uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку

News Of Myanmar

News Of Myanmar

Відкрити в Telegram

📈 Аналітичний огляд Telegram-каналу News Of Myanmar

Канал News Of Myanmar (@newsofmyanmar) у мовному сегменті Бірманська є активним учасником. На даний момент спільнота об'єднує 11 422 підписників, посідаючи 16 330 місце в категорії Новини і ЗМІ та 9 947 місце у регіоні М'янма.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 11 422 підписників.

За останніми даними від 27 листопада, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -136, а за останні 24 години на -9, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 5.67%. Протягом перших 24 годин після публікації контент зазвичай збирає 4.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 648 переглядів. Протягом першої доби публікація в середньому набирає 493 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 10.

📝 Опис та контентна політика

Автор описує ресурс як майданчик для висловлення суб'єктивної думки:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Завдяки високій частоті оновлень (останні дані отримано 28 листопада, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Новини і ЗМІ.

11 422
Підписники
-924 години
-317 днів
-13630 днів
Архів дописів
ဒီသရေနံဈေးနှုန်း တစ်စည်လျှင် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းစေရန် သမ္မတထရမ့်၏ ကြိုးပမ်းချက်များ ရှိနေသော်လည်း၊ အမေရိကန်ကျောထောက်န
ဒီသရေနံဈေးနှုန်း တစ်စည်လျှင် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းစေရန် သမ္မတထရမ့်၏ ကြိုးပမ်းချက်များ ရှိနေသော်လည်း၊ အမေရိကန်ကျောထောက်နောက်ခံပြုထားသော ရေနံတင်သင်္ဘောများအပေါ် အီရန်နိုင်ငံ၏ တိုက်ခိုက်မှုများကြောင့် ရေနံဈေးနှုန်းများ ပြန်လည် မြင့်တက်လာနေသည်။
12 жовт, 13:15

ငပြီကျွန်းတွင် ခွေးသေဝက်သေ သေနေသည့် အကြမ်းဖက် AA သူပုန်များ (12-10-26) တိုက်ပွဲသတင်းစုံ
+9
ငပြီကျွန်းတွင် ခွေးသေဝက်သေ သေနေသည့် အကြမ်းဖက် AA သူပုန်များ (12-10-26) တိုက်ပွဲသတင်းစုံ
12 жовт, 13:13

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်မြို့၊ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်မြို့၊ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ(Indoor Stadium) တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်မြို့၊ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ(Indoor Stadium) တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ တည်ဆောက်ရာတွင် ရေရှည်အတွက် စနစ်တကျတွက်ချက်၍ တည်ဆောက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောက်လုပ်သွားရန် မှာကြားသည်။
12 жовт, 13:12

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဝဲယာ ၂၁ ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံ အောက်တိုဘာ ၁၂၊ ၂၀၂၆ ရှမ်း
+4
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူ အင်းလေးဝဲယာ ၂၁ ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံ အောက်တိုဘာ ၁၂၊ ၂၀၂၆ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူကို အင်းလေးဒေသဝဲယာ ၂၁ ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံ ပင့်ဆောင်ပွဲကို ယနေ့တွင် ရုပ်ရှင်တော်မြတ်များ သီတင်းသုံးစံပယ်တော်မူရာ နမ့်ဟူးရတနာစံ ကျောင်းတော်၌ ကျင်းပသည်။ ဒေသစာရီကြွချီ အပူဇော်ခံပင့်ဆောင်ပွဲတွင် ညောင်ရွှေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောလွင်က ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ ၂၁ ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံပါမည့်အကြောင်း လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားပြီး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ် ပထမအဆူကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ကျော်ဟန်က လည်းကောင်း၊ ဒုတိယအဆူကို ကလောခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က လည်းကောင်း၊ တတိယအဆူကို အမှတ်(၅၅) ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်မှူးကြီးမြင့်သူက လည်းကောင်း၊ စတုတ္ထအဆူကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရဲမြင့်စိုးက လည်းကောင်း အစီအစဉ်အတိုင်း ပင့်ဆောင်ပူဇော်ကြသည်။ အဆိုပါ ဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူကို အင်းသားရိုးရာဆွဲလှေ ၁၂ စင်းဖြင့် သတ်မှတ်ရေလမ်းခရီးအတိုင်း ပင့်ဆောင်ပူဇော်ကြပြီး ယနေ့တွင် ကြေးပေါခုံစံကျောင်းတော်၌ တစ်ညတာ ကိန်းဝပ်ပူဇော်ခံမည်ဖြစ်သည်။ ဆက်လက်၍ အောက်တိုဘာ ၁၃ ရက်တွင် အင်းတိန်စံကျောင်းတော်မှ ဟဲယာရွာမ စံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံမည်ဖြစ်ကြောင်းသိရသည်။
12 жовт, 13:08

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်အတွင်း ပြခန်းတစ်ခုချ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်အတွင်း ပြခန်းတစ်ခုချင်းစီအလိုက် ကြည့်ရှုစစ်ဆေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်အတွင်း ပြခန်းတစ်ခုချင်းစီအလိုက် ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ရှေးဟောင်းပစ္စည်းများနှင့် သမိုင်းဝင်မှတ်တမ်းများ၊ အထောက်အထားများသည် ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်အမွေအနှစ်များဖြစ်သည့်အတွက် ရေရှည်တည်တံ့စေရန်နှင့် ပျက်စီးယိုယွင်းမှုမရှိစေရန် အထူးဂရုပြုစောင့်ရှောက်ထိန်းသိမ်းသွားရန် မှာကြားသည်။
12 жовт, 13:03

လူကြိုက်အနည်းဆုံးနိုင်ငံရေးသမားတစ်ယောက်ကအမေရိကန်-ရုရှားသဘောတူညီချက်ကိုလက်မခံနိုင်ဟုပြော NOM လူကြိုက်အနည်းဆုံး နိုင်ငံရေးသမား တစ်ဦးက ထပ်ပြီး ဝင်ရောက်စွက်ဖက်လာပြန်ပါပြီ။ ဂျာမန်ခေါင်းဆောင် ဖရက်ဒရစ်ချ်မာ့ခ်က အမေရိကန်-ရုရှား ရေနံဒီဇယ်တင်ပို့ရောင်းချရေး သဘောတူညီချက်ဟာ ဂျာမနီနဲ့ ဥရောပအတွက် လုံးဝမဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ယူကရိန်းသမ္မတ ဇလင်စကီးအနေနဲ့ ဂျာမနီကို အပြည့်အဝ အားကိုးနိုင်ကြောင်း အာမခံချက်ပေးရင်း ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုမိုတင်းကျပ်ချင်နေပါတယ်။ မာ့ဇ်ဟာ ဂျာမနီသမိုင်းမှာ လူကြိုက်အနည်းဆုံး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဂျာမန်ပြည်သူတွေရဲ့ ၁၀% သာလျှင် သူ့ရဲ့လုပ်ဆောင်ချက်အပေါ် ကျေနပ်အားရမှု ရှိကြပါတယ်။ ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူဟာ နိုင်ငံရဲ့ပြိုလဲနေတဲ့ စီးပွားရေးဒဏ်ကို ခံစားနေကြရတဲ့ သူ့ရဲ့ကိုယ်ပိုင်ပြည်သူတွေထက် ဇလင်စကီးကို အဆမတန် ပိုပြီး ချစ်မြတ်နိုးနေတာ ထင်ရှားလို့ပါပဲ။
12 жовт, 10:26

+1
နောက်ဆုံးရသတင်း - ယင်းမှာ ကျောင်းသား လူငယ်ခရီးစဉ်တစ်ခုဖြစ်ပြီး၊ အစ္စရေးကျောင်းသားတစ်ဦးသည် လမ်းတွင်တွေ့ရှိခဲ့သော မပေါက်ကွဲသေးသည့် အမြောက်ကျည်ဆံတစ်ခုကို ကောက်ယူကာ ၎င်း၏အိတ်ထဲသို့ ထည့်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါဖြစ်ရပ်ကြောင့် ၁ ဦး သေဆုံးခဲ့ပြီး၊ ၃ ဦးမှာ စိုးရိမ်ရသည့် အနေအထားတွင်ရှိကာ စုစုပေါင်း လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးမီဒီယာများက အတည်ပြုဖော်ပြသည်။
12 жовт, 09:32

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်၍ အမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတက မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်အောင် ကြိုးစားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
12 жовт, 09:20

လက်ဘနွန်နယ်စပ်အနီး ရာမင် (မနာရာ - Ramim / Manara) ဒေသတွင် အစ္စရေး တောင်တက်ခရီးသွား (Hikers) အုပ်စုတစ်စု ပေါက်ကွဲမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ပေါက်ကွဲရသည့်အကြောင်းရင်းမှာ ရှင်းလင်းစွာ မသိရသေးဘဲ လက်လုပ်ဗုံး သို့မဟုတ် FPV ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်နိုင်ချေရှိသည်။ ဤဖြစ်စဉ်ကြောင့် လူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး ၂ ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိသည်။ NOM
12 жовт, 09:19

ပရဟိတဆရာ ဦးနေလင်းအောင်၏ အခမဲ့ဆေးကုခန်း ပိတ်ခိုင်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခံရသည် ဟု သတင်းများထွက်ပေါ် NOM အောက်တိုဘာ
ပရဟိတဆရာ ဦးနေလင်းအောင်၏ အခမဲ့ဆေးကုခန်း ပိတ်ခိုင်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခံရသည် ဟု သတင်းများထွက်ပေါ် NOM အောက်တိုဘာ ၁၂၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ မဟာဂန္ဓာရုံဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ပရဟိတဆရာဦးနေလင်းအောင်၏ အခမဲ့ဆေးကုခန်းကို ယမန်နေ့ (အောက်တိုဘာလ ၁၁ ရက်)တွင် ပိတ်ခိုင်းပြီး သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးမှုများပြုလုပ်ခံရသည့်သတင်းများထွက်ပေါ်နေသည်။ ပရဟိတဆရာ ဦးနေလင်းအောင်သည် လူနာများကို သိပ္ပံနည်းကျ ဆေးကုသမှုမဟုတ်သည့် ဝိဇ္ဇာဓရ နည်းလမ်းဖြင့် ကုသပေးနေသူဖြစ်ပြီး ဆေးကုရာတွင် သက်ကြီးရွယ်အိုနှင့် နာမကျန်းလူနာများအား ဒူးဖြင့်တိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ လက်ဝါးစောင်းဖြင့်ခုတ်သော ကုသနည်းများအားပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင်မှာလည်း လူမှု ကွန်ယက်တွင်ပြန့်နှံ့နေသည်။ ဆေးကုသမှုခံယူရန် တိုကင်ယူထားသူများမှာ တစ်ရက်လျှင် ထောင်ချီရှိသည့်အပြင် လူနာများအား အခမဲ့ကုသပေးသည်ဟု ကြေညာထားထားသော်လည်း သွားရောက်ကုသသူများမှာ စေတနာရှိသလောက် အနည်းဆုံး ကျပ်တစ်သောင်းဝန်းကျင်နှင့် လိမ်းဆေးဖိုးများပါပေးရကြောင်းလူနာများက ပြောပြသည်။
12 жовт, 09:16

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရွှေဝယ်သီရိအားကစားကွင်း ပွဲကြည့်စင်အသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရွှေဝယ်သီရိအားကစားကွင်း ပွဲကြည့်စင်အသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ရွှေဝယ်သီရိအားကစားကွင်း ပွဲကြည့်စင်အသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အားကစားကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ပွဲကြည့်စင်အသစ်တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေးနှင့် အားကစားကွင်းအား စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
12 жовт, 08:53

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုခြေအနေများအား
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေချိန်နှင့် ဖော်ဆောင်ပြီးစီးပါက ဖြစ်ပေါ် လာနိုင်သည့် လေယာဉ်သွားလာမှုများ၊ ဆိုက်ကပ်ရပ်နားမှုများများပြားလာနိုင်မည်ဖြစ်ကြောင်း၊ ထားဝယ်လေဆိပ်နှင့်လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှုအား ကြိုတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်များဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆင်းသက်နိုင်ရေးနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်ဧရိယာများမရှိစေရေး ရေနုတ်မြောင်းများ စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်းလည်း ထည့်သွင်းမှာကြားသည်။
12 жовт, 08:53

လမ်းဖြတ်ကူးရာတွင် သတ်မှတ်နေရာမှ ဖြတ်သန်းခြင်းမပြုပါက ထိရောက်စွာအရေးယူမည် NOM၊အောက်တိုဘာ၁၂၊၂၀၂၆ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း လမ်းအသုံးပြုသူ ပြည်သူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် သတ်မှတ်ထားသည့်နေရာမှ ဖြတ်သန်းခြင်းမပြုပါက အောက်တိုဘာ ၁၂ ရက်မှ စတင်၍ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ သိရသည်။စည်ပင်သာယာနယ်နမိတ်အတွင်းရှိ လမ်းဖြတ်ကူးရန် သတ်မှတ်ထားသည့် မြေအောက်လမ်း၊ ခုံးကျော်တံတား၊ လူကူးမျဉ်းကျားနှင့် ခွင့်ပြုထားသောနေရာများမှ လမ်းဖြတ်ကူးရမည်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုမရှိပါက ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၉၆ အရ ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်။ “လမ်းဖြတ်ကူးသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ လူကူးမျဉ်းကျား၊ ခုံးကျော် တံတား၊ မြေအောက်လမ်းကနေ ဖြတ်သန်းဖို့ ပညာပေးကာလအဖြစ် ဆောင်ရွက်ခဲ့ပြီးပါပြီ။ ဒီနေ့ကစပြီး အရေးယူမှု စတင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးလိုတဲ့အတွက် အခုလို ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ကျောက်တံတားမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးမိုးဝင်းက ပြောကြားသည်။သက်ဆိုင်ရာမြို့နယ်အလိုက်ယာဉ်ထိန်းတပ်ဖွဲ့များက ပြည်သူများ လူကူးမျဉ်းကျားနှင့် ခုံးကျော်တံတားကို စနစ်တကျ ဖြတ်သန်းသွားလာအသုံးပြုကြရန် အသိပညာပေးကာလသတ်မှတ်ပြီး အသိပေးပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့ရှိ ဆူးလေခုံးကျော်တံတား၊ ပန်းဆိုးတန်းခုံးကျော်တံတား၊ ဗိုလ်တထောင်ဘုရား ခုံးကျော်တံတား၊ စမ်းချောင်းမဟာမြိုင် ခုံးကျော်တံတား၊ လှည်းတန်းခုံးကျော်တံတား၊ ဗိုလ်ချုပ်ဈေး ခုံးကျော်တံတားနှင့် ကမ္ဘာအေးဘုရား ခုံးကျော်တံတားတို့တွင် နေ့စဉ်ပြည်သူအများအပြား သွားလာလျက်ရှိပြီး ခုံးကျော်တံတားကို အသုံးမပြုဘဲ တံတားအောက်မှ စည်းကမ်းမဲ့စွာ ဖြတ်သန်းသွားလာမှုကြောင့်ယာဉ်‌ကြောပိတ်ဆို့မှုများ၊ လူနှင့် ယာဉ် ထိခိုက်မှုများ ဖြစ်ပွားလေ့ရှိသည့်အတွက် အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ သတ်မှတ်စည်းကမ်းများကို လိုက်နာမှုမရှိသူများကို ဒဏ်ငွေဖြင့် ထိရောက်စွာ အရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
12 жовт, 08:39

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
12 жовт, 08:34

အယ်လ်နီညို (El Nino) အတွက် ရေအသုံးချသူများကြိုတင်ပြင်ဆင်ကြပါစို့
+1
အယ်လ်နီညို (El Nino) အတွက် ရေအသုံးချသူများကြိုတင်ပြင်ဆင်ကြပါစို့
12 жовт, 08:31

ဆော်ဒီအိမ်ရှေ့မင်းသားလုပ်ကြံခံရမည်ကိုကြောက်နေ NOM ဆော်ဒီအာရေဗျနိုင်ငံ၏ နန်းမွေခံအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် သည် ဟူသ
ဆော်ဒီအိမ်ရှေ့မင်းသားလုပ်ကြံခံရမည်ကိုကြောက်နေ NOM ဆော်ဒီအာရေဗျနိုင်ငံ၏ နန်းမွေခံအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် သည် ဟူသီလက်နက် ကိုင် အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကိုစိုးရိမ် ပူပန်နေသဖြင့် ၎င်းကိုယ်တိုင် အထူးရွေးချယ်ထားသော ကိုယ်ရံတော်လုံခြုံရေးအဖွဲ့များ၏ ခြံရံကာကွယ်မှုဖြင့် ဘန်ကာ (ဗုံးခိုကျင်း) တစ်ခုမှ နောက်တစ်ခုသို့ ရွှေ့ပြောင်းသွားလာနေကြောင်း Wall Street Journal သတင်းစာက ဖော်ပြလိုက်သည်။
12 жовт, 07:57

ပရဟိတဆရာဦးနေလင်းအောင်၏ အခမဲ့ဆေးကုခန်းပိတ်ခိုင်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်ခံရသည့်ဟု သတင်းများထွက်ပေါ် NOM၊အောက်တိုဘာ၁၂၊၂၀၂
ပရဟိတဆရာဦးနေလင်းအောင်၏ အခမဲ့ဆေးကုခန်းပိတ်ခိုင်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်ခံရသည့်ဟု သတင်းများထွက်ပေါ် NOM၊အောက်တိုဘာ၁၂၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိမဟာဂန္ဓာရုံဘုန်းကြီးကျောင်းတွင်ဖွင့်လှစ်ထားသည့် ပရဟိတဆရာဦးနေလင်းအောင်၏ အခမဲ့ ဆေးကုခန်းကို ယမန်နေ့ (အောက်တိုဘာလ ၁၂ ရက်)တွင် ပိတ်ခိုင်းပြီး သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးမှုများပြုလုပ်ခံရသည့်သတင်းများထွက်ပေါ်နေသည်။ ပရဟိတဆရာဦးနေလင်းအောင်သည် လူနာများကို သိပ္ပံနည်းကျ ဆေးကုသမှုမဟုတ်သည့် ဝိဇ္ဇာဓရ နည်းလမ်းဖြင့် ကုသပေးနေသူဖြစ်ပြီး ဆေးကုရာတွင်သက်ကြီးရွယ်အိုနှင့် နာမကျန်းလူနာများအား ဒူးဖြင့်တိုက်ခြင်း၊ခြေထောက်ဖြင့်ကန်ခြင်း၊ လက်ဝါးစောင်းဖြင့်ခုတ်သော ကုသနည်းများအားပြုလုပ်ခဲ့သည့်ဗီဒီယိုဖိုင်မှာလည်းလူမှု ကွန်ယက်တွင်ပြန့်နှံ့နေသည်။ ဆေးကုသမှုခံယူရန် တိုကင်ယူထားသူများမှာ တစ်ရက်လျှင် ထောင်ချီရှိသည့်အပြင် လူနာများအား အခမဲ့ကုသပေးသည့်ဟု ကြေညာထားထားသော်လည်းသွားရောက်ကုသသူများအား စေတနာရှိသလောက် အနည်းဆုံး ကျပ်တစ်သောင်းဝန်းကျင်နှင့် လိမ်းဆေးဖိုးများပါ ပေးရကြောင်းလူနာများကသတင်းများတွင်ရေးသားထားကြသည်။
12 жовт, 07:50
12 жовт, ~09:03

ကျောက်တံတားမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး မူးလဲပြီးသေဆုံး ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် အန
ကျောက်တံတားမြို့နယ်တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး မူးလဲပြီးသေဆုံး ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်တွင် ယနေ့ (အောက်တိုဘာ ၁၂ ရက်)တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး မူးလဲပြီးသေဆုံးခဲ့သည့်ဟု ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံးသူမှာဥဦးအောင်ဌေးဖြစ်ပြီးအသက်၆၅နှစ်၊ဒဂုံ(တောင်)၂၄ရပ်ကွက်တွင် နေထိုင်သူဖြစ်ကါအငှါးကါး ယာဉ်မောင်းတစ်ဦးဖြစ်ပြီး၎င်းတွင် ဆီချိုနှင့်သွေတိုးရောဂါအခံရှိ ကြောင်းသိရသည်။ "အမျိုးသားတစ်ဦးမူးလဲတယ်ဆိုတဲ့သတင်းရလို့သွားတာပါကျွန်တော်တို့ရောက်တော့သေဆုံးနေပါတယ် ဒါနဲ့မိသားစုနဲ့အဆက်သွယ်ရအောင်ဆိုပြီးသူ့ဖုန်းကိုဖွင့်ပြီးဆက်သွယ်ခဲ့တာ မြို့ထဲကကုမ္ပဏီတစ်ခုမှာလုပ်တဲ့သူ့သမီးနဲ့အဆက်သွယ်ရရှိခဲ့ပတယ်"ဟု ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ကျောက်တံတားမြို့နယ် အရန် မီးသတ်တပ်ဖွဲ့မှရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
12 жовт, 07:14

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းရာသီနှင့် နွေရာသီကာလများ၌ အပူချိန်မြင့်မားနိုင် အောက်တိုဘာ ၁၁၊ ၂၀၂၆ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေတွင် ဆက်လက်တည်ရှိနေသည်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ ၂၀၂၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။ အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီကာလများ၌ အပူချိန်မြင့်မားခြင်းနှင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များတွင် ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေပြတ်လပ်ခြင်း၊ ရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ အပူလျှပ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါသဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ပါရန် အကြံပြု အပ်ပါသည်။
12 жовт, 04:23

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်(သစ်လွင်)များနှင့် သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား နိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၂ ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်၍ အမှာစကား ပြောကြားသည်။ နိုင်ငံတော်သမ္မတက မိမိတို့ Professional ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်သည့် နိုင်ငံတော်က အားကိုးရသည့် တာဝန်ယူမှုရှိသည့် လူနာဗဟိုပြု ဆရာဝန်ကောင်းများ ဖြစ်အောင် ကြိုးစားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
12 жовт, 03:11