ar
Feedback
News Of Myanmar

News Of Myanmar

الذهاب إلى القناة على Telegram

📈 نظرة تحليلية على قناة تيليجرام News Of Myanmar

تُعد قناة News Of Myanmar (@newsofmyanmar) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 12 510 مشتركاً، محتلاً المرتبة 16 060 في فئة الأخبار والوسائط والمرتبة 10 067 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 12 510 مشتركاً.

بحسب آخر البيانات بتاريخ 20 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -281، وفي آخر 24 ساعة بمقدار -11، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 9.99‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.36‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 1 250 مشاهدة. وخلال اليوم الأول يجمع عادةً 670 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 15.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 21 يونيو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

12 510
المشتركون
-1124 ساعات
-757 أيام
-28130 أيام
أرشيف المشاركات
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) လေကြောင်းနှင့်အာကာသတပ်ဖွဲ့​၏ အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးချုပ် Mousavi က ဒုံးကျည်နှင့် ဒရုန်းလက်နက်များ အသစ်ဖြည့်တင်းခြင်း၊ ပြန်လည်ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ဗီဒီယိုတစ်ခုကိုတင်ခဲ့ပြီး အောက်ပါအတိုင်း ရေးသားခဲ့သည်... အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ဒုံးကျည်နဲ့ ဒရုန်းလွှတ်တင်စင်တွေကို အဆင့်မြှင့်တင်တာ၊ ပြန်လည်ဖြည့်တင်းတာတွေဟာ စစ်ပွဲမတိုင်ခင်ကထက်တောင် ပိုပြီးမြန်ဆန်နေပါတယ်။ ရန်သူတွေဟာ သူတို့အတွက် ဒီလိုအခြေအနေမျိုးကို မဖန်တီးနိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ဟာ ကမ္ဘာ့အခြားတစ်ဖက်ခြမ်းကနေ ခဲယမ်းမီးကျောက်တွေကို ခက်ခဲစွာသယ်ယူဖြည့်တင်းနေကြရတာပါ။ သူတို့ဟာ စစ်ပွဲရဲ့ ဒီအဆင့်မှာလည်း ရှုံးနိမ့်သွားပါပြီ။ သူတို့ဟာ ပင်လယ်အော် ရေလက်ကြားတင်မကဘဲ လက်ဘနွန်နဲ့ ဒေသတွင်း နယ်မြေတွေကိုပါ ဆုံးရှုံးသွားခဲ့ပါပြီ။ NOM

မိုင်းထောင်ဖောက်ခွဲမှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး။
မိုင်းထောင်ဖောက်ခွဲမှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံး။

မုံရွာမြို့နယ်၊ ကိုးရှင်ကျွန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ
မုံရွာမြို့နယ်၊ ကိုးရှင်ကျွန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၁၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကိုးရှင်ကျွန်းကျေးရွာနေ ဒေါ်ကြည်သန်း (၆၃) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် နေအိမ်အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

တောင်ငူမြို့နယ်တွင် အပြစ်မဲ့ဇနီးမောင်နှံနှစ်ဦးကို KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့မှ အင်အား ၁၀ ဦးခန့်က ဓါးများဖြ
တောင်ငူမြို့နယ်တွင် အပြစ်မဲ့ဇနီးမောင်နှံနှစ်ဦးကို KNU နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့မှ အင်အား ၁၀ ဦးခန့်က ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်ကာ ငွေကျပ် သိန်း ၉၀ နှင့် ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်သွား ဧပြီ ၁၉၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘာနှောင်းကျေးရွာနေ ဦးနိုင်ဝင်း (၃၈) နှစ်သည် ဧပြီလ ၁၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်၌ ၎င်း၏ဇနီး ဖြစ်သူ ဒေါ်ဖြူနှင်း (၃၁) နှစ်နှင့်အတူ ကမ်းနီကျေးရွာအနီး ဒေသအခေါ် ကညင်နိုင်အင်းစောင်းရှိ တဲအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်သတ်ဖြတ်၍ တဲအိမ်အတွင်းရှိ လက်ကိုင်ဖုန်း ၂ လုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေဆွဲကြိုး ၁ ကုံးနှင့် ငွေသိန်း ၉၀ ကျပ်ခန့်အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

အပူဒဏ်ကါကွယ်ရေးသတိပေး NOM၊ဧပြီ၁၉၊၂၀၂၆ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလို
အပူဒဏ်ကါကွယ်ရေးသတိပေး NOM၊ဧပြီ၁၉၊၂၀၂၆ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောကျန်းမာရေးအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနကတိုက်တွန်းနှိုးဆော်ထားသည်။

ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင်လေပြင်းတိုက်ခတ်မှုကြောင့်အပျက်အစီးများ ဖယ်ရှားရှင်းလင်း NOM၊ဧပြီ၁၉၊၂၀၂၆ ပဲ
ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့တွင်လေပြင်းတိုက်ခတ်မှုကြောင့်အပျက်အစီးများ ဖယ်ရှားရှင်းလင်း NOM၊ဧပြီ၁၉၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့၌ လေပြင်းတိုက်ခတ်မှုကြောင့်အပျက်အစီးများဖယ်ရှားရှင်းလင်းများကို ယမန်နေ့ကဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့၌ ဧပြီ ၁၇ ရက် ညနေပိုင်းတွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျခြင်း၊ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးပေးခန်းများပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများကိုနယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များကအပျက်အစီးများဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့်အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ကိုရီးယားအနုပညာရှင်များ သဘာဝတရားရိပ်သာသို့ စားသောက်ကုန်များလှူဒါန်း NOM၊ဧပြီ၁၉၊၂၀၂၆ မဟာသင်္ကြန်ရေသဘင်ပွဲတော်၊ လမ်းလျှောက်သင်္
ကိုရီးယားအနုပညာရှင်များ သဘာဝတရားရိပ်သာသို့ စားသောက်ကုန်များလှူဒါန်း NOM၊ဧပြီ၁၉၊၂၀၂၆ မဟာသင်္ကြန်ရေသဘင်ပွဲတော်၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ဖျော်ဖြေခဲ့ကြသည့် ကိုရီးယားအနုပညာရှင်များ ပါဝင်သည့် K- Pop အဖွဲ့သည် ယမန်နေ့က သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥနှင့် မုန့်များ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ရန်ကုန်မြို့တွင်းရှိ အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာကြသည်။ မွန်းလွဲပိုင်းတွင် အနုပညာရှင်များက သန်လျင်မြို့နယ်ရှိ သဘာဝတရားရိပ်သာသို့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥနှင့် မုန့်မျိုးစုံ တို့ကို သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီဇယ်ဆီများ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသ
+1
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီဇယ်ဆီများ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက်တိုက်ရိုက်ဖြန့်ဖြူးရောင်းချ ဧပြီ ၁၈၊ ၂၀၂၆ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ကောင်စီတို့နှင့် ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီတစ်ဂါလန်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ယနေ့ ဧပြီ ၁၈ ရက်တွင် လယ်ဝေးမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်သုံးနေရာ၊ ပျဉ်းမနားမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်နှစ်နေရာ၊ ဇေယျာသီရိမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်နှစ်နေရာ စုစုပေါင်း စုရပ်ခုနစ်နေရာတို့တွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍသုံးစက်ပစ္စည်းများတွင် အသုံးပြုရန်အတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီ စုစုပေါင်း ၄၅၄၂ ဂါလန်အား နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးနေသည့် လယ်ယာမြေလုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးသည်။ စီစဉ်ဆောင်ရွက်လျက်ရှိ ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ တောင်သူများအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ ထောက်ခံချက်ဖြင့် ပြည်တွင်းထုတ်စက်သုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက် “လက်ရှိအချိန်အထိ ကျွန်တော်တို့ဟာ ဆွေးနွေးပွဲတွေမှာ ရှေ့ဆက်ဖို့ ဒါမှမဟုတ် ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဆီ တက်လှမ်းဖို့လောက်တဲ့အထိ ကျေနပ်လောက်တဲ့ အဆင့်အတန်းတစ်ခု ဒါမှမဟုတ် အမေရိကန်တွေဘက်က လုံလောက်တဲ့ ဆောင်ရွက်ချက်မျိုးကို မတွေ့ရသေးပါဘူး။” NOM

ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးတစ်ဦးထ
ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးတစ်ဦးထိခိုက်ဒဏ်ရာရ ဧပြီ ၁၈၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၇ ရက်နေ့၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာနေ မအေးသီရိကျော် (၁၀) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် နေအိမ်အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရ
ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ ဧပြီ ၁၈၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာနေ ကိုဝင်းမိုးကျော် (၂၃) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် နေအိမ်အနီးသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သား များအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဧပြီ ၁၈၊ ၂၀၂၆

ဘရာဇီးသမ္မတကထရမ့်ကိုဝေဖန် NOM ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားက အီရန်ကို ရည်ရွယ်တဲ့ ခြိမ်းခြောက်စာတွေကို လူမှုမ
ဘရာဇီးသမ္မတကထရမ့်ကိုဝေဖန် NOM ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားက အီရန်ကို ရည်ရွယ်တဲ့ ခြိမ်းခြောက်စာတွေကို လူမှုမီဒီယာမှာ မကြာခဏ တင်လေ့ရှိတဲ့ ဒေါ်နယ်ထရမ့်ကို ဝေဖန်ခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ခြိမ်းခြောက်ပြီး စစ်ပွဲတွေ ကြေညာနေတဲ့ သမ္မတတစ်ယောက်ရဲ့ တွစ်တာပို့စ်နဲ့ မနက်တိုင်း အိပ်ရာထပြီး ညတိုင်း အိပ်ရာမဝင်နိုင်ပါဘူး” လို့ ဘာစီလိုနာမှာ ကျင်းပတဲ့ တိုးတက်တဲ့ ခေါင်းဆောင်တွေရဲ့ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဥပဒေမသိဘဲ .. ဖွနေကြသည့် နီပိတ်များ ဧပြီလ ၁၇ ရက်နေ့၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄၀/၂၀၂၆ ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ
ဥပဒေမသိဘဲ .. ဖွနေကြသည့် နီပိတ်များ ဧပြီလ ၁၇ ရက်နေ့၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄၀/၂၀၂၆ ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) အရ ဦးဝင်းမြင့်အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးအပ်ခဲ့ကြောင်း လူတိုင်းသိရှိပြီးဖြစ်ပါသည်။ ထိုအကြောင်းအရာတွင် “ဦးဝင်းမြင့်ကို ပုဒ်မ ၄၀၁ အရ လွှတ်ပေးသည်ဟု ကြေညာကြောင်း၊ ဦးဝင်းမြင့်က ပုဒ်မ ၄၀၁ ကို လက်မှတ်မထိုးဘူး ” စသည့်အကြောင်းအရာများကို ပြည်ဖျက်မီဒီယာများက ဥပဒေမသိသော နီပိတ်များ အားရအောင် ဝိုင်းဝန်းရေးသားနေကြသည်ကို အံ့ဩမိပါသည်။ ဥပဒေပြဋ္ဌာန်းချက်အရဆိုလျှင်- ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)တွင် ဖော်ပြထားသည်မှာ - “When any person has been sentenced to punishment for an offence, the President of the Union may at any time, without conditions or upon any conditions which the person sentenced accepts, suspend the execution of his sentence or remit the whole or any part of the punishment to which he has been sentenced.” အဓိပ္ပာယ်က “ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အချိန်တွင်မဆို စည်းကမ်းချက်မထားဘဲ ဖြစ်စေ၊ ပြစ်ဒဏ်ခံရသူ၏ သဘောတူညီချက်ဖြင့် စည်းကမ်းချက်တစ်ခုခုထား၍ဖြစ်စေ ပြစ်ဒဏ်ကျခံမှုကို ဆိုင်းငံ့ထားနိုင်သည် သို့မဟုတ် ပြစ်ဒဏ်တစ်ခုလုံး (သို့) တစ်စိတ်တစ်ပိုင်းကို လွတ်ငြိမ်းခွင့်ပေးနိုင်သည်” ဟု ဆိုလိုပါသည်။ ဦးဝင်းမြင့်၏ ပြောကြားချက်နှင့် လက်မှတ်ရေးထိုးခြင်းကိစ္စ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများကို မေးမြန်းရာတွင် ဦးဝင်းမြင့်အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖတ်ပြပြီးချိန်၌ ၎င်းက အောက်ပါအတိုင်း ပြောကြားခဲ့ကြောင်း သိရသည်- “ဒါကိုဖတ်ပြီးပြီ။ ဒီစည်းကမ်းကို ကျွန်တော်လည်းသိတယ်။ ခင်ဗျားတို့ကလည်း စည်းကမ်းအတိုင်းဖတ်တယ်။ ကျွန်တော် ဘယ်လိုပြောမလဲ၊ လိုက်နာရုံပဲရှိတယ်။ မလိုက်နာရင်လည်း လိုအပ်တဲ့အရေးယူမှု၊ အပြစ်ပေးမှုကို လုပ်လို့ရတယ်။ ဒါက ပွင့်ပွင့်လင်းလင်း ပြောတာပါ။” ဦးဝင်းမြင့်က “မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူနိုင်ကြောင်း” နားလည်ထားသောကြောင့် လက်မှတ်ထိုးသည် ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကိစ္စမရှိကြောင်း ပွင့်လင်းစွာ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဥပဒေကိုမသိဘူးဟုဆိုရုံမျှဖြင့် ဥပဒေကနေ ကင်းလွတ်ခွင့်မရှိ” (Ignorantia juris non excusat) ဟူသော အခြေခံဥပဒေသဘောတရားကို ဥပဒေသမားတစ်ဦးဖြစ်သည့် ဦးဝင်းမြင့် ကောင်းစွာနားလည်သည်။ ထို့ကြောင့် လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ဥပဒေချိုးဖောက်ပါက ထိုက်သင့်သော ပြစ်ဒဏ်ကို ကျခံရမည်ကို သိရှိသူအနေဖြင့် ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ ဦးဝင်းမြင့်သည် ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၄၀၁(၁) အရ သတ်မှတ်ထားသော စည်းကမ်းချက်ကို သဘောတူညီခဲ့ခြင်း ဖြစ်သည်။ ဥပဒေတွင် လက်မှတ်ထိုးရမည်ဟု မပါရှိပါ။ ထို့ကြောင့် ပြည်ဖျက်မီဒီယာများ၏ ထင်ရာမြင်ရာ ပြောဆိုမှုများမှာ ဥပဒေအခြေခံမဲ့ သုံးသပ်ချက်တွေနဲ့ ထင်ရာမြင်ရာ လျှောက်ပြောနေခြင်းသာ ဖြစ်ပါကြောင်း ရှင်းလင်းရေးသားအပ်ပါသည်။ NOM

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ငွေများပေး
ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှမိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ် ဧပြီ ၁၈၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန် ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြို့ပင်ကောက်မြို့နယ်တွင် ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့ ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဧပြီလ ၁၈ ရက်နေ့၌ အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်မှ ဘုကြီးကျေးရွာအုပ်စု သက်ကယ်ချင်းကုန်းကျေးရွာရှိ သဘာဝဘေးအန္တရာယ်ကြောင့် အမိုးလန်ပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ဒေသခံများနေအိမ်သို့ အရောက်သွားပြီးပျက်စီးဆုံးရှုံးမှုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် ဒေသခံအချို့နှင့် ထပ်မံ တွေ့ဆုံ၍ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၅၇) လုံး၊ အမိုးလန်နေအိမ် (၆၃၉) လုံး၊ ဘုန်းတော်ကြီးကျောင်း (၈) ကျောင်း၊စာသင်ကျောင်း (၂) ကျောင်း၊ ကျေးလက်ဆေးပေးခန်း (၁) ခန်း ပျက်စီးခဲ့ကြာင်း၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း အိမ်ထောင်စု (၆၉၆) စု၏ ကျား (၁၀၉၃) ဦး၊ မ (၁၁၁၂)ဦး၊ စုစုပေါင်း (၂၂၀၅) ဦး၊ စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုး (၃၉၇၅၀၀၀၀) ကျပ်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ NOM

မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်ရှိ စည်ပင်သာယာရေဆိုးထုတ်စက်ခန်းအား PDF အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ဧပြီ ၁၈၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်တွင် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ စည်ပင်သာယာရေဆိုးထုတ်စက်ခန်းအား PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့မှုကြောင့် ရေဆိုးထုတ်စက်ခန်း၏ အမိုးသွပ် ၁၀ ချပ်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ NOM

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက် ဘုန်းကြီးနှင့် ကိုရင်ခြောက်ပါးအပါအဝင် ကိုး ဦး ပျံလွန်/ သေဆု
ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက် ဘုန်းကြီးနှင့် ကိုရင်ခြောက်ပါးအပါအဝင် ကိုး ဦး ပျံလွန်/ သေဆုံး၊ ၁၀ ပါးဒဏ်ရာရ ဧပြီ ၁၈၊ ၂၀၂၆ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၄/၅ တွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။ ဖြစ်စဥ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသူ ၁၉ ဦးအနက် ဘုန်းကြီးငါးပါး၊ ကိုရင်တစ်ပါး၊ အမျိုးသားသုံးဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ ပျံလွန်/ ‌သေဆုံးသွားခဲ့ပြီး ဘုန်းကြီးခုနှစ်ပါးနှင့် အမျိုးသားသုံးဦးတို့တွင်လည်း ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ပျံလွန်၊ ‌သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းတို့မှ သထုံပြည်သူ့ဆေးရုံနှင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြကာ ခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသူများ၌ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။ NOM

နောင်ချိုမြို့နယ်၊ မျက်ချီးနုကျေးရွာအနီးတွင် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ ဧပြီ ၁၈၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ဧပြီလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်၌ နောင်ချိုမြို့နယ်၊ မျက်ချီးနုကျေးရွာနေ ဦးကျော်ရဲလွင် (၃၃) နှစ်သည် ကျေးရွာအနီးရှိ ၎င်းပိုင်ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် TNLA အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ထားဝယ်မြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ဧပြီ ၁၈၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဂုံညှင်းဆိပ်ကျေးရွာနေ မောင်နိုင်ဖြိုးဝေ (၁၄) နှစ်နှင့် မောင် အောင်ပြည်ချစ် (၁၀) နှစ်တို့သည် ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်၌ ၎င်းတို့၏နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မောင်အောင်ပြည်ချစ်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မောင်နိုင်ဖြိုးဝေတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။ NOM

နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးအောင်ဇေယျ နေပြည်တော်အတွင်း နွေစပါးထွန်ယက်နိုင်ရေး စက်သုံးဆီရေ
နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးအောင်ဇေယျ နေပြည်တော်အတွင်း နွေစပါးထွန်ယက်နိုင်ရေး စက်သုံးဆီရောင်းချနေမှုအား ကြည့်ရှုအားပေး ဧပြီ ၁၈၊ ၂၀၂၆ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများနွေစပါး ထွန်ယက်နိုင်ရေးအတွက် စက်သုံးဆီများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ ယနေ့နံနက်ပိုင်းမှစတင်၍ လယ်ဝေးမြို့နယ်ရှိ  ကွမ်းခြံကျေးရွာ၊ အေးချမ်းသာကျေးရွာ၊ ပင်သောင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ငကောင်းကံကျေးရွာ၊ နတ်သရဲကျေးရွာနှင့် ဇေယျာသီရိမြို့နယ် ကျည်တောင်၊ ကြို့ပင်၊ လေသာကျေးရွာများသို့ တောင်သူများအား တစ်ဧကတစ်ဂါလံနှုန်း၊ တစ်ဂါလံလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တိုက်ရိုက်လာရောက်ရောင်းချပေးလျက်ရှိရာ လာရောက်ရောင်းချနေမှုအား နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးအောင်ဇေယျတို့မှ ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား တောင်သူများ စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး အလေးထားကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း  ၂၀၂၅-၂၀၂၆ ခုနှစ်နွေစပါးစိုက်ပျိုးရန် စီမံကိန်းလျာထားဧက ၂၈၀၀၉ ဧကအနက် ဒေသလျာထား ၄၀၁၆၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့အထိ ၂၇၅၇၂ ဧက စိုက်ပျိုးပြီးစီးလျက်ရှိရာ နွေစပါးစိုက်ပျိုးရန်အတွက် မြေပြုပြင်ရန် ဧက ၅၀၄၂ ဧကအတွက် စက်သုံးဆီများအား     အဆိုပါကျေးရွာများရှိ တောင်သူများထံသို့ မြန်မာ့ရေနံနှင့်ဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူများက တစ်ဧကတစ်ဂါလံနှုန်းသတ်မှတ်၍ တစ်ဂါလံလျှင် ငွေကျပ်တစ်သောင်းကျပ်နှုန်းဖြင့် တိုက်ရိုက်လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။