရှိ အေးလင်းမြတ်ချယ်ဓမ္မာရုံ၌ အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါထောက်ပံ့ပစ္စည်းများကို ကရင်ပြည်နယ်ကြက်ခြေနီအသင်းကြီးကြပ်မှုကော်မတီမှ ဦးဆောင်ဖြန့်ဝေခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးနှင့်ကော်မတီအဖွဲ့ဝင်များ၊ လှိုင်းဘွဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များပူးပေါင်း၍ မြိုင်ကြီးငူအထူးဒေသရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုပေါင်း(၂၄၃၂)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)အိတ်၊ အိမ်ထောင်စုဝင်(၄)ဦးအထက်ရှိ အိမ်ထောင်စုများအတွက် မိသားစုသုံးပစ္စည်း(၁)စုံ၊ အိမ်ထောင်စုဝင်လူဦးရေအလိုက် တစ်ကိုယ်ရည်သုံးပစ္စည်းများကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။
03 11月, 06:56

+1
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ လူနေအိမ်ရာဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရ။
03 11月, 06:54

တောင်ငူမြို့၌ တပ်မတော်စစ်သည် မိသားစုဝင်များအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ် နိုဝင်ဘာ ၃၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွ
+9
တောင်ငူမြို့၌ တပ်မတော်စစ်သည် မိသားစုဝင်များအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ် နိုဝင်ဘာ ၃၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် တပ်မတော်စစ်သည်မိသားစုဝင်များအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက တောင်ငူမြို့အမှတ် (၉၁၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၌ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် အမှတ် (၉၁၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး အောင်စည်သူဟိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူများအတွက် သင်ထောက်ကူနှင့် ကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။ သင်တန်းတွင် တပ်မတော်မိသားစုဝင် ရဲမေ ၁၅ ဦး တက်ရောက်ပြီး ၄၅ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ငွေကျပ်သိန်း ၇၀ တန်ဖိုးရှိ စက်ပစ္စည်းများကို သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။
03 11月, 06:50

အိန္ဒိယနိုင်ငံ၊ Bengaluru မှာ အမျိုးသမီးတစ်ဦးကို လည်ပင်းလှီးသတ်မည်ဟု ခြိမ်းခြောက်မှုဖြစ်ပွား ပြစ်မှုကျူးလွန်သူ အမျိုးသားသည် အမျိုးသမီး၏ ရွှေဆွဲကြိုးကို လုယူရန် ကြံစည်ခဲ့ပြီး လည်ပင်းကို ဓားဖြင့် ထောက်၍ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် အခင်းဖြစ်ရာပတ်ဝန်းကျင်ရှိ ပြည်သူများက ဝင်ရောက် ကယ်တင်နိုင်ခဲ့သည်။
03 11月, 06:48

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များက ကချင်ရိုးရာကောက်သစ်စားပွဲတော်အား မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ရိုးရာ အတိုင်းကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကောက်ဦးပလိုင်းများ ဂါရဝပြုပေး အပ်သွားမည့် အစီအစဉ်များ၊ ရိုးရာအကအလှများ ထည့်သွင်းကပြဖျော်ဖြေသွားမည့် အစီအစဉ် များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် အစီ အမံများနှင့် စပ်လျဉ်း၍ အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ဆပ်ကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။
03 11月, 04:24

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်၊ မံစီမြို့မှ အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့၊ ဖားကန
+2
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်၊ မံစီမြို့မှ အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့၊ ဖားကန့်-ကာမိုင်းလမ်းပြုပြင်ရေး၊ ဥရုချောင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ကချင်ရိုးရာကောက်သစ်စားပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး နိုဝင်ဘာ ၃၊ ၂၀၂၆ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့မှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာအတွင်းရှိ မံစီစခန်း၌ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု များအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်ရိက္ခာနှင့် ကျောင်းသုံးပစ္စည်းများကို နိုဝင်ဘာ ၂ ရက် ညနေပိုင်းက သွား‌ရောက်ထောက်ပံ့ပေးသည်။ ထိုသို့ သွားရောက်တွေ့ဆုံထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်တို့က စခန်းနေအိမ်ထောင်စု ၉၃ စု၊ လူဦးရေ ၂၉၆ ဦးတို့အတွက် ငွေကျပ်သိန်း ၁၄၀ တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် ၁၀၀ အိတ် နှင့် ကျောင်းသုံးစာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ကြရာ စခန်း တာဝန်ခံက ကျေးဇူးတင်စကားနှင့် မိသားစုများ နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များကို တင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိမ်းရှောင်မိသားစုများ နေထိုင်စားသောက် မှုအဆင်ပြေစေရေး အလျဉ်းသင့်သလိုကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ နေရပ်ပြန်လည်နေထိုင်ရေးအတွက် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဝိုင်းဝန်းကူညီကြရမည်ဖြစ်ပါကြောင်းနှင့် စခန်းနေမိသားစုများအတွက် လိုအပ်ချက်များကို ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့အပြင် ယနေ့ နံနက် ၈ နာရီကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဖားကန့်-ကာမိုင်းလမ်း ပိုင်း ပြုပြင်ခင်းကျင်းနိုင်ရေးနှင့် ဥရုချောင်းရှင်းလင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ ပါဝင်သည့် ကိုယ်ထူကိုယ်ထ လမ်းဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းပြီး ပြုပြင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သော ဖားကန့်-ကာမိုင်းလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် နှစ်စဉ် ဥရုချောင်း ရေကြီးမြင့်မှုကြောင့် ဖားကန့်မြို့ပေါ်လမ်းများနှင့် လူနေအိမ်များ ရေကြီးနစ်မြှုပ်မှုပျက်ဆီးမှုမှ ကာကွယ်နိုင်ရေးနှင့် ဆုံးရှုံးထိခိုက်မှု လျော့နည်းကျဆင်းစေရေး ဥရုချောင်းရှင်းလင်းရေးလုပ်ငန်း များနှင့် စပ်လျဉ်း၍ တင်ပြလာမှုများအပေါ် ကိုယ်ထူကိုယ်ထအဖြစ် ဆောင်ရွက်သွားမည်ဖြစ် သော်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည့်အသေး စိတ်လုပ်ငန်းအစီအမံများ၊ သုံးစွဲဆောင်ရွက်သွားမည့် ယာဉ်/ယန္တရားများအပေါ် စနစ်တကျ ကွင်းဆင်းတိုင်းတာစစ်ဆေးတွက်ချက်၍ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယခုနိုဝင် ဘာလအတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ချုပ်တို့ ပူးပေါင်းကျင်းပမည့် ကချင်ရိုးရာကောက်သစ်စားပွဲတော်ကို ခမ်းနားစည်ကားစွာကျင်းပ နိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တာဝန်ရှိသူများနှင့် ဆွေးနွေး ဆောင်ရွက်သည်။ ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ရိုးရာကောက်သစ်စား ပွဲတော်အား မိမိတို့၏ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာတို့နှင့်အညီ ခမ်းခမ်းနားနား စည်ကားသိုက် မြိုက်စွာ ဆင်ယင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဆပ်ကော်မတီအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြစေလို ကြောင်း တိုက်တွန်းမှာကြသည်။
03 11月, 04:23

မလှိုင်မြို့နယ်တွင် ခရီးသည်ယာဉ်ဖြင့် လိုက်ပါလာသော မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ‌ကော်မတီမှ ဒုဦးစီးမှူးနှင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးတို့ကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM နိုဝင်ဘာ ၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး‌ကော်မတီ မှ ဒုဦးစီးမှူး ဒေါ်ခင်သီတာချို (၄၄) နှစ် နှင့် တစ်ရပ်ကွက်တည်းနေ ဒေါ်ဇင်နီလာအောင် (၃၄) နှစ်တို့သည် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၇ တာရီ ၄၅ မိနစ်အချိန်၌ မလှိုင်မြို့မှ မန္တလေးမြို့သို့ မလှိုင်-မန္တလေးကားလမ်းအတိုင်း ခရီးသည်ယာဉ်ဖြင့် လိုက်ပါခဲ့ရာ လိပ်ခွဲလမ်းဆုံအနီးအရောက်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ၎င်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
03 11月, 04:22

သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိစိတ်ကြွဆေးပြားများနှင့် ကျိုင်းတုံမြို့၌ ငွေကျပ် ၁၁၂၇ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာ
+1
သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိစိတ်ကြွဆေးပြားများနှင့် ကျိုင်းတုံမြို့၌ ငွေကျပ် ၁၁၂၇ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ နိုဝင်ဘာ ၂၊ ၂၀၂၆ သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ကျိုင်းတုံမြို့တွင် ငွေကျပ် ၁၁၂၇ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီတွင် သာစည်မြို့နယ် ကျွဲတပ်ဆုံရွာအနီး ဆီဆိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် TOYOTA HIACE အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါသောခရီးသည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စု ကွက်သစ်ရပ်ကွက်နေ ကျော်ကျော်ဇင် (၃၂)နှစ် သယ်ဆောင်လာသည့် သစ်သီးခြင်းအတွင်းမှ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ဒေသတန်ဖိုးငွေကျပ် သိန်း (၁၀၀၀) တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၀၀၀၀ အား ဖမ်းဆီးရမိသဖြင့် ကျော်ကျော်ဇင်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ထို့ပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာ ၃၁ ရက် ည ၉ နာရီခွဲတွင် ကျိုင်းတုံမြို့ ရပ်ကွက် (၁)နေ စိုင်းဝင်းအောင်ဆွေ (၃၄) နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ (တစ်ကီလိုလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၆၂၅ သိန်း) တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၆၂၅ ကီလိုနှင့် (တစ်ပြားလျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၂ သိန်း) တန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ၄၀၀၊ (တစ်ကီလိုလျှင်ငွေကျပ် ၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၅၀၀) တန်ဖိုးရှိ Ethyl Vanillin ၁၀၀ ကီလို ဖမ်းဆီးရမိသဖြင့် စိုင်းဝင်းအောင်ဆွေအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
03 11月, 04:18

ထန်းတပင်မြို့နယ်တွင် KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးကျည်ထိမှန်ဒဏ်
ထန်းတပင်မြို့နယ်တွင် KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးကျည်ထိမှန်ဒဏ်ရာရ NOM နိုဝင်ဘာ ၃၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတိုက်နယ်ဆေးရုံသို့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ ကျည်ထိမှန်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ထန်းတပင်မြို့နယ်၊ ပဲ့သောင်းကျေးရွာနေ ကိုအောင်အောင် (၃၃) နှစ်သည် ၎င်း၏နေအိမ်တွင် ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သည့် ကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
03 11月, 04:18

ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့်
ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရ NOM နိုဝင်ဘာ ၃၊ ၂၀၂၆ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ နိုဝင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန်၌ KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးသီး တစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် အဆိုပါရပ်ကွက်နေ မောင်စောကျော်ကို့လွဲ (၁ နှစ် ၁၁ လ) တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကမမောင်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။
03 11月, 04:12

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ ၂၀၂၆ ခုနှစ်၊ ယနေ့ နို၀င်ဘာ ၃ ရက
+2
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ ၂၀၂၆ ခုနှစ်၊ ယနေ့ နို၀င်ဘာ ၃ ရက် နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့​ြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့အားလာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြရာ လာအိုပြည်သူ့တပ်မတော် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ အဆိုပါခရီးစဉ်သည် မြန်မာနှင့် လာအို နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ကာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
03 11月, 03:53

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Belantik Camp မှ (၄၀) ဦးကို လေကြောင်းမှ ပြန်လည်ပို့ဆောင်မည် မြန်မာသ
+2
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Belantik Camp မှ (၄၀) ဦးကို လေကြောင်းမှ ပြန်လည်ပို့ဆောင်မည် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှ တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Belantik Camp မှ (၄၀) ဦးကို ၄-၁၁-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)တွင် မြန်မာ့ လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်စာရင်းအား သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန် ဖော်ပြထားသည်။ ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကိစ္စကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ တာဝန်ရှိသူ မဟုတ်သောသူများက ငွေကြေး လိမ်လည်တောင်းခံသည့် ဖြစ်စဉ်များအား ကာယကံရှင်များထံမှ ပြန်လည်သိရှိရပါသဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် နီးစပ်ရာ အသိုက်အဝန်းများအနေဖြင့် သတိထား ဆောင်ရွက်နိုင်ပါရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးကြေညာထားသည်။
03 11月, 02:21

ရန်ကုန်- မန္တလေးအမြန်လမ်းတွင် LIGHT TRUCK ယာဉ်တစ်စီးတိမ်းမှောက်အမျိုးသား ၁၀ဦးဒဏ်ရာရရှိ NOM၊နိုဝင်ဘာ၃၊၂၀၂၆ ရန်ကုန်- မန္တလေးအမ
ရန်ကုန်- မန္တလေးအမြန်လမ်းတွင် LIGHT TRUCK ယာဉ်တစ်စီးတိမ်းမှောက်အမျိုးသား ၁၀ဦးဒဏ်ရာရရှိ NOM၊နိုဝင်ဘာ၃၊၂၀၂၆ ရန်ကုန်- မန္တလေးအမြန်လမ်းတွင်ယနေ့(နိုဝင်ဘာ၃ရက်)နံနက်၉နာရီကLIGHT TRUCK ယာဉ်တစ်စီးတိမ်းမှောက်ခဲ့ရာယာဉ်မောင်းအပါဝင်ယာဉ်ပေါ်ပါအမျိုးသား၁၀ဦးဒဏ်ရာရရှိခဲ့သည့်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်တွင် ရန်ကုန်မှနေပြည်​တော်သို့သွားနေသည့် 8J-6328 TOYOTA TOWNACE I-ZONE LIGHT TRUCK ယာဉ်သည်မိုင်တိုင် ၁၂/၂နှင့်၃ အကြားတွင်ရှေ့မှမောင်းနှင်နေသောယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် လမ်းလယ်‌ကျွန်းပေါ်မှတဆင့် နေပြည်တော်မှ ရန်ကုန်အပြန်လမ်းဘက်သို့ ရောက်ရှိပြီးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ “ကားပေါ်မှာကယာဉ်မောင်းအပါလူ၁၀ဦးလိုက်ပါလာတာပါကားကိုကျော်တက်တာဆိုတော့အရှိန်ကလည်းအရမ်းများပြီးတစ်ဖက်လမ်းပေါ်ထိရောက်ပြီး တိမ်းမှောက်သွားတာပါကားပေါ်ပါလာတဲ့သူတွေအားလုံးဒဏ်ရာရရှိခဲ့ပြီးဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါတယ်”ဟုအမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
03 11月, 02:07